Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 2, 2019

မန္တလေးမှာ လမ်းမီးတိုင် ခြောက်ထောင်ကျော်၊ မီးလုံး ခုနစ်ထောင်ကျော် စံချိန်တင် တပ်ဆင်မည်






မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းအသုံးပြုသူများ ညအချိန် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် လုံခြုံရေးအတွက် street light technology အသုံးပြုပြီး 9meter G.I Pole မီးတိုင်နှင့် 115/120 Watt LED မီးလုံးများဖြင့် နိုင်ငံတကာအဆင့်မီ လမ်းမီးများပြောင်းလဲတပ်ဆင်ပေးနေပါတယ်။


မီးတိုင်စိုက်ထူရာမှာ အသုံးပြုတဲ့ concrete footing ကိုလည်း precast စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး Double Arm မီးတိုင်စိုက်ထူရာမှာ လမ်းလယ်ကျွန်း concrete အား cast-in-situ ဆောင်ရွက်စဉ် နောင်လိုအပ်မည့် cctvများ တပ်ဆင်နိုင်ရေး၊ Fiber Cable နှင့် Power Supply ကြိုးများအတွက်Connection Pipe များ ထည့်သွင်း ဆောင်ရွက်ခဲ့ပါတယ်။









Credit_U Ye Lwin

Unicode version
မန္တလေးမြို့မှာ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလအတွင်း လမ်းမီးတိုင်ပေါင်း ၆ဝဝဝ ကျော်နဲ့ မီးလုံး ရဝဝဝ ကျော်စံချိန်တင်တပ်ဆင်ဖို့ရှိတယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။

မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သောမြို့တော်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လမ်းအ သုံးပြုသူများ ညအချိန်အန္တရာယ်ကင်း ရှင်းစွာသွားလာနိုင်ရေးနဲ့လုံခြုံရေးအတွက် နိုင်ငံတကာအဆင့်မီလမ်းမီးများ ပြောင်း လဲ တပ်ဆင်ပေးနေတယ်။

သည်အတွက် ၂၀၁၈-၂၀၁၉ မှာ လမ်းမီးတိုင်ပေါင်း ၆၁၅၀ တိုင်နဲ့ ဝပ် ၁၂၀ အယ်လ်အီးဒီမီးလုံး ၇၀၈၀ လုံး တပ်ဆင် ဆောင်ရွက်သွားဖို့ စံချိန်တင် လျာထား တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက သိရပါတယ်။

အရင်ခေတ်က လမ်းမီးတွေကို ရိုးရိုးသာမန်ဓာတ်တိုင်ပေါ်မှာ ထွန်းခဲ့ကြပြီး ၈၀ ဝပ်အားကိုပဲအသုံးပြုခဲ့ကြလို့ လမ်းမီးတွေက အလင်းရောင်ရှိတယ်ဆိုရုံလောက်ပဲလင်းတာပါ။



မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းအသုံးပြုသူများ ညအချိန် အန္တရာယ်ကင်းရှင်းစွာ သွားလာနိူင်ရေးနှင့် လုံခြုံရေးအတွက် street light technology အသုံးပြုပြီး 9meter G.I Pole မီးတိုင်နှင့် 115/120 Watt LED မီးလုံးများဖြင့် နိုင်ငံတကာအဆင့်မီ လမ်းမီးများပြောင်းလဲတပ်ဆင်ပေးနေပါတယ်။

Street light technology အရ လမ်းအကျယ်ပေါ်မူတည်ပြီး တိုင်အမြင့်၊ arm angulation၊ မီးသီးရဲ့ဝပ်အား၊ တိုင်တစ်တိုင်နဲ့တစ်တိုင်အကွာအဝေး တွေကိုတွက်ချက်ရလို့ မီးလင်းအားပိုကောင်းပြီး blind spots တွေမရှိတော့ပါဘူး။

မီးတိုင်စိုက်ထူရာမှာ အသုံးပြုတဲ့ concrete footing ကိုလည်း precast စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး Double Arm မီးတိုင်စိုက်ထူရာမှာ လမ်းလယ်ကျွန်း concrete အား cast-in-situ ဆောင်ရွက်စဉ် နောင်လိုအပ်မည့် cctvများ တပ်ဆင်နိူင်ရေး၊ Fiber Cable နှင့် Power Supply ကြိုးများအတွက်Connection Pipe များ ထည့်သွင်း ဆောင်ရွက်ခဲ့ပါတယ်။

နည်းပညာပြောင်းလဲအသုံးပြုခြင်း၊ ဝန်ထမ်းများ ပိတ်ရက်မရှိ ညအချိန်အထိ အလုပ်ဆင်းခြင်းတို့ကြောင့် အဖွဲ့တစ်ဖွဲ့ကို တစ်ရက်ကိုမီးတိုင် ၁၀တိုင် စိုက်ထူနိုင်ခဲ့တဲ့အထိ လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ခဲ့တာပါ။
လောလောဆယ် အဖွဲ့ ၆ဖွဲ့နဲ့ဆောင်ရွက်နေပါတယ်။



လက်ရှိအချိန်ထိ Double Arm မီးတိုင်= ၅၄၆ တိုင်၊Single Arm မီးတိုင် = ၈၇၂ တိုင် ၊Triple Arm မီးတိုင် = ၂၀ တိုင် နှင့် စုစုပေါင်း 115 W LED မီးလုံး = ၄၀၈၂ လုံး ၊ 120 W LED မီးလုံး = ၂၂၄ လုံး တပ်ဆင်နိုင်ခဲ့ပါတယ်။

ယခု Budget နှစ်မှ စတင်၍ ယခင် 115W LED မီးလုံးများအစား မီးအား အစားနည်းပြီး လင်းအားပိုများသော၊ ရေ၊ဖုန်၊အင်းဆက်ပိုးမွှား အန္တရာယ်မှ ကာကွယ်နိုင်သော၊ လျှပ်စီးပြင်းအား 10 KV ထိ ခံနိုင်ရည်ရှိသော Surge Protection Device ပါဝင်ပြီး၊ တပ်ဆင်ရန် လွယ်ကူခြင်း၊ IP 68, IK 08 ( Mechanical Strength) ရှိပြီး ၊(၇)နှစ် အာမခံပေးတဲ့ OPPLE တံဆိပ် 120 W LE D မီးလုံးများအား အသုံးပြုနေပါပြီ။

ပြည်သူများကလည်း မြို့တော်ရဲ့ မဟာဗျူဟာလမ်းမကြီးများအတွက် လှူဒါန်းနေသလို၊ မိမိနေထိုင်ရာလမ်း မီးလင်းရေးအတွက်လည်း လှူဒါန်ကြပါတယ်။

ယနေ့အထိ အလှူရှင်ပေါင်း ၁၀၉ဦးမှ Double Arm မီးတိုင် (၃၉၃)တိုင်၊ Single Arm မီးတိုင် (၃၃၁)တိုင်၊ 115W LED မီးလုံး (၁၆၈) လုံး၊ 120 W LED မီးလုံး (၉၄၉)လုံး လှူဒါန်းထားပါတယ်။

၂၀၁၈-၁၉ဘတ်ဂျက်မှာလည်း လမ်းမီးတိုင်ပေါင်း (၆၁၅၀)တိုင်နှင့် 120W LED မီးလုံး (၇၀၈၀)လုံး အား တပ်ဆင်ဆောင်ရွက်သွားရန် စံချိန်တင် လျာထားပါတယ်။

အရင်နှစ်တွေတုန်းက ၈၀ ဝပ်မီးသီးတွေကိုပဲ တစ်နှစ်အလုံး ၁၀၀၀ လောက်ပဲဝယ်ယူခဲ့ကြတာပါ။

လမ်းမီးတိုင်အသစ်တည်ဆောက်တဲ့နေရာက တိုင်အဟောင်းတွေနဲ့ ၈၀ ဝပ်မီးသီးအဟောင်းတွေကို လမ်းမီးမရသေးတဲ့နေရာတွေမှာ ပြန်လည်တပ်ဆင်သွားမှာပါ။

Credit_U Ye Lwin

No comments:

Post a Comment