Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 25, 2019

လေယာဉ်မယ် ရဲ့ စကားကိုနားမထောင်ခဲ့လို့ ဘဝပျက်ပြီး ဆေးရုံရောက်သွားတဲ့ အမျိုးသား













“ဂိန်”

# Unicode Version # ဖြင့် ဖတ်ပါ #

အဖြစ်က ဒီလိုဗျ …ကျနော် အော်ဇီကို လေယာဉ်နဲ့သွားတုန်းက အိမ်သာတက်ချင်လို့ ကြည့်လိုက်တော့ ယောက်ျားလေး အိမ်သာက လူပြည့်နေတာဗျ . . ကျနော် မျက်နှာပျက်နေတာကို လေယာဉ်မယ် လေးက တွေ့တော့သနားပြီး အမျိုးသမီး အိမ်သာကိုအသုံးပြုခွင့် ပေးတယ်ဗျာ ။

“လူကြီးမင်း အနေဖြင့် အသုံးပြုနိုင်ပါတယ်ရှင့် တခုတော့ သတိပေးပါရစေ ကိစ္စပြီးလို့ရှိရင် ရေလောင်းပြီးသာ ထွက်လာ လိုက်ပါ တခြားခလုတ်တွေကို ယောင်လို့မနှိပ်မိပါစေနဲ့ရှင်”

ကျနော်လဲစိတ်ထဲက တွေးမိလိုက်တယ် ငါ့များရေမလောင်းပဲ သွားမယ့်သူကျနေတာပဲ ဟွန့် အမျိုးသမီး အိမ်သာက ဘာတွေကွာခြားလို့လဲ တွေးပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ခလုတ် (၄) ခု တွေ့လိုက်တယ်ဗျာ။

WW-WA-PP-ATR ဒီခလုတ် (၄) ခုက ဘာများလုပ်ဆောင်ပါလိမ့် ဆိုပြီးစဉ်းစားနေတာပေါ့။ အိမ်သာ တက်ပြီးတော့ ကျနော်အဲ့ဒီ ခလုတ် ၄ ခုရဲ့ အသုံးဝင်ပုံကို စမ်းကြည့်အုံးမှဘာ  ဆိုပြီး အရင်ဆုံး WWဆိုတဲ့ ခလုတ်ကို နှိပ်ကြည့်လိုက်တော့ ဖင်ကိုရေပူတွေနဲ့ ဆေးပေးနေတယ်ခမျ….

အိုးးးး အော်အဓိပ္ပါယ်က warm water ပေါ့ great idea … ။ အဲ….ပြီးတော့ WA ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တော့ လေပူတွေ ထွက်လာတယ်ဗျာ….

wow …လန်းထှာ WA ဆိုတော့ warm air ပေါ့ လေပူလေးနဲ့ မှုတ်ပေးတာ ဇိမ်ခံကောင်းသဗျာ ဒါကြောင့် မိန်းခေးတွေ အိမ်သာတက်ရင် ကြာတာကိုးးး။

ထပ်ပြီးတော့ PP ဆိုတဲ့ ခလုတ် ကို နှိပ်လိုက်တော့ တို့ပတ်( powder puff)တခုထွက်လာပြီး စောစောက အပူပေး အခြောက်ခံထားတဲ့ တင်သားတဝိုက်ကို ပေါင်ဒါနဲ့ တို့ပတ်ရိုက် ပေးပါလေရောဗျာ။

ကျနော် အံ့သြသွားတယ်ဗျာ… အိုက်စ် ငါတို့မိဘတွေက မျက်နာတို့ လည်ပင်းတို့မှာဘဲ တို့ပေးတာ …ဒီမှာက မိန်းခေးတွေအတွက်…။

ဒါနဲ့ပဲကျနော် နောက်ဆုံးတခုကို အရမ်းစိတ်ဝင်စားသွားပြီး နှိပ်ချလိုက်တဲ့အချိန်မှာ….

အားးးးးး ကျွန်တော့ရဲ့ အောက်ပိုင်းနားမှာ စူးကနဲ ဖြစ်သွားတာကို ခံစားလိုက်ရပြီး သတိလစ်သွားပါရောဗျာ။ သတိရလာတဲ့ အခါမှာတော့ ဆေးရုံကို ရောက်နေတာဗျားး

ဒါနဲ့ကျွန်တော်လည်း အနားမှာရှိတဲ့ နပ်စ်မကို “ဒီမှာ …ဆရာမလေး” “ကျွန်တော်ဆေးရုံကို ဘယ်လိုရောက်လာ တာလဲ ခင်ဗျာ?

“နပ်စ်မက .. ဒီလိုပါ လူကြီးမင်း ရှင့် ” လူကြီးမင်းက ATR ကို နိပ်လိုက်လို့ပါ။ အဲ့ဒါက Automatic Tampon Removal ပါ။ အဲ့ဒီစနစ် အလုပ်လုပ်တာက အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အော်တိုမက်တစ် ရှင်းပေးတာပါ။ လူကြီးမင်းက အဲဒီအခံမရှိတော့ လူကြီးမင်းရဲ့ ဥ (၂) လုံးကို ဆွဲဖြုတ်သွားလို့ အခုလို မေ့ပြီး ဆေးရုံ ကို ရောက်လာတာပါရှင့် ..”

“ဂိန်”

No comments:

Post a Comment