Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 7, 2020

ညီမလေး အပန်းမကြီးရင် Maskလေးချွတ်ပြပါလားတဲ့


ဒီနေ့ ဘဏ်သွားတော့
ဘာရယ်မဟုတ် Maskလေးတပ်သွားမိတယ်

အဲ့ဒီမှာစတာပဲ
ဘဏ်ထဲဝင်ဝင်ခြင်း Securityကောင်လေးက
လာတဲ့သူတိုင်းကို အဖျားတွေလိုက်တိုင်းရော
ကိုယ်ဝင်တော့လဲ ကိုယ့်ကိုတိုင်းတာပေါ့ အဲ့လောက်အထိ ပြဿနာမရှိသေးဘူး

စက်နဲ့ နှဖူးချိန်လိုက်တာနဲ့ သူ့ဆီက ဟင်ဆိုပြီး အသံထွက်လာတယ်
ပြီးတော့ နောက်တစ်ခေါက်ထပ်ချိန်တယ်
ပြီးတော့ ပါးစပ်ကနေ မဟုတ်သေးပါဘူးတဲ့

ကိုယ် တော်တော်စိုးရိမ်သွားတယ်

အဲ့ဒါနဲ့ မောင်လေးဘာဖြစ်လို့လဲ အစ်မမှာအဖျားရှိလို့လားဆိုတော့ မဟုတ်ဘူးအစ်မတဲ့
ခဏနော်ဆိုပြီး နောက်တစ်ခါထပ်ချိန်တယ်
ပြီးတော့ ဘဏ်ကလက်ထောက်မန်နေဂျာလားမသိဘူး တောင့်တောင့်ဖြောင့်ဖြောင့်အစ်ကိုကြီး တစ်ယောက်ကိုခေါ်ပြတယ်
အစ်ကိုဒီမှာကြည့်ပါဦးတဲ့
ဟိုအစ်ကိုကြီးကလဲ စက်ကိုတစ်လှည့် ကိုယ့်ကိုတစ်လှည့်ကြည့်ပြီး အံ့ဩတဲ့မျက်နှာနဲ့

တခြားလူတွေကလဲ ဝိုင်းကြည့်နေတယ်

ကိုယ်ကတော့ စိတ်ထဲမှာ ငါတော့သွားပီလို့တွေးလိုက်တယ်

ဒါနဲ့ အဲ့အစ်ကိုက ညီမလေး အပန်းမကြီးရင် Maskလေးချွတ်ပြပါလားတဲ့
မထူးပါဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး Maskကိုချွတ်လိုက်တယ်
အဲ့တော့မှ ဟိုအစ်ကိုက Securityကောင်လေးကို
ဟုတ်ပါတယ် နင်ကလဲတဲ့ မှန်ပါတယ်တဲ့

ဘေးကကြည့်နေတဲ့သူတွေကလဲ ကိုယ့်ကိုကြည့်ပြီး
ဝါးတွေ ဝိုးတွေ အသံထွက်လာကြတယ်
အဲ့ချိန်ထိ ကိုယ့်မှာနားမလည်သေးဘူး

ပြီးတော့မှ အဲ့အစ်ကိုက တောင်းပန်ပါတယ်ညီမလေးတဲ့
ဘာဖြစ်လို့လဲ အစ်ကိုဆိုတော့မှ စက်ကိုလာပြပြီး
'အချောကြီး'လို့ပေါ်နေလို့ပါ ညီမလေးရယ်တဲ့😄

ရုပ်ချောရတဲ့ဒုက္ခကတော်တော် မသေးတာပဲ😝

ဖြစ်နိုင်ရင် ဆက်ပြီး ရုပ်မချောချင်တော့ဘူး🤧

No comments:

Post a Comment