Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 14, 2016

နေပြည်တော်၌ ဓါးဖြင့်အချက်ပေါင်းများစွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော လူသတ်မှုကြီးဖြစ်ပွါး

ဓါတ်ပုံ - သတင်းကွန်ရက် - နေပြည်တော်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် နယ်မြေ(၂) စဥ့်အိုးဖိုတိုက်၌  ဒီဇင်ဘာ ၁၃ ရက်နေ့ ညခြောက်နာရီ အချိန်ခန့်က ရက်စက်စွာ ဓါးဖြင့် အချက်ပေါင်းများစွာ သတ်ဖြတ်ခဲ့သော လူသတ်မှုကြီး ဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။

သေဆုံးသူမှာ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ နယ်မြေ(၂)နေ ကိုမိုး(ခ)စိုးမိုးနိုင်၏ဇနီးဖြစ်သူ မလှလှအေး(၃၆)နှစ်ဟုသိရပြီး ဦးခေါင်း ထိပ်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲနဖူး(၃)လက်မခန့်ပြတ်ရှဒဏ်ရာ(၂)ချက်၊ ဝဲနို့အောက် ထိုးသွင်းဒဏ်ရာ (၁)ချက် ဝဲနံစောင်းထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲပါး တစ်လက်မခွဲခန့် အသားလှန်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲလက်မောင်း တစ်လက်မခန့် ပြတ်ရှဒဏ်ရာ (၂)ချက်၊ ဝဲလက်ပြင်တစ်လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ချက်တည့်တည့်တွင် အူထွက်ထိုးသွင်း ဒဏ်ရာ (၁)ချက်၊ စုစုပေါင်း ဒဏ်ရာ(၁ဝ)ချက်ရရှိပြီး နေအိမ်အောက်ထပ် အိပ်ခန်းအတွင်း၌ သေဆုံးနေကြောင်းသိရပါသည်။

ဓါတ်ပုံ - မြန်မာ့အလင်း

အဆိုပါ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ကိုမိုး(ခ)စိုးမိုးနိုင် ဈေးဝယ်ပြီး အပြန် နေအိမ်အနီး အရောက်၌ အိမ်နီးနားချင်းနေသူ ဒေါ်ညွန့်ဝေပြောပြချက်အရ ကိုစိုးမိုးနိုင် အိမ်အတွင်းမှ အော်သံများ ကြားရကြောင်း စိုးမိုးနိုင်၏ မယားညီအကိုတော်စပ်သူ ကျော်ဇင်ဌေး (၂၆)နှစ် အိမ်နီးချင်းနေသူမှာ ဓါးကိုင်ဆောင်ပြီး စိုးမိုးနိုင်နေအိမ်အတွင်းမှ ထွက်လာကြောင်းပြောသဖြင့် စိုးမိုးနိုင်မှနေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ ဇနီးမှာ ဓါးဒဏ်ရာများစွာဖြင့် ရက်ရက်စက်စက် အသတ်ခံထားရကြောင်း တွေ့မြင်ခဲ့ရသည်။

ဇနီး ရက်ရက်စက်စက်သတ်ခံရခြင်းအပေါ် ကျေနပ်မှုမရှိ၍ ခင်ပွန်းဖြစ်သူမှ ကျော်ဇင်ဌေးအား အရေးယူပေးပါရန် ပျဉ်းမနားမြို့မရဲစခန်း၌ တိုင်ကြားအမှုဖွင့်ထားကြောင်း သိရသည်။

သစ်ထူးလွင်

  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  •  မိုးကုတ်ချမ်းသာကြီးဘုရားပေါ်မဖွယ်မရာလုပ်ကြတဲ့စုံတွဲ
  • No comments:

    Post a Comment