Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 27, 2013

မန္တလေး -တန့်ဆည်ကား ဒီပဲယင်း ကြည်ရွာနားတွင် ချောက်ထဲ ထိုးကျ


  မန္တလေး-တန့်ဆည် သွားခရီးသည်တင် မှန်လုံကားတစ်စင်း မုံရွာ -ရေဦး
ကားလမ်း မကြီး ပေါ်ရှိ ကြည်ရွာ ကားဂိတ်အနီး
မိုင်တိုင်အမှတ် ၁၂၅/၇ နှင့် ၁၂၆/၆ တို့ကြားတွင်
ဇွန်လ (၂၅)ရက်နေ့ ညနေ ၃
နာရီကျော် ခန့်က လမ်းဘေးသို့ ထိုးကျ ခဲ့ကြောင်း ဒေသခံများ ကပြောသည်။
ကားမှာ ရွှေပြည်အေး ကားအသင်းကပါ၊ တန့်ဆည် -ရေဦး-မုံရွာ-မန္တလေးကို
ပြေးဆွဲနေတဲ့ကားဖြစ်ကြောင်းကားနံပါတ် ၃ခ /၈၉၆၁ဖြစ်ပြီး ကားပေါ်မှာ ခရီးသည်
အယောက် (၂၀)လောက်ပါ
ပါပြီး ခရီးသည်တွေတော့ဘာမှ ဒဏ်ရာမရပါဘူး၊အရှိန်နဲ့မောင်းလာတော့ တိုင်းလော့
ပြုတ်ပြီး စီယာတိုင်ကွေ့မရ ပြီး လမ်းဘေးထိုးကျ တာ ဖြစ်ပါသည် ဟု
ဒီပဲယင်းရဲစခန်းမှာအရာရှိတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဇော်ဦး (ခ) သက်ထွန်းဇော်အား
ယာဉ်အဆင်မခြင်မောင်းနှင်မှုဖြင့်
ဒီပဲယင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment