Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 8, 2019

အုပ်ချုပ်ရေးမှူးမရှိ ရာဇဝတ်မှု လုံးဝမရှိတဲ့ မြန်​မာနိုင်​ငံထဲက ရွာက​လေး


ရာဇဝတ်မှု လုံးဝ မရှိတဲ့ မြန်​မာနိုင်​ငံ အတွင်းက ရွာက​လေး


peter SutNau

 ( For Unicode )

ရာဇဝတ်မူ လုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းက ရွာကလေး !!!! အုပ်ချုပ်ရေမှုး မရှိ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ ။

မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ်ရွာလူတိုင်း ခရီးသွားကြပါတယ် . . . ဒါပေမယ့် ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ .

. . မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိ / ရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ . . .

ပိုပြီးထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ , မခတ်ထားတာပါပဲ . . . သူခိုး/ဓားပြလည်း မရှိ ပါဘူး . . . ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြပါတယ် . . .

နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့်မရှိတာပါပဲ . . . ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ ၊ စီးပွားရေးကို တော့

ရွာအပြင်မှာပဲ ထွက်ပြီး စီးပွား ရှာကြပါတယ် . . . မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့ . . .

ဒီရွာရဲ့ အထူး နာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်း ပါပဲ . . . ကရင်လူမျိုးတွေ ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့

ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ် . . . ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင် ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ် . . .

ရွာအတွင်းက လူတွေ ဟာလည်း ရိုးသား ဖြူ စင်ကြပါတယ် . . . တစ်ယောက်ကို တစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်း စောက်ရှောက်နေကြတာပဲ ဖြစ်ပါတယ် . . .

အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့ ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ် . . .

No comments:

Post a Comment