Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 5, 2016
မဟာသုတေသန သင်တန်းတက်ရောက်မည့် မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူကို လေးရက်တာအချိန်ကာလအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး
မုံရွာ၊ နိဝင်ဘာ ၅
အဆိုပါ ဖြစ်စဉ်နှင့်တ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ်ကြီးကြပ်ကွက်ကဲမှုအောက်တွင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချင်းစိန်၊ အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်း၊ ရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေး၊ တိုင်းမှုခင်းအကူဌာနစု၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၎င်းမှုခင်းဖြစ်စဉ်အား သေခြာစနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အမှုလိုက်အဖွဲ့မှ ထိုသူအား အမြန်ဆုံးလက်ရ ဖမ်းဆီးရရှိနိုင်ရန် ရွှေဘိုမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ရွှေဘိုရဲစခန်း နယ်ထိန်းဌာနစု အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဘိုလတ်နှင့်အဖွဲ့က သတင်းရရှိထားသူ မောင်နိုင်ထက်အောင်(ခ) ထင်ကျော်လင်းဆိုသူအား နိုဝင်ဘာ ၄ ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့ ဘူတာရပ်ကွက်၊ မီးရထား သံလမ်းအနီး တိုးတိုးကျော် လက်ဘက်ရည်ဆိုင်အနီးတွင် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
#ကိုတိုးကြီး
  • မိန်းမကိုလင်ဖြစ်သူက အက်ဆစ် နဲ့ မျက်နှာကိုပက်ပြီးထွက်ပြေး
  • တောင်ကုတ်မြို့အရက်ဆိုင်က စွမ်းအားရှင်
  • ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
  • ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
  • ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
  • EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
  • CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု 
  • မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
  • သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
  • သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
    မုံရွာ၊ နိ၀င်ဘာ ၅
    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ၀ါးတန်းကျေးရွာ၊ ၀ါးတန်းချောင်းအနီး မုံရွာ - ရွှေဘိုသွား ကားလမ်းဘေးရှိ ပဲစင်းငုံ ယာခင်းတစ်ခုအတွင်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၂၅ နှစ်ရွယ် အမျိုးသမီးတစ်ဦး ချွန်ထက်သော လက်နက်ဖြင့် ကိုယ်ခန္ဒာအား ထိုးသွင်းခံရသဖြင့် သေဆုံးနေသော ရုပ်အလောင်းကို အရာတော်မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေးနှင့်အဖွဲ့က တွေ့ရှိခဲ့ရသည်။
    ထို့ကြောင့် ရဲစခန်းမှူးနှင့်အဖွဲ့က သေဆုံးသူ အမျိုးသမီးရုပ်အလောင်းအား မှုခင်းဆေးပညာများအရ ထင်မြင်ချက်များရယူတောင်းခံနိုင်ရန်အတွက် အရာတော်မြို့မရဲစခန်း ပြစ်မှုကြီးဖြစ်စဉ်အမှတ်(၂/၂၀၁၆)၊ (ပ) ၃၈၁/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်၍ ရုပ်အလောင်းအား အရာတော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စစ်ဆေးခဲ့သည်။
    အဆိုပါ ဖြစ်စဉ်နှင့့်တ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ်ကြီးကြပ်ကွက်ကဲမှုအောက်တွင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချင်းစိန်၊ အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်း၊ ရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေး၊ တိုင်းမှုခင်းအကူဌာနစု၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ၎င်းမှုခင်းဖြစ်စဉ်အား သေခြာစနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
    ယင်း စစ်ဆေးပေါ်ချက်များအရ သေဆုံးသူ အမျိုးသမီးမှာ ရွှေဘိုမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မုံရွာတက္ကသိုလ် (မဟာဘွဲ့လွန်) သင်တန်းတက်ရောက်ရန် ကျောင်းတက်လာသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည်။ ထို့အပြင် ၀က်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုါ်တိုးတက်ရေး ဦးစီးဌာနတွင် အကြီးတန်းစာရေး တာဝန်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်းတစ်ဦးကြောင်း၊ သူမ၏ လူမှုကွန်ယက် face book စာမျက်နှာမှာ '' ပန်းရိုင်း နီနီ " အကောင့်ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း၊ အဆိုပါ ဆိုရှယ်လူမှုကွန်ယက် အင်တာနက်လိုင်းပေါ်မှတဆင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့သူ သုံးဦးရှိကြောင်း၊ ယင်းသုံးဦးအနက် တစ်ဦးအား လူချင်းတွေ့ဆုံရန် ချိန်းဆိုထား့ကြောင်း၊ အခင်းဖြစ်ပွားမည့် မနက် ၆ နာရီခွဲအချိန်က မုံရွာတက္ကသိုလ်သို့ ကျောင်းတက်သွားရောက်ရန် သူမ၏ မောင်ဖြစ်သူက နေအိမ်မှ ကားကွင်းသို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း၊ ကားကွင်းမှ နေအိမ်သို့ မောင်ဖြစ်သူ ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် သူမမှာ ကားဖြင့် မုံရွာသို့ လိုက်ပါခဲ့ခြင်းမရှိဘဲ သူမနှင့် ချိန်ဆိုထားသူ၏ ဆိုင်ကယ်ဖြင့် မုံရွာသို့ စီးနင်းလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အရာတော်မြို့နယ် ၀ါးတန်းကျေးရွာ ၀ါးတန်းချောင်းအနီး ဆူးလေးကုန်းကျေးရွာနေ ယာခင်းပိုင်ရှင် ဦးတင်မောင်၏ ပဲစင်းငုံယာခင်းအတွင်းသို့သွားရောက်ခဲ့ကြောင်း၊ လူငယ်သဘာဝ ဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုများဖြစ်ပြီးနောက် သူမနှင့်လိုက်ပါလာသူ အမျိုးသားက ချွန်ထက်သော အရာဖြင့် သူမအား သေစေနိုင်အောင်ထိ ထိုးသတ်လုပ်ကြံခဲ့ကြောင်း အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသိရှိခဲ့ရသည်။
    ထို့ကြောင့် သေဆုံးသူ အမျိုးသမီးအား မုံရွာတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည့် အမျိုးသားတစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းထောက်လှမ်းခဲ့သည်။
    အဆိုပါ စုံစမ်းထောက်လှမ်းချက်များအရ သေဆုံးသူ အမျိုးသမီးနှင့် မုံရွာသို့ လိုက်ပါသွားခဲ့သော အမျိုးသားတစ်ဦးမှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတောင်ရွာနေ မောင်နိုင်ထက်အောင်(ခ) ထင်ကျော်လင်း သမိုင်းပထမနှစ် ဆိုသူဖြစ်ကြောင်း အမှုလိုက်အဖွဲ့က သိရှိခဲ့ရသည်။
    ထို့နောက် အမှုလိုက်အဖွဲ့မှ ထိုသူအား အမြန်ဆုံးလက်ရ ဖမ်းဆီးရရှိနိုင်ရန် ရွှေဘိူမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ရွှေဘိုရဲစခန်း နယ်ထိန်းဌာနစု အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဘိုလတ်နှင့်အဖွဲ့က သတင်းရရှိထားသူ မောင်နိုင်ထက်အောင်(ခ) ထင်ကျော်လင်းဆိုသူအား နိုဝင်ဘာ ၄ ရက် မနက် ရ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့ ဘူတာရပ်ကွက်၊ မီးရထား သံလမ်းအနီး တိုးတိုးကျော် လက်ဘက်ရည်ဆိုင်အနီးတွင် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
    ၎င်းနောက် အမှုစစ်ဆေးရေးအဖွဲ့က ထိုသူအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထိုသူက သေဆုံးသူ အမျိုးသမီး ကိုင်ဆောင်လျက်ရှိသော OPPO A11W Model အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအား ယူဆောင်လာခဲ့ပြီးနောက် ရွှေဘိုမြို့ အမှတ်(၃) ဆလင်းကုန်းရပ်ကွက်၊ ဇွဲ ဘော်ဒါဆောင်၏ အနောက်ဘက်ရှိ ရေကန်အတွင်းသို့ ပစ်ချခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ထို့ကြောင့် အမှုစစ်အဖွဲ့က ၎င်းနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသမီး၏ လက်ကိုင်ဖုန်းအား ပြန်လည်တွေ့ရှိခဲ့ရသည်။
    ထို့အပြင် နိုဝင်ဘာ ၅ ရက် မွန်းတည့်ချိန်တွင် ထိုသူက မုံရွာတက္ကသိုလ် မဟာဘွဲ့လွန် ကျောင်းတက်ရန် ကျောင်းသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့စဉ်က အသုံးပြုခဲ့သော ဓားအား အမှုစစ်အဖွဲ့ထံ အပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များသည် ပြုပြင်ပြောင်းလဲလာသော ခေတ်စနစ်များနှင့်အညီ ပြည်သူကို ၀န်ဆောင်မှုပေးနိုင်ရန် ဖြစ်ပွားပေါ်ပေါက်ခဲ့သော မှုခင်းဖြစ်စဉ်များအား စနစ်တကျစစ်ဆေးဖော်ထုတ် အရေးယူလျက်ရှိရာ မုံရွာနှစ်လောင်းပြိုင် လူသတ်မှုအား ခုနှစ်ရက်တာ ကာလအတွင်း၎င်း၊ မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦး လုပ်ကြံသတ်ခံရမှုဖြစ်စဉ်အား လေးရက်တာကာလအတွင်း၎င်း အသီးသီးဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။
    #ကိုတိုးကြီး
    No comments:
    Post a Comment