Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label fashion. Show all posts
Showing posts with label fashion. Show all posts
Thursday, November 29, 2018
Made in ပေါ့နော်
Made in ပေါ့နော် 😁 (သိတဲ့လူတွေလည်း သိပေမယ့် မသိတဲ့ သူတွေလည်း ဗဟုသုတရသွားအောင် ရှင်းပြပေးမယ်နော် )
Brand အတော်များများက Asia မှာ ထုတ်ကြပါတယ်
အများဆုံးကတော့ Made in China နဲ့ Made in Vietnam ( လုပ်သားခ ရယ် ကုန် ထုတ်လုပ်မှုစရိတ်ရယ် သက်သာလို့ပါ)
ကံကောင်းရင် Made in Myanmar တောင် ရှိပါတယ်နော် 😁
Made in ကို ကြည့်ပီး အတု အစစ် ခွဲလို့ရမရပါဘူး, code and receipt နဲ့သာ အတု အစစ် ခွဲလို့ရတာပါ။
တချို့ Export ဆိုင်တွေမှာ Zara တို့ Levi’s တို့ ရှိတယ်ဆိုတာ Company ရဲ့ quality မမှီလို့ ကျန်ခဲ့တာတွေပါ။
Michale Kors, Coach, Adidas, Nike တွေလည်း Asia မှာ ပဲ ထုတ်တာပါ။
US brand, U.K. brand မလို့ သူ့နိုင်ငံမှာသူ ထုတ်တယ်လို့တော့ မထင်လိုက်ပါနဲ့နော် ။
ဥပမာ အများအားဖြင့်ပေါ့လေ,
Zara ဆိုရင် made in China & Morocco
Adidas ဆိုရင် Made in China, Vietnam, Indonesia, Cambodia
Hollister ဆိုရင် Made in China, Vietnam
Pull & Bear ဖိနပ်ဆိုရင် Made in China, clothing ဆိုရင် Made in India, Bangladesh, Pakistan
Bershka ဆိုရင် Made in Sri Lanka, Bangladesh, Pakistan
UNIQLO Made in China
Aldo Made in China
Massimo Dutti ဆိုရင် Made in China, Made in Turkey, Made in Europe
ဘယ် နိုင်ငံမှာပဲ သွားဝယ်ဝယ် ဒီ Product ရဲ့ Made in က အတူတူပါပဲ။
အကယ်၍ US တို့ Europe တို့က ထုတ်တာမှ ဝတ်ချင်တယ်ဆိုရင် LVတို့ Versace တို့ Hermès တို့ဝယ်ပါလို့
#crd
Thursday, July 7, 2016
By Shwemom - July 5, 2016
ဆိုခဲ့ပါတယ်။
Source:mirror
Shwemom
......................................
လိင်အင်္ဂါအမွှေးနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ရွံစရာအကောင်းဆုံးဝတ်စုံကိုဖန်တီးခဲ့သူ
By Shwemom - July 5, 2016
Sarahဆိုတဲ့အမျိုးသမီးဒီဇိုင်နာတစ်ဦးဟာ လွန်ခဲ့တဲ့ခြောက်လကတည်းက တွစ်တာပေါ်မှာ လိင်အင်္ဂါအမွှေးအမျှင်များသူ့ဆီပို့ပေးဖိုု့ တောင်းဆိုပြီးနောက် အခုတော့ ထိုတောင်းဆိုလို့ရထားတဲ့ အမွှေးတွေနဲ့ ဝတ်စုံတစ်ခုချုပ်လုပ်ခဲ့ပါတယ်။ဒီသတင်းက အွန်လိုင်းမှာလည်း ပြန့်နှံ့လျှက်ရှိပါတယ်။
အရင်ကလည်း Skittles သကြားလုံးလေးများနဲ့ ဝတ်စုံချုပ်ခဲ့ဖူးပြီး ထိုဝတ်စုံကြောင့် နာမည်ရခဲ့တာလည်းဖြစ်ပါတယ်။အခုတော့ သကြားလုံးကနေ လိင်အင်္ဂါအမွှေးအမျှင်နဲ့ ဝတ်စုံချုပ်တဲ့ဆီကိုရောက်သွားခဲ့ပါတယ်။ ကလေး၂ယောက်အမေဖြစ်တဲ့ Sarah Louise Bryanဟာ ၆လလုံးလုံးသူ့ဆီကိုပိုု့ခဲ့တဲ့ လိင်အင်္ဂါအမွှေးအမျှင်တွေကိုု စုစည်းပြီး ဒီဝတ်စုံကိုချုပ်ခဲ့တာလည်းဖြစ်ပါတယ်။သူမက Lady Gagaရဲ့ အမဲသားဝတ်စုံအကျီထက်ပိုရွံစရာကောငး်တဲ့ ဖက်ရှင်ကိုလုပ်ချင်ကြောင်းလည်း ဆိုခဲ့ပါတယ်။ “ကျွန်မက လေဒီဂါဂါရဲ့ အမဲသားဝတ်စုံထက် ပိုရွံဖိုု့ကောင်းတဲ့ ကမ္ဘာ့ရွံစရာအကောင်းဆုံးဝတ်စုံကိုတီထွင်ချင်ခဲ့တာပါ။ဒါ့ကြောင့်လည်း ကျွန်မရဲ့ တွစ်တာပရိတ်သတ်တွေဆီက လိင်အင်္ဂါအမွှေးတွေ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။”လို့
ဆိုခဲ့ပါတယ်။
Sarahဟာ လက်အိတ်၊ မျက်နှာဖုံး၊စတာတွေသုံးခဲ့ပါတယ်။ နောက်ထပ်ရွံစရာကောင်းတဲ့ ဝတ်စုံတွေလည်း ဆက်လက်လုပ်သွားမယ်လို့သိရပါတယ်။ “ကျွန်မက သူများနဲ့မတူတာတွေ၊ သူများမစဉ်းစားတာတွေလုုပ်ရတာကြိုက်ပါတယ်။ ထူခြားတာတစ်ခုုခုကိုု ပထမဆုံးတီထွင်သူလည်းဖြစ်ချင်ပါတယ်။ ကျွန်မကိုဝေဖန်တဲ့သူတွေရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကကျွန်မကိုပိုလုပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်”လို့ဆိုုပါတယ်။ Sarahရဲ့ဒီဇိုင်းတွေကိုတော့ သူမရဲ့ Facebook Pageဖြစ်တဲ့ www.Facebookcom/sarahlouisebryan မှာကြည့်နုုိင်ပါတယ်။
Source:mirror
Shwemom
Saturday, April 16, 2016
လို ထင်ပေါ်စေပါတယ်။
၂။ FIESTA ( ထယ်ဝါသော အနီ )
ကိုဖော်ပြပါတယ်။
D-bear(Shwemom)
Source:instlye.com
.....................................
၂၀၁၆ခုနစ်နွေဦးတွင် ရွေးချယ်ဆင်မြန်းရမည့်အရောင်(၅)မျိုး
စတိုင်ကျလှပစေဖို့ရာ အရောင်ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ အမှန်တကယ်စတိုင်ကျလှပနေသူများသည်
ရာသီအလိုက်အရောင်ရွေးချယ်ပြီး ဝတ်ဆင်ကျလေ့ရှိပါတယ်။ယခုအောက်ဖော်ပြပါ အရောင်(၅) မျိုးကတော့
New York ရှိ နာမည်ကြီး Fashion Designer များမှ ၂၀၁၆ခုနစ် နွေဦးရာသီနှင့် လိုက်ဖက်ညီစွာ ဝတ်ဆင်
ရမည့် အရောင်များဟု   ဖော်ပြထားပြီး အရောင်များ၏ အဓိပ္ပါယ်များကိုလည်း ဖော်ပြထားပါတယ်။
၁။ BUTTERCUP ( နို့ထော်ပတ် အဝါ)
နို့ထော်ပတ်အဝါရောင်သည် ဝတ်ဆင်သူကို ပျော်ရွင်သော သဏာန်ပေါ်စေပြီး တောင်ပနေသော နေမင်းကြီး
လို ထင်ပေါ်စေပါတယ်။
၂။ FIESTA ( ထယ်ဝါသော အနီ )
ယခု အနီရောင်သည် ရဲရင့်ခြင်း ကိုကိုယ််စားမပြုပါဘူး။ ပွဲတော်အရောင်ဖြစ်ပြီး ဝတ်ဆင်သူကို ထယ်ထယ်
ဝါဝါအဖြစ်ပေါ်လွင်စေ သော အနီရောင်ဖြစ်ပါတယ်။ ယခုအရောင်ကိုဝတ်ဆင်သောအားဖြင့်-
က။ မြင်သူကို စိတ်လှုပ်ရှားစေပါတယ်။
ခ။ လွတ်လပ်ပေါ့ပါးသော အသွင်အပြင်ကိုဖြစ်ပေါ်စေပါတယ်။
၃။ GREEN FLASH ( သစ်စိမ်းရောင် )
သစ်စိမ်းရောင်ကိုဝတ်ဆင်ခြင်းအားဖြင့် ပြိုင်ဘက်ကင်းသော အလှအပကိုရရှိမှာ ဖြစ်ပါတယ်။ပြီးနောက် ပွင့်လင်းမှု
ကိုဖော်ပြပါတယ်။
၄။ ICED COFFEE (ကော်ဖီအေးရောင်)
ကော်ဖီအေးရောင်ကို ဝတ်ဆင်ခြင်းအားဖြင့် မြင်လိုက်သောသူများ၏ရင်ကိုအေးစေပါတယ်။ နူးညံပြီး တည်ငြိမ်မှု
အသွင်အပြင်ကို ရစေပါတယ်
၅။ PEACH ECHO (မက်မွန်သီးရောင်)
မက်မွန်သီးရောင် သည်ရှားပါးသောအရောင်မဟုတ်ပင်မည့် လို့သိရှိသောသူများပင်ရှားပါးလှပါတယ်။မက်မွန်သီး
အရောင်ကို ဝတ်ဆင်သောသူများသည် ဖော်ရွေမှုရှိသော နွေးထွေးသော အသွင်အပြင်ကိုပေါ်လွင်စေပါသည်။
အထက်ပါဖော်ပြသွားသော အရောင်များသည် ၂၀၁၆ခုနစ်၏နွေဦးအရောင်များဖြစ်သောကြောင့် အဝတ်အစား
ဝတ်ဆင်ရာမှာ ရွေးချယ်ရုံသာမက အိမ်၊ဆိုင်၊အရောင်ပြခန်းနှင် မိမိ ကြိုက်နှစ်သက်သော မည့်သည့်နေရာများ
တွင်မှာမဆို စိတ်ကြိုက်အလှဆင်နိုင်ပါသည်။
D-bear(Shwemom)
Source:instlye.com
Saturday, May 16, 2015
ကိုယ်လုံးအကြီးဆုံးမော်ဒယ်
ကိုယ်လုံးအကြီးဆုံးမော်ဒယ် http://www.themeltingpot4u.com/2015/05/blog-post_109.html
Posted by The Melting Pot 4 U on Saturday, 16 May 2015
Tess Holliday ဆိုသည့် အမျိုးသမီးက ဖက်ရှင်လောကကြီးရဲ့ Plus-Size အမျိုးသမီးကို မော်ဒယ်အဖြစ်လက်မခံတဲ့ ဓလေ့ထုံးတန်းကြီးကိုပြောင်းလဲလိုက်ပါတယ်။ အခုဆို Tess ကို UK ရှိ MiLK Model Agency မှ မော်ဒယ်ဓါတ်ပုံရိုက်ရန်အတွက်စာချုပ်ချုပ်ထားပြီး Model များအနက် ကိုယ်လုံးကြီးဆုံးမော်ဒယ်ဖြစ်ပါတယ်။ Tess မှာ ခုဆို Plus-Sized ဝတ်စုံကြော်ငြာအများအပြားရိုက်ပြီးနေပြီဖြစ်ပါတယ်။ သူမရဲ့ ကြော်ငြာပုံတွေနဲ့ အလှ Selfie ပုံလေးတွေကြည့်လိုက်ပါဦးနော်။
Mr. News
Lwin Pyin
Tuesday, May 5, 2015
တင်ပါးအသားပေး ဖက်ရှင်တွေနဲ့ အပြိုင်အဆိုင်ပွဲတက်ခဲ့ကြသူများ
ဒီနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ Met Gala ပွဲတက်ရောက်လာခဲ့ကြသူတွေထဲမှာ သူတို့ရဲ့ဖက်ရှင်ကြောင့် ပရိသတ်တွေကြား ရေပန်းစားသွားသူတွေ ရှိနေပါတယ်။ သူတို့တွေကတော့ Jennifer Lopez၊ Kim Kardashian နဲ့ Beyonce တို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တင်ပါး အသားပေး ဖက်ရှင်၊ တစ်ကိုယ်လုံးကို ဘာမှဝတ်မထားသလောက် ထွင်းဖောက်မြင်နေရတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် သူတို့သုံးယောက်ဟာ တက်ရောက်လာတဲ့ အနုပညာရှင်တွေကြားထဲမှာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။
သူတို့သုံးယောက်ထက်စောပြီး ခုလို ဖက်ရှင်မျိုးကို Gwyneth Paltrow က၂၀၁၃ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Iron Man 3 အထူးပြသတဲ့ပွဲမှာ ၀တ်ဆင်ခဲ့ပါသေးတယ်။
ပို့စ်မျိုးစုံပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့တဲ့ Beyonce ဟာ သူမရဲ့ ၀တ်စုံက ဟော့လွန်းနေပေမယ့် သူမရဲ့ ကျော့ရှင်းလှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကိုတော့ အတိအကျကို ပြသသွားခဲ့ပါတယ်။
Peter Dundas ရဲ့ ၀တ်စုံနဲ့ ပွဲတက်လာတဲ့ Kim Kardashian ရဲ့ ဖက်ရှင်ကလည်း သူမရဲ့ဘေးတိုက်အလှကို ပိုထင်ပေါ်စေခဲ့ပါတယ်။
Jennifer Lopez ရဲ့ ဖက်ရှင်ကတော့ Gwyneth Paltrow ရဲ့ ဖက်ရှင်ကို အနည်းငယ်အဆန်းထွင်လိုက်တယ်ဆိုပေမယ့် အားလုံးကို ဆွဲဆောင်နိုင်လိုက်တာဟာ သူမရဲ့အရှင်းသား မြင်ရတဲ့ တင်ပါးကြောင့် ဖြစ်ပါလိမ့်မယ်။
Ref:cosmopolitan
Tuesday, April 7, 2015
အမျိုးသားတွေ ဆက်စီကျတယ်လို့ ထင်ကြတဲ့ အမျိုးသမီးတွေရဲ့ ဆံပင်ပုံစံနဲ့ မျက်လုံးအရောင်
အများစုဟာ သူတို့စိတ်ထဲ သဘောကျလေ့ရှိတဲ့ ဆံပင်အရောင်၊ ခန္ဓာကိုယ် အချိုးအစားနဲ့ မျက်လုံးအရောင် ဆိုပြီး အရင်ကတည်းကကို ရှိနေပြီးသားပါ။ ဒါပေမယ့် ဒီအရာတွေ အားလုံးပေါင်းစပ်ပြီး ဖြစ်လာတဲ့ ဘယ်လိုပုံစံမျိုးက အမျိုးသားတွေကြား ဆွဲဆောင်မှုရှိရှိလှနေတာမျိုး ဖြစ်လိမ့်မလဲ။ ဒီအကြောင်း Badoo ဆိုတဲ့ ဆိုက်ကနေ လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
အမျိုးသား ၂၀၀၀ကို ခေါ်ယူပြီး အမျိုးသမီးတစ်ယောက်ရဲ့ ဘယ်လိုဆံပင်ပုံစံအမျိုးအစားနဲ့ မျက်လုံးအရောင်ကို သဘောကျသလဲဆိုတာ မေးမြန်းပြီး စစ်တမ်းကောက်ယူမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အမျိုးသားတွေ အကြိုက်ဆုံး အမျိုးသမီးတွေရဲ့ ဆံပင်ပုံစံဟာ ပခုံးကျော်ကျော်ဆံပင်လောက်ကို နွယ်အလိမ်လေးတွေ ဖြစ်နေတာမျိုးပါတဲ့။ မျက်လုံးအရောင်ကတော့ အပြာရောင်ကို အနှစ်ခြိုက်ဆုံးလို့ ပြောထားပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ အမျိုးသားတွေထဲက သုံးပုံနှစ်ပုံဟာ ဆံပင်အညိုရောင်ရှိတဲ့ အမျိုးသမီးကို ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပြီး ကျန်တဲ့အမျိုးသားတွေကတော့ အနက်ရောင်ကို နှစ်ခြိုက်ကြပါတယ်တဲ့။ ကျန်တဲ့အနီနဲ့ အ၀ါရောင်ဆံပင်ကြိုက်တဲ့ အမျိုးသားထုကတော့ တော်တော်နည်းပါတယ်။
မျက်လုံးအရောင်မှာတော့ ခုနပြောသလို အပြာရောင်ဟာ အမျိုးသားတွေ သဘောအကျဆုံးဖြစ်ပေမယ့် ဒုတိယ သဘောကျဆုံးကာလာက အညိုရောင်ပါ။ နောက် တတိယနေရာမှာတော့ အစိမ်းရောင်မျက်လုံးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
http://www.trend.com.mm/2015/04/07/relationships-6330 
Saturday, April 4, 2015
ခေတ်စားလာသည့် ရွှေနှင့်လုပ်သည့် အတွင်းခံအကျီများ (သတင်း ဓာတ်ပုံ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှန်ဇီးခရိုင်မှာ ဧပြီ ၂ ရက်က ကျင်းပတဲ့ ဖက်ရှင်ရှိုးမှာ ရွှေနဲ့ လုပ်ထားတဲ့ အထည်တွေကို မော်ဒယ်တွေက ၀တ်ဆင် ပြသခဲ့ပါတယ်။
ဒီပွဲမှာ အမျိုးသား မော်ဒယ်တဦးက ရွှေ ၃ ကီလို ဂရမ်နဲ့ ချုပ်ထားတဲ့ အင်္ကျီကို ၀တ်ဆင်ပြီး ပြသခဲ့ပါတယ်။
ဒါအပြင် အမျိုးသမီး မော်ဒယ်၂ ဦးကလည်း တမူထူးခြားတဲ့ ရွှေ ၁.၅ ကီလိုဂရန်နဲ့ ချုပ်ထားတဲ့ အတွင်းခံ အင်္ကျီတွေကို ၀တ်ဆင်ပြသခဲ့ပါတယ်။
ဒီအင်္ကျီ ၃ ထည်ကို ပန်းတိမ်ပညာရှင် ၃၀ လောက်က ၃ လ အချိန်ယူချုပ်ခဲ့ရတာ ဖြစ်ပါတယ်။
DVB
Tuesday, February 24, 2015
အကျပ်လွန်ဘောင်းဘီဝတ်ခြင်း၏ ဆိုးကျိုးများ
ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများကို ပုံမှန်လဲလှယ်မှု မရှိ သည့်အတွက် လုံလောက်သော သန့်ရှင်းမှုမရှိ ခြင်း၊ ကျပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိသော်လည်း နောက်ဆက်တွဲကျန်းမာ ရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်များကပြောပါ သည်။
ယခုအခါတွင် ခန်္ဓာကိုယ်အလှကို ပေါ်လွင် စေသည့် ဘောင်းဘီ ကျပ်ကျပ်များ လူငယ်ထု အတွင်း ပိုမိုအကြိုက်များလာကြသည်။ ထို ဘောင်းဘီအကျပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းအရင်းများစွာထဲ မှတစ်ခုလည်း ဖြစ်နိုင်ကြောင်းသိရသည်။ ဘောင်းဘီကျပ်ကျပ်သည် စမတ်ကျလှပသော် လည်း သက်သောင့်သက်သာတော့ မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကျပ်နေ သည့် ဘောင်းဘီသည် အရေပြားပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြည်ဥခြင်း များအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေ သည့် အရေပြားမှတဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။
ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ် ခြင်း၊ ညပိုင်းတွင် ဆီးမကြာခဏသွားခြင်း၊ ဆီး အရောင်အနံ့ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းစသည့် ရောဂါလက်္ခဏာများဖြစ်ပြီး၊ ဆီးနှင့် ကျောက်ကပ်ရောဂါအများစုမှာ ဆီးလမ်း ကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာမကုသပါက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ပါ သည်။
ဘောင်းဘီရှည်အကျပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ် ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီး နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ၀မ်းသွား ခြင်းစသည့် ဆိုးရွားသည့်ပြဿနာများပါ ဖြစ် ပွားနိုင်ကြောင်း သိရသည်။ ““အောက်ခံအ၀တ် ကျပ်ကျပ်တွေကတော့ ပထမဆုံးပေါင်ပွန်း တာ တွေဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေရောင် လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေ ပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေ အနေတွေ ဖြစ်လာနိုင်တယ်””ဟု ဒေါက်တာ မြတ်ဝေကပြောသည်။
အရေပြားတွင်ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော် လည်း လိမ်းဆေးအချို့တွင် အရေပြားကိုယ်ခံ စွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်း ဆေးများလည်းရှိသည်။ ထိုကဲ့သို့သော လိမ်းဆေး များအား ရိုးရိုးယားနာပျောက်ရန်အတွက် လိမ်း သည့်အခါ အရေပြား ပွန်းပဲ့ခြင်းကြောင့် ပုံမှန် မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံ စွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွားသွားစေ သည်လည်းရှိကြောင်း သိရ သည်။ ဘောင်းဘီကျပ်များက ပေါင်နေရာအား စည်းထားသလိုဖြစ်သည့်အတွက် ကျပ်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့ပါ ဖြစ်ပေါ်စေနိုင်ပါသည်။
ကျပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိအကြောများ၊ တင်ပါးဆုံမှ အာရုံ ကြောများ ထိခိုက်နိုင်ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင် သည့်အပြင် ခြေထောက်ရှိအကြောများပြတ် တောက်ခြင်း၊ အရေပြားတွင် အကြောများ ပြတ် တောက်ခြင်းစသည့် ဆိုးကျိုးများ လည်း ဖြစ်ပေါ် စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေး ချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေ ရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရ သူများ ဘောင်းဘီကျပ်ကျပ်ဝတ်ခြင်းအား ပိုမို သတိပြုသင့်ကြောင်းသိရသည်။ များသောအား ဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအ၀တ်အစားများအား မူလသုံးသည့် ဆိုဒ်များသာသုံးခြင်းကလည်း အရေပြားပွန်းပဲ့ ပြီး နောက်ဆက် တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသား၊ အမျိုးသမီး များအတွက် အောက်ခံအ၀တ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးပါသည်။ အောက်ခံ အ၀တ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက် ထက်ပို၍ ၀တ်ဆင်ရန်မသင့်တော်ပေ။
ခန်္ဓာကိုယ် မှထွက်ရှိလာသည့် ချွေးများကြောင့် စိုစွတ်နေ သည့် အောက်ခံအ၀တ်အစားများအတွင်း ပိုး ပေါက်ဖွားပြီး မှိုပိုးများဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါ များ ဖြစ်ပွားလာနိုင်ခြင်းစသည် တို့ကို ခံစားရနိုင်ပါသည်။
ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အဟောင်းလွန်သွားသည်အထိ Underwear များအား အသုံးပြုနေခြင်းတို့သည် အောက်ခံအ၀တ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီခြင်း၊ ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက် တာထူးညိုကပြောသည်။ အောက်ခံအ၀တ်အ စားများအား ခြောက်လ ထက်ပိုပြီး အသုံးမပြု သင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို လည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်ခံအ၀တ်အစား ကျပ်ကျပ်များ ကို ၂၄ နာရီလုံး ၀တ်ဆင်ထားခြင်းသည် အမျိုး သားများအတွက် သားသမီးရနိုင်သည့် စွမ်းရည် ကိုပါ ကျဆင်းစေ သည်အထိ ဖြစ်နိုင်ကြောင်း နှင့် ထိုအ၀တ်အစားများကို အမျိုးသား၊ အမျိုး သမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင် ကြဉ်သင့်ကြောင်း နိုင်ငံတကာ မှ ပညာရှင်များ ကလည်း အကြံပြုပြောကြားထားသည်။
““ညဘက်အိပ်တဲ့အချိန်မှာ ကိုယ်ခန်္ဓာရဲ့ ကြွက်သားတွေကလည်း နားနေကြတယ်။ အညစ်အကြေးထုတ်တာ၊ ကိုယ်ခံအားစနစ် ပြုပြင်ပေး တာတွေ လုပ်နေတဲ့အချိန်မှာ ကျပ် တဲ့အောက်ခံတွေက အနှောင့် အယှက်ပေးတယ်။ အမျိုးသားတွေမှာ အဲလိုအောက်ခံကျပ်ကျပ်တွေ ရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်””ဟု ဒေါက်တာ ဘုန်းနေသွန်း က ပြောသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများမှ တဆင့် ရောဂါများရရှိ သည်အထိ မဖြစ်စေရန်၊ ရွေးချယ်အသုံးပြုကြ ရန် လိုအပ်ပြီး၊ မိမိနှင့်သင့်လျော်သည့် သိပ် မကျပ်လွန်း၊ မကျယ်လွန်းသည့် အ၀တ်အစား များအသုံးပြုခြင်း၊ အောက်ခံအ၀တ်အစားများ အား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေး စုပ်နိုင်သည့်အသားဖြင့် ပြုလုပ်ထားသော အောက်ခံ များအား အသုံးပြုသင့်ကြောင်း သိရ သည်။ နိုင်ငံတကာရှိ ကျန်းမာရေး ဆိုင်ရာ ပညာ ရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေး အတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့်အချက် များထဲတွင် ဒေါက်ဖိနပ်အမြင့်များ စီးခြင်း၊ ဆေး မင်ကြောင်ထိုးခြင်း၊ ခန်္ဓာကိုယ်အပေါက် များ ဖောက်ခြင်း၊ နေပူခံခြင်းစသည့်အကြောင်းအရာ များအပြင် အလွန်ကျပ်သည့် ဘောင်းဘီများက လည်း ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်ကြောင်း ဖော်ပြထားကြသည်။
သုတေသီဆရာဝေ
M Plaza Shopping Journal (Vol 1 , No. 16)
Friday, February 13, 2015
မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံရတဲ့ အသက်(၈၃) နှစ်အရွယ် အဘွားအို
       ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံရသူ အများစုဟာ နုပျိုသစ်လွင်နေတဲ့ ဆယ်ကျော်သက် အရွယ်တွေသာ ဖြစ်ကြပါတယ်။ ဒါပေမဲ့ NEW YOU ဖက်ရှင် မဂ္ဂဇင်းဟာ မျက်နှာဖုံးရှင် အဖြစ် ဖော်ပြရာမှာ အသက်(၈၃)နှစ်အရွယ်  အဘွားအိုကို ရွေးချယ်ခဲ့ ပါတယ်။ ဒီအဘွားအို နာမည်က ကာမန်းဒယ်အိုရီဖီစီ ဖြစ်ပါတယ်။ ကာမန်းဟာ အသက် (၁၅) နှစ်အရွယ်ကတည်းက နာမည်ကြီး Vogue မှာ မျက်နှာဖုံရှင် အဖြစ် ဖော်ပြခံခဲ့ရဖူး ပါတယ်။ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့တဲ့ ကာမန်းဟာ အီတလီနဲ့ ဟန်ဂေရီ မိဘနှစ်ပါးက မွေးဖွားခဲ့တာကြောင့် ချောမော လှပသူ ဖြစ်ပါတယ်။ ကာမန်းဟာ အိမ်ထောင် သုံးကြိမ် ကျဖူးပြီး ဘ၀ အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူး ပါတယ်။ ထူးခြားတာက ကာမန်းဟာ အသက်ကြီးသွားပေမယ့် စိတ်ကူး စိတ်သန်း က လူငယ် တစ်ဦးလို ဖြစ်ပါ တယ်။ ဇိမ်ခံ ပစ္စည်းတွေ ကြိုက်နှစ်သက်သလို အချစ်ရဲ့ အရသာကို အသက် (၈၀)ကျော်အထိ အဓိပ္ပာယ် ဖွင့်ဆိုနေဆဲ ဖြစ်ပါတယ်။ ကာမန်းက ကျွန်မဟာ အချစ်ကို ရင်ခုန်နေဆဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ အသက်ရှူသံတွေမှာ အချစ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မဟာ ဇိမ်ခံကားတွေ ကိုလည်း နှစ်သက်မှု ရှိပါတယ် လို့ ဆိုခဲ့ပါတယ်။ ကာမန်းဟာ အသက်ကြီးနေ ပေမယ့် အခြားသူတွေနဲ့ မတူတာက သေခြင်း တရားကို ပြင်ဆင် ထားခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထား ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာအား အထောက်အကူ ဖြစ်စေပြီး  ကျန်းမာရေး ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုခဲ့ပါတယ်။
အေသင်အောင်
http://www.messengernewsjournal.com/General/Eventure/detail.php?id=31768
Sunday, January 18, 2015
Ref:cosmopolitan.com
http://www.trend.com.mm/2015/01/19/news-5521
............................
အမျိုးသမီးတွေအတွက် အထူးထုတ်လုပ်လိုက်တဲ့ အတွင်းခံဘောင်းဘီဒီဇိုင်းသစ် နာမည်ကြီးနေ
မေသော် on 2015-01-19 10:04
MINKANAK အမည်ရ ကုမ္ပဏီက ဒီဇိုင်းထုတ် ဖန်တီးလိုက်တဲ့ အတွင်းခံဘောင်းဘီဟာ selfie ရိုက်ရတာ ဝါသနာပါတဲ့သူတွေ၊ မှန်ရှေ့selfie ရိုက်လေ့ရှိသူတွေနဲ့ ရေကူးဝတ်စုံဒီဇိုင်းအဆန်းလေး ဝတ်ချင်သူတွေအတွက် အထူးထုတ်လုပ် ထားတယ်လို့ သိရပါတယ်။ ဒီဇိုင်းကတော့ ရိုးရှင်းပါတယ်။ အတွင်းခံဘောင်းဘီမှာ ကြောင်ရုပ်လေးတွေနဲ့ မိန်းကလေးတွေ နှစ်ခြိုက်အောင် ဖန်တီးထားတာပါ။ ဒီလိုဒီဇိုင်းထုတ်ဖြစ်သွားတာက အွန်လိုင်းက အမျိုးသမီးတစ်ယောက်ဟာ အဲ့ဒီလို ကြောင်ရုပ်ပါတဲ့ အတွင်းခံဝတ်ပြီး ဓာတ်ပုံရိုက်ထားတာကို မြင်တွေ့ပြီးနောက်ပိုင်း အဲ့ဒီဘောင်းဘီကို စျေးကွက်ထဲ ရှာခဲ့ပေမယ့် မတွေ့တာကြောင့် ဒီဇိုင်းထုတ်ရောင်းချဖို့ အကြံရသွားခဲ့တာလို့ သိရပါတယ်။ ဒီဘောင်းဘီဟာ ခု စျေးကွက်ထဲ ရောက်ရောက်ချင်းမှာတင် အမျိုးသမီးတွေရဲ့ အားပေးမှုကို ရရှိနေပြီလို့လည်း သိရပါတယ်။
Selfie ရိုက်ဖို့ ခုလိုထုတ်တယ်လို့ ဆိုလိုက်ရင် အားလုံးတွေးကြမှာက ဒါဆို ဂါဝန်၊ စကတ်အောက်ကနေ ဒီဘောင်းဘီကပဲ ပေါ်နေမလိုလို၊ ဖော်ပဲဖော်ထားရမလို ရှက်စရာကောင်းလှတယ်လို့ ထင်ပါလိမ့်မယ်။ သူတို့က ဒီအချက်ကို မလိုအပ်ပဲ ပေါ်သွားခဲ့သည်ရှိရင်တောင် ကြောင်ရုပ်လေးနဲ့မို့ မကောင်းတဲ့သဘောထက် ဖက်ရှင်ကျ၊ ချစ်စရာကောင်းနေစေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ။ ဒါနည်းနည်းတော့ အာရုံနောက်စရာကောင်းနေပါတယ်။ ရေကူးဝတ်စုံအနေနဲ့ ဝတ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ သူတို့ထပ်ရှင်းထားတာက ဒါဟာ selfie ရိုက်ဖို့အတွက် သီးသန့်မဆိုလိုပဲ ဂါဝန်တို၊ စကတ်တို ဝတ်ဆင်တဲ့အမျိုးသမီးတွေအတွက်လည်း ရည်ရွယ်တယ်လို့ ထပ်ရှင်းသွားပါတယ်။
Ref:cosmopolitan.com
Sunday, August 24, 2014
အမျိုးသမီးအတွင်းခံပစ္စည်းသစ် အကြမ်းဖက်အဖွဲ့နဲ့နာမည်တူနေ
အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းတခုက သူတို့ရဲ့ကုန်ပစ္စည်းသစ်ကို  အိုင်ဇစ် - ISIS  လို့ အမည်ပေးထားပါတယ်။ 
Islamic State of Iraq and Syria - ISIS 
 ဆိုတာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တခုရဲ့အမည်ပါ။ အခုတော့ Islamic State - IS လို့ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အမေရိကန်စာနယ်ဇင်းသမားတယောက်ကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ပါ။ အဲဒီ
အကြမ်းဖက်လုပ်ရပ်ကိုတော့ http://blog.irrawaddy.org/2014/08/is.html မှာ ဖတ်ပြီးဖြစ်မှာပါ။ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ ဒီဖြစ်ရပ်နဲ့ နောက်ဆက်တွဲသတင်းတွေကို ခုချိန်ထိ အဆက်မပြတ် ထုတ်လွှင့်နေတာ တွေ့ရမှာပါ။
အကြမ်းဖက်အဖွဲ့နဲ့ ဆင်တူနေတဲ့ ဒီနာမည်ကြောင့် ဒီပစ္စည်း ရောင်းအား ကောင်းပါ့မလား။
ဘာကြောင့် ဒီနာမည်ကို ရွေးခဲ့ရတာလဲ။
 အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းကတော့ ISIS  ဆိုတဲ့ အမည်ဟာ ရှေးဟောင်းအီဂျစ်နတ်သမီးတပါးရဲ့အမည်ဖြစ်လို့ အဲဒါကို ယူခဲ့တာပါပဲ လို့ ရှင်းချက်ထုတ်ပါတယ်။
ဒီပစ္စည်းသစ်အတွက် ကာလအတန်ကြာကတည်းက ပြင်ဆင်ထားခဲ့တယ်လို့လည်း ရှင်းပါတယ်။
ဒီကာလမှာ မတော်တဆ တိုက်ဆိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြရတာကို နားလည်တယ်၊ အကြမ်းဖက်လုပ်ငန်းကို ထောက်ခံဖို့ လုပ်ခဲ့တာ မဟုတ်သလို ကန့်ကွက်ဖို့ လုပ်ခဲ့တာလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
စိတ်မကောင်းဖြစ်ကြရတာတွေအတွက် တောင်းပန်ပါတယ် တဲ့။ 
The Independent သတင်းစာရဲ့ ရင်းမြစ်တခုကတော့ ဈေးကွက်ထဲ ဒီထုတ်ကုန်သစ် ဖြန့်မယ့်အချိန်မှာ တံဆိပ်ကို ပြင်ဖို့က သိပ်နောက်ကျသွားပြီ၊ ဒီနာမည်ကို လွန်ခဲ့တဲ့ ၆ လ ကတည်းက ရွေးထားတာလို့ ဆိုပါတယ်။
ဒါကတော့ http://www.huffingtonpost.co.uk မှာ တွေ့ရတဲ့ သတင်းတပုဒ်ကို ကောက်နုတ်ဖော်ပြခြင်းပါ။
 ISIS အမည်နဲ့ ရေမွှေးတို့ ဘာတို့ လုပ်ငန်းရှင်အသီးသီး ထုတ်ခဲ့ပေမယ့်လည်း အရင်က ပြဿနာ မတက်ခဲ့ပါ။ အခုတော့ အကြမ်းဖက်အဖွဲ့ရဲ့ လတ်တလောဖြစ်စဉ်ကြီးတခုကြောင့် ရှင်းချက်ထုတ်နေရခြင်းပါ။
စိတ်မကောင်းစရာ အကြောင်းတိုင်ဆိုင်မှုပါပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆက်စပ်
  • Southeast Asia Fears Militant Fallout as Mideast Conflict Widens
http://www.irrawaddy.org/asia/southeast-asia-fears-militant-fallout-mideast-conflict-widens.html
  • Is Southeast Asia Supplying Jihadists to the Middle East?
http://www.irrawaddy.org/asia/southeast-asia-supplying-jihadists-middle-east.html
Thursday, May 15, 2014
မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ၀တ်စားဆင်ယင်မှု ဆိုတာ ဘာလဲ
~ အိမ့်သံစဉ် ~ 
ပြန်ကြားရေး ၀န်ကြီးဌာက စာနယ်ဇင်း ကောင်စီကို နိုဝင်ဘာလ ၉ ရက်နေ့က သတိပေးစာ တစောင် ထွက်ပေါ်လာခဲ့ပါတယ်။ 
အဲဒီသတိပေးစာမှာ ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော အမျိုးသမီးပုံ များ ဖော်ပြနေ သော ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေ မှုများအပေါ် စာနယ်ဇင်း ကောင်စီအနေဖြင့် လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ရန် ပြန်ကြားရေး ၀န်ကြီး ဌာနက စာပေးပို့တာအပေါ် အတွေး စတွေ ၀င်ရောက်လာလို့ အခုလို ရေးသားလိုက်တာဖြစ်ပါတယ်။ 
မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာကို ဘယ်ခေတ်ကာလက ၀တ်စားဆင်ယင်ပုံကို သတ်မှတ် ကြသလဲ ဆိုတာ အငြင်းပွားစရာ ဖြစ်မယ်ထင်ပါတယ်။ 
၂ ရာစု အစ ၆ ရာစုအလယ် ၉ ရာစု ပျူခေတ်က ၀တ်စား ဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှု လို့ ခေါ်ဆိုရ မည်လား၊ သို့တည်း မဟုတ် ၁၁ ရာစု ပုဂံခေတ်က ၀တ်စားဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စား ဆင်ယင်မှုလို့ ခေါ်ဆိုရ မည် လားဆိုသည်တော့ ပညာရှင်တွေ ပြောဆိုတာ ပိုသင့်တော်မယ်ထင်ပါတယ်။ 
ပျူခေတ် ဒင်္ဂါး တခု၊ ဓာတ်ပုံ- antique-burma.blogspot.com
ပျူဆိုတာဟာ ရှေးမြန်မာလို့ လူအများ ပြောဆိုတာရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ပျူ ခေတ်က အစပြု တယ်ဆိုရင် တော့ မြန်မာအစ ပျူ ကလို့ ဆိုစကား ရှိထားတဲ့အတိုင်း ပျူခေတ်က ၀တ်စား ဆင်ယင်ပုံ မှာ မြန်မာ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုလို့ ခေါ်ရ မလားပါဘဲ။ 
ပျူခေတ်မှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ၀တ်စား ဆင်ယင်မှုမှာ အပေါ်ပိုင်း ပုခုံးသားအောက်အထိ ဗလာကျင်းပြီး ရင်လျား ထမိန်နှင့် ၀တ်စား ဆင်ယင်ဟန်ကို ဖတ်ဖူး မှတ်ဖူးခဲ့ပါတယ်။
ဒါမှမဟုတ် မြန်မာအစ ပုဂံက ဆိုပြီး ၁၁ ရာစု ပုဂံခတ် ၀တ်စားဆင်ယင်ပုံဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ၀တ်စား ဆင်ယင်မှု ဆိုရင် ပုဂံခေတ် ၀တ်စားဆင်ယင်ပုံကလည်း အမျိုးသမီးတွေဟာ အလားတူ ရင်လျားနဲ့ ခါးသားပေါ်နေတဲ့ ၀တ် စား ဆင်ယင်မှုကို ရှေး ပုဂံ ကျောက်စာတွေ က တဆင့် သိမြင်နိုင်ပါတယ်။
ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ ကူးပြောင်းလာတာနဲ့အမျှ ၀တ်စား ဆင်ယင်မှုတွေက တခတ်နဲ့ တခေတ် မတူကြပါဘူး။ 
ကုန်းဘောင်ခေတ် နန်းဟန် ၀တ်စားဆင်ယင်တဲ့ အမျိုးသမီးတွေဟာ ပါးလွှာတဲ့ ဇာကို ခါးထောက်၊ ရင်ကွဲ အပေါ်ဝတ် အင်္ကျီနဲ့ ထမိန်ကို အနားမိတ် အရှည် ၀တ်ဆင်ခဲ့ကြတာ သတိထားမိမယ် ထင်ပါတယ်။ 
နောက်တမျိုးကတော့ ရင်ဖုံး အပြည့် လက်ရှည်၊ လက်စက၊ ပွပွနဲ့ ထမီရှည်ကို ပတ်ပြီး ၀တ်တာမျိုးလည်း ခတ်စားခဲ့ပါသေးတယ်။ 
ဒါပေမယ့် မြန်မာတွေဟာ အစဉ်ပဲ ခေတ်နဲ့ အမီ နေထိုင် ၀တ်စားတတ်ကြပါတယ်။
ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာ တကယ်တော့ အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ်ပါ။ မြန်မာ့ ယဉ်ကျေးမှု နဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာ ဘယ်ခေတ်က ၀တ်စားဆင်ယင်မှုကို ခေါ်ဆိုသလဲ ဆို တာ တကယ်ဆို ဆွေးနွေးပွဲတွေ လုပ်ဆောင်သင့်ပါတယ်။ 
အပိုင်း ၂ ကို ဆက်လက် ဖော်ပြသွားပါမည်။ Part 2
 ~ အိမ့်သံစဉ် ~
ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက် သီပေါ ဘုရင် လက်ထက် ၁၈၈၅ ခုနှစ်မှာ မြန်မာနိုင်ငံ တခုလုံး ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်ခွဲ တခု အနေနဲ့ အုပ်စိုးခဲ့ပါတယ်။ 
တကယ်တော့ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးကတည်းက အောက်မြန်မာနိုင်ငံ တနင်္သာရီ တလျှောက် ဗြိတိသျှ လက်အောက်ကျရောက်ခဲ့ပြီး ၁၈၅၅ ခု အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီးမှာေ
တော့ မြန်မာပြည် အောက်ပိုင်းနဲ့ အလယ်ပိုင်းအထိ ဗြိတိသျှ ကိုလိုနီလက်အောက်ကျရောက်ခဲ့တာ သိကြပြီးဖြစ်ပါတယ်။ 
ဒါကြောင့်ပဲ အပူပိုင်းဒေသ မြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှုဟာ တပိုင်းအားဖြင့် အိန္ဒိယဟန် ရောထွေးနေ တာကိုလည်း မေ့ပစ်လို့ မရပါဘူး။ 
ထိုက တဆင့် လွတ်လပ်ရေး စစ်ကြိုခေတ် မြန်မာများရဲ့ ၀တ်စားဆင်ယင်မှုမှာ တောင်ရှည်ဝတ်၊ ထိုင် မသိမ်းနဲ့ ဟန်တွေဟာ နန်းဝတ် နန်းစားဟန် ရှိခဲ့ပေမယ့် နောက်ပိုင်း ၀တ်စား ဆင်ယင်မှုဟာ အနည်း ငယ် ရွေ့လျားလာခဲ့ပြီး ဗြိတိသျှ ဟန် ရောထွေး ယှက်တင် လာတာလည်း တွေ့ရပါတယ်။ 
နောက်ပိုင်း လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ်တလျှောက် မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်မှု နဲ့ ခေတ်မီပုံတွေ ဟာ တချိန်က သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ထင်ဟပ်ပါတယ်။ အထူးသဖြင့် ထိုခေတ်က လှယဉ်ကျေးမယ်၊ ကိုယ် ကာယအလှမယ် စတဲ့ ဓာတ်ပုံတွေမှတ်တမ်းတွေအရ ထင်ထင်ရှား ရှား သိမြင်နိုင်ပါတယ်။ 
ဒါပေမယ့် ဆိုရှယ်လစ်ခေတ် ၀တ်စား ဆင်ယင်ပုံတွေမှာတော့ ပိုပြီး လုံလုံခြုံခြုံ ၀တ်စားလာတာကိုလည်း သတိထားမိပါတယ်။ 
ရှေးမြန်မာအမျိုးသမီးတွေ ၀တ်စားဆင်ယင်ပုံနဲ့ နှိုင်းယှဉ်ရင် အခု နောက်ပိုင်း ၀တ်စားဆင်ယင်မှုတွေက ပိုပြီး ယဉ် ကျေး လာတာလား၊ ဒါမှမဟုတ် ပိုပြီး ယဉ်ကျေးမှု နိမ့်ပါးသွားတာလား ဆိုတာတော့ မစဉ်းစား တတ်အောင်ဖြစ်မိပါတယ်။ 
ပါလီမန် ဒီမိုကရေစီခေတ်က မြန်မာအမျိုးသမီးအလှမယ်တွေရဲ့ နိုင်ငံတော်အဆင့် ပြိုင်ပွဲတွေက ဓာတ်ပုံ 
ဟောင်းတွေ၊ မှတ်တမ်းဟောင်းတွေကို ပြန်လေ့လာတဲ့အခါမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူး လို့ ပြောဆို ပြစ်တင်တာ မရှိခဲ့ဖူးပါဘူး။ 
တကယ်တမ်း ပြောကြစတမ်းဆိုရင် မြန်မာနိုင်ငံမှာ ဒေသတခုနဲ့ တခုကလည်း ၀တ်စား ဆင်ယင်ပုံချင်း မတူကြပါဘူး။ မန္တလေးနဲ့ အနီးတ၀ိုက်က ၀တ်စားဆင်ယင်မှုမှာဆို တမျိုး တဘာသာ၊ တခတ်ဆန်းပါတယ်။ တချိန်က ရွှေခြေချင်းနဲ့ ၀တ်စား ဆင်ယင်ပုံ၊ ဇာ ပန်းပေါက်နဲ့ ဘလောက်စ် အင်္ကျီတွေဟာတွေဟာ အထင်အရှားဖြစ်ခဲ့ပါတယ်။ 
ဒီလိုနဲ့ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေဟာ အပေါ်ပိုင်း ဗလာကျင်းခဲ့ရာက ရင်စေ့၊ ထိုကတဆင့် ရင်ကွဲ၊ ထိုက တဆင့် ရင်ဖုံး၊ ထိုကတဆင့် တဖြည်းဖြည်း ထမိန်ဝတ်ရာက စကပ်၊ စကပ်ဝတ်ရာ က ဘောင်းဘီရှည်၊ ဘောင်းဘီတို စသဖြင့် ပြောင်းလဲ ၀တ်စားဆင်ယင် လာကြပါတယ်။ 
အမျိုးသမီး တဦးရဲ့ တန်ဘိုးဟာ အ၀တ်အစားနဲ့ တိုင်းတာတာ မဟုတ်ပဲသူ့ရဲ့ ကိုယ်ကျင့်နဲ့သာ တိုင်းတာ သင့်ပါတယ်။ 
ဒီဘက်ခေတ် အမျိုးသမီးများရဲ့ဝတ်စားဆင်ယင်မှုမှာ တကယ်တော့ လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင် မှုကို ပိုပြီး နှစ်သက် လာတာတွေ့ရသလို ဒါကလည်း ဘ၀က ပေးတဲ့ အသိတရားကြောင့် ဖြစ်မယ်လို့ ပြောရ မလားဘဲ။ 
တချိန်က အမျိုးသမီးတွေရဲ့ ဘ၀ နေဟန်၊ ဘ၀ တန်ဘိုးနဲ့ ယခုခေတ် ဘ၀နေဟန် တန်ဘိုးတွေ ကွဲလွဲ လာကြပါတယ်။ တချိန်က အမျိုးသမီးတွေဟာ အိမ်မှုကိစ္စများနဲ့ အိမ်ထောင်ထိမ်းသိမ်းရတဲ့ ဘ၀ အခြေမှာ ပဲ လှောင်ပိတ်နေခဲ့ကြတာ များပါတယ်။ 
အခု ခေတ်မှာတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် အသီးသီးမှာ အမျိုးသမီးတွေက တထောင့်တနေရာက လောကအကျိုး သယ်ပိုး နေထိုင်လာကြ တာလည်း ဖြစ်ပါတယ်။ 
ဘ၀ အခြေအနေ ပြောင်းလဲလာတာနဲ့ အမျှ အမြင် လုံးဝ မရိုင်းပဲ လွတ်လပ် ပေါ့ပါးစွာ ၀တ်စားဆင်ယင်မှု ဟာ မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုနဲ့ မလျော်ညီဘူးလို့ ပြောလို့ရပါ့မလား။ 
ဒါပေမယ့် မြန်မာစစ်အစိုးရများ ခေတ်က လူကြီးမင်းများကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင် ယင်မှု ဆိုတဲ့ ကန့်သတ် တားမြစ်မှုတွေနဲ့ မြန်မာ့လူ့ဘောင်ကို အမှောင်ချထားခဲ့ပြီး နိုင်ငံရေး ကစားကွက်အဖြစ် အသုံး ပြုကြတာလည်းဖြစ်ပါတယ်။ 
တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ Elite ဆိုတဲ့ လူ့မလိုင်လွှာ လူတန်းစားတွေကပဲ အမြင်မတော် ၀တ်စား ဆင်ယင်တတ်ကြတာ နိုင်ငံသားတိုင်း သိကြပြီးဖြစ်မှာပါ။ 
 ကျေးဇူးတင်ပါတယ်။
Tuesday, April 8, 2014
ယောက်ျားလေးများလည်း ဒေါက်ဖိနပ် စီးလာကြပြီ
ရိုးရာမပျက် ယောကျာ်းလေးတွေအတွက် ပြုံးချင်စရာဖြစ်ပေမဲ့ ဖက်ရှင်မျက်စိရှိပြီး တမူထူးခြားချင်တဲ့ ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေရဲ့နယ်ပယ်ထိချဲ့လာပြီး သူတို့ကိုယ်ပိုင် လုပ်လာကြပြီလို့ DailyMail က ဖော်ပြလာပါတယ်။
မိန်းကလေးတွေရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဒေါက်ဖိနပ်တွေကို ယောက်ျားလေးတွေလည်း ဝတ်ဆင်လာကြတာဖြစ်ပါတယ်။
 “ကျွန်တော်မနေ့က ပါတီပွဲတစ်ခုကို သွားတာ၊ အဲဒီ့မှာ လူတစ်ယောက်က ဘောင်းကျီက ရိုးရိုး၊ အင်္ကျီက ရိုးရိုးပဲ၊ ဖိနပ်က တစ်ကယ်ဟော့တဲ့ ဒေါက်မြင့်ဗျ။ လူတိုင်းက ဘယ်လိုဖြစ်သွားလဲဆိုတော့ အိုးမိုင်ဂေါ့ဒ် ဒီဖိနပ်တော့ ကြိုက်တယ်ကွာ!ပဲ” လို့ LAမှာရှိတဲ့ Mr Blackကလပ်က အစီအစဉ်မှုး Luke Nero က New York Times ကို ပြောကြားခဲ့ပါတယ်။
ဒီလိုယောက်ျားလေးတွေ ဒေါက်မြင့်ဖိနပ်ဝတ်တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘဲ ခုနှစ်ဆယ်ခုနှစ်တွေတုန်းကလည်း ဒေါက်မြင့်ဖိနပ်တွေဟာ ယောကျာ်းလေးတွေရဲ့ ခြေထောက်အောက်ကို ရောက်ရှိလာသေးတယ်လို့ဆိုပါတယ်။
သမိုင်းထဲမှာဆိုရင် ပြင်သစ်ဘုရင် လူဝီ ၁၄ ဟာ ၁၆၆၀ ခုနှစ်တွေမှာ Nicholas Lestage လုပ်ပေးတဲ့ လေးလက်မမြင့် ဒေါက်ဖိနပ်တွေကိုဝတ်တာ အဲ့အချိန်တုန်းက သူ့ဒီဇိုင်းတွေကို ချီးကျူးခဲ့ကြပါတယ်။
လက်ရှိ ဒေါက်ဖိနပ်ဝတ်တဲ့ အလားအလာဟာ ယောက်ျားလေးတွေအတွက် ပျင်းစရာကောင်းတဲ့ ရွေးချယ်စရာတွေ ကြားမှာအမြစ်တွယ်လာနေပါတယ်။
ဒီလိုဝတ်ခြင်းဟာ စတိုင်သက်သက် ဝတ်တာထက်လည်း ပိုနေတယ်လို့ဆိုပါတယ်။
“တကယ်ကို အားပါတဲ့ အရာတစ်ခုပါ။ ဒီ့ပြင် တစ်ယောက်ယောက်ထက် ခင်ဗျားပိုမြင့်သွားမယ်။ ပိုမိုက်သလို ဖြစ်သွားမယ်။ ခင်ဗျားခြေထောက်တွေလည်း ပိုကြည့်ကောင်းသွားမယ်ဗျာ” လို့ ဒေါက်မြင့်ဖိနပ်ဝတ်သူ တစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Gregory Alexander က ပြောကြားခဲ့ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Photo : http://www.dailymail.co.uk/femail/article-2050300/High-heels-men-rise.html
Thursday, February 20, 2014
BRIT ဆုပေးပွဲ ၂၀၁၄ မှာ အီဂျစ်ဟန်အ၀တ်အစားနဲ့ဖျော်ဖြေခဲ့တဲ့ Katy Perry
၂၀၁၄ BRIT ဆုပေးပွဲမှာ Katy ဟာအရောင်အသွေးစုံလင်တဲ့ အီဂျစ်စတိုင်အ၀တ်အစားတွေကိုဝတ်ဆင်ပြီး သူမရဲ့ hit ဖြစ်ခဲ့တဲ့သီချင်း Dark Horse ကိုဖျော်ဖြေသွားပါတယ်။ ဖေဖေါ်ဝါင်္ရီလ ၁၉ ရက် လန်ဒန်မြို့က O2 Arena မှာကျင်းပတာဖြစ်ပါတယ်။
အသက်၂၉နှစ်အရွယ်အဆိုတော်ဟာ backup dancer တွေ၊နောက်ခံအဆိုတော်တွေများစွာနဲ့အတူဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
အဲဒီ့နေ့ညစင်မြင့်ပေါ်မှာ Katy ဟာ အကောင်းဆုံးဗြိတိသျှ single ဆုကိုကြေငြာပေးတဲ့အစီအစဉ်တင်ဆက်သူတစ်ဦးလုပ်ခဲ့ပါတယ်။
Ref:justjared.com
Trend Myanmar
Monday, November 18, 2013
ဖွေးဖွေးပြောပြတဲ့ သူမရဲ့ဖက်ရှင်အကြောင်း
ခင်ဆွေသက် 
ဖက်ရှင်လန်းတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ် အသိအမှတ်ပြုးခံရတဲ့ ဖွေးဖွေးက သူမကို ပရိသတ်တွေက ခုလို ဖက်ရှင်နဲ့ပတ်သက်ပြီး အထာကျတယ်၊ မိုက်တယ်လို့  ပြောပေးကြတာ  ပျော်ပါတယ်တဲ့။
'ကိုယ်နဲ့ပတ်သတ်ပြီးအကောင်းပြောပေးကြတာ အရမ်းပျော်ပါတယ်။ ဖက်ရှင်ကို ဘာခေတ်စားနေလဲ။ ဘာတွေပေါ်နေလဲဆိုတာ လေ့လာဖြစ်တယ်။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်လဲကြိုက်တယ်။ ဖက်ရှင်ကို စိတ်ကူးနဲ့ ထွင်ဝတ်ရတာလဲကြိုက်တယ်။ တစ်ခါတလေ မိန်းကလေးဆန်တဲ့အခါရှိသလို ၊တစ်ခါတလေ ယောင်္ကျားလေးဆန်တာမျိုးလဲရှိတယ်။ တစ်ခါတလေပေါက်တတ်ကရ ဦးကြောင်ကြား ပုံစံမျိုးတွေလည်း ၀တ်ဖြစ်တယ်။ ရုပ်ရှင်ကာရိုက်တာနဲ့ ၀င်အောင်ဝတ်တာမျိုးလည်းရှိတယ်။ တစ်ခါတလေ ကြော်ငြာရိုက်တွေမှာဆိုလည်း မသက်နှင်းအေးတို့၊ မမဉ္ဖူ(zuzu collection) တို့ မဥမ္မာကျော်တို့နဲ့တိုင်ပင်ဖြစ်တယ်။ ရယ်ဒီမိတ်လဲဝတ်ဖြစ်တယ်။ ၀ယ်နေကျဆိုင်တွေကတော့ Queen Collection, Too Cool, True, Vogue  တို့မှာဝယ်တယ်။ ယောင်္ကျားလေးဆိုင် တော်တော်များများမှာလဲ ၀ယ်ဖြစ်တယ်။’လို့ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ခုလိုပြောပြပေးသွားပါတယ်။
ဒါ့ပြင် 'သူမရဲ့ ဖက်ရှင်နဲ့လိုက်ဖက်စွာဝတ်ဆင်တတ်တဲ့ Accessories ပစ္စည်းတွေနဲ့ပတ်သတ်ပြီးတော့လဲ ‘၀တ်သင့်တဲ့ကားဆိုရင်တော့ဖွေးဝတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က Accessories ၀တ်တာကိုကြိုက်တယ်။ ၀တ်လို့ရနိုင်သလောက်ဝတ်တယ်။ ကြိုက်တယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး မိတ်ကပ်ပြင်ဆင်မှုအပိုင်းမှာ သီးသန့်မရှိဘူး။ အခုဖွေးရဲ့ ဆံပင်အတွက်ကတော့ မန္တလေးက တုတ်တုတ်ကိုခေါ်ထားတယ်။ သူက ဆံပင်နဲ့ပတ်သတ်ရင်ဖွေးလုပ်ချင်တာတွေ လုပ်ပေးပါတယ်’လို့သူမကပြောပြခဲ့ပါတယ်။
Saturday, October 12, 2013
ပျိုမေတို့ ရှောင်ရှားသင့်တဲ့ မှားယွင်းဖက်ရှင်ပုံစံများ
ဖက်ရှင်ကို ဦးစားပေးပြီး နေထိုင်ဝတ်ဆင်တတ်တဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ရဲ့အ၀တ်အစား ဖက်ရှင်က ကိုယ်တိုင် သတိမထားလိုက်မိဘဲ တစ်ခါတလေ မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ စိတ်ကသိကအောက် ဖြစ်ရပါလိမ့်မယ်။ အဓိကကတော့ ကိုယ်နဲ့လိုက် ဖက်ညီတဲ့ ဖက်ရှင်ကို ၀တ်ဆင်တတ်ဖို့နဲ့ မှားယွင်းတဲ့ ဖက်ရှင်တွေကို မဆင်မြန်းမိဖို့လည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ရှောင်ရှားရမယ့် မှားယွင်းဖက်ရှင်ပုံစံတချို့ကို တင်ပြလိုက်ပါရစေ။
(၁) စကတ်တိုတို ၀တ်ရင် သတိပြုစရာ။
        အခုခေတ် လူငယ်လေးတွေဟာ စကတ်တိုတို ကျပ်ကျပ်လေးတွေကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်ကြပါတယ်။ ၀တ်ဆင်တဲ့အခါမှာလည်း လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ် စကတ်ဟာအပေါ်ကို လိပ်ပြီးတက် သွားတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရမ်းတိုလွန်းတဲ့ စကတ်တွေကို မ၀တ်ဆင်ပါနဲ့။ ကိုယ်တိုင်လည်း အနေရ၊ အထိုင်ရခက်သလို အများအမြင်မှာလည်း မတင့်တယ်ပါဘူး။
(၂) အတွင်းခံဝတ်ဆင်ရင် သတိပြုပါ။
        အနက်ရောင်အတွင်းခံကို ပါးလွှာအင်္ကျီမျိုးနဲ့ တွဲဖက်ပြီး မ၀တ်ဆင်ပါနဲ့။ ကြည့်ရတာ အမြင်ကို ဆိုးစေပါတယ်။ အရောင်ဖျော့ဖျော့အပေါ် အင်္ကျီနဲ့ အရောင်ရင့်ရင့်အတွင်းခံတို့ကို တွဲဖက်ဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။ အရောင်ဖျော့ဖျော့၊ ပြောင်ထဘီ၊ စကတ်တွေဟာ အတွင်းက ၀တ်ဆင်ထားတဲ့ ဘောင်းဘီအရာထင်တာကို မြင်ရတတ်ပါတယ်။ အခြားသူတွေ အမြင်မှာကြည့်လို့ မကောင်းတာမို့ အရောင်ရင့်တဲ့ အတွင်းခံဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ထဘီ၊ စကတ်တို့ကို မ၀တ်ဆင်မိဖို့ သတိပြုသင့်ပါတယ်။
(၃) ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်မယ့် အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
        အချို့သူတွေဟာ အ၀တ်အစားဝယ်ရင် ရေရှည်အတွက်တွေးပြီး ၀ယ်ယူတတ်ကြပါတယ်။ လက်ရှိခန္ဓာကိုယ်အတိုင်းနဲ့ပဲ ၀ယ်ပါ။ နောင် ၀လာမှာပဲဆိုပြီး ဆိုဒ်ကြီးတဲ့ အင်္ကျီတွေဝယ်လာပြီး အခုဝတ်လိုက်တဲ့အချိန်မှာ ပွနေတော့ ကြည့်မကောင်းပါဘူး။
(၄) သူများဖက်ရှင်ကို အတုမခိုးပါနဲ့။
        ခြေထောက်သွယ်သွယ် သေးသေးလေးတွေဟာ ဘောင်းဘီ၊ စကတ်အတိုလေးတွေ ၀တ်ရင်လှပါတယ်။ သူများလှတာကို မျက်စိထဲမှာမြင်ပြီး ကိုယ်လည်း လှလိမ့်မယ်ထင်လို့လိုက် ၀တ်မိတယ်။ ကိုယ့်ရဲ့ခြေထောက်က အမာရွတ်တွေရှိနေပြီးခြေထောက်တုတ်တုတ်ခိုင်ခိုင်မျိုး ဖြစ်နေရင် ဘောင်းဘီ၊ စကတ်အတိုနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှက သွယ်တာလား၊ ခပ်လုံးလုံးလေးလား (ဒါမှမဟုတ်) ယောက်ျားဆန်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးလားဆိုတာကို သေချာသိပြီး ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို တီထွင်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။
(၅) လိုက်ဖက်ညီတဲ့အရောင်ကို ရွေးချယ်ပါ။
        ဖက်ရှင်ကျလှပဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ အ၀တ်အစား အရောင်အသွေးပေါ်မှာလည်း မူတည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဝတ်ဆင်စေချင်ပါတယ်။ အသားဖြူတဲ့သူအတွက် ဘာအရောင်ပဲဝတ်ဝတ် လိုက်ဖက်တယ်ဆိုပေမယ့် အသားညိုသူအတွက်ကတော့ ကိုယ့်အသားအရေနဲ့ သင့်တော်မယ့်အရောင်ကို ရွေးချယ်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝတ်တဲ့အ၀တ်အစားနဲ့ ဖိနပ်အရောင်ဟာလည်း လိုက်နေဖို့ လိုပါတယ်။ အ၀တ်အစားက အရောင်အဆင်း ဖျော့နေတယ်၊ ကိုယ်ဝတ်ထားတဲ့ ဖိနပ်ကအရောင် အရမ်းတောက်ပလွန်းနေတယ် (ဒါမှမဟုတ်) ကိုယ်ဝတ်ထားတဲ့ ဖိနပ်က အရောင်မတောက်ဘူး။ အင်္ကျီအရောင်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတဲ့ ဖက်ရှင်မျိုးကို ဖန်တီးဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။
မြနေရိပ်သွင်
From: M Plaza Shopping Magazine & Journal
Wednesday, August 28, 2013
သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂုဏ်ယူ
နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗ လာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။
လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲ တခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စ ကေးဟာ ကိုယ့် ကိုယ်ကိုယ် အ၀တ်ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။
ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။
ဧရာဝတီ
(ဂုဏ်ယူလောက်စရာ ပုံတွေကို အောက်မှာရှုစားလိုက်ကြပါဦးနော်)
Odd: In this image, she lies down with with McDonald's burgers covering her breast, surrounded by fries Stephanie KeyStephanie KeyNaked: Miss Key is studying at a prestigious Paris arts school where she has created these astonishing self-portraits which will be used to promote a show at Paris Design WeekSource
Thursday, August 8, 2013
တစ်ချိန်က အမေရိကန် Fashion Police
၁၉၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က Bill Norton အမည်ရ ရဲက အမျိုးသမီးတို့ ရဲ့  ရေကူးဝတ်ဆုံကို စစ်ဆေး တိုင်းတာနေမှုပါ။
သာမန်လုံခြုံရေး ရဲတစ်ဦး မဟုတ်ပါဘူး။ ဖက်ရှင် ရဲ လို့ခေါ်တဲ့ Fashion Police ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီ မှာ Col.Sherrell အမည်ရ မြို့ စောင့် ရဲချုပ် က တာဝန်ထန်းဆောင်စဉ် ကာလက ဖြစ်ပြီး ပြည်သူတို့ အဝတ်အစား ဝတ်ဆင်မှုကအစ စည်းကမ်း တင်းကြပ်ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှု နည်းပါးစဉ် ကာလမှာ အမျိုးသမီးတို့ရဲ့  မလုံခြုံတဲ့ အဝတ် အစားတွေကြောင့် ဖြစ်လာမယ့် ပြစ် မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။
ဒီအတွက် ဝါရှင်တန်နေ အမျိုးသမီးတို့ကို လုံလုံခြုံခြုံ ဝတ်ဆင်စေပြီး မဖြစ်မနေ ဝတ်ရမယ့် ရေကူးဝတ်ဆုံမှာဆိုရင် ဒူးအထက ၆ လက်မ မပိုရ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဝါရှင်တန်က Tidal Basin မြစ် မှာ ရေကူးမယ့်၊ ရေချိုးမယ့် အမျိုးသမီးတွေကို ဝတ်ဆုံတိုင်းတာစစ်ဆေးဖို့ အတွက် ရဲများကို ထားရှိပေးထားပါတယ်။
ဒါ့အပြင် မြို့ မှာလည်း အဝတ်အစားမလုံခြုံသူများကို ဖမ်းဆီးအရေးယူရန် Fashion Police များကို သီးသန့်တာဝန်ပေးလို့ ချထားခဲ့ဖူးကြောင်း သိရပါတယ်။
.
Ref: dyknow
International news for myanmar
Wednesday, August 7, 2013
ကွန်ဒုံးတွေနဲ့ ထွင်ထားတဲ့အိင်္ကျီ
ဒီအကျီ်ကဘာနဲ့လုပ်ထားတာလို့ထင်လဲ
ဘရာဇီးလူမျိုး အနုပညာရှင်တစ်ဦးဖြစ်သူ၊ဖက်ရှင်ဒီဇိုင်နာလဲဖြစ်တဲ့ Adriana Bertini ဆိုသူက ကွန်ဒုံးတွေကို အသုံးပြုပြီး ညပွဲတက် ဂါဝန်တစ်စုံကို ဖန်တီးခဲ့ပါတယ်။
မောင်စိုင်း
(ကနောင်)
Scientist Myanmar