CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Myanmar Police. Show all posts
Showing posts with label Myanmar Police. Show all posts
Wednesday, October 9, 2019
Crd. ဦးနတ်ဆရာ
Unicode
အဆိုတော် ဖြိုးပြည့်စုံ အဖမ်းခံရခြင်း နောက်ကွယ်မှ ဖြစ်ရပ်မှန်
တကယ်က ဖြိုးပြည့်စုံကို ဖမ်းချင်တာ မဟုတ်ပါဘူး။
မူးယစ်ရဲက စစချင်းသတင်းရတာဟာ ရန်ကုန်ရဲ့ အင်တာနေရှင်နယ် ကျောင်းတစ်ခုက ကျောင်းသားလေးတွေ မြန်မာပလာဇာမှာ ဆေးလာပစ် (မူးယစ်ဆေး အရောင်းအဝယ်) လုပ်နေကြတယ်လို့ သတင်းရတာပါ။
ဒါနဲ့ လာစောင့်ဖမ်းတာ။ ဖြစ်ချင်တော့ ဖြိုးပြည့်စုံတို့နဲ့ တိုးတယ်။ မင်္သကာလို့ ဆိုပြီး ဖမ်းတာပါ။
ဖမ်းတဲ့အချိန်မှာ ဝင်ဖမ်းတဲ့ ရဲတွေက မူးနေပါတယ်။ ဒါ့ကြောင့် ပါးရိုက်တာတွေ နဗန်ကျင်းတာတွေ ဖြစ်ကုန်တာပါ။
သူတို့က ဖြိုးပြည့်စုံဆိုတဲ့ နာမည်ကြီးအဆိုတော်မှန်း မသိဘူး။ အင်အားသုံးဖမ်းပြီးတော့မှ လူတွေအုံလာကြပြီး ဖြိုးပြည့်စုံ အဖမ်းခံရတယ်ဟေ့ လို့ လှုပ်လှုပ်ရှားရှားတွေဖြစ်ကြ ဗီဒီယို ထရိုက်သူတွေ ရိုက်နဲ့ဆိုမှ သူတို့တော့ မီးပုံနင်းမိပြီမှန်း သိလိုက်တယ်။ ဒါနဲ့ လန့်ဖြန့်ပြီး ဗဟန်းစခန်းကို လာ ထိုးထည့်သွားပါတယ်။
ဖမ်းပြီးတော့မှ ကက်တာမင်း မိတယ် ဆိုပြီး အမှုဆွဲကပ်ဖို့ လုပ်ပါသေးတယ်။ လူကြီးတွေပါ သိကုန်တော့မှ ပြန်လျောချသွားတာပါ။
ဖြိုးပြည့်စုံတို့ကို ဖမ်းတဲ့ရဲလေး တင်ထားတဲ့ fb post တွေ screen shot ယူ ပြပေးလိုက်ပါတယ်။
Crd. ဦးနတ်ဆရာ
အပြစ်ကင်းစင်ပါလျက် သံသယရှိသူတစ်ဦးအနေနဲ့ ဖမ်းဆီးခံရခြင်းကို အသာတကြည်လက်ခံနေပါလျက် အများပြည်သူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတဲ့ အထူးမူးယစ်က Ye Min Aung သို့ …
တပ်ဖွဲ့ဝင်တစ်ဦး အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ခင်ဗျား သင်ယူလေ့လာခဲ့ဖူးမယ်လို့ ယူဆပါတယ်။ လိုက်နာစောင့်ထိန်းရကောင်းမှန်းတော့ သိပုံမရဘူး …
သတင်းအချက်အလက်စီးဆင်းမှု အားကောင်းမြန်ဆန်နေတဲ့ ခေတ်ကာလအတွင်း အများပြည်သူမြင်ကွင်းမှာတောင် ဒီလိုကျူးလွန်ရဲတာ ခင်ဗျားရဲ့ ပင်ကိုယ်ဗီဇကိုက ဆိုးသွမ်းတာကြောင့်လား? အရင့်အရင် မှုခင်းတွေမှာလည်း ခင်ဗျားဒီလိုပဲ ကျူးလွန်နေကျပဲလား?
လူသားတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှိပါတယ်။ ခင်ဗျားက အဲ့ဒီ့ဂုဏ်သိက္ခာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရုံနဲ့ အားမရဘဲ Social Media မှာပါ ထပ်မံစော်ကားတယ်။
ပညာတတ်ဆိုတဲ့ အလွှာကိုပါ စော်ကားတယ်။
ခင်ဗျား စော်ကားခဲ့တဲ့သူက အတတ်ပညာအားဖြင့်လည်း B.E. (Civil) ဆိုတဲ့ဘွဲ့ကို ရရှိထားတဲ့သူ။ အသိပညာအားဖြင့်လည်း မိဘ၊ ဆရာသမား၊ ပတ်ဝန်းကျင် အပေါင်းအသင်း ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့၊ သူ့အနုပညာနဲ့ လောကကို အလှဆင်နေတဲ့၊ အားလုံးက ချစ်ခင်ကြတဲ့ အနုပညာသမား။
ခင်ဗျားရဲ့ လုပ်ရပ်တွေက တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေပါတယ်။
တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ စကားရပ်ကိုရော ခင်ဗျား ဘယ်လိုလက်ခံထားပါသလဲ? အားပါးတရ စော်ကားထားပြီး အကောင့်ပါ ဖျက်ပြေးတာ ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်ဟုတ်ပါသလား?
တပ်ဖွဲ့ကနေ ရဲပြေးအဖြစ် မပြေးလောက်သေးဘူးလို့တော့ ယူဆပါတယ်။ ယောက်ျားစစ်တယ် ဆိုရင်ပေါ့။ ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပါ။
တပ်ဖွဲ့အနေနဲ့ရော ဒီကိစ္စအတွက်ဘယ်လိုတာဝန်ယူမလဲဆိုတာ မေးခွန်းထုတ်လိုပါတယ် …
Thursday, October 3, 2019
မိုးကျရွှေကိုယ်တင် မဟုတ်ဘူး ကတော်တွေပါ ဗိုလ်ကျအနိုင်ကျင့် နေပါပြီ
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးရွှေသန်း(မိုးကျ)ကတော် ဒေါ်ဖြူဖြူခိုင် ရဲဒုတပ်ကြပ်တစ်ဦး၏ ဇနီးအား လက်သီးစွမ်း ပြခဲ့သည့်အတွက် မျက်နှာတွင် ဒဏ်ရာ ရရှိခဲ့မှုဖြစ်စဉ် အား ပြည်ထဲရေး ဝန်ကြီးနှင့်ရဲချုပ်သိရှိနိုင်ရေးအတွက် တင်ပြခြင်း(၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အခမ်း အနား ကျင်းပနိုင်ရေး အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်းအတွင်း ယနေ – နံနက် ၃ နာရီအချိန်က ထမင်းချက် ဟင်းချက် ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးရဲမေများမှ ဝိုင်းဝန်းလုပ်ကိုင်နေကြစဉ် အချိန်အတွင်း နောက်ကျပီးမှ ရောက်လာခဲ့သည့်အတွက်ဟုဆိုကာရဲဒုတက ခင်သန်းမောင်ရဲ့ ဇနီး ဖြစ်သူ ရဲမေမခင်ဝင်းအား ဒုရဲမှူးကြီး ရွှေသန်း၏ ကတော် ဖြစ်သူဒေါ်ဖြူဖြူခိုင် မှ ဝိုင်းဝန်း ချက်ပြုတ် လုပ်ကိုင်နေကြသည့် ရဲမေအများ ရှေ့တွင် လက်သီး ဖြင့် ထိုးကာ ပါးရိုက်ခဲ့သည့် အတွက်မခင်ခင်ဝင်း၏ ဝဲဘက်ပါးပြင်ပေါ်တွင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပါတယ်။
ထိုကဲ့သို့ အထက်လူကြီး ကတော်ဖြစ်သူမှ လူအများ ရှေ့မှောက်တွင် ကိုယ်ထိလက်ရောက် ထိုးကြိတ်ပါး ရိုက်ခံခဲ့ရမှု အား အမှုဖွင့်လှစ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်လှစ်ပေးခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။ အထက်လူကြီး မိန်းမဖြစ်သူ က လက်အောက်ငယ်သားတပ်ဖွဲ့ဝင် ဇနီးကို ဒီလိုမျိုး ကိုယ်ထိ လက်ရောက် ထိုးကြိတ် ရိုက်နှက် စော်ကားပြုခွင့် ရှိနေပါသလား။
ထိုကဲ့သို့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတစ်ခုပြုလုပ်ကျင်းပနိုင်ရေး အတွက် ရဲဝန်ထမ်း မိသားစုများ ဝိုင်းဝန်းချက်ပြုတ်ပြင်ဆင် လုပ်ကိုင်နေစဉ်အတွင်း နောက်ကျမှ ရောက်လာခဲ့သည့် အကြောင်းပြချက်ဖြင့် လူအများရှေ့မှောက်တွင်မိမိလက်အောက် ငယ်သား ဝန်ထမ်း တစ်ဦး၏ ဇနီးဖြစ်သူ အား အထက်လူကြီး၏ ကတော် တစ်ဦးဖြစ်သူက ကိုယ်ထိ လက်ရောက် အနိုင်ကျင့်စော်ကားခဲ့မှုအား ပြည်ထဲရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သိရှိပီး လိုအပ်သလို စစ်ဆေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ထိခိုက် နစ်နာခဲ့ရသော ကာယကံရှင် အမျိုးသမီးဖြစ်သူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ရရှိနိုင်ရေး ဓါတ်ပုံ အထောက်အထား မှတ်တမ်းများဖြင့် တင်ပြပေးလိုက်ရပါတယ်။
ယခုဖော်ပြအားသတင်း https://www.everytimestory.com/local-new/58769/ သတင်းဆိုဒ်မှာ ကူးယူဖော်ပြပေးပါသည်
Tuesday, July 16, 2019
အမြန်လမ်းမှာ ကားပျက်တာကို မကူညီတဲ့အပြင် ခြိမ်းခြောက်ပြီးငွေပါတောင်းတဲ့ ရဲ(၂)ဦးကို အရေးယူပြီ..
အမြန်လမ်းမကြီး မိုင်တိုင်. ၃၁၁/၃ အနီးတွင်. မော်တော်ယာဉ် ပျက်ရ်ျ အခြားယာဉ်တစီးဖြင့်. ဆွဲလာသည်ကို. အမြန်လမ်းမကြီးရဲတပ်ဖွဲ့  တပ်ဖွဲ့ ဝင်(၂) ဦးမှ ထိုသို့  ယာဉ်ဆွဲ ယူခြင်းသည် အမြန်လမ်းမကြီး ဥပဒေအရ ထောင်ဒဏ် နှင့် ငွေဒဏ် ၁၅၀၀၀၀/ ကျပ် ပေးဆောင်ရမည်ဟု.
ခြိမ်းခြောက်ရ်ျ. ယာဉ်မောင်း(၂) ဦးထံမှ ငွေ(၄၀၀၀၀/) ကျပ် တောင်းယူ ကြောင်း. လူမှုကွန်ယက် Facebook တွင် Acc အချို့ မှ ယနေ့  ဇူလိုင်လ(၁၆) ရက်နေ့ ဖြန့်ဝေ တင်ပြနေသည်ကို တွေ့ ရှိရပါသည်အဆိုပါ ဖြစ်စဉ်သည်. ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ် သာဖြစ်ပြီး. အဆိုပါ တပ်ဖွဲ့ ဝင်(၂)ဦးအား တပ်ဖွဲ့  ဥပဒေစည်းကမ်းနှင့်အညီ စစ်ဆေးရ်ျ အချုပ်ပြစ်ဒဏ် အရေးယူပြီးဖြစ်ပါသည်
Unicode Version
အမြန်လမ်းမကြီး မိုင်တိုင်. ၃၁၁/၃ အနီးတွင်. မော်တော်ယာဉ် ပျက်ရျ် အခြားယာဉ်တစီးဖြင့်. ဆွဲလာသည်ကို. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်(၂) ဦးမှ ထိုသို့ ယာဉ်ဆွဲ ယူခြင်းသည် အမြန်လမ်းမကြီး ဥပဒေအရ ထောင်ဒဏ် နှင့် ငွေဒဏ် ၁၅၀၀၀၀/ ကျပ် ပေးဆောင်ရမည်ဟု.
ခြိမ်းခြောက်ရျ်. ယာဉ်မောင်း(၂) ဦးထံမှ ငွေ(၄၀၀၀၀/) ကျပ် တောင်းယူ ကြောင်း. လူမှုကွန်ယက် Facebook တွင် Acc အချို့မှ ယနေ့ ဇူလိုင်လ(၁၆) ရက်နေ့ဖြန့်ဝေ တင်ပြနေသည်ကို တွေ့ရှိရပါသည်အဆိုပါ ဖြစ်စဉ်သည်. ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် သာဖြစ်ပြီး. အဆိုပါ တပ်ဖွဲ့ဝင်(၂)ဦးအား တပ်ဖွဲ့ ဥပဒေစည်းကမ်းနှင့်အညီ စစ်ဆေးရျ် အချုပ်ပြစ်ဒဏ် အရေးယူပြီးဖြစ်ပါသည်
သို့သော်. ထို ဖြစ်စဉ်ကို. ယခု ဖြစ်သကဲ့သို့ ပြည်သူအများစိတ် အနှောင့်အယှက်ဖြစ်စေရန် ဓါတ်ပုံများနှင့်တကွ ဖော်ပြလျက်ရှိကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်
Source- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
Wednesday, July 10, 2019
Victoria အမှုနှင့်ပတ်သက်ပြီး ဘက်မလိုက်ဘဲ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ၊ အလှူခံမှုများကို ရိုးသားမှုရှိ/မရှိ စိစစ်အရေးယူမည်
Credit- ရဲဇာနည်
Unicode Version
မြန် မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။
CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။
အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။
Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်။
Credit- ရဲဇာနည်
Unicode Versiona
Friday, July 5, 2019
ဆရာမ နှင်းနုကတော့ သူဖြေချင်မှ ဖြေမှာပေါ့ဗျာ။ ဒါက သူအခွင့်ရေးပဲ လို့ရဲဒုချုပ် အောင်နိုင်သူပြော
ပြောပါရစေအုံး
နေပြည်တော်က ကလေးအဓမ္မမကျင့်ခံရတဲ့ အမှုဖြစ်စဉ်မှာ ဖြစ်ပွားခဲ့တာက မူကြိုမှာဖြစ်ခဲ့တာသေချာရင် အဓိကခိုင်လုံတဲ့ သက်သေက ကလေးအခန်းဆရာမပဲလို့ မြင်တယ်။
ကလေးဖြေကြားချက်ဖြစ်တဲ့
🔺 ဆရာမ နှင်းနု သိတယ်...။
🔺 ဆရာမနှင်းနု က ကိုကို ကိုဆူတယ်...။
🔺 ဆရာမနှင်းနု ရေဆေးပေးတယ်... ။
ဒီအချက်တွေကို ကြည့်ရင် အဓိကကျတာက ဆရာနှင်းနုလို့ပဲ မြင်တယ်။
ဒီဆရာမကိုယ်တိုင်ရေဆေးပေးခဲ့တယ်ဆိုမှတော့ ဒီဆရာမကို ရအောင်မမေးသင့်ဘူးလား
ဒီဆရာမအနေနဲ့ကလည်း ကိုယ့်တပည့်သမီးလေးအတွက် ဘာလို့ အဖြစ်မှန်ကို မဖြေရတာလဲ
ကျနော်ကတော့ ဒီလိုပဲ လူပိန်းတွေး တွေးတယ်
ဒါကိုပဲ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ
သတင်းထောက်က ကလေးက ဆရာမနှင်းနုသိတယ်လို့ဖြေတယ် အဲ့တော့ ဆရာမနှင်းနုကို မစစ်ဘူးလား မေးတာမှာ ရဲဒုချုပ် အောင်နိုင်သူက
'ဆရာမ နှင်းနုကတော့ သူဖြေချင်မှ ဖြေမှာပေါ့ဗျာ။ ဒါက သူအခွင့်ရေးပဲဆိုတဲ့ သဘောဖြေသွားတယ်။ ဆရာမနှင်းနုဘက်က ဘယ်လိုထွက်ဆိုတယ်ဆိုတာ ဖြေမသွားဘူး ။
ဒီဖြေကြားမှုကိုတော့ နားမလည်အောင်ဖြစ်ရပါတယ်
ဒီလိုပဲ မဖြေချင် မဖြေလို့ရတယ်ပေါ့ ။ ဒါက လူ့အခွင့်အရေးပေါ့။
ဘာပြောရမှန်းလည်းမသိတော့ပါဘူး။
လက်ရှိဖမ်းထားတဲ့ တရားခံဟာ တရားခံ အစစ်ဟုတ်မဟုတ် မငြင်းလိုပေမယ့်။ ရဲဘက်က ဒီမေးခွန်းဖြေသွားတာကတော့ စိတ်တိုင်းမကျပါဘူးဗျာ
- ကျော်ကြီး(MDY)
- တရားခံကိုထွက်လာပြီး အဖမ်းခံဖို့ ပြောလိုက်တဲ့ဒုရဲအုပ်
- ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ ဆရာမနှင်းနုလွင်ကို LIVE လွှင့်ပီး ပွဲကြမ်းခဲ့တဲ့ အမပိုးဖြူရဲ့ ဗွီဒီယိုဖိုင်
- Stop Child Sexual Abuse
- စီအိုင်ဒီကို မေးခွန်းထုတ်ခြင်း
Monday, January 7, 2019
လှိုင်မြို့နယ်ပိတောက်ချောင်းအကျင့်ပျက်ရဲများနှင့် ဒုစရိုက်သမားများအကြောင်း
အပိုင်း ၁
ရန်ကုန်တိုင်း လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းကစခန်းမှူးဦးညီညီနဲ့ လှိုင်မြို့နယ်နယ်ထိန်းဝင်းဇော်ဦးဆိုသူတို့ဟာတရားမဝင်တဲ့ပိုင်ဆိုင်မှု့အမြောက်အမြားလာဘ်စားရယူထားတာတွေရှိပါတယ်။သူတို့ရဲ့နောက်ကြောင်းရာဇဝင်အရ ဘာမှမချမ်းသာခဲ့ပေမယ့်
လှိုင်မြို့နယ်မှာ တာဝန်စကျပြီးနောက်ပိုင်း ရုတ်ချည်း ချမ်းသာကြွယ်ဝသူတွေဖြစ်လာကြပါတယ်။
သူတို့ရဲ့အဓိက ငွေဝင်နေတဲ့လမ်းကြောင်းက လောင်းကစားလုပ်ငန်းနဲ့ KTV မာဆတ် လုပ်ငန်းတွေကနေရရှိနေကြတာပါ။လှိုင် ပိတောက်ချောင်းစခန်းမှူးနဲ့ နယ်ထိန်းဟာ ဒီလုပ်ငန်းတွေ ကို အနှောင့်အယှက်မရှိအောင်လိုင်းကြေးယူပြီး ကာကွယ်ပေးထားကြတာပါ။
လောင်းကစားလုပ်ငန်းကိုလုပ်ကိုင်နေသူတွေကတော့ လှိုင်လူမိုက်တွေအဖြစ်အမည်ခံထားကြတဲ့ ထွန်းနိုင် နဲ့ ဇွဲမင်းပိုင်တို့ဖြစ်ကြပြီး ထွန်းနိုင်မယားထက်ထက်နဲ့ ဇွဲမင်းပိုင်အမေ မော်မော်ဦး တို့ဟာ ညီအစ်မတွေဖြစ်ကြပါတယ်။ ဇွဲမင်းပိုင်နေထိုင်တာက လှိုင် ဓါတု ၂ လမ်းမှာပါ။ လောင်းကစားလုပ်ငန်းနဲ့ရထားတဲ့ တိုက်တွေ။ကားတွေ အများအပြားရှိနေပါတယ်။ဘုရင့်နောင်လမ်းမကြီးဘေးက၂လွှာမြောက်တိုက်ခန်းဟာဆိုရင် ၂လုံးထီအကြွေးမပေးနိုင်သူဆီက ဆွဲသိမ်းထားတာပါ။ အဲ့ဒီတိုက်ခန်းဟာ သိန်း ၂၀၀ကြွေးမဆပ်နိုင်လို့ သိန်း ၆၀၀ ကျော်တန်ပေမယ့်အသိမ်းခံရတယ်လို့ဆိုပါတယ်။
နယ်ထိန်း ဝင်းဇော်ဦးဟာ ဒုစရိုက်သမားတွေနဲ့ပူးပေါင်းရှာဖွေလို့ရတဲ့ငွေမဲတွေနဲ့ဝယ်ထားတဲ့တိုက်ခန်း ၆ ခန်းရှိနေပါတယ်။ကိုယ်ပိုင်ကား ၂ စီးအပြင် Taxi ကား ၂စီးလည်းထောင်ထားပါသေးတယ်။ဝင်းဇော်ဦး ၏ ပိုင်ဆိုင်မှု့များကို အပိုင်း ၂ တွင်ဓါတ်ပုံနှင့်တကွဖော်ပြပါမည်။
IP - 2072 BGO ကားနံပါတ်ဟာ ဇွဲမင်းပိုင် စီးနေတဲ့ကားပါ။ ဇွဲမင်းပိုင်နှင့်မော်မော်ဦးတို့ သားအမိ၏ ပိုင်ဆိုင်မှု့များကို အပိုင်း ၂ တွင်ဓါတ်ပုံနှင့်တကွဆက်လက်ဖော်ပြပါမည်။
ထက်ထက်၏လင်ဖြစ်သူ ထွန်းနိုင်က ရပ်ကွက်ထဲမှာငါဆိုတဲ့ကောင်ကလူမိုက်ပဲ။ကြိုက်တဲ့နေရာကိုတိုင် ရဲမှန်သမျှ ပိတောက်ချောင်းရဲစခန်းလောက်ကိုလာမပြောနဲ့ ဟိုး အထက်ကိုအကုန်ပေးကမ်းထားပြီးသား လို့ လူအများကြားထဲပြော
ဆိုခဲ့တယ်လို့ဆိုပါတယ်။ထွန်းနိုင်မယားထက်ထက်ဆိုသူကလည်း ရဲကိုလိုင်းကြေးအပြင် ဘောက်ဆူးလည်းပေးလေ့ရှိသလို ရဲတွေကိုပြောလေ့ရှိတဲ့စကားကတော့ ငါပေးတာယူ ငါကြွေးတာစားပြီး စောက်ပေါက်တွေက ငါတို့ကိုဒုက္ခရောက်အောင်မလုပ်မိစေနဲ့ နင်တို့ရဲတွေအကုန်လာဘ်စားထားတာဖော်ပြီးထောင်ထဲအတူရောက်
စေရမယ်လို့  ကြိမ်းဝါးပြောဆိုထားတယ်လို့သိရပါတယ်။
ထွန်းနိုင်+ ထက်ထက် ။ မော်မော်ဦး - သားဇွဲမင်းပိုင် တို့ဟာ လောင်းကစား ဒိုင်ချုပ်တွေဖြစ်ကြပါတယ်။ ဂျင်ဝိုင်း ။ဖဲဝိုင်းလောင်းကစားအကြီးစားကြီးတွေကိုလုပ်ကိုင်နေကြသူတွေပါ။ လောင်းကစားလုပ်နေတဲ့ နေရာတွေကတော့ ပုံတွင်ပြထားသော ဘဲဥဆိုတဲ့ ကောင်၏ အိမ်တွင်တစ်ခု။ လှိုင်မြို့နယ် ၂ ရပ်ကွက်ဇွဲမင်းပိုင် ပိုင်ဆိုင်သောအိမ်တွင်တစ်ခု ။ နောက်တစ်ခုကိုတော့ နေရာစုံစမ်းနေဆဲဖြစ်ပါတယ်။
ပိတောက်ချောင်းနယ်ထိန်း ဝင်းဇော်ဦးက စခန်းမှူးအတွက် KTV နဲ့ မာဆတ် ။ လောင်းကစားဒိုင်များဆီမှာ လိုင်းကြေးလိုက်လံတောင်းပေးရပါတယ်။ စခန်းမှူးက ငွေလိုတယ်ဆိုရင် ညဘက်တွေမှာ ကိုယ်တိုင် Hello KTV မှာပေါ်တင်လာပြီး ငွေလာတောင်းတတ်သလို စားပွဲသောက်ပွဲတွေနဲ့ မာစွပ်ပြီးပြန်တတ်လေ့ရှိကြောင်းသိရပါတယ်။
စာရှည်နေလွန်းသည့်အတွက် ။ သူတို့၏ ရဲနဲ့အတူပူးပေါင်းဒုစရိုက်လုပ်ငန်း အများအပြားဖော်ပြရန်ကျန်နေသည့်အတွက် အပိုင်း ၂ အဖြစ်ပိုမိုပြည့်စုံစွာဖော်ပြပါမည် ။
စောင့်မျှော်ဖတ်ရှု့ပေးကြပါ။
ရဲဇော်
Sunday, August 19, 2018
မကွေးတွင် ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့်အဖွဲ့မှ လူငယ်(၁)ဦးကို နေအိမ်တွင် အရပ်ဝတ်ဖြင့် လူ(၁၅)ဦး လာရောက်ရိုက်နှက်ခြင်းကို ရဲစခန်းက အမှုဖွင့်မပေး
မကွေးမြို့တွင် စားသောက်ဆိုင်ရှေ့၌ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့်လူငယ်(၅)ဦးအဖွဲ့တွင် ပါဝင်သည့် လူငယ်(၁)ဦးကို သြဂုတ်လ(၁၇)ရက်နေ့က ၎င်းနေထိုင်ရာအိမ်သို့ လူ(၁၅)ဦးခန့် လာရောက်ရိုက်နှက်မှုအား မကွေးမြို့မရဲစခန်းသို့ တိုင်ကြားသည်ကို သြဂုတ်လ(၁၈)ရက်နေ့အထိ အမှုဖွင့်ပေးထားခြင်းမရှိသေးကြောင်း သိရသည်။
“သူတို့က ဝန်ထမ်းမလို့ တန်းလုပ်လို့မရဘူးတဲ့။ အဆင့်ဆင့်တက်ပြီးကာမှ ဆောင်ရွက်ပေးမှာ။ အခုလောလောဆယ် ဆောင်ရွက်မပေးနိုင်သေးဘူးတဲ့ အဲဒီလိုပြောတယ်"ဟု ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာတွင် လိုက်ပါသွားခဲ့သည့် ကိုဆန်းလင်းထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ဌေးက ပြောသည်။
မကွေးတိုင်းပြည်သူ့ဆေးရုံတွင် သြဂုတ်လ(၁၇)ရက်နေ့က ဒဏ်ရာရထားသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအပြင် လူငယ်(၅)ဦးအဖွဲ့မှ (၁)ဦးမှာလည်း ဒဏ်ရာများဖြင့် ဆေးရုံတက်နေရာ အဆိုပါလူငယ်မှာ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်ဟု မကွေးမြို့မရဲတပ်ဖွဲ့က သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါဒဏ်ရာရလူငယ်မှာ နေအိမ်တွင် လူ(၁၅)ဦး လာရောက်ရိုက်နှက်ခံရသည့် အတွက် ဒဏ်ရာရသွားသည့် ကိုဆန်းလင်းထွန်းဖြစ်ကြောင်း ကိုဆန်းလင်းထွန်း၏ မိသားစုဝင်များက သြဂုတ်လ(၁၈)ရက်နေ့တွင် အတည်ပြုပြောကြားသည်။
လူငယ်(၅)ဦးအနက် (၂)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး ကျန်(၃)ဦးအနက် သာယာကုန်းရွာနေ ကိုဆန်းလင်းထွန်းအား သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်၌ ၎င်းနေထိုင်ရာနေအိမ်သို့ ကား(၂)စီးဖြင့် အရပ်ဝတ် လူ(၁၅)ဦးရောက်လာကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူတို့ ကားနှစ်စီးနဲ့ ရောက်လာကြတာပါ။ အားလုံး (၁၅) ယောက်လောက်ရှိပြီး အရပ်ဝတ်တွေနဲ့မို့ အစကရဲတွေမှန်း မသိပါဘူး။ ဆန်းလင်းထွန်းကလည်း ညက ပြဿနာဖြစ်ခဲ့လို့ မနက်ကျရင် ရဲလာဖမ်းနိုင်တယ်လို့ ပြောပါသေးတယ်။ အိပ်နေတဲ့ ဆန်းလင်းထွန်းကို မင်းကိုစခန်းက လာဖမ်းတာဆိုပြီး နှိုးလို့ ထအလာမှာ သူတို့ကပါလာတဲ့တုတ်တွေနဲ့ တန်းပြီး ရိုက်ကြနှက်ကြပါတယ်။ ကလေးက ကန်ကျောက်ခုခံပြီး ရွာထဲထွက်ပြေးတော့ သူတို့က သူခိုးလို့ အော်ပြီး လိုက်ဖမ်းကြတာကြောင့် ရွာထဲကတစ်ယောက်က ရိုက်လိုက်ပါသေးတယ်။ နောက်မှ ကိုလင်းမှန်း သိ သွားတာပါ။ ကိုလင်းအမေ့အိမ်မှာ မိသွားကြလို့ ထပ်ရိုက်နှက်ကြပြီး လူတွေဝိုင်းလာပြီ ပြန်ရအောင်လို့ပြောပြီး ပြန်သွားကြပါတယ်။ သူတို့ဝိုင်းလုပ်ပြီး ထားရစ်ခဲ့တဲ့ကိုလင်းကို ဆွေမျိုးသားချင်းတွေက ဆေးရုံပို့လိုက်ကြရပါတယ်"ဟု ကိုဆန်းလင်းထွန်း၏ အိမ်နီးချင်းဖြစ်သူ မမျိုးမျိုးဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သြဂုတ်လ(၁၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်(၅)ဦးကို မကွေးမြို့မရဲစခန်းတွင် (ပ)၉၁၂/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၃၃ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ကိုဆန်းလင်းထွန်း ရိုက်နှက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မရဲတပ်ဖွဲ့သို့ အမှုဖွင့်ထားသည့်ကိစ္စကိုမူ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ရှင်းလင်းစွာ မသိရသေးကြောင်း ဖြေကြားသည်။
"ဒါကတော့ ပြစ်မှုကျူးလွန်သူကို ရဲကလိုက်ဖမ်းတဲ့သဘောပဲ ရှိပါတယ်။ တကယ်သာ သူတို့ပြောသလို ရိုက်နှက်တာမှန်ရင် သူ့ကိုမိပြီပေါ့။ ရဲကဖမ်းတာကို ထွက်ပြေးတော့ အုတ်နံရံတွေဘာတွေနဲ့တိုးတိုက်ပြီး ဒဏ်ရာရသွားတာပဲ ဖြစ်မှာပါ"ဟု အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးမြို့၊ သိင်္ဂါဂီရိရပ်၊ မြို့ရှောင်လမ်းရှိ MD စားသောက်ဆိုင်ရှေ့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ ညပိုင်းက မူးယစ်ရမ်းကားနေသည့်လူရွယ်(၅)ဦးအား ရဲတပ်ဖွဲ့ဝင်(၅)ဦးက သွားရောက်တားမြစ်ရာမှ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်း၊ ဓါတ်ပုံ - ဖီးနစ်
Tachileik News Agency
https://www.tachileik.net
Saturday, August 4, 2018
လောင်းချောင်းရဲစခန်းမှ ခြိမ်းခြောက်ငွေ ၄ သိန်းတောင်းယူမှုအပေါ် စစ်တွေတွင်သတင်းစာရှင်လင်း
နိရဉ္စရာ၊ သြဂုတ် ၎
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်းနယ်ခြားစောင့် ရဲစခန်းမှ ခြိမ်းခြောက်ပြီး ငွေ ၄သိန်း တောင်းယူမှုနှင့် စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် နွားတစ်ကောင် ပျောက်ဆုံးသွားမှု အပေါ် နစ်နာခဲ့ရသူ ဒေသခံများက စစ်တွေတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အကျင့်ပျက်ရဲအရာရှိများကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။
၎င်းသတင်းစာရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ အားသစ်လဘက်ရည်ဆိုင်တွင် ယနေ့ နေ့လယ် ၁ နာရီအချိန် ပြုလုပ်ခဲ့စဉ် ထိုသို့တောင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဆီက ကျပ်ငွေ ၄ သိန်းကို ခြိမ်းခြောက် ယူထားလိုက်တဲ့အပြင် ငွေ ၄သိန်း တန်ဖိုးရှိတဲ့ နွားတစ်ကောင်ကိုလည်း ယူထားလိုက်ကြတယ်။ ဒီလုပ်ရပ်ဟာ အနိုင်ကျင့်သလို ကျွန်တော်တို့ ခံစားရတယ်။ နောက်ထပ် ဒီလိုမျိုး အနိုင်ကျင့်မှုတွေ မပြုလုပ်ရအောင် လောင်းချောင်းစခန်းမှူးကို အပေါ်က တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်တဲ့ အတွက် ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာပါ”ဟု ရသေ့တောင်မြို့နယ် အငူမော် ကုန်တန်းကျေးရွာမှ ဦးကျော်ဇောက သတင်းထောက်များကို ပြောသည်။
အငူမော်-ကုန်တန်းကျေးရွာမှ ဦးကျော်ဇော (၃၀)နှစ်(ဘ) ဦးကျော်ထွန်းအောင်နှင့် အငူမော်ကျေးရွာမှ ကိုအောင်ဇော်ဝင်း အသက် (၂၃) နှစ်တို့သည် တစ်မြို့နယ်တည်းဖြစ်သော ရသေ့တောင်မြို့နယ် ပန်းဖိုပြင်၊ ကျုံးပြင်၊ အောင်သာယာနှင့် ဆင်အိုးစသည့် ကျေးရွာများမှ နွား အကောင် ၂၀ ကို ၀ယ်ယူ၍ ဇူလိုင်လ ၂၅ ရက်နေ့က မိမိကျေးရွာသို့ လူငှား ၂ ဦးနှင့်အတူ ယူဆောင်လာရာ လောင်းချောင်းကျေးရွာအရောက် ညနေ ၄ နာရီခန့်တွင် အရပ်ဝတ်ရဲတစ်ဦးက တားမြစ်စစ်ဆေးခဲ့သည်ဟု သိရသည်။
ယင်းသို့ တားမြစ်ပြီးနောက် ဖုန်းဆက်ခေါ်၍ နောက်ထပ် အရပ်ဝတ်ရဲတစ်ဦးနှင့် ယူနီဖောင်းနှင့် သေနတ်ကိုင်ဆောင်ထားသည့် ရဲတစ်ဦးရောက်ရှိလာပြီး၊ နွားနှင့် နွားဝယ်ယူလာသူများကို လောင်းချောင်း ရဲစခန်းသို့ ခေါ်ယူခဲ့သည်ဟု သူတို့က ဆိုသည်။
“ရဲစခန်းရောက်တော့ ကျနော်နဲ့ ကိုအောင်ဇော်ဝင်းကို ဖမ်းဆီးပြီး ခြောက်ပေါက်ထဲ ထည့်ထား ပါတယ်။ နောက်ပြီးတော့ ငွေပေးမှ လွတ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့က အစမှာ ငွေမပါဘူး ပြောတယ်။ သူတို့ မလွတ်ပေးတော့ ငွေတစ်သိန်းပေးမယ်ပြောတယ်။ မရဘူး။ နောက် ၂ သိန်းပေးမယ် ပြောလည်း မရဘူး။ ညမှောင်လာတော့ ကျွန်တော်တို့လည်း စိုးရိမ်လာတဲ့အတွက် ပါတဲ့ ငွေ ၄ သိန်းလုံးကို ပေးမယ်ဆိုမှ လွတ်ပေးလိုက်ပါတယ်” ဟု ဦးကျောဇောက ပြောသည်။
ဦးကျော်ဇောနှင့် ကိုအောင်ဇော်ဝင်းတို့သည် ညနေ ၅ နာရီမှ ည ၉ နာရီအထိ ၆ ပေါက်ထဲတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် ရဲက ခြိမ်းခြောက်လာသည့် အပေါ် စိုးရိမ်လာသဖြင့် ပါလာသည့် ငွေ ၄ သိန်းကို ရဲကို ပေးလိုက်ရသည်ဟု ပြောဆိုသည်။
“ ကျွန်တော်တို့ နှစ်ယောက်ကို ငွေ ၄ သိန်းပေးပြီး လွတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် နွားအကောင်း ၂၀ ထဲက တစ်ကောင်ကို စခန်းမှာ ထိန်းသိမ်းထားစဉ် ယူထားလိုက်ပါတယ်။ ဒီနွားကိုတော့ သူတို့ မယူကြောင်းနဲ့ ငွေ ၄ သိန်းယူထားတဲ့ ကိစ္စကိုလည်း အပြင် မပေါက်ကြားဖို့ ပြောကြားပါတယ်” ဟု သူက ပြောဆိုသည်။
၎င်းပြင် စခန်းမှူးက နောက်နောင် နွားဝယ်မည်ဆိုပါက ရဲစခန်းကို အကြောင်းကြားပြီးမှ ၀ယ်ယူရန် ရဲစခန်းမှူးက သူတို့ကို မှာကြားသည့်အပြင် ရဲစခန်းမှူး၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်ဟု ဦးကျော်ဇောက သတင်းထောက်များကို ပြောသည်။
“ဒီနွားတွေကို ၀ယ်ယူလာတာက တစ်ချို့ကို ကိုယ်တိုင်မွေးမယ်။ နောက် ဆွေမျိုးတွေက မှာလိုက်တာလည်း ရှိတယ်။ ပိုတဲ့နွားတွေကို နွားမရှိတဲ့ လူတွေကို ရောင်းမယ်ဆိုပြီးတော့ ဒီနွားတွေကို ၀ယ်ယူလာတာပါ။ ငွေ ၄ သိန်းလည်း ပေးရတယ်။ နွားတစ်ကောင်လည်း စခန်းမှာပဲ ပျောက်သွားတယ်ဆိုတော့ ကျနော်တို့ အလုပ်မရှိလို့ လုပ်စားတာ အရှုံးပေါ်ပြီပေါ့။ အဲ့ဒါကို မကျေနပ်လို့ သတင်းစာရှင်းလင်းပြီး လောင်းချောင်းစခန်းမှူးကို အရေးယူပေးဖို့ တောင်းဆို တာပါ”ဟု ဦးကျော်ဇောက ဆက်ပြောသည်။
အဆိုပါ ခြိမ်းခြောက်ငွေညှစ်မှုနှင့် နွားတစ်ကောင် ယူထားလိုက်မှုနှင့်ပတ်သက်၍ လောင်းချောင်း စခန်းမှူးကို အရေးယူအပြစ်ပေးရန် သြဂုတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းမှူးတို့ကို စာရေးသားတိုင်ကြားထားကြောင်း သိရသည်။
နိရဉ္စရာသတင်းဌာနမှ ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူးက “သူတို့ကို ခြောက်ပေါက်ထဲ ထည့်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားကို တရားမ၀င် ခိုးမထွက်ရအောင် နွားတွေကို စိစစ်တယ်။ ဒေသတွင်း သွားတာလာတာကို ခွင့်ပြုသင့်တာကိုတော့ ခွင့်ပြုပေးပါတယ်။ သူတို့ဆီက ငွေ ၄ သိန်း ယူထားလိုက်တယ် ဆိုတာလည်း လုံးဝ မဟုတ်မှန်ပါဘူး။ ဒီနွားတွေကို တစ်ကောင်ကို တစ်လ ၇၀၀၀ ကျပ်နဲ့ နွားအငှားကျောင်းဖို့ ယူလာတယ်လို့ အားလုံးက တစ်သံတည်း ထွက်ဆိုလို့ လွတ်ပေးလိုက်ပါတယ်”ဟု ပြောသည်။
နွားများကို ရဲစခန်းကိုတွင် ထိန်းသိမ်းထားစဉ် နွားသယ်ယူလာသူအားလုံးကို တစ်ပြိုင်တည်း ခေါ်စစ်ခြင်းမဟုတ်ဘဲ တစ်ယောက်ချင်းစီ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရဲစခန်းတွင် နွားပျောက် သည်ဟု ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ သူတို့ မထိန်းသိမ်းနိုင်၍ နွားပျောက်ရခြင်း ဖြစ်သည်ဟု စခန်းမှူးက ပြောသည်။
“သူတို့က ကျနော့်ကို မဟုတ်မမှန် စွပ်စွဲတာပါ။ ကျနော့်အနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်ပြီးအရေးယူသွားမယ်။ အသရေဖျက်မှုနဲ့ ပြန်တရားစွဲပါမယ်”ဟု လောင်းချောင်းစခန်းမှူးက ဆိုသည်။
ရသေ့တောင်မြို့နယ်တွင် ယင်းသို့ နွားဝယ်မှုသည် မကြာခဏ ဖြစ်ပွားနေ၍ နွားပျောက်မှုများ မဖြစ်ပွားရအောင် ယင်းသို့ နွားဝယ်ယူရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ပါမှ လုပ်ဆောင် သင့်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် ရသေတော့င်မြို့နယ် အုပ်ချုပ်ရေးမှူးကို လောင်းချောင်း စခန်းမှူးက အကြောင်းကြားထားသည်ဟု ၎င်းက ပြောဆိုသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
Friday, June 8, 2018
ဆိပ်ဖြူရဲတပ်ဖွဲ့၏ ပြောင်မြောက်သည့် ဖမ်းဆီးမှုကြီး
ဆိပ်ဖြူရဲ ၏ ပြောင်မြောက်သည့် ဖမ်းဆီးမှု
တောအရက်သုံးပုလင်းလက်ဝယ်ထားရှိမှု ဖြင့် ဆိပ်ဖြူတွင် အမျိုးသမီးတစ်ဦးအားဖမ်းဆီး
Tuesday, February 6, 2018
သတင်းကြိုရသည့် အတွက် တရားခံ စိုးဝေ နှင့် ဒေါ်မစန်းတို့ ကိုပါ စောင့် ဖမ်းနိုင်ပြီ !!!
ဖြစ်စဉ်မှာ ငဖဲမြို့မရဲစခန်းမှ ဒုရဲအုပ် လှစိန် နှင့်အဖွဲ့သည် သတင်းအရ ငဖဲမြို့နယ်၊ မြေနီတဲတိုက်အနီး ငဖဲ-ရွှေစက်တော် မြေသားကားလမ်းတွင်စောင့်ဆိုင်းစဉ် ဇီးတောရွာဘက် မှရွှေစက်တော်ဘက်သို့ စိုးဝေ၊၃၁နှစ်၊ဇီးတောကျေးရွာ၊ငဖဲမြို့နယ် နေသူ စီးနင်းလာသည့် ၃၃ယ/------ရင်ဇင်း-၁၂၅ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ---
ဆိုင်ကယ်ပေါ်တွင် အပြာရောင် ပလပ်စတစ် ပုံး ဖြင့် ထည့်ထားသော တစ်ပုလင်း (၂၅၀) ကျပ်တန်ဘိုးရှိ (၇၂)ပုလင်း l စုပေါင်းတန်ဖိုး (၁၈၀၀၀)ခန့်ကို လည်းကောင်း၊ အလားတူ ဇီးတောရွာဘက် မှ ရွှေစက်တော် ဘက်သို့ ဒေါ်မစန်း၊၃၀နှစ်၊ ပေကုန်းရွာ၊ငဖဲမြို့နယ် နေသူစီးနင်းလာ သည့် SUPER ANBO-125 အနီရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေး ခဲ့ရာတွင် အပြာရောင် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသည့် တစ်ပုလင်း (၂၅၀) ကျပ် တန်ဘိုးရှိ (၃၀)ပုလင်း l စုပေါင်းတန်ဖိုး (၇၅၀၀)ခန့်ကို လည်းကောင်း အသီးသီး သိမ်းဆည်း ရမိ ခဲ့ခြင်းဖြစ်သည်။
ယင်းသိမ်းဆည်း ရမိခဲ့မှုနှင့်ပက်သက်၍ တရားမဝင်ထန်းရည် သယ်ဆောင်သူ စိုးဝေ နှင့် ဒေါ်မစန်းတို့အား အရေးယူပေးရန် ဒုရဲအုပ် လှစိန်မှ တရားလိုပြုတိုင်ကြားခဲ့၍ ငဖဲမြို့နယ်၊ မြို့မရဲစခန်းက ယစ်မျိုးဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားသည်။
Nay Min Khaing
Tuesday, August 8, 2017
ရဲတပ်သားက နေအိမ်ထဲ သေနတ်နဲ့ဝင်ပစ်လို့ ၂ ဦး သေဆုံး
ရဲတပ်သားက နေအိမ်ထဲ သေနတ်နဲ့ဝင်ပစ်လို့ ၂ ဦး သေဆုံး
သေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားဟာ ကွတ်ခိုင်မြို့မရဲစခန်းကဖြစ်ပြီး လက်ရှိမှာ အဲဒီရဲတပ်သားကို အမှုဖွင့်အရေး ယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ က ဒုရဲမှူးမိုးညွှန့်က RFA ကိုပြောပါတယ်။
RFA Burmese
Unicode
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ အခု လ ၆ ရက်နေ့ညက ရဲတပ်သားတစ်ဦး က နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးပြီး သုံးဦးကတော့ ဒဏ်ရာရရှိသွား ပါတယ်။
သေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားဟာ ကွတ်ခိုင်မြို့မရဲစခန်းကဖြစ်ပြီး လက်ရှိမှာ အဲဒီရဲတပ်သားကို အမှုဖွင့်အရေး ယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ ့က ဒုရဲမှူးမိ်ုးညွှန့်က RFA ကိုပြောပါတယ်။
ဒဏ်ရာရရှိထားတဲ့ အမျိုးသား ၃ ဦးကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး အဲဒီအထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန် ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။
ဒီအမှုဟာ မူယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်လို ့ ကွတ်ခိုင်မြို ့ခံတွေကြားမှာ ဝေဖန်မှုတွေရှိနေ ပါတယ်။
ရဲတပ်သားအနေနဲ့ ဘာကြောင့် ဒီလိုသေနတ်နဲ့ ပစ်ခတ်ရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းနဲ့ လက်ရှိမှာဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်ကို သိရှိရရင် သတင်းထုတ်ပြန်ပေးသွား မှာဖြစ်တယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ ့မှူး ရဲမှူးမိုးညွှန့် ကပြောပါတယ်။
RFA Burmese
Sunday, August 6, 2017
သပိတ်စခန်းအဖွဲ့ဝင်အမျိုးသမီးမှ ကိုက်သဖြင့် အကြမ်းပတမ်းဖမ်းဆီးရခြင်းဖြစ်
၅-၈- ၂၀၁၇ ရက်နေ့ နံနက် ၀၂း၁၅ အချိန် ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိသာသနာ့ နယ်မြေ သာသနာ ၂၅၀၀ ဗိမ္မာန်တွင်ဖွင့်လှစ်ထားသော သပိတ်စခန်းအားဖယ်ရှားစဉ်နှင့် ချမ်းမြသာစည်မြို့နယ်တရားရုံးရာကြီးအမှတ် ၉၄၁ နှင့် ၉၄၂ အမှုမှ လူနှင့်သံဃာ ၁၃ ဦးဖမ်းဆီးရန် ပူးပေါင်းအဖွဲ့မှဖမ်းဝရမ်းအတည်ပြုစဉ် သပိတ်စခန်းအဖွဲ့ဝင်မိန်းမတစ်ဦးမှ သွားဖြင့်ကိုက်သဖြင့် လူကိုက်ခံဒဏ်ရာ၂ နေရာ ရရှိသူ အမှတ်(၁၀)ရဲစခန်းမှ ရဲတပ်သား (မထားထားဦး) အား ဆေးကုသရန်နှင့် ဂုဏ်ပြုထောက်ပံ့ငွေ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ၅၀၀၀၀ိ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ၅၀၀၀၀ိ မြို့နယ်ရဲတပ် ဖွဲ့မှူးမှ ၃၀၀၀၀ိ စုစုပေါင်း ၁၃၀၀၀၀ိ ကျပ်အား ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး တင်ဇော်ထွန်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စံသူ တို့ မှ ယနေ့ မွန်းတည့် ၁၂း၀၀ အချိန်အမှတ် (၁၀)ရဲစခန်းသို့ သွားရောက် ပေးအပ်ခဲ့ပါသည်။
သပိတ်အဖွဲ့ဝင်မိန်းမအား အမျိုးသမီးတပ်ဖွဲ့ဝင် ၃ ဦး ရဲတပ်သား ထားထားဦး အပါ မှ ဖမ်းဆီးထိန်းသိမ်းစဉ်အသာတကြည်အဖမ်းမခံဘဲ မထားထားဦး ၏ ညာလက်ဖျံအား ကိုက်ထားသဖြင့် ဖယ်ရှားစေရန်ကြိုးစားခြင်းဖြစ်ပါသည်။
#credit-ဗိုလ်စံဖဲ
Friday, July 7, 2017
ရဲတပ်သား က သေနတ်နှင့် လိုက်လံ ပစ်ခတ်မှုကြောင့် ရဲအုပ် (၁) ဦး သေဆုံး
ရဲတပ်သား က သေနတ်နှင့် လိုက်လံ ပစ်ခတ်မှုကြောင့် ရဲအုပ် (၁) ဦး သေဆုံး
ရှမ်းပြည်နယ် ၊ လားရှိုးမြို့နယ်၊ နမ့်ပေါင် ရဲကင်းစခန်း တာဝန်ကျ ရဲတပ်သား (၁) ဦးဟာ ဇူလိုင် (၅) ရက် နေ့လယ်ပိုင်းက သူ့ကို ထုတ်ပေးထားတဲ့ မောင်းပြန် ရိုင်ဖယ် သေနတ် နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ရဲအုပ် (၁) ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူ ရဲအုပ်ရဲ့နေအိမ်မှာ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အခြား ရဲအုပ် နေအိမ်ဘက်ကို ထွက်ပြေးရာ နောက်ကနေ သေနတ်နဲ့ (၇) ချက် လိုက်လံ ပစ်ခတ်မှုကြောင့် သေဆုံးရတာပါ။
ရဲအုပ်မှာ ၀ဲဘက် လက်မောင်းမှာ သေနတ်ဒဏ်ရာ (၁) ချက်၊ ယာဘက် နောက်ကျော (၃) ချက်၊ ယာပေါင် နောက်ဘက် (၁) ချက်၊ ယာခြေသလုံးမှာ (၁) ချက်၊ ယာဘက် ရင်အုံမှာ (၁) ချက် တို့ရရှိပြီး ထွက်ပြေးတဲ့ ရဲအုပ် နေအိမ်ရှေ့ လမ်းပေါ်မှာ လဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမှုနဲ့ ပတ်သက်ပြီး သေဆုံးအောင် သေနတ်နဲ့ လိုက်လံ ပစ်ခတ်သူ ရဲတပ်သား သီဟကို လားရှိုးမြို့မ ရဲစခန်းက (ပ) ၂၁၉ / ၁၇၊ ရာဇသတ်ကြီး ပုဒ်မ (၃၀၂) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
Saturday, June 17, 2017
အလောင်းအားသူအပိုင်ကိုယ့်အပိုင်ဖြင့်ခွဲခြားငြင်းဆိုပြီးဆယ်ယူမှုမပြုသောကြောင့်ရေအတက်ဖြင့်မျောပါသွား
သို့/
ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်) ရက်စွဲ။ ။14.6.2017
အကြောင်းအရာ။ ။ဥပဒေအတိုင်းစီစစ်အရေးယူပေးပါရန်။
အထက်အကြောင်းရာပါကိစ္စနှင့်ပါတ်သတ်၍ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းလမ်း ဓနိတောနေအဖ ဦးဇော်ဝင်း+အမိ ဒေါ်စန်းစန်းတင့်တို့၏သား မောင်ဇော်ရန်လင်း အသက်(၁၄)နှစ်သည် (8.6.2017)ရက်နေ့တွင်ပျောက်ဆုံးသွားပါသည်။၎င်းမောင်ဇော်ရန်လင်းသည်ဗိုလ်တထောင်အထက(၁)တွင် နဝမတန်း၌ပညာသင်ကြားနေသောကျောင်းသားတစ်ဦးဖြစ်ပါသည်။လူသေအလောင်းတစ်လောင်းကိုဗိုလ်တထောင်ရဲစခန်းမှတာဝန်ရှိသူများကဆိပ်ကမ်းတွင်သတင်းပေးမှုအရသွားရောက်ကြည့်ရှု့တွေ့ရှိခဲ့သော်လည်း ၎င်းတို့နှင့်မသတ်ဆိုင် ဆိပ်ကမ်းအာဏာပိုင်များနှင့်သာသက်ဆိုင်သည်ဟုပြောဆိုပြီးလူသေအလောင်းအားဆယ်ယူခြင်းမပြုခဲ့ကြပါ။တွေ့ရှိသောလူသေအလောင်းမှာသေဆုံးသူမောင်ဇော်ရန်လင်းဖြစ်ပါသည်။အလောင်းအားသူအပိုင်ကိုယ့်အပိုင်ဖြင့်ခွဲခြားငြင်းဆိုပြီးဆယ်ယူမှုမပြုသောကြောင့်ရေအတက်အကျဖြင့်မျှောပါသွားပြီးယနေ့ထိတွေ့ရှိခြင်းမရှိတော့။မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဆောင်ပုဒ်ဖြစ်သောကူညီပါရစေဆောင်ပုဒ်သည် ဒုက္ခရောက်နေသောပြည်သူတွေအတွက်အသုံးဝင်စေချင်ပါသည်။ပြည်သူများအားကိုးရသောမြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်စေချင်ပါသည်။သို့ပါသောကြောင့်သေဆုံသူ၏မိဘများမှာယူကြုံးမရဖြစ်နေကြရပါသည်။သေဆုံးသူမိဘများကိုယ်စားဥပဒေအတိုင်းစီမံဆောင်ရွက်ပေးနိုင်ပါရန်ဓါတ်ပုံမှတ်တမ်းများနှင့်တကွလေးစားစွာတင်ပြအပ်ပါသည်။
မျိုးသီဟ
မိတ္ထူ -လက်ခံ
Monday, May 22, 2017
နန်စီပွန်မှာ ရဲတပ်ဖွဲ့ က သေနတ်အောက်စိုက် ပစ်ခဲ့တာလို့ တိုင်းဥပဒေချုပ်ပြော
![]() |
| ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူများ ခန္တီးမြို့နယ်ဆေးရုံမှာ မေလ ၁၇ ရက်နေ့က ဆေးကုသမှု ခံယူနေသည်ကို တွေ့ရစဉ်။ Photo: Aung San Myint |
တိုင်းဥပဒေချုပ်က ပြန်လည်ဖြေကြားရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ကို မြေအောက်ကို စိုက်ပြီးပစ်ခဲ့ တာဖြစ်ပေမယ့် မြေနိမ့်ပိုင်းမှာရှိနေတဲ့သူတွေကို ထိခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။
" ခေါင်းမှာတွေ ရင်ဘတ်မှာတွေ ဘာကြောင့်ထိအောင်ပစ်သလဲ၊ တကယ်လို့ ခြောက်အောင် ပစ်တယ်ဆိုရင် အောက်မှာ ခြေသလုံးအောက်မှာ ပစ်ရမယ်ဆိုတာ ကျနော်မေးလိုက်တော့ မဟုတ်ဘူးတဲ့ ပစ်လိုက်တဲ့အခါမှာ မြေအနိမ့်မှာရှိတဲ့သူကို ထိမိတယ်။ နောက်ပြီးတော့ စိုက်ပစ် ပစ်တဲ့အခါမှာ မြေအနိမ့် မှာရှိတဲ့သူတွေကို ထိမိတယ်လို့ ကျနော်ကို ဖြေခဲ့တယ်"
မေ ၁၇ ရက်နေ့က ဖြစ်ပွားတဲ့ ပဋိပက္ခဖြေရှင်းတဲ့အခါမှာ လူ ၃ ယောက်သေဆုံးတာဟာ လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် တိုင်းဒေသကြီး အစိုးရအနေနဲ့ နောက်နောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦမောင်တေး က မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပဋိပက္ခကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း၊ ဥပဒေနဲ့အညီ ဆောင်ရွက် ခဲ့တာဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိထား တဲ့ ရေမဆေးသမား ၅ ယောက်ကိုလည်း ကျုးကျော်မှုနဲ့ ဆက်ပြီးအရေးယူသွား မှာဖြစ်ကြောင်းလည်း တိုင်း ဥပဒေချုပ်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု မရှိတာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်အနေနဲ့ လာမယ့် မေ ၂၄ ရက်မှာ အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်စုံစမ်းမှာဖြစ်တယ်လို့ ပြောပါတယ်။
မေ ၁၇ ရက်နေ့မှာ နန်စီပွန်ကျောက်မျက်လုပ်ကွက်အတွင်း ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ ရေမဆေးသမားတို့ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမား ၃ ယောက် သေဆုံးပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
Saturday, April 29, 2017
ရဲမေကို အချစ်ကလေး လုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး
မုံရွာ၊ ဧပြီ ၂၉။
စစ်ကိုင်းမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်လေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းရဲစခန်းမှ သတင်းရရှိသည်။
ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးသွားတိုင်တော့ --ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်၊ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ၀န်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဟိန်းလင်းသန့်
Central News Myanmar
Saturday, April 22, 2017
သံမဏိနှင်းဆီထုတ်ဝေသူအသတ်ခံရမှု ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက် ကွဲလွဲချက်များရှိနေ၍ မိသားစုဝင်များ နစ်နာရကြောင်းရှင်းလင်း ပြောဆို
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကို ဝေယံဟိန်းအသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားခံဖမ်းဆီးရမိကြောင်းနှင့် တရားခံစစ်ဆေး ပေါ်ပေါက်ချက်များအရ လူမှုရေးဖောက်ပြန်ခြင်းကြောင့် ဖြစ်သည်ကို ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ရာတွင် ကွဲလွဲချက်များရှိနေကြောင်း မိသားစုဝင်များက ဧပြီ ၂၁ ရက် ည ၇ နာရီခန့်တွင် ပုဇွန်တောင် မြို့နယ် ဗိုလ်တထောင်ဈေးလမ်းရှိ ဂျာနယ်တိုက်၌ မီဒီယာများနှင့် တွေ့ဆုံ၍ ဖွင့်ဟပြောဆိုခဲ့သည်။
"နိုင်ငံရေးဆိုတဲ့ဟာကို သူတို့ မြန်မြန်ရှင်းချင်တာ တစ်ချက်၊ ရဲတပ်ဖွဲ့ ရဲ့ကျနေတဲ့ပုံရိပ်ကို လေးရက်အတွင်း ဖော်နိုင်တယ်ဆိုတာနဲ့ ပုံရိပ်တက်စေချင်တဲ့အတွက် သတင်းထုတ်ပြန်တာ ဖြစ်ချင်ဖြစ်နိုင် တယ်။ ဒါပေမဲ့ မိသားစုအနေနဲ့ ထိခိုက်နစ်နာသွားတယ်။ဝေယံဟိန်း လူမှုရေးကိစ္စကြောင့် အသတ်ခံလိုက်ရတယ်။ လက်ခံနိုင်တယ်။ သူလုပ်သွားလို့ သူခံရတာ။ လူမှုရေးဆိုတာတောင်မှ တရားခံပြောတာ တွေပဲတင် ပြီးတော့ မဟုတ် မမှန်ကွဲလွဲချက်တွေရှိနေတယ်။ လူမှုရေးတော့မှန်တယ်။ ကွဲလွဲချက်တွေရှိပြီးတော့ မသေချာဘဲနဲ့ မိသားစုဝင်တွေကို နစ်နာအောင်လုပ်နေတယ်" ဟု မိသားစုဝင် အမျိုး သမီးတစ်ဦးက ရှင်းလင်းပြောဆိုခဲ့သည်။
မည်သည့်အချက်များ ကွဲလွဲနေကြောင်းရှင်းလင်းရခြင်းနှင့် ပတ်သက်၍ ကိုဝေယံဟိန်း၏ ဖခင်ဖြစ်သူ သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ ဦးစိန်အုပ်က "တရားခံ ထွက်ချက်ဆိုတာကတော့ ကိုယ်အပြစ်ပေါ့ အောင် ကာကွယ်ပြီး ပြောမှာပဲ။တိတိကျကျဆိုရင်တော့ သေသေ ချာချာ စစ်ဆေးပြီးမှ တင်သင့်တာပေါ့။သူတို့က ဌာနဆိုင်ရာအနေနဲ့ တင်တာဆိုတော့ ပြည်သူလူထုက ယုံကြည်တာပေါ့။ ယုံကြည်တယ်
ဆိုတဲ့အပေါ်မှာ သူတို့က မမှန်မကန်တွေ ဖြစ်လာတယ်ဆိုတော့ ပြန်ဖြေရှင်းချင်တဲ့ သဘောနဲ့ပြောတာပါ" ဟု ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အချက်အလက် များနှင့် ပတ်သက်၍ ဦးစိန်အုပ်က "ဧပြီ ၁၄ရက်မွန်းလွဲ၂နာရီမှာ ဂျာနယ်တိုက်ကို အောင်ကိုကို လာတယ်လို့ပြောတယ်။ ရဲတွေရှိ နေတဲ့အချိန်မှာ ဟိုဘက်အခန်းက အမျိုးသမီးက သင်္ကြန် အကျနေ့ သူတို့ပြန်လာတဲ့အချိန် ညနေ၅နာရီလောက်မှာ ဝေယံဟိန်းသေနေ တုန်းက၀တ်ထားတဲ့ အ၀တ်အစားနဲ့ပဲ ထွက်သွားတယ်လို့ ပြောတယ်။ မျက်မြင်သက်သေကပြောတာထက်ကို တရားခံပြောတာကို လက်ခံတာ။အမှန်ဆိုရင်တော့ ကွဲလွဲနေတယ်။ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်က အတည်ပဲလေ။ အဲဒီမှာ တစ်ချက်ကွဲလွဲတယ်။ မျက်မြင် သက်သေရဲ့ အတည်ပြုချက်ကို အတည်မပြုတဲ့သဘောပဲ" ဟုပြောဆိုခဲ့သည်။
ဆက်လက်၍ "စီအိုင်ဒီလာစစ်တုန်းက အမျိုးသမီးဆံပင်တစ်ချောင်း တွေ့တယ်လို့ပြောတယ်။ ဘယ်သူပြောလဲဆိုတာတော့ မမှတ်မိ လိုက်ဘူး။ ပြီးတော့တစ်ယောက်ချင်းဖြစ်တဲ့ သဘောသူတို့ တင်ထား တာ။ကျွန်တော့်သားက အရပ်ခြောက်ပေကျော်တယ်။ ဗလလည်း ရှိတယ်။ တစ်ယောက်ချင်းဆိုရင် အနည်းဆုံးရုန်းရင်းဆန်ခတ်တော့ ဖြစ်ရမယ်။ သူ့ကိုယ်သူတော့ ဒီလိုအချက်ပေါင်းများစွာ အထိုးမခံဘူး။နောက်ပြီး ချက်ချင်းသေနိုင်တဲ့နေရာ ထိုးတာမဟုတ်ဘူးလေ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သူခုခံကာကွယ်မှာပဲ။ သူတို့လာစစ်တဲ့ အချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အနေအထားတစ်ခုမှ မရှိဘဲနဲ့ အသားလွတ်ကြီးဗိုက်လှန်ပြီးအထိုးခံတဲ့ပုံ။ ထိုးတဲ့သူကလည်း အရပ်ကပုပု၊ ကျွန်တော့်သားက သူ့ကို ဆောင့်ကန်လိုက်ရင်တောင် လွင့်သွားမယ့်ပုံ။ ဒါကြောင့် ဒီစစ်ချက်က မမှန်ကန်ဘူးလို့ ကျွန်တော် ယူဆတယ်" ဟု ဦးစိန်အုပ်က ပြောဆိုသည်။
ဓားဒဏ်ရာဒဏ်ချက်များနှင့်ပတ်သက်၍ "အလောင်းသယ်သွားတဲ့ အချိန်မှာစပြီး သိလိုက်တာက ၁၅ချက်ထိုးတယ်လို့သိရတယ်။ ဖြစ်ဖြစ်ချင်းနေ့မှာပဲအသုဘချမလို့မှာ ဆရာဝန်တွေက အသေးစိတ် စစ်ဦးမယ်။ နောက်ရက်ကျမှ အကူဆရာဝန် တစ်ယောက်နဲ့ခွဲစိတ်ပြီး စစ်မယ်ဆိုလို့ နှစ်ဆန်းတစ်ရက်နေ့ကျမှ သွားစောင့်တော့ အင်္ကျီကို ချွတ်မယ်၊ သက်သေခံပစ္စည်းသိမ်းမယ်ဆိုတော့ အင်္ကျီမှာအပေါက် ၂၁ပေါက် ရှိတယ်။အက်ႌကအသစ္ပါ။ ၂၁ချက်နဲ့၁၄ချက်နဲ့က ကွဲလွဲနေ တယ်။ လျှော့ပြီး ပြောတယ်လို့ ကျွန်တော်ယူဆတယ်" ဟု ၎င်းက ဖွင့်ဟခဲ့သည်။
အခင်းဖြစ်နေရာရှိ ဓားဖြင့် ထိုးသတ်ခံရကြောင်းနှင့် ပတ်သက်၍ "ဓားကိုစားပွဲ ပေါ်မှာတွေ့တယ်လို့ ပြောတယ်။ ကျွန်တော်တို့အဲဒီလို လက်နက်တွေ၊ အိမ်သုံးဓားတွေ ထားလေ့မရှိဘူး။ အဲဒီဓားကိုလည်း သူတို့လက်ဝယ်မရသေးဘူး။ကျွန်တော်တို့ အတည်ပြုချက်လည်း မရသေးဘဲနဲ့ ကျွန်တော်တို့ဓားလို့ ပြောတယ်။ ဝေယံဟိန်းဆိုတဲ့ ကလေးက သစ်သီးတွေ ဘာတွေလဲ ခွဲမစားတတ်ဘူး။ သစ်သီး လည်းမရှိဘူး။ ရှိတဲ့ဓားတွေလည်း ဘာမှမပျောက်ဘူး။ ကျွန်တော်တို့ အိမ်ကဓားတွေ မပျောက်ဘူး"ဟုပြောဆိုခဲ့သည်။
မျက်နှာကို ပုဆိုးအုပ်ထားသည့် ကိုဝေယံဟိန်း၏ ရုပ်အလောင်း ဓာတ်ပုံနှင့် ပတ်သက်၍ "မျက်နှာကို ပုဆိုးအုပ်ထားတာကလည်း တွေ့ကတည်းက ပုဆိုးအုပ်လျက် တွေ့တာ။ အသားလွတ်တော့ မဟုတ်နိုင်ဘူး။ တစ်ယောက်က ပုဆိုးအုပ်မယ်။ တစ်ယောက်က ရှေ့ကထိုးမယ် မဖြစ်နိုင်ဘူးလား။ တစ်ယောက်တည်းကပဲ အုပ်ပြီး
ထိုးတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ အ၀င်တံခါးကိုဖွင့်တော့ သစ်သား တံခါးက ပွင့်နေတယ်။ ပွင့်နေလို့ အနံ့ထွက်သွားတော့ ဟိုဘက်ခန်းက ဖုန်းဆက်တာပေါ့။ အပြင် သံပန်းတံခါးက သော့ခတ်ထားပြီး သော့ပါ ပျောက်နေတယ်။ ဦးမှာရှိတဲ့သော့နဲ့ ဖွင့်ပြီး ၀င်တော့ မီးတွေ ပိတ်ထား တယ်။ တီဗီပွင့်နေတယ်။ ပန်ကာပွင့်နေတယ်။ မီးဖွင့်တော့ ပုဆိုးက အုပ်ထားတယ်။ စည်းထားတာမဟုတ်ဘူး။အောက်မှာသွေးကွက်တွေ၊ အပေါ်ယံတွေဆို ခြောက်နေပြီ" ဟုအခင်းဖြစ်စဉ်ကို သိရှိပြီးနောက် လာရောက်ကြည့်ရှုစဉ် မြင်တွေ့ခဲ့ရသည့်အချို့ကို ပြန်လည်ရှင်းပြခဲ့ သည်။
အခင်းဖြစ်နေရာရှိ စားပွဲပေါ်တွင် အချိုရည်ပုလင်းအချို့ တွေ့ရှိရခြင်း နှင့်ပတ်သက်၍ "ဝေယံဟိန်းက အချိုရည်သောက်လေ့မရှိဘူး။ လစ်ပို ပုလင်းတို့၊ ရှပ်ခ်တို့ စသဖြင့်ပေါ့။ ပုလင်းတွေလည်းတွေ့တယ်။ လစ်ပို ပုလင်းလို တစ်ပုလင်းနဲ့ ရှပ်ခ်လို၊ ကျွဲရိုင်းလို တစ်ဘူးတွေ့တယ်။ ကျွန်တော့် စိတ်အထင်တော့ ဒီအထဲမှာပဲ ဆေးခတ်ထားသလားပေါ့။ မလှုပ်နိုင်တော့မှ ထိုးသလားလို့ တွေးမိတယ်" ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
ကိုဝေယံဟိန်းက ဖမ်းဆီးရမိထားသည့် အောင်ကိုကိုအား ဂျာနယ် တိုက်သို့ဖုန်းဆက်ခေါ်ခဲ့ကြောင်းနှင့်ပတ်သက်၍ "ဝေယံဟိန်းက ရုံးခန်းကိုခေါ်တယ်လို့ ပြောတယ်။ဝေယံဟိန်းဖုန်းက အခုထိ မတွေ့ သေးဘူး။ ဖုန်းမှာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေရှိရမယ်လေ။ အဲဒါတွေကို မစိစစ်ဘဲနဲ့ မရသေးဘဲနဲ့ ဝေယံဟိန်းက ဖုန်းဆက်ခေါ်လို့လာတယ်
ဆိုတာ ဘာလို့ထုတ်ပြန်လဲ"ဟုဦးစိန်အုပ်က မေးခွန်းထုတ်ခဲ့သည်။
-
စံတော်ချိန်သတင်း
တင့်ဇော်ထွန်း
http://www.mmstd.com/news/view/8622/?lang=my
ပုဇွန်တောင်မြို့နယ်ရှိသံမဏိနှင်းဆီဂျာနယ်တိုက်ခန်းတွင်ဖြစ်ပွားသော လူသတ်မှုနှင့်စပ်လျဉ်း၍ သတင်းဆက် ထပ်မံဖော်ပြခြင်း
Wednesday, April 19, 2017
ရဲချု ပ် နှင့် ပြည်ထဲရေး ဌာနအကြီးအကဲများ သိစေချင်လို့၊ မည်သူ့မှာ တာဝန်ရှိသနည်း
သင်္ကြန် အကျနေ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ သင်္ကြန်မဏ္ဍပ်မှာ မောင်းကုန်း ရဲတပ်ဖွဲ့ဝင်တွေ ထီးချိုင့် ရဲတပ်ဖွဲ့ဝင်တွေ နှင့် ကက်ကုရွာသားတွေ ရေကစားကြရင်း ရန်ဖြစ်ကျပါတယ်။
ရဲကင်းမှုး အထိုးခံရ သေနတ်လဲ အလုခံရတယ်။ ထီးချိုင့်ရဲစခန်းအကြောင်းကြားလိုက်သဖြင့် ဒုမြို့နယ်မှုးဦးစီးပီး အင်အား အလုံးအရင်းနဲ့ဖမ်း ဆီးခဲ့ကြတယ်။
အဲ့မှာ ရန်ဖြစ်တဲ့အထဲ မပါတဲ့ မောင်းကုန်းရွာသား ကိုချမ်းမင်းစိုး ၃၀ နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ည ၈ နာရီလောက်မှာ သေဆုံးကြောင်းအကြောင်းကြားလာပါတယ်။ ထီးချိုင့်ဆေးရုံမှာ အကြပ်နေ့ ရင်ခွဲစစ်ဆေး နှလုံးေ သွး အိုင်သေဆုံး ပြင်ပ ဒဏ်ရာမရှိ ။
ဖမ်းဆီးစဉ် ပါးရိုက် ခြေနဲ့လက်ကိုင်မပြီး ကားပေါ်ပြစ်တင်သွားကြတယ်လို့သိရပါတယ်။ သေတဲ့သူအတွက် အမတန်နင့်နာတယ်ဗျ။ အမှုမှန်ပေါ်ပေါက်ဖို့ မည်သူ့တွင် တာဝန်ရှိပါသနည်း။ ၀ိုင်းဝန်းဖော်ထုတ်ပီး အမှုမှန် ပေါ်နိုင်ပါစေ။
Credit – Sai Pan Hpa
သီဟဆွေ(ကသာ)
ရဲကင်းမှုး အထိုးခံရ သေနတ်လဲ အလုခံရတယ်။ ထီးချိုင့်ရဲစခန်းအကြောင်းကြားလိုက်သဖြင့် ဒုမြို့နယ်မှုးဦးစီးပီး အင်အား အလုံးအရင်းနဲ့ဖမ်း ဆီးခဲ့ကြတယ်။
အဲ့မှာ ရန်ဖြစ်တဲ့အထဲ မပါတဲ့ မောင်းကုန်းရွာသား ကိုချမ်းမင်းစိုး ၃၀ နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ည ၈ နာရီလောက်မှာ သေဆုံးကြောင်းအကြောင်းကြားလာပါတယ်။ ထီးချိုင့်ဆေးရုံမှာ အကြပ်နေ့ ရင်ခွဲစစ်ဆေး နှလုံးေ သွး အိုင်သေဆုံး ပြင်ပ ဒဏ်ရာမရှိ ။
ဖမ်းဆီးစဉ် ပါးရိုက် ခြေနဲ့လက်ကိုင်မပြီး ကားပေါ်ပြစ်တင်သွားကြတယ်လို့သိရပါတယ်။ သေတဲ့သူအတွက် အမတန်နင့်နာတယ်ဗျ။ အမှုမှန်ပေါ်ပေါက်ဖို့ မည်သူ့တွင် တာဝန်ရှိပါသနည်း။ ၀ိုင်းဝန်းဖော်ထုတ်ပီး အမှုမှန် ပေါ်နိုင်ပါစေ။
Credit – Sai Pan Hpa
သီဟဆွေ(ကသာ)
Saturday, July 16, 2016
ပါဂျဲရိုး လိုင်စင်မဲ့ကား စီးနင်းသော ရဲစခန်းမှူးအား ဖမ်းဆီးအရေးယူ
မုံရွာ၊ ဇူလိုင် ၁၆။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ၊ ရဲကင်းရဲစခန်းမှူးအား လိုင်စင်မဲ့ပါ ဂျဲရိုကား လက်ဝယ်ထားရှိ စီးနင်းမှုဖြင့် ဇူလိုင် ၁၄ ရက် နေ့ ညပိုင်းက ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။
လိုင်စင်မဲ့ကား လက်ဝယ်ထားရှိစီးနင်းသော အဆိုပါ ရဲကင်းစခန်းမှူးအား အရပ်ဥပဒေ၊ရဲစည်းကမ်းဥပဒေ တို့ဖြင့် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။
ဟိန်းလင်းသန့်
Central News Myanmar
.......
မုံရွာ၊ ဇူလိုင် ၁၆။
စစ်ကို်င်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ၊ ရဲကင်းရဲစခန်းမှူ းအား လိုင်စင်မဲ့ပါ ဂျဲရိုကား လက်ဝယ်ထားရှိ စီးနင်းမှုဖြင့် ဇူလိုင် ၁၄ ရက် နေ့ ညပိုင်းက ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။
၄င်းရဲစခန်းမှူ းကို ဖမ်းဆီးရန် တိုင်းရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ညွွှန်ကြားချက်ဖြင့် မုံရွာခရိုင် မူခင်းနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မှု/နှိမ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးစဉ် တိုင်ကြားခံရသော လိုင်စင်မဲ့ကားအား ရဲကင်းစခန်းတွင် တွေ့ရှိခဲ့ရပြီး စခန်းမှူ းရဲအုပ်အား တန့်ဆည်မြို့မရဲစခန်းသို့ ခေါ်ဆောင်၍ ဖမ်းဆီးထားခဲ့သည်။
လိုင်စင်မဲ့ကား လက်ဝယ်ထားရှိစီးနင်းသော အဆိုပါ ရဲကင်းစခန်းမှူ းအား အရပ်ဥပဒေ၊ရဲစည်းကမ်းဥပဒေ တို့ဖြင့် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း စစ်ကိိုင်းတိုင်းရဲတပ်ဖွဲ့မှူ းရုံးမှ အရာရှိတစ်ဦးက ပြောသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
Saturday, May 28, 2016
ရဲအုပ်သေနတ်ဖောက်ခြိမ်းခြောက်
၂၈..၅..၁၆
-
-
-
-
ထားပါတယ်။
-
=========
RFA Burmese
.......
၂၈..၅..၁၆
-
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးမှာရှိတဲ့ အလင်းတန်း
ပြောင်းရွှေ့ကျေးရွာမှာ မနေ့ညနေက အရပ်ဝတ်နဲ့ ရဲအုပ်တစ်ဦးက အရက်ဘီယာရောင်းတယ်ဆိုပြီး ဒေသခံတစ်ဦးကို ဖမ်းမယ်လို့ ပြောရာက အဲဒီရွာဒေသခံတွေက ဖမ်းဝရမ်းပြဖို့ တောင်းခံရာမှာ အခြေအတင် စကားများပြီး ရဲအုပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပါတယ်။
-
ဒေသခံတွေက လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့အထိ သွားရောက်
တိုင်ကြားရာမှာ မူးယစ်ရမ်းကားခဲ့တဲ့ မော်ချီးရဲအုပ် အောင်စိုးတင့်ကို ရဲဥပဒေလုပ်ထုံးလုပ်နည်းနဲ ့အညီ အရေးယူသွားမယ်လို ့ ကယားပြည် နယ် ရဲမှူးဦးစီး ရဲမှူးတင့်ဝေ့က RFA ကို ပြောပါတယ်။
-
"ကျနော်တို့ရဲ့တပ်ဖွဲ့က ပြည်သူ့ဝန်ဆောင်မှုကို ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် ရဲစည်းကမ်းဥပဒေနဲ့အညီ အရေးယူသွားမှာပါ၊ ပြည်သူတွေရဲ့နစ်နာမှုကို မရှိစေရပါဘူး၊ ထိရောက်စွာအရေးယူသွားမှာပါ"
-
မနေ့ညနေက ရောက်လာတဲ့ ရဲအုပ်အောင်စိုးတင့်ဟာ သောက်ထားတယ်
လို့ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့ဒေသခံတွေက မော််ချီးဒေသ အုပ်ချုပ်ရေးမှူးထံလည်း ဖြေရှင်းပေးဖို့ တင်ပြတောင်းဆို
ထားပါတယ်။
-
အလင်းတန်းကျေးရွာဟာ မော်ချီးဒေသမှာမြေပြိုပြီး အိုးအိမ်ဆုံးရှုံးခဲ့တဲ့
သူတွေအတွက် ပြန်လည်နေရာချထားပေးတဲ့ရွာဖြစ်ပါတယ်။
=========
RFA Burmese