Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 8, 2017

အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ အသုံးချခံလိုက်ရခြင်းဟု ဝေဖန်မှုများထွက်ပေါ်


အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအ၀င် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုးတွေ အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒ ပြပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုမဖွယ်မရာရေးဆွဲထားတဲ့ ပိုစတာတစ်ချပ်ကိုကိုင်ဆောင်ထားပြီး ဆန္ဒပြနေတဲ့ကရင် အမျိုးသမီးကြီးတစ်ဦးကိုလည်းတွေ့ရပါတယ်။ လွန်ခဲ့တဲ့လပိုင်းတွေက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေမှာယခုလိုဒေါ်အောင်ဆန်းစုကြည်ပုံကို ဆိုးဆိုးဝါးဝါးရေးဆွဲပြီးဆန္ဒပြခဲ့တာတွေရှိခဲ့ပြီး ယခုစစ်တပ်ကိုဆန့်ကျင်ဆန္ဒပြသည့်ပွဲ နှင့်မသက်ဆိုင်သည့်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ပုံများကို ထည့်သွင်းဆန္ဒပြခဲ့ခြင်း သည့်ရိုးသားမှုမရှိဟု သုံးသပ်မှုများရှိနေပါတယ်။ ကြော်ငြာချက်မှာလည်း လူမျိုးတုန်းသတ်ဖြတ်ခံရတဲ့ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် ပုံဖော်ရေးသားမှုကိုတွေ့ရတာကြောင့် ရိုးသားတဲ့ကရင်တိုင်းရင်းသားများ နိုင်ငံရေးအရ အသုံးချခံလိုက်ရခြင်းဖြစ်ကြောင်း အချို့က ဝေဖန်သုံးသပ်နေကြပါတယ်။




No comments:

Post a Comment