CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လာ ... ညီလေး၊ ဒီမှာထိုင်စိတ်ပျော်အောင် မဟုတ်ဘူး၊
အိပ်ပျော်အောင် သောက်တာ ။
ပထမတစ်ခွက်ကို ရေမရောပဲ
ခပ်မြန်မြန်လေးသောက်
ပြီးမှ ရေလေး နည်းနည်းခံ၊
အမြည်းလေး နည်းနည်းစား ။
နည်းနည်း ရှိန်းတက်လာရင်
ဒုတိယတစ်ခွက်ကို သောက်
မပျော်ရတဲ့ အကြောင်းတရားတွေကို
အော်ပြီး ဆဲလိုက် ။
အသဲနုရင် ငိုချလိုက် ... ညီလေး၊
ဘဝကြီးက ဒီလိုပဲကွ ။
ကြိုက်တတ်ရင် ဖက်ကြမ်းလေး ဖွာဦး ...
ရမ် နဲ့ အလိုက်ဖက်ဆုံးက ဖက်ကြမ်းကွ ။
ညနက်သန်းခေါင်ထိ အိပ်မရပဲ
တွေးနေတဲ့ အတွေးတွေ ရပ်တန့်သွားဖို့
ဒီကောင်က ကူညီလိမ့်မယ် ။
မွန်းကြပ်နေတဲ့ အကြောင်းကို
တစ်ညတာ မေ့သွားစေတယ် ။
ဒီမှာ ညီလေး..
ရမ် ဆိုတာ ကြံက ချက်တာ
ဘရန်ဒီ ဆိုတာ စပျစ်သီးက ချက်တာ
ဝီစကီ ဆိုတာ ဂျုံက ချက်တာ..
အကုန် သားသတ်လွတ်တယ် ။
မင်း ဒီမှာ ထိုင်သောက်နေတာ
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။
စိတ်သန့်သန့်သာသောက် ... ။
ညဆို ပဌာန်းရွတ်ပြီး မနက်ဆို တဖက်သားကို
ယုတ်မာဖို့တွေးတဲ့ လူတန်းစားတွေထက်တော့
ငါတို့က အပုံကြီးသာတယ် ။
မင်း စိတ်လေး ငြိမ်သက်လာရင်
တတိယတစ်ခွက်ကိုသောက်
မပြုံးတာကြာနေတဲ့ မင်းက
ပြန်ပြီး ပြုံးချင်လာမယ်
လောကကြီးကို ချစ်တတ်လာမယ် ။
နေထိုင်ရပ်တည်မှုမှာ မင်း ပျော်ရွှင်လာမယ် ။
အချိန်ကြာလာရင်
ခပ်ဝေးဝေးက ငါ့ညီကို နာကျင်စေတဲ့
မသေမချာ ရည်မှန်းချက်တွေကို မေ့ပြီး
ညနေ စောင်းဖို့ပဲ စိတ်လောနေတော့မယ် ။
အသက်ရှင် ရပ်တည်မှုမှာ
ရည်မှန်းချက်လေး ရှိလာတာပေါ့
ဒီမှာ ညီလေး ...
ငါတို့က Sucide လုပ်ဖို့အထိ မပျော့ညံ့ဘူး ။
ငါတို့က သူတော်ကောင်း ယောင်မဆောင်ဘူး ။
ငါတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ။
ငါတို့က စိတ်ပျော်ဖို့မဟုတ်ဘူး၊
အိပ်ပျော်ဖို့လေးပဲ သောက်နေကြတာ ... ။
ဒီတစ်ညသာ မနေ့ကညထက် စောပြီး အိပ်ပျော်ခဲ့ရင်
မနက်ဖြန် မနက်ဟာ နတ်ပြည်ပဲ ဖြစ်ဖြစ်၊
ငရဲပဲ ဖြစ်ဖြစ်ပေါ့ ..... ။
ဆရာကြီးတစ်ဦး ပြောဖူးတာ...မြန်မာတွေဟာ ...
တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်....
.. ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် -
ဓါတ် ဆိုတဲ့ စကားလုံးကို သုံးပစ်ကြတယ်တဲ့ ၊
ဟိုး..အရင်တုန်းက ဝမ်းသွားတာကို
ဘာကြောင့်မှန်း မသိကြတော့..
ဓါတ်သွား တယ် လို့ ဆိုကြတယ်...,
ဝမ်းသိပ်မသွားတော့
ဓာတ်ချုပ်တာ တဲ့..
ပြားပြား အဝိုင်းလေးကနေ အသံတွေထွက်တော့
ဓါတ်ပြား တဲ့ ...
ဓာတ်ပြားကို လည်စေတဲ့အရာကျ
ဓာတ်စက်...
ရေနွေးတွေ အကြာကြီး ပူနေစေတော့
ဓာတ်ဗူး...
နေမကောင်းတဲ့သူတွက် အဟာရ က -
ဓါတ်စာ ...
အပင်တွေကို သန်စေတော့
ဓာတ်မြေသြဇာ...
ဘာဖြစ်မယ် မသိတော့
ဓာတ်မတည့်...
ဘာဖြစ်မှန်း အသိလွယ်ရင်
ဓာတ်ပေါက်တယ်...
သောက်တလွဲတွေ ဖြစ်ရင်
ဓာတ်ပျက်ပြီ...
ထူးထူးဆန်းဆန်း လုံးလုံးလေးကို
ဓါတ်လုံး …
.. အဲ သွားကိုင်လို့ တုန်ကျင်သွားရင်တော့
ဓါတ်လိုက် တာ ပါ တဲ့ ၊
ခလုတ်နှိပ်ရင် အပေါ်တက် အောက်ဆင်း တော့
ဓာတ်လှေခါး
လေးထောင့်ပစ္စည်းလေးကနေ ရိုက်ပြီးထွက်လာ လို့
ဓါတ္ပုံ … ၊
ဓာတ်ပုံတွေ ရိုက်တဲ့သူကို
ဓာတ်ဖမ်းတာ...
အရုပ်တွေနဲ့ လှုပ်ရှားပြီး ပိတ်ကားပေါ်မြင်ရတော့
ဓါတ်ရှင်” …
အာ့ထဲ သရုပ်ဆောင်တဲ့သူတွေကြတော့
ဓါတ်ရှင်မင်းသား/မင်းသမီး …
ဘာမှန်းမသိတဲ့ လူကြီးကိုကျတော့
ဓာတ်ဘဲကြီး...
ဘာမှန်းမသိ အားတွေထွက်နေတဲ့ အခဲလေးကို
ဓာတ်ခဲ...
အာ့လေး ထိုးထည့်လို့လင်းတော့..
ဓာတ်မီး...
ဟော မော်တော်ကားတွေ ထည့်မောင်းတဲ့ ဆီကို
ဓါတ်ဆီ”…၊
နောက် ဓါတ်ရထား ခေါ်သေးတာ…
အောက်က ထွက်လာတဲ့ အငွေ့တွေကိုကျ
ဓါတ်ငွေ့. ..
ဆေးရုံတွေမှာ ဖလင်ထဲက ပုံပေါ်ရင်
ဓါတ်မှန်" ….
ဘာမှန်းမသိတာတွေ အလုပ်ရှုပ်တဲ့နေရာကျ
ဓါတ်ခွဲခန်း ...
အရာအားလုံးမှာ မပါမပြီးတာက
ဓာတ်ကြီးလေးပါး...
အွန်း...
ဒီတိုင်းသာဆို ကမ္ဘာ့ သတင်းစုံ တွေ့နေရတဲ့
ဖေ့စဖုတ်ကြီးကိုတောင် -
ဓာတ်စဖုတ်ကြီး လို့ ပြောင်းလိုက်ရင်တော့ဖြင့် ~
ပုံ ဓာတ်သွားခြင်း
<< ပြည်ထောင်စုသမ္မတ ဖက်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်နိုင်ငံတော် >>
"ကိုကိုနဲ့တော့ ဒီတစ်သက် ဝေးရပြီ ထင်တယ်"တဲ့...
ညွန့်ညွန့်စိန်က စောစောစီးစီး ပြောချလာခဲ့တဲ့စကား
ကြောင့် ကျနော် ကြက်သေသေသွားခဲ့တယ်...
"ဘာဖြစ်လို့လဲ သဲရယ်" လို့ ကျနော်မေးမယ်ကြံခါရှိသေး
ညွန့်ညွန့်စိန်က ထပ်ပြောပြန်ပါတယ်...
"ကိုကိုက နိုင်ငံခြားသားလေ။ တိုင်းတစ်ပါးသားကို
ယူရလောက်တဲ့အထိတော့ ညွန့်ညွန့်စိန် မမိုက်ပါရစေနဲ့"
ကျနော်သေချာစဉ်းစားကြည့်တဲ့အခါ ညွန့်ညွန့်စိန်
ပြောတာ မမှားပါဘူး...
ဘာဖြစ်လို့လဲဆိုတော့ ညွန့်ညွန့်စိန်ဟာလည်း အခုဆိုရင်
Republic of သင်္ဃန်းကျွန်း နိုင်ငံသူပဲမလား...
ဘဝတွေက ခြားခဲ့ကြပြီပေါ့...
ကိုဗစ်ကာလမှာ အစိုးရက ဘာသာပြန်နဲ့ ဖတ်ယူရမယ့်
အမိန့်ကြေငြာစာတွေကို ထုတ်ပြန်အပြီးမှာတော့...
ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်စီဟာ ရရာ ထမီတန်းကို
စွဲကိုင်ပြီး ရပ်ကွက်လမ်းတွေကို ပိတ်ချကာ တိုက်ပွဲ
ဝင်ကြပါတော့တယ်...
ဪ...သူတလူ ငါတမင်းနဲ့ ရန်ကုန်ဒေသတွင်း နိုင်ငံငယ်
လေးတွေ...
ယုဇနပလာဇာနား တဝိုက်ဟာ တာမွေနိုင်ငံနဲ့
မင်္ဂလာတောင်ညွန့်နိုင်ငံတို့ရဲ့ နယ်စပ်ဒေသ
ဖြစ်သွားပြီးတော့...
ဦးချစ်မောင်လမ်းဟာ Union of ဗဟန်းနဲ့ republic of
တာမွေတို့ရဲ့ နယ်ခြားမျဉ်းပေါ့...
ဒီပုံစံအတိုင်းဆိုရင်တော့ တာမွေကနေ ညွန့်ညွန့်စိန်ရှိတဲ့
သင်္ဃန်းကျွန်းကို သွားဖို့ရာ passport နဲ့ visa လိုမယ်
ထင်ပါတယ်...
"သဲတို့ သင်္ဃန်းကျွန်းက လူကြီးတွေကတော့
မျက်ထောက်နီနဲ့ သိပ်မကြည့်ကြလို့ ဆိုက်ရောက်ဗီဇာ
ထုတ်ပေးချင် ပေးမှာပါ"တဲ့ ညွန့်ညွန့်စိန်ပြောစကားအရ
အားတက်ရပါတယ်...
သို့သော် တောင်နဲ့ မြောက်ဆိုပြီး အစကတည်းက
ကွဲနေတဲ့ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာကတော့
ဒီပုံအတိုင်းဆို သူ့ဘက် ပိုးပိုတွေ့တယ် ငါ့ဘက်ပိုး
ပိုတွေ့တယ်နဲ့ ငြင်းကြ ခုံကြရင်း အပြိုင်အဆိုင်
လက်နက်တွေ တပ်ဆင်လို့ စစ်ရေးအရ တင်းမာလာ
နိုင်ပါတယ်...
လမ်းမတော်နဲ့ လသာမှာလည်း လမ်းမတော်ဘာသာ
စကားတို့၊ လသာဘာသာစကားတို့ ကွဲထွက်သွားနိုင်ပြီး
မြို့နယ် (နိုင်ငံ)တစ်ခု ဘာသာစကားတစ်ခု ဖြစ်မယ့်ပုံပါ...
"ဒါဆိုရင်တော့ အလုံနဲ့ ကြည့်မြင်တိုင်မှာလည်း
နိုင်ငံတော်သီချင်း အနည်းဆုံး နှစ်ပုဒ်တော့ ထပ်စပ်မှ
ရမယ်ထင်တယ် ကိုကိုရယ်"တဲ့ အမြော်အမြင်ကြီးတဲ့
ညွန့်ညွန့်စိန်ရဲ့ အတွေးပါ...
ခက်တာတစ်ခုကတော့ စမ်းချောင်းနိုင်ငံတော်မှာမှ
မြေနီကုန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့
အတွက် တောင်းဆိုပြီး စမ်းချောင်းကနေ ခွဲထွက်
လာနိုင်ခြေရှိနေတာပါပဲ...
စမ်းချောင်းပြည်ထောင်စုကြီးသာ ပြိုကွဲသွားရင်တော့
သုဝဏ္ဏဟာလည်း သင်္ဃန်းကျွန်းကနေ ခွဲထွက်ပြီး
လွတ်လပ်သော ဒီမိုကရက်တစ်သုဝဏ္ဏနိုင်ငံ ထူထောင်ဖို့
အကြောင်းပြချက် လုံလောက်သွားမှာပါ...
"ပုဇွန်တောင်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ
ရေကျော်က မထောက်ခံရင် ဘာဖြစ်မလဲ ကိုကို"တဲ့
ညွန့်ညွန့်စိန်က စပ်စုလာပြန်ပါတယ်...
"ဪ သဲရယ်...အဲ့ကျရင် ရေကျော်ဟာ အိမ်နီးချင်း
ဗိုလ်တထောင်ဆီကနေ လက်နက်နဲ့ ငွေကြေးအထောက်
အပံ့ကိုယူပြီး အာဏာရှင်ပုဇွန်တောင်ကို တော်လှန်
မှာပေါ့"...
"ရပ်ကွက်ကွဲရင် မြို့နယ်ဆွဲတယ်ဆိုတာ ဒါမျိုးပေါ့နော်
ကိုကို"
"မှန်တယ် သဲ...ရေကျော်ရဲ့ပွဲစျေးကြီးကို မျက်စိကျပြီး
သိမ်းပိုက်ချင်နေတဲ့အထဲမှာ ဗိုလ်တထောင်အပြင်
ပန်းဘဲတန်းလဲ ပါသေးတယ်"...
"ဪ" တဲ့
ညွန့်ညွန့်စိန်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေတဲ့
ရန်ကုန်ဒေသတွင်း နိုင်ငံတွေရဲ့ သမိုင်းကို အခုမှ
သိခွင့်ရတဲ့ပုံပါပဲ...
"ခက်တာက ပန်းဘဲတန်းမှာကလည်း သူ့အပူနဲ့သူ
အဓိကကတော့ အိမ်နီးချင်းကျောက်တံတားရဲ့ မကြာခဏ
ကျူးကျော်ရန်စမှုကို ခံနေရတာပဲပေါ့"...
ဒီကြားထဲ
အင်းစိန်လက်အောက်ခံ မဖြစ်လိုတဲ့ ကြို့ကုန်း
လှိုင်သာယာကနေ ခွဲထွက်မယ်ဆိုတဲ့ FMI
ရန်ကင်းကို ပုန်ကန်ကြမယ့် ကျောက်ကုန်းနဲ့ ပါရမီ
သီးခြားရပ်တည်သွားမယ့် ဗဟန်းက ရွှေတောင်ကြား
ဖယ်ဒရယ်ရမှဖြစ်မယ်ဆိုတဲ့ မဥက္ကလာက အောင်မင်္ဂလာ
ရရာလက်နက်စွဲကိုင်ကြမယ့် သမိုင်းနဲ့ မုဒိတာ
ကမာရွတ်ကနေ ခွဲထွက်ပါရစေဆိုတဲ့ လှည်းတန်း
မရမ်းကုန်းကို ဖြုတ်ချမယ့် ဘုရင့်နောင်
တွေးကြည့်လိုက်ရင် တိုင်းရေးပြည်ရေးက ကိုဗစ်ကာလ
မှာ လိပ်ခဲတည်းလည်းရယ်ပါ...
မည်သို့ပင်ဆိုစေကာမူပေါ့...
ကျောက်မြောင်းကို ခေါင်းထောင်မလာအောင်လုပ်ထားတဲ့
တာမွေကတော့ ရန်ကုန်ဒေသတွင်း နိုင်ငံတွေ အလယ်မှာ
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ ထည်ထည်ဝါဝါ
ရပ်တည်နေပါပြီ...
တာမွေနိုင်ငံတော်အလံတဲ့
တာမွေနိုင်ငံတော်သီချင်းတဲ့
တာမွေတပ်မတော်တဲ့
တာမွေသမ္မတတဲ့
တာမွေဖွဲ့စည်းပုံအခြေခံဥပဒေတဲ့
တာမှဘောသာစကားတဲ့
တာမွေနိုင်ငံသားတဲ့
တာမွေအချုပ်အခြာအာဏာတဲ့
တာမွေဗဟိုဘဏ်တဲ့
တာမွေနယ်စပ်ဂိတ်တဲ့
တာမွေအပြည်ပြည်ဆိုင်ရာလေဆိပ်တဲ့
တာမွေပတ်စပို့တဲ့
တာမွေကာရန်စီတဲ့...
ကိုဗစ်သာ ဆက်ရှိနေသေးရင် ဖြစ်ချင်ဖြစ်လာမှာပေါ့...
"တာမွေထဲကို ကျူးကျော်ဝင်ရောက်လာပြီး
တာမွေရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့
ဘယ်လိုတိုင်းတစ်ပါးသားနဲ့ တိုင်းတစ်ပါးကားကို မဆို
ပစ်ချဖို့ အဆင်သင့်ပဲ"တဲ့...
ဒါကတော့...
F 16 ဂုတ်ကျားနဲ့ B2 အောင်နက်တို့ စောင့်ရှောက်နေတဲ့
တာမွေနယ်စပ်ဂိတ်မှာ ပြောကြားခဲ့တဲ့ နောင်တွင်
တာမွေသမ္မတ ဖြစ်လာမယ့် ရပ်ကွက်လူကြီးဆိုသူရဲ့
အူပြီး ဝါးနေတဲ့ လော်စပီကာမိန့်ခွန်းမှ ကောက်နှုတ်ချက်
ဖြစ်ပါတယ်...
တာမွေနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူလိုက်ရတာ...
ဒီလိုပြောတော့ ညွန့်ညွန့်စိန်ကလည်း အားကျမခံပါဘူး...
"သဲတို့ ရပ်ကွက်သမ္မတလည်း ခေသူတော့မဟုတ်ဘူး
ကိုကို...ကမ္ဘာ့အလယ်မှာ အပူချိန်တိုင်းတဲ့ သေနတ်လို
ဟာလေးကို ကိုင်ပြီး...အေး...သင်္ဃန်းကျွန်းသားကွ
တိုင်းရင် ဘယ်တော့မှ မိုးပေါ်ထောင် မတိုင်းဘူး
နဖူးတည့်တည့်ပဲ တိုင်းတယ်"တဲ့...
စွပ်ကျယ်ချိုင်းပြတ်နဲ့ ဇဝနထိပ် လမ်းအသေပိတ်ပွဲမှာ
မြွက်ကြားသွားခဲ့တာပါ...
တာမွေနဲ့ တောင်ညွန့်
လမ်းမတော်နဲ့ လသာ
အလုံနဲ့ ကြည့်မြင်တိုင်
လှိုင်နဲ့ ကမာရွတ်
သာကေတနဲ့ ဒေါပုံ
ပုဇွန်တောင်နဲ့ ဗိုလ်တထောင်
မင်္ဂလာဒုံနဲ့ အင်းစိန်
တဥကျကလာနဲ့ မဥကျကလာ
တောင်ဒဂုံနဲ့ မြောက်ဒဂုံ
ကျောက်တံတားနဲ့ ပန်းဘဲတန်း
ရန်ကင်းနဲ့ ဗဟန်း စသည် စသည် နယ်စပ်ဒေသတွေမှာ
အတွဲလိုက်ထိုးတဲ့ ဝါးလုံးတွေ ဝါးကပ်တွေ အထပ်သား
တွေ ဆိုင်ပြီး စစ်ရေး တင်းမာနေကြတဲ့အချိန်...
တာမွေနိုင်ငံသား ကျနော်နဲ့ သင်္ဃန်းကျွန်းနိုင်ငံသူ
ညွန့်ညွန့်စိန်တို့ ပေါင်းဖက်မယ့်အရေးကတော့
ရတက်မအေးဘူးဗျာ...
လက်ခံပေးမယ့် တတိယနိုင်ငံလေးများ မရှိကြဘူးလား...
Wai Phyo Maung
Sep 11, 2k20
ဒီနေ့ ဘဏ်သွားတော့
ဘာရယ်မဟုတ် Maskလေးတပ်သွားမိတယ်
အဲ့ဒီမှာစတာပဲ
ဘဏ်ထဲဝင်ဝင်ခြင်း Securityကောင်လေးက
လာတဲ့သူတိုင်းကို အဖျားတွေလိုက်တိုင်းရော
ကိုယ်ဝင်တော့လဲ ကိုယ့်ကိုတိုင်းတာပေါ့ အဲ့လောက်အထိ ပြဿနာမရှိသေးဘူး
စက်နဲ့ နှဖူးချိန်လိုက်တာနဲ့ သူ့ဆီက ဟင်ဆိုပြီး အသံထွက်လာတယ်
ပြီးတော့ နောက်တစ်ခေါက်ထပ်ချိန်တယ်
ပြီးတော့ ပါးစပ်ကနေ မဟုတ်သေးပါဘူးတဲ့
ကိုယ် တော်တော်စိုးရိမ်သွားတယ်
အဲ့ဒါနဲ့ မောင်လေးဘာဖြစ်လို့လဲ အစ်မမှာအဖျားရှိလို့လားဆိုတော့ မဟုတ်ဘူးအစ်မတဲ့
ခဏနော်ဆိုပြီး နောက်တစ်ခါထပ်ချိန်တယ်
ပြီးတော့ ဘဏ်ကလက်ထောက်မန်နေဂျာလားမသိဘူး တောင့်တောင့်ဖြောင့်ဖြောင့်အစ်ကိုကြီး တစ်ယောက်ကိုခေါ်ပြတယ်
အစ်ကိုဒီမှာကြည့်ပါဦးတဲ့
ဟိုအစ်ကိုကြီးကလဲ စက်ကိုတစ်လှည့် ကိုယ့်ကိုတစ်လှည့်ကြည့်ပြီး အံ့ဩတဲ့မျက်နှာနဲ့
တခြားလူတွေကလဲ ဝိုင်းကြည့်နေတယ်
ကိုယ်ကတော့ စိတ်ထဲမှာ ငါတော့သွားပီလို့တွေးလိုက်တယ်
ဒါနဲ့ အဲ့အစ်ကိုက ညီမလေး အပန်းမကြီးရင် Maskလေးချွတ်ပြပါလားတဲ့
မထူးပါဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး Maskကိုချွတ်လိုက်တယ်
အဲ့တော့မှ ဟိုအစ်ကိုက Securityကောင်လေးကို
ဟုတ်ပါတယ် နင်ကလဲတဲ့ မှန်ပါတယ်တဲ့
ဘေးကကြည့်နေတဲ့သူတွေကလဲ ကိုယ့်ကိုကြည့်ပြီး
ဝါးတွေ ဝိုးတွေ အသံထွက်လာကြတယ်
အဲ့ချိန်ထိ ကိုယ့်မှာနားမလည်သေးဘူး
ပြီးတော့မှ အဲ့အစ်ကိုက တောင်းပန်ပါတယ်ညီမလေးတဲ့
ဘာဖြစ်လို့လဲ အစ်ကိုဆိုတော့မှ စက်ကိုလာပြပြီး
'အချောကြီး'လို့ပေါ်နေလို့ပါ ညီမလေးရယ်တဲ့😄
ရုပ်ချောရတဲ့ဒုက္ခကတော်တော် မသေးတာပဲ😝
ဖြစ်နိုင်ရင် ဆက်ပြီး ရုပ်မချောချင်တော့ဘူး🤧
ကုန်ပစ္စည်းတွေမှာမြန်မာလိုရေးသားရမည်
ဆိုသောအခါ
ဆိုသောအခါ
ICJ ဇာလေးတွေရမယ်နော်
ဈေးသည်တွေအတွက်တော့ အကွက်ပဲ
ကွီးဖြိုးရဲ့ကြိုးကြာတောင်ပံဖြန့် သိုင်းကွက်
အမှန်အတိုင်းပြောရရင် ICJ ကို ကျနော်မသွားရဲဘူး
သွားရင်လည်းပြန်လွှတ်မှာမဟုတ်ဘူး
မိုက်လုံးကြီး မိုက်တွင်းနက်
အထက်သား ယောက်ခမနှင့်
ထားဝယ်သူ ချွေးမတို့
video callပြောကြသောအခါ😁
(မကြည့်ခင် ရှူးပေါက်ထားကြဦး😁😁)
မပြန်ခင်မိဘကို ကန်တော့ kick your parents before going back
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့ တာပေါ့ ။
“ သိသားပဲ ”
ခရက်ဒစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ညဆိုင်း အလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိမ်ပြန်ရောက်လို့ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်းပဲ ရှိသေးတယ်။ ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲ အသာ တိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး ခိုင်ခိုင် စိုက်လိုက်မိတယ် ။ကိစ္စဝိစ္စပြီးတော့ ဗိုက်ဆာလာတာနဲ့ စားစရာယူမလို့ မီးဖိုထဲသွားလိုက်တာ ..
ဟင် မိန်းမက မီးဖိုထဲ ရောက်နေပါလား? မြန်လိုက်တာ.အဲ မဟုတ်သေးပါဘူး မသင်္ကာတာနဲ့ မေးကြည့်တယ် ။
“ မိန်းမ၊ မင်းက ဘယ်လိုလုပ်ပြီး မီးဖိုထဲ ရောက်နေတာလဲ ?”
“ ဘာတွေလာပြောနေတာလဲ၊ ကျမ ဒီမှာ ဟင်းချက်နေတာ ကြာလှပြီ ”
“ ဟင် ဒါဆို ဟို..ဟို အိပ်ရာထဲက ဘယ်သူတုန်း ”
“ ကျမအမေလေ၊ မနက်ကမှ ရောက်တာ၊ ခရီးပန်းလာပြီး ခေါင်းကိုက်နေလို့ ကျမတို့ အိပ်ရာထဲ ဝင်အိပ်ခိုင်းထားတာလေ ”
“ ဘုရား ဘုရား၊ မှားကုန်ပြီ မိန်းမရေ၊ ငါက မင်းမှတ်လို့ ဟို ဟို ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီကွာ
“ ရှင် .. ဟင် ဟင် အီး ဟီး လုပ်ရက်လှချည်လား ယောက်ျားရယ် အီး အဲ့ဒါ ကျမအမေရှင့် ဟင့် ဟင့် ”
“ ငါက မင်း မှတ်လို့ပါကွာ၊ ဒါ့ကြောင့်ထင်တော့ထင်တယ် ဖွယ်တယ်တယ်ကြီးပါလို့ ” မိန်းမလုပ်သူလည်း ငိုယိုပြီး အိပ်ခန်းထဲ ပြေးဝင်သွားတယ်။
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့ တာပေ့ါ ။
“ မေမေရယ်၊ ခုနတုန်းက ဟိုသင်း ဒီသင်းဖြစ်တာ သမီးယောက်ျားမှန်း မသိဘူးလား ? ”
“ သိသားပဲ ” “ ရက်စက်လိုက်တာ မေမေရယ်၊ သိရက်သားနဲ့၊ ဘာလို့ ဘာမှ ပြန်မပြောဘဲ ငြိမ်နေရတာလဲ မေမေရဲ့ ”
“ အောင်မယ် လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ငါသဘောမတူဘဲနဲ့ ညည်းကို ဒီအကောင် ခိုးပြေးတာ မှတ်မိလား ” “ မှတ်မိပါတယ် မေမေ
“ အေး အဲဒီကတည်းက ဒီကောင့်ကို မုန်းလွန်းလို့ စကားမပြောပဲ နေလာတာလေ၊ ခုချိန်ကျမှ ငါက ခေါ်ခေါ်ပြောပြော လုပ်နေရအုံးမှာလားအေ့ ကဲ ” အေး တာ ပဲ…
ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေကြပါစေ
ခရက်ဒစ်
ယောက်ျားရသွားပါပြီ။
ခရက်ဒစ်
............
Zawgyi ကနေ Unicode ပြောင်းသုံးတာ အများကြီးအကျိုးရှိပါတယ်။ ထင်ထားတာထက် ပိုမိုက်တယ်။
Unicode ပြောင်းသုံးတာ ၃ ရက်ပဲ ရှိသေးတယ်နော်။
ပေါင်ချိန်ကြည့်တော့ ၁၀ ပေါင်လောက် ကျသွားသလို
မှန်ကြည့်တော့လည်း အသားနည်းနည်း ဖြူလာတယ်။
လည်ပင်းနာနေတာ၊ ခါးနာနေတာတွေ အကုန်လုံး
ပျောက်သွားသဗျာ၊ အံ့ရော အံ့ရော။
Unicode ထည့်လိုက်တော့ ဖုန်းလည်း အရင်ကထက်မြန်လာသလို ရုပ်ထွက် resolution လည်း အတော်
ကောင်းလာတယ်။ အားသွင်းရင်လည်း ဆယ်မိနစ်နဲ့100% အားပြည့်တယ်။မနေ့ကပဲ လက်ကလွတ်ကျပြီး
ကားနင်းမိတာတောင် ဖုန်းက အက်ရာ မထင်ပါဘူး။
အရင်ကဆို တံတောင်ဆစ်နဲ့ဖိမိရင်တောင် မှန်ကွဲတဲ့ဖုန်းပါ။
ဒါက ကျွန်တော့်အတွေ့အကြုံပါ။ကျွန်တော့်အသိထဲကဝန်ထမ်းတစ်ယောက်လည်း Unicode ပြောင်းသုံးတာ
ဘာမှ မလုပ်ရဘဲ ရာထူးတိုးသွားတယ်။ အသိအပျိုကြီးတစ်ယောက်ဆို Unicode ပြောင်းသုံးပြီး သိပ်မကြာဘူး
ယောကျ်ားရသွားပါပြီ။
ဘာကြောင့်လဲတော့ ရှင်းမပြတတ်ဘူး။Unicode အစွမ်းအံ့မခန်းပါဘဲ။ဒါက ကျွန်တော်သိသလောက်လေးပါပဲ။
Unicode ညွှန်းတဲ့ဆရာတွေရဲ့အလိုအရ ဒါ့ထက်မက
စွမ်းတာတွေ ရှိပါသေးတယ်။
ခရက်ဒစ်
ဧရာဝတီဘဏ်ထဲ ဝင်သွားရင်
ကိုယ့်ဆွေမျိုးအိမ်ထဲ ဝင်သွားရသလို ခံစားရတယ်။
(ဖော်ရွေလွန်းလို့)
စီဘီဘဏ်ထဲ ဝင်သွားရင် ကိုယ့်သူငယ်ချင်းတွေအိမ်ထဲ
ဝင်သွားရသလို ခံစားရတယ်။
(မျက်လုံးချင်း ဆုံရင် ပြုံးပြကြတယ်)
ကမ္ဘောဇဘဏ်ထဲ ဝင်သွားရင်
ကိုယ့်အကြွေးရှင် အိမ်ထဲ ဝင်သွားရသလို ခံစားရတယ်။
(ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ချင်တာကို အသနားခံပြီး
ကြည့်နေရတာ ကိုယ့်နာမည် ဘယ်အချိန်အော်မလဲလို့)
ရိုးမဘဏ်ထဲကိုဝင်သွားရင်တော့
အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာ
ဘိုးဘွားရိပ်သာကိုရောက်သွားလိုခံစားရတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်ထဲရောက်ခဲ့ရင်တော့
သဘောတူထားသော ယောက္ခမအိမ်အလည်သွားရတဲ့
သတိုးသားလောင်းအလား အားလုံးကဖက်လှဲတကင်း
ဖော်ဖော်ရွေရွေ ။
ထွန်းဖောင်ဒေးရှင်းဘဏ်ထဲ မတော်တဆများ ရောက်ခဲ့ရင် အပျိုကြီးတွေနေတဲ့အဆောင်ထဲ ရောက်ခဲ့သလို
ယောင်ချာချာ ကြောင်တောင်တောင် ခံစားနေရတဲ့အနေအထား ။
မြန်မာ့စီးပွားရေးဘဏ် ထဲဝင်သွား ရင်တော့
အမေဇုံတောနက်ကြီးထဲက အသားစားလူရိုင်းတွေအကြား
ရောက်သွားသလိုပါပဲ😜
Just for funny
😁😁😁
မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)
ရွတ်ဆိုရန်ဗျဉ်းကဗျာ
က ကလေးငယ်ချစ်စဖွယ်
” ဟင် … အဲ့လိုလား … ” 😳
” ဗျာ ” … 😖😖
Zay Win Thein
Unicode
မန်းရွှေစက်တော် ဘုရားပွဲတွင် ဖြစ်သည်။
” ကောင်းလိုက်တဲ့ သစ်ပုလွေတွေ … ဘယ်ဈေးလဲဗျ …? ”
” ဘာ … နင်မိုက်ရိုင်းလှချည်လား … ” ” ဒါ သနပ်ခါးတွေဟဲ့ … ”
” ဟာ … မသိလို့ဗျာ … ဆောရီးပါ အစ်မကြီး … အိမ်က ယတြာချေမလို့ သစ်ပုလွေသားရရင် ဘယ်ဈေးပဲဖြစ်ဖြစ် လိုချင်နေလို့ လိုက်ရှာနေတာပါဗျာ … ”
” ဟင် … အဲ့လိုလား … ” 😳
အနားကို ကပ်ပြီးတော့ … လေသံ ခပ်တိုးတိုနဲ့ … ” မောင်လေး ကြိုက်တာရွေးလိုက်လေ … အဲ့တာတွေအကုန် သစ်ပုလွေတွေချည်းပဲဟဲ့ ” 😜😝😝
” ဗျာ ” … 😖😖
အညာတရုတ်ကြီး အားးဝေ၏ ဇာတ်လမ်းအား ဆီလျော်အောင် ဘာသာပြန်သည်😂😂
Zay Win Thein
dr.htoo
# Unicode Version # ဖြင့် ဖတ်ပါ #
“ယောက်ျားရေ ကျမဓမ္မမလာတာ တလကျော်နေပြီတော့်”
“အဲဒါနဲ့မနက်က သားဖွားဆရာမလေးကိုသွားပြတော့ ကိုယ်ဝန်ရှိတာလို့ပြောတယ်။ ကျုပ်တို့တော့ သားဦးလေး ရတော့မယ် ထင်တယ်နော် ယောက်ျား”
“ဟာ ဒါဆိုပျော်စရာကြီးပေါ့။ ဒါပေမယ့် ဆရာဝန်နဲ့ပြကြည့်မှ သေချာမှာဆိုတော့ အဲဒီအကြောင်း ဘယ်သူ့မှ မပြော နေနဲ့ဦးနော်”
“အင်းပါ ယောက်ျားရဲ့” နောက်တနေ့မနက်မှာ လျှပ်စစ်မီတာရုံးက မီတာကြေးမဆောင်လို့ သတိပေးတဲ့ ဖုန်းဝင်လာသည်။ မိန်းမဖြစ်တဲ့သူက ကောက်ကိုင်လိုက်တယ်
“ဟယ်လို” “ဟုတ်ကဲ့ ကျွန်တော်တို့ မီတာရုံးကဆက်တာပါခင်ဗျ။ အခုပြောနေတာ ဒေါ်မိုးမိုးလားမသိဘူး” “ဟုတ်ပါတယ်ရှင်။ ဘာကိစ္စရှိလို့ပါလဲရှင့်”
“ဟုတ်ကဲ့ ဒေါ်မိုးမိုးအနေနဲ့ ရက်ကျော်နေတာ တစ်လရှိနေပြီဆိုတဲ့အကြောင်း လှမ်းသတိပေးတာပါခင်ဗျ” ဒေါ်မိုးမိုး နဲနဲတော့တင်းပြီလေ။ သူ့ဟာသူ ရက်ကျော်တာ မီတာရုံနဲ့ဘာဆိုင်တုန်း။ ရှက်ကလဲရှက် အသက်ကလည်းငယ် အိမ်ထောင်ကျတာလဲမကြာသေးဘူးဆိုတော့ သူဓမ္မတာထိန်တာ သူ့အပူပါလားပေါ့။
“ဒီမယ် ဒီမယ် ကျမဘာသာကျမ တလကျော်ကျော် နှစ်လကျော်ကျော် ရှင်တို့နဲ့ဘာဆိုင်လို့တုန်း”
“ဟုတ်ကဲ့ ကျွန်တော်တို့လည်း အထက်ကခိုင်းတဲ့အတိုင်း လုပ်ရတာပါ အစ်မ။ ကျွန်တော်တို့ဆီမှာ ဒေါ်မိုးမိုးတို့ရဲ့ မှတ်တမ်းဖိုင်တွေကွန်ပျူတာမှာရှိပါတယ် မယုံရင်ရုံးလာကြည့်လို့ရပါတယ် ခင်ဗျ” ဆိုပြီး ဖုန်းချသွားပါလေရော ညနေသူ့ယောက်ျားရုံးကပြန်လာတော့ တိုင်တော့တာပဲ။
“တောက် ဒါတော်တော်တရားလွန်တယ်ကွာ။ မိန်းမကိုယ်ဝန်ရလို့ ပျော်ရမလားအောက်မေ့တယ်။ သင်းတို့က ငါ့မိန်းမ ရာသီလာမလာကိုတောင် မှတ်တမ်းနဲ့ မှတ်ထားတယ်ဆိုတော့ တွေ့မယ်။ သူများကိုယ်ရေးကိုယ်တာတွေ စပ်စပ်စုစုလုပ်လွန်းတဲ့ ဟာတွေ”
မနက်ရောက်တော့ ယောက်ျားလုပ်တဲ့သူက မီတာရုံးက ဦးစီးရုံးခန်းမှာသွားဖြဲတာပေါ့ ဘာရမလဲ။ “ခင်ဗျားတို့ ဘယ်လိုလုပ်တာလဲဗျ။ ကျုပ်တို့ဟာကျုပ်တို့ တလကျော်ကျော် နှစ်လကျော်ကျော် ဘာကိစ္စကွန်ပျူတာမှတ်တမ်းနဲ့မှတ်ပြီး အကြောင်းကြားနေရတာလဲ”
“ဒါကဒီလိုရှိပါတယ် ခင်ဗျ။ ကျွန်တော်တို့က အခုလိုကွန်ပျူတာမှတ်တမ်းထားရှိတယ်ဆိုတာ လူကြီးမင်းတို့ ဆီက ပိုက်ဆံတောင်းဖို့ပါ”
“ဘာကွ ရက်တလကျော်တာနဲ့ ငါတို့က ပိုက်ဆံတောင်ပေးရဦးမယ် ဟုတ်လား။ ကဲဆိုစမ်းပါဦး မပေးနိုင်ဘူးဆိုရင်ကောကွာ”
“လူကြီးမင်းက ပေးဖို့ငြင်းဆိုတယ်ဆိုရင်တော့ လူကြီးမင်းရဲ့ဟာကို ကျွန်တော်တို့ ဖြတ်တောက်ရုံက လွဲပြီး တခြားရွေးခြယ် စရာရှိပါဘူး”
“ဘာကွ မင်းတို့ကငါ့ကိုဖြတ်တော့ ငါ့မိန်းမက ဘာသွားသုံးရမှာလဲ”
“ဖယောင်းတိုင်သုံးလို့ရပါတယ် ခင်ဗျာ”
dr.htoo
“ဂိန်”
# Unicode Version # ဖြင့် ဖတ်ပါ #
အဖြစ်က ဒီလိုဗျ …ကျနော် အော်ဇီကို လေယာဉ်နဲ့သွားတုန်းက အိမ်သာတက်ချင်လို့ ကြည့်လိုက်တော့ ယောက်ျားလေး အိမ်သာက လူပြည့်နေတာဗျ . . ကျနော် မျက်နှာပျက်နေတာကို လေယာဉ်မယ် လေးက တွေ့တော့သနားပြီး အမျိုးသမီး အိမ်သာကိုအသုံးပြုခွင့် ပေးတယ်ဗျာ ။
“လူကြီးမင်း အနေဖြင့် အသုံးပြုနိုင်ပါတယ်ရှင့် တခုတော့ သတိပေးပါရစေ ကိစ္စပြီးလို့ရှိရင် ရေလောင်းပြီးသာ ထွက်လာ လိုက်ပါ တခြားခလုတ်တွေကို ယောင်လို့မနှိပ်မိပါစေနဲ့ရှင်”
ကျနော်လဲစိတ်ထဲက တွေးမိလိုက်တယ် ငါ့များရေမလောင်းပဲ သွားမယ့်သူကျနေတာပဲ ဟွန့် အမျိုးသမီး အိမ်သာက ဘာတွေကွာခြားလို့လဲ တွေးပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ခလုတ် (၄) ခု တွေ့လိုက်တယ်ဗျာ။
WW-WA-PP-ATR ဒီခလုတ် (၄) ခုက ဘာများလုပ်ဆောင်ပါလိမ့် ဆိုပြီးစဉ်းစားနေတာပေါ့။ အိမ်သာ တက်ပြီးတော့ ကျနော်အဲ့ဒီ ခလုတ် ၄ ခုရဲ့ အသုံးဝင်ပုံကို စမ်းကြည့်အုံးမှဘာ ဆိုပြီး အရင်ဆုံး WWဆိုတဲ့ ခလုတ်ကို နှိပ်ကြည့်လိုက်တော့ ဖင်ကိုရေပူတွေနဲ့ ဆေးပေးနေတယ်ခမျ….
အိုးးးး အော်အဓိပ္ပါယ်က warm water ပေါ့ great idea … ။ အဲ….ပြီးတော့ WA ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တော့ လေပူတွေ ထွက်လာတယ်ဗျာ….
wow …လန်းထှာ WA ဆိုတော့ warm air ပေါ့ လေပူလေးနဲ့ မှုတ်ပေးတာ ဇိမ်ခံကောင်းသဗျာ ဒါကြောင့် မိန်းခေးတွေ အိမ်သာတက်ရင် ကြာတာကိုးးး။
ထပ်ပြီးတော့ PP ဆိုတဲ့ ခလုတ် ကို နှိပ်လိုက်တော့ တို့ပတ်( powder puff)တခုထွက်လာပြီး စောစောက အပူပေး အခြောက်ခံထားတဲ့ တင်သားတဝိုက်ကို ပေါင်ဒါနဲ့ တို့ပတ်ရိုက် ပေးပါလေရောဗျာ။
ကျနော် အံ့သြသွားတယ်ဗျာ… အိုက်စ် ငါတို့မိဘတွေက မျက်နာတို့ လည်ပင်းတို့မှာဘဲ တို့ပေးတာ …ဒီမှာက မိန်းခေးတွေအတွက်…။
ဒါနဲ့ပဲကျနော် နောက်ဆုံးတခုကို အရမ်းစိတ်ဝင်စားသွားပြီး နှိပ်ချလိုက်တဲ့အချိန်မှာ….
အားးးးးး ကျွန်တော့ရဲ့ အောက်ပိုင်းနားမှာ စူးကနဲ ဖြစ်သွားတာကို ခံစားလိုက်ရပြီး သတိလစ်သွားပါရောဗျာ။ သတိရလာတဲ့ အခါမှာတော့ ဆေးရုံကို ရောက်နေတာဗျားး
ဒါနဲ့ကျွန်တော်လည်း အနားမှာရှိတဲ့ နပ်စ်မကို “ဒီမှာ …ဆရာမလေး” “ကျွန်တော်ဆေးရုံကို ဘယ်လိုရောက်လာ တာလဲ ခင်ဗျာ?
“နပ်စ်မက .. ဒီလိုပါ လူကြီးမင်း ရှင့် ” လူကြီးမင်းက ATR ကို နိပ်လိုက်လို့ပါ။ အဲ့ဒါက Automatic Tampon Removal ပါ။ အဲ့ဒီစနစ် အလုပ်လုပ်တာက အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အော်တိုမက်တစ် ရှင်းပေးတာပါ။ လူကြီးမင်းက အဲဒီအခံမရှိတော့ လူကြီးမင်းရဲ့ ဥ (၂) လုံးကို ဆွဲဖြုတ်သွားလို့ အခုလို မေ့ပြီး ဆေးရုံ ကို ရောက်လာတာပါရှင့် ..”
“ဂိန်”
မျက်ဝန်းလေး
# Unicode Version # ဖြင့် ဖတ်ပါ #
ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။
ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။
လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”
သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။ ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။
ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”
ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။
ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ဝမ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့်မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံ လိုက်ရသည်။
ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘဝတွင် ဆုံဆည်းမိကြ၏။
ကိုဒသဂီရိ – “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”
ကိုဇော်ဂျီ – “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”
ကိုဒသဂီရိ – “ဘယ်လိုဖြစ်လို့လဲကွ။”
ကိုဇော်ဂျီ – “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ—”
မျက်ဝန်းလေး