Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

ကလေးမုဒိန်းသမားတွေကို အဆိုတော်လင်းလင်းက ဒီလိုပဲပြတ်ပြတ်သားသားပြောတယ်။


လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပြင်ဦးလွင်မှာ  (၈)နှစ်အရွယ် မိန်းကလေးတစ်ဦးကို
ရက်စက်စွာ ညှင်းပန်းနှိပ်စက်မုဒိန်းကျင့်ပြီးရိုက်နှက်ကာ သေပြီအထင်နဲ့
 ချုံပုတ်တစ်ခုအတွင်း စွန့်ပစ်ထားခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့အပြောအရ "မျက်နှာတစ်ပြင်လုံး (အဆိုးဆုံးက ညာဖက်မျက်လုံးပါ) ထိုးကြိတ်နှိပ်စက်ထားလို့ ဖူးယောင် ညိုမည်းနေတာ မြင်လို့တောင် မကောင်းတာပါ ...သူစိမ်းတောင် သမီးလေးကိုကြည့်ပြီး မျက်ရည်ကျရပါတယ် မိသားစုဝင်ဆိုရင် ဘယ်လောက်များ ခံစားရမလဲ ...
စိတ်ရှိတိုင်း နှိပ်စက် .. မုဒိန်းကျင့်ပြီးမှ သေပြီအထင်နဲ့ ပြင်စာမှာ ပစ်ခဲ့တာပါ ."
အဓမ္မကျင့်သူက မိန်းကလေးကို ဆိုက်ကယ်ပေါ်တင်ကာ သွေးဆောင်ဖြားယောင်းသွားပြီး ရိုက်နှက်၊ မုဒိမ်းကျင့်ကာ သေပြီအထင်နှင့် ပြင်စာရွာအနီး တောစပ်တွင် ပစ်ထားခဲ့တာပဲဖြစ်ပါတယ်။
ကလေးငယ်သည် သတိရနေသော်လည်း ထိုနေရာ ကို မည်သို့ရောက်ရှိနေကြောင်း ပြန်လည် ပြောပြနိုင်ခြင်းမရှိခဲ့ကြောင်း၊ အောက်ပိုင်း အဝတ်မပါ၊ မျက်နှာ အနှံ့ ဖူးယောင် သွေးထွက်နေခြင်းများ ရှိနေပြီး ယင်းသွေးများ ခြောက်သွေ့နေကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။<br />
ဒီလိုသက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး အဆိုတော်လင်းလင်းပြောလိုက်တဲ့စကားကတော့
သိပ်ပြီးသွယ်ဝိုက်မနေပဲ ခပ်ရှင်းရှင်း၊ခပ်ပြတ်ပြတ်ပါပဲ။
 “၈ နှစ်သမီးလေးကို ဆိုင်ကယ်နဲ့ခေါ်တင်သွားပြီး မုဒိန်းကျင့်တာသေချာတယ်ဆိုရင် တွေ့တာနဲ့ဒီကောင့်ရဲ့ ကိုယ်ခန္ဓာကိုတစ်ပိုင်းစီ သေသေချာချာ ပြင်ဆင်ပြီး ရဲလက်ကို အပ်ကြစို့ ကိုယ့်ဘော်ဒါတို့” 
လို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးတင်ထားတာပါ။
လူသိများတဲ့ ဆယ်လီဘရစ်တီတစ်ယောက်မို့ သူရဲ့ခုလိုပြောဆိုလှုံ့ဆော်မှုဟာ အများကြီးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။
သက်ငယ်မုဒိန်းမှုဟာအရေးတယူဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်တယ်ဆိုတာ
လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိစေမှာလည်းဖြစ်ပါတယ်။
ကလေးများအတွက်လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့မြန်မာပြည်သားတိုင်းမှာတာဝန်ရှိပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီး


 missing girl
  • သမီး အရင်း ဖြစ်သူအား သားမယား ပြုကျင့်မှု့ဖြစ်ကာ ကိုယ်ဝန် ၇ လရှိနေ

No comments:

Post a Comment