Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 24, 2018
Zawgyiဖြင့်ဖတ်ရန်
 ခွန်းဆင့်နေခြည်က သူမကို သရုပ်ဆောင်သူထူးစံ နဲ့ပတ်သက်ပြီး သရော်စာများပို့ကြတဲ့အပေါ်
သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ” သူထူးစံနဲ့ပတ်သတ်၍ ခွန်းဆင့်နေခြည်မှ Media များနှင့်ပရိသတ်များသို့အသိပေးစာ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သူတို့နှစ်ယောက်ရဲ့ relationship အကြောင်းကို ယခုလိုရေးသားထားပါတယ်။
........................
“သူထူးစံနဲ့ ကျွန်မ ခွန်းဆင့်နေခြည်တို့သည်လွန်ခဲ့သော ၁၆/၁၇ နှစ်လောက်က (၂၀၀၂)ခုနှစ်မှစ၍ချစ်သူတွေဖြစ်ခဲ့ကြဖူးတာကိုအနုပညာအသိုင်းအဝိုင်းအပြင် Public ကြားမှလူတော်တော်များများ သိခဲ့ကြပြီးဖြစ်ပါတယ် ချစ်သူမဖြစ်ခင်ကတော့ (၁၉၉၆/၁၉၉၇) ခုနှစ်လောက်က Sayar Jhon Lwin ရဲ့ Star Model Agency အပတ်စဉ်(၁)မှစ၍ဆရာရွေးထုတ်မွေးပေးခဲ့သော တပည့်အယောက်(၂၀) ထဲမှာကျွန်မပါဝင်ခဲ့ပြီး သူထူးစံဟာသူ့အစ်ကိုဒယ်နီယယ် နှင့်အတူလိုက်ပါလာရင်း ဆရာ့ Agency တွင် Model ဝင်လုပ်ခဲ့စဉ်ကတည်းကခင်ခဲ့ကြသည့်ငယ်သူငယ်ချင်းများဖြစ်ပါသည်။
“ပြတ်ဆဲသွားပြီးဖြစ်တဲ့ (၁၂)နှစ်ကျော်ကာလအတောအတွင်း၌ (ကျွန်မ)၏ ၁၈ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားများတွင်သူငယ်ချင်း သူထူးစံအား စာချုပ်စာတမ်းများနှင့်တကွ အနုပညာကြေးပေး၍ ဌားရမ်းကာ ပါဝင်သရုပ်ဆောင်စေခဲ့သလို တခြားထုတ်လုပ်ရေးတွေကလည်း ကျွန်မနှင့်သူထူးစံကိုလိုက်ဖက်မှုရှိတယ်လို့ယူဆကြ၍ခေါ်ယူဌားရမ်းရိုက်ကူးခဲ့ကြသည့်အတွက်ဇာတ်ကားတော်တော်များများမှာတွဲဖက်ရိုက်ကူးသရုပ်ဆောင်ခဲ့ကြရပါတယ် တချို့ပရိသတ်တွေက သူထူးစံနဲ့ကျွန်မကို သူထူးစံမင်္ဂလာမဆောင်ခင်အချိန်ထိ ချစ်သူတွေအနေနဲ့တည်ရှိနေကြတုန်းဘဲလို့ထင်မြင်နေုကြပုံရပါတယ် ဒါကြောင့်လည်း မကြာသေးခင်က သူထူးစံ တိုးတိုးတိတ်တိတ် မိန်းမယူသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မကိုတချို့တချို့သော ပရိသတ်တွေကအခြောက်တိုက်ပုဂ်္ဂိုလ်ရေးအရ မထိတထိ ပုတ်ခပ်ပြောဆိုခြင်း သရော်စာများရေးသားပေးပို့ခြင်း စတဲ့တိုက်ခိုက်မှုတွေကိုကျွန်မရင်ဆိုင်ခဲ့ရပါတယ် •••”
••• ကျေးဇူးတင်စွာဖြင့်
 ခွန်းဆင့်နေခြည်”
းခြားတဲ့ဓာတ်ပုံလေးတစ်ပုံပါပဲ.....
 Wai Lu Kyaw
 sai sai khan hlaing
ဆယ်လီတွေရဲ့ ဘာညာဘာညာ သတင်းများ
Unicodeဖြင့်ဖတ်ရန်
  ” သူထူးစံနဲ့ပတ်သတ်၍ ခွန်းဆင့်နေခြည်မှ Media များနှင့်ပရိသတ်များသို့အသိပေးစာ”
 ” လက်တလော သူထူးစံမင်္ဂဆောင်တဲ့သတင်းနဲ့အတူ ကျွန်မ ခွန်းဆင့်နေခြည်ကိုပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လာတာတွေ ကလိတာ ထေ့တာတွေ သရော်တာတွေ ကိုတော်တော်များများလာရေးကြတာတွေ့ရပါတယ် ထို့ကြောင့် ယ္ခုလိုတရားဝင်စာတင်၍ Public ကိုရှင်းရှင်းလင်းလင်းအသိပေးသင့်တယ်ထင်လို့အသိပေးလိုက်ပါတယ်••• ”
“သူထူးစံနဲ့ ကျွန်မ ခွန်းဆင့်နေခြည်တို့သည်လွန်ခဲ့သော ၁၆/၁၇ နှစ်လောက်က (၂၀၀၂)ခုနှစ်မှစ၍ချစ်သူတွေဖြစ်ခဲ့ကြဖူူးတာကိုအနုပညာအသိုင်းအဝိုင်းအပြင် Public ကြားမှလူတော်တော်များများ သိခဲ့ကြပြီးဖြစ်ပါတယ် ချစ်သူမဖြစ်ခင်ကတော့ (၁၉၉၆/၁၉၉၇) ခုနှစ်လောက်က Sayar Jhon Lwin ရဲ့ Star Model Agency အပတ်စဉ်(၁)မှစ၍ဆရာရွေးထုတ်မွေးပေးခဲ့သော တပည့်အယောက်(၂၀) ထဲမှာကျွန်မပါဝင်ခဲ့ပြီး သူထူးစံဟာသူ့အစ်ကိုဒယ်နီယယ် နှင့်အတူလိုက်ပါလာရင်း ဆရာ့ Agency တွင် Model ဝင်လုပ်ခဲ့စဉ်ကတည်းကခင်ခဲ့ကြသည့်ငယ်သူငယ်ချင်းများဖြစ်ပါသည်။
တိတိကျကျချစ်သူသက်တမ်းမှာ၂၀၀၂ မှ ၂၀၀၆ ခုနှစ်(၄နှစ်)ကြာမျှအထိရှိခဲ့ပါသည်။”
“မကြာမှီအချိန်လေးက သူထူးစံ(ခေါ်) ကိုဇော်ဇော်မိုး ရုတ်တရက်ကြီးမိန်းမယူသွားကာမှ ချစ်သူရည်းစားဇာတ်လမ်းကိုပိတ်သိမ်းပြီးခဲ့တာ(၁၂)နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဇာတ်လမ်းဟောင်းကြီးတစ်ခုကို ခုအချိန်ကျမှ ဆွဲထည့်လာပြီးဘာလို့များ ကျွန်မကို မျိုးစုံတွေဝေဖန်တိုက်ခိုက်လာကြတာလဲဆိုတာကတော့ ဝေဖန်တိုက်ခိုက်သူများက ဖြစ်ရပ်မှန် အနေအထားတွေ အခြေအနေတွေကိုမသိကြသေးလို့ဘဲဖြစ်ပါတယ် ဒါ့ကြောင့် သူ့ဘက်ကိုယ့်ဘက်သက်ဆိုင်သူများ၏ဂုဏ်သိက္ခာများအတွက် ကျွန်မ ရှင်းပြစရာတစ်ခုအဖြစ်လုံးဝ ခေါင်းထဲထည့်မထားခဲ့တဲ့ အကြောင်းအရာတစ်ခုကို အခုကျွန်မကိုယ်တိုင်ဘဲ PUBLIC ကိုတရားဝင်အသိပေးလိုက်ပါတယ်နော် (ရှင်းပြတာမဟုတ်ပါဘူး အသိပေးတာပါ) ”
“ကျွန်မက မြန်မာပြည်မှာအနေနည်းပါတယ် အမေရိကားမှာအနေပိုများပါတယ် အခုအချိန်မှာ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက်မဟုတ်တော့တဲ့ ကျွန်မဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်အတူ Stable ဖြစ်ပြီးတည်ငြိမ်အေးဆေးစွာဖြင့် ရပ်တည်နေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် ”
“ပြတ်ဆဲသွားပြီးဖြစ်တဲ့ (၁၂)နှစ်ကျော်ကာလအတောအတွင်း၌ (ကျွန်မ)၏ ၁၈ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားများတွင်သူငယ်ချင်း သူထူးစံအား စာချုပ်စာတမ်းများနှင့်တကွ အနုပညာကြေးပေး၍ ဌားရမ်းကာ ပါဝင်သရုပ်ဆောင်စေခဲ့သလို တခြားထုတ်လုပ်ရေးတွေကလည်း ကျွန်မနှင့်သူထူးစံကိုလိုက်ဖက်မှုရှိတယ်လို့ယူဆကြ၍ခေါ်ယူဌားရမ်းရိုက်ကူးခဲ့ကြသည့်အတွက်ဇာတ်ကားတော်တော်များများမှာတွဲဖက်ရိုက်ကူးသရုပ်ဆောင်ခဲ့ကြရပါတယ် တချို့ပရိသတ်တွေက သူထူးစံနဲ့ကျွန်မကို သူထူးစံမင်္ဂလာမဆောင်ခင်အချိန်ထိ ချစ်သူတွေအနေနဲ့တည်ရှိနေကြတုန်းဘဲလို့ထင်မြင်နေုကြပုံရပါတယ် ဒါကြောင့်လည်း မကြာသေးခင်က သူထူးစံ တိုးတိုးတိတ်တိတ် မိန်းမယူသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မကိုတချို့တချို့သော ပရိသတ်တွေကအခြောက်တိုက်ပုဂ္ဂိုလ်ရေးအရ မထိတထိ ပုတ်ခပ်ပြောဆိုခြင်း သရော်စာများရေးသားပေးပို့ခြင်း စတဲ့တိုက်ခိုက်မှုတွေကိုကျွန်မရင်ဆိုင်ခဲ့ရပါတယ် •••”
“ကျွန်မဟာ တချိန်တုန်းက သူထူးစံ ဆိုပြီးမဖြစ်လာခင်အချိန်ကတည်းက သူထူးစံဖြစ်တည်လာဖို့အတွက် ချစ်သူစိတ်နဲ့ရော သူငယ်ချင်းစိတ်နဲ့ရော ကိုယ့်ထက်ကြီးသူဖြစ်ပေမဲ့ မိသားစုပံ့ပိုးမှုအားနည်းခဲ့တဲ့သူဖြစ်လို့ မိဘစိတ်နဲ့ရော သူ့ရဲ့တိုးတက်ရာတိုးတက်ကြောင်းတွေဆောင်ရွက်ရာမှာ ဘက်စုံကနေအားဖြည့်ပြီး အများကြီး အကူအညီတွေပေးခဲ့ဖူးပါတယ် (သူ့ကိုလည်းကြုံရင်မေးလို့ရပါတယ်) သူ အမှန်အတိုင်းဖြေပါလိမ့်မယ် ကျွန်မနဲ့သူထူးစံဟာငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတဲ့အတွက် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ချစ်သူဇာတ်လမ်းကိုရပ်တန့်ခဲ့ကြပေမဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ရန်သူတွေလိုမဆက်ဆံကြဘဲ သူငယ်ချင်းတွေလိုဘဲ ဆက်လက်ရပ်တည်ခဲ့ကြပြီး အနုပညာအလုပ်တွေကိုကြုံရင်ကြုံသလိုတွဲဖက်လုပ်ကိုင် ရိုက်ကူးခဲ့ကြပါတယ် သူထူးစံဟာကျွန်မနဲ့ဇာတ်သိမ်းသွားပြီး(၁၂)နှစ်ကျော်အတွင်းမှာလည်း အခြားအခြားသောဇာတ်လမ်းပေါင်းများစွာကိုဖြတ်သန်းခဲ့ပြီးသူဖြစ်ပါတယ် ••• ဒါတွေကြောင့်လည်းကျွန်မသူ့ကိုချစ်သူအဖြစ်ကရပ်ဆဲခဲ့တာပါ••• ထင်ရှားကြော်ကြား လူသိများတဲ့သူတွေရဲ့နောက်ကွယ်မှာလူမသိစေချင်တဲ့အကြောင်းအရာတွေဆိုတာကတော့အများကြီးရှိနေသေးတာပေါ့နော် ”
“ခုချိန်မှာ သူထူးစံဟာ သူ့ဘဝအတွက်လက်တွဲဖော်ကိုသူနဲ့သင့်တော်မယ်ထင်လို့ သူ့ဆုံးဖြတ်ချက်နဲ့သူရွှေးချယ်သွားပြီဖြစ်သလို သူနဲ့ကျွန်မကလည်းမိတ်ဆွေသူငယ်ချင်းအဆင့်ထက် ဘာမှအပိုအလိုမရှိ ဘာမှပတ်သတ်မူ့မရှိတာ(၁၂)ကျော်ကြာနှောင်းခဲ့ပြီဖြစ်တဲ့အတွက် သူအိမ်ထောင်ကျသွားတဲ့ကိစ္စမှာ ကျွန်မကိုဆွဲထဲ့ပြီးပုတ်ခပ်ပြောဆို သရော်နေကြခြင်းတွေဟာ တချို့တချို့သောပရိသတ်တွေအနေနဲ့ အဖြစ်မှန်ကိုမသိကြသေးလို့ဆိုတာကျွန်မနားလည်ပါတယ် ဒါ့ကြောင့်ဘယ်တုန်းကမှချပြခဲ့ခြင်းမရှိတဲ့ ကျွန်မရဲ့အချစ်ရေးအကြောင်းအဟောင်းတစ်ခုကို ကျွန်မ၏ လက်ရှိသက်ဆိုင်သူ၏ခွင့်ပြုချက်အရ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ဒီတစ်ကြိမ်ထဲရှင်းရှင်းလင်းလင်းပြောပြလိုက်ခြင်းဖြစ်ပါတယ်••• ”
“ကျွန်မသည်အမေရိကားမှာ လွန်ခဲ့တဲ့နှစ်များစွာကတည်းကပင် Stable ဖြစ်နေပြီးဖြစ်ပါသည်။ အမေရိကားမှာ ကျွန်မကျောင်းတက်တယ် investment လုပ်တယ် အမြဲတန်းနေထိုင်ခွင့်လဲရထားတာကြာပါပြီ ကျွန်မဘဝဟာ အေးချမ်းသာယာနေတာလည်းကြာပါပြီ သူငယ်ချင်းသူထူးစံလဲ အခုအချိန်မှာ သူ့အိမ်ထောင်နဲ့သူ သာယာနေမှာပါ အဲ့တော့ကာ သူထူးစံ သူ့ဘာသာသူမိန်းမယူသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မဆီမဆိုင်တော့တဲ့ ကြာလှပြီဖြစ်တဲ့ဇာတ်လမ်းတစ်ခုကို အစဆွဲထုတ်ပြီး ဘုမသိဘမသိသူ တချို့က ကျွန်မကို ပုဂ္ဂိုလ်ရေးအရ ကလိတာတွေ ခနဲ့တဲ့တဲ့ပြောတာတွေ သရော်တာတွေနဲ့တိုက်ခိုက်ပြောဆိုနေကြသူများလည်း ဒီစာကို ဖတ်ပြီးရင်သဘောပေါက်သွားကြမှာပါ ဆက်ပြော ဆက်သရော် ဆက်တိုက်ခိုက်ခြင်းမျိုးတွေ လုပ်ကြတော့မှာမဟုတ်ဘူးလို့ကျွန်မယုံကြည်ပါတယ်ရှင့် ”
ဒါကြောင့်လဲ ရှင်းရှင်းလင်းလင်း အများသိသွားအောင်လို့ သိစေချင်လို့ သိသိသာသာဖြစ်သွားအောင်လို့ သက်ဆိုင်သူများ၏ဂုဏ်သိက္ခာနှင့်ရင်ဘတ်များကိုလည်း မထိခိုက်စေချင်လို့ အခုလို အမှန်တရားတစ်ခုကိုထင်ထင်ရှားရှားသိသွားအောင် ချပြပေးလိုက်ခြင်းဖြစ်ပါတယ် မမှန်မကန်ရေးသားထားတာဘာတစ်ခုမှမပါဝင်ပါ။ ဒီထက်မကတဲ့ အသေးစိတ်တွေကိုရေးပြလို့ရသေးပေမဲ့ နှစ်ဦးနှစ်ဘက်သက်ဆိုင်သူများ၏ ဂုဏ်သိက္ခာများကိုငဲ့ကွက်၍ ဒီလောက်ဆိုလုံလောက်ပြီလို့ထင်ပါတယ် မစီမဆိုင် သရော်စာများပေးပို့နေကြခြင်းများကိုလည်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ် ဒါပါဘဲနော် ••• ကျေးဇူးတင်စွာဖြင့် ခွန်းဆင့်နေခြည်” ဆိုပြီးပြောထားတာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူထူးစံနဲ့ သူမရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားတာ ၁၂ လောက်ရှိပြီဖြစ်ပြီး သူတို့နှစ်ယောက်က သူငယ်ချင်းလိုခင်မင်ကြတာဖြစ်တာကြောင့် သရော်စာများပို့ခြင်း ကို ရပ်တန့်ပေးဖို့ တောင်းဆိုထားတဲ့ စာပဲ ဖြစ်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊၊
Source;nay chi’s facebook
No comments:
Post a Comment