Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 23, 2019

အစိုးရဝန္ထမ္းမ်ား ပင္စင္ယူၿပီးပါက ေနစရာအိမ္ပါ ရရွိေတာ့မည္

အစိုးရဝန္ထမ္းမ်ားအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ ႐ုံးဌာနအသီးသီးမွ ပင္စင္ယူၿပီးပါက ေနစရာေနရာ ကိုယ္ပိုင္အိမ္ရရွိမည့္ အစီစဥ္တစ္ရပ္ကို စီမံဘ႑ာဝန္ႀကီးဌါနမွ ေဆာက္လုပ္ေရးဝန္ႀကီးဌါနႏွင့္ ပူေပါင္းကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

နိုင္ငံအဝွမ္းရွိ ဝန္ထမ္းမ်ားအားလုံး၊ စစ္ဘက္ ရဲဘက္ အမႈထမ္းအရာထမ္းမ်ားအားလုံးအတြက္ ပင္စင္ယူသြားၿပီးေနာက္ ေနစရာေနရာအတြက္ ပူပင္ေၾကာင့္ၾကမႈ မရွိေစရပဲ ကိုယ္စီကိုယ္ငွ အိမ္ယာပိုင္ဆိုင္ႏိုင္ေစေရးအတြက္ အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆြးေႏြးပြဲကို မတ္လ ၂၅ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည္

အစည္းအေဝးတြင္ ေျမေနရာ၊ လွ်ပ္စစ္၊ အေျခခံအေဆာက္အဦႏွင့္ ေငြေရးေၾကးေရးဆိုင္ရာ ကိစၥရပ္အသီးသီးကို ေဆြးေႏြးတင္ျပခဲ့ၾကၿပီး အခက္အခဲမ်ားစြာ ရွိေနသည္မွန္ေသာ္ျငားလည္း မျဖစ္မေန ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း အစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရွိရသည္။အဆိုပါအစီအစဥ္ကို စီမံဘ႑ာဝန္ႀကီးဌါနႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌါနတို႔ ပူးေပါင္းေဆာင္႐ြက္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္
MyanmarExpress

#Unicode Version#
အစိုးရဝန်ထမ်းများအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ရုံးဌာနအသီးသီးမှ ပင်စင်ယူပြီးပါက နေစရာနေရာ ကိုယ်ပိုင်အိမ်ရရှိမည့် အစီစဉ်တစ်ရပ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနမှ ဆောက်လုပ်ရေးဝန်ကြီးဌါနနှင့် ပူပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံအဝှမ်းရှိ ဝန်ထမ်းများအားလုံး၊ စစ်ဘက် ရဲဘက် အမှုထမ်းအရာထမ်းများအားလုံးအတွက် ပင်စင်ယူသွားပြီးနောက် နေစရာနေရာအတွက် ပူပင်ကြောင့်ကြမှု မရှိစေရပဲ ကိုယ်စီကိုယ်ငှ အိမ်ယာပိုင်ဆိုင်နိုင်စေရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်

အစည်းအဝေးတွင် မြေနေရာ၊ လျှပ်စစ်၊ အခြေခံအဆောက်အဦနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြပြီး အခက်အခဲများစွာ ရှိနေသည်မှန်သော်ငြားလည်း မဖြစ်မနေ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။အဆိုပါအစီအစဉ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌါနတို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်

MyanmarExpress

No comments:

Post a Comment