Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 20, 2017

ဖခင်သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာဦးအေးထွန်းမှ သူတို့ရွာအနီးတွင် ဘင်္ဂလီများကို နေရာပြန်ချထားပေးပါက ကျောင်းဆရာအလုပ်မှ ထွက်ပြီး နေရပ် စွန့်ခွာမည်ဟုဆို

(ဓာတ်ပုံ- ကျောင်းဆရာဦးအေးထွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာမှ အကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်းကို ခံရ၍ ဖခင်ကို ဆုံးရှုံးလိုက်ရသူ မူလတန်းပြ ကျောင်းဆရာဦးအေးထွန်းမှ သူတို့ကျေးရွာအပါအ၀င် အနီးအနားတွင် ဘင်္ဂလီလူမျိုးများအား ပြန်လည် နေရာချထားပေးမည်ဆိုပါက ကျောင်းဆရာ အလုပ်မှ နုတ်ထွက်ပြီး မိမိမွေးရပ်ရွာကို စွန့်ခွာသွားမည် ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ပြောကြားသည်။

နိရဉ္စရာသတင်းဌာနမှ အင်းဒင်ကျေးရွာသို့ ရောက်ရှိခိုက် ကျောင်းဆရာ ဦးအေးထွန်းနှင့် အင်တာဗျူးပြုလုပ်စဉ် သူက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တစ်ရွာလုံးကတော့ ဒီနေရာမှ ဘင်္ဂလီလူမျိုးတွေကို ပြန်လည် နေရာချထားပေးရင် ဒီနေရာက ထွက်သွားမှာ ဖြစ်ပါတယ်။ ဒီမှာတော့ နေလို့ မရတော့ဘူး။ ဘာကြောင့်လို့ဆိုတော့ ဒီမူဆလင်တွေနဲ့ အတူယှဉ်တွဲနေထိုင်မယ် ဆိုရင် နေလို့ မဖြစ်တော့ဘူး။ သူတွေက အမြဲတန်း လိုက်သတ်ဖြတ်နေတာတွေ ရှိတယ်။ နောက်ပြီး ကျွန်တော် အဖေလည်း ပါသွားတာ အခုအချိန်မှာဆိုရင် လက်တွေ့ ခံစားနေရတယ်။ ကျွန်တော်က ကျောင်းဆရာတစ်ယောက်လည်း ဖြစ်တယ်။ ကျောင်းဆရာကတောင် နုတ်ထွက်ပြီး ဒီကနေ ထွက်သွားမှာပါ” ဟု ပြောကြားသည်။

တစ်ခြား ရခိုင်ရွာသားတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဟု သူ့အားဆက်လက် မေးမြန်းရာ သူတို့၏ သဘောထား ခံစားမှုနှင့် ထပ်တူဖြစ်ကြောင်း ပြောကြားသည်။

အစိုးရမှ အင်အားသုံးပြီး အားနှင့် ဘင်္ဂလီများကို အင်းဒင်ကျေးရွာအနီး ချထားပေးလာပါက မည်သို့ ဆောင်ရွက်ပါမလဲဟု မေးမြန်းရာ သူက “ ကျွန်တော်တို့ကတော့ အကုန်လုံး နေရပ်ကို စွန့်ခွာမှာပါ” ဟု ပြောကြားသည်။

ဘင်္ဂလီတွေကို ပြန်လည်နေရာချထားပေးရင် ဆရာတို့အတွက် ဘာတွေ ဖြစ်နိုင်တယ်လို့ ထင်တဲ့ အတွက် အခုလို ဆုံးဖြတ်ရပါသလဲဟု ဆရာ ဦးအေးထွန်းအား ဆက်လက် မေးမြန်းရာ သူက “ ကျွန်တော်က အခုဆိုရင် အသက် ၃၃ နှစ်ရှိသွားပါပြီ။ အင်းဒင်ကျေးရွာမှာနေတာ။ ငယ်ငယ်ကတည်းက ဒီမှာ မွေးတာပါ။ မွေးရပ်ဇာတိဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဒီလောက် အသက်အရွယ်မှာ အခက်အခဲပေါင်းများစွာ၊ ပြဿနာပေါင်းများစွာကိုခံခဲ့ဖူးပါပြီ။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ ဆက်လက်နေထိုင်မယ်ဆိုရင် လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံးဝ မနေတော့ပါဘူး။ ကုလားတွေကို ဆက်ထားမယ် ဆိုရင်” ဟု ပြောဆိုသည်။

အင်းဒင်ကျေးရွာအနီးတွင် နေထိုင်ခဲ့ကြသည့် ဘင်္ဂလီလူမျိုးများသည် ရခိုင် တိုင်းရင်းသားများ၏ အသက်ကို အန္တရာယ်ပြု ရန်ရှာသည်သာမက ရခိုင် တိုင်းရင်းသားများမှ မေယူတောင်ခြေရင်းတွင် စိုက်ပျိုးထားသော သစ်တော စိုက်ခင်းများကို ဖျက်ဆီးပစ်ခြင်းများရှိကြောင်း၊ သူတွင်လည်း ယူကလစ်၊ မန်ကျား စိုက်ဧက (၅)ဧက ရှိကြောင်း၊ ပင်လယ်ထဲဆင်း ငါးရှာလျှင်လည်း ရန်ရှာ တိုက်ခိုက်မှုများရှိကြောင်း၊ သူတို့(ဘင်္ဂလီများ)အား ပြန်လည်နေရာချပေးလျှင် ယခင်ကဲ့သို့ တိုက်ခိုက်ရန်ရှာမှုများ ဆက်လက် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သူက ပြောကြားသည်။

“ သစ်ပင်တွေကို ခုတ်ပစ်တာတွေရှိတဲ့အတွက် နယ်ခြားစောင့် စခန်းကို သွားတိုင်ပေမယ့် သူတို့လည်း သူတို့ အခြေအနေအရ အရေးယူနိုင်တာ မရှိပါဘူး။ ဒီလို ဖြစ်ရတဲ့ အခြေအနေတွေကိုတော့ ဒီရွာက ဆရာကြီး ဦးမြတ်စောတို့ အဓိက ပြောပြနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလီလူမျိုးများက မည်သည့်အတွက်ကြောင့် ရခိုင်တိုင်းရင်းသားများ စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို အလိုလို ခုတ်လှဲ ဖျက်ဆီးရပါသလဲဟု ဆက်လက်မေးမြန်းရာ သူက “ သူတို့ ဘင်္ဂလီတွေက အဓိက ဒီနေရာမှာ ရခိုင်တိုင်းရင်းသားမနေနိုင်အောင်၊ နေထိုင်လို့ မရအောင် အမျိုးမျိုး လုပ်ကြံပြီး ဖျက်ဆီးတာ ဖြစ်ပါတယ်။ သူတို့ ပြန်လာရင် ဒီလို အဖြစ်အပျက်တွေ ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် သူတို့ကို ပြန်လည်ပြီး ဒီမှာနေရာချထားရင် ကျွန်တော်တို့ ဒီမှာ ဆက်မနေ နိုင်တော့ပါဘူး” ဟု ပြောကြားသည်။

ဦးအေးထွန်းတွင် ညီအစ်မောင်နှမ လေးဦးရှိပြီး သူ့ဖခင် ဦးမောင်နီ (၆၀) နှစ်သည် သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီအချိန်တွင် ရွာပြင်ရှိလယ်တဲမှ ကျွဲ ၁၃ ကောင်ကို ချယူရန် သွားရောက်စဉ် ဘင်္ဂလီ အကြမ်းဖက်သမား ၄၀ ခန့်မှ ၀ိုင်းဝန်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကျောင်းဆရာ ဦးအေးထွန်း၏ အစ်ကိုဖြစ်သူ၊ ညီဖြစ်သူနှင့် ယောက်ဖတော်စပ်သူ တစ်ဦးတို့မှ ဘင်္ဂလီအကြမ်းဖက်သမား ၄၀ ခန့်မှ ၀ိုင်းဝန်းဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ကို မလှမ်းမကမ်းမှ ကိုယ်တိုင်မြင်ခဲ့ကြရကြောင်း၊ အင်အားမမျှသဖြင့် ရှေ့ကို မတိုးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း၊ တစ်လခန့် အကြာတွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသည့် အနီးအနားကျေးရွာများမှ ဘင်္ဂလီများကို ဖုန်းဖြင့် ဆက်သွယ်ပြီး သူ့ဖခင် အလောင်းကို ပြန်ရလိုသဖြင့် အကူအညီတောင်း မေးမြန်းရာ သူတို့၏ ပြောပြချက်အရ ဖခင်ဖြစ်သူအလောင်းအား မေယူတောင်ခြေရင်း ဥယျာဉ်ခြံထဲမှ မြုပ်နှံထားရာမှ တူးဖော်ရရှိခဲ့ကြောင်း၊ အလောင်းတွင် ဒဏ်ရာဒဏ်ချက် အနည်းငယ် တွေ့ရှိရကြောင်း၊ သူ့ဖခင်အားသတ်ဖြတ်ရာတွင် အင်းဒင်နှင့် ခွဆုံပြင် ဘင်္ဂလီ ကျေးရွာမှ ရွာသားများကိုယ်တိုင် ပါဝင်ကြောင်း ဦးအေးထွန်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment