Latest News

Friday, August 11, 2017

မြောက်ပိုင်း ကျောင်းသားတပ်မတော် သတ်ဖြတ်မှု မင်းသားနေမင်းကရုပ်ရှင်ရိုက်ကူးမည့်ကိစ္စ ကျောင်းသားတပ်မတော်ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အမြင်


နန်းအောင်ထွေးကြည်အကြောင်းရုပ်ရှင်ရိုက်မယ်လို့ သတင်းထွက်လာအပြီးမှာ မြောက်ပိုင်းကိစ္စပြန်ပြောဖြစ်လာကြပါတယ်၊ အခုအောက်မှာ ၂၀၁၂ ခုနှစ်လောက်ကတည်းက ကျွန်တော်ထုတ်ပြန်ကြေညာခဲ့တာကိုလည်း မသိရသူများ ဖတ်ရအောင်ထပ်မံဖြန့်ဝေလိုက်ပါတယ်။

ကျွန်တောလဲ ဒီရက်ပိုင်းထဲမှာ အလုပ်တော်တော်ရှုပ်နေတဲ့အတွက် ချက်ချင်းတုန့်ပြန်မပြောဘူး...နောက်မှဘဲ အေးအေးဆေးဆေးပြောပြမလို့ပါဘဲ...ဒါပေမယ့် ခံစားချက်ဖြစ်နေကြတဲ့ရဲဘော်တွေက.....ကာယကံရှင်တွေ ငြိမ်နေကြတယ်ဆိုပြီးဖြစ်မှာစိုးလို့ အနည်းအကျဉ်းရေးပြလိုပါတယ်....

၁။ ကျွန်တော့်စာထဲမှာပါတဲ့အတိုင်း ကျွန်တော်တို့ တောင်ပိုင်းဗဟိုကော်မတီဟာ ဖြစ်ပွားတဲ့ကိစ္စကို နောက်မှသိရသလို၊ အပြစ်ပေးဘို့ အမိန့်ပေးတဲ့အထဲထဲမှာလည်း ကျွန်တော်တို့ဆုံးဖြတ်ချက်မပါခဲ့ပါဘူး။ သို့သော် ဗဟိုကော်မတီပြီပြီ ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်၊ တာဝန်ယူတာဝန်ခံခဲ့ပါတယ်။ ကျန်ရှိသူတွေကို ဆက်လက်အရေးယူမှုတွေမလုပ်ဘဲ မိဘများထံပြန်လည်အပ်နှံဘို့ သွားရောက်ညှိနှိုင်းပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ABSDF ရဲ့ တရားစီရင်ရေးပုံစံကိုပြုပြင်ခဲ့ပါတယ်။


၂။ ကျွန်တော်မြောက်ပိုင်းကို ရောက်သွားတုန်းက နန်းအောင်ထွေးကြည်ရဲ့ ဦးလေးတော်စပ်သူပါပါတယ်။ သူကူညီလို့သာ ကျွန်တော်လဲ ရောက်သွားနိုင်တာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အပြစ်ပေးအရေးယူမှုပြီးသွားလို့ ၂ လကျော်နေပါပြီ။ နန်းအောင်ထွေးကြည်ကို ယူနီဖေါင်းဝတ်နဲ့ ရဲဘော်တစ်ယောက်အနေနဲ့တွေ့ရတာပါ။ အဲဒီအချိန် သူ့ကို အစိုးရသက်သေပုံစံမျိုး ပြန်လွှတ်ထားပါတယ်။ သိရသလောက်က သူက မြောက်ပိုင်းမှာ စပိုင်တွေဝင်ခဲ့တယ်ဆိုတဲ့ ရေလှိုင်းစစ်ဆင်ရေးအကြောင်းကို ဖေါ်ထုတ်ပေးခဲ့လို့ သက်သေအနေနဲ့လွှတ်ပေးလိုက်တယ်လို့ဘဲသိရပါတယ်။ ပြစ်ဒါဏ်အပေးခံရတဲ့သူတော်တော်များများလဲ သူ့ရဲ့ အဲဒီထွက်ချက်အရဘဲပြစ်ဒါဏ်ပေးတယ်လို့ ကျွန်တော်တို့ကိုပေးသိပါတယ်။ သက်ဆိုင်ရာ မပ မှာ တာဝန်ရှိတဲ့သူတွေ ယနေ့ထက်ထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ ကျွန်တော်နဲ့ သူ့ဦးလေး ရဲ့ပန်ကြားချက်နဲ့ဘဲ နန်းအောင်ထွေးကြည်ကို သူ့ဦးလေးနဲ့ ထိုင်းကိုထည့်ပေးလိုက်ဘို့ မပ က သဘောတူခဲ့ပါတယ်။ နောက်ပိုင်း နန်းအောင်ထွေးကြည်ထိုင်းကိုရောက်လာပြီး သြစတေးလျကို ရောက်သွားတယ်လို့ဘဲ သိရပါတယ်။

၃။ နန်းအောင်ထွေးကြည်ကိစ္စနဲ့ပါတ်သက်ပြီး အဖြစ်မှန်ကို သေသေချာချာမသိ၊ မစူးစမ်းဘဲ ရုပ်ရှင်ရိုက်မယ့်ကိစ္စကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးအတွက် ထိပ်ဆုံးက အသက်တွေပေးတာဝန်ယူခဲ့ရတဲ့ ABSDF တခုလုံးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်ရင်တော့ ပြင်းပြင်းထန်ထန် တုန့်ပြန်ရမှာဖြစ်ပါတယ်။ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို မှားယွင်းစွာခံစားခဲ့ရသူများကို ကိုယ်ချင်းစာနားလည်ပါတယ်။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေလဲ ဖြစ်သင့်တယ်လို့ အမြဲပြောပါတယ်။
၎။ မြောက်ပိုင်းကိစ္စကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းကတော့ အဲဒီလိုအရေးယူလိုက်တဲ့အထိဘာလို့ဖြစ်သွားတာလဲဆိုတဲ့ အဖြစ်မှန်ကိုဖေါ်ထုတ်ဘို့ပါဘဲ။ အဲဒီအတွက် သက်ဆိုင်ရာကာယကံရှင် မြောက်ပိုင်းပြန်ရဲဘော်များ၊ အဲဒီအချိန်က မြောက်ပိုင်းနဲ့ တောင်ပိုင်းဗဟိုမှာတာဝန်ယူခဲ့ကြတဲ့ခေါင်းဆောင်များ၊ လက်ရှိ ABSDF ဗဟိုတာဝန်ရှိသူများ မျက်နှာချင်းဆိုင်စုံပြီးဖေါ်ထုတ်ကြမှသာဖြစ်ပါမယ်။ ကျွန်တော်တို့လည်း အကုန်မသိနိုင်ခဲ့ပါဘူး။ မြောက်ပိုင်းပြန်ရဲဘော်များလည်း အကုန်သိနိုင်မယ်မထင်ပါဘူး။ လက်ရှိ ABSDF ကတာဝန်ယူထုတ်ခဲ့တဲ့ အစီရင်ခံစာကလည်း လိုရင်းကို ရောက်အောင်မသွားနိင်ခဲ့ပါဘူး။ ပြည်သူများအနေဖြင့်လည်း ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး နဲ့ ဦးတဲ့လူပြောတာကို ယုံနေရသလိုဖြစ်နေတာပါဘဲ။
အဲဒီတော့ ဒီလိုမရှင်းနိုင်သေးခင်မှာ ပိုပြီးရှုပ်ထွေးစေမယ့် တင်းမာစေမယ့်အပြုအမူများအားလုံးကို မည်သူမဆိုသတိကြီးကြီးနဲ့ ရှောင်ရှားကြဘို့ မေတ္တာရပ်ခံချင်ပါတယ်။
လေးစားစွာဖြင့်
နိုင်အောင်
https://www.facebook.com/DNA.FREEBURMA/posts/10154527066206017
CC: Kyaw Kyaw Nyein Chan



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်

လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူ မှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။ မိမိအနေဖြင့် လက်ရှိကာလတွင် `မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။ မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်းခဲ့ရသော အဖြစ်မှန် များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊ တသင်းတဖွဲ.ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်း ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ
(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများအားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေအသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံးသပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး အပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသောစခန်းများကို အခြေခံ၍ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။

၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူ ညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသောသက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ ဤကာလအတွင်း ကျောင်းသား တပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလို ကျောင်းသားအမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက် သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။
`မကဒတ´ ကို တဆင့်ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပ ခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဌ၊ မိမိက ဒု-ဥက္ကဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ် မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါ သည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန် ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာ သော ကာလလည်းဖြစ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများ နှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာ ပြည်နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။
တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်း ဆောင်မှုတိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ် မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့် ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယ အကြိမ်ညီလာခံ
တိုင်းရင်းသား မဟာမိတ်အဖွဲ.အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြုလုပ်နေသည့် အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင်နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီး အကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။
တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများ လွှမ်းမိုးနေသည်ဟူသော စွပ်စွဲတိုက်ခိုက်မှုဖြင့် ယာယီတော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည်. စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်း ရှိနေပါသည်။
ဤယာယီတော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။
သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ. (နေ.လည်ပိုင်း) အစည်း အဝေးတွင် တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။
ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသောထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စား လှယ်တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း ယင်းညီလာခံသို. တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်၊

မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့ ၁၉၉၁ခုနှစ်)
သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူ သူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ် သည်. ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူ များလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။
မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်း သစ္စာကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်။ သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း အနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည်. မိမိအနေ ဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ.၊ ရှေ.လုပ်ငန်းစဉ်ရေးဆွဲရေးအဖွဲ.နှင့် စစ်ရေးလမ်းစဉ်ရေးဆွဲ ရေးအဖွဲ.ဆိုသည်. အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီး ညီလာခံကို ခေတ္တရပ်နားခဲ့ပါသည်။ လုံခြုံရေးအခြေအနေအရ (၁၃)ရက် နေ.တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်.တွင် မာနာပလော၌ ညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။
မာနာပလောတွင်လည်း ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နား လိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင် ကိုမိုးသီးဇွန်တို.ဘက် က အများစု၏ လျို.၀ှက်ဆန္ဒမဲဖြင့် ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြား ၀င်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ်တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။
ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော် အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်. သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက်ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့် ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။
မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်းလက်ပမ်းကြလာပြီး သံလွင်စခန်းတွင်ပြန်လည်ပြုလုပ်ကြရန်ပြော သဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့် အကွဲအပြဲဖြစ်သည်အထိ ရောက်ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကို အလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။
မိမိတို့ အနေဖြင့် ညီလာခံဆက်လက်ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မည်ဟု ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူစခန်းမှ ခွဲထွက်သွားသောအဖွဲ့များ၊ ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့် ပထမအကြိမ်ညီလာခံသက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်း တချို. ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့်ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။
မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံကိုယ်စားလှယ်အများစုနှင့် ညီလာခံကို ဆက်လက်ကျင်းပပြီး တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။ ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။
ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများ ထိုင်းဖက်ကမ်းသို့ ရွှေ့ပြောင်းနေ ရပြီး၊ ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်းကူညီဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို. ဗဟိုကော် မတီ၏ ဗဟိုဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက်ထူထောင်ရန် ညွှန် ကြားချက်များ ပေးလိုက်ပါသည်။
၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌ စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိတို.ဘန်ကောက်ရုံးမှ ပေးပို.သည်.ကြေးနန်း မိမိတို့ တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို. သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ ပါသည်။ မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါ သည်။
၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေ ကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီတခုလုံးအား ယုံကြည်ရန်ခက်ခဲနေခြင်း ကြောင့် ၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ မကဒတ မြောက်ပိုင်းကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။
မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။
မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ မသိရသေးသော် လည်း မကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန်သတိကြီးစွာဖြင့် ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့် ပိုမိုသတိ ထားရပါသည်။ ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုး မလုပ်သင့်ကြောင်း၊ ရန်သူ့ သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်း တွင် သူ့တူမဖြစ်သူတစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေ ဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့် မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။
ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း (သို့မဟုတ်) အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီ တောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏ သဘောဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍ ကိုင်တွယ်ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။ နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းသိရှိခဲ့ရပြီးနောက် မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီးစိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။
ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း
KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။ မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့ မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။
မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေးအရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့် အဖွဲ့တွင်း၊နှင့် ပြည်တွင်းပြည်ပမှ ရိုက်ခတ်သက်ရောက်မှုများ၊ တောင်ပိုင်းဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊ အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။ မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့် မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန် မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေး စေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို မြောက်ပိုင်းတာဝန်ခံ ရဲဘော် တချို.ရှေ.မှောက်တွင် မေးမြန်းခွင့်ရရှိခဲ့ပါသည်။
ထို့နောက် မိမိမှ မြောက်ပိုင်းဗဟိုကော်မတီနှင့် အခြေအနေတစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။
- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည် ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊
- သို့သော်လည်း ဤမျှ များပြားသည့်အရေအတွက်ဖြင့် ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊
- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရ ချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန့်၊ စားသောက်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။
ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူ တပါတည်း ထည်.ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။
မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများ ပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ် မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။ မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း ကြားသိရပါသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေ အနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက် တင်ပြအစီရင်ခံခဲ့ပါသည်။ မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့် ရေလှိုင်းစီမံချက် ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်. တည်ဆဲဥပဒေအရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရ တာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကို အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိ ပညာပေးမူများဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ် ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။
မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့် တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက်ပို့ချပေးနိုင်ခဲ့ပါသည်။ မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြားသင်တန်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။
မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့၂ ဦးမှ တပ်ဖွဲ.၀င်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး ၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသားအခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ.အစည်းများနှင့် လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။
ကျန်ရှိနေသော မေးခွန်းများ
၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ ဗဟိုကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသောလက်နက်၊ ဆက်သွယ်ရေးကိရိယာများနှင့် ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင် ပေါ်ပေါက်ရခြင်းမှာလည်းမကဒတမြောက်ပိုင်းတပ်မှထွက်ပြေးသောတပ်ပြေးတစ်ယောက်ကိုမြောက်ပိုင်းကော်မတီကပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။ တချို.ရေးသား ပြောဆို နေကြသကဲ့သို. မြောက်ပိုင်းကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊သတ် လုပ်ခြင်းတော့မဟုတ်ပါ။ ရန်သူ.ထောက်လှမ်းရေးအဖွဲ.အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို အချင်းချင်းချိတ်ဆက်ပေးရမည်. မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် ပြည်တွင်းသို.ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ ဆက်လက်ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တွေ.ရှိခဲ့ရပါသည်။
ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင် ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။ ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း စစ်အာဏာရှင်စနစ်အောက် တွင် ရှင်သန်ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထုလူတန်းစား အလွာအသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီး အဖျက်အမှောင့်လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်. သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။ မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို.ကို ခွဲခြားသိရှိနိုင်ရန် အလွန်ခက်ခဲမည်ကို တွေးတောဆင်ချင်ကြည်.နိုင်ပါသည်၊
(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊ ခေါင်းဖြတ် သတ် လိုက်သည်များကို အရေးမယူဘူးလား၊
မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက် ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့ သာ လမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။
တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။
မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။
မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထား မရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန် ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့် `မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။
ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤ ကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့် မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။
၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။
မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲ ခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့် နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန် ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့် ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။ မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်းမတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေပါသည်။ မိမိတို့ အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက် အမြဲဖြစ်နေပါ လိမ့်မည်။ ထို့ကြောင့်
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်ပါသည်။
(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊ သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေးသင့်ပါသည်။
(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွား သူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

လေးစားစွာဖြင့်

နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်
xxxxxxxxxxxxxxxxxxxxxx



ဆယ်ကျော်သက်လူငယ်များ အသိတရားရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ABSDF မနန်းအောင်ထွေးကြည်ရဲ့ အကြောင
ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း ရော်နယ်အောင်နိုင် Excerpts from the “All Wars Are Dirty”
အခုအခါမှာ သရုပ်ဆောင်နေမင်းက ရှစ်လေးလုံးအရေး တော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး…
popularmyanmar.com
http://www.popularmyanmar.com/?p=33212

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးကြီး ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post