Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 1, 2019
ယောက်ျားရသွားပါပြီ။
ခရက်ဒစ်
............
Zawgyi ကနေ Unicode ပြောင်းသုံးတာ အများကြီးအကျိုးရှိပါတယ်။ ထင်ထားတာထက် ပိုမိုက်တယ်။
Unicode ပြောင်းသုံးတာ ၃ ရက်ပဲ ရှိသေးတယ်နော်။
ပေါင်ချိန်ကြည့်တော့ ၁၀ ပေါင်လောက် ကျသွားသလို
မှန်ကြည့်တော့လည်း အသားနည်းနည်း ဖြူလာတယ်။
လည်ပင်းနာနေတာ၊ ခါးနာနေတာတွေ အကုန်လုံး
ပျောက်သွားသဗျာ၊ အံ့ရော အံ့ရော။
Unicode ထည့်လိုက်တော့ ဖုန်းလည်း အရင်ကထက်မြန်လာသလို ရုပ်ထွက် resolution လည်း အတော်
ကောင်းလာတယ်။ အားသွင်းရင်လည်း ဆယ်မိနစ်နဲ့100% အားပြည့်တယ်။မနေ့ကပဲ လက်ကလွတ်ကျပြီး
ကားနင်းမိတာတောင် ဖုန်းက အက်ရာ မထင်ပါဘူး။
အရင်ကဆို တံတောင်ဆစ်နဲ့ဖိမိရင်တောင် မှန်ကွဲတဲ့ဖုန်းပါ။
ဒါက ကျွန်တော့်အတွေ့အကြုံပါ။ကျွန်တော့်အသိထဲကဝန်ထမ်းတစ်ယောက်လည်း Unicode ပြောင်းသုံးတာ
ဘာမှ မလုပ်ရဘဲ ရာထူးတိုးသွားတယ်။ အသိအပျိုကြီးတစ်ယောက်ဆို Unicode ပြောင်းသုံးပြီး သိပ်မကြာဘူး
ယောကျ်ားရသွားပါပြီ။
ဘာကြောင့်လဲတော့ ရှင်းမပြတတ်ဘူး။Unicode အစွမ်းအံ့မခန်းပါဘဲ။ဒါက ကျွန်တော်သိသလောက်လေးပါပဲ။
Unicode ညွှန်းတဲ့ဆရာတွေရဲ့အလိုအရ ဒါ့ထက်မက
စွမ်းတာတွေ ရှိပါသေးတယ်။
ခရက်ဒစ်
No comments:
Post a Comment