ဆရာကြီးတစ်ဦး ပြောဖူးတာ...
မြန်မာတွေဟာ ...
တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်....
.. ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် -
ဓါတ် ဆိုတဲ့ စကားလုံးကို သုံးပစ်ကြတယ်တဲ့ ၊
ဟိုး..အရင်တုန်းက ဝမ်းသွားတာကို
ဘာကြောင့်မှန်း မသိကြတော့..
ဓါတ်သွား တယ် လို့ ဆိုကြတယ်...,
ဝမ်းသိပ်မသွားတော့
ဓာတ်ချုပ်တာ တဲ့.. 
ပြားပြား အဝိုင်းလေးကနေ အသံတွေထွက်တော့
ဓါတ်ပြား တဲ့ ...
ဓာတ်ပြားကို လည်စေတဲ့အရာကျ
ဓာတ်စက်... 
ရေနွေးတွေ အကြာကြီး ပူနေစေတော့
ဓာတ်ဗူး... 
နေမကောင်းတဲ့သူတွက် အဟာရ က -
ဓါတ်စာ ...
အပင်တွေကို သန်စေတော့
ဓာတ်မြေသြဇာ... 
ဘာဖြစ်မယ် မသိတော့
ဓာတ်မတည့်...
ဘာဖြစ်မှန်း အသိလွယ်ရင်
ဓာတ်ပေါက်တယ်...
သောက်တလွဲတွေ ဖြစ်ရင်
ဓာတ်ပျက်ပြီ... 
ထူးထူးဆန်းဆန်း လုံးလုံးလေးကို
ဓါတ်လုံး …
ခလုတ်နှိပ်ရင် အပေါ်တက် အောက်ဆင်း တော့
ဓာတ်လှေခါး
လေးထောင့်ပစ္စည်းလေးကနေ ရိုက်ပြီးထွက်လာ လို့
ဓါတ္ပုံ … ၊
ဓာတ်ပုံတွေ ရိုက်တဲ့သူကို
ဓာတ်ဖမ်းတာ... 
အရုပ်တွေနဲ့ လှုပ်ရှားပြီး ပိတ်ကားပေါ်မြင်ရတော့
ဓါတ်ရှင်” …
အာ့ထဲ သရုပ်ဆောင်တဲ့သူတွေကြတော့
ဓါတ်ရှင်မင်းသား/မင်းသမီး …
ဘာမှန်းမသိတဲ့ လူကြီးကိုကျတော့
ဓာတ်ဘဲကြီး... 
ဘာမှန်းမသိ အားတွေထွက်နေတဲ့ အခဲလေးကို
ဓာတ်ခဲ... 
အာ့လေး ထိုးထည့်လို့လင်းတော့..
ဓာတ်မီး... 
ဟော မော်တော်ကားတွေ ထည့်မောင်းတဲ့ ဆီကို
ဓါတ်ဆီ”…၊
နောက် ဓါတ်ရထား ခေါ်သေးတာ…
အောက်က ထွက်လာတဲ့ အငွေ့တွေကိုကျ
ဓါတ်ငွေ့. ..
ဆေးရုံတွေမှာ ဖလင်ထဲက ပုံပေါ်ရင်
ဓါတ်မှန်" …. 
ဘာမှန်းမသိတာတွေ အလုပ်ရှုပ်တဲ့နေရာကျ
ဓါတ်ခွဲခန်း ...
အရာအားလုံးမှာ မပါမပြီးတာက
ဓာတ်ကြီးလေးပါး...
အွန်း...
ဒီတိုင်းသာဆို ကမ္ဘာ့ သတင်းစုံ တွေ့နေရတဲ့
ဖေ့စဖုတ်ကြီးကိုတောင် -
ဓာတ်စဖုတ်ကြီး လို့ ပြောင်းလိုက်ရင်တော့ဖြင့် ~

ပုံ ဓာတ်သွားခြင်း

No comments:
Post a Comment