အဖေက ကျမကိုသားမယားအဖြစ်တစ်ညလုံး အကြိမ်ကြိမ်ပြုကျင့်တယ်…
အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင် မဒိန်းကျင့်တော့တာပါပဲ…။
ကျွန်မ(စုစုမောင်)ကိုယ်တိုင်စစ်မေးခဲ့ဖူးတဲ့ မုဒိန်းမှု့အကြောင်းလေးပါ…
အသက်မပြည့်သေးတဲ့ သေးသေးကွေးကွေးကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တာက စစ်ကိုင်းတိုင်း က ရဲစခန်းဝင်းထဲမှာပါ…။
ထိုရဲစခန်းဝင်းထဲမှာပဲ အချုပ်နဲ့ခပ်လှမ်းလှမ်းခြံဝန်းကြီးထဲမှာ စခန်းမှုးဦးမြင့်ဦး ဆိုသူနေထိုင်ပါတယ်…။ ကျွန်မတို့စစ်ကိုင်းရောက်တော့ ရင်းနှီးတဲ့ ထိုစခန်းမှုးဆီ ဝင်လည်တုန်းအချိန်မှာဖြစ်ပျက်သွားတာပါ။ ကျွန်မတို့စကားပြောနေချိန် နေ့လည်၁၁နာရီလောက်မှာသားအမိနှစ်ယောက်ရယ်
ရွာသားသုံးယောက်ရယ်စုစုပေါင်းငါးယောက်စခန်းထဲ သုတ်သုတ်ပြာပြာနဲ့ ရုတ်တရက်ရောက်လာကြတယ်။မိခင်ဖြစ်သူက ခန္ဓာကိုယ် ပိန်လှီလှီနဲ့ မျက်စိပျက်မျက်နှာပျက်ပေါ့လေ…။
ကဲ!!ဆိုစမ်းပါအုံး လို့ စခန်းမှုးကမေးတဲ့အခါကြတော့ အမေလုပ်သူက ဒီလိုပြောတယ်…
ကျွန်မသမီးလေးကို ကျွန်မယောက်ကျားက မဒိန်းကျင့်လို့ လာတိုင်တာပါဆရာကြီးရယ်လို့ပြောပြီး
ငိုချလိုက်တယ်။ သမီးဖြစ်သူကိုကြည့်တော့ မျက်လုံးတွေခြောက်ကပ်ကပ်နဲ့ အသိလွတ်နေသယောင် ဘာတစ်ခွန်းမှမေးလို့မရ ဖြေလည်းမဖြေနဲ့… စခန်းမှုးက ကောင်မလေးကိုချော့မေးရှာတယ် လက်ကလည်း လိုက်မှတ်ဖို့စာအုပ်နဲ့ ဘောပင်ကအဆင်သင့်ကိုင်ထားပြီးသား…။
ခက်တာက ကလေးမလေးဆီက ဘာသံမှထွက်မလာဘူး… ရုတ်တရက် စခန်းမှုးကြီးအကြပ်ရိုက်သွားတယ်။သို့ပေမဲ့ ရဲတို့၏ညဏ်နီညဏ်နက်(ပရိယယ်) ရုတ်တရက်ထုတ်သုံးပါတော့သည်။
အဲ့ဒါကတော့ … ကဲ!!သမီး ဘဘကိုမပြောချင်လဲနေ ဒီကရဲမေ မမ မေးတာကိုတော့ အမှန်ဖြေရမယ်ကြားလားဆိုပြီး ကျွန်မကိုအကူအညီတောင်းပါတော့တယ်… ဘေးမှာရှိတဲ့ ကျွန်မအမျိုးသားကလည်းခွင့်ပြုတဲ့အခါ ကလေးမလေးကို ကျွန်မကအခန်းထဲခေါ်သွားလိုက်ပြီး သမီးအသက်ဘယ်နှနှစ်လဲမေးတော့ အသံခပ်ခြောက်ခြောက်တစ်ခွန်းထွက်လာတယ် ၁၈ နှစ်ကျော်ပါတဲ့…
ပထမအစက သူက ကျွန်မကိုရှက်နေသယောင်ကြောက်နေသယောင်ရှိတယ်.. ပိန်လှီဖျော့တော့နေတဲ့သူ့လက်ကလေးနှစ်ဖက်ကို ကျွန်မကဆုပ်ကိုင်လိုက်ပြီး မမကိုအမှန်တိုင်းပြောပါ
ညီမလေးကို အစ်မကူညီမယ် ဘာမှမစိုးရိမ်နဲ့လို့ပြောတော့ ကျွန်မကိုချက်ခြင်းပဲ အားကိုးတကြီးမော့ကြည့်တယ် ။နောက် ဘာစကားမှမထွက်နိုင်ရှာဘူး ဗြုန်းကနဲ ငိုချလိုက်တယ်…။ပြီးတော့မှ အငိုရပ်ပြီးဆက်ပြောတယ် အဖေဟာ ညီမလေးရဲ့အဖေအရင်းပါအစ်မရယ်။ အမေက ညီမလေးရဲ့အဘွားဆေးရုံတက်နေလို့ မန္တလေးဆေးရုံကြီးမှာသွားစောင့်ပေးနေတာပါ တဲ့…။ အိမ်မှာ ညီမလေးရယ် မောင်လေးရယ် အဖေရယ်ပဲကျန်နေတာပါ။
မနေ့ကရွာထဲကဗွီဒီယိုရုံမှာ ဗွီဒီယိုသွားကြည့်တာအိမ်အပြန်နောက်ကျလို့ဆိုပြီး ညီမလေးကိုအိမ်နောက်က သရက်ပင်မှာကြိုးတုတ်ပြီး ထင်းချောင်းနဲ့ရိုက်တယ်…။မောင်လေးက အဖေ့ကိုကြောက်လို့ခပ်ဝေးဝေးမှာ ပုန်းနေရှာတယ်။မောင်လေးကတော့ ၃နှစ်ပဲရှိသေးတယ်…။ အဖေက ညီမလေးကို ညနေ၆နာရီက ကြိုးတုတ်ထားတာ ည၁၂နာရီလောက်မှကြိုးဖြေပေးတယ်လေ ။ ခြင်တွေကလဲ ကိုက်လိုက်တာအရမ်းပဲ …။ ညီမလေးလဲပင်ပန်းပြီးအိပ်ယာဝင်မယ်လုပ်တော့ အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင် မဒိန်းကျင့်တော့တာပါပဲ…။ ဟင်!!ညီမလေးက မအော်ဘူးလားလို့မေးတော့ ညီမလေးပါးစပ်ကို လက်နဲ့ဖိအုပ်ထားတယ် ညီမလေးတို့အိမ်ကလဲ ခြံထဲဆောက်ထားတာလေ …
ညီမလေးကိုဘေးအိမ်တွေလျှောက်ပြောရင် နင့်ကိုငါသတ်မယ်ဆိုပြီးဓါးနဲ့ကြိမ်းတယ် ညီမလေးက အဖေရယ်သမီးကိုမလုပ်ပါနဲ့ သမီးတို့တွေကသားအဖတွေလေလို့ပြောပြီး ကန်တော့တောင်းပန်ပေမဲ့မရတော့ပါဘူး သားမယားအဖြစ်တစ်ညလုံး အကြိမ်ကြိမ်ပြုကျင့်တယ်…။
မနက်ရောက်တော့ ညီမလေးလဲ ထမင်းအိုးတည်ချင်ယောင်ဆောင်ပြီး နောက်ဖေးပေါက်က ထွက်ပြေးပြီး ရွာထဲကအသိအဒေါ်ကြီးတစ်ယောက်အိမ်ကိုသွားပြီး အသိပေးခဲ့တယ်။ အဲ့ဒီအဒေါ်ကြီးနဲ့ယောက်ကျားလုပ်သူကသိတော့ရပ်ကွက်လူကြီးအိမ်ကိုသွားတိုင်ကြတယ်… ဆေးရုံမှာလူနာစောင့်နေတဲ့ အမေ့ကိုလည်းဆက်သွယ်ပြီးပြန်ခေါ်လိုက်ပြီး ရပ်ကွက်လူကြီးရယ် အမေရယ် အဒေါ်ကြီးယောက်ကျားရယ်ရပ်ကွက်ထဲကရွာသားတစ်ယောက်ရယ်တိုင်ပင်ပြီး အခုလို ရဲစခန်းလာကြတာပါ"တဲ့လေ…။ ကျွန်မလေ သူပြောတာတွေနားထောင်နေရင်းဒေါသတွေထွက်လိုက်တာမပြောပါနဲ့တော့ အနားမှာသာ အဲ့ဒီတိရစ္ဆာန်သာရှိလို့ကတော့ မျက်နှာကိုတံတွေးနဲ့ ထွေးမိမှာသေချာတယ်…။
ကျွန်မ ကောင်မလေးကိုတစ်ခုမေးလိုက်တယ် ညီမလေးဘာဖြစ်ချင်လဲ အဖေ့ကိုဘယ်လိုဖြစ်စေချင်လဲလို့မေးတော့ "အဖေ့ကိုအရမ်းမုန်းတယ် တစ်သက်တစ်ကျွန်းပေးစေချင်တယ် မဟုတ်ရင်ထောင်ကထွက်လာရင် ညီမလေးကိုသတ်လိမ့်မယ်"လို့ကျွန်မကိုပြောတယ်။ ပွဲကသိမ်းပြီ :) :) ကျွန်မအရမ်းကျေနပ်သွားတယ် ပြီးတော့သူ့ကို ကျွန်မ ကတိတစ်ခုပေးလိုက်မိတယ်ညီမလေးဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရမယ်လို့လေ…။ ကျွန်မ စခန်းမှုးကိုအခြေအနေပြောပြလိုက်တယ် ဖမ်းထားတဲ့အသံခလုတ် ပြန်ဖွင့်ပြပြီး ဒါအမှန်တရားပဲ သမီးကိုယ်တိုင်ပြောတာနော်လို့ကောင်မလေးကိုပြောတော့ ခေါင်းညိတ်တယ်…သက်သေအနေနဲ့အဖေပုဆိုးရယ် ကောင်မလေးအဝတ်အစားရယ် ယူထားလိုက်တယ် ပြီးတော့အဖေဖြစ်သူကို ချက်ခြင်းဖမ်းပြီးချုပ်ထားလိုက်တယ်… တရားလိုကတော့ အမေပေါ့…။
ကျွန်မကို စခန်းမှုးဦးမြင့်ဦးက ကျေးဇူးတင်ကြောင်းပြောပြီး ကျွန်မတို့လင်မယားနှစ်ယောက်ကို ညနေစာကျွေးတယ်… လပေါင်းအနည်းငယ်ကြာမှာပဲ ကျွန်မအဲ့ဒီသတင်းကြားလိုက်ရတယ် အဖေကိုတစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပြီဆိုတဲ့သတင်းပါပဲ… သတင်းသေချာအောင် ထပ်ပြီးစုံစမ်းတယ် အချုပ်သားဘဝမှာတင် ခြေကျိုးသွားရှာတယ်တဲ့ ပုံစံပေးခံရတာကိုးးး ဟုတ်ပါတယ်တဲ့ တစ်သက်တစ်ကျွန်းချလိုက်ပါပြီတဲ့… အဲ့နေ့ညက ကျွန်မအိပ်မပျော်ခဲ့ဘူး ကျေနပ်မိတာက ကောင်မလေးကိုပေးတဲ့ကတိအတိုင်း ဖြစ်သွားလို့လေ ရဲမေမဟုတ်ဘာမဟုတ်နဲ့ အသွင်ပြောင်းစစ်ဆေးပေးခဲ့ရတာ ဘဝမှာအမှတ်ရဆုံး ကြုံခဲ့ဆုံခဲ့ရတဲ့အဖြစ်အပျက်လေးမို့ အခုလို ကလေးသူငယ်တွေ အသက်မပြည့်သေးသူလေးတွေ မတရားကြံစည်ခံရတာတွေကြားနေရတဲ့အခါအဲ့ဒီအဖြစ်အပျက်လေးကို ပိုလို့တောင် အမှတ်ရနေမိတော့တယ်… ကြာတော့ကြာပါပြီ လွန်ခဲ့တဲ့ ၆နှစ်ကျော်လောက်ကပါ … စာကြွင်း မှန်ကန်ကန် အမိန့်ချပေးတဲ့တရားသူကြီးနှင့်သားသမီးချင်းကိုယ်ချင်းစာစွာ အမှု့ပြုလုပ်ပေးသော စခန်းမူးမျိုးများများပေါ်ထွက်ပါစေ။ SuSuMaung>ကျော်သက်ထွေး
ပြန်လှယ်မျှဝေ Mglay Mglayngenge
Breaking News>>ယနေ့ ယှဉ်ပြိုင်ကစားနေတဲ့ ဆူဇူကီးဖလား မြန်မာ - မလေးရှားပွဲစဉ် ပွဲချိန် ၈၉ မိနစ်မှာ မြန်မာအသင်းအတွက် တစ်ဂိုးတည်းသော အနိုင်ဂိုးအား David Htan ကသွင်းယူပြီး ဆီမီးဖိုင်နယ်သို့ မြန်မာအသင်း တတ်ရောက် Myanmar Malaysia Suzuki Cup
- အေးချမ်းမေစည်သူလွင် LIVE Stage Show ကို ဒီအောက်ကလင့်မှ သွားရောက်ကြည့်ရှူလို့ရပါတယ်။အခုLive လွှင့်နေပါတယ်။ http://mp4utube.blogspot.com/2016/11/si-thu-lwin-aye-chan-may-mandalay-stage.html
- မမောတမ်း မနော(ပရိတ်သတ်ကို မမမောတမ်းဖျော်ဖြေနေတဲ့ မနော)
![]() | ![]() | ![]() |
- ထီးချိုင့်မြို့နယ်တွင် ဦးဇင်းတစ်ပါးမှ မုဒိန်းမှု ကျူး လွန်မှု ဖြစ်ပွား သီဟဆွေ (ကသာ)
- ကျောင်းထိုင်ဘုန်းကြီး၏မုဒိန်းမှုအား လာရောက်နားထောင်သည့်ပရိသတ်အား အလုပ်အကိုင်မရှိကြဘူးလားဟု တရားသူကြီးက မေးခွန်းထုတ်
- မြဝတီတွင် အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည့် ကျောင်းထိုင်ဘုန်းကြီးကို ရုံးထုတ်စစ်ဆေး
- မုန့်ဖိုးသုံးထောင်ပေးမယ် ဘယ်သူ့ကိုပြန်မပြောနဲ့ ပြန်ပြောရင်သတ်ပစ်မယ်
- ကမာရွတ်မြို့နယ်၊ ရထားသံလမ်းပေါ်၌ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများ ဖြင့်သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
- သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး
- စွံအနားမကြား အမျိုးသမီးတစ်ဦး အိမ်သာသွားစဉ် အဓမ္မပြုကျင့်ခံရ
- အစ်မဖြစ်သူ၏ ခင်ပွန်းက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့
- ၁၃နှစ်အရွယ်ကျောင်းသူမိန်းကလေးကို မုန့်ဝယ်ကျွေးမည်ဟုဆိုကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းသူကို ဖမ်းဆီးရမိ
- အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်မှု အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူတစ်ဦးအပေါ် ကျူးလွန်မှုဖြစ်ပွား
- ဖခင်အရင်းက အပြာကားကြည့်ပြီး ကိုးနှစ်အရွယ်သမီးကို ညစဉ်အဓမ္မပြုကျင့်
- ပြည်မြို့က ဆံတော်ရပ်ကွက်မှာစိတ္တဇဝေဒနာရှင်ကို အဓမ္မပြုကျင့်တဲ့တရားခံမိပြီ
- သမီးရည်းစား အတွဲအား စောင့်ပေး နေသူ အသတ်ခံရ
- အဓမ္မပြုကျင့်သူကို အမှုမဖွင့်ရန် ညှိနှိုင်းပေးခဲ့သူ အုပ်ချုပ်ရေးမှူးအား အရေးယူ
- မဟာသုတေသန သင်တန်းတက်ရောက်မည့် မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူကို လေးရက်တာအချိန်ကာလအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး
- မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရံပုံငွေ (ထားဝယ်) အဆိုပြိုင်ပွဲနှင့် ကုန်စည်ပြပွဲတွင် မိန်းကလေးတစ်ဦး ဓားထိုးခံရ၍ သေဆုံး
- အသဲခွဲပြီး အသစ်နဲ့တွဲသွားတဲ့ချစ်သူကိုဓားနဲ့ထိုးတဲ့မိန်းကလေး။
- တော်ဝင်စင်တာ ဓားထိုးမှု
- ပဲခူးကလူသတ်မှု
- လည်ပင်းတွင်ဓားဒဏ်ရာဖြင့်သေဆုံး နေသောဆရာတော်
- ဂန္တ၀င် ရဲ့ ခင်ပွန်းဟောင်း သန်းဇော်အောင်မှ အသက် ၁၉ နှစ်အရွယ် မိန်းခလေးအား လိမ်လည် ခိုးယူပေါင်းသင်
- သမီးဖြစ်သူကို လိမ်လည်သွားသူကိုကိုယ်တိုင်ထောက်လှမ်းခဲ့သောမိခင်
- ကလေး၂ယောက်ကိုပယောဂထုတ်သည်ဟုဆိုကာရိုက်နှက်ရာမှ သေဆုံးသွားပြီး ကျန်ခလေးတစ်ယောက်ကို မိစ္ဆာကန်ကြောက်ခိုင်းလို့ လုပ်ရတာပါဆိုတဲ့ ပယောဂထုတ်သူကို ဖမ်းဆီးသည့် မှတ်တမ်း။
- မိန်းမကိုလင်ဖြစ်သူက အက်ဆစ် နဲ့ မျက်နှာကိုပက်ပြီးထွက်ပြေး
- တောင်ကုတ်မြို့အရက်ဆိုင်က စွမ်းအားရှင်