Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 23, 2019

သားသမီး ၃ မ်ိဳး…



အေႂကြးလာဆပ္တဲ့ သားသမီးနဲ႔ အေႂကြးလာေတာင္းတဲ့ သားသမီးဆိုၿပီး ႏွစ္မ်ိဳးရိွပါတယ္..
အေႂကြးလာဆပ္တဲ့ သားသမီးကေတာ့ သူတတ္တဲ့ပညာေတြနဲ႔ မိဘေတြကို ပညာတတ္ရင္လည္း ပညာနဲ႔ ပညာမတတ္ရင္လည္း ခြန္အားနဲ႔ လုပ္ေႂကြးျပဳစုမယ့္ သားသမီးမ်ိဳးေပါ့..
အေႂကြးလာေတာင္းတဲ့ သားသမီးကေတာ့ မိဘစိတ္ဆင္းရဲေအာင္လုပ္မယ္ ဂ်ီတိုက္မယ္ မေသခင္ အေမြေတာင္းမယ္ စတဲ့ စိတ္ဆင္းရေအာင္​ လုပ္မယ္ အ႐ွက္ေပးမယ္ .. အႏၲရာယ္ေပးမယ့္ သားသမီးမ်ိဳးေပါ့…

ဘုရားေဟာစကားေတာ္အရကေတာ့ အတိဇာတသား , အႏုဇာတသား , အဝဇာတသား ဆိုၿပီး သံုးမ်ိဳးရိွတာေပါ့.. အတိဇာတသားဆိုတာက မိဘထက္အလြန္ ကိုယ္က်င့္သိကၡာက အစသာသြားတာ၊ဥပမာ ဘုန္းႀကီး ရဟန္း အျဖစ္နဲ႔ မိဘကို လုပ္ေကြၽးျပဳစုတဲ့သားမ်ိဳး ၊ သားေကာင္းသားျမတ္မ်ိဳးေပါ့..
အႏုဇာတသား ဆိုတာက မိဘနဲ႔ ကိုယ္က်င့္သိကၡာတူ မိဘကို လုပ္ေကြၽးျပဳစု ေကြၽးေမြးေစာင့္ေရွာက္တဲ့ သားသမီးမ်ိဳးေပါ့ အဲ့ဒီ ၂ႏွစ္မ်ိဳးက သားေကာင္း သမီးေကာင္းေတြေပါ့ အထက္မွာေျပာထားသလို အေႂကြးဆပ္မယ့္ သားသမီးမ်ိဳးေပါ့…

အဝဇာတသားကေတာ့ မိဘထက္ယုတ္ညံတဲ့ သာသမီးမ်ိဳး အေႂကြးေတာင္းလာတဲ့ သားမ်ိဳးေပါ့ မိဘကို ဒုကၡေပးဖို႔ သက္သက္ ျဖစ္လာတဲ့ သားမ်ိဳး ေမြးလာလို႔သာခ်စ္ျမတ္ႏိုးရေပမယ့္ ဒီသားသမီးမ်ိဳးကိုေတာ့ ဘယ္မိဘမွ မလိုလားတဲ့ သားသမီးမ်ိဳးေပါ့
ဒီသားသမီးမ်ိဳးက် အထက္မွာေျပာထားသလို အေႂကြးလာေတာင္းတဲ့ သားသမီးမ်ိဳးေပါ့ ဒါေပမယ့္ မိဘဆိုတာက ဘယ္သားသမီးကိုမဆို ဆိုးရင္လည္းဂ႐ုဏာနဲ႔ ခ်စ္တာပါပဲ

ေကာင္းတဲ့သားသမီးကိုလည္း လိမၼာလို႔ခ်စ္ရတာပါပဲ ခြဲျခားတာမ်ိဳးေတာ့မရိွဘူးေပါ့ တကယ္လိုလားတာက အတိဇာတ သားသမီးမ်ိဳးသာ မိဘတိုင္း လိုလားၾကပါတယ္
ဒါေၾကာင့္မို႔လို႔ သားသမီးေတြ အေနနဲ႔ အတိဇာတ သားသမီးမ်ိဳးထိ မျဖစ္ႏိုင္ေတာင္ အႏုဇာတ သားသမီး ေလာက္ေတာ့ ျဖစ္ေအာင္ မိဘကို ေကြၽးေမြးေစာင့္ေ႐ွာက္ႏိုင္တဲ့ သားသမီးမ်ားျဖစ္ေအာင္ ႀကိဳးစားႏိုင္ၾကပါေစ….
mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


အကြွေးလာဆပ်တဲ့ သားသမီးနဲ့ အကြွေးလာတောင်းတဲ့ သားသမီးဆိုပြီး နှစ်မျိုးရှိပါတယ်..
အကြွေးလာဆပ်တဲ့ သားသမီးကတော့ သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို ပညာတတ်ရင်လည်း ပညာနဲ့ ပညာမတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့..
အကြွေးလာတောင်းတဲ့ သားသမီးကတော့ မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ် မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင် လုပ်မယ် အရှက်ပေးမယ် .. အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့…

ဘုရားဟောစကားတော်အရကတော့ အတိဇာတသား , အနုဇာတသား , အဝဇာတသား ဆိုပြီး သုံးမျိုးရှိတာပေါ့.. အတိဇာတသားဆိုတာက မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊ သားကောင်းသားမြတ်မျိုးပေါ့..
အနုဇာတသား ဆိုတာက မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို လုပ်ကျွေးပြုစု ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးမျိုးပေါ့ အဲ့ဒီ ၂နှစ်မျိုးက သားကောင်း သမီးကောင်းတွေပေါ့ အထက်မှာပြောထားသလို အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့…

အဝဇာတသားကတော့ မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး အကြွေးတောင်းလာတဲ့ သားမျိုးပေါ့ မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့် ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ မလိုလားတဲ့ သားသမီးမျိုးပေါ့
ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့ ဒါပေမယ့် မိဘဆိုတာက ဘယ်သားသမီးကိုမဆို ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ

ကောင်းတဲ့သားသမီးကိုလည်း လိမ္မာလို့ချစ်ရတာပါပဲ ခွဲခြားတာမျိုးတော့မရှိဘူးပေါ့ တကယ်လိုလားတာက အတိဇာတ သားသမီးမျိုးသာ မိဘတိုင်း လိုလားကြပါတယ်
ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့ အတိဇာတ သားသမီးမျိုးထိ မဖြစ်နိုင်တောင် အနုဇာတ သားသမီး လောက်တော့ ဖြစ်အောင် မိဘကို ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ သားသမီးများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ….

mmcelesmedia

No comments:

Post a Comment