Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 8, 2016

အဓမၼျပဳက်င္႔သူကို အမႈမဖြင့္ရန္ ညိႇႏိွဳင္းေပးခဲ့သူ အုပ္ခ်ဳပ္ေရးမွဴးအား အေရးယူ


၈.၁၁.၂၀၁၆
အသက္မျပည့္ေသးသည့္ တူမကို သားမယားအျဖစ္ ျပဳက်င့္သူအား နစ္နာေၾကး(၅၁)သိန္းျဖင့္ က်ဴးလြန္ခံရသူ ဘက္မွ အမႈမဖြင့္ေစရန္ ၾကားဝင္ညိႇႏိႈင္းေပးသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ မုဒိန္းမႈက်ဴးလြန္သူအား အမႈဖြင့္ေပးရန္ တိုင္ၾကားလုိက္ေၾကာင္း သိရသည္။

“ကေလးမေလးက အသက္ (၁၄) ႏွစ္ေအာက္ျဖစ္လို႔ အသက္မျပည့္ေသးသူကို မုဒိန္းမႈ က်ဴးလြန္ခံရတာျဖစ္ၿပီး အဲလို အသက္မျပည့္ေသးသူကို မုဒိန္းမႈက်ဴးလြန္ခံရတာ သိသိႀကီးနဲ႔ အထက္ကို သတင္းမပို႔ဘဲ ညိႇႏိွဳင္းေပးခဲ႔တဲ့ အုပ္ခ်ဳပ္ေရးမွဴးရဲ႕လုပ္ရပ္ဟာ က်ဴးလြန္သူကို အားေပး အားေျမႇာက္ျပဳရာေရာက္တာေၾကာင့္ တိုင္တန္းအမႈဖြင္႔ရတာပါ”ဟု တစ္ရြာတည္းေနသူ ဦးေမာင္ဝင္းက ရဲစခန္းတြင္ ေျပာၾကားသည္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလက ၿမိဳင္ၿမိဳ႕နယ္မွ အသက္(၁၃)ႏွစ္အရြယ္မိန္းကေလးအား အသက္ (၅၂) ႏွစ္အရြယ္ရိွ ဦးေလးဝမ္းကဲြေတာ္စပ္သူ ဦးေအာင္ဝင္း၏ ေနအိမ္သို႔ သြားေရာက္စဥ္ ဦးေအာင္ဝင္းက သားမယားအျဖစ္ ျပဳက်င့္မႈကိုခံခဲ့ရသျဖင့္ ကိုယ္ဝန္ရရိွသြားရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းေအာင္က နစ္နာေၾကးအျဖစ္ (၅၁)သိန္းေပးရန္ ညိႇႏိွဳင္းဆံုးျဖတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အသက္မျပည့္ေသးသူကို မုဒိန္းမႈက်ဴးလြန္ခဲ့သူႏွင့္ မုဒိန္းမႈက်ဴးလြန္သည္ကို သတင္းမပို႔ဘဲ ညိႇႏိွဳင္းေပးျခင္းျဖင့္ အားေပးအားေျမႇာက္ျပဳခဲ့သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတို႔အား အေရးယူေပးပါရန္ ႏိုဝင္ဘာလ (၄) ရက္ေန႔က တုိင္တန္းသျဖင့္ ၿမိဳင္ၿမိဳ႕နယ္ ဗဟင္းနယ္ေျမရဲစခန္းမွ (ပ) ၅၂/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၁၀၉/၁၇၆ ျဖင္႔ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း အဆိုပါ ရဲစခန္းမွ သိရသည္။

သတင္း - #ဖီးနစ္
...........




  • ေတာင္ကုတ္ျမိဳ့အရက္ဆိုင္က စြမ္းအားရွင္
  • ရည္းစားေဟာင္းအေၾကာင္းေဒါသတၾကီးေျပာေနတဲ့ေကာင္မေလး
  • ေစ်း၀ယ္သူဟန္ေဆာင္ျပီး ဖုန္းကိုအလစ္သုတ္သြားသူ အလစ္သမား
  • ကေလးသံုးေယာက္ကိုရိုက္ႏွက္ ကန္ေက်ာ္ကသတ္ခဲ့တဲ့တြံေတးပေယာဂဆရာကိုသြားေရာက္ဖမး္ဆီးစဥ္
  • EVER TOP Mobile sales and Serviceဖုန္းဆိုင္CCTV မွတ္တမ္း
  • CCTV တြင္ရိုက္ကူးထားေသာ အင္းစိန္၊ဒညင္းကုန္းကေဖာက္ထြင္းမွဳ 
  • မႏၱေလးတြင္ ထိုးမွဳမ်ားဆက္တိုက္ျဖစ္ပြားေနျခင္း
  • သားၾကီး မယားၾကီးရွိလ်က္ႏွင့္တရြာတည္းေနမိန္းကေလးအားျဖားေယာင္းျပီး ကိုယ္၀န္ရွိလာေသာအခါ ဟာဘတ္ပိုးသတ္ေဆးတုိက္၍ သတ္ျဖတ္
  • ၈.၁၁.၂၀၁၆
    အသက်မပြည့်သေးသည့် တူမကို သားမယားအဖြစ် ပြုကျင့်သူအား နစ်နာကြေး(၅၁)သိန်းဖြင့် ကျူးလွန်ခံရသူ ဘက်မှ အမှုမဖွင့်စေရန် ကြားဝင်ညှိနှိုင်းပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မုဒိန်းမှုကျူးလွန်သူအား အမှုဖွင့်ပေးရန် တိုင်ကြားလိုက်ကြောင်း သိရသည်။

    “ကလေးမလေးက အသက် (၁၄) နှစ်အောက်ဖြစ်လို့ အသက်မပြည့်သေးသူကို မုဒိန်းမှု ကျူးလွန်ခံရတာဖြစ်ပြီး အဲလို အသက်မပြည့်သေးသူကို မုဒိန်းမှုကျူးလွန်ခံရတာ သိသိကြီးနဲ့ အထက်ကို သတင်းမပို့ဘဲ ညှိနှိုင်းပေးခဲ့တဲ့ အုပ်ချုပ်ရေးမှူးရဲ့လုပ်ရပ်ဟာ ကျူးလွန်သူကို အားပေး အားမြှောက်ပြုရာရောက်တာကြောင့် တိုင်တန်းအမှုဖွင့်ရတာပါ”ဟု တစ်ရွာတည်းနေသူ ဦးမောင်ဝင်းက ရဲစခန်းတွင် ပြောကြားသည်။

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလက မြိုင်မြို့နယ်မှ အသက်(၁၃)နှစ်အရွယ်မိန်းကလေးအား အသက် (၅၂) နှစ်အရွယ်ရှိ ဦးလေးဝမ်းကွဲတော်စပ်သူ ဦးအောင်ဝင်း၏ နေအိမ်သို့ သွားရောက်စဉ် ဦးအောင်ဝင်းက သားမယားအဖြစ် ပြုကျင့်မှုကိုခံခဲ့ရသဖြင့် ကိုယ်ဝန်ရရှိသွားရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းအောင်က နစ်နာကြေးအဖြစ် (၅၁)သိန်းပေးရန် ညှိနှိုင်းဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    အသက်မပြည့်သေးသူကို မုဒိန်းမှုကျူးလွန်ခဲ့သူနှင့် မုဒိန်းမှုကျူးလွန်သည်ကို သတင်းမပို့ဘဲ ညှိနှိုင်းပေးခြင်းဖြင့် အားပေးအားမြှောက်ပြုခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အရေးယူပေးပါရန် နိုဝင်ဘာလ (၄) ရက်နေ့က တိုင်တန်းသဖြင့် မြိုင်မြို့နယ် ဗဟင်းနယ်မြေရဲစခန်းမှ (ပ) ၅၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၀၉/၁၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

    သတင်း - #ဖီးနစ်

    Tachileik News Agency

    No comments:

    Post a Comment