Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 2, 2019

စီအိုင္ဒီကို ေမးခြန္းထုတ္ျခင္း


Wisdom Hill မူႀကိဳေက်ာင္းမွာ ျဖစ္ပြြားခဲ့တယ္လို႕ ယူဆရတဲ့ သက္ငယ္ မုဒိမ္းမွဳအတြက္ မွဳခင္းရဲတပ္ဖြဲ႕ စီအိုင္ဒီက ေန ဧရာ၀တီ သတင္းဌာနကို ေျဖၾကားခဲ့တဲ့ အေျဖေတြ ဖတ္ရပါတယ္။ ဒီလို ဖတ္ရတဲ့ ေနရာမွာ ဘ၀င္မက်စရာ အခ်က္ေတြကို ေတြ႕လာရလို႕ စီအိုင္ဒီကို ေမးခြန္း ထုတ္တာပါ။ အရင္ဆံုး ျပည္သူအပါအ၀င္ သမၼတကပါ စိတ္၀င္စားေနတဲ့ အမွဳကို တရား၀င္ သတင္းထုတ္ျပန္တာ မဟုတ္ပဲ မီဒီယာတခုကို ေျဖၾကားလိုက္တာကအစ အံ့ၾသရပါတယ္။ သတင္းစာ ရွင္းလင္းပြဲေလာက္အထိ လုပ္မယ္လို႕ ထင္ထားတာပါ။ ထားပါေတာ့။ သူတို႕ ေျပာခဲ့တာေတြကို ၾကည့္ရေအာင္ပါ။
(အမည္မေဖာ္လိုသူ ရဲအရွိက “အဲဒီရဲ႕ ျဖစ္စဥ္တခုလုံးမွာ ေပ်ာ့ကြက္၊ ဟာကြက္ေတြ အမ်ားႀကီး။ အဲဒီအမႈက မ႐ိုးစဥ္းဘူး။ လြယ္ကူ မေျဖာင့္ဘူးေပါ့။ လြယ္ကူတယ္ ဆိုရင္ ႏွင္းႏု သိတယ္ဆိုရင္ ႏွင္းႏုကို ေမး။ ႏွင္းႏုက ေျပာရင္ ၿပီးၿပီေပါ့။ ေပၚၿပီေပါ့။ လြယ္လြယ္ေလးဘဲေပါ့။ အဲဒီေလာက္ မလြယ္လို႔ေပါ့။ အဲဒီေလာက္လြယ္ရင္ ၿပီးၿပီ” ဟု ေျပာသည္။)

အခု စာသားအတိုင္း ေျဖခဲ့တယ္ဆိုရင္ ဘယ္အရာက မရိုးစင္းတာလဲ လို႕ ေမးခ်င္ပါတယ္။ မရိုးစင္းဘူးလို႕ ေျဖခြင့္ ရိွပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ မရိုးစင္းတာလဲ။ ေနရာသံုးေနရာဆိုတာ မဟုတ္ဘူးလား။ ကေလးေလးကို ထိေတြ႕ ထိန္းေက်ာင္းဖို႕က လူဆယ္ဦးပဲ ရိွတယ္ဆိုတာ မရိုးစင္းဘူးလား။ တကယ္လို႕ မရိုးစင္းဘူးဆိုရင္လည္း ဘယ္သူက လိမ္ေနလဲ။ ႏွင္းႏုက ေျပာရင္ မၿပီးဘူးဆုိတာ ဘာေၾကာင့္လဲ။ အသက္ ၂ႏွစ္ ၁၁လရိွတဲ့ ကေလးက ဆရာမ ႏွင္းႏုသိတယ္လို႕ ေလးခါတိတိ ေျပာခဲ့တာ ဒီကေလးက မရိုးစင္းတာလား။ ႏွင္းနုက မရုိးစင္းတာလား။ ရွင္းေအာင္ေတာ့ ေျပာေပးပါ စီအိုင္ဒီ

(“စစ္တဲ့အထဲမွာ သက္ေသ ၅၀ ရွိတယ္။ အဲဒီထဲမွာမွ မသၤကာသူက ၁၃ ေယာက္ရွိတယ္။ ၁၃ ေယာက္ကို ငါတို႔ တိုက္ဆိုင္ စစ္ေဆးေနရတယ္ေလ။ ငါတို႔ စစ္ေဆးခ်က္အျပင္ကို တျခား ဇီဝေဗဒ ( DNA) ဆိုတာမ်ိဳး တိုက္ဆိုင္ စစ္ေဆးရတယ္ေလ“ ဟုလည္း ၎က ေျပာဆိုသည္။)

မွန္တာေပါ့။ ၁၃ ေယာက္ကို တိုက္ဆိုင္စစ္ေဆးေနရတယ္။ DNA နဲ႕ တိုက္ဆိုင္ စစ္ေဆးရတယ္။ ဒါဆို ဒီအန္ေအက ဘယ္မွာ ေတြ႕တာလဲ။ ေဘာင္းဘီမွာ။ ေဘာင္းဘီက ႏွစ္ထည္ျဖစ္မယ္။ တထည္က ၂နာရီမွာ ဆရာမ ႏွင္းနုက လဲေပးတယ္။ က်န္တာက အိမ္ျပန္တဲ့ အထိ ၀တ္လာတယ္။ ဒါဆို ဘယ္ေဘာင္းဘီမွာ ဒီအန္ေအ ေတြ႔တာလဲ။ ပထမ ေဘာင္းဘီမွာ ေတြ႕တာဆိုရင္ ေက်ာင္းမွာပဲ ထိေတြ႕မွဳ ျဖစ္တာေပါ့။ ဒါဆို အိမ္မွာ ရိွတဲ့သူေတြကို ဒီအန္ေအ စစ္စရာလိုသလား။ စစ္တယ္ဆိုရင္ ဘာအေၾကာင္းျပခ်က္နဲ႕ စစ္တာလဲ။ ဘယ္ေဘာင္းဘီမွာ ဒီအန္ေအ ေတြ႕တယ္ဆိုတာကို ဘာလို႕ ထုတ္မေျပာတာလဲ။ ဒီအန္ေအ ဘယ္မွာေတြ႕တယ္ ဆိုတာ ထုတ္ေျပာရင္ ဘယ္မွာ အမွဳ ျဖစ္ခဲ့တယ္ ဆိုတာ သိသြားမွာ စိုးလို႕လား။ ေျဖပါ စီအိုင္ဒီ

(လူမႈကြန္ရက္စာမ်က္ႏွာထက္တြင္ ေကာလာဟလမ်ားထြက္ေပၚေနသည့္ ေက်ာင္းႀကီးၾကပ္ေရးမႉး၏ သား ၂ ဦးႏွင့္ ပတ္သက္ၿပီး ဧရာဝတီက ေမးျမန္းရာ “DNA အေျဖက မတူဘူးေလ။ အေျဖမတူေတာ့ ငါတို႔က တရားခံကို ဖမ္းလို႔ မရဘူးေလ။ ၂ ေယာက္စလုံးကို စစ္တာ” ဟု အထက္ပါ ရဲအရာရွိက ဆိုသည္။)

ဒီႏွစ္ေယာက္ကို ျဖစ္ရမယ္ မေျပာဘူး။ သို႕ေသာ္ ဒီအန္ေအကို ဘယ္အခ်ိန္က ယူတာလဲ။ ဘယ္ေန႕မွာ ဒီအန္ေအကို စစစ္တာလဲ။ အမွဳ ျဖစ္ပြားၿပီး ဘယ္ေန႕မွ ဒီအန္ေအ ေတြ႕ပါၿပီလို႕ လုပ္တာလဲ။ ဒီအန္ေအ ဆိုတာ အသားခ်င္း ထိမိရင္ေတာင္မွ က်န္ရစ္ခဲ့တာ။ ဒီေတာ့ ဒီ ဒီအန္ေအဟာ ရာဇ၀တ္ေကာင္ရဲ႕ ဒီအန္ေအ ဆိုတာ ေသခ်ာလို႕လား။ ဒီအန္ေအ ဆိုတာ Confirm လုပ္တဲ့ evidence တစ္ခုပဲ။ တျခား Direct Evidence ေတြကို မစစ္ေတာ့ဘူးလား။ ဒီ ျဖစ္စဥ္ က်ဥ္းက်ဥ္းေလးမွာ ဘယ္လို စစ္ေနတာလဲ။ ဒီကေလး ႏွစ္ေယာက္က အဲဒီေန႕မွာ ေက်ာင္းကို (ဒါမွ မဟုတ္ ကပ္ရက္ေက်ာင္းကို) လာခဲ့သလားမလာခဲ့ဘူးလား။ ဒီကေလး ႏွစ္ေယာက္က အဲဒီေက်ာင္းကို လာေလ့ ရိွသလား မရိွဘူးလား၊ ေျဖပါစီအိုင္ဒီ

ေနာက္တခု ဒီကေလး ႏွစ္ေယာက္ ဒီအန္ေအ မကိုက္ဘူးဆိုတာ ေက်ာင္းအုပ္ ကိုပညာက မီဒီယာကို အဦးဆံုး ထုတ္ေျပာခဲ့ပါတယ္။ စီအိုင္ဒီဟာ ကိုပညာကို ဦးဆံုး ရပို႕ တင္ေနရပါသလား။ ေျဖပါစီအိုင္းဒီ

ေျပာရရင္ သမၼတႀကီးလည္း စိတ္၀င္စားေနပါတယ္။ ကၽြန္ေတာ့္ေမးခြန္းေတြကို ေျဖေပးပါ စီအိုင္ဒီ
သကၠမိုးညိဳ

Unicode Version

Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ သက်ငယ် မုဒိမ်းမှုအတွက် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက နေ ဧရာဝတီ သတင်းဌာနကို ဖြေကြားခဲ့တဲ့ အဖြေတွေ ဖတ်ရပါတယ်။ ဒီလို ဖတ်ရတဲ့ နေရာမှာ ဘဝင်မကျစရာ အချက်တွေကို တွေ့လာရလို့ စီအိုင်ဒီကို မေးခွန်း ထုတ်တာပါ။ အရင်ဆုံး ပြည်သူအပါအဝင် သမ္မတကပါ စိတ်ဝင်စားနေတဲ့ အမှုကို တရားဝင် သတင်းထုတ်ပြန်တာ မဟုတ်ပဲ မီဒီယာတခုကို ဖြေကြားလိုက်တာကအစ အံ့သြရပါတယ်။ သတင်းစာ ရှင်းလင်းပွဲလောက်အထိ လုပ်မယ်လို့ ထင်ထားတာပါ။ ထားပါတော့။ သူတို့ ပြောခဲ့တာတွေကို ကြည့်ရအောင်ပါ။



(အမည်မဖော်လိုသူ ရဲအရှိက “အဲဒီရဲ့ ဖြစ်စဉ်တခုလုံးမှာ ပျော့ကွက်၊ ဟာကွက်တွေ အများကြီး။ အဲဒီအမှုက မရိုးစဉ်းဘူး။ လွယ်ကူ မဖြောင့်ဘူးပေါ့။ လွယ်ကူတယ် ဆိုရင် နှင်းနု သိတယ်ဆိုရင် နှင်းနုကို မေး။ နှင်းနုက ပြောရင် ပြီးပြီပေါ့။ ပေါ်ပြီပေါ့။ လွယ်လွယ်လေးဘဲပေါ့။ အဲဒီလောက် မလွယ်လို့ပေါ့။ အဲဒီလောက်လွယ်ရင် ပြီးပြီ” ဟု ပြောသည်။)

အခု စာသားအတိုင်း ဖြေခဲ့တယ်ဆိုရင် ဘယ်အရာက မရိုးစင်းတာလဲ လို့ မေးချင်ပါတယ်။ မရိုးစင်းဘူးလို့ ဖြေခွင့် ရှိပါတယ်။ ဒါပေမယ့် ဘာကြောင့် မရိုးစင်းတာလဲ။ နေရာသုံးနေရာဆိုတာ မဟုတ်ဘူးလား။ ကလေးလေးကို ထိတွေ့ ထိန်းကျောင်းဖို့က လူဆယ်ဦးပဲ ရှိတယ်ဆိုတာ မရိုးစင်းဘူးလား။ တကယ်လို့ မရိုးစင်းဘူးဆိုရင်လည်း ဘယ်သူက လိမ်နေလဲ။ နှင်းနုက ပြောရင် မပြီးဘူးဆိုတာ ဘာကြောင့်လဲ။ အသက် ၂နှစ် ၁၁လရှိတဲ့ ကလေးက ဆရာမ နှင်းနုသိတယ်လို့ လေးခါတိတိ ပြောခဲ့တာ ဒီကလေးက မရိုးစင်းတာလား။ နှင်းနုက မရိုးစင်းတာလား။ ရှင်းအောင်တော့ ပြောပေးပါ စီအိုင်ဒီ

(“စစ်တဲ့အထဲမှာ သက်သေ ၅၀ ရှိတယ်။ အဲဒီထဲမှာမှ မင်္သကာသူက ၁၃ ယောက်ရှိတယ်။ ၁၃ ယောက်ကို ငါတို့ တိုက်ဆိုင် စစ်ဆေးနေရတယ်လေ။ ငါတို့ စစ်ဆေးချက်အပြင်ကို တခြား ဇီဝဗေဒ ( DNA) ဆိုတာမျိုး တိုက်ဆိုင် စစ်ဆေးရတယ်လေ“ ဟုလည်း ၎င်းက ပြောဆိုသည်။)

မှန်တာပေါ့။ ၁၃ ယောက်ကို တိုက်ဆိုင်စစ်ဆေးနေရတယ်။ DNA နဲ့ တိုက်ဆိုင် စစ်ဆေးရတယ်။ ဒါဆို ဒီအန်အေက ဘယ်မှာ တွေ့တာလဲ။ ဘောင်းဘီမှာ။ ဘောင်းဘီက နှစ်ထည်ဖြစ်မယ်။ တထည်က ၂နာရီမှာ ဆရာမ နှင်းနုက လဲပေးတယ်။ ကျန်တာက အိမ်ပြန်တဲ့ အထိ ဝတ်လာတယ်။ ဒါဆို ဘယ်ဘောင်းဘီမှာ ဒီအန်အေ တွေ့တာလဲ။ ပထမ ဘောင်းဘီမှာ တွေ့တာဆိုရင် ကျောင်းမှာပဲ ထိတွေ့မှု ဖြစ်တာပေါ့။ ဒါဆို အိမ်မှာ ရှိတဲ့သူတွေကို ဒီအန်အေ စစ်စရာလိုသလား။ စစ်တယ်ဆိုရင် ဘာအကြောင်းပြချက်နဲ့ စစ်တာလဲ။ ဘယ်ဘောင်းဘီမှာ ဒီအန်အေ တွေ့တယ်ဆိုတာကို ဘာလို့ ထုတ်မပြောတာလဲ။ ဒီအန်အေ ဘယ်မှာတွေ့တယ် ဆိုတာ ထုတ်ပြောရင် ဘယ်မှာ အမှု ဖြစ်ခဲ့တယ် ဆိုတာ သိသွားမှာ စိုးလို့လား။ ဖြေပါ စီအိုင်ဒီ



(လူမှုကွန်ရက်စာမျက်နှာထက်တွင် ကောလာဟလများထွက်ပေါ်နေသည့် ကျောင်းကြီးကြပ်ရေးမှူး၏ သား ၂ ဦးနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ “DNA အဖြေက မတူဘူးလေ။ အဖြေမတူတော့ ငါတို့က တရားခံကို ဖမ်းလို့ မရဘူးလေ။ ၂ ယောက်စလုံးကို စစ်တာ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။)

ဒီနှစ်ယောက်ကို ဖြစ်ရမယ် မပြောဘူး။ သို့သော် ဒီအန်အေကို ဘယ်အချိန်က ယူတာလဲ။ ဘယ်နေ့မှာ ဒီအန်အေကို စစစ်တာလဲ။ အမှု ဖြစ်ပွားပြီး ဘယ်နေ့မှ ဒီအန်အေ တွေ့ပါပြီလို့ လုပ်တာလဲ။ ဒီအန်အေ ဆိုတာ အသားချင်း ထိမိရင်တောင်မှ ကျန်ရစ်ခဲ့တာ။ ဒီတော့ ဒီ ဒီအန်အေဟာ ရာဇဝတ်ကောင်ရဲ့ ဒီအန်အေ ဆိုတာ သေချာလို့လား။ ဒီအန်အေ ဆိုတာ Confirm လုပ်တဲ့ evidence တစ်ခုပဲ။ တခြား Direct Evidence တွေကို မစစ်တော့ဘူးလား။ ဒီ ဖြစ်စဉ် ကျဉ်းကျဉ်းလေးမှာ ဘယ်လို စစ်နေတာလဲ။ ဒီကလေး နှစ်ယောက်က အဲဒီနေ့မှာ ကျောင်းကို (ဒါမှ မဟုတ် ကပ်ရက်ကျောင်းကို) လာခဲ့သလားမလာခဲ့ဘူးလား။ ဒီကလေး နှစ်ယောက်က အဲဒီကျောင်းကို လာလေ့ ရှိသလား မရှိဘူးလား၊ ဖြေပါစီအိုင်ဒီ

နောက်တခု ဒီကလေး နှစ်ယောက် ဒီအန်အေ မကိုက်ဘူးဆိုတာ ကျောင်းအုပ် ကိုပညာက မီဒီယာကို အဦးဆုံး ထုတ်ပြောခဲ့ပါတယ်။ စီအိုင်ဒီဟာ ကိုပညာကို ဦးဆုံး ရပို့ တင်နေရပါသလား။ ဖြေပါစီအိုင်းဒီ

ပြောရရင် သမ္မတကြီးလည်း စိတ်ဝင်စားနေပါတယ်။ ကျွန်တော့်မေးခွန်းတွေကို ဖြေပေးပါ စီအိုင်ဒီ
သက္ကမိုးညို

No comments:

Post a Comment