Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 10, 2017

မင်းသားနေမင်းက မြောက်ပိုင်းခရီးစဉ်အင်တာဗျူးကို ရုပ်ရှင်အသွင်ကူးပြောင်းခြင်တဲ့အကြောင်းကိုပြောစရာရှိလာတယ်


မင်းသားနေမင်းက မြောက်ပိုင်းခရီးစဉ်အင်တာဗျူးကို ရုပ်ရှင်အသွင်ကူးပြောင်းခြင်တဲ့အကြောင်းကိုပြောစရာရှိလာတယ်

အခုအချိန်ထိ ကျမနဲ့ မင်းသားနေမင်း ဆွေးနွေးညှိနှိုင်းမှု့ အတည်မပြုလုပ်ရသေးပါဘူး။ အင်တာဗျူးသူ မမေသင်္ကြန်ဟိန် ကတဆင့် မင်းသားနေမင်းက ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းကြောင်းဘဲသိရပါသေးတယ်။

မြောက်ပိုင်းခရီးစဉ်အင်တာဗျူးကို မင်းသားနေမင်း ရိုက်ကူးခြင်တဲ့ ရည်ရွယ်ချက်တိတိကျကျကို ကျမ မသိရသေးပါဘူး။

ဒါပေမဲ့ မင်းသားနေမင်းရဲ့ အင်တာဗျူးမှာ သူပြောသွားတဲ့ စကားတချို့ကို ကျမလက်မခံနိုင်တာရှိပါတယ်။

မင်းသားနေမင်းကို ကျမ စာရေးပြီး သူ့အင်တာဗျူးက စကားတချို့ကိုကျမလက်မခံနိုင်တဲ့အကြောင်း ပြောဖို့ရှိပါတယ်။

ဒါပေမဲ့ အခုလောလောဆယ်က သူအပြောလွဲမှားတာကို ABSDF အားလုံးအကြား ရိုက်ခတ်မှု့ ရှိနေတဲ့အတွက် ဒီကနေဘဲ ကြားဖြတ် အသိပေးလိုက်တာပါ ။

နောက်တခုက ကျမဖြတ်သန်းခဲ့တဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်က တရုပ်ပြည်နယ်စပ်မှာတည်ရှိထားတဲ့ ABSDF - NB မှာဖြစ်တဲ့အတွက် ABSDF မြောက်ပိုင်း ဖြစ်ရပ်ကိုဘဲ ပြောခဲ့ပါတယ်။ယိုးဒယားနယ်စပ်တောင်ပိုင်းဗဟို ABSDF အကြောင်း ကျမ မသိပါ။

---------/---/////-------

သူပြောထားတဲ့စကားထဲက အကြမ်းဖျင်းလက်ခံ (✔️) .... နဲ့ လုံးဝလက်မခံ (✖️) ဆိုပြီး လုပ်ထားတာရှိတယ်။

"ABSDF မနန်းအောင်ထွေးကြည် ရဲ့အကြောင်းကို ရိုက်ကူးဖို့ ပြင်ဆင် နေပါတယ်။ သူ့ရဲ့တစ်ယောက်စာအကြောင်းပေါ့။ သူ့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ သူ့အကြောင်းရိုက်ဖို့ ပြင်ဆင် နေကြတာပေါ့။ ဘာလို့ရိုက် ကူးလဲဆိုတော့ နိုင်ငံရေးကို ရိုက်ကူးချင်တာ မဟုတ်ဘူး။ စိတ် ပေါ့။

၈၈ ဝန်းကျင်လောက်တုန်းက မြန်မာ ပြည်မှာရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်နဲ့ တော်လှန်ရေးဆိုတဲ့ ဦးတည်ချက်နဲ့ တောခိုခဲ့ကြတယ်။
( ဒါကိုကျမလက်ခံပါတယ်✔️)

တကယ်တော့ ကလေးတစ်ယောက်ရဲ့အတွေး၊ ကလေး တစ်ယောက်ရဲ့စိတ်နဲ့ ဆုံးဖြတ်ပြီးတော့ကြိုးစားခဲ့တဲ့ အောင်မြင်မှုကမရရှိဘူး။

ဘာကြောင့်မရလဲဆိုတော့ သူတို့ရဲ့အတွေးနဲ့ သူတို့တိုင်းပြည်ကိုပေးဆပ်ချင်တဲ့ စိတ်နဲ့တန်ဖိုးထားဖို့ကောင်းတဲ့စိတ်ဓာတ်တွေက **တစ်စုံ တစ်ယောက်သော လူတွေရဲ့မကောင်းတဲ့စိတ်တစ်ခု ကြောင့် စတေးခဲ့ရတယ်။ **
( တစ်စုံတစ်ယောက်သောလူတွေရဲ့မကောင်းတဲ့စိတ်တစ်ခုကြောင့်စတေးခဲ့ရတယ် ဆိုတာကို ကျမ လက်ခံပါတယ်✔️)

ပန်းတိုင်လည်း မရောက်ခဲ့ ကြဘူး။( ကျမတို့ တော်လှန်ရေး အပြီးတိုင်မအောင်မြင်ခဲ့လို့ ဒါကိုကျမလက်ခံတယ် ။✔️)

နောက်ထပ် အနာဂတ်မှာရှိတဲ့ ကလေးတွေဆယ် ကျော်သက်တွေ အဲဒီလိုတစ်စုံတစ်ရာစွန့်စားပြီး ** မိုက်ရူးရဲ စိတ်နဲ့တွေးမယ်ဆိုရင် ** ဒီဟာကို အသိတရားရဖို့ တင်ပြချင်တဲ့ သဘောတရားတစ်ခုပါပဲ။
နိုင်ငံရေးတွေ ဘာမှမပါပါဘူး။
နောက် ပိုင်းဖြစ်လာမယ့်ဆယ်ကျော်သက်အရွယ်၊ တက္ကသိုလ် ဝင်တန်းပြီးသွားရင် လူငယ်တွေကမိုက်ရူးရဲစိတ်နဲ့ လုပ်ချင် တာလုပ်တတ်ကြတယ်။

( ဒီစကားလုံး * မိုက်ရူးရဲစိတ်* ဆိုတာကိုကျမ လုံးဝလက်ခံနိုင်ပါ ။တော်လှန်ရေးလုပ်တဲ့သူတွေအားလုံးကို ထိခိုက်မှု့ဖြစ်စေတဲ့အသုံးအနှုန်းဖြစ်နေတယ် ✖️)

အဲဒီနေရာမှာ အတွေးအမြင် မကျယ်ပြန့်မှုအပေါ်မှာ အကျင့်တစ်စုံတစ်ရာ လိမ်လည် လှည့်ဖြားပြီး သွေးဆောင်ချင်တဲ့ လူကြီးတစ်စုရဲ့လှည့်ဖြားမှု ပါသွားတတ်ကြတယ်။ ( ကျမတို့ လုပ်ခဲ့တဲ့ တော်လှန်ရေးဟာ ဘယ်သူ့ရဲ့ လိမ်လည်လှည့်ဖြားမှု့နဲ့မှ လုပ်ခဲ့ကြတာမဟုတ်ပါ)

အဲဒါမျိုးကို အမြင်မှန်ရစေချင်တာရယ်၊ ဒီဟာကိုကြည့် ပြီးသွားရင် သူတို့ရဲ့တိကျရေရာတဲ့ဆုံးဖြတ်ချက် ချဖို့အတွက် အသိတရားတစ်ခုပေးချင်တဲ့စိတ်နဲ့ ရိုက်ကူးချင်တာပါ”လို့ပြောပါတယ်။

-----------------------------------
မြောက်ပိုင်း ကျောင်းသားတပ်မတော် သတ်ဖြတ်မှု မင်းသားနေမင်းကရုပ်ရှင်ရိုက်ကူးမည့်ကိစ္စ ကျောင်းသားတပ်မတော်ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အမြင် ကျမကို ထောက်လှမ်းရေးလို့ပြောရင်
" မင်းတို့အကြောင်းအထောက်အထားတိတိကျကျရထားလို့ ငါတို့ဖမ်းတာ .. " လို့ အယောက် ၁၀၁ ဦးကိုဖမ်းတိုင်းပြောတဲ့ အဲ့ဒီအထောက်အထားလိုခြင်ပါတယ်။

ဟိုပြောဒီပြော မဟုတ်တာတွေ လျှောက်ပြောတာ ထင်မြင်ချက်တွေ သုံးသပ်ချက်တွေနဲ့ လူတိုင်းက လူတိုင်းကို ပြောလို့ရတယ်ဆိုတာ အသိဥဏ်ရှိတဲ့သူတိုင်း စဉ်းစားလို့ရတယ်။
Nang Aung Htwe Kyi


  • မင်းသားနေမင်းက မြောက်ပိုင်းခရီးစဉ်အင်တာဗျူးကို ရုပ်ရှင်အသွင်ကူးပြောင်းခြင်တဲ့အကြောင်းကိုပြောစရာရှိလာတယ်(နန်းအောင်ထွေးကြည်)
  • ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း
  • ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း 
  • ပတာလင်အကျဉ်းသား 
  • ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၇မှ ၃၃
  • ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၂။ အပိုင်း ၂၃။အပိုင်း ၂၄ ။၂၅။၂၆
  • ပါဂျောင်ထောင် ဖောက်တဲ့ည အပိုင်း (၁) မှ (၂၁) အထိ
  •      ရော်နယ်အောင်နိုင် Excerpts from the “All Wars Are Dirty”
  • No comments:

    Post a Comment