Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 30, 2013

ဖက်ရှင်ဆိုင်အတွက် အသုံးဝင်မည့် ကြည့်မှန်




ပြချင်တာကတော့ မှန်အကြောင်းပါဗျာ။ အစကတော့ ပုံလေးကို ဖုံးဖုံး ဖိဖိ လုပ်ပေးမလို့ပါပဲ။ ထားလိုက်ပါတော့။ ( ကိုကြီးတို့ သိပ်မငမ်းနဲ့နော် :D)

အဲ့မိန်းခလေး ကြည့်နေတာ မှန်က ဂျပန်နိုင်ငံက Digital Fashion Co.Ltd., က ထုတ်တာ ဖြစ်ပါတယ်။ ကိုယ်က ဘာအဝတ်မှ ဝတ်မထား ရင် တောင် မှန်က သူ့ပါသူ အဝတ်ဝတ်ပြီးသား ပုံရိပ်တွေ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကောင်းကျိုးကတော့ ဆိုင်ပိုင်ရှင်တို့အနေနဲ့ သူတို့အဝတ်တွေကို တစ်ယောက်ပြီးတစ်ယောက် လာဝတ်သွားတာမျိုး မဖြစ်တော့ဘူ။ လာဝတ်သူများကလည်း အချိန်အများကြီး ပေးနေစရာ မလိုတော့ပဲ ဖန်သား မျက်နှာပြင်ပေါ်မှာ တစ်ထည်ပြီး တစ်ထည့် ပြောင်းလဲတာကို အလွယ် တကူ လုပ်လို့ ရပါတယ်။ ဆိုင်မှာ ရှိမယ့် အထည်များကို တော့ ကွန်ပြူတာ မှတ်ဥာဏ်ထဲမှာ 3D ဒီဇိုင်း ရုပ်ပုံ အဖြစ် အားလုံး သိမ်းဆည်းထားပေးဖို့တော့ လိုအပ် ပါတယ်။

Xbox ဂိမ်းဆော့ရသလိုပါပဲ။ လက်ကလေး ဝှေ့ရမ်းလိုက်ရုံနဲ့ တစ်ထည်ပြီး တစ်ထည် ပြောင်းလဲ ပေးပါတယ်။ ကင်မရာက ကိုယ့်ရဲ့  ဘော်ဒီအချိုးအစစ်ကို မှတ်သားပြီး LCD မျက်နှာပြင်မှာ တိတိကျကျ ပေါ်စေပါတယ်။ အနာဂတ် မှာ ကမ္ဘာတစ်ဝန်းက ဖက်ရှင် အထည်ဆိုင်တိုင်းမှာ အသုံးပြုစေနိုင်ရန် မျှော်လင့်ထားကြောင်း သိရ ပါတယ်။

အသုံးပြုပုံကို အောက်ပါ လခ့်က ဗီဒီယိုမှာ ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/aYiIMlmB5Gw

ရိုးရာလေး နည်းပညာ

YoYarLay

Cambodian slap flight - ကမ္ဘောဒီးယား ကျောင်းသူတွေ အုပ်စုလိုက် ခြိမ်းရိုက်တဲ့ ပွဲလေးပါ (ရုပ်/သံ)


တယောက်နဲ့ တယောက်ကူညီလိုက်ကြပုံများ .....

အရက်မူးနေချိန်ဆိုအရမ်းချစ်ကြတယ်နော်။ အရက်သမားတွေတယောက်နဲ့ တယောက်ချစ်ကြ၊ကူညီကြတာ ကိုဟာသလုပ်ထားတဲ့ဗွီဒီယိုလေးပါ။ အရက်သမားဆိုတာ တယောက်နဲ့ တယောက် ဒီဗီဒီယိုမှာရိုက်ပြထားတာထက်တောင် ချစ်ကြပါသေးတယ်။( မူးနေချိန်မှာပြောပါတယ်  :)..https://www.facebook.com/photo.php?v=292271990919713&set=vb.137023683111212&type=2&theater

စင်သီယာ – သျှပ်မှူးကျော် (ထူးအိမ်သင်)

စင်သီယာ (၁) – သျှပ်မှူးကျော် (ထူးအိမ်သင်)

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး …
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ …

သျှပ်မှူးကျော်

စင်သီယာ (၂) – သျှပ်မှူးကျော် (ထူးအိမ်သင်)

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။

သျှပ်မှူးကျော်

စင်သီယာ (၃) – သျှပ်မှူးကျော် (ထူးအိမ်သင်)

ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။

သျှပ်မှူးကျော်

စင်သီယာ (၄) – သျှပ်မှူးကျော် (ထူးအိမ်သင်)

မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ … မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ … ။

သျှပ်မှူးကျော်

စင်သီယာ (၅) – သျှပ်မှူးကျော် (ထူးအိမ်သင်)

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြို ခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်
ယနေ့
ဇူလိုင်လ၁ရက်နေ့တွင်အသက်၅၀ပြည့်သော ကဗျာ့မှော်ဆရာ ထူးအိမ်သင်ကိုလွမ်းဆွတ်တမ်းတလျက်
Helen Ayekyaw

Ninjas Race To The Roof In Style

OMG This Is Awesome

နိုင်ငံတကာမှာ Network အင်ဂျင်နီယာ ဒီလိုရှိတယ်


Presented by RHC Technologies

Network အင်ဂျင်နီယာကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွန်ပြူတာ ရှိရင် Network အင်ဂျင်နီယာဆိုတာ ရှိလာရပါတယ်။ ဒီတော့ နိုင်ငံတကာမှာ Network အင်ဂျင်နီယာလို့ Roll ဘယ်လိုရှိတယ်ဆိုတာက အကျဉ်းချုပ် မျှဝေ ပါ့မယ်။

End User တွေမှာ

End User ဆိုတာ Network ပစ္စည်းများကို မဖြစ်မနေ ကိုင်တွယ် လုပ်နေရတဲ့၊ သို့မဟုတ် ဝယ်သုံးနေတဲ့ ကုမ္ပဏီများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိပ်ကမ်း၊ ဆေးရုံ၊ စီးပွားရေးရုံး၊ ဘဏ်တို့မှာဆိုရင် Network ပစ္စည်းများကို တပ်ဆင်ပါတယ်။ ယင်း ပစ္စည်းများကို လည်ပတ်ရန်၊ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာမှာ Network အင်ဂျင်နီယာများကို တစ်သီးတစ်သန့် ထားပါတယ်။

Service Provider တွေမှာ

ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ အနေနဲ့ပေါ့။ ဥပမာ - နိုင်ငံတကာမှ Telecommunication ကုမ္ပဏီများ၊ Networking Service ကုမ္ပဏီများ၊ အင်တာနက် ကွန်ရက်ချိတ်ဆက်ဖန်တီးပေးသော ကုမ္ပဏီများ ဖြစ်ပါတယ်။ သူတို့က End User/ Customer များအတွက် Network ဝန်ဆောင်မှုနဲ့ ပစ္စည်း များကို ရောင်းချပေးပါတယ်။ ဒီမှာလည်း Network အင်ဂျင်နီယာ များရဲ့ ပါဝင်မှုက အရေးအကြီးဆုံး အစိတ်အပိုင်းမှာ၊ Network မှာတောင် ကြိုးမဲ့၊ တယ်လီဖုန်း၊ ဗီဒီယို၊ လုံခြုံရေး အစရှိသဖြင့် အများအပြား ထပ်ကွဲ နေသေးလို့ ပေးစွမ်းတဲ့ ဝန်ဆောင်မှု အလိုက် Network Engineer အမျိုးအစား များစွာ လိုအပ်ပါတယ်။

Product Supplier တွေမှာ

Cisco, Juniper, Huawei, HP အစရှိတဲ့ ကမ္ဘာကျော် Network ပစ္စည်း ထုတ်တဲ့ ကုမ္ပဏီများမှာ ဖြစ်ပါတယ်။ Service Provider များက ဝယ်မယ်၊ သို့မဟုတ် End User များက တိုက်ရိုက်ဝယ်မယ်ဆိုရင် ပစ္စည်းတွေ ရောင်း ချ ပေးရတာပါ။ ဒီအတွက် ထုတ်ကုန်တွေ ဖန်တီးမှုအတွက် Network အင်ဂျင်နီယာများ လိုအပ်ပါတယ်။

အနာဂတ် နဲ့ Network Engineer

ကွန်ပြူတာနဲ့ နည်းပညာပစ္စည်းများ ရှိနေသေးသရွေ့  Network Engineer များက လိုအပ်စမြဲပါ။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ လိုအပ်လာရာကနေ ကမ္ဘာအရှေ့ ခြမ်းနဲ့ အနောက်ခြမ်း ဆက်သွယ်လို့ရအောင် Network Engineer များက ကြိုးစားဖန်တီးပေးနေ ရတဲ့ အတွက် အနာဂတ်မှာ လိုမြဲတိုင်း လိုအပ်နေမယ့် အိုင်တီပညာရှင်နဲ့ ပညာအမျိုးအစားပဲ ဖြစ်ပါတယ်။
.
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/06/network.html
 


  TechSpace Journal

ရွှေတိဂုံဘုရားပေါ်လှည့်တဲ့ဟေမာနေ၀င်းရဲ့ သားလေးရှင်လောင်းလှည့်ပွဲ

“တူလေးတွေရှင်လောင်းလှည့်....ရွှေတိဂုံဘုရားပေါ်တစ်ပတ်ပတ်...(မမဟေမာသားတစ်ယောက်၊မမရူပါသားနှစ်ယောက်)....ဟူး....တော်ပါသေးရဲ့လှည့်ပြီးမှမိုးရွာလို့.”ဆိုတဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ စကားကတော့ဒီကနေ့ အတွက်ကြည်နူးစရာရှိရပါတယ်။photo credit-Eindra Kyaw Zin

Popular Journal

ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ



အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။

ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။

ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။

နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။

----
Ref;Wiki
Freddy ( MM Social Sky )



တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံခြင်း

Written by  သန့်ဇင်ဦး    
မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုတွင် သွားရောက် နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံ၍ သူပါဝင် သီဆိုမည့် တေးသံရှင် ခင်မောင်တိုး အမှတ်တရ စီးရီးအကြောင်း၊ ဂီတနယ်ပယ်အတွင်း အလေးထား ပြောဆိုလာ ကြသည့် မူပိုင်ခွင့် ဥပဒေအကြောင်းနှင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် ၎င်း၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ မြန်မာနိုင်ငံ ပြန်ရောက်နေတုန်း အစ်မဘာစီးရီးတွေ လုပ်ဖြစ်နေလဲ။
M.M.W.P ။ ။ မမီတို့ ကိုခင်မောင်တိုး အမှတ်တရ စီးရီးလေး လုပ်နေပါတယ်။ ဒီစီးရီးထဲမှာက တခြားအဆိုတော်တွေ ထက်စာရင် ကိုတိုးကြီးနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ သူတွေပါမယ်။ မဇ္ဈိမလှိုင်း တီးဝိုင်းက ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုနိုင်မင်း၊ စိုးစိုးရယ်၊ နောက်ပြီး သရုပ်ဆောင် နောင်နောင်၊ အဉ္စလီမောင်မောင်ရဲ့သားလေး၊ ကိုကြီးချို၊ ကိုစိုးထိုက်တို့ ပါမယ်။
Voice ။ ။ ဒီစီးရီးက ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
M.M.W.P ။ ။ သိပ်မကြာတော့ပါဘူး၊ အားလုံးပြီးနေပါပြီ။ မမီက နောက်ဆုံး ဆိုတာပေါ့။ မမီ ဆိုပြီးတာနဲ့ Mixing ဆွဲလို့ရပြီ။
Voice ။ ။ သီချင်းတွေက ကိုခင်မောင်တိုး ဆိုခဲ့တဲ့ သီချင်းအဟောင်းတွေပဲလား။
M.M.W.P ။ ။ သီချင်း တော်တော်များများကတော့ ကိုတိုးကြီး ဆိုခဲ့တဲ့ သီချင်း အဟောင်းတွေပါပဲ။ ဒါပေမဲ့ ကိုနေဝင်းတို့၊ ကိုနိုင်မင်းတို့ကတော့ သီချင်းအသစ်တွေ ဆိုကြမယ် ထင်တယ်။
Voice ။ ။ မမီကျတော့ ကိုတိုးကြီးရဲ့ ဘယ်သီချင်းကို ပြန်ဆိုထားလဲ။
M.M.W.P ။ ။ အမှန်အတိုင်း ပြောရရင် သီချင်းရွေးတဲ့ အချိန်မှာ မမီဆိုချင်တဲ့ သီချင်းတွေက အရမ်းများတယ်။ မမီသဘောကျတာတွေက အများကြီးပဲ။ ဆိုခါနီးကျတော့ ကိုယ်ကိုယ်တိုင် မရွေးဖြစ်တော့ဘူး။ တီးဝိုင်းကိုပဲ ရွေးခိုင်းလိုက်ပြီးတော့ ‘အချစ်ရဲ့ဘဝမှတ်တမ်း’ ဆိုတဲ့ သီချင်းလေး ဆိုမယ်။ ကိုတိုးကြီးက မမီအပေါ် အရမ်း Influence ရှိပါတယ်။ မမီက အစ်ကိုတွေ ကြားထဲမှာ ကြီးလာခဲ့တာ ဆိုတော့ ငယ်ကတည်းက ဒီလိုသီချင်းတွေကို အုတ်ခုံတွေမှာ ဂစ်တာတွေ တီးရင်း ဆိုခဲ့တာဆိုတော့ မမီရဲ့ဆရာလို့လည်း ပြောလို့ရပါတယ်။
Voice ။ ။ မမီကအခု အမေရိကကနေ ဒီကို အပြီးပြန်လာတာလား။
M.M.W.P ။ ။ တကယ်တမ်းတော့ မမီအိမ်က ဒီမှာပါ။ ဟိုကို သွားလိုက်တာကလည်း အဖေနဲ့အမေက နည်းနည်းအသက်အရွယ် ကြီးလာကြပြီဆိုတော့ မမီသူတို့နားမှာ နေဖို့ သင့်တယ်ဆိုပြီး သွားလိုက်တာ။ ဖေဖေက အခုဒီကို ပြန်လာဖို့ အခြေအနေ ပေးတယ်ဆိုတော့ ပြန်လာခဲ့တာ။ ဖြစ်နိုင်ရင်တော့ ဖေဖေရော၊ မမီပါ ဒီမှာပဲ နေချင်တယ်။ ဒါပေမဲ့ မေမေက လောလောဆယ် ဒူးခွဲရဦးမယ်၊ နောက် Anemia ဖြစ်နေတော့ ဆေးကုရမှာတွေ ရှိတာကြောင့် မမီဟိုမှာခဏ နေနေရတာ။
Voice ။ ။ မမီ နောက်ဆုံး ထွက်ထားတဲ့ စီးရီးနာမည်က ဘာလဲ။
M.M.W.P ။ ။ မမီရယ်၊ မေဆွိရယ်၊ ရတနာဦးရယ် သုံးယောက် ဆိုထားတဲ့ အဝေးတစ်နေရာ ဆိုတဲ့ စီးရီးလေးပါ။ ဒီစီးရီးလေး လုပ်ဖြစ်တာက အမေရိကမှာ နာဂစ်အတွက် လှူဖို့ဆိုပြီး မမီတို့ပွဲလေး တစ်ပွဲလုပ်တယ်။ အဲ့ဒီပွဲကိုလုပ်တဲ့ ကိုငယ်ဆိုတာက နယူးယောက်ကပေါ့။ သူက အစ်မတို့တွေ ကိုယ့်တိုင်းပြည်နဲ့ ဝေးတဲ့နေရာမှာ ရောက်နေတဲ့အတွက် အစ်မတို့ သီချင်းတွေကို ပရိသတ်က မကြား ရတာ ကြာပြီဆိုပြီး ဒီစီးရီးလေးကို သူစီစဉ်ပေးတာပေါ့။
Voice ။ ။ မမီ ဒီနိုင်ငံကနေ ထွက်သွားတာလည်း ကြာပြီဆိုတော့ ဒီကိုပြန်ရောက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ အနေအထားက ဘာတွေပြောင်းလဲ လာတယ်လို့ ထင်လဲ။
M.M.W.P ။ ။ မမီ ထွက်သွားတုန်းကထက် စာရင်တော့ အများကြီး ပြောင်းလဲလာပါတယ်။ မမီက ၂၀၀၇ ခုနှစ်လောက်မှာ ထွက်သွားတာပေါ့။ အဲဒီအချိန်တုန်းက ဒီနိုင်ငံမှာရှိတဲ့ အရာအားလုံးက တော်တော်လေး မွန်းကျပ်တယ်။ အခုတော့ စိတ်ထဲမှာ နည်းနည်း ပေါ့ပေါ့ပါးပါး ရှိပါတယ်။ လူတွေရဲ့ စားဝတ်နေရေးပိုင်းကတော့ ဒီလောက် မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ ကိုယ်ပြောချင်တာလေးတွေ ပြောခွင့်ရလာသလို ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိစ္စတစ်ခုကို ကိုယ်ကြိုက်တယ်၊ မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရလာကြတယ်။
Voice ။ ။ မြန်မာနိုင်ငံမှာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုရော မမီ ဘယ်လိုမြင်လဲ။
M.M.W.P ။ ။ မမီတို့က တောက်လျှောက်ကြီး စိတ်ထဲမှာ တို့နိုင်ငံကတော့ ပြောင်းလဲမှု ရှိတော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ကျပ်ကျပ်တည်းတည်းကြီး ခံစားခဲ့ရတဲ့ အခြေအနေတစ်ခုမှာ အကြာကြီး နေလာခဲ့ရတော့ အပြောင်းအလဲတစ်ခုကို အရမ်းလိုချင်ပါတယ်။ မမီလိုပဲ ပြည်သူအားလုံးလည်း လိုချင်မှာပဲလို့ မမီထင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့ ဦးဆောင်ပြီး သွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုလည်း မမီတို့ ဝမ်းသာပါတယ်။
Voice ။ ။ အခုဆို ဂီတလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဦးစားပေးပြီး လုပ်လာကြတယ်။ မမီကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ဆိုခဲ့တော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
M.M.W.P ။ ။ ကိုယ်ပိုင်သံစဉ်တွေ ပိုပြီး လုပ်လာကြတာကိုတော့ မမီအရမ်း အားရပါတယ်။ အရင်ကတည်းက ဆိုင်းဇီ တို့ဆို ကိုယ့်သီချင်း ကိုယ်ရေးပြီးဆိုတယ်။ တခြား ကိုယ်တိုင် သီချင်းရေးနိုင်တဲ့ မိန်းကလေး အဆိုတော်တွေ အများကြီး ထွက်လာတယ်။ ယောက်ျားလေး ထဲမှာဆို လည်း တကယ့်ကို ကောင်းတဲ့သီချင်းတွေ အများကြီး ကြားရတယ်။ မမီအရင်ကတည်းက သိပါတယ်။ ကော်ပီ သီချင်းတွေက အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်တဲ့အချိန်လေးပဲ ဆိုကြမှာဆိုတာ မမီသိတယ်။ အခုတော့ ကိုယ်ပိုင် သံစဉ်တွေကိုပိုပြီး လုပ်လာကြတယ်ဆိုတာ ဒါဖြစ်ကိုဖြစ်သင့်တဲ့ ကိစ္စပါ။
Voice ။ ။ အခုဆို ဂီတလောကမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးပေး ပြောလာကြတယ်။ မမီကလည်း မူပိုင်ခွင့်ကို အလေးထားတဲ့ နိုင်ငံမှာ အချိန်အတော်ကြာ နေလာခဲ့တာ ဆိုတော့ မူပိုင်ခွင့်ဆိုတဲ့ အပေါ်မှာ မမီ ဘယ်လိုမြင်လဲ။
M.M.W.P ။ ။ မမီတို့က မူပိုင်ခွင့်နဲ့ ပတ်သက်ရင် ဘာမှကို လာမပြောနဲ့ ဆိုတဲ့ခေတ်မှာ နေခဲ့ဖူးတာ ပေါ့နော်။ အခုတော့ မူပိုင်ခွင့်အကြောင်း ဆွေးနွေးလာကြတာ၊ ပြောဆိုလာကြတာတေ ကြားရတော့ မမီ အရမ်းဝမ်းသာပါတယ်။ တဖြည်းဖြည်းနဲ့ စည်းစနစ်ကျနပြီး အားလုံး လိုက်နာနိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဥပဒေတွေ ထွက်ပေါ်လာဖို့ အတွက်ကတော့ အချိန်လေး တစ်ခုတော့ စောင့်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် စလုံးရေစနေပြီ ဆိုတဲ့အတွက် မမီအရမ်း အားရတယ်။ မူပိုင်ခွင့်ကို တကယ်အလေးထားတဲ့ တိုင်းပြည်မှာ နေခဲ့တာဆိုတော့ သူတို့တိုင်းပြည်မှာက မူပိုင်ခွင့်ကို အလေးထားတာက ကြောက်ဖို့တောင် ကောင်းပါတယ်။ အဲ့ဒီလောက်တောင် လေးစားရသလားဆို ပြီးတော့ပေါ့နော်။ စီဒီတစ်ချပ် ဝယ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်တစ်ခုမှာ ဖွင့်လို့မရဘူး။ သိပ်တင်းကျပ်တယ်။ လူတွေ ကိုယ်တိုင်ကလည်း မလုပ်ကြဘူး။ အိမ်မှာ နားထောင်မှာလား။ ဟိုတယ်မှာ ဖွင့်မှာလားဆိုပြီး တစ်ခုခု စီးပွားရေးနဲ့ ပတ်သက်လိုက်တာနဲ့ သူတို့ရဲ့ Rights တွေက မတူတော့ဘူး။ ဒီမှာလည်း အခုဆို ဂီတအစည်းအရုံးကနေ ဦးဆောင်ပြီး FM တွေ၊ ရုပ်သံလိုင်းတွေကနေ မမီတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဆောင်ရွက် ပေးနေပါပြီ။ ဒီ့ထက်ပိုပြီး လုပ်စရာတွေတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ အခုဆို ကဏ္ဍအားလုံးမှာ ပြုပြင် ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင် နေကြပြီ။ ဖြစ်ချင်တိုင်းတွေ ဖြစ်ထားတာတွေကို စနစ်တကျ ပြန်ဖြစ်ဖို့အတွက် စလုပ်နေကြပြီဆိုတော့ တစ်ချိန်မှာတော့ လမ်းကြောင်းက တည့်သွားမှာပါ။
Voice ။ ။ မမီရဲ့ ပရိသတ်တွေက ရှိနေတုန်းပဲဆိုတော့ အနုပညာ အလုပ်တွေကို ဘယ်တော့လောက် ပြန်လုပ်ဖြစ်မလဲ။
M.M.W.P ။ ။ မမီက မေမေ့ ကျန်းမာရေးအတွက် သေချာဂရုတစိုက် ပြင်ဆင်ပေးပြီးတော့ ဒီကိုပြန်လာခွင့် ရပြီဆိုရင် ပရိသတ်အတွက် Own Tune ခွေတစ်ခွေကို သေချာလေး လုပ်ချင်ပါတယ်။ အဲ့ဒီကျလို့ရှိရင် မမီတို့အရွယ်တွေအပြင် နောက်တက်လာမယ့် ကလေးတွေ အတွက်ပါ အသုံး တည့်မယ့်၊ အဆင်ပြေမယ့် သီချင်းမျိုးလေးတွေကို ဆိုနိုင်အောင် မမီကြိုးစားပါ့မယ်။

ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း (Alopecia)


 
ဆံပင်ကျွတ်ခြင်းလို့ အလွယ်ပြောလိုက်ပေမယ့် အမှန်တော့ဆံပင်တင်မက ကျန်တဲ့အမွေးအမျှင်တွေပါ ကျွတ်တာကိုဆိုလိုပါတယ်။ အမွေးအမျှင်ကျွတ်တာက အကြမ်းဖျင်းအားဖြင့် ခွဲရင်တော့ ၂မျိုးပဲခွဲခြားလို့ရပါတယ်။ အဲဒီ၂မျိုးကတော့ non scarring alopecia (အမာရွတ်မကျန်ဘဲ အမွေးအမျှင်ကျွတ်ခြင်း) နဲ့ scarring alopecia (အမာရွတ်ကျန်ခဲ့တဲ့ အမွေးအမျှင်ကျွတ်ခြင်း) တို့ဖြစ်ပါတယ်။ အဲဒီ၂ခုဘာကွာလဲဆိုတော့ အမာရွတ်မကျန်ခဲ့တဲ့ အမွေးကျွတ်ခြင်းဆိုတာကတော့ ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ ရောဂါရှိရင်သော်လည်းကောင်း၊ ဆေးဝါးကြောင့်သော်လည်းကောင်း အစရှိတာတွေကြောင့် ဆံပင်ကျွတ်တာဆိုရင် အဲဒီရောဂါကိုကုသပြီးရင် အဲဒီဆေးဝါးကိုရပ်တန့်လိုက်တဲ့အချိန်မှာ ဆံပင်ပြန်ပေါက်လာပါတယ်။ ဥပမာပြောရရင် ကင်ဆာဝေဒနာရှင်တွေမှာ ဓါဓုကုထုံးသုံးတဲ့အခါမှာ ဆံပင်ကျွတ်ပါတယ်။ ဆေးရပ်လိုက်ရင် ဆံပင်ပြန်ပေါက်ပါတယ်။ အမာရွတ်ကျန်ခဲ့တဲ့ အမွေးကျွတ်ခြင်းကတော့ ဘယ်တော့မှပြန်ပေါက်မလာနိုင်တော့ပါဘူး။ ထိခိုက်မိတာ၊ မိမိကိုယ်ကိုပြန်တိုက်တဲ့ရောဂါစုတွေ အစရှိတာတွေကြောင့် အမာရွတ်ကျန်ခဲ့တဲ့ အမွေးကျွတ်ခြင်းဖြစ်ပေါ်ရပါတယ်။ ဒီမှာတော့ အရမ်းအဖြစ်များတဲ့ non scarring alopecia အကြောင်းပဲရေးပါ့မယ်။

အမွေးကျွတ်တယ်ဆိုရင် တကိုယ်လုံးကအမွေးတွေကျဲလာတာဖြစ်နိုင်သလို ခေါင်းတစ်ခုပဲကွက်ပြီး ကျွတ်နေတာလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ပေါ်ကအမွေးကတော့ သိပ်မသိသာပေမယ့် ခေါင်းမှာကျွတ်တာကတော့ အတော်လေးကိုသိသာသလို နေရလည်းခက်ပါတယ်။ ထိပ်ပြောင်တာပာာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်လည်းကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ အမာရွတ်မထင်ဘဲ အမွေးကျွတ်တာကိုထပ်ခွဲရင်လည်း အကြောင်းရင်း ၃မျိုးရှိနိုင်ပါတယ်။ အဲဒါတွေကတော့
၁။ (Nutritional)အစားအသောက်ကြောင့်။ ။ စားတဲ့အစားအသောက်ထဲမှာ ဇင့်ဓါတ်နဲ့ သံဓါတ်တွေလျော့နည်းနေရင် အမွေးကျွတ်ပါတယ်။
၂။ (Androgenetic)အသက်အရွယ်၊ မျိုးရိုး၊ ကျားပောာ်မုန်းကြောင့်။ ။ အရမ်းအဖြစ်များပါတယ်။ အမျိုးသားထုရဲ့ ထက်ဝက်လောက်ပာာ ဒီအကြောင်းအရာကြောင့် ဆံပင်ကျွတ်တာဖြစ်ပါတယ်။ အခုဒီပို့စ်မှာလည်း ဒီအကြောင်းအရာကိုအဓိကထားတင်ပြမှာဖြစ်ပါတယ်။
၃။ (Auto immune disease) အချို့သောမိမိကိုယ်ကိုပြန်တိုက်သောရောဂါများမှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။
အစားအသောက်ကြောင့်ဆိုရင်လည်း အဲဒီလိုအပ်နေတဲ့ဓါတ်တွေပြန်ဖြည့်လိုက်ရင် ပြန်ကောင်းလာပါတယ်။ ရောဂါကြောင့်ဆိုရင်လည်း ရောဂါကို ပျောက်ကင်းအောင် ကုသလိုက်ရင် ဆံပင်ပြန်ပေါက်ပါတယ်။ ဒါပေမယ့် Androgenetic ကြောင့်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကတော့ အဖြစ်အများဆုံး၊ ကုသရအခက်ဆုံးဖြစ်နေပါတယ်။ အဲဒါကိုနောက်တစ်မျိုးအနေနဲ့ male pattern baldness လို့လည်းခေါ်ကြပါတယ်။

Androgenetic alopecia(ထိပ်ပြောင်ခြင်း)

၁။ ဘာကြောင့်ဖြစ်ရတာလဲ။
Study တွေအမျိုးမျိုးနဲ့ လေ့လာကြည့်ပေမယ့်လည်း အခုထိတော့တိကျတဲ့အဖြေတစ်ခုမရသေးပါဘူး။ အကြောင်းအရာကတစ်ခုတည်းကြောင့်မပာုတ်ဘဲ မျိုးရိုးကြောင့်၊ နေထိုင်ရာပတ်ဝန်းကျင်ကြောင့် စသဖြင့်အကြောင်းအရာတွေအများကြီးရှိနိုင်ပါတယ်။ အဓိကအားဖြင့်တော့ မျိုးရိုးကြောင့်ဖြစ်ပါတယ်။ ထိပ်ပြောင်တဲ့မျိုးရိုးရှိသူတွေရဲ့ မွေးညှင်းပေါက် (Hair follicle) တွေပာာ ကျားပောာ်မုန်းတစ်မျိုးဖြစ်တဲ့ Androgenထဲကမှ Dihydrotestosterone (DHT) ကိုတုန့်ပြန်တာကြောင့်ဖြစ်ပါတယ်။ DHT ကမွေးညှင်းပေါက်တွေကို ကျုံ့သွားအောင်လုပ်ပါတယ်။ အဲဒီတော့ ရှိနေတဲ့အမွေးရဲ့သက်တမ်းတိုသွားသလို နောက်ထပ်အမွေးအသစ်တွေလည်းထပ်မထွက်နိုင်တော့ပါဘူး။ နောက်ထပ်သီအိုရီတစ်မျိုးကတော့ enzyme prostaglandin D2 synthase လို့ခေါ်တဲ့အင်ဇိုင်းတွေများလာရကနေ သူကထုတ်တဲ့ prostaglandin D2 (PGD2)တွေမွေးညင်းပေါက်တွေမှာ များလာတာကလည်း အမွေးကျွတ်ရခြင်းအကြောင်းအရင်းဖြစ်တယ်လို့ဆိုပါတယ်။

၂။ ဘယ်သူတွေမှာဖြစ်သလဲ။ ဘာတွေဖြစ်သလဲ။
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အသက် ၄၀ကျော်တဲ့အမျိုးသားထုရဲ့ တစ်ဝက်ကျော်ပာာ ထိပ်ပြောင်တယ်လို့ဆိုပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း ထိပ်ပြောင်ပါတယ်။ ထူးခြားတာက ချင်ပန်ဇီမျောက်တွေမှာလည်း ဒီထိပ်ပြောင်ခြင်းရှိတယ်လို့ဆိုပါတယ်။ ထိပ်ပြောင်တာက ဆိုးကျိုးအနေနဲ့အဓိကထိခိုက်တာကတော့ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ ထိပ်ပြောင်တဲ့သူတွေပာာ မိမိကိုယ်ကိုယုံကြည်ချက်ကျဆင်းလေ့ရှိကြပါတယ်။ ဒါ့အပြင် ဆံပင်နည်းနေတဲ့အတွက် ခေါင်းကိုနေလောင်နိုင်ပါတယ်။ နှလုံးရောဂါပိုဖြစ်နိုင်သလို ဆီးကျိတ်ကြီးတဲ့ရောဂါလည်း ပိုဖြစ်နိုင်ပါတယ်။ လူဖြူတွေမှာအဖြစ်များပါတယ်။ လူဖြူတွေနောက်ကနေ အာရှသားတွေကလိုက်ပြီး လူမည်းတွေ၊ လူနီတွေနဲ့ အက်စကီမိုးတွေက အစဉ်လိုက်လိုက်ပါတယ်။ အသက်၄၀ကျော်မှဖြစ်တတ်တယ်ဆိုပေမယ့်လည်း အသက်၃၀လောက်မှာလည်းဖြစ်နိုင်ပါတယ်။

၃။ ဘာတွေနဲ့ကုသလို့ရမလဲ။
အခုလောလောဆယ် ဆံပင်ကျွတ်တာကို ကုသရာမှာ အသိအမှတ်ပြု အနောက်တိုင်းဆေးတွေအနေနဲ့တော့ ၂မျိုးပဲရှိပါတယ်။ အဲဒီဆေးတွေကတော့ Minoxidil(လိမ်းဆေး)နဲ့ Finasteride(သောက်ဆေး) တို့ဖြစ်ပါတယ်။

Minoxidil ဘယ်လို action နဲ့အလုပ်လုပ်လဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့်အဲဒီဆေးကဆံပင်သက်တမ်းကို ရှည်စေတဲ့အပြင် မွေးညင်းပေါက်တွေဆီကိုလည်း သွေးလည်ပတ်မှုပိုကောင်းလာစေပါတယ်။ ထိပ်ပြောင်တဲ့သူတွေထက်စာရင် အလယ်ပြောင်နေတဲ့သူတွေအတွက်ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း ဆေးသောက်ပြီးတုန့်ပြန်တဲ့အချိန်ကတော့ ကြာလွန်းပါတယ်။ ဆေးလိမ်းပြီး ၄လလောက်အကြာထိသိသာထင်ရှားတဲ့ရလာဒ်မပေါ်တတ်ပါဘူး။ ပြီးတော့ သူ့ကိုလိမ်းရင် တစ်သက်လုံးလိမ်းပေးရပါတယ်။ ဆေးရပ်လိုက်တာနဲ့တပြိုင်နက် အမွေးကျွတ်တာကပြန်ဖြစ်တာပါပဲ။ အား၂မျိုးနဲ့လာပါတယ်။ 2% and 5% တို့ဖြစ်ပါတယ်။ 5% ကတော့ပိုကောင်းတယ်လို့ဆိုပါတယ်။ လောလောလတ်လတ်ဆံပင်စကျွတ်တဲ့သူတွေနဲ့ ဆံပင်ကျွတ်တာသိပ်မများသေးတဲ့သူတွေအတွက် ပိုကောင်းပါတယ်။

Finasteride ကတော့သောက်ဆေးဖြစ်ပါတယ်။ ယောက်ျားတွေပဲသောက်လို့ရပါတယ်။ ဒီဆေးကဆံပင်ကျွတ်တာကိုရပ်တန့်စေပြီး ဆံပင်အသစ်ပြန်ပေါက်ဖို့လည်းအားပေးပါတယ်။ ထိပ်ပြောင်တဲ့သူတွေအတွက်စိတ်ပျက်စရာကောင်းတာက ဒီဆေးပာာလည်း အလယ်ပြောင်တဲ့သူတွေမှာပိုပြီး အကျိုးရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း ထိပ်ပြောင်တဲ့သူတွေမှာလည်း သိသာအောင်ဆံပင်ပြန်ပေါက်လာစေပါတယ်။ ဒီဆေးပာာလည်း အမြဲတမ်းသောက်ရမှာပါ။ ဆေးရပ်လိုက်တာနဲ့ဆံပင်ပြန်ကျွတ်နိုင်ပါတယ်။

အသိအမှတ်ပြုဆေးဝါးတွေမပာုတ်ဘဲနဲ့လည်း ဈေးကွက်ထဲမှာဆံပင်ပေါက်ဆေးဆိုပြီးကြော်ငြာနေတဲ့ဆေးဝါးတွေအများအပြား ရှိပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ဆံပင်ကျွတ်တယ်ဆိုတာက အကြောင်းရင်းများစွာရှိနေနိုင်တဲ့အတွက်ကြောင့် သူများနဲ့တည့်ပြီး ကောင်းနေတဲ့ဆေးကကိုယ့်အတွက်တော့ ကောင်းချင်မှကောင်းမှာပါ။ ဒါ့အပြင် ကိုယ့်ဦးရေပြားနဲ့မတည့်တဲ့ ဆေးဝါးတွေသုံးစွဲမိရင် ဦးရေပြားပျက်ဆီးပြီး ပိုဆိုးနိုင်ပါတယ်။ အဲဒီအတွက် ဆံပင်ပေါက်ချင်ဇောနဲ့ သိပ်အယုံမလွယ်ဖို့ သတိပေးပါရစေ။

ဆံပင်ပေါက်အောင်လုပ်တဲ့ နောက်တစ်နည်းကတော့ ခွဲစိတ်တဲ့နည်းပါ။ ကမ္ဘာကျော်ဘောလုံးသမားရွန်နီလုပ်ထားသလိုမျိုးပါ။ ဦးရေပြားကိုလှန်ပြီး ဆံပင်ပြန်စိုက်တာပါ။ ပြောင်နေတဲ့အကျယ်အ၀န်းပေါ်လိုက်ပြီး လိုအပ်တဲ့ဆံပင်အနည်းအများရှိပါတယ်။ နောက်ပိုင်းမှာ စိုက်ထားတဲ့နေရာတွေက အမာရွတ်တွေပေါ်လာနိုင်တဲ့ဆိုးကျိုးအပြင် ကုန်ကျစရိတ်များလွန်းပါတယ်။

၎။ နောက်ဆက်တွဲ
ဆံပင်ဘာကြောင့် ကျွတ်တာလဲဆိုတာကို စစ်ဆေးရခက်သလို ဆံပင်ဘယ်လောက်ထိကျွတ်မှာလဲဆိုတာကလည်း ခန့်မှန်းရခက်ပါတယ်။ တချို့တွေကတော့ ဆံပင်ကျွတ်ရင်း တစ်ခေါင်းလုံးကုန်တဲ့အထိ ဆံပင်အနည်းငယ်ပဲကျန်တဲ့အထိကိုကျွတ်သွားပါတယ်။ တချို့တွေကတော့ ထိပ်ပိုင်းပဲပြောင်ရုံ၊ တချို့ကတော့ အလယ်ပိုင်းပဲပြောင်ရုံ ဖြစ်နိုင်ပါတယ်။

ကျနော့်အမြင်အရတော့ ဘာအကြောင်းကြောင့်ဆံပင်ကျွတ်ကျွတ် ထိပ်ပြောင်တာက အားနည်းချက်တစ်ခုအနေနဲ့မမြင်မိပါဘူး။ ထိပ်ပြောင်တဲ့သူတွေပာာ ပညာရှိတဲ့လက္ခဏာကိုပြသတာဖြစ်ပါတယ်။ ကျနော်တို့သမ္မတကြီးဆိုရင်လည်း ထိပ်ပြောင်ပါတယ်။ အိုင်းစတိုင်းလည်း ထိပ်ပြောင်ပါတယ်။ အခြားထိပ်ပြောင်တဲ့နာမည်ကျော်တွေအများအပြားရှိပါသေးတယ်။ ထိပ်ပြောင်မင်းသား၊ ဘောလုံးသမားတွေတောင်ရှိသေးတဲ့အတွက် ထိပ်ပြောင်တာက အားနည်းချက်အဖြစ်မရှိတော့ပါဘူး။

အဝတ်အစားများပေါ်မှ ဖားဥနှင့် မှိုစော်နံခြင်းကို ဖယ်ရှားနည်း


မိုးတွင်းတွင် စိုထိုင်းဆကြောင့် အဖြစ်များတတ်သောအဝတ်များ ပေါ်မှ ဖားဥသည် လတ်ဆတ်သော နေ၊လေနှင့်နေရောင်ခြည်တွင် မဖြစ် ပွားနိုင်ပါ။ သို့ဖြစ်၍ ဖားဥများစွဲလာ ပါက အိမ်အပြင်တွင် နေထုတ်လှမ်း ပါ။ အရင်ဆုံး (၁)ရက်လုံး နေလှမ်းပြီး အခြောက်ခံပါ။ ထို့နောက် ခြောက် သည့်အချိန်တွင် ဖားဥများကို Brush ဝက်မှင်ဘီးခပ်ကြမ်းကြမ်းဖြင့် တိုက် ပစ်ပါ။ ပြီးလျှင် ဆပ်ပြာရည်တွင် စိမ်၍ လျှော်ပါ။
ဗနီကာသည် သဘာဝမှိုသတ် ဆေးဖြစ်ပြီး ဖားဥ ၈၅%ကို ပယ်ရှား ပေးနိုင်သည်။ ဗနီကာကို သုံးခြင်းဖြင့် အဝတ်များကို ပျက်စီးမှု မရှိစေပါ။ ပြုလုပ်နည်းမှာ
ရေသန့်သန့် (၁)ဂါလံတွင် ဗနီကာ (၁)ခွက်ရောပြီး အဝတ်များကို စိမ်ပါ။ (၁)နာရီခန့်အကြာတွင် ရေသန့်သန့် ဖြင့် ဆေး၍ နေရောင်တွင် ထုတ်လှမ်း ပါ။ မှိုစော်နံသည့်အဝတ်များကို မည် သည့်အခါမှ လေမှုတ်ခြောက်စက် (dryer)နှင့်မှုတ်၍ အခြောက်မခံပါ နှင့်။ အကယ်၍ စိတ်ထဲတွင် မှိုနံ့ကျန် နေသေးသည်ဟု ထင်ပါက ဗနီကာ တွင် ထပ်မံစိမ်ပေးပါ။ မုချအနံ့ဆိုးများ ကင်းသွားပါမည်။
HT
Health Updates Journal
Vol.2, No.25

Health Updates Journal

ခေတ်သစ် ပန်းချီ ဆွဲနည်း အသစ်


 

 Sunday, June 30, 2013

ပန်းချီးဆွဲသူတွေကတော့ အမျိုးမျိုးနဲ့ ရေးဆွဲလာကြပါပြီ။ စုပ်တံတွေမသုံးပဲ လက်နဲ့ ဆွဲတယ်၊ ပါးစပ်တွေနဲ့ဆွဲတယ်၊ စတဲ့ ပုံစံ အမျိုးမျိုးနဲ့  ရေးဆွဲကြ
ပါတယ်။

အခုပန်းချီဆွဲနည်းက လေယာဉ်ရဲ့ အင်ဂျင်နဲ့ ပန်းချီဆွဲတာပါ။ လေယာဉ်ရဲ့ အင်ဂျင်ကို မောင်းထားပြီးတော့ ဆေးဗူးတွေကို လေထဲမှာ ဖျန်းပြီး ဆွဲတာပါ။
လေယာဉ်အင်ဂျင်မှ ထွက်လာတဲ့ လေစွမ်းအင်ကို အသုံးပြုပြီး ဆွဲတာဖြစ်
တာကြောင့် ဆေးဗူးတော့ အတော်ကုန်မှာဖြစ်ပါတယ်။

ပန်းချီဆွဲ နည်း အသစ်ကို လေ့လာချင်တယ်ဆိုရင်တော့ http://realitypod.com/2013/05/an-art-created-using-a-jet/
 
မှာ ၀င်ရောက်ကြည့်ရှု နိုင်ပါတယ်။

(ကောင်းဇေယံ)
Guide Magazine

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ


Published on Jun 29, 2013
          ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။

Saturday, June 29, 2013

အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့  မုဒိမ်းကျင့်



ဇင်ဘာဘွေနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် ကိစ္စများကြောင့် ရဲတပ်ဖွဲ့မှာ ခေါင်းခြောက်နေကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ လအတွင်း အမျိုးသား ၆ ဦးမှာ အမျိုးသမီးများက အုပ်စုလိုက် မုဒိမ်းကျင့်မှု ခံခဲ့ရသည်။

ရဲဌာနက ထိုကိစ္စအတွက် ရှက်ပြီး ရဲမတိုင်သော အမျိုးသားများလည်း ရှိနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်ရှိ ရဲသားတစ်ဦးသည် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်နေစဉ် အသေးစား မီနီဘတ်စ်တစ်စင်းက အကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရာ ကားထဲရှိ အမျိုးသမီး ၃ ဦးက ၎င်းအား ဝိုင်းချုပ်ခဲ့ကြသည်။ ယင်းသည် ရုန်းကန်ရန် ကြိုးစားသော်လည်း မျက်နှာကို မေ့ဆေးဖြင့် အုပ်ခံရပြီးနောက် သတိလစ်သွားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဩဂက်စတင်းချီဟွာကဆိုသည်။ ထို့နောက် ထိုရဲသား သတိပြန်ရလာချိန်တွင် ၎င်းသည် မြို့ပြင်တောအုပ်ထဲ ရောက်နေပြီး အမျိုးသမီး ၃ ဦးက ယင်းကို လိင်ဆိုင်ရာ စော်ကားပြုမူနေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက် စိတ်ကျေနပ်သွားသော အမျိုးသမီးများသည် ရဲသားတွင် ပါလာသော ငွေကြေးအနည်းငယ်နှင့် မိုဘိုင်းဖုန်းတို့ကို ရယူကာ ၎င်းအား မြို့ပြင်တွင် ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ချီဟွာက ပြောကြားခဲ့သည်။ ထိုသို့သော လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရဟု ချီဟွာကဆိုသည်။

ဇင် ဘာဘွေ ဥပဒေအရ မုဒိမ်းမှုသည် အမျိုးသမီးများ ပြုကျင့်ခံရမှသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် သတ်မှတ်မထားချေ။ ပြီးခဲ့သည့်လကလည်း အမျိုးသမီး နှစ်ဦးသည် အသက် ၄၄ နှစ်အရွယ် အမျိုးသား တစ်ဦးအား ၎င်းတို့နှင့် လိင်ဆက်ဆံရန် အတင်းခိုင်းစေခဲ့သည်။ ထိုစဉ်က ယင်းအမျိုးသားသည် အိပ်ယာတစ်ခုကို ဝယ်လာပြီး ကာရိုးအနောက်ပိုင်းရှိ နေအိမ်သို့ သယ်သွားချိန်တွင် အမျိုးသမီးများက ယခုလို ခိုင်းစေခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် နိုဝင်ဘာလကလည်း အမျိုးသမီး ၂ ဦးသည် အသက် ၁၈ နှစ်အရွယ် ချာတိတ်တစ်ဦးကို ဟာရာရာရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်း သော့ခတ်ပိတ်ကာ မုဒိမ်းကျင့်ခဲ့ကြသည်။ ယခုကဲ့သို့ ရဲသားတစ်ဦးအား မီနီဘတ်စ်ပေါ် လိုက်လာသည့် အမျိုးသမီးများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပြည်တွင်းသတင်းစာတစ်စောင်က လမ်းပေါ်မောင်းလာသည့် မီနီဘတ်စ်ကို အလုအယက် ဝိုင်းတားနေသည့် အမျိုးသား အမြောက်အမြားပုံကို ကာတွန်းရေးဆွဲ သရော်ခဲ့ကြောင်း သိရသည်။

အကယ်ဒမီထပ်ရရင် လိုချင်တာပေါ့ ဆိုတဲ့ စိုးမြတ်သူဇာ


 

အကယ်ဒမီ စိုးမြတ်သူဇာနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတခုမှာ တွေ့ဆုံခိုက် သူ့ကို အခုနာမည်ကြီးနေတဲ့ လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီဆု ထပ်ရမယ်လို့ ထင်ကြေးပေးနေတဲ့ အပေါ်ဘယ်လိုထင်သလဲလို့ မေးကြည့်မိတော့ သူက အကယ်ဒမီ ထပ်ရမယ် ဆိုရင် လိုချင်တယ်လို့ ဟြေပါတယ်။

“ဒီ လက်ပံဇာတ်ကားနဲ့ အကယ်ဒမီပေးရင် တော့လည်း ကောင်းတာပေါ့၊ မပေးရင်တော့လည်း မတတ်နိုင်ဘူး။ ပေးရင်တော့ လိုချင်တာပေါ့၊ အကယ်ဒမီကို မလိုချင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ကျမကတော့ လိုချင်တာပဲ၊ ဘယ်သူမဆို ကိုယ့်ကို လူကြားထဲမှာ ချီးကျူးတာ၊ ချီးမြှောက်တာ လူတိုင်းကြိုက်ကြတာပဲ။ ရရင်တော့ယူမယ်၊ မရရင်တော့လည်း ထိုင်ငိုနေလို့မှ မရတာ၊ ရတော့လည်းပြုံးပြုံးပဲ၊ မရတော့လည်းပြုံးပြုံးပဲ” လို့ သူက ဆိုပါတယ်။

လက်ပံ ဇာတ်ကားထဲကလို ကိုယ့်အပေါ် တကယ်မချစ်ဘဲ သစ္စာမဲ့တဲ့ ယောကျာ်းမျိုးကို အပြင်မှာဆို ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ စိုးမြတ်သူဇာက အပြင်မှာ ဒါမျိုး တွေ့စရာလားလို့ ပြန်ဖြေပါတယ်။

“အပြင်မှာတော့ ကိုယ့်ကို ဘယ်ထားခဲ့ပါ့မလဲ၊ ဒါကတော့ ယောက်ျားတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ ထင်တယ်။ အဲဒီ အချိန်မှာ အသက်ကလည်း ငယ်ရွယ်နေတာက တကြောင်း၊ ရင့်ကျက်မှု မရှိသေးတာက တကြောင်း၊ အတွေ့အကြုံ မရှိသေးတာက တကြောင်း၊ မိန်းမတယောက်ကို တာဝန်ယူဖို့ဆိုတာ ယောက်ျားတွေ အတွက် အရမ်းခက်ခဲတယ်။ ဇာတ်ကားထဲမှာက ဆရာဝန်လည်း ဖြစ်တော့ သူ ဘယ်လက်ထပ်ပါ့မလဲ။ သူ့ဘက်ကကြည့်တော့လည်း အမှန်ပေါ့၊ မိန်းမ တယောက်ဘက်က ကြည့်ရင်တော့ ဆရာမဂျူး ဟြေသလိုပါပဲ ယောက်ျားတယောက် အတွက် အချစ်ဆိုတာ ဘ၀ရဲ့ တစိတ်တပိုင်းပဲ၊ မိန်းမ တယောက်အတွက် ကျတော့ ဘ၀တခုလုံးပဲတဲ့။ သူ့ဘက်က ကြည့်လည်း သူမှန်တယ်၊ ကိုယ့်ဘက်က ကြည့်လည်း ကိုယ် မှန်တယ်” လို့ ဟြေပြခဲ့ပါတယ်။

သူပြောသလို သူ့အတွက် အချစ်က တဘဝလုံးစာ ဆိုတာ ငယ်ငယ်တုန်းကတော့ ဟုတ်လိမ့်မယ်၊ အခုအချိန်တော့ မဟုတ်တော့ဘူးပေါ့လို့ စိုးမြတ်သူဇာက ဆိုပါတယ်။

သူက “အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားရင် ပျင်းစရာကြီး၊ လူကအမြဲ Active ဖြစ်နေရမယ်၊ လန်းဆန်း တက်ကြွပြီး ဉာဏ်ပြေးနေဖို့ ဆိုတာလည်း မှန်ကန်တဲ့ ထွက်ပေါက်ကို ရှာနိုင်ရမယ်။ ဘယ်လိုအနားယူ အပန်းဖြေမလဲ စဉ်းစားရမယ်။ အလုပ်ထဲမှာပဲ တချိန်လုံး စိတ်ကို နှစ်ထားရင် ဂေါက်သွားမှာပေါ့” လို့ သူက ဆက်ပြောပါတယ်။

သူအောင်မြင်နေတာက လျှို့ဝှက်ချက်တော့ မရှိပါဘူး ဆိုတဲ့ အကြောင်း၊ လူတွေရဲ့စိတ်ကို နားလည်အောင် ကြိုးစားပြီး သူများအပေါ် မျှမျှတတ တွေးပေးတယ်၊ မတရားမလုပ်ဘူး၊ တတ်နိုင်သလောက် သူများ လိုအပ်ချက်ကို ကူညီပေးမယ်ဆိုတဲ့ စိတ်ကိုထားတယ်၊ အားလုံးကို စာနာစိတ်နဲ့ ဆက်ဆံတယ်၊ မကူညီနိုင်တာကိုလည်း အသက်စွန့်ပြီး မကူညီဘူး၊ တချို့ ပြဿနာတွေက အေးအေးဆေးဆေး ဖြေရှင်းတာ ကောင်းတယ်၊ အဲဒါကြောင့်ပဲ သူ အောင်မြင်နေတာလို့ ထင်တယ် ဆိုတဲ့အကြောင်း အကယ်ဒမီ စိုးမြတ်သူဇာက ဧရာဝတီကို ဟြေပြခဲ့ပါတယ်။

The Irrawaddy (Burmese Version)

ဂန္ထဝင်ဆန်တေးသွားတွေနဲ့ Orchestra ဂီတကိုတိုးတက်စေချင်တဲ့ ဓိရာမိုရ်


 

မြန်မာပြည်ဂီတလောကတွင် ဂီတပုံစံအမျိုးအစားအသီးသီးသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲကာ ဂီတအမျိုးမျိုးတိုးတက် ထွန်းကား လာနေကြရာ Orchestra (သံစုံတီးဝိုင်း) ဂီတလည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ထိုဂန္ထဝင်ဆန်သော ဂီတသည် လူစုံဝိုင်းစုံဖြင့် တူရိယာအစုံမြိုင်ဆိုင်စွာ တီးခတ်သီကြွေးရသော ဂီတဖြစ်သောကြောင့် ခံ့ညားသော ဂီတလည်းဖြစ်သည်။ ထိုအထဲတွင် ဂီတကဗျာဟူသော Semi Orchestra ဝိုင်းကို ဖွဲ့စည်းကာ Orchestration ပြုလုပ်နေသူ ဂီတမှူး ဓိရာမိုရ်က လိုအပ်ချက် များနှင့်ပတ်သက်၍ “နည်းနည်း လိုနေသေးတာပေါ့။ ပြီးတော့ ဒီမှာပါတဲ့ တူရိယာတွေက ကရိကထများတယ်။ အသံသွင်းတာပဲဖြစ်ဖြစ်၊ ပါဖော့မန့်စ် လုပ်တာပဲဖြစ်ဖြစ် ဘတ်ဂျက်က လိုလာတယ်။ အဲဒီဘတ်ဂျက်ကို အကုန်မခံနိုင်တာရှိတယ်။ ပြီး တော့ player တွေလူနည်းစုရှိ နေသေးတာလည်းပါတယ်။ ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး သင် ကြားမွေးထုတ်ပေးနိုင်မယ့် နေရာတွေလည်း နည်းနေသေးတယ်”ဟု ဓိရာမိုရ်က ပြောပြသည်။

Orchestra ဟု မြန်မာပြည်တွင် ၁၉၆ဝ ဝန်းကျင်မှ စတင်ခဲ့ပြီးထိုအချိန်က ထိုဂီတ နှင့်ပတ်သက်၍ ပြည်ပသို့ ပညာတော်သင်စေလွှတ်မှုများရှိ လာကြောင်း ၁၉၆ဝ ကျော်ကာလများတွင် နိုင်ငံတော်သံစုံတီးဝိုင်းကို စတင် တည်ထောင်ခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ ဝိုင်းများ ပေါ်ပေါက်ခဲ့သော် လည်း ပရိသတ် အားပေးမှု နည်းပါးနေသေး၍ ထင်သလောက် ရှေ့ရောက် မလာခဲ့သေးပေ။ Classic ဂီတ ၏နူးညံ့မှုကို သက်ဝင်ယုံကြည် သူများကတော့ ထိုဂီတကို စွဲ လမ်းစွာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ က ဒီဂီတကို မြင်သွားတယ်။ အမျိုးမျိုးပေါင်း စပ်လို့ရတဲ့အတွက် ကြိုက်တယ်။ ကျွန်တော်တို့ဝိုင်းက ၉၈လောက်မှာ စတယ်။ ၂ဝဝ၂ လောက်မှာ ချစ်သူတို့ရဲ့ မင်္ဂလာတေး အခွေမှာတီးတယ်။ အဲဒီ မှာ လူသိတာပေါ့။ အဲဒါ လည်း မြန်မာဂီတကို Orchestra ကာလာတင်တဲ့အခါ အားပေးကြပါ တယ်။ မြန်မာသီချင်း တွေကို ပိုပြီးခံ့ခံ့ညားညား ကြားရတော့ ပရိသတ်လည်းနှစ်သက်တယ်။ ဒါပေမဲ့ အမြဲမလုပ် နိုင်ဘူး။ ဒီအပေါ်မှာ သီးခြားခံစားတဲ့ပရိသတ်လည်း ရှားတယ်”ဟု တောက်လျှောက် မလုပ်နိုင်ပုံကို ပြောပြသည်။

ရဲရဲ


Popular Journal

ဇာတ်ကား တစ်ကားတည်းကို ဒါရိုက်တာ ၃ ဦး ပေါင်းပြီး ရိုက်ကူးမည်

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာဝိုင်းနဲ့ ဒါရိုက်တာ နေနော်တို့ ၃ယောက် ပေါင်းပြီး နေနော်ရဲ့ “လမ်းလျှောက်သူများ” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင် ဇာတ်ကား အဖြစ် ဖန်တီးဖို့စီ စဉ်နေတယ်လို့ သိရပါတယ်။ ဇာတ်ကောင် ၃ ခုဖြစ်တာကြောင့် ဒါရိုက်တာ ၃ဦး ရိုက်ကူးမှာဖြစ်ပြီး ဘယ်ဇာတ်ကောင်ကို ရိုက်မလဲ ဆိုတာ ကိုတော့ မဲခွဲပြီး ဆုံးဖြတ် မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါရိုက်တာ ၃ဦး ရိုက်ကူးမယ့် အပေါ် နေနော်က “သူက ဇာတ်ကောင် ၃ ခုရဲ့ဘဝကို ပြတာပေါ့။ တစ်ယောက် ကဆရာဝန်၊ ဒါပေမဲ့ ဆရာဝန် အလုပ်ကို မယုံကြည်တော့ဘဲ မူလတန်းပြ ဆရာလေးလုပ်ပြီး အရက် သမား ဖြစ်သွားတဲ့ တစ်ယောက်ရှိတယ်။ တစ်ယောက်က ဘုန်းကြီး ကျောင်း သား ကနေ သူဌေးဖြစ်သွားတဲ့ တစ်ယောက် ရှိတယ်။ နောက် တစ်ယောက် က မန္တလေးမှာ ဆိုင်ကယ် ကယ်ရီ လိုက် မောင်းတဲ့ ကောင်မလေး။ သူတို့ ၃ယောက် စလုံးက ပတ်သက် နေ တယ်။ ဒါရိုက်တာ တစ်ယောက်တည်း ရိုက်ရင်လည်း ကောင်းမှာ မဟုတ်ဘူး။ အဲဒါကို ရိုက်ဖို့ပြောတာ တော်တော် များများ ရှိတယ်။ ကျွန်တော် တစ်ယောက်တည်း ရိုက်လည်း နိုင်မှာ မဟုတ်ဘူး။ ဇာတ် ရုပ် ၃ခုပြ ရမှာဆိုတော့ တစ်ယောက် ချင်းစီမှာ ဒါရိုက်တာ တစ်ယောက် ဆီက စိတ်ကြိုက် ဘာလုပ်မလဲပေါ့။

ဇာတ်ညွှန်း ကတော့ ကျွန်တော် ရေး ပေးမှာပါ။ သရုပ်ဆောင်တွေ ကတော့ ဘယ်သူဖြစ်ဦးမလဲ မသိ ဘူး။ စီစဉ်နေတုန်းပဲ ဆိုတော့ တရားဝင်တော့ ပြော လို့ မရသေးပါ ဘူး။ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ဦးမျိုးမင်း ကတော့ ပရိုဂျူဆာ ရှာနေပါတယ်” လို့ပြောပြပါတယ်။ လတ်တလောမှာ စာပေဘက် မှာရော၊ ရုပ်ရှင် ဘက်မှာပါ ပရိသတ် စိတ်ဝင်စားမှု တော်တော် လျော့ကျနေ တဲ့ အတွက် ဘာလုပ်လို့ လုပ်ရမှန်း မသိပေမယ့် စာရေးဆရာ၊ ဒါရိုက်တာ နေနော် ကတော့နောက်ဆုံး ထွက်သက် အထိ အနုပညာနဲ့ပဲ အသက် ရှင်ချင်ကြောင်း ပြောပြီး ကံဇာတာ မပေးရင်တော့ တခြား စီးပွားရေး ကို ပြောင်း ရတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်

  Popular Journal

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်

 

“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှုကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေပါတယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေက ကျောင်း တွေနဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်းများစွာ ရဲ့ ရှေ့မှာထွက်ပြဖို့ကသတ္တိရှိဖို့လိုတယ်။ အနု ပညာသမားဆို တော်ရုံတန်ရုံက စိတ် ဓာတ်ပျော့ညံ့တယ်ထင်တယ်။ တကယ် က အင်မတန် စိတ်ဓာတ်ခိုင်မာတဲ့သူ တွေပါ။ အောင်မြင်ဖို့အတွက် ကြိုး စားခဲ့ရတာအများ ကြီးရှိတယ်။

ပြီး တော့ လူအများနဲ့ ဆက်ဆံနေရတဲ့ အတွက် စိတ်ညစ် မှုတွေ၊ ဝမ်းနည်း မှုတွေကို ထုတ်ပြ လို့ မရဘူး။ဒီလို ခံနိုင်ရည်တွေရှိဖို့လိုတယ်။ အဲဒီအတွက် ဂီတသမား ဖြစ်ရတာပျော်တယ်။ ဂုဏ်ယူတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။ အိမ့်ချစ်ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေကိုတော့ ၂ဝ၁၃ ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပြီး ဒီဒုတိယ အခွေမှာတော့အိမ့်ချစ်ရဲ့ သီချင်းဟောင်း ၂ပုဒ်ပါဝင်ပြီး တခြား သူ နှစ်သက်တဲ့ သီချင်းဟောင်းနှစ် ပုဒ်ကိုလည်း အိမ့်ချစ်စတိုင်နဲ့ ဗားရှင်း ပြောင်းဆိုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်းနဲ့ bobby soxer တို့လည်း အိမ့်ချစ်ရဲ့ ဒုတိယခွေမှာ ပါဝင် သီဆို မယ်လို့ သိရပါတယ်။

ရဲရဲ

Popular Journal 

ကင်ဆာနှင့် ဆေးလိပ် ဆေးရွက်ကြီး

 

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သမိုင်း နောက်ခံ မှတ်တမ်းများ အရ လူပေါင်း သန်းတစ်ရာ နီးနီး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း လေ့လာ သိရှိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး တားဆီး ကာကွယ်မှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပါက ၂၁ ရာစု၌ လူဦးရေ တစ်ဘီလီယံနှင့် အထက် သေဆုံးနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး ပညာရှင်များက သတိပေး ကြေညာ ထားကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ၏ ထုတ်ပြန်ချက်များ အရ ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းနီးပါး သေဆုံးနေပြီး ၆ စက္ကန့်လျှင် လူတစ်ဦး သေဆုံး လျှက်ရှိနေသည်။ အဆိုပိုပါ ပမာဏသည် အရက် သောက်သုံးမှုကြောင့် သေဆုံးသူ ဦးရေထက် ထက်ဝက် ကျော် များနေသည်ဟု ဆိုပါသည်။ ထို့အပြင် ဆေးလိပ် မသောက်၊ ဆေးရွက်ကြီး မသုံးသော်လည်း ဘေးထွက် ဆိုးကျိုးများ ခံစားရပြီး သေဆုံး ခဲ့ရသူ ခြောက်သိန်းကျော် ရှိကြောင်း WHO ၏ စာရင်းတွင် ဖော်ပြ ထားပါသည်။

ကင်ဆာရောဂါ အားလုံး၏ ၂ဝ ရာခိုင်နှုန်း ကျော်မှာ ဆေးလိပ် သောက်ခြင်းနှင့် ဆက်နွှယ်လျှက်ရှိနေကြောင်း စပိန် နိုင်ငံမှ သုတေသီများက ဖော်ထုတ်ခဲ့ကြပြီး အသည်းကင်ဆာ လူနာများ၏ ၂၅ ရာခိုင်နှုန်း၊ သားအိမ် ကင်ဆာ လူနာများ၏ ၁၄ ရာခိုင်နှုန်းနှင့် ကျောက်ကပ်ကင်ဆာ လူနာများ၏ ၈ ရာခိုင်နှုန်းမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်သည်ဟု သုတေသီများက မှတ်ချက် ပြုထားသည်။

အမျိုးသမီးများ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသောက်သုံးမည် ဆိုပါက မွေးဖွားလာမည့် သန္ဓေသားတွင် ပေါင်မပြည့် ဘဲ မွေးဖွား လာနိုင်သည့် အတွက် ကိုယ်ဝန်ဆောင် မိခင်များ အထူးသတိထား ရှောင်ကြဉ်သင့် ပါသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးသူ၊ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူများ အတွက် အကြီးမားဆုံး အန္တရာယ်မှာ ကင်ဆာရောဂါ ဖြစ်ပြီး ကင်ဆာ ရောဂါဖြင့် သေဆုံးသူ၏ ၂၀ ရာခိုင်နှုန်းကျော်မှာ ဆေးလိပ် သောက်သုံးသူနှင့် ဆေးရွက် ကြီး အသုံးပြုသူများ ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများအား သုတေသန ပြုရာတွင် အဆုတ်၊ ခံတွင်း၊ လည်ချောင်း၊ ကျောက်ကပ်နှင့် အစာအိမ် အစရှိသည့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေနိုင်သည်။ အဆုတ် ကင်ဆာဖြစ်သူ ၇ဝ ရာခိုင်နှုန်း နီးပါးမှာ ဆေးလိပ် သောက်သုံးသူများတွင် တွေ့ရကြောင်း WHO ၏ သတင်း အချက်အ လက်များအရ သိရသည်။

စာရေးသူတို့ နိုင်ငံတွင် အသက် ၁၈ နှစ်အောက် လူငယ်များကို ဆေးလိပ်နှင့် အရက် ရောင်းချခြင်း၊ ဆေးလိပ်နှင့် အရက်ကြော်ငြာများ တားမြစ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူ တားမြစ်ခြင်းများ ယခု အချိန်အထိ မရှိသေးပါ။ ထိရောက်သည့် ဟန့်တား အရေးယူမှု မရှိသည့်အတွက် ယနေ့ လူငယ်များ စတိုင်တစ်မျိုးနှင့် အလှတိုးသည်ဟု ယူဆကာ ဆေးလိပ်သောက်သူ များပြားလျက် ရှိနေ ပေသည်။

စပိန်နိုင်ငံတွင် နှစ်စဉ် ကင်ဆာဖြစ်သူ လူ နှစ်သိန်းအနက် လူ လေးသောင်းမှာ ဆေးလိပ် သောက်ခြင်းနှင့် ဆက်နွှယ်လျက် ရှိသည်ဟု သိရသည်။ စပိန်နိုင်ငံတွင် စားသောက်ဆိုင်များ၊ ပျော်ပွဲ စားရုံများနှင့် အများ ပြည်သူ နေရာများတွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီမှစ၍ ဆေးလိပ် သောက်ခြင်းကို ပိတ်ပင် ထားရှိကြောင်း သိရသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အတွင်းက မြို့နှစ်မြို့ တွင်လည်း ဆေးလိပ်သောက်ခြင်း ပိတ်ပင် ထားသည်ဟု လေ့လာ သိရှိရသည်။

မြန်မာ့ ယဉ်ကျေးမှုအရ အိမ်သာလို့ ဧည့်လာလျှင် ကွမ်း၊ ဆေး၊ လက်ဖက်ဖြင့် ဧည့်ခံလေ့ ရှိကြသည်။ သမိုင်းကြောင်း ရှည်လျားစွာ အိမ်ရှင်တာဝန် ကျေပွန်ခဲ့ကြပြီး ဖြစ်ပါသည်။ အမှားမြင်လျှင် အမှန်ပြင်ရန်ကား လူတိုင်း အတွက် သမိုင်းပေး တာဝန်ဖြစ်သည်။ ရှေးထုံး မပယ်လိုသော်လည်း အခြေအနေ၊ အချိန်အခါကိုကြည့်ပြီး အသိနှင့် အကျင့်ကို ပေါင်းစပ် ကျင့်သုံးရမည် ဖြစ်သည်။ မနှောင်းသေးသော နောင်တ ကို ကိုယ်စီတာဝန် ကျေပွန်ကြမည် ဆိုပါက ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုသည့် အတိုင်း အနာဂတ် ကာလအတွက် ပျော်ရွှင် ချမ်းမြေ့မှုတို့က အသင့် စောင့်ကြိုလျက် ပါဟု အသိပေး ရေးသား အပ်ပါသည်။ ။

မြ၀တီ

Solar ရထားလမ်းဥမင်



ဒီ Project ကို Solar Tunnel လို့ခေါ်ပါတယ်... ဥရောပမှာ green energy ထုတ်လုပ်ဖို့ အသုံးပြုတည်ဆောက်ထားတဲ့ ပထမဆုံးသော ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အဦ အမျိုးအစား တစ်ခုဖြစ်ပါတယ်...

ဒီစီမံကိန်းဟာ ယူရိုငွေ ၁၅.၇ သန်း (အမေရိကန်ဒေါ်လာ ၂၁.၅ သန်း) ကုန်ကျပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၃၀၀ မက်ဂါဝပ်နာရီ ထုတ်လုပ်ပေးပါတယ်... ဒီပမာဏဟာ ရထားပေါင်း ၄၀၀၀ အတွက် လျှပ်စစ်ဓာတ်အားထောက်ပံ့ဖို့လုံလောက်ပါတယ်...

အသုံးပြုထားတဲ့ စွမ်းအားမြင့် solar panels ပေါင်း အချက် ၁၆၀၀၀ ကို အသုံးပြုထားပါတယ်... ဒီဆိုလာပြားတွေဟာ တစ်ချပ်ကို လျှပ်စစ်ဓာတ်အား ၂၄၅ ဝပ် စီထုတ်ပေးနိုင်ပြီး Belgium နိုင်ငံ Antwerp မြို့မှာရှိတဲ့ မြန်နှုန်းမြင့်ရထားလမ်းဥမင်ရဲ့ အမိုးမှာမှာ တပ်ဆင်ထားတာဖြစ်ပါတယ်...

ဒီတပ်ဆင်မှုဟာ စုစုပေါင်းမျက်နှာပြင်ဧရိယာ ၅၀၀၀၀ စတုရန်းမီတာ (၅၃၈၀၀၀ စတုရန်းပေ) ရှိပါတယ်.... ဒီကနေရရှိတဲ့ လျှပ်စစ်ဓာတ်အားကို အချက်ပြဖို့ မီးထွန်းဖို့နဲ့ ဘူတာရုံတွေရဲ့ အနွေးပေးစနစ်စတဲ့ ရထားလမ်းနဲ့ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်...

ဒါ့အပြင် ဘယ်ဂျီယံနိုင်ငံ ရထားလမ်းကွန်ရက်အတွင်းမှာ အသုံးပြုနေတဲ့ ရထားတွေအတွက်လည်း စွမ်းအင်ပေးသွားမှာ ဖြစ်ပါတယ်... ဒီတည်ဆောက်မှုရဲ့ ရလဒ်အနေနဲ့ ခန့်မှန်းခြေအားဖြင့် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၂၄၀၀ တန်အထိ လျှော့ချပေးမှာဖြစ်တယ်လို့ သိရပါတယ်...
----------------------------------------------------------------
Ref: Wonderful Engineering

  နှိုင်းရင့်နွေ

မျက်နှာ အသားအရေကို တင်းရင်း လှပစေမည့် မိတ်ကပ်လိမ်းနည်း လျှို့ဝှက်ချက်

 

မျက်နှာ အသားအရေကို တင်းရင်း လှပစေမည့် မိတ်ကပ်လိမ်းနည်း လျှို့ဝှက်ချက်မျက်နှာ အရေးကြောင်း ထင်တာ၊ လျော့တွဲတာနဲ့ အပြစ်အနာ အဆာတို့ကို လျော့ပါးစေပြီး မျက်နှာ အသားအရေ တင်းရင်းလှပ စေမယ့် မိတ်ကပ်တို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်တော်သော အစိုဓာတ်ထိန်း ခရင်မ်ကို ရွေးချယ် အသုံးပြုပါ

ဓာတ်ထိန်း ခရင်မ်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို အချိန် နှစ်ပတ်လောက်အ တွင်း သိသာနိုင် ပါတယ်။ သင့်တော်တဲ့ အ စိုဓာတ် ထိန်းခရင်မ်/အဆီကို လိမ်းပေး ရင် မျက်နှာကို ပင့်တင်ထားသလို တင်း ရင်းနေစေ ပါတယ်။ ဒါကြောင့် အသားအ ရေအမျိုးအစားပေါ် မူတည်ပြီး အစို ဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ပါ။ အစို ဓာတ်ထိန်းခရင်မ် လိမ်းပြီးတဲ့အခါမှာ လည်း ငါးမိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းပါ။

(၂) ဖောင်ဒေးရှင်းနှင့် မိတ်ဆွေဖွဲ့ပါ

ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းပြီး အ သားအရောင်ကို လုံးဝ ပြောင်းလဲသွား အောင် မကြိုးစား ပါနဲ့။ ဖောင်ဒေးရှင်း မိတ်ကပ်ထူထူ လိမ်းတာကြောင့် အိုမင်း ရင့်ရော်သွား စေပါတယ်။ ဒါကြောင့် သင့်အသား အရောင်ထက် အနည်းငယ် ပဲ ပိုလင်းတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို လိမ်းပါ။ အရင်ဆုံး စမ်းသပ်နိုင်ဖို့ မေးရိုး အနီးမှာ လိမ်းကြည့်ပါ။ သင့်အရေပြားထဲ စိမ့်ဝင်ပျောက်ကွယ် သွားတယ်ဆိုရင် ဒါက သင့်အတွက် မှန်ကန်တဲ့ အရောင်ပါပဲ။ အသားအရေလှရင်ွှငညအနိ အမျိုးအစား အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းပါ။

(၃) ကွန်ဆဲလ်လာကို တန်ဖိုးထားပါ

အခုအချိန်က အပြစ်အနာ အဆာ တွေကို ဖုံးအုပ်ရမယ့် အချိန်ပါ။ မျက်ကွင်း ညိုနေရင် မျက်လုံးအောက်မှာ လိမ်းရတဲ့ ကွန်ဆဲလ်လာကို သုံးပါ။ ပါးပြင်က နီမြန်းမှု နဲ့ အမာရွတ်တွေ မှိန်ဖျော့စေဖို့ ကွန်ဆဲလ် လာကို နှုတ်ခမ်းဆိုးဆေး လိမ်းတဲ့ ဘရပ်ရှ် နဲ့ ပွတ်သပ်ပေးပြီး လက်ချောင်းထိပ်နဲ့ ပြန်ညှိလိုက်ပါ။ ကွန်ဆဲလ်လာကို ကျီးကန်း ခြေထောက်နဲ့ အရေးကြောင်းတွေပေါ် မှာ မလိမ်းသင့်ပါဘူး။ လိမ်းလိုက်ရင် ပို ထင်ရှားသလို ဖြစ်သွား စေပါတယ်။ မျက် ခွံကျတာကလည်း အသက်ကြီးကြောင်း ပြသရာရောက်တဲ့အတွက် ကွန်ဆဲလ် လာ ခပ်ပါးပါးလိမ်းပြီး လင်းလက်အောင် ဖန်တီးပါ။ ပြီးမှ အိုင်းရှဲဒိုး လိမ်းခြယ်ပါ။

(၄) ပါးနီခပ်ပါးပါး လိမ်းခြယ်ပါ

ကြီးရင့်မှုကို ဖုံးကွယ်ပေးနိုင်တဲ့ နည်းတစ် နည်းပါ။ ပါးနီခရင်မ်ဟာ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေ အတွက် အ ကောင်းဆုံးနည်းပါ။ အသားအရေနဲ့ တစ် သားတည်းဖြစ်စေလို့ ဖြစ်ပါတယ်။ ပါးနီခြယ် ပြီး ပေါင်ဒါမှုန့် လိမ်းလိုက်တဲ့အခါ ချွေး ပေါက်တွေကို ပိုကျဉ်းသယောင် ဖြစ်စေ ရုံသာမက မျက်နှာကို ပိုတောက်ပစေပါ တယ်။

(၅) မျက်ဝန်းအလှခြယ်ပါ

မျက်ဝန်းကို အလွန်အမင်း အလှ ပြင်တာက အသက်အရွယ်ကြီးရင့် တာကို သိသာစေတဲ့ အတွက် ရှောင်ပါ။ သင့်မှာ အနက်ရောင် ဆံပင်မရှိရင် အနက်ထက် အညိုရင့်ရောင် မက်စ်ကာရာကို ဆိုးပါ။ ဖျော့တော့တဲ့ အိုင်းရှဲဒိုးဟာ မျက်ခွံ တွဲကျတာကို ပိုသိသာစေတဲ့ အတွက် အ ညိုဖျော့ရောင်နဲ့ ဆက်နွှယ်တဲ့ အိုင်းရှဲဒိုး လိမ်းပါ။ ဒီအသက် အရွယ်မှာ မီးခိုးရောင် မျက်ဝန်းမျိုး မခြယ်သင့်ပါဘူး။ မျက်ခုံး က ပါးနေရင် ဖြည့်ဆိုးပါ။

(၆) နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပါ

နှုတ်ခမ်းဆိုးဆေး အဆီကို ဆိုးလိုက် တာကြောင့် ပုံမှန် နှုတ်ခမ်း အရောင်ထက် အနည်းငယ် ပိုမိုတောက်ပစေပြီး ငယ်နု တဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။ နှုတ်ခမ်းဆိုးဆေး ဆိုးတဲ့အခါ ကြာ ကြာခံအောင် နှုတ်ခမ်းကို အရင်ဆုံး ပုံ ဖော်ပြီးမှ ဆိုးပါ။ နှင်းဆီနီ ဒါမှမဟုတ် အညိုဘက်သန်းတဲ့ အနီရောင်ဟာ နေ့ ဘက်မှာ ဆိုးသင့်တဲ့ အရောင်ပါ။ အနီ ရဲရဲကိုတော့ ညဘက်မှာ ဆိုးပါ။

Good Health

စမတ်နာရီပြီး စမတ်လက်ကောက်


 

စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်မျက်မှန်နဲ့ ခု စမတ်လက်ကောက်ဆိုပြီး Innovation တွေ မိတ်ဆက်နေပါပြီ။

The Smile from EmoPulse လို့ အမည်ပေးထားတဲ့ concept level က ပစ္စည်းတစ်ခုပါ။ စမတ် မျက်မှန်တွေ ထွက်ရှိပြီး နှစ်သိပ်မကြာပဲ ထွက်နိုင် မယ့် ပစ္စည်း လို့ ဆိုပါတယ်။ ကြည့်လိုက်ရင် သာမန် လက်ကောက် တစ်ခုလို ပါပဲ။ သို့ပေမယ့် သူ့ကို စမတ်ဖုန်းလို အသုံးပြုလို့ ရကြောင်း ဆိုပါတယ်။ ထူးခြားချက်တစ်ခုက သွေးကြောကို အမြဲ Sense လုပ်နေပြီး ခန္ဓာကိုယ်ဖြစ် စဉ်ပြောင်းလဲမှုအလိုက် အလိုက်သိမယ့်ပစ္စည်းလို့ဆိုပါတယ်။ ဥပမာ စာလုပ်နေတယ်ဆိုရင် လက်ကောက်က သူ့အလိုအလျောက် silent mode ဖြစ်နေပြီး ဝင်သမျှ phone call နဲ့ Message ကို အလိုအလျောက် ဖြေကြားပေးမယ့် စနစ်မျိုး သတ်မှတ်ပေးလို့ ရပါတယ်။

လက်ပြန်ကြောက သွေးခုန်နှုန်းကို တိုင်းတာပြီး ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုမယ့် Device ဖြစ်မယ်လို့ ဆိုပါ တယ်။ ကွေးကောက် ရတဲ့ လက်ကောက်က LCD မျက်နှာပြင်ပါရှိပြီး စာဖတ်လို့ရမယ်။ ရပ်ရှင်ကြည့်လို့ရမယ်။ နာရီလိုလည်း သုံးလို့ရမယ့် အစရှိသဖြင့် ဖန်တီးသူတို့ ရေးသားထားချက်ကတော့ အများကြီးပါပဲ။

နောက်ပိုင်းလူသားတို့ နည်းပညာအပေါ် မှီခိုအားထားမှု ပိုမို များပြားလာ မယ့် ခေတ်တစ်ခု ကြိမ်းသေရောက်မှာပါ။ The Smile from EmoPulse လိုပဲ အခြားသော ကုမ္ပဏီများမှလည်း စမတ်လက်ကောက် ဖန်တီး ရန်ကြိုးပမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

Friday, June 28, 2013

သရုပ်ဆောင် ဖူးစုံ၏ လတ်တလော အနုပညာ လှုပ်ရှားမှု

ပရိသတ်ကြီးရဲ့ အချစ်တော် ဖူးစုံတစ်ယောက် အခုလတ်တလောမှာ ဘာတွေ လုပ်ဖြစ်နေလဲ ဆိုတာ ဖူးစုံနဲ့ တွေ့ဆုံခိုက် ယခုလို မေးမြန်း ခဲ့ပါတယ်။

''အခု လတ်တလော ကတော့ နှင်းဆီခရီးသည် အဖွဲ့နဲ့ စင်ကာပူမှာ ဖျော်ဖြေရေး သွားဖို့ ရှိပါတယ်။ အဲဒီ့ အတွက်ကိုလည်း အစ်မ အကတိုက် နေပါတယ်။ အစ်မက နှင်းဆီခရီးသည် ဆိုတဲ့ ခေါင်း စဉ်တေး သီချင်းနဲ့ ကရမှာ။

အငြိမ့်ကတယ် ဆိုတာ အစ်မတို့ အတွက် ရင်ခုန်မှု တစ်ခုပါပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ပရိသတ်တွေနဲ့ Live ထိတွေ့ရတယ်။ အမြဲတမ်း ဂရုစိုက် ရတာပေါ့၊ သူများ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပရိသတ်တွေ အတွက် ဖူးစုံတို့ရဲ့ အငြိမ့်ကို လာကြည့်ရင်ပဲ ခဏတာ အတွင်း ပျော်ရွှင်မှုတွေ ရမှာပါ။ အစ်မကို အားပေးနေတဲ့၊ အစ်မကို ချစ်တဲ့ ပရိသတ်ကြီးကို အများကြီး ကျေးဇူး တင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ'' ဖူးစုံချစ်တဲ့ ပရိသတ်ကြီး အတွက် ဖူးစုံရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို တင်ပြပေး လိုက်ပါတယ်။ ။

ကောင်းကင် (မြ၀တီ)

မာရီနာနှင့် ခဏတာ

သတင်းစာမှာ ခရစ္စတီးနားရဲ့ ညီမဖြစ်သူ Model သရုပ်ဆောင် မာရီယာရဲ့ မင်္ဂလာ သတင်းတစ်ပုဒ် ဆိုပြီး ပါလာပါတယ်။

မာရီယာဆိုတာ နာမည် လွဲနေတာပါ။ အဲ့ဒီသတင်းက အနုပညာ လောကထဲမှာ ရေပန်းစား နေပါတယ်။ တကယ်အစစ် ခရစ္စတီးနားရဲ့ ညီမဖြစ်သူက မာရီနာပါ။ သတင်းစာထဲမှာ ဒီလို မှားပါလာတော့ အနုပညာ စန်းရဖို့ လုပ်နေတဲ့ ညီမတို့ကို ပရိသတ်က အမြင်တစ်မျိုး ဖြစ်သွားတာပေါ့ နော်...။

နေ့စဉ်ထုတ် သတင်း အင်တာဗျူးတစ်ခုမှာ ညီမရဲ့နာမည် မာရီနာရယ်၊ ညီမဓာတ်ပုံရယ် မှားပြီး ပါလာတယ် ပေါ့နော်။ အဲဒါနဲ့ ညီမက ဆက်သွယ် အကြောင်းကြားတော့ အဲ့ဒီက သက်ဆိုင်သူတွေ လာပြီးတောင်း ပန်တယ်။ ညီမက အဲ့ဒီသတင်းစာမှာပဲ မှားတဲ့ ညီမပုံနဲ့ပဲ ၁ဝ ရက်လောက် မာရီယာရဲ့ပုံနဲ့ တွဲပြီး ပြန်ဖြေရှင်း ပေးပါ။ ဒါမှမဟုတ် မြန်မာ့ အလင်း၊ ကြေးမုံစတဲ့ သတင်းစာတွေမှာ ပြန်ထည့်ပေးပါလို့ ပြောလိုက်တယ်။ သူတို့ကပြန်သွားပြီး တစ်ရက် ထည့်ပေးတယ် ကြားတယ်။ ဒါပေမဲ့ ညီမပြောသလို မဟုတ်ဘူး။ ထည့် ပေးတယ်ဆိုတာလည်း အကြောင်းကြားခြင်း မရှိဘူး။ ညီမက မသိဘူးလို့ပဲ ယူဆတယ်။ ဒါနဲ့ညီမ စာနယ်ဇင်း ကောင်စီကို တိုင်ထားတယ်။ အခုထိတော့ ဘာမှမထူးသေးဘူး။ ညီမ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး ပရိသတ်တွေကို အသိပေးရမလို ဖြစ်နေပြီ။ ညီမတို့ အနုပညာရှင် ဘဝမှာ ကံရယ်၊ စန်းရယ်က အရမ်း အရေး ကြီးတယ်။ အခုဆို ကြော်ငြာတချို့နဲ့ VCD သီချင်းတွေမှာ ညီမ အိမ်ထောင် ကျသွားပြီ ဆိုတဲ့ သတင်းတချို့ နဲ့တင် လက်လွှတ်လိုက်ရတာတွေ ရှိနေတယ်။ ပရိသတ်တွေနဲ့ ခင်မင်သူတွေကိုလည်း ဖုန်းနဲ့ နေ့တိုင်းပဲ ဖြေရှင်း နေရ ပါတယ်။

စန္ဒာအောင် (မြစ်ဆုံ)

မြ၀တီ

ဂျောက်ဂျက် ဘာတွေ လုပ်နေလဲ

ဂျောက်ဂျက် က အခုတလော ရှမ်းပြည်နယ် ဘက်ကို ဖျော်ဖြေပွဲ တွေ အသွား များလာတယ် လို့ ပြောပြခဲ့ပါတယ်။ အဲဒီ ဘက်က လူတွေက ဟိုးအရင် က သီ ချင်းဟောင်းတွေ အတောင်း များတယ် လို့ပြောပြီး သူ့အနေနဲ့ အဲဒီ သီချင်းတွေ ပြန်ဆိုဖို့ မဖြစ်ဘဲ အခွေသစ် ထဲက သီချင်းတွေ ဆိုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ တိုင်း သိပြည်သိ အမ်တီဗီကိုလည်း ရိုက်နေပြီး အဲဒီအခွေ ကိုတော့ ဒီဇင်ဘာလောက် ထွက်ဖို့ မှန်းထား တယ်လို့ ပြောပါတယ်။

ဟိုးတုန်းက ဂျောက်ဂျက်နဲ့ အခု ဂျောက် ဂျက် ဘာကွာခြားလဲ ဆိုတော့ “ဆံပင်ဘေး ပိုပြောင်သွားတယ် (ရယ်လျက်) ကျွန်တော် လူကြီး နည်းနည်း ပိုဆန်လာတယ် လို့ ပြောရမယ်။ ကျွန်တော်သီချင်း ရိုးရိုး ကြီး တွေ သိပ်မဆိုချင်တော့ဘူး။ ဆိုလည်း မဆိုဖြစ်တော့ဘူး။ တရားဝင်ဖြန့်ထားတဲ့ အခွေထဲက သီချင်းတွေပဲ ဆိုဖြစ်နေတယ်”လို့ ပြောပါတယ်။

ဂျောက်ဂျက် က နောက် တက်လာမယ့် ရက်ပ်ပါ တွေ အတွက်ပြောတာက “သူတို့တွေလည်း အနည်းနဲ့ အများတော့ ဒုက္ခခံရတာပဲ။ တစ်ခုပြောရမှာက အခုခံရတာထက်ကို ဆယ်ဆပိုခံရဦးမယ်လို့ သတိပေးတာပါ။ ခြောက်လှန့်
တာ မဟုတ်ဘူး။ နေရာ တစ်ခုရဖို့ အနင်းခံရမယ်။ အဲဒီဒဏ်တွေ ခံနိုင်အောင် ပြင်ဆင်ထားပါ။ အဲလို ခံနိုင်ခဲ့လို့ ကျွန်တော်တို့ ဒီလို ဖြစ်လာ
တာပါ” လို့ ပြောပါတယ်။

ဂျောက်ဂျက်က Under ground ကအဖွဲ့တွေနဲ့ သိပ် မတွေ့ဖြစ်ဘူး လို့ ပြောပြီး သူပေါင်းတဲ့ လူတွေက လူကြီးတွေ များနေပြီး new ဆိုလို့ လွှမ်းပိုင်း လောက် သာ ပေါင်းဖြစ်တယ်လို့ ပြောပါတယ်။ ဂျောက်ဂျက်ကို ဂျူနီယာလေးတွေက Simple သီချင်းခွေတွေ လာပေးထား ကြသေးလား ဆိုတော့ “အိမ်မှာတို့၊ ရှိုးပွဲတို့မှာတော့ လာပေးထားကြတာတွေ ရှိပါတယ်။ သူတို့ပေးတဲ့ အခွေတွေ အကုန်နားထောင်ဖြစ်တယ်။

ဒါပေမဲ့ အားနည်းချက်တွေများနေ သလား လို့၊ သေချာ အချိုးကျတဲ့ လူထက်ပေါ်ပင် လုပ်ထားတာတွေ့ရတယ်။ အဲဒီတော့ သိပ်မကြိုက်ဘူး။ ဟစ်ဟော့ပ် စစ်စစ်သိပ် မထွက်လာဘူး လို့ ပြောလို့ ရပါတယ်” လို့ ပြော ပါတယ်။ ဂျောက်ဂျက်က ပြင်ဦး လွင်မြို့ အမှတ်တရ အနေနဲ့ “ကျွန်တော် ပထမဆုံး စပေါက် တဲ့အချိန်တုန်းက ပြင်ဦးလွင် ပန်းပွဲတော်မှာ စဆိုခဲ့တာ။ အဲဒီတုန်း က အပြော အဆိုမတတ်ဘူး။ ပြောချင်ရာပြော ဆိုချင်တာ ဆိုပဲ။ အဲဒီတုန်းက ကျွန်တော် မဆိုခင်ကျွန်တော့် နာမည်အော်နေကြ တာတော့ အမှတ်တရပဲ”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
Popular Journal

Facebook Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File





ခွန်းဆင့်နေခြည် ၏ Facebook Account Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File နားထောင်ကြည့်ကြပါ ချစ်ပရိတ်သတ်တို့။

မိုင်တိုင် ၂၆ သရဲဇာတ်ကား Free Showပြသမည်

ဒါရိက်တာမောင်မျိုးမင်း -( ရင်တွင်းဖြစ် ) ရိုက်ကူးပြီး ကျောက်ဆူး ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှရိုက် ကူးထုတ်လုပ်သော ( မိုင်တိုင် ၂၆ ) အမည်ရှိ ဖြစ်ရပ်မှန်  သရဲဇာတ်ကား ကိုအဆင့်မြင့်မြန်မာ
ဗီဒီယို ဇာတ်ကားအဖြစ်  ဇူလိုင်လ ၅ ရက်နေ့တွင် တော်ဝင်စင်တာ ရုပ်ရှင်ရုံ ၌ ရုံတင်ပြသမည်ဖြစ်ပါ
သည် ။

ဇူလိုင်လ ၂ ရက်နေ့တွင် အထူးပွဲ အဖြစ် Junction မော်တင် ၌ နံနက် ၉ နာရီအချိန်တွင် ပရက်ရှိုး အဖြစ် Free Show ပြသပေးမည်ဖြစ်ပါသည် ။

ကြည့်ချင်သူများ  Free Showပြသမည့်နေ့တွင် အခမဲ့လာရောက် ကြည့်ရူ့နိုင်ပါကြောင်းသတင်း ကောင်းပါးလိုက်ပါသည် ။

လူဦးရေအကန့်အသက်ရှိပါသောကြောင့် ကြည့်ချင်သူများ သည် kunnsint@gmail.com သို့
email ပို့ကာ စရင်းပေးနိုင်ပါသည် ။

ခွန်းဆင့်နေခြည်

Myanmar News Now

Hypnotizing Wind Machine!



ပရိသတ်ချစ်တာကိုပဲ လိုချင်သူ မိုးယုစံ


ပရိသတ်ချစ်တာကိုပဲ လိုချင်သူ မိုးယုစံဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ ‘သန္တာရောင် ဆုံမှတ် များ’ ဇာတ်ကားကို  မိုးယုစံက နေတိုး နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားထဲမှာ မိုးယုစံက နေတိုးရဲ့သူငယ် ချင်းချစ်သူအဖြစ် သရုပ်ဆောင်ထား ပါတယ်။

ဒီဇာတ်ကား လေးက လူငယ် ဖန်တီး ဇာတ်ကားလေး ဖြစ်တယ်လို့ သိရပါတယ်။ မိုးယုစံက အခုနောက် ပိုင်းမှာ ဒရာမာ ဇာတ်ကားထက် ဖန်စီ ဇာတ်ကား လေးတွေကို ပိုပြီး ရိုက်ကူး ဖြစ်လာတာနဲ့ ပတ်သက်ပြီး “မိုးယု အတွက် အဓိက ကတော့ ဇာတ်လမ်းက အရေး အကြီးဆုံးပဲ။ မိုးယု တို့ကပရိသတ်တွေ ရီရအောင် ပလော့ခ်လေး တွေကို ပြောရတယ်။ အိုက်တင်လည်း ပါတယ်။ သဘာဝ ကျကျ ရယ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ် ဆောင်ဖြစ်တယ်။ ဖန်စီ ဇာတ်လေး တွေကို လည်း ရိုက်ရတာ အရမ်း သဘော ကျ တယ်” လို့ ပြောပါတယ်။

ဇာတ်ကား ရိုက်တဲ့ အခါမှာ လည်း ဇာတ်ကို သေသေ ချာချာ ရွေးပြီး ရိုက်ဖြစ် သလို ကိုယ်ရဲ့ ဇာတ် ကား ကို ကြည့်ပြီး ပရိသတ် ဆီက အချစ်နဲ့ လက် ခံမှုကိုပဲ လိုချင် ပါတယ်လို့ မိုးယုစံက ပြောပါတယ်။ မိုးယု ကတော့ အတတ် နိုင်ဆုံး ပရိသတ် လက်မခံတဲ့ ကာရိုက်တာ မျိုး ဇာတ်မျိုးကို မရိုက်ပါ ဘူး။ ဘာပဲလုပ်လုပ် အလွန့်အကျွံ မဖြစ်ရင်တော့ အကောင်းဆုံး ပါပဲ။ ကိုယ်က မြန်မာပြည်မှာ နေတဲ့ အတွက် မြန်မာတွေက မြန်မာလိုပဲ ဇာတ်ကား ကိုကြည့်မှာလေ။ တခြား နိုင်ငံက ဘယ်လိုပဲ ရိုက်ရိုက် ဒါကို လွန်တယ်လို့ မြင်မှာမဟုတ်ဘူး။

ကိုယ့်မြန်မာပြည်မှာက ကိုယ့်ယဉ် ကျေးမှုနဲ့ ကြည့်ကြ မှာဆိုတော့ အားလုံးကိုဆင်ဆင်ခြင်ခြင်နဲ့ လုပ် ရင် အကောင်းဆုံးလို့ မြင်မိပါတယ်။ မိုးယုကတော့ အတတ်နိုင်ဆုံး မရိုက် ဖြစ်အောင်ထိန်းပါတယ်။ ရိုက်ဖို့ လည်း စိတ်ကူးမရှိပါဘူး။ အခုအချိန် ထိလည်း မရှိသေးဘူး။ ရှိလာခဲ့ရင် လည်း မိုးယုက ငြင်းမှာပဲ။ ဘာဖြစ်လို့ လဲဆိုတော့ မိုးယုက ပရိသတ် ချစ် တာ၊ လက်ခံတာကိုပဲ လိုချင်ပါ တယ် လို့ ပြောပါတယ်။

လွင်လွင်ထွန်း
 By Popular News

ဘာကြောင့် အလုပ်ကိုခလေးခေါ်မသွားသင့်သလဲ - Bring Your Child to Work Day


Google က Network Engineer

Google က Network Engineer

ပုံမှာ မြင်တွေ့နေရတာကတော့ Google ဌာနချုပ် Data Center မှာ အလုပ်လုပ်နေတဲ့ Denise Harwood အမည်ရ အမျိုးသမီး Network Engineer တစ်ဦး ဖြစ်ပါတယ်။

Trouble Shooting လုပ်နေတာပါ။ အပူချိန်လွန်ကဲနေတဲ့ ကွန်ပြူတာ processor ကို အဖြေရှာဖို့အတွက် Diagnoses လုပ်နေပုံ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက Request လုပ်သမျှ၊ ပို့သမျှ Data များကို သိမ်းဆည်းထားပေးတဲ့ ဧရာမ ကွန်ပြူတာခန်းကြီးမှာ ပါ။ ရေခဲတိုက် လိုပဲ အေးနေအောင် ထားရပြီး Stand by Device တွေအမြဲရှိရပါတယ်။ Network Engineer များကလည်း ပုံမှာ မြင်တွေ့ရတဲ့ Denise လိုပဲ နေ့ရောညပါ မနားတမ်းအလုပ်လုပ်ရတာပါ။ တာဝန် ကျတဲ့အချိန်အတွင်း ၂၄ နာရီပတ်လို့ ဖြစ်ပေါ်တဲ့ ကိစ္စအရပ်ရပ်တိုင်းကို ချက်ချင်းဖြေရှင်းပေးရပါတယ်။

Operation လုပ်နေရပြီး Implement လုပ်ပြီးသား Data Center ကို ဆက်လက် run နေအောင် ထိန်းသိမ်းပေးရခြင်းဖြစ်ပါတယ်။ ဒီမှာ ကွန်ပြူတာ အင်ဂျင်နီယာများလည်း ပါဝင်ပါတယ်။ အခြားသော ပညာရှင် များလည်း Data Center မှာ တာဝန်ထမ်းဆောင်ရပါတယ်။

Google မှ ခေါ်ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို လိုအပ်ချက်များနဲ့ တကွ သိရအောင် အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

www.google.com/about/jobs/
 


Ref:AP
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/06/google-network-engineer.html

Thursday, June 27, 2013

Google သမိုင်းကြောင်း

                         

  • Wednesday, Jun 19 2013
  • Written by 
   Google Inc ဟာ အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး အင်တာနက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။
Google Search ဟာ နာမည်ကျော် ဖြစ်ပြီး Cloud, Software, OS နဲ့ အခြား ကြော်ငြာတွေကို ကိုင်တွယ်ပါတယ်။
သမိုင်းကြောင်း
Google ကို လယ်ရီပေ့ခ်ျနဲ့ ဆာဂျီဘရင်တို့က စတန်းဖို့ဒ်တက္ကသိုလ် PhD ကျောင်းသားဘဝမှာ စတင် တည်ထောင်ပါတယ်။ သူတို့ နှစ်ယောက်ပေါင်းရင် Google ကို 16% ပိုင်ဆိုင်ပါတယ်။ ၁၉၉၈ စက်တင်ဘာမှာ ပုဂ္ဂလိကပိုင်ဖြစ်တဲ့ ဒီကုမ္ပဏီဟာ ၂၀၀၄ သြဂုတ် ၁၉ မှာ အများကို ရောင်းချခဲ့ပါတယ်။ Google ရဲ့ မူလ Homepage ဟာ ရိုးရှင်းပြီး အကြောင်းရင်းက မူလစတင်သူတွေ ဟာ HTML ကို အတွေ့အကြုံ မရှိလို့ပါပဲ။ Google ကို လယ်ရီနဲ့ ဆာဂျီတို့ဟာ ကျောင်းသားဘဝ ၁၉၉၆ မှာကတည်းက research project အနေနဲ့ စတင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ website တွေကို ရှာဖွေရာမှာ အရေးကြီးတဲ့ Page Rank လို့ ခေါ်တဲ့ နည်းပညာ အသစ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပေ့ခ်ျနဲ့ ဘရင်တို့ဟာ သူတို့ရဲ့ search engine အသစ်ကို 'Back Rub' လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Google လို့ ပြောင်းလဲခဲ့ကြပြီး googol ကို စာလုံးပေါင်း ပြောင်းထားတာပါ။ 'googol' ဟာ 1 နောက်က 0 တစ်ရာပါတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အများအပြား ရှာဖွေနိုင်မယ်လို့ ရည်ညွှန်းပါတယ်။ Google ဆိုတဲ့ နာမည်ကို ၁၉၉၇ စက်တင်ဘာ ၁၅ မှာ စတင် မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီကိုတော့ ၁၉၉၈ စက်တင်ဘာ ၄ ရက်မှာ စတင်ခဲ့ပါတယ်။ သူတို့ သူငယ်ချင်း စူဇန်ရဲ့ ကားဂိုထောင်ထဲက စတင်ခဲ့တာ ဖြစ်ပြီး စူဇန်ဟာ Google ရဲ့ ပထမဆုံး အလုပ်သမား ဖြစ်လာပါတယ်။ ၁၉၉၉ မတ်လမှာ Google ဟာ ကယ်လီဖိုးနီးယားက ပါလိုဂဲလ် တိုကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၁ မှာတော့ Google ဟာ သူတို့ရဲ့ Page Rank စနစ်ကို မူပိုင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၀၃ မှာတော့ Google ဟာ လူတိုင်းသိတဲ့ နာမည်ဖြစ်နေပြီး Oxford English Dictory မှာပါ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ထည့်ပေးခဲ့ရပါတယ်။ ၂၀၁၁ မေမှာတော့ Google ကို လစဉ်ဝင်ရောက် သုံးစွဲသူဟာ ပထမဆုံးအကြိမ်အဖြစ် သန်းတစ်ထောင်အထက် ကို ရောက်ရှိ ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀၁၃ မှာ Google ဟာ ၂၀၁၂ အတွက် ဒေါ်လာ ၅၀ ဘီလီယံဝင်ခဲ့ပြီး ၂၀၁၁ ရဲ့ ၃၈ ဘီလီယံကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အားနည်းချက်များ
Google ကို အများဆုံး မကြိုက်ကြတဲ့ အချက်ကတော့ ကြော်ငြာကို စိတ်မဝင်စားဘဲ click နှိပ်ခဲ့ရင်လည်း ကုမ္ပဏီက Google ကို ငွေပေးရတာပါပဲ။ Click တွေရဲ့ 14-20% ဟာ စိတ်ဝင်စားမှု မရှိဘူးလို့ ကြော်ငြာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် တချို့ website တွေမှာ ရှိတဲ့ secondary search box တွေမှာလည်း ပြဿနာ ရှိနေပါတယ်။ ဒီ secondary search ကနေ ပြိုင်ဘက် ကုမ္ပဏီတွေကို ရှာတွေ့ပြီး ပြောင်းသွားတာမျိုးတွေ ရှိနေလို့ပါ။ 
ဝယ်ယူမှုများ
၂၀၀၁ ကစပြီး Google ဟာ ကုမ္ပဏီငယ် အများအပြားကို ဝယ်ယူခဲ့ပါတယ်။ ၂၀၀၄ မှာ Google ဟာ Keyhole Inc ကို ဝယ်ယူခဲ့ပြီး အဲဒီကုမ္ပဏီက Earth Viewer လို့ခေါ်တဲ့ ကမ္ဘာကို 3D နဲ့ ကြည့်နိုင်တဲ့ နည်းပညာကို ဖန်တီးခဲ့ပါတယ်။ Google Earth လို့ ၂၀၀၅ မှာ နာမည် ပြောင်းခဲ့ပါတယ်။  Google Earth ဟာ YouTube ကို ဒေါ်လာ ၁.၆၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး နိုဝင်ဘာ ၁၃ ၂၀၀၆ မှာ အပြီးသတ် ရရှိခဲ့ပါတယ်။ ၂၀၀၇ ဧပြီ ၁၃ မှာ Google ဟာ Double Click ကို ဒေါ်လာ ၃.၁ ဘီလီယံနဲ့ ရရှိခဲ့ပြီး အဲဒီနှောင်းပိုင်းမှာပဲ Ground Central ကို ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူပြီးနောက်ပိုင်းမှာ Google Voice အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဧပြီ ၂၀၁၀ မှာ Google ဟာ hardware ထုတ်လုပ်တဲ့ Agnilux ကို ဝယ်ယူခဲ့ပါတယ်။ ကုမ္ပဏီ အများအပြား ဝယ်ယူခဲ့ တာအပြင် Google ဟာ Research ဘက်မှာလည်း အကြီးအကျယ် အာရုံစိုက်ခဲ့ပါတယ်။ ၂၀၀၅ မှာ စတုရန်းပေ ၁၀၀၀၀၀၀ ရှိတဲ့ သုတေသနဌာနကြီးကို ဆောက်လုပ်ခဲ့ပါတယ်။ ၂၀၀၈ မှာ Google ဟာ GeoEye နဲ့ ပူးပေါင်းပြီး ဂြိုလ်တုလွှတ်တင်ခဲ့ပါတယ်။ ၂၀၁၀ မှာ Google ဟာ ပြန်သုံးစွဲနိုင်တဲ့ စွမ်းအင်အတွက် ဒေါ်လာ ၃၈.၈ သန်း အကုန်အကျ ခံခဲ့ပါတယ်။
Yatanarpon

၅ စက္ကန့် မျက်လှည့်


Keep Eye Contact

Don't you just hate that? When you're trying to have a conversation with a guy, and not reveal that you're a distant relative to the all-eyeballs monster from season 1 of Mighty Morphin Power Rangers, and you think he's paying attention to you, and then it's so clear he's only got his mind on one thing? Ugh.

မိခင်နှင့် စကားများသူကို သားကဓားဖြင့်ထိုး




မန္တလေးတိုင်း ဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဇ)ရပ်ကွက်တွင် ဇွန်လ၂၅ ရက်နေ့ မွန်းလွဲ ၁နာရီ ၄၅ မိနစ်ခန့်က ၁၉ နှစ်အရွယ် လူငယ် တစ်ဦးသည် ၎င်း၏ မိခင်နှင့် စကားများ ထားသူကို မကျေနပ် သဖြင့် ထိုသူ၏ နေအိမ်ပေါ်တက်၍ တာယာ လှီးဓားဖြင့် နားထင်ကို ထိုးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အဆိုပါ ဓားထိုးခံရသူ မိသားစု များထံမှ သိရှိရသည်။

ဓားဖြင့်ထိုးသူမှာ ကျော်စိုးနိုင်ဆိုသူ ဖြစ်ပြီး ပြင်ပသင်ဆရာမ အသက် ၃၂ အရွယ် ဒေါ်သန္တာဦးအား လက်ဝဲနားအထက်ကို အရိုးအသွား ၅ လက်မခန့် ရှိသောဓားဖြင့် ထိုးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက ကျော်စိုးနိုင်ရဲ့အမေနဲ့ စကားများ ရန်ဖြစ်ထားတယ်၊ တစ်ယောက်တစ်ခွန်း စကားများကြတာ။ အဲဒီတုန်းကတော့ ဒီကောင်လေးမရှိဘူး။ မကျေနပ်လို့ လုပ်တာထင်တယ်။ ကလေးကလည်း နည်းနည်းဆိုးတယ်၊ မနက်ကတော့ ခွဲခန်းထဲမှာ ဆရာဝန်ကြီးက မစိုးရိမ်ရဘူး လို့တော့ ပြောတယ်” ဟု ဒေါ်သန္တာဦး၏ ခင်ပွန်းဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) စက်မှု (၁) အလယ်တန်းပြ ကျောင်းဆရာ ဦးသိန်းထွန်းက The Voice သို့ ပြောကြားသည်။

ဒေါ်သန္တာဦးသည် အရိုးအသွား ၅ လက်မခန့်ရှိ ဓားတန်းလန်းနှင့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲလက်ဖျံတွင် ပြတ်ရှဒဏ်ရာတစ်ချက် ဒဏ်ရာရရှိ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဦးသိန်းထွန်းက ဆက်လက် ပြောကြားသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးသိန်းထွန်းက ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် ကျော်စိုးနိုင်ကို အမှုအမှတ် (ပ) ၂၅၆/၂၀၁၃ ပုဒ်မ ၄၅၂/၃၂၆အရ အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ပြေတီဦးကို နောက်ထပ် အနုပညာ မှတ်တိုင် စိုက်ထူ စေချင်သော အိန္ဒြာကျော်ဇင်




အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးအား နောက်ထပ် အနုပညာ မှတ်တိုင် တစ်ခု စိုက်ထူစေ ချင်ကြောင်း ပြောသည်။ ”ကိုယ်က ပိုပြီးတော့ ဖြစ်စေချင် တယ်။ သူ့အကြောင်းကို အူဝဲက ပိုသိ နေတယ်။ သူက တစ်ခုခုဆို တအား စိတ်ထည့်ပြီး လုပ်တယ်။ အဲဒီ Effect ကလည်း တအားကောင်း ပါတယ်။ အခု လည်း ပရိသတ်တွေ ကြိုက်ကြတယ်။ ရုံတင်တဲ့ အခါလည်း ပရိသတ်တွေ ကြိုက်ကြမယ်လို့ အူဝဲ ထင်ပါတယ်။ နောက် ထပ်အကယ်ဒမီ တစ်ခု ကိုလည်း ရစေ ချင်ပါတယ်” ဟု အိန္ဒြာကျော်ဇင်က ပြော သည်။

”တအား ကောင်းပါတယ်။ Tri ရှိုး လည်း တစ်ခါ ကြည့်ပြီးပြီ။ အဲဒီ ကတည်း က ကြိုက်တယ်။ ဒီနေ့တော့ တစ်ကား လုံးကို သေသေချာချာ နဲ့ ပြန်လုပ်ထား တော့ အရင် ကြည့်ထားဖူးတဲ့ ရုပ်ရှင်တွေ နဲ့ မတူဘူး။ ကွာလတီ လည်း တအား ကောင်းတယ်။ သရုပ်ဆောင် တာက ကို ပြေတီဦးလည်း တအား ကောင်းတယ်။ ဖွေးဖွေးလည်း တအား ကောင်းတယ်။ ကိုဝိုင်းလည်း တအားတော်တယ်။ ကလေး သရုပ်ဆောင် ယွန်းယွန်းလေး လည်း တအားကောင်းတယ်။ ဒီဇာတ် ကားထဲမှာပါတဲ့ လူ အကုန်လုံးက သူ့နေ ရာနဲ့သူ ပရိသတ်ကို တအား စွဲဆောင် နိုင်တယ်။ အဲဒါကြောင့် တစ်ကားလုံးကို အူဝဲ တအားကြိုက်ပါတယ်” ဟု ၄င်းက ဆိုသည်။

အနုပညာ အလုပ်တွေ ခေတ္တနား ထားသော်လည်း ဇွန်လ ၁၄ ရက်နေ့က ပြေတီဦး နဲ့အတူ ဂျပန်နို့မှုန့် ကြော်ငြာ တစ်ခုကို ပြင်ဦးလွင်မှာ ရိုက်ဖြစ်ခဲ့ ကြောင်း သိရသည်။ ”ပထမတုန်းက မိသားစု လိုက် ရိုက်ချင်တာ။ ပရိုဂျူဆာကရော၊ ဒါရိုက် တာကရော သမီးလေး နဲ့ ရိုက်စေချင်ကြ တယ်။ သမီးကို ပေးမရိုက်တာက သူက ရိုက်ရင် ဂျီကျ ချင်တော့ လုပ်တဲ့ လူတွေ စိတ်ညစ်မှာ အဆင်မပြေမှာ စိုးလို့ သမီး ကို တော့ မရိုက်ပါ ရစေနဲ့လို့ တောင်းပန် ပြီး ကိုနိုင် ရဲ့ ကလေးတွေ၊ တူမလေးတွေ နဲ့ ရိုက်လိုက်တယ်။ ဒီကြော်ငြာတော့ ရိုက်ပေးပါ ဆိုလို့ ရိုက်ပေးတာပါ။ ကြော် ငြာက တစ်ရက်တည်း ဆိုတော့ ပြဿနာ မရှိဘူးလေ”ဟု ၄င်းက ပြောသည်။

ခိုင်ဝေလွင်

အရောင်တွေကို အင်္ဂလိပ်လို လေ့လာမယ်




 အရောင်တွေ သူတို့ခွဲပြမှ ဒီလောက်များမှန်း သိရပါတယ်။ ကိုယ့် မြန်မာစကားနဲ့ ကိုယ်ဆိုရင် ခွဲလို့လွယ်ပါတယ်။ နို့နှစ်ရောင် ဆိုရင် Milky color လိုခေါ်ပြီး နို့နှစ်လက်ဘက်ရည်ရောင် Milky Tea အစရှိသဖြင့် ဆန်းဆန်း ပြားပြားခေါ်ကြပါတယ်။

သာမန် လူတစ်ယောက်အနေနဲ့က အဲ့လောက်သိဖို့မလိုပါဘူး။ Web Design သမား၊ အဝတ်အစား ဖက်ရှင်ဒီဇီုင်း၊ အိမ်အလှဆင်သမား နဲ့ အခြားသော အရောင်အခြေခံ လုပ်ရတဲ့ အလု...ပ်တိုင်းမှာတော့ ကာလာစုံကို အင်္ဂလိပ်လို သိထားတာ အကျိုးရှိပါတယ်။

ဒါကြောင့် ပင်မ အရောင် တစ်ခုချင်းဆီမှ ခွဲထွက်သွားတဲ့ အရောင်များအား ခွဲခြား ပြသထားမှုကို ပုံမှာ လေ့လာမှတ်သားနိုင်ပါတယ်။
.
Ref: English is Fun

Aung Kham (TSJ team)

ဝက်ခြံပျောက်နည်း


  • __________________________________

    ညီမ ဝက်ခြံပေါက်တာ ၅တန်းလောက်ကတည်းကပါ။ ပေါက်လိုက် သက်သာသွားလိုက်နဲ့  အရှင်းမပျောက်ဘူး။ ရန်ကုန်မှာလည်းကုတာ ဆေးနည်းတော်တော် စုံနေပြီ။ Singaporeမှာလည်းကုတာ ဆေးတွေသာ ၆လ လောက်သောက်လိုက်ရတယ်။ တော်တော်တော့ပျောက်ပါတယ်။နည်းနည်းကြာလာရင် ပြန်ပြန်ဖြစ်တယ်။ ဒီဝက်ခြံကြောင့် ငွေတော်တော်ကုန်ပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့ May လတုန်းက ညီမမျက်နှာမှာ ဝက်ခြံထက်တောင်ဆိုးပါတယ်.. အဖုကြီးတွေဖြစ်ပြီး အိမ်ပြင်တောင် မထွက်ရဲပါဘူး။ infection တွေဝင်သလိုဖြစ်ပြီး ယားကယား ရဲကရဲ တော်တော်ကြည့်ရဆိုးပါတယ်။ ပြီးတော့ ဆေးခန်းသွားပြီး ပျောက်ချင်စိတ်နဲ့  peeling လုပ်လိုက်တာ ပိုဆိုးလာတယ်။ အိမ်ကို အလုပ်လာလုပ်ပေးတဲ့ ကောင်မလေးက ဆေးနည်းပေးလို့  လုပ်ကြည့်တာ ၄ ရက်လောက်နဲ့ တော်တော်သက်သာသွား တယ်။

    ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး( ပိုစိတ်ချချင်ရင်တော့ ဆားရေနဲ့ဆေးပေးပါ or အသီးအအရွက်ဆေးဆပ်ပြာနဲ့ ဆေးပေးပါ)
    ပြီးရင် ညက်နေအောင်ထောင်းပြီး မျက်နှာတစ်ခုလုံးပွတ်ပေးပါ။ ဝက်ခြံရှိတဲ့နေရာမှာပုံပေးရင် ပိုကောင်းတယ် အစ်မ။ ကြာကြာထားလေ ကောင်းလေပါ။ ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ရပါတယ်။ ၁ လတိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ် အစ်မ။ ဝက်ခြံရှိတဲ့နေရာတွေကတော့ နည်းနည်းယားလိမ့်မယ်။ ပြီးတော့ မျက်နှာသစ်ပြီးရင်လည်း နည်းနည်းနီတာရှိမယ် အစ်မ။ 15mins လောက်နေရင် ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ် အစ်မ။

    နောက်တစ်နည်းက ညီမမေမေပေးတဲ့နည်းပါ။ တမာရွက်ကိုပြုတ်ပြီး အအေးခံပြီး မျက်နှာသစ်ပါ။ ညီမကတော့ ၃ ရက်လောက်လုပ်လိုက်ပါတယ်။ နှစ်မျိုးလုံးဆို
    ဝက်ခြံများတဲ့သူအတွက်ပို ထိရောက်ပါတယ်။

    အားလုံးဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ဆိုင်နိုင်ကြပါစေ...

    ♥ Mr&Ms Vogue ကိုချစ်တဲ့ .. မမ .. ညီမလေးတွေ အကုန်လုံး တစ်နေ့ထက်တစ်နေ့ ပိုပိုလှနိုင်ကြပါစေရှင် ♥

    Credit to Nine Nine Sanay

ရှဉ့်တွေမှာ ထူးခြားတဲ့ ဗီဇ


ရှဉ့်တွေမှာ ထူးခြားတဲ့ ဗီဇ တခုရှိပါတယ်။ မွေးခါစ ရှဉ့်ကလေးတွေရဲ့ အမေ ရုတ်တရုက် သေဆုံးသွားရင်၊ တခြား အမျိုးတူ ရှဥ့်အမ တွေက ရှဉ့်ပေါက်စ တွေကို လာယူပြီး သူ့တို့ အသိုက်ခေါ်လာပြီး
မွေးမြူတတ်ပါတယ်တဲ့။ အစာရှာထွက်ရင်း အားကိုးရာမဲ့ ရှဉ့်ပေါက်စ တွေ့ ရင်လည်း ခေါ်ပြီး မွေးစားတတ်ပါတယ်တဲ့။

သုတစွယ်စုံကျမ်း

သုတစွယ်စုံကျမ်း

မာရီနာနှင့် ခဏတာ


သတင်းစာမှာ ခရစ္စတီးနားရဲ့ ညီမဖြစ်သူ Model သရုပ်ဆောင် မာရီယာရဲ့ မင်္ဂလာ သတင်းတစ်ပုဒ် ဆိုပြီး ပါလာပါတယ်။

မာရီယာဆိုတာ နာမည် လွဲနေတာပါ။ အဲ့ဒီသတင်းက အနုပညာ လောကထဲမှာ ရေပန်းစား နေပါတယ်။ တကယ်အစစ် ခရစ္စတီးနားရဲ့ ညီမဖြစ်သူက မာရီနာပါ။ သတင်းစာထဲမှာ ဒီလို မှားပါလာတော့ အနုပညာ စန်းရဖို့ လုပ်နေတဲ့ ညီမတို့ကို ပရိသတ်က အမြင်တစ်မျိုး ဖြစ်သွားတာပေါ့ နော်...။

နေ့စဉ်ထုတ် သတင်း အင်တာဗျူးတစ်ခုမှာ ညီမရဲ့နာမည် မာရီနာရယ်၊ ညီမဓာတ်ပုံရယ် မှားပြီး ပါလာတယ် ပေါ့နော်။ အဲဒါနဲ့ ညီမက ဆက်သွယ် အကြောင်းကြားတော့ အဲ့ဒီက သက်ဆိုင်သူတွေ လာပြီးတောင်း ပန်တယ်။ ညီမက အဲ့ဒီသတင်းစာမှာပဲ မှားတဲ့ ညီမပုံနဲ့ပဲ ၁ဝ ရက်လောက် မာရီယာရဲ့ပုံနဲ့ တွဲပြီး ပြန်ဖြေရှင်း ပေးပါ။ ဒါမှမဟုတ် မြန်မာ့ အလင်း၊ ကြေးမုံစတဲ့ သတင်းစာတွေမှာ ပြန်ထည့်ပေးပါလို့ ပြောလိုက်တယ်။ သူတို့ကပြန်သွားပြီး တစ်ရက် ထည့်ပေးတယ် ကြားတယ်။ ဒါပေမဲ့ ညီမပြောသလို မဟုတ်ဘူး။ ထည့် ပေးတယ်ဆိုတာလည်း အကြောင်းကြားခြင်း မရှိဘူး။ ညီမက မသိဘူးလို့ပဲ ယူဆတယ်။ ဒါနဲ့ညီမ စာနယ်ဇင်း ကောင်စီကို တိုင်ထားတယ်။ အခုထိတော့ ဘာမှမထူးသေးဘူး။ ညီမ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး ပရိသတ်တွေကို အသိပေးရမလို ဖြစ်နေပြီ။ ညီမတို့ အနုပညာရှင် ဘဝမှာ ကံရယ်၊ စန်းရယ်က အရမ်း အရေး ကြီးတယ်။ အခုဆို ကြော်ငြာတချို့နဲ့ VCD သီချင်းတွေမှာ ညီမ အိမ်ထောင် ကျသွားပြီ ဆိုတဲ့ သတင်းတချို့ နဲ့တင် လက်လွှတ်လိုက်ရတာတွေ ရှိနေတယ်။ ပရိသတ်တွေနဲ့ ခင်မင်သူတွေကိုလည်း ဖုန်းနဲ့ နေ့တိုင်းပဲ ဖြေရှင်း နေရ ပါတယ်။

စန္ဒာအောင် (မြစ်ဆုံ)

မြ၀တီ

သင်္ကန်းဝတ်ဖြင့် အရက်သောက် ရမ်းကားသူအား အရေးယူ



ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘင်္ဂလားကျောင်းတိုက် ကြားတောရလမ်း၊ ကြားတောရရပ်ကွက်၊ ဗဟန်းမြို့နယ်နေ ဦးစန္ဒိမာ (ခ) ထွန်းထွန်းအောင် (၂၉)နှစ်သည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက် စားပြီး ကျောင်းတိုက်အတွင်း မူးယစ်ရမ်းကား နေ ခဲ့ကြောင်း သိရသည်။

ထိုသို့ မူးယစ်ရမ်းကား နေသူအား ယင်းရပ်ကွက်ရှိ ဆယ်အိမ်မှူးမှ ရပ်ကွက်သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော်ရှေ့သို့ ခေါ်ဆောင်လူ ၀တ်လဲစေပြီး အများပြည်သူ ကိုးကွယ်သည့် ဘာသာသာသနာကို ထိခိုက်ညှိုးနွမ်း စေခဲ့သော ၎င်းအား ဗဟန်းမြို့မ ရဲစခန်းသို့ တရားလိုပြု တိုင်တန်းခဲ့ကြောင်း သိရသည်။

ဗဟန်းရဲစခန်းမှ ပြစ်မှုပုဒ်မ၂၉၅ ကဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

Eleven Media Group
Photo From Zayar Oo

မန္တလေး -တန့်ဆည်ကား ဒီပဲယင်း ကြည်ရွာနားတွင် ချောက်ထဲ ထိုးကျ


  မန္တလေး-တန့်ဆည် သွားခရီးသည်တင် မှန်လုံကားတစ်စင်း မုံရွာ -ရေဦး
ကားလမ်း မကြီး ပေါ်ရှိ ကြည်ရွာ ကားဂိတ်အနီး
မိုင်တိုင်အမှတ် ၁၂၅/၇ နှင့် ၁၂၆/၆ တို့ကြားတွင်
ဇွန်လ (၂၅)ရက်နေ့ ညနေ ၃
နာရီကျော် ခန့်က လမ်းဘေးသို့ ထိုးကျ ခဲ့ကြောင်း ဒေသခံများ ကပြောသည်။
ကားမှာ ရွှေပြည်အေး ကားအသင်းကပါ၊ တန့်ဆည် -ရေဦး-မုံရွာ-မန္တလေးကို
ပြေးဆွဲနေတဲ့ကားဖြစ်ကြောင်းကားနံပါတ် ၃ခ /၈၉၆၁ဖြစ်ပြီး ကားပေါ်မှာ ခရီးသည်
အယောက် (၂၀)လောက်ပါ
ပါပြီး ခရီးသည်တွေတော့ဘာမှ ဒဏ်ရာမရပါဘူး၊အရှိန်နဲ့မောင်းလာတော့ တိုင်းလော့
ပြုတ်ပြီး စီယာတိုင်ကွေ့မရ ပြီး လမ်းဘေးထိုးကျ တာ ဖြစ်ပါသည် ဟု
ဒီပဲယင်းရဲစခန်းမှာအရာရှိတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဇော်ဦး (ခ) သက်ထွန်းဇော်အား
ယာဉ်အဆင်မခြင်မောင်းနှင်မှုဖြင့်
ဒီပဲယင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Wednesday, June 26, 2013

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟုသတင်းထွက်ပေါ်ကြောင်း ရေးသား

 ရန်ကုန်၊ ဇွန် ၂၆

...
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်ကြောင်း ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။

“အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်း ထွက်ပေါ်လာမှုအပေါ် ကျွန်တော်တို့ တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ် မေးမြန်းပြီး သတင်းအဖြစ် ဖော်ပြခဲ့တဲ့ နေရာမှာ သုံးနှုန်းခဲ့တဲ့ သတင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံး မပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင် မှားမှာစိုးတဲ့အတွက် မမေသူကနေ ကျွန်တော်တို့ တိုက်က လူကြီးပိုင်းတွေက တစ်ဆင့် ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက် ပြန်လည် တောင်းပန်ရခြင်း အကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်းမဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင် သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင် ခွင့်ပြုချက် ရယူပြီး မသုံးစွဲခဲ့သည့် အချက်များ ဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး၏ ဖခင်ဖြစ်သူ သရုပ်ဆောင်လွင်မိုးကို ဆက်သွယ် မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူ အရွယ်သာ ရှိသေးသည်ဟု ပြန်လည် ဖြေကြား ခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုပါ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံး တစ်လုံးမှ မပါဝင်သည့် အတွက် စာဖတ် ပရိသတ်များက ဂျာနယ် အတွင်းရှိ ကိုလွင်မိုး၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှု လွဲမှားနိုင်သည့် အတွက် ပြန်လည် တောင်းပန်ခိုင်း ရခြင်း ဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏ မိခင်ဖြစ်သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။

“အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်း အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တို့အိမ်လာကြတာယ်၊ အယ်ဒီတာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူက လုံးဝမတောင်းပန်ဘူး။ သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလ ထွက်လာတဲ့အခါ သတင်းသမားကတော့ ရေးမှာပဲလို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ ဒီလိုရေးလို့ မရဘူးလို့။ ကျွန်မသမီးက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ နေနေတာလို့ ပြောလိုက်တယ်။ အစက အစ်မ တောင်းပန်ရင် ကျေအေးမလို့၊ မတောင်းပန်တဲ့ အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူ က Unity ဂျာနယ်၏ ပြန်လည် တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။