Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 11, 2018
ကာမလိမ်​လည်​မူ ဖြစ်​စဉ်​ကို ပရဟိတနဲ့ ကာဗာလုပ်​​နေတဲ့ ​ဝေဠု​ကျော်​ ကိုပန်ဆယ်လိုဒဲ့ ၀ုန်းပြီ
.................................................
ဟီလာထနေတာပဲ။
ယောက်ျားပဲ… ရရင်တော့ ဘုမှာပဲဆိုတဲ့ ဘောင်ထဲက လုပ်ခဲ့ရင် မိန်းမပဲ… မရရင်တော့ ရသလို ပြန်ဘွတ်မှာပဲဆိုတဲ့ ဘောင်ထဲက အကွက်တွေကိုလည်း ကြုံရင် ကြုံရနိုင်တာပဲ။
တကယ်… 😤
ပန်​ဆယ်​လို 
#Unicode Version#ပန်​ဆယ်​လို ကအခုတ​လော ​ဖေ့ဘွတ်​မှာ ဂယက်​ထ​နေတဲ့ ပရဟိတ မင်​းသားကြီးရဲ့ ဇာတ်​ရှုပ်​ကို  ခုလို ​ဒဲ့​ပြောလိုက်​ပါတယ်။
.................................................
ငယ်သေးလို့ မရင့်ကျက်သလို တုန့်ပြန်တယ်ဆိုရအောင်လည်း အသက်နဲ့တွက်ရင် သေဖို့ ဘွတ်ကင်ကြိုယူထားလောက်တဲ့ အရွယ်ရောက်နေပြီ။
ပြောပုံဆိုပုံကြီးက ကလေးကွက်တွေ…
ဟီလာထနေတာပဲ။
သမီးရည်းစားကိစ္စ၊ သမီးရည်းစား ပြသနာဆိုတာ အမှန်တရားဟာ တစ်ဖက်တည်းမှ မရှိသလို ဝင်ရောက်ဆုံးဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ နှစ်ဖက်စလုံး အမှန်တွေ အမှားတွေ ရှိနေမှာပဲ။ ပြောတဲ့လူတွေကလည်း ကိုယ်ပြောရင် ကိုယ်မှန်တယ်ထင်အောင် ပြောမှာပဲ။
တရားစွဲမယ်ဆိုတဲ့ကိစ္စကလည်း သူ့ဘက်က စွဲနိုင်လောက်တဲ့ ကိစ္စရှိလို့ပေါ့။ သမီးရည်းစားဖြစ်တိုင်း တရားစွဲမခံရဘူးဆိုတာ အမှန်ပါ။ ဒါပေမယ့် တရားစွဲမယ်ဆိုရင်လည်း စွဲလို့ရတဲ့ ကိစ္စတွေရှိရင်၊ တစ်ဖက်က စွဲရဲရင် အစွဲခံရမှာပဲ။
ငါတော့ တစ်သက်လုံးစားလာတာဟေ့… သူနဲ့မှ အစွဲခံရတယ်… ဝဋ်ကြွေးတွေပါဆိုရင်လည်း လည်လွန်းတဲ့ဘီး တစ်ခါတစ်လေ ချေးသင့်တယ်ဆိုတာ ထိုက်တန်တာပဲလေ။
အစွဲမခံရဘဲ ပတ်စားခဲ့ပြီး လွတ်နေတဲ့သူတွေလည်း ရှိရင် ရှိနေမှာပဲ။ အဲ့လိုရှိနေလို့ ငါ့မှ အစွဲခံရတာ မတရားဘူး ထင်ရင်လည်း ထင်နေမှာပေါ့။ အဲ့အထိ လက်ခံတယ်။
ခံစားမရတာက ဒီလိုကိစ္စတွေ ဖြစ်လာပြီဆိုရင် ဒီအသက်အရွယ်ရောက်နေတဲ့ ပြည်သူသိ လူတစ်ယောက်အနေနဲ့ ဒီ့ထက် တည်တည်ငြိမ်ငြိမ်ဖြေရှင်းသင့်တယ် ထင်တာပဲ။ ရိသလို ရွဲ့သလို တဟီဟီနဲ့ တမင်ကြီး မထီမဲ့မြင် လုပ်ပြနေသလိုကြီး။
ပြီးတော့ အဆင့်ဆိုတဲ့စကား။ အဆင့်မတူဘူးထင်ရင် အစကတည်းက အဆင့်မတူတဲ့အတန်းအစားနဲ့ မပတ်သက်နဲ့လေ။ ဟွာတုန်းက အဆင့်တူနေပြီး ဟွာပြီးမှ အဆင့်ဆိုတာ ရှိတယ် ဘလာဘလာကျ တစိတ်လွန်လွန်းသကွယ်။
ဟုတ်ပါတယ်…. အခုခေတ်မှာ လက်မထပ်ဘဲ အတူအိပ်ကြသူတွေ များလွန်းပါတယ်။ ရရင်တော့ ဘုမှာပဲဆိုတဲ့ လူတွေလည်း အများကြီးပါ။
ယောက်ျားပဲ… ရရင်တော့ ဘုမှာပဲဆိုတဲ့ ဘောင်ထဲက လုပ်ခဲ့ရင် မိန်းမပဲ… မရရင်တော့ ရသလို ပြန်ဘွတ်မှာပဲဆိုတဲ့ ဘောင်ထဲက အကွက်တွေကိုလည်း ကြုံရင် ကြံုရနိုင်တာပဲ။
အမျိုးသမီးအများစုက အဲ့လိုကြောသွားသူတွေနဲ့ တွေ့ရင် ငါယုံလို့ပုံမိတာ ငါ့အမှားလည်း ပါတယ်ဆိုပြီး ငြိမ်ခံနေကြသူတွေ၊ ပတ်ဝန်းကျင်မှာ အဝေဖန်ခံရမှာ လူပိုသိမှာကြောက်လို့ ငြိမ်ကျန်ခဲ့ရသူတွေ တစ်ပုံကြီးပါ။
အဲ့တော့ စားပြီးနားမလည်ဆိုတာ အခုခေတ်မှာ အစဉ်အလာလိုလိုကို ရပိုင်ခွင့်တစ်ခုလိုလိုကို ဖြစ်နေကြတာပါ။ အဲ့ထဲကမှ ချွန်ထွက်လာပြီး စားပြီးရင် နားလည်အောင် ရင်းပြလုပ်ပြတဲ့ အချို့နဲ့တွေ့ရင် အခုလိုဖြစ်တတ်ပါတယ်။
Related image
မိန်းမဆိုတဲ့အမျိုးက တော်ကီနဲ့ချုပ်ရင် ချီးကျွေးရင်တောင် နှာခေါင်းမပါ စားချင်ကြတဲ့အမျိုး။ အချစ်ဆိုတာ မိန်းမတွေအတွက် ကြီးကျယ်ခမ်းနားကြပါတယ်။ ဒါမျိုးကျ လည်လွန်းတဲ့ ဘဲတွေက အဆင်ပြေတယ်။
အချို့ဆို စားပြီးနားမလည် လုပ်သွားတာတောင် မနာနိုင်ဘဲ တသသကျန်ရစ်ခဲ့ရလောက်အောင် ဂေါ်တယ်။ စားပြီးနားမလည်အပြင် ဝါးပြီးထွေးထုတ် တိုင်မှတ်လို့ နှပ်သုတ်ပြီး အဆင့်တွေ ဘာတွေညာတွေ သွားသမရင်တော့ တုန့်ပြန်ခံရတတ်တာပဲ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ထက် ချိတ် ချိတ်ချင်းချိတ်ကြတာလို့ပဲ မြင်တယ်။
မကြိုက်ဆုံးအချက်က ပရဟိတကို ကာဘာလုပ်သွားတဲ့အချက်ပဲ။ သူ့ကို တရားစွဲလို့ ထောင်ထဲရောက်ရင် သူ့အလုပ်ကို တရားစွဲတဲ့မိန်းမဝင်လုပ်ပေးမလားတဲ့။ ဒါဆို ပရဟိတလုပ်တာနဲ့ ဘာလုပ်နေနေ ဘာမှ ပြန်မလုပ်ရဘူးဆိုတဲ့ သဘောလား။ ပရဟိတလုပ်တာ ဒီလိုရည်ရွယ်ချက်လား။
ဒီစကားကြီးကို ပြောချသွားတာတော့ အတော်ရှော့ရတယ်။ စိတ်ထဲမှာ တကယ်အဲ့လို မြင်နေတယ်ဆိုရင်တောင် ထုတ်ဖော်ပြောသွားတာဟာ ပရဟိတလုပ်နေသူတွေအတွက် အတော်အန္တရာယ်များတဲ့ စကားပဲ။
ပရဟိတဆိုတဲ့စကားလုံးဟာ သိပ်တန်ဖိုးရှိပါတယ်။ အဲ့လိုပဲ ပရဟိတလုပ်နေတဲ့သူတွေဟာလည်း သိပ်အဖိုးတန်ပါတယ်။ အဖိုးတန်ရင် အဖိုးတန်သလို နေထိုင်ဆောင်ရွက်ရပါမယ်။ သူတော်စင်ကြီးလို နေထိုင်နေရမှာ မဟုတ်ပေမယ့် လူ့ကျင့်ဝတ်နဲ့ မညီတဲ့ ကိစ္စတွေ အပြောအဆိုမျိုးတွေကိုတော့ ပရဟိတနဲ့ ကာဘာမလုပ်ပါနဲ့။
အစက တရားစွဲမယ်ဆိုတဲ့ တစ်ယောက်ကို သဘောမကျဖြစ်နေတာ
သူပြောတာ ကြည့်မှ စိတ်ပါလေသွားတယ်….
တကယ်… 😤
ပန်​ဆယ်​လို ​
No comments:
Post a Comment