Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 2, 2016
ပဲခူးကလူသတ်မှု
ညီမလေး အိတုန်ဒီနေ့ လေးက ညီမလေး ဒီအိုး ဒီအိမ် ဒီမိသားစု ဘ၀ကနေ အပြီးထွက်သွားရတော့ မယ်လေ. ...ဒီဘ၀မှာ ဘယ်လိုမှ ပြန်မတွေ့နိုင်တော့တဲ့ အခြေ အနေ မှာ ညီမလေးနဲ့ ပက်သက်တဲ့ အမေရယ်...အမကြီးရယ်.. ..ညီမလေးရဲ့ သားလေးနဲ့ ယောက်ျား တွေပူဆွေးသောက ရောက်နေတာ....
ညီမလေး ဒီ မိသားစု က ထွက်မသွားခင်လေး..... နောင် ဘ၀မှာ ဒီလို အဖြစ်မျိုး သင်ခန်းစာယူနိုင် အောင် ညီမလေးရဲ့ အမ ယောက်ျား ခဲအို အကြောင်း လေးတွေ ပြောပြမယ်....
 နောင်ဘ၀ ဆက်တိုင်း ဆက်တိုင်း လူ့ဘ၀ ရောက် လာရင် လည်း ဒီလို မိသားစု တွေနဲ့ မပက်သက်ပါနဲ့ ညီမလေးရယ်..... ညီမလေး အမယောက်ျား ညီမလေးကို သတ်တဲ့ ခဲအို ထွန်းနိုင်ဝင်းက.ဘယ်လောက်တောင် ညီမလေး အမကို နှိပ်စက်ခဲ့လည်း ဆိုတာ အကိုနည်းနည်းပြော ပြမယ်...
.....ပြည်သူ့ အသက်အိုးအိမ် ကို အကာကွယ် မပေးနိုင် တာဘာလုပ်ဖို့လည်း.....ပဲခူး အမှတ် ၁ ရဲ စခန်း......... ညီမလေး....သေသွားတာ....အမှတ် ၁ ရဲ စခန်းမှာ လုံးလုံး တာဝန်ရှိတယ် ညီမလေ.း.... နောက်ဆုံး အခု ညီမလေးတို့ မိသားစု နောက်ထက် ဒီကောင့်ရန်ကိုကြောက်လို့ ပဲခူးက ပြောင်းတော့မယ်...ညီမလေးယောက်ျားလည်း ထက်သတ်မယ်လို့ ဖုန်းနဲ့ အပြောခံထားရတယ်. ...
ရွှေ ခဲ
  • မိန်းမကိုလင်ဖြစ်သူက အက်ဆစ် နဲ့ မျက်နှာကိုပက်ပြီးထွက်ပြေး
  • တောင်ကုတ်မြို့အရက်ဆိုင်က စွမ်းအားရှင်
  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • ပဲခူးက သြဇာရှိတဲ့လူမိုက်မိသားစုပါတဲ့။ credit- ငယ်ငယ်ကသူငယ်ချင်းရေ..မင်းရဲ့သူငယ်ချင်းတွေ ကြည့်ပြီးစိတ်မကောင်းဖြစ်နေရတယ်ဆိုတာတောင် သိမသွားရှာဘူးကွာ 
    ငါတွေးမိတိုင်းရင်ထဲမှာဆို့တယ်... 
    အမှန်တရားဆိုတာ စာအုပ်ထဲမှာသာ ရှိတာပါ... 
    ညီမလေး အိတုန်ဒီနေ့ လေးက ညီမလေး ဒီအိုး ဒီအိမ် ဒီမိသားစု ဘဝကနေ အပြီးထွက်သွားရတော့ မယ်လေ. ...ဒီဘဝမှာ ဘယ်လိုမှ ပြန်မတွေ့နိုင်တော့တဲ့ အခြေ အနေ မှာ ညီမလေးနဲ့ ပက်သက်တဲ့ အမေရယ်...အမကြီးရယ်.. ..ညီမလေးရဲ့ သားလေးနဲ့ ယောကျ်ား တွေပူဆွေးသောက ရောက်နေတာ....
    ညီမလေး မြင်နေရ မှာပေါ့.... ညီမလေးတို့ မိသားစုတွေ ပူဆွေးသောက ရောက်နေချိန်နဲ့ ဆန့်ကျင်စွာ ညီမလေးကို သတ်ခဲ့တဲ့ ဘူဇွာ မိသားစုကတော့ ကျော့လို့ မော့လို့ပေါ..... 
    အိတုန် ညီမလေး အကိုတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ရုရှားတော်လှန်ရေး သမိုင်းက ဘူဇွာ တော် လှန်ရေးဆိုတာ ညီမလေးသိမှာပေါ့.....ငွေရှင်ကြေးရှင်တွေ လေ... ငွေရှိတော့ အရာရာ အကုန်ဖြေရှင်းနိုင်တယ်....အာဏာ ပိုင်ဆိုတဲ့ အစိုးရ ကိုတောင် ခါးပိုက်ထဲထည့်ထားနိုင်တဲ့ လူတန်းစားလေ.....အေး အဲ လူတန်းစားတွေ တို့ပဲခူးမြို့မှာ ရှိနေပီ ညီမလေး....... 
    ညီမလေး ဒီ မိသားစု က ထွက်မသွားခင်လေး..... နောင် ဘဝမှာ ဒီလို အဖြစ်မျိုး သင်ခန်းစာယူနိုင် အောင် ညီမလေးရဲ့ အမ ယောကျ်ား ခဲအို အကြောင်း လေးတွေ ပြောပြမယ်....
    သိပီးရင်လည်း ထပ်နားထောင် နော်.....ညီမလေး ခဲအို ထွန်းနိုင်ဝင်း ဆိုတာ....ဘူဇွာ မိသားစုက သားအငယ်ကောင်ပေါ့။။။။
    သူတို့က စီးပွားရေးတောင့်တယ်လေ....ထိပ်တန်းဆေးလိပ်ခုံ... ကြယ်တာယာ...ဆေးလိပ်ခုံနဲ့....ရွှေထိပ်တန်း စတိုး ဆိုင်တွေ ....သုံးထပ်တိုက်ကြီးတွေ ပိုင်တာပေါ့...... ညီမလေး ရေ ပိုက်ဆံရှိတော့ ပဲခူးမြို့မှာ ဘာလုပ်လုပ် ရတယ် ...ညီမလေး....ဒီ ညီအကို သုံးယောက် က မိန်းခလေး ဘယ်နှစ်ယောက် တောင်ဖျက်စီးခဲ့လည်း ဆိုတာ ....ညီမလေး သိမှပေါ့....
    ပဲခူးမြို့က ရိုက်မူ ပေါင်းများစွာ မှာ ဒီကောင်တွေ ဘယ်နှစ်ခါ ထောင်ကျ တာ ညီမလေးကြားဖူး
    လည်း....တစ်မြို့လုံးရဲ့ အော့ကျော လန်....တွေ လေ....ဘယ်သူ ဒီကောင်တွေ နဲ့ ယှဉ်ချ ဘူးလည်း 
    ညီမလေး.....မိုက်ပါတယ်...ဆိုးပါတယ်... ဆိုတဲ့ ပဲခူးက လူမိုက်တွေ တောင် ဒီကောင်တွေ ကို 
    ယှဉ်ချဖူးလို့လား.....အရာရာငွေ နဲ့ လမ်းခင်းသွားတယ ်.....
     နောင်ဘဝ ဆက်တိုင်း ဆက်တိုင်း လူ့ဘဝ ရောက် လာရင် လည်း ဒီလို မိသားစု တွေနဲ့ မပက်သက်ပါနဲ့ ညီမလေးရယ်..... ညီမလေး အမယောကျ်ား ညီမလေးကို သတ်တဲ့ ခဲအို ထွန်းနိုင်ဝင်းက.ဘယ်လောက်တောင် ညီမလေး အမကို နှိပ်စက်ခဲ့လည်း ဆိုတာ အကိုနည်းနည်းပြော ပြမယ်...
    .နောင်ဘဝ ဒီလို ယောကျာ်းတွေ နဲ့ ကင်း အောင်နေနော်....လူဖြစ်ပီးလူ့ အသိစိတ်ဓါတ်မရှိတဲ့ သူတစ်ယောက် ဆိုတာ ညီမလေးကို ထက်ပြောပြမယ်.... ညီမလေးရေ....
    အမ ဘယ်လောက်တောင် နှိပ်စက်ခံခဲ့ ရလည်းသိလား....ညီမလေး အမ ကို ကောင်းကောင်း နှိပ်စက်ခဲ့ တာပေါ့.....ညီမလေး အမနဲ့ သားတွေ ကို အခန်းထဲပိတ် သောခတ်ပီး ပိတ်လှောင်ထားခဲ့ တာ... ..ဘယ်နှစ်ရက်တောင် လည်း...ဆိုတာ....ညီမလေး အမ ကိုပြန်မေးကြည့်လေ....မူးမူးလာရင် မကောင်းတဲ့ မိန်းမတွေ ခေါ်ခေါ်လာပီး.....အိမ်ပေါ်မှာတင်.....ကြည့် ခိုင်းခဲ့တာ.....(တောက် လူဖြစ်ပီး...လူမဟုတ်တဲ့ အကျင့် တွေ)......သားမယား အကုန်တန်းစီ ပါးရိုက်တာတွေ.... တောက်.....
    ဒါ့ကြောင့်လည်း ညီမလေး အမ အိမ်ပေါ်က နေ ဆင်းလာတာ အောက်တိုဘာလ ထဲကပေါ့...... နောင်ဘဝ ဒီလို လူ အသိမရှိတဲ့ သူတွေ နဲ့ မပက်သက် မိပါစေနဲ့ နော်...ညီမလေး.... 
    အိတုန် ညီမလေး ညီမလေး အသတ်ခံရမဲ့ နေ့ ဗုဒွဟူးနေ့ ညနေက ဒီကောင် ညီမလေးတို့ အင်းဝင် ၁၀ လမ်းထဲက အိမ်မှာ လာသောင်းကျန်းတာ ညီမ လေးသိမှပေါ့.... ဘာ ရဲ မခေါ်ဘူးလား.....ဟဟဟဟ ခေါ်တာပေါ့ ညီမလေး.....ဖုန်းဆက် ခေါ်တယ်.... အမှတ် ၁ ပဲခူး ရဲစခန်း က လာပါ့မယ်တဲ့.... အပိုင်း ကလည်း တာဝန်ရှိသူတွေ ရာအိမ်မူး...ဆယ် အိမ်မူး တွေ ...ဘယ်သူလာခဲ့ လည်း......
    ၀င်းနိုင်ဝင်း အိမ်ထဲ ထိ ၀င်လာပီး...ညီမလေး အမေကို ဓါးနဲ့ ထိုးတာ .. .ညီမလေး က ၀င်ဆွဲလို့ ညီမလေး ကို ဓါးနဲ့ ၀င်မွေ လိုက်တာလေ.....တစ်ချက်ထဲပါဘဲ ညီမလေးရယ်... .
    တကယ်ကို တစ်ချက်ထဲပါ.... ညီမလေး မိဘ အတွက် ၀င်ခံသွားလိုက်တာ......
    အရမ်းစိတ်မကောင်းဘူးကွယ် .... 
    ညီမလေး အထိုးခံလိုက်ရတဲ့ အချိန်နဲ့ ထွန်းနိုင်ဝင်း ရောက်လာချိန်......၂နာရီကျော်....
    ဘယ်ရဲ တစ်ကောင် လာခဲ့လည်း.... ပြည်သူကို ကူညီပါရစေတဲ့....ဘာရဲ လည်း.....
    ဒီလောက် ပြည်သူတွေ အတွက်အသုံးမဝင် တာ ဘာလုပ်ဖို့လည်း ညီမလေး.....အေးပိုရင်နာစရာ ကောင်းတာက....ညီမလေး သေသွားတာတောင်... 
    ဘယ်ရဲ လာစစ်လည်း......ဟင် နောက်ဆုံး....ညီမလေး အတွက် အလောင်းတွေ ပြင်ဆင်ဖို့...
    လုပ်ဖို့ ခေါ်တာ တောင်.....လာခဲ့ ပါမယ်...သေသွားသူက သေသွားပြီ ဘဲတဲ့......
    ဘယ် ရဲ တစ်ကောင်မှ မလာလို့...နောက်ဆုံး အလောင်းတွေ ပြင်...ရေချိုးခုန်တွေ တင်...နဲ့.... သောကြာနေ့ ကျမှ...ရဲ သုံးယောက်ရောက်လာပီး.... ဓါတ်ပုံတွေ ၃ လေးပုံရိုက်နဲ့...ဘယ်မှာ ကျန်မှာ လည်းသဲလွန်စ....ဘယ်သူသတ်သွားတယ် ဆိုတာ. ..ရော သေသေချာချာ မေးခဲ့ လား.....ဘာအတွက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ...မေးခွန်း ထုတ်ရတော့ မယ်.. ... ချက်ချင်းဖမ်းရင် မိပါရဲ့ နဲ့....ဘာလုပ်ထားတာလည်း.... 
    .....ပြည်သူ့ အသက်အိုးအိမ် ကို အကာကွယ် မပေးနိုင် တာဘာလုပ်ဖို့လည်း.....ပဲခူး အမှတ် ၁ ရဲ စခန်း......... ညီမလေး....သေသွားတာ....အမှတ် ၁ ရဲ စခန်းမှာ လုံးလုံး တာဝန်ရှိတယ် ညီမလေ.း.... နောက်ဆုံး အခု ညီမလေးတို့ မိသားစု နောက်ထက် ဒီကောင့်ရန်ကိုကြောက်လို့ ပဲခူးက ပြောင်းတော့မယ်...ညီမလေးယောကျ်ားလည်း ထက်သတ်မယ်လို့ ဖုန်းနဲ့ အပြောခံထားရတယ်. ...
    အပိုင်းထဲက သူတွေ တောင်....ဒီအကြောင်းပြောရင် လျာဖြတ်မယ်တဲ့.....ဘယ်မှာ လည်း ပြည်သူတွေ ရဲ့ အကြောက်တရားကို ကာကွယ်ပေးတဲ့ မြန်မာနိုင်ငံရဲ..... အခု လည်း တရားခံ ကို မဖမ်းနိုင်သေးဘူးတဲ့..... ဟဟ တရားခံနဲ့ ပါသွားတဲ့ ဖုန်းတွေ...တရားခံ အသိုင်းအဝိုင်းကို ဆက်တဲ့ ဖုန်းတွေ က နေ.... 
    လိုက်လို့မရဘူးလား.....ညီမလေးရယ်..... မနေ့က တွေ့ လိုက်သေးတယ်.....
    တရားခံ အဖေ အမှတ် ၁ ရဲခစန်းထဲ ၀င်သွားတာ .....စခန်းမူးကြီးက လက်ဖက်ရည်ဆိုင်မှာ ....ပြုံးလို့ရီလို့.....လက်ဖက် ရည်တောင် တိုက်လိုက်သေးတယ်.....လေ....အကို့ ဘော်ဘော် ဓါတ်ပုံရိုက် မလို့.....
    ရဲစခန်းထဲ မရိုက်ရဲ တာနဲ့....မရခဲ့တာ .....ညီမလေး... မှတ်ကွဲ့ ညီမလေး အိတုန်.....နောင်ဘဝ တွေ ကျရင်.. ...ဒီလို အသုံးမကျတဲ့ ရဲတွေ ရှိတဲ့ တိုင်းပြည်.... ပြည်သူတွေ အတွက်....အကျိုးမရှိတဲ့....ရဲတွေ.... .ပြည်သူကို ပါ၀ါ ပြချင်တဲ့ ရဲတွေ ရှိတဲ့ တိုင်းပြည်မှာ .. .လူမဖြစ်ပါစေနဲ့ လို့ အကိုဆုတောင်းပေးလိုက်ပါတယ်... ..ညီမလေးရယ်..... မြန်မာနိုင်ငံရဲ ဆိုတာ နောက်ဆုံးတော့ .....
    ရပ်.. ကြည့် .သွား တဲ့အမှန် တရားဆိုတာ တကယ်တော့.. ..စာအုပ်ထဲမှာသာ ရှိတာပါ ညီမလေးရယ်.. သွားပေအုန်းတော့ ညီမလေး အိတုန်.ရယ်........ မှတ်ချက်...... လိပ်စာ။ ။ပဲခူးမြို့ အင်းဝင် (၁၀)လမ်း...
    (ဦးစံလင်း) ဒေါ်ရီရီမြင့် အသတ်ခံရသူ။ ။မီးငယ်.မနေခြည်လင်းနိုင်(ခ) အိတုန် အပိုင်နယ်မြေ။ ။
    ပဲခူးမြို့ အမှတ်(၁) ရဲစခန်း... သတ်သူတရားခံ။။ပဲခူးမြို့....ထိပ်တန်းဆေးလိပ်ခုံ ပိုင်ရှင် ကြယ်တာယာဆေးလိပ်ခုံ ပိုင်ရှင်... အုန်းပင်တန်း...ရွှေထိပ်တန်းစတိုး ပိုင်ရှင်သား... ထွန်းနိုင်ဝင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ လုပ်ဆောင်ပုံ မတရား ဘူးထင်ရင် ထက်ဆင့် ရှယ်ပေးပါ....ဗျာ.... ညီ အကို မောင်နှမတွေ မတရားမူကို...လက်ပိုက်ကြည့် မခံနိုင်ဘူးဆိုရင် Share ပေးပါ........ဗျာ 
    Credit to ပဲခူးသူ/ပဲခူးသားများဆုံစည်းရာ(မျိုးမင်းမိုး)
    ရွှေ ခဲ
    No comments:
    Post a Comment