Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

မီတာ မွန္မွန္ေဆာင္ၾကပါ။ (ဟာသ)

“ေယာက္်ားေရ က်မဓမၼမလာတာ တလေက်ာ္ေနၿပီေတာ့္”

“အဲဒါနဲ႔မနက္က သားဖြားဆရာမေလးကိုသြားျပေတာ့  ကိုယ္ဝန္ရွိတာလို႔ေျပာတယ္။  က်ဳပ္တို႔ေတာ့ သားဦးေလး ရေတာ့မယ္ ထင္တယ္ေနာ္  ေယာက္်ား”

“ဟာ ဒါဆိုေပ်ာ္စရာႀကီးေပါ့။  ဒါေပမယ့္ ဆရာဝန္နဲ႔ျပၾကည့္မွ ေသခ်ာမွာဆိုေတာ့  အဲဒီအေၾကာင္း ဘယ္သူ႔မွ မေျပာ ေနနဲ႔ဦးေနာ္”

“အင္းပါ ေယာက္်ားရဲ႕” ေနာက္တေန႔မနက္မွာ လွ်ပ္စစ္မီတာရံုးက  မီတာေၾကးမေဆာင္လို႔ သတိေပးတဲ့ ဖုန္းဝင္လာသည္။  မိန္းမျဖစ္တဲ့သူက ေကာက္ကိုင္လိုက္တယ္

“ဟယ္လို” “ဟုတ္ကဲ့ ကၽြန္ေတာ္တို႔ မီတာရံုးကဆက္တာပါခင္ဗ်။  အခုေျပာေနတာ ေဒၚမိုးမိုးလားမသိဘူး” “ဟုတ္ပါတယ္ရွင္။ ဘာကိစၥရွိလို႔ပါလဲရွင့္”

“ဟုတ္ကဲ့ ေဒၚမိုးမိုးအေနနဲ႔ ရက္ေက်ာ္ေနတာ  တစ္လရွိေနၿပီဆိုတဲ့အေၾကာင္း လွမ္းသတိေပးတာပါခင္ဗ်” ေဒၚမိုးမိုး နဲနဲေတာ့တင္းၿပီေလ။   သူ႔ဟာသူ ရက္ေက်ာ္တာ မီတာရံုနဲ႔ဘာဆိုင္တုန္း။  ရွက္ကလဲရွက္ အသက္ကလည္းငယ္  အိမ္ေထာင္က်တာလဲမၾကာေသးဘူးဆိုေတာ့  သူဓမၼတာထိန္တာ သူ႔အပူပါလားေပါ့။

“ဒီမယ္ ဒီမယ္ က်မဘာသာက်မ တလေက်ာ္ေက်ာ္  ႏွစ္လေက်ာ္ေက်ာ္ ရွင္တို႔နဲ႔ဘာဆိုင္လို႔တုန္း”

“ဟုတ္ကဲ့ ကၽြန္ေတာ္တို႔လည္း အထက္ကခိုင္းတဲ့အတိုင္း  လုပ္ရတာပါ အစ္မ။ ကၽြန္ေတာ္တို႔ဆီမွာ ေဒၚမိုးမိုးတို႔ရဲ႕ မွတ္တမ္းဖိုင္ေတြကြန္ပ်ဴတာမွာရွိပါတယ္  မယံုရင္ရံုးလာၾကည့္လို႔ရပါတယ္ ခင္ဗ်” ဆိုၿပီး ဖုန္းခ်သြားပါေလေရာ ညေနသူ႔ေယာက္်ားရံုးကျပန္လာေတာ့ တိုင္ေတာ့တာပဲ။

“ေတာက္ ဒါေတာ္ေတာ္တရားလြန္တယ္ကြာ။  မိန္းမကိုယ္ဝန္ရလို႔ ေပ်ာ္ရမလားေအာက္ေမ့တယ္။  သင္းတို႔က ငါ့မိန္းမ ရာသီလာမလာကိုေတာင္ မွတ္တမ္းနဲ႔  မွတ္ထားတယ္ဆိုေတာ့ ေတြ႕မယ္။  သူမ်ားကိုယ္ေရးကိုယ္တာေတြ စပ္စပ္စုစုလုပ္လြန္းတဲ့ ဟာေတြ”

မနက္ေရာက္ေတာ့ ေယာက္်ားလုပ္တဲ့သူက မီတာရံုးက  ဦးစီးရံုးခန္းမွာသြားၿဖဲတာေပါ့ ဘာရမလဲ။ “ခင္ဗ်ားတို႔ ဘယ္လိုလုပ္တာလဲဗ်။  က်ဳပ္တို ့ဟာက်ဳပ္တို႔ တလေက်ာ္ေက်ာ္ ႏွစ္လေက်ာ္ေက်ာ္  ဘာကိစၥကြန္ပ်ဴတာမွတ္တမ္းနဲ႔မွတ္ၿပီး အေၾကာင္းၾကားေနရတာလဲ”

“ဒါကဒီလိုရွိပါတယ္ ခင္ဗ်။ ကၽြန္ေတာ္တို႔က  အခုလိုကြန္ပ်ဴတာမွတ္တမ္းထားရွိတယ္ဆိုတာ  လူႀကီးမင္းတို႔ ဆီက ပိုက္ဆံေတာင္းဖို႔ပါ”

“ဘာကြ ရက္တလေက်ာ္တာနဲ႔ ငါတို႔က ပိုက္ဆံေတာင္ေပးရဦးမယ္​ ဟုတ္လား။ ကဲဆိုစမ္းပါဦး မေပးႏိုင္ဘူးဆိုရင္ေကာကြာ”

“လူႀကီးမင္းက ေပးဖို႔ျငင္းဆိုတယ္ဆိုရင္ေတာ့ လူႀကီးမင္းရဲ႕ဟာကို ကၽြန္ေတာ္တို႔ ျဖတ္ေတာက္ရံုက လြဲၿပီး တျခားေရြးျခယ္ စရာရွိပါဘူး”

“ဘာကြ မင္းတို႔ကငါ့ကိုျဖတ္ေတာ့ ငါ့မိန္းမက ဘာသြားသံုးရမွာလဲ”

“ဖေယာင္းတိုင္သံုးလို႔ရပါတယ္ ခင္ဗ်ာ”
dr.htoo
# Unicode Version # ျဖင့္ ဖတ္ပါ #

“ယောက်ျားရေ ကျမဓမ္မမလာတာ တလကျော်နေပြီတော့်”

“အဲဒါနဲ့မနက်က သားဖွားဆရာမလေးကိုသွားပြတော့  ကိုယ်ဝန်ရှိတာလို့ပြောတယ်။  ကျုပ်တို့တော့ သားဦးလေး ရတော့မယ် ထင်တယ်နော်  ယောက်ျား”

“ဟာ ဒါဆိုပျော်စရာကြီးပေါ့။  ဒါပေမယ့် ဆရာဝန်နဲ့ပြကြည့်မှ သေချာမှာဆိုတော့  အဲဒီအကြောင်း ဘယ်သူ့မှ မပြော နေနဲ့ဦးနော်”

“အင်းပါ ယောက်ျားရဲ့” နောက်တနေ့မနက်မှာ လျှပ်စစ်မီတာရုံးက  မီတာကြေးမဆောင်လို့ သတိပေးတဲ့ ဖုန်းဝင်လာသည်။  မိန်းမဖြစ်တဲ့သူက ကောက်ကိုင်လိုက်တယ်

“ဟယ်လို” “ဟုတ်ကဲ့ ကျွန်တော်တို့ မီတာရုံးကဆက်တာပါခင်ဗျ။  အခုပြောနေတာ ဒေါ်မိုးမိုးလားမသိဘူး” “ဟုတ်ပါတယ်ရှင်။ ဘာကိစ္စရှိလို့ပါလဲရှင့်”

“ဟုတ်ကဲ့ ဒေါ်မိုးမိုးအနေနဲ့ ရက်ကျော်နေတာ  တစ်လရှိနေပြီဆိုတဲ့အကြောင်း လှမ်းသတိပေးတာပါခင်ဗျ” ဒေါ်မိုးမိုး နဲနဲတော့တင်းပြီလေ။   သူ့ဟာသူ ရက်ကျော်တာ မီတာရုံနဲ့ဘာဆိုင်တုန်း။  ရှက်ကလဲရှက် အသက်ကလည်းငယ်  အိမ်ထောင်ကျတာလဲမကြာသေးဘူးဆိုတော့  သူဓမ္မတာထိန်တာ သူ့အပူပါလားပေါ့။

“ဒီမယ် ဒီမယ် ကျမဘာသာကျမ တလကျော်ကျော်  နှစ်လကျော်ကျော် ရှင်တို့နဲ့ဘာဆိုင်လို့တုန်း”

“ဟုတ်ကဲ့ ကျွန်တော်တို့လည်း အထက်ကခိုင်းတဲ့အတိုင်း  လုပ်ရတာပါ အစ်မ။ ကျွန်တော်တို့ဆီမှာ ဒေါ်မိုးမိုးတို့ရဲ့ မှတ်တမ်းဖိုင်တွေကွန်ပျူတာမှာရှိပါတယ်  မယုံရင်ရုံးလာကြည့်လို့ရပါတယ် ခင်ဗျ” ဆိုပြီး ဖုန်းချသွားပါလေရော ညနေသူ့ယောက်ျားရုံးကပြန်လာတော့ တိုင်တော့တာပဲ။

“တောက် ဒါတော်တော်တရားလွန်တယ်ကွာ။  မိန်းမကိုယ်ဝန်ရလို့ ပျော်ရမလားအောက်မေ့တယ်။  သင်းတို့က ငါ့မိန်းမ ရာသီလာမလာကိုတောင် မှတ်တမ်းနဲ့  မှတ်ထားတယ်ဆိုတော့ တွေ့မယ်။  သူများကိုယ်ရေးကိုယ်တာတွေ စပ်စပ်စုစုလုပ်လွန်းတဲ့ ဟာတွေ”

မနက်ရောက်တော့ ယောက်ျားလုပ်တဲ့သူက မီတာရုံးက  ဦးစီးရုံးခန်းမှာသွားဖြဲတာပေါ့ ဘာရမလဲ။ “ခင်ဗျားတို့ ဘယ်လိုလုပ်တာလဲဗျ။  ကျုပ်တို့ဟာကျုပ်တို့ တလကျော်ကျော် နှစ်လကျော်ကျော်  ဘာကိစ္စကွန်ပျူတာမှတ်တမ်းနဲ့မှတ်ပြီး အကြောင်းကြားနေရတာလဲ”

“ဒါကဒီလိုရှိပါတယ် ခင်ဗျ။ ကျွန်တော်တို့က  အခုလိုကွန်ပျူတာမှတ်တမ်းထားရှိတယ်ဆိုတာ  လူကြီးမင်းတို့ ဆီက ပိုက်ဆံတောင်းဖို့ပါ”

“ဘာကွ ရက်တလကျော်တာနဲ့ ငါတို့က ပိုက်ဆံတောင်ပေးရဦးမယ် ဟုတ်လား။ ကဲဆိုစမ်းပါဦး မပေးနိုင်ဘူးဆိုရင်ကောကွာ”

“လူကြီးမင်းက ပေးဖို့ငြင်းဆိုတယ်ဆိုရင်တော့ လူကြီးမင်းရဲ့ဟာကို ကျွန်တော်တို့ ဖြတ်တောက်ရုံက လွဲပြီး တခြားရွေးခြယ် စရာရှိပါဘူး”

“ဘာကွ မင်းတို့ကငါ့ကိုဖြတ်တော့ ငါ့မိန်းမက ဘာသွားသုံးရမှာလဲ”

“ဖယောင်းတိုင်သုံးလို့ရပါတယ် ခင်ဗျာ”
dr.htoo

No comments:

Post a Comment