Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 28, 2013

ဂျောက်ဂျက် ဘာတွေ လုပ်နေလဲ

ဂျောက်ဂျက် က အခုတလော ရှမ်းပြည်နယ် ဘက်ကို ဖျော်ဖြေပွဲ တွေ အသွား များလာတယ် လို့ ပြောပြခဲ့ပါတယ်။ အဲဒီ ဘက်က လူတွေက ဟိုးအရင် က သီ ချင်းဟောင်းတွေ အတောင်း များတယ် လို့ပြောပြီး သူ့အနေနဲ့ အဲဒီ သီချင်းတွေ ပြန်ဆိုဖို့ မဖြစ်ဘဲ အခွေသစ် ထဲက သီချင်းတွေ ဆိုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ တိုင်း သိပြည်သိ အမ်တီဗီကိုလည်း ရိုက်နေပြီး အဲဒီအခွေ ကိုတော့ ဒီဇင်ဘာလောက် ထွက်ဖို့ မှန်းထား တယ်လို့ ပြောပါတယ်။

ဟိုးတုန်းက ဂျောက်ဂျက်နဲ့ အခု ဂျောက် ဂျက် ဘာကွာခြားလဲ ဆိုတော့ “ဆံပင်ဘေး ပိုပြောင်သွားတယ် (ရယ်လျက်) ကျွန်တော် လူကြီး နည်းနည်း ပိုဆန်လာတယ် လို့ ပြောရမယ်။ ကျွန်တော်သီချင်း ရိုးရိုး ကြီး တွေ သိပ်မဆိုချင်တော့ဘူး။ ဆိုလည်း မဆိုဖြစ်တော့ဘူး။ တရားဝင်ဖြန့်ထားတဲ့ အခွေထဲက သီချင်းတွေပဲ ဆိုဖြစ်နေတယ်”လို့ ပြောပါတယ်။

ဂျောက်ဂျက် က နောက် တက်လာမယ့် ရက်ပ်ပါ တွေ အတွက်ပြောတာက “သူတို့တွေလည်း အနည်းနဲ့ အများတော့ ဒုက္ခခံရတာပဲ။ တစ်ခုပြောရမှာက အခုခံရတာထက်ကို ဆယ်ဆပိုခံရဦးမယ်လို့ သတိပေးတာပါ။ ခြောက်လှန့်
တာ မဟုတ်ဘူး။ နေရာ တစ်ခုရဖို့ အနင်းခံရမယ်။ အဲဒီဒဏ်တွေ ခံနိုင်အောင် ပြင်ဆင်ထားပါ။ အဲလို ခံနိုင်ခဲ့လို့ ကျွန်တော်တို့ ဒီလို ဖြစ်လာ
တာပါ” လို့ ပြောပါတယ်။

ဂျောက်ဂျက်က Under ground ကအဖွဲ့တွေနဲ့ သိပ် မတွေ့ဖြစ်ဘူး လို့ ပြောပြီး သူပေါင်းတဲ့ လူတွေက လူကြီးတွေ များနေပြီး new ဆိုလို့ လွှမ်းပိုင်း လောက် သာ ပေါင်းဖြစ်တယ်လို့ ပြောပါတယ်။ ဂျောက်ဂျက်ကို ဂျူနီယာလေးတွေက Simple သီချင်းခွေတွေ လာပေးထား ကြသေးလား ဆိုတော့ “အိမ်မှာတို့၊ ရှိုးပွဲတို့မှာတော့ လာပေးထားကြတာတွေ ရှိပါတယ်။ သူတို့ပေးတဲ့ အခွေတွေ အကုန်နားထောင်ဖြစ်တယ်။

ဒါပေမဲ့ အားနည်းချက်တွေများနေ သလား လို့၊ သေချာ အချိုးကျတဲ့ လူထက်ပေါ်ပင် လုပ်ထားတာတွေ့ရတယ်။ အဲဒီတော့ သိပ်မကြိုက်ဘူး။ ဟစ်ဟော့ပ် စစ်စစ်သိပ် မထွက်လာဘူး လို့ ပြောလို့ ရပါတယ်” လို့ ပြော ပါတယ်။ ဂျောက်ဂျက်က ပြင်ဦး လွင်မြို့ အမှတ်တရ အနေနဲ့ “ကျွန်တော် ပထမဆုံး စပေါက် တဲ့အချိန်တုန်းက ပြင်ဦးလွင် ပန်းပွဲတော်မှာ စဆိုခဲ့တာ။ အဲဒီတုန်း က အပြော အဆိုမတတ်ဘူး။ ပြောချင်ရာပြော ဆိုချင်တာ ဆိုပဲ။ အဲဒီတုန်းက ကျွန်တော် မဆိုခင်ကျွန်တော့် နာမည်အော်နေကြ တာတော့ အမှတ်တရပဲ”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
Popular Journal

No comments:

Post a Comment