Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

မိုးေအာင္ရင္နဲ႔ ပတ္သက္ျပီး ႏိုင္ငံေတာ္ သမၼတထံသို႔ အိတ္ဖြင့္ေပးစာ

အလွမယ္ေလာကကေနျပီးေတာ့ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ဦးျဖစ္တဲ့ ကခ်င္ျပည္နယ္မွ ရဝမ္တုိင္းရင္းသူေလး ဆာရာေဆာင္းဦးက အႏုပညာေမာင္ႏွမတစ္ဦးျဖစ္သူ မုိးေအာင္ရင္အတြက္ ႏိုင္ငံေတာ္သမၼတၾကီးထံသုိ႔ အိတ္ဖြင့္ေပးစာ ေရးသားေပးပို့လိုက္ပါတယ္။
.........................................

ႏိုင္ငံေတာ္ သမၼတႀကီးထံသို႔အိတ္ဖြင့္ေပးစာ။

ႏိုင္ငံေတာ္သမၼတႀကီး႐ွင့္…။

ႏိုင္ငံသားတေယာက္အေနျဖင့္ ႐ိုေသေလးစြာ တင္ျပအပ္ပါသည္။သမီးတင္ျပလိုေသာ အေၾကာင္းအရာ မွာ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ရာဇသတ္​ၾကီးမႈအမွတ္ ၂၇၀/၁၆ျဖင္​့စစ္ေဆးေနသည္​့ မူးယစ္ေဆးဝါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ ၁၉ (က)ျဖင့္ အလုပ္​ႏွင္​့​ေထာင္​ဒဏ္​ ၁၂ႏွစ္​ကို ဒီဇင္​ဘာလ ၁၂ရက္​​ေန႔က ရန္ကုန္အ​​ေ႐ွ႕ပိုင္​းခ႐ိုင္​တရားရံုးမွာ အၿပီးသတ္​ အမိန္​႔ခ်မွတ္​လိုက္​သည္ဟု တရားဝင္
သတင္းမီဒီယာ မ်ားေဖာ္ျပခ်က္အရ သိရိွရပါတယ္႐ွင့္။ ျပီးခဲ့ေသာႏိုဝင္ဘာ၂၆ရက္ေန႔ မွာလည္း သံုးစြဲမႈႏွင့္ ၅ႏွစ္ စုစုေပါင္း ၁၇ ႏွစ္ျပစ္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္ပါတယ္႐ွင့္။
သမီးကေအာင္ျမင္ေသာအႏုပညာ႐ွင္တေယာက္ အျဖစ္ရပ္တည္ႏိုင္ရန္ ႀကိဳးစားေနသူ တေယာက္ ျဖစ္ေသာ္လည္း ယခုစာကို အႏုပညာေလာကသား တေယာက္အေနျဖင့္ေရးသားျခင္း မဟုတ္ဘဲ ႏိုင္ငံသားတေယာက္၏ ကိုယ္ခ်င္းစာစိတ္ျဖင့္သာ ေရးသားရျခင္းျဖစ္ပါ တယ္႐ွင့္။
သမီးကဘဲြရ ပညာတတ္တေယာက္ျဖစ္ေသာ္လည္း ဥပေဒႏွင့္ ဥပေဒပညာရပ္မ်ားကို နားမလည္ပါ႐ွင့္။သို႔ပါေသာ္လည္း ႏိုင္ငံသားတိုင္းသည္ ႏိုင္ငံေတာ္မွ ခ်မွတ္ထားေသာဥပေဒအကာအကြယ္ကို ရႏိုင္ရန္အခြင့္အေရးရိွသည္ဟု မွတ္သားဘူးပါတယ္႐ွင့္။ထိုအခ်က္ေၾကာင့္ဘဲ သမီးအေနျဖင့္ ယခုစာကို ေရးသားရျခင္းျဖစ္ပါတယ္႐ွင့္။

ယခု သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ခ်မွတ္ေသာ အျပစ္ဒဏ္သည္ သူက်ဴးလြန္ခဲ့ေသာ ျပစ္မူ႔ထက္ ပို၍ မ်ားျပားေနသည္ဟု ႐ိုးသားစြာယူဆမိပါေသာေၾကာင့္ ႐ိုေသေလးစားရပါေသာ ႏိုင္ငံေတာ္ သမၼတႀကီး အေနျဖင့္ အမူ႔ျဖစ္စဥ္ စလယ္ဆံုးကို သားသမီးရင္းကဲ့သို႔ ေမတၱာတရား ၊ ဂ႐ုဏာတရား ထား၍ ျပန္လည္စီစစ္ သံုးသပ္ၿပီး ျပစ္ဒဏ္ကို ေျပာင္းလဲ ခ်မွတ္ေပးႏိုင္ပါရန္ အေၾကာင္းၾကားတင္ျပအပ္ပါသည္႐ွင့္။ ႏိုင္ငံေတာ္ သမၼတႀကီး အေနျဖင့္လည္း ႏိုင္ငံတာဝန္မ်ားကို ကိုယ္စိတ္ႏွစ္ပါး က်မ္းမာခ်မ္းသာစြာျဖင့္ လြယ္ကူစြာ ထမ္းေဆာင္ႏိုင္ပါေစရန္ ဆုေတာင္းေမတၱာ ပို႔သ အပ္ပါသည္႐ွင့္…။

သမီးဆာရာေဆာင္ဦး

ဤစာကို ႏိုင္ငံေတာ္သမၼတ ရံုး တာဝန္ရိွ ပုဂၢိဳလ္မ်ားေတြ႕ရိွၿပီး …ထိုမွတဆင့္တဆင့္ ႏိုင္ငံေတာ္သမၼတႀကီးထံ ေရာက္ႏိုင္ေစ ရန္ အတြက္ ႏိုင္ငံသားျခင္း ကိုယ္ခ်င္းစာနာမူ႔ျဖင္႔ဝိုင္းဝန္း share လုပ္ေပးၾကေစလိုပါတယ္႐ွင့္။
..................................
အလှမယ်လောကကနေပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ်မှ ရဝမ်တိုင်းရင်းသူလေး ဆာရာဆောင်းဦးက
အနုပညာမောင်နှမတစ်ဦးဖြစ်သူ မိုးအောင်ရင်အတွက် နိုင်ငံတော်သမ္မတကြီးထံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။


နိုင်ငံတော် သမ္မတကြီးထံသို့အိတ်ဖွင့်ပေးစာ။

နိုင်ငံတော်သမ္မတကြီးရှင့်…။

နိုင်ငံသားတယောက်အနေဖြင့် ရိုသေလေးစွာ တင်ပြအပ်ပါသည်။သမီးတင်ပြလိုသော အကြောင်းအရာ မှာ သရုပ်ဆောင်မိုးအောင်ရင်ကို ရာဇသတ်​ကြီးမှုအမှတ် ၂၇၀/၁၆ဖြင်​့စစ်ဆေးနေသည်​့ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အလုပ်​နှင်​့​ထောင်​ဒဏ်​ ၁၂နှစ်​ကို ဒီဇင်​ဘာလ ၁၂ရက်​​နေ့က ရန်ကုန်အ​​ရှေ့ပိုင်​းခရိုင်​တရားရုံးမှာ အပြီးသတ်​ အမိန်​့ချမှတ်​လိုက်​သည်ဟု တရားဝင်
သတင်းမီဒီယာ များဖော်ပြချက်အရ သိရှိရပါတယ်ရှင့်။ ပြီးခဲ့သောနိုဝင်ဘာ၂၆ရက်နေ့ မှာလည်း သုံးစွဲမှုနှင့် ၅နှစ် စုစုပေါင်း ၁၇ နှစ်ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပါတယ်ရှင့်။
သမီးကအောင်မြင်သောအနုပညာရှင်တယောက် အဖြစ်ရပ်တည်နိုင်ရန် ကြိုးစားနေသူ တယောက် ဖြစ်သော်လည်း ယခုစာကို အနုပညာလောကသား တယောက်အနေဖြင့်ရေးသားခြင်း မဟုတ်ဘဲ နိုင်ငံသားတယောက်၏ ကိုယ်ချင်းစာစိတ်ဖြင့်သာ ရေးသားရခြင်းဖြစ်ပါ တယ်ရှင့်။
သမီးကဘွဲရ ပညာတတ်တယောက်ဖြစ်သော်လည်း ဥပဒေနှင့် ဥပဒေပညာရပ်များကို နားမလည်ပါရှင့်။သို့ပါသော်လည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်မှ ချမှတ်ထားသောဥပဒေအကာအကွယ်ကို ရနိုင်ရန်အခွင့်အရေးရှိသည်ဟု မှတ်သားဘူးပါတယ်ရှင့်။ထိုအချက်ကြောင့်ဘဲ သမီးအနေဖြင့် ယခုစာကို ရေးသားရခြင်းဖြစ်ပါတယ်ရှင့်။

ယခု သရုပ်ဆောင် မိုးအောင်ရင်ကို ချမှတ်သော အပြစ်ဒဏ်သည် သူကျူးလွန်ခဲ့သော ပြစ်မူ့ထက် ပို၍ များပြားနေသည်ဟု ရိုးသားစွာယူဆမိပါသောကြောင့် ရိုသေလေးစားရပါသော နိုင်ငံတော် သမ္မတကြီး အနေဖြင့် အမူ့ဖြစ်စဉ် စလယ်ဆုံးကို သားသမီးရင်းကဲ့သို့ မေတ္တာတရား ၊ ဂရုဏာတရား ထား၍ ပြန်လည်စီစစ် သုံးသပ်ပြီး ပြစ်ဒဏ်ကို ပြောင်းလဲ ချမှတ်ပေးနိုင်ပါရန် အကြောင်းကြားတင်ပြအပ်ပါသည်ရှင့်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့်လည်း နိုင်ငံတာဝန်များကို ကိုယ်စိတ်နှစ်ပါး ကျမ်းမာချမ်းသာစွာဖြင့် လွယ်ကူစွာ ထမ်းဆောင်နိုင်ပါစေရန် ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်ရှင့်…။

သမီးဆာရာဆောင်ဦး

ဤစာကို နိုင်ငံတော်သမ္မတ ရုံး တာဝန်ရှိ ပုဂ္ဂိုလ်များတွေ့ရှိပြီး …ထိုမှတဆင့်တဆင့် နိုင်ငံတော်သမ္မတကြီးထံ ရောက်နိုင်စေ ရန် အတွက် နိုင်ငံသားခြင်း ကိုယ်ချင်းစာနာမူ့ဖြင့်ဝိုင်းဝန်း share ပေးကြစေလိုပါတယ်။

No comments:

Post a Comment