အဖေ ကို မဖမ်းမိလို့ သားဖြစ်သူ ၉ တန်းကျောင်းသားလေးကို ဖမ်းဆီးထား "
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာမှ ကျောက်မီးသွေးသုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဆန့်ကျင်ရေး လှုပ်ရှားမှု မှာ ပါဝင်တဲ့ ရွာသားတစ်ဦးဖြစ်တဲ့ မောင်တူးဝေယံ ၏ အဖေကို မမိတော့ သားဖြစ်သူကို ဖမ်းပြီး အကျဉ်းထောင်ထဲထည့်တယ်။
အခု ကျောင်းတက်ကာလမှာ ၉ တန်းကျောင်းတက်နေဆဲဖြစ်တဲ့ မောင်တူးဝေယံကို ပြန်လည်လွတ်ပေးဖို့ မလုပ်ဘဲ ထောင်တွင်းကနေ အခွင့်အရေးပေးသလို ထောင်တွင်းမှာပဲ ပညာသင်ခိုင်းတယ်။
မောင်တူးဝေယံကို ခြွင်းချက်မရှိ လွတ်ရန် လိုအပ်ပါတယ် ။
ကိုးတန်းကျောင်းသား_မောင်တူးဝေယံ
ခြွင်းချက်မရှိ_ချက်ချင်းလွှတ်
Photo credit
.............
အဖေ့ကြောင့်ကျွန်တော်အဖမ်းခံရတယ်လို့မပြောဘဲ "အဖေ့ကို သူတို့လိုချင်တာအဖေမလာပါနဲ့ ကျွန်တော်သေချင်သေပါစေ"
လို့ ငိုသံကြားကပြောခဲ့တဲ့ကလေး
ခုတော့ သူ့နှလုံးသားမှာ ဒဏ်ရာတွေဘယ်လောက်ရနေပြီလဲ။
ရွာလမ်းကိုဖျက်
ရွာမြေကိုသိမ်း
ရွာသားကိုသတ်နေတဲ့ စီမံကိန်း
အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသားကိုဖမ်းဆီး
သက် ၇၀ ကျော်အမေအိုကို ဝရမ်းထုတ်ပြီး ကာကွယ်ပေးထားတဲ့ ဒီစီမံကိန်းကနေ နိုင်ငံတော်ရမယ့် အကျိုးအမြတ်က တနှစ်ကို မြန်မာငွေ သိန်းခြောက်ဆယ်တဲ့
.......
ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေပြော
ရန်ကုန် ။ ဇွန် ၂၁
ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေက ယနေ့ ဇွန်လ (၂၁)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်ကြီး မြို့နယ် တရားရုံး ရုံးထုတ်ချိန်တွင် ပြောဆိုခဲ့ပါသည်။
ရန်ကုန် ။ ဇွန် ၂၁
ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေက ယနေ့ ဇွန်လ (၂၁)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်ကြီး မြို့နယ် တရားရုံး ရုံးထုတ်ချိန်တွင် ပြောဆိုခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးခံ
ရသော (၉)တန်းကျောင်းသား ကိုသုဝေ၊ Channel Mandalay TV သတင်းထောက်
နန္ဒ(တစ်ကိုယ်တော်) အပါအဝင် ရွာသား(၈)ဦးကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊
ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ
၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမာန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ
၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)
တိုဖြင့် ရဲမှူးမျိုးညွန့်သန်းက တရားလိုပြုလုပ်ကာ
ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
Photo-Kaung Zaw Hein/MPA
Photo-Kaung Zaw Hein/MPA




No comments:
Post a Comment