Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Karen. Show all posts
Showing posts with label Karen. Show all posts

Monday, January 28, 2019

ဆက်ကြေးကောက်တယ်ဆိုတဲ့ တပ်မတော်ထုတ်ပြန်ချက်ကို KNU ကန့်ကွက်


ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို တွေ့ရစဉ် / Photo: Karen National Union Headquarters
ကရင်အမျိုးသားအစည်းအရုံး KNU ကို ဆက်ကြေးကောက်တာတွေ ဆောင်ရွက်နေတယ်ဆိုပြီး တပ်မတော်ဘက်က ပြောကြားချက်ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ KNU က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာမှာ KNU ဟာ ကရင်ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ စီမံခန့်ခွဲနိုင်ဖို့ ပြည်သူလူထုဆီက သတ်မှတ်ချက်နဲ့အညီ အကူအညီရယူတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။

တဖက်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြောအဆို၊ အပြုအမှုတွေကို နှစ်ဖက်လုံးက ရှောင်ရှားရမယ်လို့ NCA စာချုပ် အခန်း ၃ (ခ)နဲ့ (စ)မှာပြဌာန်းထားကြောင်းလည်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမူးက KNU ရဲ့ လူမှုကွန်ယက်စာမျက်နှာက တဆင့်ပြောခဲ့ပါတယ်။

တပ်မတော်က အပစ်ရပ်ထားတဲ့ ၁ လကျော်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက် ချက်တွေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ KNU ဟာ လှိုင်းဘွဲ့မြို့နယ် အတွင်း ဆက်ကြေးကောက်မှု ၁ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းအခြေစိုက်တဲ့ KNU တပ်မဟာ ၅ ဟာ အစိုးရစစ်ကြောင်းတွေကို ချောင်းမြောင်းပစ်ခတ်မှု ၉ ကြိမ်ရှိခဲ့တယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက NCA စာချုပ်၊ အခန်း (၃) မှာပါရှိတဲ့ နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှု ရှောင်ရှားနိုင်ရေးအတွက် တပ်နေရာ ပြန်လည်ချထားရေးဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေချမှတ်ဖို့ လက်ရှိအချိန်အထိ မဆွေးနွေးနိုင်သေးတာကြောင့် ဒီလိုအဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား အထင်အမြင်လွဲမှားမှုတွေရှိနေတာလို့ ပြောပါတယ်။

ကိုယ်ပိုင်သတ်မှတ်ချက်တွေအရ နယ်မြေကျူးကျော်မှုတွေရှိလာတယ်လို့ ယူဆရင် နယ်မြေခံတပ်တွေက စိုးရိမ်မှု လွန်ကဲပြီး တိုက်ပွဲတွေဖြစ်နိုင်လို့ နှစ်ဖက်ဆွေးနွေးဖို့လိုကြောင်းနဲ့ လာမယ့် ဖေဖော်ဝါရီလအတွင်း KNU ဟာ NRPCအပြင် တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

Tuesday, January 8, 2019

အုပ်ချုပ်ရေးမှူးမရှိ ရာဇဝတ်မှု လုံးဝမရှိတဲ့ မြန်​မာနိုင်​ငံထဲက ရွာက​လေး


ရာဇဝတ်မှု လုံးဝ မရှိတဲ့ မြန်​မာနိုင်​ငံ အတွင်းက ရွာက​လေး


peter SutNau

 ( For Unicode )

ရာဇဝတ်မူ လုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းက ရွာကလေး !!!! အုပ်ချုပ်ရေမှုး မရှိ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ ။

မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ်ရွာလူတိုင်း ခရီးသွားကြပါတယ် . . . ဒါပေမယ့် ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ .

. . မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိ / ရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ . . .

ပိုပြီးထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ , မခတ်ထားတာပါပဲ . . . သူခိုး/ဓားပြလည်း မရှိ ပါဘူး . . . ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြပါတယ် . . .

နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့်မရှိတာပါပဲ . . . ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ ၊ စီးပွားရေးကို တော့

ရွာအပြင်မှာပဲ ထွက်ပြီး စီးပွား ရှာကြပါတယ် . . . မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့ . . .

ဒီရွာရဲ့ အထူး နာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်း ပါပဲ . . . ကရင်လူမျိုးတွေ ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့

ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ် . . . ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင် ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ် . . .

ရွာအတွင်းက လူတွေ ဟာလည်း ရိုးသား ဖြူ စင်ကြပါတယ် . . . တစ်ယောက်ကို တစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်း စောက်ရှောက်နေကြတာပဲ ဖြစ်ပါတယ် . . .

အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့ ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ် . . .

Monday, January 7, 2019

ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ


ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းရာဇ၀င်ပါ။ ဒီကနေ့ ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့ မရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး တောသူမတဦးပါ။ နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေသက ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။

ထိုင်း(ယိုးဒယား)ဘုရင်ရဲ့  (၅)ဆက်မြောက်ဘုရင်လက်ထက်မှာ… ဘုရင့်အနားမှာ ခစားတဲ့ ပုရောဟိတ်ပုနားတွေရဲ့ တွက်ချက်ဟောကိန်းအရ ထိုင်းနိုင်ငံရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့  ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။ ၄င်းမိန်းမမြတ်ကို ဘယ်အရပ်ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက်ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီနယ်ချဲ့ တွေရဲ့ ကျူးကျော်ရန်စမှု၊ ဗမာမင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ဟာ ကြာရှည်မခိုင်ဘဲ မကြာခဏဆိုသလို ပျက်ဆီးလိုက် မြို့ ရွာတွေအသစ်ပြန်လည် တည်ဆောက်လိုက်နဲ့ သံသရာလည်နေပါတယ်။

၅ ဆက်မြောက်ထိုင်းဘုရင်ဟာ ၄င်းရဲ့ ပုရောဟိတ်ပုနားတွေရဲ့ ဟောပြောချက်အရ မုယယ်ဖဲကို မရမကသွားရှာယူဖို့  အမိန့် တော်ထုတ်ညွှန်ကြားလိုက်ပါတယ်။ နောက်ဆုံးတော့ ဘုရင်မင်းမှုထမ်းတွေ ကလိမ်ကကျစ်ညစ်ပတ်နည်းလမ်း ပေါင်းစုံသုံးပြီး ဘုရင်ရှေ့ မှောက်ထံအရောက် မုယယ်ဖဲကို ခေါ်လာခဲ့ပါတယ်။ မုယယ်ဖဲဟာ ဘုရင်ရှေ့ မှောက်ထံမရောက်ခင် လမ်းခုလတ်မှာ မင်းမှုထမ်းစစ်သူကြီးတဦးရဲ့  မတရား သားမယားပြုကျင့်ခြင်းကို ခံခဲ့ရပါသေးတယ်။

မုယယ်ဖဲဟာ မိန်းမကောင်းမိန်းမမြတ်တို့ ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပြည့်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်တဲ့ အလျှောက်၊ ထိုင်းဘုရင်ဟာ မုယယ်ဖဲကို တွေ့ မြင်ရတဲ့အချိန်မှာ ယခင်သူမအား သွားရှာခေါ်ခိုင်းတုန်းက မိမိနိုင်ငံတော်ကောင်းစားဖို့ သူမရဲ့ သွေးနဲ့ ယာဇ်ပူဇော်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချက်ချင်း ပျောက်ပျက်သွားပါတယ်။ ထိုင်းဘုရင်ဟာ မုယယ်ဖဲဆိုတဲ့ ကရင်အလှဘုရင်မလေးရဲ့ ညို့ အားကြောင့် မြင်မြင်ချင်း ချစ်စိတ်ဝင် သံယောဇဉ်တွယ်ပြီး မိဖုရားအဖြစ် ချီးမြှင့်မြှောက်စားလိုက်ပါတယ်။

မုယယ်ဖဲဟာ ယခင်သူမရဲ့ ရပ်ရွာမှာနေတုန်းက ချစ်သူရည်းစားတဦးရှိခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမှု ထမ်းတွေရဲ့ ကောက်ကျစ်မာမှု၊ အာဏာသုံးမှုကြောင့် မိမိရဲ့ ချစ်သူရည်းစားနဲ့ ခွဲခွါစွန့် လွှတ်ခဲ့ကြရတယ်။ ထိုင်းဘုရင်ထံခေါ်လာခြင်းခံရပြီး လမ်းခုလတ်မှာလည်း မတရားသားမယားပြုကျင့်ခံရတယ်၊ အခုတော့ ထိုင်းဘုရင်မင်းမြတ်ကနေပြီး မိဖုရားမြှောက်စားခံခဲ့ရပေမဲ့ မတတ်သာလို့ သာ မိဖုရားဖြစ်ခဲ့ရတာပါ။ သူတပါးလက်ခုတ်ထဲကရေ ဖြစ်နေတဲ့အနေအထားဖို့  ဘ၀ရဲ့ ခါးသီးမှုဝေဒနာကို ကြိတ်ပြီးခံခဲ့တယ်။ သူမရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ ပြည့်နက်နေတယ်။

အနေအထားတခုအရ ဘုရင်မိဖုရားတဦးဖြစ်ပေမဲ့ ဒီလိုမျိုးကောက်ကျစ်ယုတ်မာတဲ့ထိုင်းလူမျိုးတွေနဲ့  ပါတ်သက်ပြီး မိမိမှာ လူသားမျိုးဆက် မမွေးထုတ်ပေးနိုင်ပါ။ဒါကြောင့်“ဤကဲ့ သို့ ကောက်ကျစ်ယုတ်မာသော ထိုင်းဘုရင်နှင့်ပါတ်သက်ပြီး ကျမရင်သွေးငယ်တဦးဦးမွေးလာပါက မွေးလာသော ရင်သွေးငယ်သည် ဖခင်ဖြစ်သူ ထိုင်းဘုရင်မင်းမြတ်၏ ၀မ်းသာခြင်းအလျဉ်းလုံးဝ မဖြစ်စေရပါလို၏“ လို့ အဓိဌာန်ပြုဆုတောင်းထားပါတယ်။

မကြာခင်မှာဘဲ မုယယ်ဖဲဟာ ကိုယ်ဝန်လေးရလာပါတယ်။ ဘုရင်မင်းမြတ်ဟာ မုယယ်ဖဲကို အလွန်ချစ် ခင်နှစ်သက်တာမို့  ယခုလိုသူမကိုယ်ဝန်ရလာတာဟာ ဘုရင်ကြီးအလွန်ဝမ်းသာ ပီတိဖြစ်ခဲ့ပါတယ်။ မျှော် လင့်ချက်လည်းများစွာ ထားခဲ့ပါတယ်။ ဒါပေမဲ့ မုယယ်ဖဲဟာ ကိုယ်ဝန်ရက်စေ့လို့ သူမရင်သွေးငယ်မွေးဖွါးတဲ့အခါ ဘုရင်ကြီးရဲ့  မျှော်လင့်ချက်ထားသလိုဖြစ်မလာဘဲ မုယယ်ဖဲရဲ့ အဓိဌာန်ပြုဆုတောင်းထားတဲ့ အတိုင်းသာ ဖြစ်လာခဲ့ပါတယ်။ မွေးလာတဲ့ခလေးဟာ အသက်မရှင်ခဲ့ပါဘူး… ဘုရင်ကြီးဟာ မျှော်လင့် ထားသလို ဖြစ်မလာတောအရမ်းစိတ်ထိခိုက်ရပါတယ်။

မုယယ်ဖဲရဲ့  ဒုတိယမြောက်ကိုယ်ဝန်ရတော့လည်း ဘုရင်ကြီးရဲ့ ဝမ်းသာခြင်းမဖြစ်ရပြန်ပါဘူး။ ဒီတခါမှာတော့ တော်ဝင်မိသားစုအပါအ၀င် နန်းတော်သူနန်းတော်သားတွေအကြား အလွန်ပွက်လော ဆူညံလာပါတယ်။ပဒေသရာဇ်ဘုရင်တို့ ရဲ့ စနစ်အရ မိဖုရားများစွာမြှောက်စားကြတယ်။ ယခုဘုရင်ကြီး အနေနဲ့ မိဖုရားများစွာရှိတဲ့အနက် မိဖုရားငယ် မုယယ်ဖဲကို ပိုပြီးချစ်၊ ပိုပြီးအရေးပေးတော့ အခြား မိဖုရားတွေက မကျေနပ်ကြတာ အမှန်ဘဲ။အထူးသဖြင့် မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီးက ယိုးဒယားဗမာကပြားမဖြစ်တယ်။

မုယယ်ဖဲရောက်လာကတည်းက ဒေါသပုန်ထနေတာ နေ့ ရောညရောဘဲ၊ မုယယ်ဖဲကို ဒီနန်းတော်ကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတမ်းကြံနေတဲ့သူ။ ယခု မုယယ်ဖဲ ကိုယ်ဝန်ဆောင် တာ နှစ်ခေါက်စလုံး ကလေးမွေးပြီး မရှင်တာ သူ့ အတွက် အကွက်ကြီး၊ မဟာအခွင့်အရေးဘဲ၊၊ နန်းတော်သူ၊နန်းတော်သားတွေရော ပုရောဟိတ်တွေပါ သူမအကုန်စည်းရုံးလိုက်တယ်…“မုယယ်ဖဲ ကလေးမွေးပြီး မရှင်တာ သူမကလေးကို သူမပြန်စားတဲ့ စုန်းမဖြစ်နေတယ်။ ဒီစုန်းမဟာ နန်းတော်မှာဆက်ထားနေရင် နန်းတော်ရော တိုင်းပြည်ပါ ပူပင်သောကတွေနဲ့ ပြည့်နက်နေမယ်။ အကောင်းဆုံးက ဒီစုန်းမကို မူလခေါ်လာတဲ့ရည်ရွယ်ချက်အတိုင်း ယာဇ်ပူဇော်ရမယ်“လို့  ဘုရင်ကြီးကို အမျိုးမျိုးအဖုံဖုံ၊ ထပ်ခါတလဲ လျှောက်ထား ကုန်းချော၊ကုန်းတိုက်လုပ်ပါတယ်။ ဘုရင်ကြီးဟာ မုယယ်ဖဲကို အလွန်ချစ်ခင်ကြင်နာတဲ့အတွက်သူများပြောသမျှ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးရော ပုရောဟိတ်တွေပါ ပြောပါများတော့ နောက်ဆုံးတော့ ၄ှင်းတို့ ပြောဆိုတဲ့အတိုင်း ဘုရင်ကြီးအကောင်အထည်ဖေါ်ခဲ့ရပါတယ်။ မုယယ်ဖဲကိုတွင်းထဲမှာနေခိုင်းပြီး မျက်မမြင် ဆင်တကောင်အား မုယယ်ဖဲအပေါ် သစ်တုံးတွန်းချခြင်းဖြင့် ကွပ်မျက်ခဲ့ပါတယ်။

မုယယ်ဖဲဟာ သူမအသတ်ခံရမှာကို လုံးဝကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိပါ။ မိမိဘ၀မှာ ချစ်သူ၊ မိဘဆွေမျိုး၊ လူမျိုး၊ ရပ်ရွာတွေနဲ့ အတင်းအဓမ္မ စွန့် လွတ်စွန်ခွါခြင်းခံခဲ့ရတယ်။ အတင်းအဓမ္မ သားမယားပြုကျင့်ခြင်းခံရ၊ အတင်းမိဖုရားမြှောက်စားခြင်းခံရ၊ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းမှာလဲ မနာလိုခြင်းခံရနဲ့ သူမဘ၀ မှာ ပျော်ရွှင်တဲ့နေ့ ရက် တရက်မှမရှိ၊ ဒီလိုဘ၀မျိုးဆက်လက်အသက်ရှင်သန်နေရင်လည်း ဘာမှ အဓိပ္ပါယ်မရှိပြီး… မုယယ်ဖဲဟာ မောင်တော်ဘုရင်မင်းမြတ်ရဲ့ အမိန့် နဲ့ ယာဇ်ပူဇော်ခံရမှာကို လုံးဝမညှဉ်းညူပါ။ ဒါပေမဲ့ ကွပ်မျက်ခြင်းမခံရမှီ လင်တော်မောင်ဘုရင်မင်းမြတ်ကို ကတိက၀တ်တွေတောင်းခဲ့တယ်။ ဘုရင်မင်းမြတ်လည်း မုယယ်ဖဲကို ချစ်ခင်ကြင်နာတဲ့စိတ်၊ ဘုရင်မင်းမြတ်တို့ ရဲ့ ကျင့်ကြံရမဲ့ မင်းကျင့်တရားတွေနဲ့ အတူ ကတိက၀တ်တွေကို ကြည်ဖြူစွာနဲ့ ပေးခဲ့ပါတယ်။ “ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်စွာ တည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှကင်းဝေးမည်၊ အသင်တို့ ၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့ အတွက် ငါ၏အသက်၊ သွေးတွေနဲ့  စတေးရမည်ဖြစ်သောကြောင့် သင်တို့ အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး(ကရင်)များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ… တနေ့ နေ့  တချိန်ချိန် ငါ့လူမျိုးများ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး သင်တို့ ၏ တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော် သင်တို့ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်…“ စတဲ့အချက်တွေအပါအ၀င် အချက်ပေါင်း(ရ)ချက်ကို မုယယ်ဖဲတောင်းဆိုခဲ့ပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲတောင်းဆိုအပေါ် မိမိပေးခဲ့တဲ့ကတိက၀တ်တွေအကြောင်း အပါအ၀င် မုယယ်ဖဲကို ဘာကြောင့်ဘယ်လိုခေါ်လာရတယ် ဆိုတဲ့အကြောင်းတွေ၊ ကရင်လူမျိုးတွေကို ထိုင်းတွေက ဘယ်လိုကျေးဇူးပြန်ဆပ်မယ့်အကြောင်းတွေကို စာပေကမ္မည်းတွေ ခိုင်ခိုင်မာမာ ရေးသားထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲ ကွပ်မျက်ခံရပြီး သိပ်မကြာလိုက်ပါ။ မုယယ်ဖဲကို လွမ်းတဲ့စိတ်နဲ့  လွမ်းနာကျပြီး နတ်ရွာစံသွားခဲ့ပါတယ်။

ထိုင်း(ယိုဒယား)ရေမြေဟာ မုယယ်ဖဲရဲ့ သွေးတွေနဲ့ ယာဇ်ပူဇော်ပြီးတာနဲ့ တမဟုတ်ချင်း ကြီးပွါးတိုးတက် လာပါတယ်။ဘုရင်ကြီးနတ်ရွာစံပြီး နောက်ကျန်ခဲ့တဲ့ ဘုရင်ရဲ့ မူးကြီးမတ်ရာ မိဖုရားတွေက ရှင်ဘုရင်ကြီး မှတ်တမ်းတင် ရေးသားခဲ့တဲ့ မုယယ်ဖဲ၊ကရင်လူမျိုးတွေနဲ

့ပါတ်သက်တဲ့အကြောင်းအရာတွေ မီးရွံ့  ဖျက်ဆီးခဲ့ကြတယ်။ ဒီအကြောင်းအရာတွေဟာ ထိုင်း(ယိုးဒယား)လူမျိုးက မုယယ်ဖဲအပေါ် ကရင် လူမျိုးတွေ အပေါ် ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့အကြောင်းတွေဖြစ်တဲ့အတွက် နောင်လာနောက် သားများ ဒီအကြောင်းအရာကိုသိရင် အရှက်ရသိက္ခာကျစရာဖြစ်စေတာကြောင့် မီးရွံ့  ဖျက်ဆီးခြင်းဖြစ်ပါတယ်။ သို့သော်…………….. ယနေ့ လက်ရှိထိုင်းဘုရင်(၉.ဆက်မြောက်)ရဲ့ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းမှာ မုယယ်ဖဲနဲ့ ပါတ်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ရှိတယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေရှိတဲ့ ထိုင်းနိုင်ငံနေရာအနှံ့ မှာ ယနေ့ သက်ရှိထင်ရှား ထိုင်းဘုရင်နှင့်မိဖုရားက သွားရောက်တိုင်းခန်းလှည့် လည်ပြီး ကရင်လူမျိုးတွေရဲ့ လူမှုဘ၀ဖွံ့ ဖြိုးမှုအတွက် ပေးအပ်လှူဒါန်း၊ ကူညီခဲ့တာရှိပါတယ်။

ယခင် ၅.ဆက်မြောက်ဘုရင်ရဲ့ ကတိက၀တ်အတိုင်း ယနေ့ ထိုင်းတော်ဝင်မိသားစုတွေက အတတ်နိုင်ဆုံး ကရင်တွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကြည့်ရှုစောင့်ရှောက်တာလား.. ဒါမှမဟုတ် ၄င်းတို့ရဲ့  ရာဇ၀င်အကြွေးတွေကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်စေတနာတွေကြောင့် ဖေးမကူညီမှုပေးတာလားတော့ မပြောတတ်ပါ။ တဖန်.. မုယယ်ဖဲရဲ့  ပုံတူပန်းချီကားချပ်တွေဟာ ထိုင်းနိုင်ငံအနှံ့ ယနေ့ ထိ ရောင်းအားကောင်းတဲ့ ပန်းချီပုံစာရင်းထဲမှာပါနေပါတယ်။ မုယယ်ဖဲဟာ ထိုင်းလူမျိုးတွေရဲ့ အရှင်သခင်မ၊သူတို့ ကို ကြည့်ရှုစောင့်ရှောက်တဲ့ တန်ခိုးရှင်လို့ ဆိုပြီး ယုံကြည်ကိုးကွယ်နေကြပါတယ်။

ထိုင်းနိုင်ငံရဲ့  နိုင်ငံရေးစံနစ်က တော်ဝင်မိသားစုတွေဟာ စည်းမျဉ်းခံဘုရင်စံနစ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရအပါအ၀င် ထိုင်းလူမျိုးတွေရဲ့ ပြုမူဆောင်ရွက်ချက်၊ ဆက်ဆံပုံကလည်း ကရင်လူမျိုးတွေကို ထိခိုက် နစ်နာခဲ့ပေါင်းများခဲ့ပါပြီး… ဒါကို ၅ ဆက်မြောက်ထိုင်းဘုရင်ရဲ့ ကတိက၀တ်ပြု အကြောင်းတွေကို မသိရောလေသလား၊ သိလျှက်နဲ့ မသိကျိုးကျွံပြုလေသလား။ တကယ်မသိသေးဘူးဆိုရင် ယနေ့ သက်ရှိ

ထင်ရှား ၉ ဆက်မြောက် ထိုင်းဘုရင်အနေနဲ့  လူမှာ ကတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ထိုင်းလူမျိုးတွေကို ၅ ဆက်မြောက် ထိုင်းဘုရင်ရဲ့  ကတိက၀တ်ပြုချက်တွေ အသိပေးသင့်ပါတယ်။

ဒီလိုမှမဟုတ်ရင်ဖြင့်…. ထိုင်းလူမျိုးတွေအပေါ်.. ကရင်အလှဘုရင်မလေးရဲ့ မေတ္တာပို့ ထားတဲ့အတိုင်း… “သင်တို့ တိုင်းပြည်ကောင်းစားဖို့ အတွက် ငါ့အသက်၊ သွေးတော်တို့ ဖြင့် ယာဇ်ပူခံ အသက်ပေးသွားမည်။ သို့ သော် ငါနဲ့ ငါ့လူမျိုးများအပေါ် သင်တို့ ပေးခဲ့သော ကတိက၀တ်ပါအချက်များကို တသွေမတိမ်း လိုက်နာရမည်။ ကတိက၀တ်ထဲကအတိုင်း မလိုက်နာဘဲ ငါ့လူမျိုးများအား ရန်ရှာတိုက်ခိုက်ခြင်း အပါအ၀င် အခြားအချက်များ ဖေါက်ဖျက်လာပါက အသင်တို့ လူမျိုး၊ အသင်တို့ တိုင်းပြည် စောစီးလျှင်မြန်စွာ ပျက်သုန်းသွားမည်။

ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်ပြီး တည်တံ့ခဲ့သော အသင်တို့ ၏တိုင်းပြည်သည် သင်တို့ လူမျိုးဘုရင်မင်းဆက်၏ (၉)ဆက်မြောက်အထိသာ တည်တံ့မည်ဖြစ်ပြီး ၄င်းနောက်ပိုင်း လုံးဝ(လုံးဝ)ဧကန်မုချ ပျက်သုန်းရမည်။ သင်တို့ လူမျိုး၊သင်တို့တိုင်းပြည်ပျက်သုန်းမည့်အကြောင်း ရင်းသည် သင်တို့ အချင်းချင်း ရန်ဖြစ်မှုကြောင့် လည်းကောင်း၊ ပြည်ပ ပရောဂကြောင့်လည်းကောင်း ၊ သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကြာင့် လည်းကောင်း လုံးဝပျက်သုန်းရပါမည်“ ဆိုတဲ့ကျိန်စာဘဲဖြစ်ပါတယ်။

မျှော်လင့်ချက်များစွာဖြင့် ကရင်မောင်နှမအားလုံး သိစေချင်သောစိတ်ဖြင့်
စီzကညီဝါ (Karen Unity Hope Community)




Thursday, January 3, 2019

ကရင်နှစ်ကူးတောင်ကလေးသားတွေရဲ့ဖန်တီးမှု

(၆.၁.၂၀၁၉) ရက်နေ့ မှာ___
...............................










unicode
...................
ကရင်နှစ်သစ်ကူးလို့ပြောလိုက်တာနဲ့ တောင်ကလေးကွင်းကိုသာ လူတိုင်းလိုလိုပြေးမြင်တတ်ကြပါတယ်...နှစ်သစ်ကူးကွင်းလို့ လူအများခေါ်ဝေါ်သုံးဆွဲကြတဲ့အထိ နှစ်စဉ်ကျင်းပတဲ့ ကရင်နှစ်သစ်ကူးတိုင်း တစ်မျိုးတစ်ဖုံ ရိုးရာဖော်ထုတ်ကာ ဆင်ယင်ကျင်းပတတ်တဲ့နေရာကတော့ တောင်ကလေးကွင်း ပါပဲ...
ယခုနှစ်အတွက် ကြိုတင်ပြင်ဆင်နေမှုထဲက တစ်ခုကလည်း စိတ်ဝင်စားစရာပါ...
(၆.၁.၂၀၁၉) ရက်နေ့ မှာ___
ကျရောက်တဲ့ ကရင်တစ်မျိုးသားလုံးရဲ့ နှစ်ကူးကို ကြိုဆိုဆင်နွဲမှုအတွက်... တောင်ကလေးသားတွေရဲ့ဖန်တီးမှုက အောချလောက်ပါပေတယ်ဗျား...
ဝါးနဲ့ရက် ဇကာစနဲ့ပတ်ပြီး ရွံ့နဲ့ပဲ မံကာ ပုံဖော်မှုက မြင်တွေ့ရသူတိုင်းအဖို့ မချီးကျူးပဲ မနေနိုင်ပါဘူးဗျား...
သစ်လုံးကအစ ရုတ်တရက်ကြည့်လိုက်ရင် အစစ်ကိုပဲ သယ်လာပြီး ပြသထားသလားထင်မှတ်ရလောက်တယ်...

ဆင်ပေါ်က ကရင်အမျိုးသားပုံဖော်ဖို့ ပြုလုပ်ထားတဲ့ မျက်နှာပေါ်မှာကလည်း ကရင်တိုင်းရင်းသားတွေရဲ့ ရိုးသားမှုက အထင်းသားဖော်ပြနိုင်တဲ့အထိ မျက်လုံး မျက်ခုံးအကျတွေက အသက်ဝင်လှပါတယ်...

ပလတ်စတစ်ကြိုးနဲ့ ဆံပင်၊ မုတ်ဆိတ်တွေကို ပြုလုပ်သွားလိုက်တာများဗျား... စိတ်ထဲကနေ တော်တော်စဉ်းစားတတ်တဲ့ ဖန်တီးသူတစ်ယောက်ပဲလို့... လေးစားချီးကျူးမိတာအမှန်ပါ....

ဝါးနဲ့ရက် ပိုက်ဇကာနဲ့ပတ်ပြီး ရွံ့နဲ့သုတ်လိမ်းကာ ဖန်တီးနေတဲ့ သစ်ဆွဲပုံဖော်ဆင်ရုပ်က ပြီးခါနီးလေ အသက်ပိုဝင်လေပါ... ဒါဟာ တောင်ကလေးသားတွေရဲ့ လက်မှုကျွမ်းကျင်မှု/ ကရင်တိုင်းရင်းသားတွေရဲ့ ဖန်တီးနိုင်မှုကို ထင်ရှားစွာ မြင်တွေ့ရမည့် ဖန်တီးမှုတစ်ခု...

ရိုးရာနှင့်ပတ်သတ်လာလျှင် အမျှော်အမြင်ကြီးစွာ ထိမ်းသိမ်းဖော်ထုတ်တတ်တဲ့ ဆရာတော်ဘုရားရဲ့ ကျေးဇူးတို့က ကြီးမားလှပါပေတယ်... ဒါကြောင့်လည်း ကျေးဇူးရှင်တောင်ကလေးဆရာတော်ဘုရားလို့ ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်...



ပိတိခရီးသွားမှတ်တမ်း


Wednesday, January 2, 2019

BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

သေဆုံးသွားတဲ့ BGF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်/ Photo: Wai Phyo Aung
ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အနီးက နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးယူထားတဲ့ ၉၀၁ ဝင်းထဲမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူဟာ အရင်က BGF တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စောပေပေ ဖြစ်ပြီး စကားများရာကနေ ပစ်ခတ်တာဖြစ်ကြောင်းနဲ့ အသေးစိတ်ကို စိစစ်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောပါတယ်။

စောပေပေဟာ BGF တပ်ဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်ခဲ့ပြီးနောက် လမ်းပေါ်ကို ထွက်ပြေးကာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတစ်ဦးကို သေနတ်နဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားကြောင်းလည်း သိရပါတယ်။

သေနတ်ဒဏ်ရာထိမှန်တဲ့ အရပ်သားတစ်ဦးကို မြ၀တီမြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ပို့ကုသနေပြီး စိုးရိမ်ရတဲ့ အနေအထားဖြစ်ကြောင်း မြ၀တီခရိုင် ရဲမှူးကြီး အောင်နိုင်ထွန်း က RFA ကို ပြောပါတယ်။

စောပေပေကို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ ၁၅ မိုင်အကွာ သင်္ဃန်းညီနောင်မြို့ရဲ့ မြောက်ဘက် အတွင်းကွင်းကလေး ကျေးရွာအနီးမှာ တွေ့ရှိတာကြောင့် ပိတ်ဆို့ဖမ်းဆီးရာမှာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း ရဲမှူးကြီး အောင်နိုင်ထွန်း က ပြောပါတယ်။

မြ၀တီမြို့နဲ့ သင်္ဃန်းညီနောင်နယ်မြေအတွင်းမှာ BGF တပ်ဖွဲ့ အခြေစိုက်တဲ့ ကင်းစခန်း ၁၅ ခုလောက် ရှိနေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

Saturday, November 24, 2018

ထိုင်းနိုင်ငံမှာတရားမဝင်အမဲလိုက်မှု ကရင်တိုင်းရင်းသား ၂ ဦး ဖမ်းခံရ

ထိုင်း သဘာဝတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ အဖမ်းခံရတဲ့ ဒေသခံ ကရင်တိုင်းရင်းသား နှစ်ဦး။ (ဓာတ်ပုံ-ထိုင်းသစ်တောဌာနရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ကင်ကရကျန် သဘာဝသစ်တောကြိုးဝိုင်းဧရိယာထဲမှာ အမဲလိုက်ခဲ့တဲ့ ကရင်သားအဖ နှစ်ယောက် အဖမ်းခံရပါတယ်။ အဖမ်းခံရသူတွေဟာ ဒေသခံ ကရင်တိုင်းရင်းသားတွေ ဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်တဲ့ဥပဒေကို သူတို့ လိုက်နာရမှာဖြစ်ကြောင်း သစ်တောအာဏာပိုင်တွေက ပြောပါ တယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ကင်ကရကျန်သဘာဝ သစ်တောကြိုးဝိုင်းထဲမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင် အမျိုးသား နှစ်ဦးဟာ ရှားပါးတောင်ဆိတ်တွေကို ပစ်ခတ်ခဲ့လို့ သစ်တောအရာရှိတွေက ဖမ်းဆီးခဲ့ရာမှာ ဖျက်ထားတဲ့ တောင်ဆိတ်အသေနဲ့ တောပုန်းသေနတ်နှစ်လက်ကို ထားခဲ့ပြီး တရားခံတွေဖြစ်တဲ့ ကရင်သားအဖက ထွက်ပြေးသွားခဲ့ကြပါတယ်။

ဟက်စို့နဲ့ နတ်ပဒွန်တို့သားအဖကို တောင်ဆိတ်တွေ ပစ်ခတ်မှုနဲ့ ကန်ကကျန်သစ်တောဦးစီးဌာနရဲ့တိုင်တန်းချက်အရ သူတို့နှစ်ဦးဖမ်းဝရမ်းထုတ်ခဲ့ပြီး သူတို့နေထိုင်နေတဲ့ ဘန့်ပုံကျေးရွာကို နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက အာဏာပိုင်တွေက ရှာဖွေနေကြတာပါ။ ကျေးရွာသူကြီးနဲ့ နယ်မြေခံအာဏာပိုင်တွေရဲ့ဖိအားပေးမှုကြောင့် တရားခံနှစ်ဦးဟာ ရဲစခန်းမှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က အမျိုးသားသစ်တောအရာရှိရဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ အခုလို ထိုင်းဘာသာစကားနဲ့ ပြောသွားပါတယ်။

‘အခင်းဖြစ်ပွားတဲ့နေရာကနေ တရားခံတွေ ထွက်ပြေးသွားတော့ သက်သေခံသေနတ်တွေနဲ့ ပစ်ထားတဲ့ တောကောင်တွေ ကျန်ခဲ့တယ်၊ မျက်မြင်သက်သေတွေနဲ့ သူတို့ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်’ ဆိုပြီးည ပြောသွားခဲ့တာပါ။

သူတို့ကတော့ ဒီနေရာတဝိုက်က ကျေးရွာသားတွေ ဖြစ်တဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့တရားဥပဒေကိုတော့ သူတို့လိုက်နာရပါမယ်၊ တောတောင်တွေထဲမှာ ရှားပါးလာနေတဲ့ တိရိစ္ဆာန်တွေကို မပစ်ခတ်ဖို့၊ တားဆီးထားတဲ့နေရာတွေကနေ တောကောင်တွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ ကုန်ကူးတာတွေကို လုပ်လို့မရပါဘူး၊ ရှားပါးတောတိရိစ္ဆာန်တွေဟာ တဖြည်းဖြည်းနဲ့ မျိုးတုန်းလာတဲ့အတွက် ကာကွယ်တဲ့ဥပဒေကို ထုတ်ထားတာဖြစ်လို့ သူတို့လိုက်နာရမှာဖြစ်ပါတယ်’ …ဆိုပြီး ပြောဆိုသွားတာပါ။

တရားခံနှစ်ဦးကိုတော့ ထိုင်းရဲချုပ်နဲ့ အဖွဲ့ကလာရောက် စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ အခုလိုမျိုး ရှားပါး တောရိုင်းသတ္တဝါတွေကို မွေးမြူတာ၊ ဖမ်းဆီးရောင်းချတာ၊ ပစ်ခတ်တာတွေကို တားမြစ်ထားပြီး ၁၉၈၇ ခုနှစ် တောရိုင်းသတ္တဝါတွေကို ဘေးမဲ့ပေးထားတဲ့ အမျိုးသား သစ်တောကြိုးဝိုင်းတွေမှာ အမဲလိုက်သူတွေကို ထိရောက်တဲ့ ဥပဒေနဲ့အရေးယူဖိွုှ့ သဘာဝတောတောင်တွေကို တန်ဖိုးထားတဲ့ နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောကိုယ်တိုင် လက်မှတ်ထိုး အတည်ပြု ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အခုလို တောင်ဆိတ်ပစ်ခတ်မှုဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၅ သောင်း ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ၂၀၁၈ ခု၊ ဖေဖော်ဝါရီလက အီတာလျှံ ထိုင်းကုမ္ပဏီက Premchai Karnasuta သန်းကြွယ်သူဌေးကြီး ပရင်ချိုင်းနဲ့ အပေါင်းအပါတွေဟာလည်း နလေစွမ် သစ်တောကြိုးဝိုင်းအတွင်းမှာ ကျားသစ်နက်နဲ့  တောဝက်တွေပစ်ခတ်မှုနဲ့ အဖမ်းခံခဲ့ကြရတဲ့အမှုမှာလည်း ကရင်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Wednesday, August 1, 2018

ဒေါက်တာမန်းမြင့်ဆိုင်

 

ရေဒီယိုမှစစ်သီချင်းများလာနေသည်။ဒေါက်တာမန်းမြင့်ဆိုင်သည်ရေဒီယိုကိုပိတ်လိုက်ပြီးတအိမ်လုံးရှိမီးများကိုလည်းအမှောင်ချလိုက်သည်။ထို့နောက် နောက်ဖေးပေါက်မှ အသာထွက်ကာ တာဘောင်အတိုင်း ခပ်သွက်သွက်လျှောက်လှမ်းသွား၏။ အတန်ငယ် ဝေးသောနေရာရောက်မှ မိမိ၏ဆေးခန်းလည်းဖြစ်၊ မိသားစုအိမ်လည်းဖြစ်ခဲ့သောနေရာလေးကို ပြန်ငေးကြည့်မိသည်။

‘ရွှီး… ဒုန်း’

အာပီဂျီလောင်ချာသံမှန်း အတွေ့အကြုံအရ သိလိုက်သည်။ သူ သတင်းရထားသည့်အတိုင်း သူ့အိမ်ကို တပ်ကဝင်ပစ်ခဲ့ပြီ။ နယ်ခံတပ်မှ သူဆေးကုပေးနေသည့် လူနာစစ်ဗိုလ်အချို့၏ သတင်းပေးမှုကြောင့်သာ သူကံကောင်းသွားရ၏။

(၈၈) အရေးအခင်းကြီး စဖြစ်ကတည်းက မိန်းမနှင့်ကလေးကို ရန်ကုန်သို့ ပို့ထားခဲ့နိုင်သဖြင့်သာ တော်တော့သည်။ နို့မိုဆို မလွယ်လှ။

လောင်ချာစာမိသွားသော သူ့အိမ်လေးကိုကျောခိုင်းကာ သူ ထွက်လာခဲ့ပါသည်။ သူသည် ယခုအကြိမ်လည်း သေမင်း၏ခံတွင်းဝမှ သီသီလေး လွတ်ခဲ့ပြန်ပေပြီ။

ဘယ်တော့မှ တောမခိုတော့ဟု ဆုံးဖြတ်ခဲ့ဖူးသည့် သူသည် ဒုတိယမ္ပိ လက်နက်ကိုင်တော်လှန်ရေးဆီသို့ ခြေလှမ်းခဲ့မိတော့သည်။

နက်မှောင်သောဆံပင်ကို နောက်လှန်ဖြီးထားပြီး မဟာနဖူးသေသေသပ်သပ်ဖြင့် သူ့ပုံစံကိုမြင်ရသည်မှာ တစ်ခေတ်တစ်ခါက ဟောလိဝုဒ်မင်းသားကြီး မာလွန်ဘရွန်ဒိုကို သတိရသွားစေသည်။

ဒေါက်တာမန်းမြင့်ဆိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာတွင် ပိုးကရင်မိသားစုမှ မွေးဖွားသည်။ ဦးလေးရော ဖခင်ပါ ထင်ရှားသည့် ကရင်နိုင်ငံရေးသမားများဖြစ်ကြ၏။ ဦးနုအစိုးရအဖွဲ့တွင် ကရင်ရေးရာဝန်ကြီးဖြစ်နေသည့် ဖခင်ဖြစ်သူက သူတို့မိသားစုကို ရန်ကုန်သို့ခေါ်လာသည်။

ရန်ကုန်မြို့ အလုံကူရှင်ကျောင်း (ယခု အလုံ အထက ၄) တွင် ကျောင်းတက်ရသည်။ ၁၉၅၈ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၊ ဆေးကောလိပ်တွင် ဆေးပညာသင်ယူသည်။

၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်း၏။

“အဲဒီအချိန်က ကိုယ့်အဖေက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပေါ့။ သူ့ကို အိမ်မှာလာဖမ်းတယ်။ ဗိုလ်ချုပ်စိန်လွင်အမိန့်နဲ့ အိမ်ကိုလာဖမ်းတဲ့တပ်က ဗိုလ်က ကိုယ့်သူငယ်ချင်း။ ရစ်ချဒ်သိန်းလွင်ဆိုတဲ့ကောင်။ အဖေ့ကို အသံလွှင့်ရုံမှာ ချုပ်ထားလိုက်တယ်”

အာဏာသိမ်းပြီး မကြာမီပင် တက္ကသိုလ်ဝန်းကျင်တွင် စစ်အစိုးရကိုဆန့်ကျင်သော ဆန္ဒပြပွဲများကို ကျောင်းသားများက ဦးဆောင်ခဲ့ကြသည်။

“အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ဆရာတစ်ယောက်ကခေါ်လို့ ကိုယ်က အောင်ဆန်းကွင်းမှာ ဘောလုံးပွဲသွားကြည့်နေတာ။ ကိုယ်ပြန်လာတော့ ကျောင်းထဲမှာ ပစ်ပြီး ခတ်ပြီးနေပြီ။ ကံကောင်းတာက ကိုယ်က ဘောလုံးပွဲမသွားဖြစ်ရင် ဒီအရေးအခင်းထဲပါမိမှာ။ အပစ်ခံရပြီး သေသွားမှာပဲ”

ဆေးကျောင်း Final Part 2 တက်နေချိန်တွင် မိဘများက ပေးစားသဖြင့် သူအိမ်ထောင်ကျသည်။ သားသမီးသုံးဦးထွန်းကားသည်။ ထိုအိမ်ထောင်နှင့်ကွဲပြီးနောက် ငယ်ရည်းစားနှင့် ထပ်မံ လက်ထပ်သည်။ သမီးတစ်ယောက်မွေး၏။

၁၉၆၆ တွင် ဒေါက်တာမန်းမြင့်ဆိုင်သည် ဆရာဝန်ဘွဲ့ရခဲ့၏။ ဆရာဝန်ဖြစ်ပြီးနောက် မီးရထားဆရာဝန်အဖြစ်နှင့် ရန်ကုန်၊ မြစ်ငယ်နှင့် ပဲခူးမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဟင်္သာတမြို့တွင် တာဝန်ထမ်းဆောင်ခဲ့၏။

“ဟင်္သာတမှာ ကိုယ်က သုံးနှစ်လောက်ရှိနေတုန်း စာတွေ ခဏခဏလာတယ်။ တောခိုသွားတဲ့ ကိုယ့်သူငယ်ချင်းတွေဆီကပေါ့။ သံအမတ်ကြီးဦးဝင်းရဲ့သား ကိုတင်မောင်ဝင်း၊ နောက် ရဲကျော်သူ ကျောင်းသားခေါင်းဆောင်တွေပေါ့ကွာ။ သူတို့က လူကြုံနဲ့တစ်မျိုး၊ စာတိုစာရှည်တွေနဲ့တစ်မျိုး တောခိုဖို့ လာနားချကြတာ။ ကိုယ်ကလည်း သိတဲ့အတိုင်း အသွေးအသားထဲမှာ နိုင်ငံရေးကပါနေတာ။ အဲဒါနဲ့ပဲ ၁၉၇၃ မှာ တောခိုခဲ့တယ်”

ထိုင်း – မြန်မာနယ်စပ်တွင် ဦးနုနှင့် ဗိုလ်မှူးအောင်တို့ ဦးဆောင်ကာ ပြည်သူ့ပြည်ချစ်ပါတီကို ဖွဲ့စည်းထားသည်။

ပြည်သူ့ပြည်ချစ်တပ်သို့ သူရောက်သွား၏။ ပြည်သူ့ပြည်ချစ်တပ်ဖွဲ့အား အမေရိကန်က လက်နက်ကူညီသည်။ လေယာဉ်ပျံထားသည့် ဂိုဒေါင်ကြီးများနှင့် အပြည့်ဖြစ်၏။

“ဟိုရောက်တော့ သူတို့လုပ်တာ ကိုယ်အားမရဘူး။ စစ်မှမတိုက်ဘဲ။ လေပဲပေါနေကြတာကိုကွာ”

သူက တကယ် တိုက်ချင်၊ ခိုက်ချင်သူ။

“အဲဒီအချိန် ဗိုလ်ချုပ်စောကြာဒိုးကို ကိုယ်ကပြောတယ်။ စောကြာဒိုးက ကိုယ်နဲ့ဆို အဘိုးလေးသွားတော်တယ်။ ကျွန်တော် တပ်ထောင်ပြီး ချမယ်ဆိုတော့ ဗိုလ်ချုပ်စောကြာဒိုးကလည်း သဘောကျတယ်။ အဲဒီမှာ ကိုယ်က ပြည်သူ့ပြည်ချစ်ပါတီက လူကြီးတွေတိုင်ပင်ပြီး မြွေဟောက်အထူးတပ်ရင်းဆိုပြီး ထောင်တယ်။ စစ်ဆင်ရေးတွေမှာ ကိုယ့်တပ်ရင်းက KNU နဲ့ပေါင်းပြီး ဗိုလ်ချုပ်နေဝင်းတပ်တွေနဲ့ ဆော်ကြတာပေါ့ကွာ”

မြွေဟောက်တပ်။ အစောပိုင်းတွင် လူ ၆၀ သာရှိခဲ့ရာမှ နောက်ပိုင်းတွင် လူ ၄၀၀ ကျော် ဖြစ်လာသည်။

မြွေဟောက်တပ်ရင်းသည် ပြည်သူ့ပြည်ချစ်တပ်တွင် တစ်တပ်တည်းသော တိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် လှည့်လည် တိုက်ခိုက်နေခဲ့သည်။

“တိုက်ပွဲဖြစ်စဉ်တွေ အခု ပြန်လည်း မပြောချင်ဘူး။ ပြန်လည်းမတွေးချင်ဘူးကွာ။ အချင်းချင်းသတ်ကြရတာ။ အဲဒါတွေ ပြန်တွေးမိရင် ကိုယ်မှားတယ်။ တကယ်က ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးနှင့် တိုက်ယူလို့မရဘူး။ ကိုယ်က တိုက်ခဲ့ပြီးလို့ အတိအကျပြောတာ။ ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီနည်းအရတိုက် … အခုကျ အချင်းချင်းစစ်ချည်းတိုက်နေရတာ မကောင်းလှဘူး”

ဒေါက်တာမန်းမြင့်ဆိုင်သည် သူ၏ မြွေဟောက်တပ်နှင့်အတူ ရှေ့တန်းတွင် ခုနစ်နှစ်ကျော် လှည့်လည်တိုက်ခိုက်နေခဲ့သည်။

“အဲဒီမှာ ငှက်ဖျားပိုးဝင်တယ်။ လူက ခုနစ်ရက်လောက် သတိလစ်သွားပြီး ကိုယ့်ကိုယ်ကိုယ်သေပြီမှတ်တာ။ ဒါပေမဲ့ မသေဘူး”

နောက်ပိုင်းတွင် ပြည်တွင်းထိုးစစ်များက ကွန်မြူနစ်များဘက်လှည့်နေသဖြင့် တိုက်ပွဲများ ကြဲသွား၏။

ဒေါက်တာမန်းမြင့်ဆိုင်တို့လည်း တိုက်ပွဲများကို ဆက်မတိုက်ကြတော့။ ၁၉၇၈ ခုနှစ်တွင် ထိုင်းနိုင်ငံသူတစ်ဦးနှင့် သူဖူးစာဆုံသည်။ တတိယအိမ်ထောင်ကို ထူထောင်လိုက်သည်။

နွားလဝိုးတောင်ခြေတွင် ဗိုလ်ရန်နိုင်၏ နဂါးမောက်တပ်ရင်း၊ ဗိုလ်လက်ျာတပ်က ဂဠုန်တပ်ရင်း၊ ဒေါက်တာမန်းမြင့်ဆိုင်၏ မြွေဟောက်တပ်တို့ အခြေတည်ကြသည်။

တော်လှန်ရေး၏အနှစ်သာရကို အချင်းချင်းအဝေမတည့်ရာမှ အက်ကြောင်းက စထင်လာသည်။ ၁၉၈၀ ပြည့်နှစ်တွင် ပြည်သူ့ပြည်ချစ်တပ်နှင့် ဒေါက်တာမန်းမြင့်ဆိုင် သဘောထားကွဲလွဲသည်။ စီးပွားရေးပြဿနာဖြစ်သည်။

ဒေါက်တာမန်းမြင့်ဆိုင်က သူ့တပ်အခြေအနေကို အစည်းအဝေးတွင် တင်ပြသည်။ ထိုအစည်းအဝေးပြီး နှစ်ရက်အကြာတွင် ဗိုလ်လက်ျာ၏သား အောင်လက်ျာ၏တပ်များက ဒေါက်တာမန်းမြင့်ဆိုင်၏ မြွေဟောက်တပ်စခန်းကို ဝင်ရောက်ပစ်ခတ်တော့သည်။

ထိုညက ဒေါက်တာမန်းမြင့်ဆိုင်၏ ဘယ်ဘက်လက်မှာ ကျည်မှန်ပြီးကျိုးသွား၏။ ရဲဘော်သုံးယောက်ကျဆုံးသွားခဲ့သည်။ အချင်းချင်းချကြသည့်ပွဲတွင်လည်း ဒေါက်တာမန်းမြင့်ဆိုင် သေကံမရောက်ခဲ့။

ဒဏ်ရာမှသက်သာလာသောအခါ မြွေဟောက်တပ်ရင်းသည် ပြည်သူ့ပြည်ချစ်ပါတီနှင့် မဆက်ဆံတော့ဘဲ သီးခြားရပ်တည်နေကြသည်။

ထို့နောက်တွင် KNU ကလည်း သူတို့တပ်နှင့်ပူးပေါင်းဖြစ်လာသည်။

“အဲဒီအချိန်မှာ ဗိုလ်ချုပ်နေဝင်းက ၂/၈၀ နဲ့ တောထဲက လူတွေကိုပြန်ခေါ် တယ်။ ၈၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာထုတ်တဲ့အမိန့်ပေါ့။ ငါလည်း မဲဆောက်ကနေ မြ၀တီကိုကူးပြီး အလင်းဝင်တယ်။ ပြီးတော့ ဟင်္သာတပြန်ပြီး ဆေးခန်းလေးဖွင့်နေတာပေါ့ကွာ”

ထိုကာလတွင်ပင် ဦးနု၊ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်၊ ရန်ကုန်ဘဆွေ၊ စောကြာဒိုးတို့လည်း အလင်းပြန်ဝင်လာကြသည်။

ဒေါက်တာမန်းမြင့်ဆိုင်ကို အစိုးရက ဆေးကုသခွင့်လိုင်စင်ထုတ်ပေး၏။ ထိုင်းတွင်ကျန်ရစ်သော ဇနီးနှင့်ကလေးကို လှမ်းခေါ်သည်။

ဆေးခန်းလေးက အခြေကျပြီ။ မိသားစုလေးက အခြေမြဲလာသည်။ ဒေါက်တာမန်းမြင့်ဆိုင်သည်လည်း နိုင်ငံရေး၊ တော်လှန်ရေးဆိုသည်ကို စိတ်ကုန်ခဲ့ပြီ။

သို့သော် … မုန်တိုင်းက အပြီးစဲသွားခြင်းမဟုတ် …။

၁၉၈၈ ခုနှစ် အရေးအခင်းကြီးသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လာသည်။ ဟင်္သာတမြို့တွင်လည်း ရဟန်းရှင်လူများက ဒီမိုကရေစီတိုက်ပွဲအတွက် သပိတ်စခန်းများဖွင့်ကာ တောင်းဆိုကြ၏။

ဆန္ဒပြလူအုပ်ကြီးနှင့် လုံထိန်း၊ စစ်တပ်တို့ တစ်နေရာတွင် ထိပ်တိုက်တွေ့ကြသည်။

ထိုတစ်နေရာကား ဒေါက်တာမန်းမြင့်ဆိုင်၏ အိမ်ရှေ့တည့်တည့်။ လုံထိန်းများက စည်းသုံးစည်းထားလိုက်သည်။ ထိုစည်းကိုကျော်လျှင် ပစ်မည်။

နိုင်ငံရေးနှင့် ကင်းကင်းနေမည်ဆိုသည့် တော်လှန်ရေးသမားဟောင်းကြီးသည် အိမ်ရှေ့သို့ထွက်လာပြီး အုပ်စုနှစ်ခုကြားတွင် ရပ်လိုက်သည်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ တူ။ ဦးနေဝင်းအစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့သည့် တော်လှန်ရေးသမားဟောင်းကြီး။ တစ်မြို့လုံးမှ လေးစားရသည့် ပညာတတ်ဆရာဝန်ကြီးက သူတို့ရှေ့လာရပ်သည့်အခါ လူထုမှာ ပိုအားတက်သွားကြသည်။

ဒေါက်တာမန်းမြင့်ဆိုင်၏ ညှိနှိုင်းပေးမှုကြောင့် အခြေအနေက ပြေပြေလည်လည် ပြီးဆုံးသွားသည်။ သို့သော် ဒေါက်တာမန်းမြင့်ဆိုင်သည် ဟင်္သာမြို့၏ သပိတ်ခေါင်းဆောင်အဖြစ် စာရင်းဝင်သွားခဲ့လေပြီ။

မကြာမီ တပ်မတော်က အာဏာသိမ်းလိုက်၏။ ထိုညတွင်ပင် သူ့အိမ် လောင်ချာစာမိခဲ့ခြင်းဖြစ်၏။

ယခုအကြိမ်တွင်လည်း သေတွင်းမှ လွတ်လာခဲ့ပါသည်။

ထိုသို့နှင့် ဒုတိယအကြိမ်တောခိုဖို့ရန် ဖြစ်လာပါတော့သည်။ ပူပူနွေးနွေး စစ်အစိုးရက ဒေါက်တာမန်းမြင့်ဆိုင်တို့လို တော်လှန်ရေးသမားဟောင်းများကို ပိုက်စိပ်တိုက်ကာ လိုက်ဖမ်းခဲ့သည်။

ထို့ကြောင့် အိန္ဒိယသို့ ထွက်ရန်ဆုံးဖြတ်သည်။ ကလေးအထိ ကားစီးပြီးနောက် အိန္ဒိယနယ်စပ် မိုးရေးမြို့သို့ ရောက်ရှိသည်။

မြန်မာပြည်မှရောက်လာသည့် မြန်မာကျောင်းသားများနေထိုင်ရန် အိန္ဒိယအစိုးရက မဏိပူရပြည်နယ်တွင် လေခွန်း စခန်း၊ မီဇိုရမ်ပြည်နယ်တွင် ကျန်စိုင်းစခန်းများ ဖွင့်လှစ်ပေးခဲ့သည်။

အိန္ဒိယအစိုးရက ဒုက္ခသည်စခန်းဟု သတ်မှတ်သော်လည်း မြန်မာကျောင်းသားများက တော်လှန်ရေးစခန်းဟုသာ ခံယူခဲ့သည်။ ထိုစခန်းတွင် တော်လှန်ရေးအတွေ့ အကြုံများစွာရှိခဲ့သော ဒေါက်တာ မန်းမြင့်ဆိုင်က ခေါင်းဆောင်ဖြစ်လာခဲ့သည်။

မဏိပူရ လေခွန်းစခန်းသည် အခက်အခဲအမျိုးမျိုးကြားမှ ၁၉၈၉ ခုနှစ်တွင် အိန္ဒိယစစ်တပ်၏ဘေး တောင်ကုန်းပေါ်တွင် သီးသန့်နေခွင့်ရသည့် စခန်းကြီးတစ်ခုဖြစ်လာပြီး အင်အားအများဆုံး ဖြစ်လာခဲ့၏။

မြန်မာ့ဒီမိုကရက်တစ်တပ်ဦး (BDGF) ဟု အမည်ပေးဖွဲ့စည်းခဲ့ကြပြီး တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များစုဖွဲ့ကာ အခြေခံစစ်သင်တန်း၊ နိုင်ငံရေးသင်တန်း၊ ပြောက်ကျားသင်တန်းများပေးခဲ့သည်။

ထိုင်း- မြန်မာနယ်စပ် မာနယ်ပလောတွင် ဒီမိုကရက်တစ်တပ်ပေါင်းစု DAB တပ်ပေါင်းစုဖွဲ့စည်းလိုက်သည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် DAB ၏ အစည်းအဝေးကို တက်ရောက်ရန်အတွက် ဒေါက်တာမန်းမြင့်ဆိုင်ကို အိန္ဒိယထောက်လှမ်းရေးက ခေါ်တွေ့သည်။

“တကယ်က အိန္ဒိယအစိုးရက ကိုယ့်ကို လူမွေးတာပဲ။ ထိုင်းသွားတယ်ဆိုတာလည်း အစည်းအဝေးတက်ဖို့ရယ်၊ နောက်တစ်ခုက မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်လို့ အိန္ဒိယက သူတို့အစီအစဉ်တွေ၊ ရပ်တည်မှုတွေရယ်ကို ပြောပြပေးဖို့ သွားခိုင်းတာပါ။ သူတို့က သူတို့အစိုးရကို ကူညီပေးရင် နောက်ပိုင်း အမြဲတမ်းနေထိုင်ခွင့်ပေးမယ်။ ဆေးကုခွင့်ပေးမယ်။ အခွင့်အရေးတွေပေးမယ်ပေါ့။ ကိုယ်လည်း စဉ်းစားဦးမယ်ဆိုပြီး … သူတို့ပထမစီစဉ်တဲ့အတိုင်း ထိုင်းကို သူတို့ပေးတဲ့ပတ်စ်ပို့နဲ့ ထွက်လာခဲ့လိုက်တယ်”

ထိုင်းနိုင်ငံသို့ရောက်ပြီး အစည်းအဝေးတက်နေစဉ် ပြဿနာတစ်ခုနှင့်ကြုံရသည်။ နိုင်ငံရေးသမားအချို့၏စနက်ကြောင့် သူ၏အိန္ဒိယပတ်စ်ပို့ ဆုံးရှုံးခဲ့သည်။ ဒေါက်တာမန်းမြင့်ဆိုင်သည် နိုင်ငံရေးကို စိတ်ကုန်ခဲ့သည်။

ထိုအချိန်တွင် ပြည်တွင်းရှိ ထိုင်းနိုင်ငံသူ ဇနီးနှင့် သားသုံးဦးမှာလည်း ဗိုလ်ချုပ်စောကြာဒိုး၏ အကူအညီပေးမှုကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးတွင် ဒေါက်တာမန်းမြင့်ဆိုင်သည် တတိယနိုင်ငံသို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။

တစ်ချိန်က ဒေါက်တာမန်းမြင့်ဆိုင်သည် အမေရိကန်ပြည်ထောင်စု မူးယစ်တိုက်ဖျက်ရေးအေဂျင်စီကို အကူအညီပေးခဲ့ဖူးသဖြင့် အမေရိကန်က ဒေါက်တာမန်းမြင့်ဆိုင်ကို ခြောက်လအတွင်း ခိုလှုံခွင့်ပေးသည်။

မြန်မာပြည်မှ ဆရာဝန်ဘွဲ့ရခဲ့သော တိုက်ခိုက်ရေးသမားကြီးသည် အမေရိကန်သို့ရောက်ပြီးနောက် မိသားစုစားဝတ်နေရေးအတွက် စားသောက်ဆိုင်တွင် ပန်းကန်ဆေးရသည်။ ကြမ်းတိုက်ရသည်။ အိမ်သာတိုက်ရသည်။

ဇနီးဖြစ်သူကလည်း ထိုင်းမှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ။ ပညာတတ်။ စီးပွားရေးဘွဲ့ရ။ သူဌေးသမီး။ သူမကလည်း ရရာအလုပ် ရှာလုပ်ရသည်။

ကင်တက်ကီပြည်နယ်တွင် သူတို့မိသားစုဘ၀ကို အသစ်ပြန်စခဲ့ကြ၏။

နောက်ပိုင်းတွင် ဒေါက်တာမန်းမြင့်ဆိုင်သည် ကားအရောင်းဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းဝင်လုပ်သည်။ တစ်လလျှင် ကားအစီးနှစ်ဆယ်အထိ ရောင်းရသည်အထိ အောင်မြင်လာသည်။ တစ်လ ဒေါ်လာနှစ်သောင်းကျော်ရလာသည်။

ယင်းမှအစပြုကာ ထိုင်းစားသောက်ဆိုင်လေးတစ်ခု ထူထောင်ခဲ့ကြသည်။

ယခုအခါ ဒေါက်တာမန်းမြင့်ဆိုင်၏ သားဖြစ်သူမှာ အမေရိကန်မရိန်းတပ်တွင် တာဝန်ထမ်းဆောင်ပြီးနောက် တပ်မှထွက်ကာ ထိုင်းစားသောက်ဆိုင်ကို တိုးချဲ့ဖွင့်လှစ်သည်။

ဒေါက်တာမန်းမြင့်ဆိုင်တို့မိသားစုပိုင်ဆိုင်သည့် Simply Thai စားသောက်ဆိုင်သည် မိုဟာမက်အလီ၊ တွမ်ခရုတို့၏ ဇာတိမြို့လေးဖြစ်သော Wagner တွင် အအောင်မြင်ဆုံးနှင့် အကြီးဆုံး ထိုင်းစားသောက်ဆိုင် ဖြစ်လာခဲ့သည်။

ဆရာဝန်၊ တော်လှန်ရေးတပ်မှူးကြီးသည် ယခုတော့ အမေရိကန်တွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နေ၏။

မကြာခင်ကပင် နှလုံးရောဂါဖြင့် ဆေးရုံတင်ခဲ့ရပြီးနောက် ခွဲစိတ်မှုပြုလုပ်ကာ နှလုံးခွဲစိတ်ခဲ့ရသည်။ ခွဲစိတ်မှုအောင်မြင်သော်လည်း နောက်တစ်ရက်အကြာတွင် မိနစ်နှစ်ဆယ်ကျော်ကြာ အသက်ရှူရပ်သွားခဲ့၏။

သို့သော် … သေတွင်းက လက်မခံ။ မိနစ်နှစ်ဆယ်ကျော်ကြာတွင် သေမင်းနှင့်တိုက်ပွဲမှ သူပြန်လာနိုင်ခဲ့သည်။

ယခုတော့ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာပြီး လူမှုရေးလုပ်ငန်းများစွာဖြင့် ကူညီပေးခဲ့သည်။

သမိုင်းတစ်ထောက်ကွက်လပ်ကို လာဖြည့်ပေးခဲ့လေသည်။

ခက်ဇော်
Credit to The voice journal

Wednesday, November 8, 2017

အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ အသုံးချခံလိုက်ရခြင်းဟု ဝေဖန်မှုများထွက်ပေါ်


အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအ၀င် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုးတွေ အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒ ပြပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုမဖွယ်မရာရေးဆွဲထားတဲ့ ပိုစတာတစ်ချပ်ကိုကိုင်ဆောင်ထားပြီး ဆန္ဒပြနေတဲ့ကရင် အမျိုးသမီးကြီးတစ်ဦးကိုလည်းတွေ့ရပါတယ်။ လွန်ခဲ့တဲ့လပိုင်းတွေက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေမှာယခုလိုဒေါ်အောင်ဆန်းစုကြည်ပုံကို ဆိုးဆိုးဝါးဝါးရေးဆွဲပြီးဆန္ဒပြခဲ့တာတွေရှိခဲ့ပြီး ယခုစစ်တပ်ကိုဆန့်ကျင်ဆန္ဒပြသည့်ပွဲ နှင့်မသက်ဆိုင်သည့်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ပုံများကို ထည့်သွင်းဆန္ဒပြခဲ့ခြင်း သည့်ရိုးသားမှုမရှိဟု သုံးသပ်မှုများရှိနေပါတယ်။ ကြော်ငြာချက်မှာလည်း လူမျိုးတုန်းသတ်ဖြတ်ခံရတဲ့ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် ပုံဖော်ရေးသားမှုကိုတွေ့ရတာကြောင့် ရိုးသားတဲ့ကရင်တိုင်းရင်းသားများ နိုင်ငံရေးအရ အသုံးချခံလိုက်ရခြင်းဖြစ်ကြောင်း အချို့က ဝေဖန်သုံးသပ်နေကြပါတယ်။




Tuesday, August 1, 2017

ဗိုလ်ချုပ်မြနှင့် နောက်ဆုံး အင်တာဗျုး


ထက်အောင်ကျော်, DVB
BurmaDemocracy, 1 August 2017
မဲဆောက်အခြေစိုက် မြန်မာ့စာနယ်ဇင်းကလပ် (Burma Correspondent Club) မှာ ဆွေးနွေးပွဲလုပ်ပြီး နောက် တစ်ရက်မှာတော့ အမျိုးသားကောင်စီ (NCUB) ခေါင်းဆောင် တွေနဲ့ တွေ့ပါတယ်။ ရှေ့အခန်းမှာ ဖေါ်ပြခဲ့တဲ့အတိုင်း မဲဆောက်ကိုစရောက်တဲ့နေ့ကသွားခဲ့တဲ့ NCUB ရုံးမှာ အဲဒီနေ့က တပ်ပေါင်းစု အ စည်းဝေးကျင်းပခဲ့ပြီး အဲဒီအစည်းဝေးပြီးပြီးချင်း အစည်းဝေးခန်းထဲအထိ ကျနော်ကိုခေါ်တွေ့တာဖြစ်ပါ တယ်။
ကျနော်မှတ်မိသလောက် အဲဒီနေ့ကတွေ့ရတဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေထဲမှာ ဥက္ကဌ ဗိုလ်ချုပ်မြ၊ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှုး ကိုအောင်မိုးဇော်၊ အဖွဲ့ဝင် တွေထဲက ပဒိုမန်းရှာ၊ NCG ၀န်ကြီး ခွန်မားကိုဘန်၊ NLD-LA မှ ဦးဘိုသောင်းနဲ့ ဦးမြင့်သိန်း၊ ABSDF မှ ကိုမျိုးဝင်း၊ ပြီးတော့ ဒေါက်ကျော်ညွန့်၊ ကိုကျော်ထက်အပါဝင် ၁၅ ဦးလောက်ရှိမယ်ထင်ပါတယ်။ ကျနော့်ကို သူတို့မေးတဲ့ အဓိကမေးခွန်းကလဲ သ တင်းသမားတွေမေးတဲ့မေးခွန်းနဲ့အတူတူပါပဲ။ DVB ဘာလဲ။ ဘယ်လဲပေါ့။

ဒီပုဂ္ဂိုလ်တွေက တော်လှန်ရေးကို ကိုယ်စားပြုထားတဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေ ဆိုတော့ သတင်းသမားတွေကို ဖြေသလို တော်လှန်ရေးသမားအချင်းချင်း ဘာတွေဘာမေးနေတာလဲဆိုပြီး ဖြေလို့မရ။ ကျနော်မဖြေတတ်ရင် ဒုက္ခတွေ့သွားနိုင်ပါတယ်။ ဒီတော့ ကျနော်ဟာ အယ့်ဒီတာ့အာဘော်တွေ၊ မူဝါဒဆိုင် ရာဆုံးဖြတ်ချက်တွေကို ချမှတ် ခွင့်ရှိသူ မဟုတ်တဲ့အတွက် သတင်းကိစ္စကိုသာ မေးပါ။ ပေါ်လစီကိစ္စက တော့ ဘုတ်အဖွဲ့နဲ့ ညွန်မှုးတွေကိုသာဆွေးနွေးပါဆိုပြီး ခေါင်းရှောင်လိုက်ရပါတယ်။
တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့ အဲဒီလိုဆွေးနွေးပြီးတဲ့နောက် ဥက္ကဌဗိုလ်ချုပ်မြနဲ့ သီးခြား အင်တာဗျုး လုပ်ပါတယ်။ မေးတဲ့ အကြောင်းရာတွေကို မမှတ်မိတော့ပေမဲ့ အဲဒီအင်တာဗျုးဟာ သူ့ကို လူချင်းတွေ့ မေးခွင့်ရတဲ့နောက်ဆုံး အင်တာဗျုး ဖြစ်ပါတယ်။ (၂၀၀၄ ခုနှစ်အတွင်းမှာ KNU ကိုယ်စားလှယ်အဖွဲ့ကို သူ ကိုယ်တိုင်ဦးဆောင်ပြီး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ရန်ကုန်မှာသွားဆွေးနွေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာမှာ တော့ ဗိုလ်ချုပ်မြ ကွယ်လွန်သွားခဲ့ပါတယ်)။

တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့လည်း တွေ့ပြီးပြီ၊ သတင်းသမားတွေနဲ့လည်း တွေ့ပြီးပြီဆိုတော့ မဲဆောက်မှာ ကျနော့်တာဝန်က ကုန်ပြီ။ ဒါပေမယ့် နယ်စပ်နဲ့ ၃ နှစ်လောက်ဝေးနေတဲ့ ကျနော်ဟာ မြန်မာနယ်ထဲကို ၀င်ချင်စိတ်အရမ်းဖြစ်နေပါတယ်။ KNU စခန်းတခုခုကို ၀င်ပြီး သတင်းယူချင်ကြောင်း ပဒိုမန်းရှာကိုပြောတော့ အခန်းနားတခုခုရှိရင် သူစီစဉ်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲဒီ တပတ်လောက်အတွင်း ဘာအခန်းနားမှမရှိ။

ဒီလိုနဲ့နောက်ဆုံးတော့ တပ်မဟာ ၇ နယ်ထဲမှာအခြေစိုက်တဲ့ ABSDF တပ်ရင်း ၈ က ကိုချင်းနဲ့တွဲပြီး တပ်မဟာ ၇ နယ်ထဲဝင်ဖို့ကြိုးစားပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ NCUB က ဘုကတိ မောင်းပို့တဲ့ကားနဲ့ပဲ ဘဲကလော် (မယ်လ) ဒုက္ခသည်စခန်းအလွန်က သောင်းရင်းမြစ်ဘေးကိုရောက်သွားပါတယ်။ ဒါပေမယ့် ကံကမကောင်းတော့ မိုးရွာ၊ ရေကြီးနေတဲ့အတွက် မြန်မာဖက်ကမ်းသွားဖို့ အဆင် မပြေခဲ့ပါဘူး။ ကံဆိုး တဲ့ကြားထဲ ကံနည်းနည်းကောင်းလာတယ် လို့ပြောရမလားပါပဲ။ KNU တပ်မဟာ ၇ မှုး ဗိုလ်ချုပ်ထိန်မောင် တယောက် ထိုင်းဖက်ကမ်းရှိရွာက သူ့အိမ်မှာရှိနေတယ် လို့ အဲဒီနယ်စပ် သတင်းရပ်ကွက်က ပြော ပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ဆီရောက်အောင်သွားပြီး ဗိုလ်ချုပ်ထိန်မောင်နဲ့တော့ အင်တာဗျုးရခဲ့ပါတယ်။
• သူပုန်တပ်ပေါင်းစုရုံးမှ ဒုက္ခသည်စခန်းဆီသို့
သူပုန်တပ်တွေထိမ်းချုပ်ထားတဲ့ မြန်မာနယ်ထဲဝင်ခွင့်မရလိုက်တဲ့ နော်ဝေးပြန် သူပုန်သတင်းထောက်ဟာ ကျောင်းသားဒုက္ခသည် စခန်းလို့ အများကခေါ်ကြတဲ့ ဇလားစခန်းဆီတော့ ချောချောမောမော ရောက် သွားပါတယ်။ မဲဆောက်ကနေ မယ်စရိယန်းကိုရောက်တော့ ABSDF ရုံးခန်းတွေက အရင်လို ပေါ်ပေါ်တင်တင်မရှိတော့ပါ။ အရင်ကဆိုရင် နှုတ်ခမ်းမွေးကိုစိုးအောင် (အခု NDD နိုင်ငံခြားရေးဌာန) အမည်ကို ကားဂိတ်ကဆိုင်ကယ်သမားတွေကိုပြောလိုက်တာနဲ့ ရုံးအထိ ဆိုင်ကယ်သမားတွေက လိုက် ပို့ပေးပါတယ်။
အခုတော့ ကျောင်းသားတွေအခြေနေက အဲဒီလိုမျိုးခေတ်မကောင်းတော့။ ကျောင်းသားကိုယ်စား လှယ်တွေဖြစ်တဲ့ ဦးစိုးထွဋ် (NLD ဘားအံအမတ် နန်းခင်ထွေးမြင့်ရဲ့အကို၊ အခုထိ ABSDF ဗဟိုကော်မီ တီအဖြစ် တာဝန်ထမ်းနေဆဲ) နဲ့ ကိုကင်းရှင်တို့ မယ်စရိယန်းမှာရှိတယ်လို့သိရပေမဲ့ မြို့ထဲလိုင်းကား ဆိုက်တဲ့အချိန်ထိ သူတို့အဆက်သွယ်မရသေး။ ကားဂိတ်အနီးက နီးစပ်ရာ တည်းခိုခန်းတခုမှာ ၀င် တည်းပြီး ည ၁၀ နာရီ ၀န်းကျင်လောက်မှ ဒီပုဂ္ဂိုလ်တွေကပေါ်လာပါတယ်။
နောက်တနေ့မနက်မှာတော့ ဦးစိုးထွဋ်ရဲ့ဆိုင်ကယ်အစုတ်လေးနဲ့ ဇလားစခန်းထဲဝင်ပါတယ်။ ၁၉၉၉ မှာ ABSDF ပဉ္စမအကြိမ်ညီလာခံလုပ်တုန်းက ဒီစခန်းဆီတခေါက်ရောက်ဖူးပေမဲ့ အခြေနေတွေက လွန်ခဲ့ တဲ့ ၅ နှစ်ကနဲ့မတူတော့ပါ။ ထိုင်းနယ်ခြားစောင့်တပ်က အ၀င်အထွက်ကိုအတော်တင်းကျပ်ထားတဲ့ အ တွက် ထုံးစံအတိုင်း ထိုင်းတွေအကြိုက် အရက်နီတလုံးလောက် လက်ဆောင်ဝယ်သွားပေးရပါတယ်။

အရက်လက်ဆောင်ပေးတယ်ဆိုလို့ သတိရတုန်း ထိုင်းထောက်လှမ်းရေးကို ဈေးပေါတဲ့အရက် လက် ဆောင်သွားပေးမိလို့ မိတ်ပျက်ခဲ့ဖူးတဲ့ဖြစ်စဉ်တခုကိုတင်ပြချင်ပါတယ်။ ကျနော်တွေ့ဖူးသလောက် ထိုင်း ထောက်လှမ်းရေးတွေ၊ ထိုင်းအာဏာပိုင်တွေဟာ အရက်အတော်ကြိုက်ကြပါတယ်။ (ကျောင်းသားတွေ လဲကြိုက်တာပါပဲ။ ဒါပေမယ့် ထိုင်းထောက်လှမ်းရေးက အကောင်းစားမှသောက်ပြီး ကျောင်းသားတွေ ကတော့ ဘာရရ ရတာသောက်ရတဲ့အခြေနေပါ)။
အဲဒီကာလက အရက်အကြောင်းသိပ်မသိသေးတဲ့ကျနော်ဟာ အရက် ၃ လုံးမှ ဘတ် ၁၀၀ ပဲပေးရ တယ်ဆိုပြီး အားရ၀မ်းသာနဲ့ ထီးခီးနယ်စပ်ရှိ ဖုနန်းလွန်မှာရုံးခန်းဖွင့်ထားတဲ့ (အခု-ကန်ချနပူရီ - ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ထောက်လှမ်းရေးတွေကို လက်ဆောင်သွားပေးမိပါတယ်။ ဒါပေ မယ့် ထူးထူးဆန်းဆန်း အရက်သိပ်ကြိုက်တဲ့ ထောက်လှမ်းရေးတွေက ကျနော့် လက်ဆောင်ကို လက် မခံပါဘူး။

''စခန်းကိုယူသွားပြီး မင်းရဲဘော်တွေကိုပဲ တိုက်လိုက်ပါကွာ။ ငါတို့မှာ လက်ကျန်နည်းနည်းရှိပါသေး တယ်'' လို့ ကျနော်နဲ့သိပ်ခင်တဲ့ လက်ထောက် ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။ ဒီပုလင်း ၃ လုံးကို စခန်းသယ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ထီးခီးရှိ KNU စစ်ဆေးရေးဂိတ်မှာမိရင် အဖမ်းခံနေရဦး မယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ KNU ရဲဘော်တွေကအသေချာမစစ်ပဲ လွတ်ပေးလိုက်လို့ အဲ ဒီပုလင်း ၃ လုံးနဲ့အတူ မင်းသမီးစခန်းဆီကျနော်ရောက်လာပါတယ်။
''သေလိုက်ပါတော့ ထောက်ပံ့ရေးအရာရှိရယ်။ စပါးနှံအရက်ကိုမှ ထိုင်းထောက်လှမ်းရေးကို လက် ဆောင်သွားပေးရတယ်လို့'' ဆိုပြီး စခန်းကော်မီတီတခုလုံးက ကျနော်ကိုဝိုင်းဆူတာ မှတ်မိနေပါသေး တယ်။ အဲဒီလိုကြုံခဲ့ဖူးတဲ့ကျနော်ဟာ ဒီတခါတော့ စပါးနှံမ၀ယ်တော့ပါဘူး။ ထိုင်းတွေကြိုက်တဲ့ ရေဂျင်စီ မပေးနိုင်ရင်တောင် မဲခေါင်၊ ဆန်ထစ် အဆင့်လောက်တော့ ပေးတတ်နေပါပြီ။
အင်း... အရက်အကြောင်းပြောရင်းနဲ့ လာရင်းကိစ္စတောင် မေ့တော့မလို့။ ဇလားကိုကျနော်လာတဲ့ မူ ရင်းကိစ္စက DVB အတွက်ပို့ပေးနေတဲ့ ABSDF က သတင်းတွေအကြောင်းဆွေးနွေးဖို့ပါ။ ကျနော်မှတ်မိ သလောက်ဆိုရင် ABSDF အပါဝင် နယ်စပ်က တိုင်းရင်းသားသတင်းဌာနတွေအားလုံးက DVB အ တွက် သတင်းတွေပုံမှန်ပို့ပေးနေပြီး အဲဒီအတွက် တလ ဘတ်ငွေ ၃၀၀၀ လား ၄၀၀၀ မသိ DVB က နေ အားလုံးကို ထောက်ပံ့ပေးထားပါတယ်။

တခါ တာဝန်ကျအယ်ဒီတာတဦးအနေနဲ့ မဟာမိတ်အဖွဲ့တွေ၊ သတင်းသမားတွေနဲ့ဆွေးနွေးဖို့ ခရီးသွားနေတယ်ဆိုပေမဲ့ ထူးခြားဖြစ်စဉ်တွေတွေ့ရင် သတင်း မလုပ်ပဲ မနေနိုင်။ ရပ်ကွက် အမှတ် ၁၃ လို့ခေါ်တဲ့ ရွာလယ်ချောင်းလေးအပေါ်ဖက်က တောင်စောင်းမှာဆောက်ထားတဲ့ ကျောင်းသားရပ်ကွက်မှာ အလက ကျောင်းလေးတခုကိုတွေ့ရပါတယ်။ အဲဒီကျောင်းဘေးနားက ၀ါးတဲတလုံးထဲမှာတော့ မူလတန်း ကျောင်းလေး။

''သားသားကြီးရင် ဘာလုပ်မလဲ'' ဆိုပြီး အဲဒီကလေးငယ်တွေကိုသွား အင်တာဗျုးလုပ်မိပါတယ်။ ''စစ်သားလုပ်မယ်လေ'' လို့ဖြေတဲ့သူတွေချည်းများနေလို့ အတော်အံ့သြသွားပါတယ်။ စစ်သားဆိုတာ မြန်မာ တပ်ကစစ်သားမဟုတ်။ ကျောင်းသားတပ်မတော်အပါဝင် သူပုန်စစ်သားတွေကိုဆိုလိုတာပါ။ ဆရာဝန် လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်၊ IT ပညာရှင်လုပ်မယ်ဆိုပြီးဖြေတဲ့သူမတွေ့မိ။ မိန်းကလေး တချို့ကတော့ ကျောင်းဆရာမ လုပ်မယ်။ ဆေးရုံဆရာမ လုပ်မယ်ဆိုပြီးဖြေကြလို့တော်ပါသေးတယ်။
အင်း... ဒီတောထဲက ဒုက္ခသည်စခန်းမှာ သူတို့နေစဉ်မြင်နေရတာက စစ်သား၊ ကျောင်းဆရာနဲ့ သူနာပြု ဆရာမ တွေပဲရှိတာပဲလေ။ ကလေးဆိုတာ ပတ်ဝန်းကျင်အပေါ်လိုက်ပြိး အတုမြင် အတတ်သင်တတ်တဲ့ သဘောရှိတယ်မဟုတ်ပါလား။ တော်လှန်ရေးဆိုတာ မျိုးဆက်အလိုက်လုပ်ရတဲ့သဘောရှိတယ်လို့ သဘောတရားဆရာတွေကပြောကြပေမဲ့ အခု ၁၀ နှစ်ကျော်ကြာပြီးတဲ့အချိန်မှာ ကျနော်တွေ့ခဲ့တဲ့ဖူးတဲ့ အဲဒီကလေးငယ်အတော်များများ တတိယ နိုင်ငံဆီရောက်ပြီး ကျောင်းကောင်းကောင်းတက်ခွင့်ရနေပြီ လို့သိရပါတယ်။ ကျနော်တို့မျိုးဆက်လို သူတို့မျိုးဆက်က စစ်သားလုပ်စရာမလိုတော့ဘူး၊ တော်လှန်စစ် ဆက်လုပ်စရာမလိုတော့ပဲ အေးဆေးစွာပညာသင်ခွင့်ရနေတယ်ဆိုရင် ဒါဟာ လူ့သမိုင်းတခု တိုးတက်လာတဲ့သဘော မဟုတ်ပါလား။

• ခေါင်ရည်သောက်ပြီး သတင်းပို့ခြင်း
ဇလားမှာ ၂ ညအိပ်ပြီးတော့ ကရင်နီခေါင်းဆောင်တွေရှိရာ နန်းဆွယ်ရွာဖက်သွားဖို့အတွက် မယ် ဟောင်ဆောင်မြို့ဆီ ကျနော်ချီတက်လာပါတယ်။ ကျနော့်ကိုတာဝန်ခံဖိတ်ကြားထားသူက ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) တွဲဖက်အတွင်းရေးမှုး ခွန်ဦးရယ်။ သူဟာ DVB အတွက် ကရင်နီဘာ သာအစီစဉ်တာဝန်ခံလဲဖြစ်တဲ့အတွက် ကျနော်နဲ့မကြာခဏတယ်လီဖုန်းပြောနေသူလဲဖြစ်ပါတယ်။
သူတို့ပါတီကစီစဉ်ပေးတဲ့ကားနဲ့ နောက်တနေ့မနက်စောကြီးမှာ နယ်စပ်က နန်းဆွယ်ကျေးရွာဆီ ရောက်လာပါတယ်။ ထိုင်းရွာဆိုပေမဲ့ တရွာလုံး ကရင်နီတွေချည်းလားမသိပါဘူး။ ကျနော်ရောက်သွား တဲ့အိမ်တိုင်း ကရင်နီစကားပဲပြောနေတာတွေ့ရပါတယ်။ အဲဒီမှာလူထပ်စုပြီး ကား ၄-၅ စီးနဲ့ တောင်ပေါ် တက်လာတော့ ထိုင်းနယ်ခြားစောင့်တပ်က တား ပါတယ်။ ကျနော်မှအပ အားလုံးဒေသခံတွေချည်းပဲ ဆိုတော့ ဘာမှအစစ်ဆေးမရှိ။
ပဒေါင်လည်ပင်းရှည်ရွာလို့ မြန်မာတွေကအလွယ်ခေါ်ကြတဲ့ ဒုက္ခသည်စခန်းတခုကိုကျော်ပြီးတဲ့နောက် KNPP တပ်စခန်းရှိတဲ့ မြန်မာနယ်ထဲရောက်သွားပါတယ်။ အဲဒီမှာ ကရင်နီတွေရဲ့ ''ဒီးကူပွဲ'' ကို အကြီး အကျယ် ကျင်းပနေတာပါ။ ကရင်နီရိုးရာဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးငယ်တွေရဲ့ စင် ပေါ်က စည်းချက်ညီကပွဲအပြင် ၀ါးလုံးရှည်တွေထောင်ပြီး ပတ်လည်ကတဲ့ပွဲ၊ ဒုံးကျည်လွတ်တဲ့ပွဲ စသ ဖြင့်ပျော်ပွဲရွှင်ပွဲအတော်စုံပါတယ်။
ပရိတ်သတ်ကလဲ သောင်းနဲ့ချီရှိမလားပါပဲ။ ထိုင်း တီဗွီချယ်နယ်ကသတင်းထောက်တွေ၊ သတင်းစာက သတင်းထောက်တချို့သတင်းယူနေတာကိုလဲတွေ့ရပါတယ်။ အဲဒီကာလကတော့ DVB မှာ TV မရှိသေး တဲ့အတွက် ရသမျှအသံတွေကိုပဲဖမ်းယူပြီး စုရပ်နေရာအိမ်ပေါ်တက်လာပါတယ်။ အဲဒီမှာ ကျနော့်ကို စောင့်နေသူတွေက KNPP ဥက္ကဌ ထဲဘူးဖဲ၊ အတွင်းရေးမှုးချုပ် ရေမွန်ထူးနဲ့ ကျနော်အမည်မမှတ်မိတော့ တဲ့ KNPP ထိပ်ပိုင်းခေါင်းဆောင် တချို့။

သူတို့ရှေ့မှာ ကောက်ညှင်းထုတ်ပန်းကန်တွေနဲ့ ခေါင်ရည်အိုးတွေကိုချထားပြီး ကျနော်ကို သောက်ဖို့ ဖိတ်ခေါ်နေပါတယ်။ အဲဒါမှ ဒုက္ခ။ အော်စလိုပြန်သူပုန်သတင်းထောက်က တာဝန်ချိန်အပြီး ညနေပိုင်း မှာ အဖေါ်ကောင်းရင် အရက်တို့၊ ဘီယာတို့သောက်လေ့ရှိပေမဲ့ ဒီလို နေ့လည်ပိုင်းကြီးမှာ တခါမှ မ သောက်ဖူးပါ။ ဒါပေမယ့် အခုဟာက ''ဘီယာသည်အရက်မဟုတ်'' ဆိုပြီးနောက်ကြသလို ''ခေါင်ရည် သည် အရက်မဟုတ်'' လို့မှတ်ယူရမဲ့ကိန်းပါပဲ။

ဘာကြောင့်လဲဆိုရင် ဒီအိမ်ပေါ်ရှိ လူတွေအားလုံးက ခေါင်ရည်ကို အရက်လိုသဘောမထားပဲ ရေနွေး ကြမ်းလိုသဘောထားပြီး သောက်နေကြလို့ပါ်။ သူတို့ရဲ့အထူးဧည့်သည်အဖြစ် ဒီပွဲကိုရောက်လာတဲ့ သ တင်းထောက်ကြီးကျနော်က သူတို့ရဲ့ယဉ်ကျေးမှုအရ ခေါင်ရည်သောက်ဖို့ တကူးတကာ့ဖိတ်ခေါ်ချက် ကို ငြင်းလို့ဘယ်သင့်တော်ပါ့မလဲ။ ဒီလိုနဲ့ ခေါင်ရည်တဂျိင့်၊ ကောက်ညှင်းတကိုက်နဲ့ ဆွဲလိုက်တာ ရေ ချိန်အတော်ကိုက်သွားခဲ့ပေါ့။
ညနေ ၃ နာရီဝန်းကျင်မှာတော့ အဲဒီစခန်းကနေ မယ်ဟောင်ဆောင်ကိုအမြန်ပြန်ပြေးပြီး ခရီးသွား အ ထူးဆောင်းပါးအနေနဲ့ ဒီးကူပွဲ အကြောင်းကို အသံတွေဝေေ၀ဆာဆာနဲ့ အော်စလိုဆီပို့လိုက်ပါတယ်။ ဒါ ပေမယ့် ည ၉ နာရီ ရေဒီယိုမှာစောင့်နားထောင်တော့ ကပွဲခုန်ပွဲနဲ့ ကောက်ညှင်းထုတ်စားတဲ့အထိပဲ ပါပြီး ခေါင်ရည်သောက်တဲ့အပိုင်းက ပါမလာပါ။ ကြည့်ရတာ ခေါင်ရည်သောက်တာကို မထည့်သင့်ဘူးဆိုပြီး တာဝန်ကျအယ်ဒီတာက ဖြတ်ထားလိုက်ပုံရပါတယ်။

အဲဒီကာလကတော့ ဒီအတွက် စိတ်ထဲဘယ်လိုမှခံစားချက်မဖြစ်မိပါ။ သင့်တောမယ်ထင်တာကို နေ့စဉ် တာဝန်ကျအယ်ဒီတာက ဆုံးဖြတ်လိုက်တာပဲပေါ့။ ဒါပေမယ့် အခု ၁၀ နှစ်ကျော်ကြာပြီးတဲ့အချိန် ဒီလို ဆောင်းပါးရေးချိန်မှာတော့ လူမျိုးစုတခုရဲ့ ရိုးယာယဉ်ကျေးမှုပွဲတော်အကြောင်း ဖီချာသတင်းအနေနဲ့ ပုံ ပေါ်အောင်တင်ပြတာကို ဒီလိုဖြတ်ထားသင့်ရဲ့လား။ ဖြတ်ထားလိုက်တာနဲ့ ထည့်လိုက်တာ ဘယ်ဟာက ပရိတ်သတ်အတွက်ပိုအကျိုးရှိစေမလဲ။ ဒီးကူပွဲလာ ပရိတ်သတ်တွေကိုယ်တိုင်ကကော သူတို့ အ ကြောင်း သတင်းပေးပို့ချက်ကို ဘယ်လိုဖြစ်စေချင်သလဲ။

တဆက်တည်းစဉ်းစားမိတာကတော့ Mass Media လို့ခေါ်တဲ့ အသံလွှင့်မီဒီယာနဲ့ Print Media ပုံနှိပ်မီဒီယာ၊ Online Media (အင်တာနက်) အွန်လိုင်းမီဒီယာတို့ရဲ့သဘောသဘာဝကွာခြားချက်ပါ။ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာမှ အခုလို ရှည်လျားထွေပြားသရုပ်ပေါ်တဲ့အထိရေးပြလို့ရပေမဲ့ ၃ မီနစ်လောက်နဲ့ တစုံလုံးဝင်အောင်ပြောရတဲ့ အသံလွှင့်မီဒီယာမှာ ရုပ်လုံးပေါ်တဲ့အထိပြောဖို့ဆိုတာ ဘယ်လိုမှမလွယ် တဲ့သဘောများဖြစ်ခဲ့လေသလား။
တခါ ပုံနှိပ်မီဒီယာတွေ၊ အထူးသဖြင့် သတင်းစာနဲ့ဂျာနယ်တွေမှာ အယ်ဒီတာ့အာဘော်နဲ့အတွေးအမြင် ကဏ္ဍဟာ လူအများအလေးထားစောင့်ဖတ်တဲ့နေရာဖြစ်ပေမဲ့ အသံလွှင့်မီဒီယာမှာတော့ အယ်ဒီတာ့အာဘော်နဲ့အတွေးအမြင်အတွက် နေရာသိပ်မတွေ့မိပါဘူး။ ဒါဟာလဲ ပုံနှိပ်မီဒီယာနဲ့ အသံလွှင့်မီဒီယာအကြား ထူးခြားတဲ့သဘောသဘာဝကွာခြားချက်တခုများဖြစ်နေလေမလားလို့ စဉ်းစားနေမိပါတယ်။ ။
ထက်အောင်ကျော်
October 2, 2014
တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၀)
Htet Aung Kyaw Blog မှကူးယူဖော်ပြပါသည်။

Monday, July 17, 2017

ဝေမှိုင်းညို (သို့မဟုတ်) ကရင်တွေကို သွေးခွဲနေသူ

ဝေမှိုင်းညို (သို့မဟုတ်) ကရင်တွေကို သွေးခွဲနေသူ
—————————————————————
အဲခေါင်သောင့်
BurmaDemocracy, 18 December 2015
၂၀၀၂ခုနှစ်ရဲ့ တခုထဲသော လအတွင်းမှာ ကိစ္စတခုနဲ့ ရန်ကုန်ရောက်နေစဉ် ကရင်ပြည်နယ်မှာ သွားရောက်ရိုက်ကူးထားတဲ့ ကရင်တွေ အကြောင်း ပါ ရုပ်ရှင်ကားကြီး ရုံတင်ပြသမယ်ဆိုပြီး အသိသူငယ်ချင်းက ပြောပြလာတာကြောင့် ရုပ်ရှင် သွားကြည့်ဖို့ ဖြစ်လာခဲ့ရပါတယ်။ ဇတ်ကား နာမယ်ကတော့ သူးမွဲထ သစ္စာဖြစ်ပြီး နာမည်ကြီး သမ္မတရုပ်ရှင်ရုံမှာ ပထမဆုံး ရုံတင်ပြသမယ်ဆိုတော့ ကြုံတုံး အသိသူငယ်ချင်းနဲ့အတူ သွားကြည့်ဖြစ်ခဲ့ပါတယ်။
မှတ်မှတ်ရရ အဲဒီနေ့မှာ ရုပ်ရှင်ရုံထဲမှာ ကရင်တွေ တော်တော်များများ လာရောက်ကြည့်ရှူတာကို တွေ့ခဲ့ရပြီး သူတို့တွေလည်း ကျနော်လို နာမည်ကြီး သရုပ်ဆောင်တွေ ကရင်ပြည်နယ်မှာ သွားရောက် ရိုက်ကူးထားတဲ့ ကရင်ပြည်နယ် အကြောင်းတွေ ဒါမှမဟုတ် ကရင်တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဓလေ့ထုံးတမ်းတွေ စတာတွေ ပါဝင်မယ်ဆိုလို့ ယခုလို လာရောက်အားပေးကြတယ်လို့ပဲ ယူဆခဲ့မိပါတယ်။
သို့ပေမယ့်လည်း ကရင်ပြည်နယ်မှာ သွားရောက် ရိုက်ကူးထားခဲ့တယ်ဆိုပေမယ့်လည်း ကျနော်တို့တွေ ထင်ထားခဲ့သလို မဟုတ်တာကတော့ ရုပ်ရှင်ကားကြီးတော့ စတာနဲ့ကိုပင် သိလာခဲ့ရပါတယ်။ ကေအဲန်ယူ အဖွဲ့က ကရင့်နှစ်သစ်ကူးပွဲက ဒုံးယိမ်းအက ကနေသူ ကရင်ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာနဲ့ စလာတာကြောင့် အစိုးရရဲ့ ပေါ်လစီ ဇတ်ကားမှန်း သိလာခဲ့ရပါတယ်။
ကရင်ပြည်သူတွေကို ကရင်အဖွဲ့တခုက ယခုလို ရက်ရက်စက်စက် ပြန်လည် သတ်ဖြတ်ပါတယ် ဆိုတဲ့ လုပ်ကြံ ၀ါဒဖြန့် ဇတ်လမ်းကို ကြည့်ရတဲ့ ကျနော့လို ကရင်ပြည်နယ်သား တယောက်အနေနဲ့က အလွန်ပဲ ဒေါသထွက်မိပါတယ်။ ကရင်ပြည်သူတွေကို ဘယ်သူတွေက ရက်ရက်စက်စက် သတ်ဖြတ်အနိုင်ကျင့်သလဲဆိုတာ ကျနော်တို့တွေ အသိဆုံးဖြစ်သလို ယခုလို သူခိုးက လူပြန်ဟစ်ထားတဲ့ လုပ်ကြံ ဇတ်ကားကို ကြည့်ရတော့ ဒေါသတွေ ထွက်ခဲ့ရတာတော့ အမှန်ပါပဲ။
ဒါနဲ့ ဇတ်ကားကိုတော့ အဆုံးထိ အောက်အီးပြီး ကြည့်လိုက်တော့လည်း ၀တ္တု၊ ဇတ်ညွန်းရေးသူ၊ ဒါရိုက်တာ ဆိုသူတွေရဲ့ နာမည်ကိုတော့ ကောင်းကောင်း သိလိုက်ရပါတယ်။ ၀တ္တု၊ ဇတ်ညွန်းကို ဖိုးကံကောင်းက ရေးပြီး ဒါရိုက်တာကတော့ ဝေမှိုင်းညိုလို့ ကောင်းကောင်း သိလိုက်ရပါတယ်။ ကရင်တော်လှန်ရေးထဲက အထက်အောက် မညီမျှမှု ဘာသာရေး တန်းတူ မရှိမှုနဲ့ ကရင့်တော်လှန်ရေးကို အကြမ်းဖက် အဖွဲ့ တဖွဲ့လို အဲဒီဇတ်ကားထဲမှာ လုပ်ကြံ ရိုက်ကူးထားခဲ့ပါတယ်။
ကရင်ပြည်နယ် ပြန်ရောက်တဲ့ အချိန်မှာ အဲဒီဇတ်ကား လာရောက် ရိုက်ကူးခဲ့တာနဲ့ ပတ်သက်ပြီး ကြားရတာ တချို့ ရှိခဲ့ပါတယ်။ အဲဒီဇတ်ကားကို ကရင်ပြည်နယ်က ဇွဲကပင် တောင်ခြေ၊ နောင်လုံတောင်ကြား၊ မြိုင်ကြီးငူနဲ့ သူးမွဲထဆိုတဲ့ မြစ်ဆုံ ဒေသအထိပင် သွားရောက် ရိုက်ကူးခဲ့ပြီး မြိုင်ကြီးငူ ဆရာတော် ဦးသုဇနကိုယ်တိုင် လိုက်လံ ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ နောက်ပြီး အဲဒီ ဇတ်ကား ရိုက်ကူးသူနဲ့ ဒါရိုက်တာ ဆိုသူတို့ဟာ မြန်မာ ထောက်လှမ်းရေးတွေ ဖြစ်တယ်ဆိုတာကိုလည်း သိလာခဲ့ရပါတယ်။
ထူးခြားတာတခုကတော့ ၀တ္တုရေးသူ ဖိုးကံကောင်းဆိုသူနဲ့ ဒါရိုက်တာ ဆိုသူ ဝေမှိုင်းညို ဆိုသူတို့ဟာ တဦးထဲ ဖြစ်နေတာကို သိရပါတယ်။ သူဇတ်ကား ရိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကရင့်တော်လှန်ရေးကို အကြမ်းဖက်အဖွဲ့ ဖြစ်အောင် ၀ါဒဖြန့် လုပ်ကြံ ရိုက်ကူးထားပြီး ကရင့်တော်လှန်ရေးကို ကရင်ပြည်သူတွေ အယုံအကြည်မရှိအောင် ဖန်တီးတဲ့ လုပ်ဆောင်ချက်ကြီး တခုဖြစ်ပါတယ်။ ဝေမှိုင်းညိုဟာ ကရင်တော်လှန်ရေးနဲ့ ကရင်ပြည်သူတွေကို ရုပ်ရှင် ဇတ်ကားတွေနဲ့ သွေးခွဲ လုပ်ဆောင်တာ တခုထဲ မဟုတ်ပါဘူး။ လက်တွေ့မှာလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဗိုလ်ခင်ညွန့် အဖြုတ်ခံရအပြီး ဗိုလ်ချုပ်မြနဲ့ ဗိုလ်ခင်ညွန့်တို့ရဲ့ ငြိမ်းချမ်းရေးတွေဟာလည်း အလိုလိုနဲ့ ပျက်ပြယ် သွားခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး အဖွဲ့ဝင် တော်တော်များများ အဖြုတ်ခံရသော်လည်း ဝေမှိုင်းညိုဟာပိုနေမြဲ ကျားနေမြဲ ဖြစ်ပြီး ကရင်တွေ သွေးခွဲနေတဲ့ အလုပ်ကို ဆက်လုပ်မြဲ ဆက်လုပ်နေခဲ့ပါတယ်။ အရင်ဆုံး ဗိုလ်ထင်မောင်ကို ချည်းကပ်ပြီး စည်းရုံးနိုင်ခဲ့သူကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)က မြတ်ထွန်းဦးလို့ပဲ လူတွေ တော်တော် များများက သိထားကြပေမယ့် တကယ်လက်တွေ့မှာတော့ ဝေမှိုင်းညို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတာ ဘယ်သူမှ မသိပါဘူး။
အဲဒီ အချိန်က သူဟာ နယ်စပ်မှာပဲ အခြေချနေထိုင်ပြီး ဒီကေဘီအေက ဗိုလ်ချစ်သူနဲ့လည်း နီးနီးကပ်ကပ် ဆက်ဆံခဲ့တယ်လို့လည်း သိရပါတယ်။ ဝေမှိုင်းညိုဟာ တော်လှန်ရေးထဲက အခြေအနေတွေ တော်တော် များများကို သိရှိထားသူ ဖြစ်ပါတယ်။ သူကိုယ်တိုင် ၈၈ကျောင်းသား တောခိုမှုတွေမှာ တန်ပြန်ထောက်လှမ်းနိုင်ဖို့ တောထဲမှာ နေခဲ့ဖူးပြီး ဒညတမှာ အချိန်အတော်ကြာ လှုပ်ရှားခဲ့ပြီးမှ မြို့ပေါ် ပြန်ရောက်လာခဲ့သူပါ။
မြို့ပေါ် ပြန်ရောက်ပြီး တော်လှန်ရေး အဖွဲ့တွေနဲ့ အတိုက်အခံ အဖွဲ့တွေကို မီဒီယာနဲ့ မဟုတ်မမှန် လှုပ်ကြံ ၀ါဒဖြန့်မှုတွေ ပြုလုပ်သလို တဖက်မှာလည်း တော်လှန်ရေး အဖွဲ့တွေကို ဖဲ့ထုတ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း သူးမွဲာထ သစ္စာဆိုတဲ့ ဇတ်ကားကြီးကိုပင် ရိုက်ကူးနိုင်ခဲ့ပြီး ကရင်တော်လှန်ရေးကို ၀ါဒဖြန့် သွေးခွဲတဲ့ လက်နက်နဲ့ အကြီးမားဆုံး ထိုးနက်သွားတယ်လို့လည်း ယူဆလို့ ရပါတယ်။ နောက်တခုကတော့ ဗိုလ်ထင်မောင်နဲ့ အပေါင်းအပါ တချို့ကို ဖဲ့ထုတ် စည်းရုံးနိုင်ခဲ့တာဟာ ဝေမှိုင်းညိုအတွက် အလွန်အောင်မြင်တဲ့ ကရင်တွေကို သွေးခွဲနိုင်ခဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
ဗိုလ်ထင်မောင်ရဲ့ ထော့ကိုကိုးက ကြိုဆိုပွဲ အခမ်းအနားမှာ ဝေမှိုင်းညိုဟာ ကေအဲန်အယ်လ်အေ စစ်ဝတ်စုံနဲ့ လိုက်ပါ ဆောင်ရွက်နေခဲ့တာကို မှတ်တမ်းတွေမှာတွေ့ခဲ့ရပါတယ်။ အဲဒီ အခမ်အနား မလုပ်ခင် ဗိုလ်ထိန်မောင်ကို ဂါရ၀ပြုဖို့ ရောက်လာတဲ့ ဒီကေဘီအေ ထိပ်ပိုင်း ခေါင်းဆောင်တွေထဲက ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းလှိုင်က ဗိုလ်ထင်မောင် အနောက်မှာ ရပ်နေပြီး ကေအဲန်ယူ စစ်ယူနီဖောင်းနဲ့ ရထူးတွေပါ တပ်ထားသူ ဝေမှိုင်းညိုဆိုသူကို အဲဒီ ဗိုလ် ကျနော်တခါမှ မတွေ့ခဲ့ဖူးပါလား မေးလိုက်မှ ဗိုလ်ထင်မောင် အပါအ၀င် ဝေမှိုင်းညို ဆိုသူတို့ မျက်စိပျက် မျက်နှာ ပျက်ခဲ့ရတာကို ဗီဒီယို မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။
အဲဒါနဲ့ ဝေမှိုင်းညိုဟာ မကျေနပ်နိုင်သေးပဲ ကရင်တွေကို သွေးခွဲမြဲ သွေးခွဲနေခဲ့ပါတယ်။ သူရဲ့ သွေးထိုးလှုံဆော်မှုတွေကြောင့် ပဒိုမန်းရှာအပါအ၀င် ကရင်တပ်မှူးတွေ တော်တော်များများ လှုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ပဒိုမန်းရှာ လုပ်ကြံမှုမှာ သူကိုယ်တိုင် အဓိက စိစဉ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အချင်းချင်း မယုံသင်္ကာံ ဖြစ်အောင်နဲ့ အချင်းချင်း ပြန်လည် သတ်ဖြတ်နိုင်အောင် နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနိုင်ခဲ့ပါတယ်။
သူရဲ့ သွေးထိုး လှုံဆော်မှုတွေကြောင့် အချင်းချင်း ယုံထင်ကြောင်ထင်တွေ ဖြစ်လာပြီး လက်သည်မပေါ်ပဲ သေသွားခဲ့ရတဲ့ ကရင်ခေါင်းဆောင်နဲ့ တပ်မှူးတွေကတော့ အဲဒီအချိန်ကဆိုရင် ပဒိုမန်းရှာ၊ ဗိုလ်လယ်မူး (ဗိုလ်ထင်မောင် သားမက်)၊ ဗိုလ်စံပြုံး( DKBA)၊ KNLA ၁၀၁ကနေ DKBA ဖြစ်သွားသူ ဗိုလ်တာမွေး( လှုပ်ကြံခံရချိန် ရဟန်းဝတ်ဖြင့်)နှင့် ဗိုလ်ကြည်လင်း တို့ ပဲ ဖြစ်ပါတယ်။
ဒါတွေရဲ့ နောက်ကွယ်မှာ ဝေမှိုင်းညိုနဲ့ အပေါင်းအပါတို့လို ယုတ်မာ ရက်စက်တဲ့ လူတွေ ရှိနေတယ်ဆိုတာ လူတိုင်းလိုလို သိချင်မှ သိပါလိမ့်မယ်။ စဉ်းစားချင်မှ စဉ်းစားမိပါလိမ့်မယ်။ လေ့လာချင်မှပဲ လေ့လမိပါလိမ့်မယ်။ အချင်းချင်း လုပ်ကြံမှုပဲ ဖြစ်စေ၊ သူတို့ကိုယ်တိုင် လုပ်ကြံတာပဲ ဖြစ်စေ နောက်ဆုံး ဘယ်သူတွေ နောက်ကွယ်မှာ ရှိနေသလဲ။ ဘယ်သူတွေ လုပ်ဇတ်ခင်းပြီး အချင်းချင်း အညိုးအတေး ကြီးစွာနဲ့ မတည့်ကြအောင် ဖန်တီးလုပ်ဆောင်နေလဲဆိုတာ ကွက်ကွက်ကွင်းကွင်းနဲ့ မြင်တတ် ဖို့ လိုပါတယ်။ အဲဒါကို သိမှသာလျှင် ရန်သူဆိုတာ ဘယ်သူလဲဆိုတာ အစစ်အမှန် သိနိုင်သလို အချင်းချင်း နာကျဉ်း မုန်းတီးမှုတွေဟာလည်း လျှော့နည်းသွားနိုင်တဲ့အပြင် အမျိုးသား စည်းလုံးမှု ပြန်လည် တည်ဆောက်တဲ့အချိန်မှာ သင်ပုန်းခြေနိုင်ဖို့ မိမိသိထားခဲ့သမျှတွေကို မျှဝေ တင်ပြလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ဝေမှိုင်းညို ၀ါဒဖြန့် ရိုက်ကူးတဲ့ သူးမွဲထ သစ္စာ ဇတ်ကား ကြည့်ချင်ရင်---
ပထမပိုင်း
http://www.youtube.com/watch?v=aJ218zr7jNo
(ဇတ်သိမ်းပိုင်း)
http://www.youtube.com/watch?v=8AF90_8207s&feature=related
လေးစားစွာဖြင့်
အဲခေါင်သောင့် ဇွန်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်
(ကိုးဒီသွေးဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)












Monday, May 15, 2017

မိုဇူးလ်ကို မြန်မာနိုင်ငံက လာရောက်ကူညီသူ ကရင်အမျိုးသားသူနာပြု

(တာအုဝါးပါး)

သူနာပြုဆေးမှူး အဲလိယက မိုဇူးလ်အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ်(ISIS)အသေခံဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အီရတ်စစ်သားတယောက်ကို ပြုစုပေးစဉ် (photo)
ဆေးမှူး အဲလိယ
အဲလိယဟာ Free Burma Ranger-FBR အဖွဲ့က ကရင်အမျိုးသား ၀ါရင့်သူနာပြုဆေးမှူးတစ်ဦးပါ။ သူဟာ လျင်မြန်သလို အထူးကျွမ်းကျင် ရဲရင့်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တဲ့ သူဟာ လှပတက်ကြွတဲ့ ‘Cat’ (ကြောင်)လို့ခေါ်တဲ့ သူနာပြု ဆရာမလေးနဲ့ အိမ်ထောင်ပြုခဲ့ပြီး သူတို့မှာ သားသမီး ၄ယောက်ရှိပါတယ်။
အဲလိယဟာ ပါရမီရှိတဲ့ ဆေးမှူး၊ သင်တန်းဆရာ၊ ရိုးရာလက်ဝှေ့ချန်ပီယံ၊ ပန်းချီဆရာ၊ အဆိုတော်၊ စားဖိုမှူးနဲ့ မုဆိုးတစ်ယောက် ဖြစ်သလို ဘက်စုံအားကစားသမားတယောက်လည်း ဖြစ်ပါတယ်။ သူဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ ဆေးမှူးတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲကြားမှာ ရဲစွမ်းသတ္တိရှိတဲ့အတွက် အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်နိုင်ပြီး ရှုတ်ထွေးတဲ့အခြေအနေတွေ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိသလို သက်ကယ်စွမ်းရည်လည်းရှိတဲ့အတွက် သူ့ကို လေးစားချစ်ခင်ကြသူတွေ များပါတယ်။
သူဟာ လူတိုင်းနဲ့လည်း အဆင်ပြေအောင် ဆက်ဆံနိုင်သူလည်း ဖြစ်ပါတယ်။ အမြဲလိုလို မျက်နှာပြုံးနဲ့နေလေ့ရှိတတ်ပြီး သူရှိနေ တဲ့နေရာမှာ ထူးခြားကျယ်လောင်တဲ့ သူ့ရဲ့ရယ်သံတွေကို ကြားနေရတတ်ပါတယ်။ ဖိစီးမှုတွေရှိနေတဲ့အချိန်မှာ ကြောင့်ကျပြီး ပျာယာခတ် မနေတတ်သလို ဘယ်တော့မှ လက်မလျှော့တတ်သူလည်းဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိ ဆုတောင်းတတ်သူ၊ သူ့မှာ ရှိတာအားလုံးကို မျှဝေပေးတတ်သူ၊ ထူးထူးခြားခြား ပါရမီရှိသူတဦးလည်း ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ဖြစ်ရပ်ကလေးတွေကိုကြည့် ရင် သူ့ရဲ့ပင်ကိုယ်စရိုက် သဘာဝအတွင်းသဘောကို တွေ့မြင်နိုင်ပါတယ်။
မိုဇူးလ်အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ်တွေလက်ချက်နဲ့ ဒဏ်ရာရထားသူကို ပြုစုပေးနေစဉ် (photo)
ပထမဆုံးရိန်းဂျား။
၁၉၉၇ခုနှစ် ဗမာ့တပ်မတော်ရဲ့ထိုးစစ်ကာလ အတောအတွင်းမှာ လူပေါင်း ၁၀၀၀၀ကျော်လောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ ကျနော်တို့ရှိနေတဲ့ နယ်စပ်လမ်းပေါ်မှာတော့ သူတို့ရှိစုမဲ့စုလေးတွေကို သယ်ယူပြေးလွှားလာကြတဲ့ မိသားစုတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။
ကျနော်က ကားကို လမ်းဘေးချရပ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့အချိန်မှာ လူတယောက်ဟာ တောထဲက ပေါ်လာပါတယ်။ သူ က ပြောက်ကျားယူနီဖောင်းအပြည့် ၀တ်ထားပြီး လွယ်ကြိုးမှာ လက်ပစ်ဗုံးတစ်လုံး ချိတ်ထားပါတယ်။ လက်ထဲမှာလည်း အမ်-၁၆ တစ်လက် ကိုင်ထားပါတယ်။ နားတစ်ဘက်မှာ အနီရောင်တောက်နေတဲ့ နားကပ်တစ်ဘက်နဲ့ သူ့အပြုံးကတော့ နွေးထွေးပွင့် လင်းလှပါတယ်။ သူ့ကြည့်ရတာ ပင်လယ်ဓားပြတစ်ယောက်နဲ့ တူနေပါတယ်။
သူက “ဟဲလို”လို့ အင်္ဂလိပ်လို နှုတ်ဆက်လိုက်ပြီး “ကျနော်က အဲလိယပါ။ ဆေးမှူးတစ်ယောက်ပါ။ ကျနော် ဘာအကူအညီပေးရ မလဲဗျ။” လို့ မေးပါတယ်။
ကျနော်က ‘ငါ့လူရာ ခင်ဗျားက တမန်တော်တစ်ပါး၊ ပင်လယ်ဓားပြ တမန်တော်တစ်ပါးပါဗျာ’လို့ စဉ်းစားနေမိရင်း “ဟုတ်ကဲ့ ကျနော် နေမကောင်းဖြစ်ပြီး နောက်မှာ ကျန်ခဲ့တဲ့သူတွေကို ကူညီချင်လို့ပါ”လို့ ပြောလိုက်ပါတယ်။
အဲလိယက ကျနော့်ကားပေါ်က ကျောပိုးအိတ် ၄လုံးနဲ့ ထည့်ထားတဲ့ ဆေးဝါးပစ္စည်းတွေကို ကြည့်လိုက်ပြီး ထွက်ပြေးလာတဲ့ လူ တချို့ကို တားလိုက်ပါတယ်။ သူက အုပ်စုတခုက ယောက်ျား ၃ယောက်ကို “ခင်ဗျားတို့ မနက်ဖန်ပြေးလို့ ရပါတယ်။ အခုတော့ ခင်ဗျားတို့လူတွေကို ကူညီရမယ့်အချိန်ပဲ။ ကျနော်တို့ကိုလာပြီး ကူညီကြပါအုံး”လို့ပြောပြီး အဲဒီလူ ၃ယောက်ကို ဆေးအိတ် ၃အိတ် ပေးလိုက်ပါတယ်။ ကျနော်က စတုတ္ထအိတ်ကို ကောက်ယူလိုက်ပါတယ်။ နောက် ကျနော်တို့ပြေးနေကြတဲ့ ဒုက္ခသည် တွေကြားကဖြတ်ပြီး ကျနော်တို့ ကူညီနိုင်တဲ့သူတွေကို ကူညီဖို့ နယ်စပ်ဖက်ကိုထွက်ခဲ့ကြပါတယ်။
တစ်ပတ်လောက်ကြာတော့ ကျနော်တို့မှာ ဆေးဝါးတွေကုန်သွားပြီး ကျနော့်ကားဆီ ပြန်ရောက်တဲ့အချိန်မှာတော့ ကျနော့်ကား အနားမှာ မြေမြှုပ်မိုင်းနင်းမိတဲ့လူတယောက်ကို တွေ့ရပါတယ်။ ကျိုးပြတ်သွားတဲ့ သူ့ရဲ့ခြေငုတ်ကတော့ အနာရင်းနေပါပြီ။ ဆေးရုံမှာ ချက်ချင်းကုသခံဖို့ လိုအပ်နေတဲ့ သူ့ကို ကျနော့်ကားပေါ်တင်လိုက်ပါတယ်။ အဲလိယက လူနာကို သယ်ယူသွားတုန်း ဆေးသွင်းလို့ရအောင် သူ့ရဲ့အကြောဆေးသွင်းအိတ်ကို ကားခေါင်မိုးမှာ ချိတ်လိုက်ပါတယ်။
ကျနော်တို့မိုင်းထိတဲ့သူကို ကားပေါ်မှာ စိတ်ချရအောင်လုပ်ပြီးတဲ့အချိန်မှာ နေက ၀င်နေပြီ။ အဲလိယက ကျနော့်ကိုလှည့်ပြီး ကျနော့်မိန်းမနဲ့သားက မြန်မာနိုင်ငံထဲက တနေရာရာမှာ ရောက်နေတယ်။ အခု ကျနော် သူတို့ကိုသွားရှာရမယ်။ နောက်တစ် ပတ်လောက်ဆို ကျနော် သေရင်သေနေပြီပေါ့ဗျာ..ဟားဟား” လို့ ပြောပါတယ်။ သူ ရယ်လိုက်တော့ သူ့သွားတွေ လက်ကနဲ ဖြစ် သွားပြီး သူက ပြုံးပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ကျနော် သူနဲ့အတူ ဆုတောင်းပြီး သူက ညအမှောင်ထဲကို ၀င် ရောက်သွားခဲ့ပါတယ်။
မှတ်စု……။ အဲဒီတုန်းက အဲလိယဟာ သူ့မိသားစုကိုရှာတွေ့ခဲ့ပြီး ခုတော့ သူနဲ့ကြောင်ကလေး(Cat)မှာ ကလေး ၄ယောက် ရှိ နေပါပြီ။ အဲလိယဟာ ကျနော်တို့ရဲ့ လေ့ကျင့်သင်ကြားမှုကို အချိန်ပိုင်းအကြိမ် ၁၀၀၊ အချိန်ပြည့် ၄၃ကြိမ်အထိ အဖွဲ့တွေကို ဦးဆောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွဲပြီး ကယ်ဆယ်နိုင်ခဲ့ တဲ့ ပထမဆုံး ဖရီးဘားမားရိန်းဂျား-FBR အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။
ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ။
ကျနော်တို့လုပ်ငန်းကို ပထမဆုံး ခြိမ်းခြောက်လာခဲ့တဲ့အချိန်၊ ကျနော်တို့အလုပ်ကိုဆက်ပြီးလုပ်ဖို့ မရေရာတော့တဲ့အချိန်မှာ အဲလိယက ကျနော့်ကို မေးခဲ့ပါတယ်။ “ကရင်တွေနဲ့အတူ အလုပ်လုပ်လို့ မရနိုင်တော့ဘူးဆိုရင် ခင်ဗျား စိတ်မကောင်းဖြစ်မှာ လား။”လို့ မေးပါတယ်။

ကျနော်က “သေချာတာပေါ့ဗျာ။ ကျနော်စိတ်မကောင်းဖြစ်မှာပဲပေါ့။”လို့ ဖြေလိုက်ပါတယ်။
အဲလိယက “စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်ဗျားက ကရင်တွေအတွက် အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ခင်ဗျားက ဘုရားသခင်အ တွက် အလုပ်လုပ်ပေးနေတာပါဗျာ။ ဘုရားသခင်က ခင်ဗျားကို တနေရာရာမှာ အသုံးချနိုင်ပါတယ်။ သုံးပါလိမ့်မယ်။ ခင်ဗျား ကျနော်တို့ကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျနော်တို့အတွက် စိတ်မပူပါနဲ့။ ဘုရားသခင် အလို တော်အရ လုပ်ပါဗျာ။”လို့ ပြောခဲ့ပါတယ်။
ခင်ဗျားတို့ရဲ့ တာဝန်က ဘာပါလဲ။
ကျနော် အဲလိယကို ဒုတိယအကြိမ် တွေ့ခဲ့ရတဲ့အချိန်မှာ ၁၉၉၇ခုနှစ် ထိုးစစ်အတွင်း သူ့မိသားစုကို ပြန်ရှာတွေ့ခဲ့ပြီးတဲ့အချိန်ပါ။ ကျနော်က သူ့ကို “ခင်ဗျားမိသားစု အန္တရာယ်တွေ့နေခဲ့တဲ့အချိန်မှာ ကျနော်နဲ့ ဒုက္ခသည်တွေကို ခင်ဗျား ဘာဖြစ်လို့ ကူညီနေခဲ့ တာလဲဗျာ”လို့ မေးလိုက်တော့ သူက “ဘ၀မှာ ကျနော်တို့က အရာရာတိုင်းကို ထိန်းချုပ်လို့ မရဘူးလေဗျာ။ ကျနော်တို့ကို ဘုရား သခင်က ချပေးတဲ့တာဝန်တွေကို ကျနော်တို့ လုပ်ရမှာပေါ့။ ကျနော်လည်း ကျနော့်မိသားစုကို ချစ်တာပေါ့ဗျာ။ အကူအညီလည်း ပေးချင်တာပေါ့။ ဒါပေမယ့် ကျနော်က သူတို့ ဘယ်ရောက်နေမှန်းတောင်မှ မသိခဲ့တာပဲ။”လို့ ပြန်ဖြေခဲ့ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်က ထောင်သောင်းချီတဲ့ အကူအညီလိုနေတဲ့ မိသားစုတွေ ဘယ်မှာရှိနေတယ်ဆိုတာ သိနေတယ် လေ။ သူတို့က ကျနော့်ရှေ့မှာတင်ပါပဲ။ ကျနော်က ဘုရားသခင်နဲ့ ကျနော့်မိတ်ဆွေတွေကို ကျနော့်ရဲ့ရှေ့မှာ ရှိနေတဲ့သူတွေကို လုပ်ပေးနိုင်တာတွေ လုပ်ပေးပြီးတဲ့အထိ ယုံကြည်ထားခဲ့တာပါ။ ဘုရားသခင်က အရာရာကို စောင့်ရှောက်နိုင်ပါတယ်။ ကျနော် က မလုပ်နိုင်ပါဘူး။ နောက် ကျနော်လုပ်လို့ပြီးပြီဆိုတာနဲ့ ကျနော့်မိသားစုကို ရှာဖို့သွားခဲ့ပြီး သူတို့ကို အခုလို လုံလုံခြုံခြုံ တွေ့ခဲ့ရ လို့ ကျနော် ပျော်ခဲ့ရတာပေါ့ဗျာ။
ကျနော်က ဘုရားသခင်အလိုတော်အတိုင်း နေချင်ပါတယ်။ သူပေးခဲ့တဲ့ လက်ဆောင်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ သိပ်ကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာလည်း ကျနော်သိပါတယ်။ တခါတလေလည်း မကောင်းတာတွေ လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်က ဘုရားသခင်ကို ယုံကြည်မှုရှိဖို့ အမြဲတမ်းကြိုးစားနေပါတယ်ဗျာ။”လို့ သူက ပြောခဲ့ပါ တယ်။
…………………………………………………………………………………………………………………………………….
ဖရီးဘားမားရိန်းဂျား- FBR သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်တွင်းနေရာရွှေ့ပြောင်းခံရသူများကို မေတ္တာနှင့် အကူအညီပေး နေသောအဖွဲ့ ဖြစ်သည်။ တိုင်းရင်းသား ကွင်းဆင်းအဖွဲ့များ၏ကွန်ယက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သေဆုံးမှုများနှင့် ဗမာစစ်တပ်၏ ဖိနှိပ်မှုအောက်က လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို အသုံးပြုပြီး လှုပ်ရှားနေသောအဖွဲ့လည်းဖြစ်သကဲ့သို့ ဗမာစစ်တပ်၏ တိုက်ခိုက်ချေမှုန်းမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်တွင်း ရွှေ့ပြောင်းခံ(နေရပ်စွန့်ခွါ) ပြည်သူများအတွက် ဆေးဖက်ဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကိုပါ ကူညီပေး နေသည့်အဖွဲ့ဖြစ်သည်။

၂၀၁၇၊ ဖေဖော်ဝါရီလ ၇ရက်နေ့က Free Burma Ranger-FBR မှ ပေးပို့လာသော ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်။
http://kicnews.org/2017/05/%E1%80%99%E1%80%AD%E1%80%AF%E1%80%87%E1%80%B0%E1%80%B8%E1%80%9C%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9/

Wednesday, May 3, 2017

ကရင့်ရပိုင်ခွင့်အတွက် DKBA ၂၁ ရာစု ပင်လုံညီလာခံတက်မယ်



NCA လမ်းကြောင်း အတိုင်း သွားပြီး ကရင် လူမျိုးတွေရဲ့ ရပိုင်ခွင့် အတွက်၂၁ ရာစု ပင်လုံညီလာခံကို တက်မယ်၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( DKBA ) ရဲ့ ၃ ရက်ကြာ တပ်မှူး စုံညီ အစည်းအဝေး ကနေ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။

DKBA ရဲ့ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ပြုလုပ်ခဲ့တဲ့ တပ်မှူးစုံညီ အစည်းဝေးက ဆုံးဖြတ်ခဲ့ကြတာပါ။

NCA နဲ့ ပတ်သက်ပြီး တပ်မှူးတွေက တဆင့် အရာရှိ၊အရာခံ၊အကြပ်၊တပ်သားတွေကို ဆွေးနွေးရှင်း ပြပြီး DKBA ထိန်းချုပ်တဲ့ ဒေသတွင်းက လူထုတွေပါ သိရှိအောင် ဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ DKBA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ဆိုပါတယ်။

ပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားဖို့ အတွက် သူတို့တပ်တွေအတွင်းမှာ ဆောင်ရွက်ထား တာတွေကိုလည်း ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောပါတယ်။

ဒါတွေအပြင် တပ်တွင်းမှာ လစ်လပ်တဲ့ နေရာတွေ ဖြည့်တင်းတာ၊ ရာထူး တိုးမြှင့်ပေးတာ၊ တပ်တွင်းကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရုံးလုပ်ငန်း၊ တပ်တွင်း ဆောက်လုပ်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ DKBA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese