Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 3, 2019

Stop Child Sexual Abuse


Stop Child Sexual Abuse(ကာယကံရှင်မိဘတွေရဲ့ခွင့်ပြုချက်နဲ့သိရှိရအောင်လို့တင်ပေးပါတယ်)
Kallanပြောချင်တာအခုဖြစ်နေတဲ့ကိစ္စတွေပြောတာမဟုတ်ပဲနဲ့abuseခံရတဲ့(လောလောလတ်လတ်ကြီးကိုယ့်မျက်စိရှေ့တင်ဖြစ်ပြီးကိုယ့်နားကကလေးတယောက်)အကြောင်းပြောချင်ပါတယ်
Kallanကအိမ်မှာမူကြိုအရွယ်ကလေးတွေကိုEnglishစကားအသုံးနှုန်းနဲ့စကားလုံးတွေပိုပြီးသိလာအောင်သင်တန်းလိုမျိုးလေးတစ်ခုဖွင့်ပါတယ်...ရင်းနှီးတဲ့ပတ်ဝန်းကျင်နဲ့အသိမိတ်ဆွေတွေရဲ့ကလေးလေးတွေလာတက်ကြပါတယ်..ကလေးလေး၅ယောက်ကိုစာသင်နေရတဲ့ဆရာမပေါက်စနလေးပါ...
Kallanကတစ်ပတ်ကို၎ရက်သင်တာဖြစ်ပြီး၎ရက်ထဲက၁ရက်ကတော့ရင်ဖွင့်ချိန်လို့နာမည်ပေးထားတဲ့ရက်ပါ...Sundayတိုင်းကရင်ဖွင့်ချိန်လို့နာမည်ပေးထားပြီးတချို့လေးတွေကလည်းစာမသင်တော့မလာဘူး..တချို့ကျတော့လည်းအိမ်ကထိန်းမနိုင်ဘူးဆရာမရေ..သွားမယ်လို့ပြောနေလို့လွှတ်လိုက်ရတယ်ဆိုပြီးလာပါတယ်
အဓိကကအခုမှစတာပါ...ရင်ဖွင့်ချိန်ကိုတစ်ခါမှမလာဖူးတဲ့ကျောင်းသူလေးတစ်ယောက်ရှိပါတယ်...English classမို့လို့သူ့ကိုပေးထားတဲ့Englishနာမည်ကိုမရေးတော့ပါဘူး..အသိထဲကတွေ့သွားရင်ဘယ်သူလဲသိနေမှာစိုးလို့ပါ...roseလေးလို့ပဲခေါ်မယ်နော်...roseလေးကဆံပင်အရမ်းကောင်းတယ် ဗိုက်လေးပူပူ မျက်လုံးလေးလည်းအရမ်းလှတာမို့တွေ့တဲ့သူတိုင်းကပါးလေးဆွဲ ဆံပင်လေးပွတ် ပခုံးလေးကိုင်လုပ်ကြပါတယ် မြင်လိုက်တိုင်းပြန်မလှည့်ကြည့်ပဲမနေနိုင်လောက်အောင်သွက်လက်ပြီးချစ်ဖို့ကောင်းတဲ့လိမ္မာတဲ့ကလေးပါ..အဲ့ကလေးကဒီအပတ်ရင်ဖွင့်ချိန်ကိုလာပါတယ်
သူကKallanကိုမေးတာရင်ဖွင့်ချိန်ဆိုတာအကုန်ပြောလို့ရတာလားတဲ့...Kallanကရတယ်လို့ပြောတော့သူပြောတာတစ်ခုထဲပါ(ကန်တော့ပါရဲ့)..သမီးပုံပုံကနာတယ်....ဦးဦးနဲ့သူ့သူငယ်ချင်းကနာအောင်လုပ်တာ...ဘယ်သူမှမပြောရင်နေ့တိုင်းမုန့်ဝယ်ကျွေးမယ်...သွားပြောလို့ရှိရင်နင့်ရဲ့ငါးလေးတွေကိုသတ်ပလိုက်မယ် ဒါဆိုနင့်ငါးလေးတွေကိုတသက်လုံးတွေ့လို့ရတော့မှာမဟုတ်ဘူးလို့ပြောတယ်..မီးမီးငါးလေးတွေကိုသူတို့မသတ်ပဲနဲ့မားမားကိုပြောလို့ရမဲ့နည်းရှိဘူးလားဟင်တဲ့
ကိုယ်ကရတာပေါ့...ဒါပေမဲ့ဘာဖြစ်တယ်ဘယ်လိုလုပ်တယ်ဆိုတာကိုသေချာလေးပြောပြနော်ဆိုတော့သူပြောပြတာကshockရစေပါတယ်..ဘာလို့ဆိုကလေးကsexual abuseလုပ်ခံနေရတာ၁နှစ်ကျော်ပါပြီ(ကလေးကအခုအသက်၎နှစ်ပါ)
သူ့တို့မိသားစုကအမေ၊အဖေ၊ကလေးနဲ့ကလေးရဲ့ဦးလေး(အဖေ့ညီ)လူပျိုကြီးနဲ့၎ယောက်တအိမ်ထဲနေကြတာပါ...ကလေးရဲ့ဦးလေးကအခုဆိုရင်၃၀နီးပါးရှိပါပြီ...roseလေးကတဦးတည်းသောကလေးမို့လို့သူ့အိမ်ကမွေးထားတဲ့ငါးလေးတွေကိုညီမလေးမောင်လေးခေါ်ပြီးသိပ်ချစ်ရှာတဲ့ကလေးလေးပါ
ကလေးပြောပုံအရဆိုရင်မနက်အဖေအလုပ်သွားပြီးအမေကနောက်ဖေးမှာအလုပ်ရှုပ်နေရင်ကလေးကိုသူ့ဦးလေးကထိန်းပေးရပါတယ်...အဲ့အခါကျရင်ကလေးကိုသူ့အခန်းထဲခေါ်သွားပြီးနမ်းတယ် ကလေးရဲ့မအဂါင်္ကိုပွတ်သပ်ကိုင်တွယ်ပြီးကစားတယ် ကလေးတင်ပါးကိုဖျစ်ညစ်ပြီးကိုင်တယ်တဲ့ အစကတော့ဘာလုပ်နေမှန်းလည်းကလေးမသိပေမဲ့မေမေ့ကိုပြောရင်မေမေကတူတူမကစားခိုင်းတော့ဘူး အဲ့ဒါဆိုရင်ဦးဦးကကလေးနဲ့မတွေ့ရဘူး မတွေ့ရရင်မုန့်တွေအရုပ်တွေဝယ်ပေးလို့မရတော့ဘူးပြောလို့ကလေးကမပြောခဲ့ပါဘူးတဲ့
လွန်ခဲ့တဲ့၂ရက်ကတော့အဖေကအလုပ်သွား အမေကအပြင်သွားတဲ့အချိန်ဦးဦးနဲ့သူ့သူငယ်ချင်းကroseလေးကိုခေါ်ပြီးပုံမှန်လိုပဲနမ်းကိုင်ကစားရာကနေဦးဦးသူငယ်ချင်းကမီးမီးအဂါင်္ကိုလက်ချောင်ထိုးသွင်းပါတယ်တဲ့ မီးမီးကနာလို့ငိုပြီးမေမေနဲ့တိုင်မယ်ပြောတော့နင့်ငါးလေးတွေကိုသတ်ပစ်မယ်ပြောတယ်တဲ့ မပြောပဲနဲ့ပါးစပ်ပိတ်နေရင်အရင်လိုပဲမုန့်တွေအရုပ်တွေဝယ်ပေးမှာလို့ပြောတယ် အဲ့ဒါကြောင့်ပါးစပ်ပိတ်နေပြောပြီးဦးဦးရောသူ့သူငယ်ချင်းရောမီးမီးပုံပုံကိုလက်ချောင်းကြီးတွေထိုးတယ် နင်မသိရင်မှတ်ထား ကြီးလာရင်လည်းအဲ့နေရာကအချောင်းထိုးသွင်းရမဲ့နေရာလို့ပြောတယ် မီးမီးအော်ငိုတာကိုဦးဦးကသူ့လက်ကြီးနဲ့ပိတ်တယ်လို့ပြောပြီးကလေးကချက်ချင်းငိုချပါတယ်
ဒီနေ့ဆိုရင်ဖေဖေကအပြင်သွားမယ် မေမေလည်းလိုက်သွားမယ် ဦးဦးနဲ့နေခဲ့ပြောလို့မနေရဲလို့ကြောက်ပြီးဒီကိုပို့ပေးဖို့ပြောလာတာ သူအိမ်မပြန်ချင်ပါဘူး အိမ်မပြန်ရဲပါဘူးတဲ့လေ
ဆရာမကပြောထားတယ်မလား မီးမီးတို့ရဲ့ကိုယ်ပိုင်နေရာတွေကိုပေးမထိရဘူးလို့လေ(ကလေးတို့ကိုအပတ်တိုင်းဘယ်နေရာကိုပေးထိသင့်တယ်ပေးမထိရဘူးလဲ လာထိရင်ဘယ်သူ့ကိုတိုင်ရမယ် ဘာလုပ်ရမယ်ဆိုပြီးအမြဲပြောပြီးသင်ပေးပါတယ်)အဲ့ဒါဦးဦးထိရင်ရောမရဘူးမလား ဆရာမပြောတော့မေမေ၊ဖွားဖွား၊ဒေါ်ဒေါ်တွေကိုပဲပြောပြပြီးအဲ့နားလေးတွေနာတာနေမကောင်းဖြစ်တာဆိုမှပေးထိရမယ်လို့ပြောတယ်မလား ဒါဆိုဦးဦးကထိလို့မရဘူးပေါ့နော် အခုသူမီးမီးကိုနာအောင်လုပ်လိုက်တယ် မီးမီးမေမေ့ကိုပြောရင်မီးမီးငါးတွေကိုသတ်လိုက်မှာပေါ့ မီးမီးဘယ်သူ့ကိုပြောရမလဲဆိုပြီးငိုပါတယ် ဒါကြောင့်အမေရောအဖေရောချက်ချင်းဖုန်းဆက်ခေါ်ပြီးဒီကိစ္စကိုဖြေရှင်းလိုက်ပါတယ်
ပြသာနာကကလေးကသူ့ဦးလေးကိုချစ်တယ် အခုအိမ်မှာမရှိတော့လည်းသတိရနေတယ် အိမ်မှာလည်းမနေရဲဘူး အိပ်ရာကနေရုတ်တရက်ထနိုးရင်တောင်သူ့ငါးလေးတွေကိုပြေးပြေးကြည့်ပြီးသူ့ငါးလေးတွေကိုသူအိပ်နေတုန်းဦးဦးကလာသတ်သွားမှာစိုးရိမ်နေတယ်လို့အမေကဖုန်းဆက်ပြီးပြောပါတယ် အိမ်ထောင်ကျကတည်းကတူတူနေလာပြီးသူ့ခင်ပွန်းရဲ့ညီအရင်းဖြစ်သူကမွေးကတည်းကသူထိန်းလာပေးတဲ့ကလေးကိုဒီလိုလုပ်တယ်ဆိုတာကလေးကပြောလို့ယုံလိုက်ရတာဖြစ်ပြီးဆရာဝန်နဲ့ပြကြည့်တော့လည်းထိုးသွင်းပွန်းပဲ့ဒဏ်ရာတွေရှိနေတာတွေ့ရလို့အမေတစ်ယောက်အနေနဲ့ငါဒါကိုဘာလို့မသိခဲ့ရတာလဲလို့တွေးတွေးပြီးရင်ထဲပြည့်ကျပ်နေပါတယ်လို့ငိုပြီးပြောခဲ့ပါတယ်..ကလေးတင်မကပါဘူး မိဘတွေကလည်းဘယ်ဆွေမျိုးသားချင်းသွေးရင်းတွေကိုတောင်မှကိုယ့်ကလေးနဲ့ပတ်သက်ပြီးမယုံရဲတော့ဘူး အမေကလည်းငါဘာလို့မသိခဲ့ရတာလဲလို့အပြစ်တင်စိတ်နဲ့စိတ်ဒဏ်ရာရနေရှာတယ်
အစကကိုယ်ဒီလိုရင်ဖွင့်ချိန်လေးလုပ်တော့ဘာအပိုတွေလုပ်နေလဲမသိဘူးလို့ပြောခဲ့တဲ့သူတွေကအခုတော့ဒီအချိန်လေးကိုကျေးဇူးတင်နေကြတယ်...မိဘတွေကလည်းကလေးလေးရဲ့စိတ်ထဲကအကြောင်းတွေကိုသိလိုက်ရတော့ကုစားပေးဖို့ရခဲ့ရတယ် ဒါပေမဲ့လည်းကလေးရဲ့စိတ်ထဲကလူတွေကိုမယုံရဲပဲနာကျင်ကြောက်ရွံ့နေတဲ့စိတ်လေးကိုဘယ်လိုဖျောက်ပေးရမလဲမသိတော့ဘူး
ကလေးလေးပါ...သွက်သွက်လက်လက်နဲ့ငါးလေးတွေချစ်တတ်တဲ့ကလေးလေး...အစပ်မစားနိုင်ပေမဲ့အရမ်းအစပ်စားချင်တဲ့ကလေးလေး...အနီရောင်ကိုကြိုက်ပြီးကြီးလာရင်ဆရာမလိုမျိုးလှလှပြင်ပေးတဲ့အလုပ်လုပ်မှာဆိုတဲ့ကလေးလေး...ဆံပင်လေးလှလိုက်တာလို့ပြောတိုင်းမေမေနဲ့တူတာလို့ရယ်ပြီးပြောတဲ့ကလေးလေး...ဘာဘီအရုပ်လေးတွေကြိုက်တဲ့ကလေးလေး...စာသင်ရင်အိပ်ငိုက်တဲ့သူငယ်ချင်းကိုမအိပ်အောင်လို့ဘေးကနေသွားသွားနှိုးပေးတဲ့ကလေးလေး...ပိတ်ရက်တွေမှာကာတွန်းကားတွေပဲထိုင်ကြည့်ချင်တဲ့ကလေးလေး...မုန့်ခိုးစားရင်ဆရာမစိတ်ဆိုးမှာနော်ပြောတိုင်းမဆိုးပါနဲ့မီးမီးမုန့်ကျွေးမယ်လေလို့ပြောတတ်တဲ့ကလေးလေး...လမ်းမှာတွေ့တဲ့သူတိုင်းကိုရယ်ပြတဲ့ကလေးလေး...Busစီးရရင်ပျော်တဲ့ကလေးလေး...ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ကလေးလေး...ပိုက်ဆံတောင်းနေတဲ့သူတွေမြင်ရင်လက်လေး၂ဖက်နဲ့ရိုရိုသေသေသူ့မုန့်ဖိုးလေးတွေပေးတတ်တဲ့ကလေးလေး...ဖိနပ်ဆိုရင်ဒေါက်ဖိနပ်ပဲစီးချင်တယ်လို့ပူဆာတဲ့ကလေးလေး...ခေါက်ဆွဲကြော်ကြိုက်တဲ့ကလေးလေး...ကြောင်လေးတွေချစ်ပေမဲ့ကိုင်ရမှာကြောက်တဲ့ကလေးလေး...A to Zကိုသေချာရလို့သူများကိုပါပြန်သင်တဲ့ကလေးလေး....ကလေးလေးပါပဲလူစိတ်မရှိတဲ့လူတွေရယ်...ကလေးလေးပါပဲ ဘာဆိုဘာမှမသိပဲလောကကြီးကပျော်ဖို့ကောင်းတယ်လို့တွေးတဲ့ကလေးလေးပါပဲ..အကုန်လုံးကလေးလေးတွေပါပဲ..ကလေးကိုကလေးလိုပဲမြင်ပေးကြလို့မရဘူးလားဟင်...တောင်းဆိုပါတယ်
နောက်ထပ်ဝါဂွမ်းလေးနဲ့တူတဲ့ကလေးတွေနာကျင်ခံစားတာတွေမကြုံကြပါစေနဲ့လို့ဆုတောင်းရင်း
ကလေးတွေကိုတူတူကာကွယ်ပေးကြရအောင်
#StopChildSexualAbuse

No comments:

Post a Comment