(၂)နှစ် သမီးအရွယ်အား အဓမ္မ ပြုကျင့်မှု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ၌ ဖြစ်ပွား


တနင်္သာရီတိုင်း​ဒေသကြီး ၊ ထားဝယ်​ခရိုင်​၊ ​လောင်းလုံးမြို့နယ်​ ​မောင်းမကန်​နယ်​​မြေ ရဲစခန်း အပိုင်​နယ်​​မြေအတွင်း သ​ဘော့ဆိပ်​​ ကျေးရွာ၌ (၂)နှစ်အရွယ် မိန်းကလေး မုဒိန်းကျင့်ခံရမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူ မ_---------- သည်​ ဒီဇင်ဘာလ ၁၀ ရက်​​နေ့ ည ၉ နာရီခန့်​အချိန်​ သမီးဖြစ်​သူ မ ------------ (၂)နှစ်​(ဘ)ဦး ------------ မှာ အိပ်​​ပျော်​​နေသဖြင့်​ ​နေအိမ်​ရှိ ပုခက်​ထဲတွင်​ သိပ်​ထားခဲ့၍ သ​ဘော့ဆိပ်​ကမ်း​ခြေရှိ လက်​ဖက်​ရည်​ဆိုင်​တွင်​ လက်​ဖက်​ရည်​ ​သောက်​ရင်း TV ကြည့်​​နေခဲ့ပြီး ည ၁၁ နာရီခန့်​အချိန်​ကျမှ ​နေအိမ်​သို့ပြန်​လာခဲ့ရာ သမီးဖြစ်​သူမှာ ကြမ်းပြင်​​ပေါ်တွင်​ တစ်​​ဇောင်း အ​နေ အထားဖြင့်​ မိန်းမအင်္ဂါတွင်​ ​သွေးများ​ပေ​နေပြီး မျက်​လုံးပြူး၍ငြိမ်​​နေသည်​ကို​တွေ့ရှိရသည်။

သမီးနဘေးတွင်မူ တစ်​ရွာတည်း​နေသူ ​နေအိမ်​သို့ ၀င်​ထွက်​သွားလာ​နေသော ချစ်​ကို(၃၃)နှစ်​ (ဘ)ဦး​ကျော်​လွင်​၊ ​ရေလုပ်​သား၊ ​မြောင်းပုလဲရပ်​၊ ထားဝယ်​မြို့ ​နေသူ မှာ ပုဆိုးမပါဘဲ အရက်​မူးပြီးက​လေး၏​ဘေးတွင်​ အိပ်​နေသည်​ကို ​တွေ့ရှိရပြီး က​လေး၏​ဘေးတွင်​ ​ရေသန့်​ဘူးဖြင့်​ထည့်​ထား​သော ဆီဗူး တစ်​ဗူးအားလည်း​တွေရှိရသဖြင့်​ ရဲတပ်​ဖွဲသို့ တိုင်​တန်းခဲ့ရ​ကြောင်း သိရသည်။

ရဲတပ်​ဖွဲ့မှ တရားခံ ချစ်ကို(၃၃)နှစ် (ဘ) ဦးေ​ကျာ်လွင်​​အား ဖမ်းဆီးပြီး သမီးဖြစ်​သူ အား မှုခင်း​ဆေးစာဖြင့်​ ထားဝယ်​​ဆေးရုံကြီးသို့ ပို့အပ်​​ဆေးစစ်​မှုခံယူနေရ​ကြောင်း သိရှိရပါသည်​။

တနင်္သာရီတိုင်းမ်း သတင်းမီဒီယာ
Photo - TNY Police
https://www.facebook.com/myeik.secret.news

  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • မိုးကုတ်ချမ်းသာကြီးဘုရားပေါ်မဖွယ်မရာလုပ်ကြတဲ့စုံတွဲ
  • Share on Google Plus

    About MP4 YoU

    ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
    MP4 YoU (The Melting Pot For You)