Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 29, 2013

Solar ရထားလမ်းဥမင်



ဒီ Project ကို Solar Tunnel လို့ခေါ်ပါတယ်... ဥရောပမှာ green energy ထုတ်လုပ်ဖို့ အသုံးပြုတည်ဆောက်ထားတဲ့ ပထမဆုံးသော ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အဦ အမျိုးအစား တစ်ခုဖြစ်ပါတယ်...

ဒီစီမံကိန်းဟာ ယူရိုငွေ ၁၅.၇ သန်း (အမေရိကန်ဒေါ်လာ ၂၁.၅ သန်း) ကုန်ကျပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၃၀၀ မက်ဂါဝပ်နာရီ ထုတ်လုပ်ပေးပါတယ်... ဒီပမာဏဟာ ရထားပေါင်း ၄၀၀၀ အတွက် လျှပ်စစ်ဓာတ်အားထောက်ပံ့ဖို့လုံလောက်ပါတယ်...

အသုံးပြုထားတဲ့ စွမ်းအားမြင့် solar panels ပေါင်း အချက် ၁၆၀၀၀ ကို အသုံးပြုထားပါတယ်... ဒီဆိုလာပြားတွေဟာ တစ်ချပ်ကို လျှပ်စစ်ဓာတ်အား ၂၄၅ ဝပ် စီထုတ်ပေးနိုင်ပြီး Belgium နိုင်ငံ Antwerp မြို့မှာရှိတဲ့ မြန်နှုန်းမြင့်ရထားလမ်းဥမင်ရဲ့ အမိုးမှာမှာ တပ်ဆင်ထားတာဖြစ်ပါတယ်...

ဒီတပ်ဆင်မှုဟာ စုစုပေါင်းမျက်နှာပြင်ဧရိယာ ၅၀၀၀၀ စတုရန်းမီတာ (၅၃၈၀၀၀ စတုရန်းပေ) ရှိပါတယ်.... ဒီကနေရရှိတဲ့ လျှပ်စစ်ဓာတ်အားကို အချက်ပြဖို့ မီးထွန်းဖို့နဲ့ ဘူတာရုံတွေရဲ့ အနွေးပေးစနစ်စတဲ့ ရထားလမ်းနဲ့ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်...

ဒါ့အပြင် ဘယ်ဂျီယံနိုင်ငံ ရထားလမ်းကွန်ရက်အတွင်းမှာ အသုံးပြုနေတဲ့ ရထားတွေအတွက်လည်း စွမ်းအင်ပေးသွားမှာ ဖြစ်ပါတယ်... ဒီတည်ဆောက်မှုရဲ့ ရလဒ်အနေနဲ့ ခန့်မှန်းခြေအားဖြင့် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၂၄၀၀ တန်အထိ လျှော့ချပေးမှာဖြစ်တယ်လို့ သိရပါတယ်...
----------------------------------------------------------------
Ref: Wonderful Engineering

  နှိုင်းရင့်နွေ

No comments:

Post a Comment