Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 2, 2016

ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၂။ အပိုင်း ၂၃။အပိုင်း ၂၄ ။၂၅။၂၆



ပါဂျောင်အကျဉ်းသားတွေအောင်မြင်စွာထောင်ဖောက်ပြေးနိုင်ခဲ့ကြတဲ့အချိန် ကျမတို့ မိဘ ၇ ဦးအဖွဲ့ကိုစစ်ရုံးတဲမှာထင်ပါတယ်.. ခဏတာထား ထားတယ်။အဲ့ဒီတဲထရံကြားကနေ ကျောင်းသားတပ်စစ်ရေးလေ့ကျင့်ကွင်းမှာ တာဝန်ပေါ့လျော့မှူ့ နဲ့ အဲ့ဒီအချိန်က ထောင်မှူးလှမျိုးအောင်နဲ့ ထောင်စောင့် နာဂအောင်နိုင်တို့ကိုသေဒဏ်ချတာတွေ ကျမတို့ချောင်းကြည့်ကြတယ်။ {{နောက်တော့သိရတာက ကျောင်းသားတပ်မှာရှိနေတဲ့ ဘုန်းကြီး( ဘွဲ့ အမည်မေ့သွားပြီ) ကသေဒဏ်ချခံရတဲ့ သူတွေကို သရဏဂုံရွတ်ဖတ်ပေးတယ်။ပြီးတော့ နောက်ဆုံးအချိန်ဘာစားခြင်လည်း ဆိုတော့ အရက်သောက်ခြင်တယ်လို့ပြောသတဲ့။ဒါနဲ့ အရက်ကို တဝကြီးမူးတဲ့အထိ သောက်သွားကြတယ်..}}
ပြီးတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတာဝန်ခံ သန်းဇော်( မန္တလေး)ကိုတော့ ကြိမ်ဒဏ်ပေးတယ်။ကြိမ်ဒဏ်ကိုဘယ်လိုပေးလည်းဆိုတော့ တန်းတခုကိုပြစ်ဒဏ်အချခံရသူရဲ့ဗိုက်အောက်မှာထားပြီး သူ့ရဲ့လက်နှစ်ဘက်ကို အရှေ့ဘက် ဆွဲထားလိုက်တော့ ခပ်ကုန်းကုန်းအနေအထားဖြစ်သွားမှ တင်ပါးကို ဥပမာ-အချက် ၃၀ အတွက် ဝါးစိမ်းအချောင်း ၃၀ နဲ့ တထပ်တည်းကျအောင်ရိုက်တယ်။အရိုက်ခံပြီးတာနဲ့ လမ်းတောင်မလျှောက်နိုင်တော့ဘူး။တွဲပြီးခေါ်ရတာပေါ့။ပါဂျောင်အကျင်းသားတွေထွက်ပြေးလွတ်မြောက်သွားတဲ့နောက်ဆက်တွဲကတော့ ဦးဆုံးတာဝန်ခံတွေသေဒဏ်နဲ့ပြစ်ဒဏ်တွေပေါ့။ ဆိုတော့ ကျမတို့ အလှည့်ရော..
ဘာလဲ ဘယ်တော့လဲ ဒီနေ့လား မနက်ဖန်လား စိုးတထိတ်ထိတ်ပါဘဲ။နောက်တော့ သံချောင်းကပြောတယ်။ကျမတို့အတွက် လုံခြုံရေးအတွက်လို့ဆိုပါတယ်။ကျောင်းသားတပ်ထောက်လှမ်းရေးတဲမှာ အားလုံးစုပြီးနေကြဖို့ ပြောလာပါတယ်။ဆိုတော့ ကျမတို့ မိဘ ၇ ဦးအဖွဲ့နဲ့ မျိုးဝင်းသဘောနဲ့ အစောပိုင်းကာလမှထောင်က လွှတ်ထားပေးတဲ့ ကိုခင်မောင်ဇော်(ခို- မန္တလေး စစ်သင်တန်းအမှတ်စဉ် ၂ ) ရယ် ကိုမိုးဇော်ထွန်း( မိုးကြီး-ရန်ကုန် စစ်သင်တန်းအမှတ်စဉ် ၃) ရယ် စုစုပေါင်း ၉ ဦး အဲ့ဒီတဲလေးထဲမှာဘဲ အားလုံးစုနေဖြစ်ခဲ့ကြရပါတယ်။အစပိုင်းမှာအဲ့ဒီတဲလေးကနေ ဘယ်မှသွားခွင့်မရှိပါဘူး။
ကျမတို့ ၉ ဦးရဲ့ ကံကြမ္မာဟာ မျိုးဝင်းအပေါ်မူတည်နေသယောင်ပါဘဲ။မျိုးဝင်း ရှေ့တန်းကပြန်လာမှ ကျမတို့အတွက် ဘယ်သို့ဘယ်ပုံ စီစဉ်မယ်လို့သဲ့သဲ့လေးကြားမိခဲ့ပါတယ်။
-----///---///----///----//---///----///--/

ပါဂျောင်ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၂၂

ထွန်းဇံနဲ့အဖွဲ့ ကျနော်ကင်းစောင့်နေတာကိုမသိဘူး။တောင်ပတ်လမ်းအတိုင်းဆက်ရှောက်ပြီးတော့ အဖွဲ့ရှိတဲ့နေရာကို
သွားနေကြတယ် ။ကျနော်ကအမာခံအဖွဲ့ကိုလက်ညိုးထောင်ပြပြီျးအာက်ကိုတစ်ယောက်ဆင်းတွေ့ဖို့ လက်နဲ့ အနေအထားပြလိုက်တယ်။လက်မထောင်ပြလိုက်တော့ အားလုံးကအရန်သင့်ဆိုတာကို ပြန်ထောင်ပြလိုက်တော့ ကျနော်တောင်အောက်ကိုအသံမထွက်အောင်ဆင်းပြီး ထွန်းဇံတို့နောက်ကလိုက်သွားပြီ ။တောင်ပေါ်ကဆင်းလာတဲ့အမာခံတစ်ယောက်နဲ့ ထွန်းဇံတွေ့ချိန်မှာထွန်းဇံကလက်မထောင်ပြလိုက်တော့နောက်ကနေ ထွန်းဇံ အဆင်ပြေခဲ့လားလို့မေးလိုက်တော့ ..ဟာ တန်းစီးဘယ်ကနေရောက်လာတာလဲတဲ့ အဆင်ပြေတယ်။လမ်းပြအပ်ပေးတဲ့အိမ်မှာပဲတဲ့ ထမင်းတွေချက်ပြီးမှသွားခေါ်ရအောင်ဆိုလို့ကြာနေတာပါတဲ့ ။သူတို့တွေက တော်လှန်ရေးရဲဘော်တွေဆိုရင်တအားလေးစားတယ်တဲ့။
(ထွန်းဇံရဲ့ ဘာသာပြန်လုပ်ဆောင်ချက်တွေ အဖွဲ့အပေါ်မှာတအားကောင်းခဲ့တယ်
သူမပါရင် ကျနော်တို့အဖွဲ့ ဘာဖြစ်မယ်ဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ပါလာတဲ့ရိက္ခာခြောက်နဲ့ဆန်က ကျနော်တို့အဖွဲ့အတွက် တစ်နပ်စာတောင်မရှိပါဘူး။ထမင်းချက်စားရင်တစ်ယောက်ကို နှစ်လုပ်စာလောက်ပဲရမှာပါ။
((ဒီနေရာကနေ ကိုထွန်းဇံ(တာကော)ကို
လေးလေးနက်နက် ကျေးဇူးတင်ကြောင်း
ပြောလိုပါတယ်))
အဲ့ဒါနဲ့အဖွဲ့တွေရွာထဲဝင်ပြီပေါ့။အမာခံတွေကတော့ တစ်ယောက်မှသတိလက်
မလွတ်ပါဘူး။အရန်သင့်အနေအထားမှာ
ရှိနေကြတယ် အဲ့ဒီအချိန်မှာ ကျနော်တို့အမာခံအဖွဲ့ရဲ့မျက်လုံးတွေဟာ စာဖတ်သူများမြင်ရင်ထွက်ပြေးလောက်တယ် အားလုံးကသားကောင်ရှာနေတဲ့ စွန်ရဲ သိန်းငှက်တို့ထက်စူးရှနေလို့ပါပဲ။
ကျနော်တို့အဖွဲ့ ရွာထဲမှာလေးအိမ်လားမသိဘူးဗျခွဲပြီးထမင်းစားကြတယ်။ကျနော်ထင်တယ် ။ထမင်းစားချိန်ကိုကျနော်နဲ့
ဘာဘူက ငါးမိနှစ်ထက်ပိုမပေးဘူးဗျ။
ချက်ချင်းပြန်ထွက်မယ်လုပ်တော့နာမကျန်းအဖွဲ့တွေ စားလက်စတန်းလန်းတွေနဲ့မတတ်နိုင်ဘူး။ကျနော်တို့အတွက်က
အချိန်နဲ့တပြေးညီ သေသွားနိုင်သလို
အဖမ်းလည်းပြန်ခံရနိုင်တယ်။
တို့လိုတန်းလန်းတွေနဲ့ဆိုတော့ အိမ်ရှင်တွေကစိတ်မကောင်းကြဘူး။
ရဲမေနန်းစောက ကိုယ်တွေတော်တော့ကိုပူနေပြီ။သူက ကိုစိုးလေး ဒီမှာစခန်းချလို့မရဘူးလားတဲ့။ကျနော်ဘာလုပ်ရမလဲ တာကောကိုနောက်ရွာဘယ်လောက်ဝေးလဲလို့မေးခိုင်းလိုက်တော့ပုံမှန်လျှောက်ရင် ၂ နာရီခွဲလောက်ကြာမယ်တဲ့။
ကျနော်တို့အဖွဲ့နဲ့ဆိုရင် နောက်ထပ်တစ်နာရီထပ်ပေါင်းရတာပေါ့ ။မတတ်နိုင်ဘူး
ဆက်ထွက်ဖို့ဆုံးဖြတ်ပြီး နန်းစောကို
ကျနော်နဲ့အမာခံနောက်တစ်ယောက်တွဲရတော့တာပေါ့ ။ဆက်ထွက်မယ်လုပ်တော့ရွာသားတွေက ဆန်နှစ်ပြည်လောက်နဲ့မုန့်ညှင်းချဉ် ၊ဆီတိုဟူးတွေထည့်ပေးလိုက်တယ်။တောင်ပေါ်ရွာကနေ ဆက်မထွက်ဖြစ်သေးရင်ရိက္ခာပြန်လာယူဖို့ပါမှာလိုက်တယ်။ကျနော်တို့အတွက် ကျေးဇူးတင်ထိုက်တဲ့ရွာလေးတစ်ရွာပေါ့။
ရွာအထွက်လမ်းအထိ အိမ်ရှင်တစ်ယောက်ကလိုက်ပို့တယ်။ဒီလိုနဲ့ဖြေးဖြေးချင်း
ကျနော်တို့ဂီလာနအများစုပါတဲ့ရဲဘော်တွေဟာ တောတွင်းတောင်တက်ခရီးစတင်ပြီပေါ့။

ဆက်ရေးပါဦးမည်။
စာရေးသူ စိုးလေး (မကဒတ မပ)
----//----///----///---///----///----///----///---/

ပါဂျောင်ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၂၃ ။

ကျနော်တို့ရဲ့ ဦးတည်ချက်ကတစ်ဦးတစ်ယောက်လွတ်မြောက်ဖို့လမ်းမှာ ဘယ်နှစ်ယောက်ကြွေလွင့်အုံးမလဲ၊ကျနော်တွဲလာတဲ့ရဲမေနန်းစောတောင်ဒီလောက်သန်မာတာတောင်ကိုယ်တွေပူပြီး နားချင်တယ်..နားချင်တယ်လို့တစ်တွတ်တွတ်ပြောနေမှတော့..ဂီလာနရဲဘော်တွေကတော့ မပြောရဲတာလည်းဖြစ်နိုင်သလို ငါတို့လွတ်မြောက်ရမယ်ဆိုတဲ့စိတ်က သူတို့ရင်ထဲမှာ ကိန်းအောင်းနေတာသေချာတယ် ။ဒီလိုနဲ့ ကျနော်တို့ကတဖြေးဖြေးချင်းနောက်မှာကျန်ခဲ့ပြီ။ကျနော်တို့နောက်မှာ နောက်ချန်ဘာဘူတို့ပဲကျန်တော့တာ ။လမ်းတစ်ဝက်လောက်ရောက်တော့ ဘာဘူက ကိုစိုးလေး လူချိန်းမယ်..ဆိုတော့ ကျနော်နဲ့အမာခံတစ်ယောက်သက်သာသွားတာပေါ့။သူ့ရဲ့ G.3ကိုကျနော်
တာဝန်လွဲပြောင်းယူရတော့ ကျနော်က
နောက်ချန်တပ်မှူးကြီးဖြစ်သွားပြီ။
လိုက်လာတဲ့ကောင်တွေကို ရန်သူတစ်ယောက်ကျည်ဆံတစ်တောင့် ဆိုတဲ့အတိုင်းအတောင့်နှစ်ဆယ်ဆိုတော့အယောက်နှစ်ဆယ်တော့သေခြာတယ်။
ဒီလိုနဲ့ခရီးထွက်ခဲ့တာရှေ့ပွိုင့်က ရှေ့မှာရွာတွေ့ပြီလို့ပြေးပြီးလာပြောတယ်။
ဘာဘူနဲ့ကျနော်ကနောက်မှာဆိုတော့
သူတို့တွေ ဘာလုပ်ရမှန်းမသိဘူးလို့ပြောရမလား..သို့မဟုတ် အမိန့် နာခံမှူ့ကိုစောင့်တာလား..ကျနော့အထင်တော့ အမာခံအဖွဲ့တွေဟာ အမိန့်နာခံမှူ့ကိုစောင့်တယ်လို့ထင်တယ်။
သူတို့နေရာမှာကျနော်ဆိုလည်း သူတို့လို
သတင်းပို့မှာပဲ။အားလုံးအတွက်သိပ်အရေးကြီးတာကိုး။အဲ့ဒီအချိန်မှာ ဘယ်ဘက်တောင်ကြောအောက် လှပတဲ့ရင်ဂျမ်းမြို့ကြီး ..ကျနော်တို့က ရင်ဂျမ်းမြို့ရဲ့ပေ ၄၀၀၀ လောက်ရှိတဲ့ ရင်ဂျမ်းမြို့ရဲ့အရှေ့
တောင်ကုန်းမှာပေါ့ ။ကျနော်သေနပ်ကို
ဘာဘူကိုပေးပြီး ရှေ့ကိုလိုက်သွားတယ်
ရှေ့ဆုံးရောက်တော့ ဂျက်ကီချန်းရုပ်ရှင်ရိုက်ခဲ့တဲ့တရုတ်သိုင်းကားထဲကထက်တောင်အဆင့်မြင့်တဲ့ နန်းတွင်းရာဇင်ကားလောက်တောင်ရိုက်နိုင်တဲ့ရှေးဟောင်းရွာကြီးတစ်ရွာဖြစ်နေတယ်။
အိမ်တွေကို အသေအခြာလိုက်ကြည့်တယ်။လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တမီးမှတောင်မတွေ့ဘူး။ရွာလယ်ရောက်တော့ ဘုံကျောင်းလိုပုံစံတွေ့တယ်။
(ရဲဘော်တွေကိုတော့ ထုံးစံအတိုင်းနောက်မှာချန်ထားခဲ့ရတာပေါ့။ကျနော်နဲ့အမာခံအဖွဲ့ထဲကနှစ်ယောက်နဲ့နောက်ချန်အမာခံနှစ်ယောက်ကျနော်တို့တစ်ခုခုဖြစ်ရင် နောက်ချန်ကသမလို့ရအောင်။အဲ့လိုဆိုရင် နေက်ကရဲဘော်တွေ အတိုင်းအတာတစ်ခုတော့ လုပ်ရှားခွင့်ရပြီ)။ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်ရှေးဟောင်းမြို့တ်ာကြီးပဲ။ကျနော်စခမ်းချမည့်နေရာရှာပြီ။
အချိန်က ညနေ ၅ နာရီလောက်ရှိပြီထင်တယ်။ကျနော်ရွေးလိုက်တဲ့အိမ်က ကျနော်တို့ဝင်လာတဲ့လမ်းကလွဲလို့ တစ်ဖက်မှာကချောက် ..ကျန်နှစ်ဖက်က တောင်ကုန်းတွေ ..ကင်းစောင့်ရင်တစ်ဖက်ပဲစောင့်ပြီးဘယ်ညာကြည့်ရင်အကုန်မြင်ရတယ်။အိမ်က ကျနော်တို့ ၅၄ ယောက်ကောင်းကောင်း တည်းနိုင်တဲ့အပြင် စဖိုမှာမိုးဗြဲဒယ်နဲ့ထင်းနဲ့။စိုးတော့စိုးရိမ်တယ်။
ဒီလောက်ရွာကြီးတစ်ရွာကဘာကြောင့်
တိပ်ဆိတ်သွားတာလဲ..ရွာကိုပစ်ခွာသွားတာကြာရင်အိမ်တွင်းပစ္စည်းတွေဖုန်တအားထူနေရမှာ..သို့သော် ယာယီစခန်းချတာဆိုတော့ ရဲဘော်တွေလဲပင်ပန်း နေမကောင်းတဲ့သူတွေပါရှိနေတော့ မဖြစ်မနေလုပ်ရတော့တာပါပဲ။နောက်ကိုသတင်းပို့ခိုင်းပြီးအာလုံးရောက်နေရာချပြီးချိန် အမာခံအဖွဲ့ နားလို့မရသေးဘူး။
ကျနော်က အမာခံအဖွဲ့တွေကို ခဏစုလိုက်တယ်။မေးတာက ရင်ဂျမ်းကိုဘယ်သူကျွမ်းကျင်လဲ။ဗကပ(CP) နဲ့ဘယ်သူသိလဲ။ဒီအချိန်မှာ ဖိုးအောင်နိုင်က CP နဲ့သိတယ်..ကျနော်ရောက်ဖူးတယ် ဆိုတော့ဖိုးအောင်နိုင်ကိုရွေးလိုက်ပြီ။နောက်လူတွေကတန်းစီးကိုတိုးကြည် ၊ အီနွတ် ၊ဂျိုးဖြူ အားလုံးကအမာခံတွေကြီးပဲ။
ကျနော်မနားနိုင်သေးဘူး။အဲ့ဒီလေးယောက်နဲ့ ရင်ဂျမ်းမြို့တော်ကိုဝင်ဖို့အဖွဲ့အတွက်ခရီးဆက်ထွက်ရမယ်။ဘာဘူနဲ့က အချိတ်အဆက်လုပ်ပြီးပြီ ။
သူတို့အခြေအနေမကောင်းရင်လျှို့ဝှက်စာကို ဘယ်နားထားခဲ့မယ်ဆိုတာပေါ့။
ဒါကကျနော်နဲ့ ဘာဘူနှစ်ဦးထဲသိတဲ့ကိစ္စပါ။ဒီလိုနဲ့လွတ်လပ်စွာ ပေ၄၀၀၀ လောက်မြင့်တဲ့နေရာကနေ ရင်ဂျမ်းမြို့တော်ဆီ ခရီးနှင်ပြီပေါ့။ရည်ရွယ်ချက်က......။

ဆက်ရေးပါဦးမည်။
စာရေးသူစိုးလေး(မကဒတ မပ)
////---//----//---///--///---//---//--///

ပါဂျောင်ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၂၄

ကျနော်ရင်ဂျမ်းဆင်းတဲ့ရည်ရွယ်ချက်က
(၁) ရဲဘော်တွေအတွက်ဆေးဝါးဖန်တီးဖို့
(၂) လက်နက်ခဲယမ်းလိုချင်လို့။
(၃) အဖွဲ့ရဲ့ရှေ့ဆက်ရပ်တည်မှူ့အတွက်
ဗကပ ယူဂျီတွေနဲ့တွေ့ဖို့။
ကျနော်တို့ငါးယောက် မနားတန်းဆင်းပြေးလာကြတယ်။
တောင်အလယ်လောက်မှာရွာတစ်ရွာတွေ့တော့ခဏ အခြေအနေကြည့်ပြီးဖြတ်ရတာပေါ့။(စာဖတ်သူများ ကျနော်တို့ပုံစံကိုမျက်စိထဲမြင်ကြည့်စေချင်တယ်။ဆံပင်တွေက စုတ်ဖွားဖွား အင်္ကျိနဲ့ဘောင်းဘီကလည်း စုတ်ပြတ်သတ် သူခိုးလိုလို သူတောင်းစားလိုလိုနဲ့)
ကျနော်တို့အဖွဲ့ကလည်း မျက်နာအောက်ချပြီးဖြတ်နေပေမယ့် မျက်စိကတော့ အလွတ်ပေးလို့မရဘူးဗျ။ရွာကျော်တော့ဆက်ဆင်းပြေးရတာပေါ့။တောင်ခြေရောက်တော့ ရွာကြီးတစ်ရွာတွေ့တယ်။
အရင်နည်းအတိုင်းဆက်ဖြတ်ရတာပေါ့။
အဲ့ဒီရွာရဲ့ ထူးခြားချက်က ရွာအထွက်မှာ
တောင်ကုန်းတစ်ခုရှိတယ်။ရွာလည်ကားလမ်းမမြေသားလမ်းပေါ့) တောင်ကုန်းလေးကိုပတ်သွားရတယ်။ဆမား ရင်ဂျမ်း
လမ်းမကနေကြည့်ရင် အဲ့ဒီရွာရှိတယ်တောင်မထင်ရဘူး။ဆမား ရင်ဂျမ်း လမ်းမနဲ့ ဆိုရင်ခန့်မှန်း တစ်မိုင်ခွဲလောက်ရှိတယ်။
ကျနော်တို့အဖွဲ့ တောင်ကုန်းတက်တဲ့ ဖြတ်လမ်းလေးကနေ(ကားလမ်းအတိုင်း
မသွားကြပဲ) တောင်ကုန်းပေါ်တက်လိုက်တော့အပေါ်မှာမြေပြန့် ပတ်ပတ်လည် သစ်ပင်ကြီးတွေနဲ့ ခြုံတွေ ။တောင်ကုန်းကနေပြန်ဆင်းပြေးတော့ရွာအဝင်လမ်းမ ရောက်ပြီ ။အချိန်က မှောင်ရီ
ပျိုးစရောက်ပြီပေါ့ ။ကျနော်တိုအဖွဲ့ မပြေးရုံတမယ်ခတ်သုတ်သုတ်လျှောက်ရတာပေါ့။တစ်ယောက်မှမော့တော့မော့တော့နဲ့ ဆောင့်ကြွားကြွား လျှောက်လို့မရဘူးဆိုတာစာဖတ်သူတွေသိမှာပါ။
ဒီလိုနဲ့ ဆမား ရင်ဂျမ်း ဆိုတဲ့ကားလမ်းမကြီးကိုကျနော်ခြေချမိပြီပေါ့( ကျနော်က ဆမားတောင်ကောင်းကောင်းမရောက်ဘူးတဲ့သူ။ရင်ဂျမ်းတို့ရွှေလီတို့ဆိုတာ ရောက်ဘူးတဲ့ ရဲဘော်တွေပြောတာကို ပါးစပ်အဟောင်သားလေးနဲ့နားထောင်ခဲ့ရ တဲ့သူဖြစ်နေတာကိုး။
ရှေ့တန်းမှာတိုက်ပွဲတွေနဲ့ နပန်းလုံးလာရတာဆိုတော့ ဒီနေရာတွေကို ကျနော်မသိတာအဆန်းတော့မဟုတ်ပါဘူး။ရဲဘော်တွေအတွက်အရဲစွန့်ဖို့ တာဝန်ရှိလို့သာ ခြေချမိတာပါ။လမ်းမအတိုင်း တရုတ်လယ်သမား အကူပုံစံနဲ့ပုံမှန်လမ်းလျှောက်လာကြတယ်။ရင်ဂျမ်းအဝင် တံတားကြီးတစ်ခုရှိတယ်ဗျ။
အဲ့ဒီမှာ အောက်ထဲဆင်းပြီးခြေလက်ဆေးရင်းနဲ့လိုခြင်တဲ့အချိန်ကို စောင့်ရတော့တာပေါ့။ကျနော်ထင်တယ် ည ၈ နာရီလောက်မှာရင်ဂျမ်းမြို့ထဲကဖိုးအောင်နိုင်သိတဲ့ဗကပ (U.G) ရဲ့အိမ်ကို သွားကြပြီ။
၉ နာရီဝန်းကျင်လောက်မှာ ရောက်တယ်။
စကားပြောတော့ ကျနော်ကလည်းပွင့်ပွင့်
လင်းလင်းပြောတော့ (အဲ့ဒီလူကအောက်ထပ်မှာစားသောက်ဆိုင်ဖွင့်ထားတယ်။ယခုကျနော်မမှတ်မိတော့ဘူး။ဖိုးအောင်နိုင်နဲ့ပြန်တွေ့မှပဲကျေးဇူးဆပ်ဖို့သွားအုံးမယ်။ဖြတ်သန်းခဲ့တဲ့နေရာလေးတွေနဲ့ ကျေးဇူးရှိတဲ့ရွာလေးတွေကို visit နဲ့ပေါ့)
အတွင်းထဲသွားပြောရအောင်ဆိုပြီးခေါ်တယ်။ဂျိုးဖြူနဲ့ အီနွတ်အပြင်မှာကျန်ခဲ့တယ်ထင်တယ်။
ကိုတိုးကြည်ရယ် ဖိုးအောင်နိုင်နဲ့ ကျနော်
လိုက်သွားတော့ မြေအောက်ခန်းထဲကိုခေါ်သွားတယ် ။ပထမတော့လန့်သွားတာပေါ့။စခန်းကများသတင်းပို့ထားလို့များလားပေါ့။
ဖိုးအောင်နိုင်ကိုလက်တို့လိုက်တော့စိတ်ချရတဲ့အနေအထားသူပြတယ်။
ကျနော်အားတက်အောင်ပြောတာလည်း
ဖြစ်မှာပါ။သူလည်းဖြစ်လာရင်ဆိုတဲ့အတွေးသူ့ခေါင်းထဲရောက်နေမှာပါ။
မြေအောက်ခန်းရောက်တော့ ကျနော်ပေါ်တင်ဆွေးနွေးပြီ ။အဓိကအချက်က ကျနော်အပေါ်မှာပြောခဲ့တဲ့ ၃ ချက်ပါပဲ။
နံပါတ် ၁ ကိုတော့လုပ်ပေးလို့ရတယ်။
ကျန်တဲ့နှစ်ချက်က သူတို့အဖွဲ့တွေလည်း
ပြိုကွဲနေတယ် လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ကျနော်ဘာဆက်လုပ်ရမလဲ။

ဆက်ရေးပါဦးမည်။
စာရေးသူစိုးလေး ( မကဒတ မပ)
----///---///---///---//

ဒီမူရင်းဓါတ်ပုံလေးဟာ မလေးရှားသတင်းထောက်ထံမှဝယ်ယူခဲ့သောပုံများထဲမှ တပုံဖြစ်ပါတယ်။ ကိုထွန်းအောင်ကျော်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးရယ် ညီအကိုအရင်းတမျှ ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကိုအောင် Aung Nilai (မလေးရှား) ရယ်ကကြိုးပမ်းရယူပေးထားတာဖြစ်ပါတယ်။။
ဒီပုံဟာ ပြည်ထောင်စုနေ့ ၁၅ ဦးခေါင့်းဖတ်သတ်ပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကေအိုင်အေကိုရောက်ရှိနေတဲ့ သတင်းထောက် ၃ ဦးအသီးသီးမှရိုက်ယူထားတာဖြစ်ပြီး ကျမတို့ကို ပြန်လည်ပေးအပ်ထားတဲ့ ပုံအများထဲမှ တပုံဖြစ်ပါတယ်။
.....................
ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၅

နာရီဝက်လောက်စကားပြောပြီးတော့
ကျနော်တို့နဲ့တွေ့တဲ့ ဦးလေးက
သူ့အိမ်စတိုခန်းကိုထသွားပြီး
တရုတ် ဟမ်းကော့ချိုင့် အသစ်တစ်လုံးနဲ့
ဆေးပစ္စည်းတွေ ထည့်လာတယ်
ဖိုးအောင်နိုင်ကို စစ်ခိုင်းလိုက်တော့
ဒါဆိုရင် ကျနော်တို့အဖွဲ့အတွက်ကောင်းကောင်း
လုံလောက်ပါတယ်လို့ ဆိုတော့
ဆေးအတွက်တော့မပူရတော့ဘူးပေါ့
လက်နက်ခဲယမ်းနဲ့ အကူအညီအထောက်အပံ့
ကိစ္စ အဆင်မပြေတော့ ကျနော်ခေါင်းခြောက်
သွားပြီ ( ပွင့်ပွင့်လင်းလင်းပြောရရင် အလင်းပြန်
ဝင်လာဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိပါဘူး
မဟာမိတ်အဖွဲ့အစည်းတစ်ခုခုရဲ့ အကူအညီရရင်
နယ်စပ်တစ်နေရာကနေ ငါတို့ဟာကျောင်းသား
ရဲဘော်စစ်စစ်ဖြစ်ပါတယ်ဆိုတာကို
လက်နက်ကိုင်တော်လှန်ရေး ဆက်လုပ်သွားဖို့ပါ
ပါလာတဲ့ရဲဘော်တွေလဲ ကျနော့အတွေးအခေါ်
ထက် နိမ့်မယ့်သူမရှိလောက်ဘူး အားလုံးဟာ
ရရင်ရ မရရင်ချ ဆိုတဲ့စိတ်ဓါတ်တွေနဲ့
လာခဲ့တဲ့သူတွေလေ အလည်အပါတ်ရောက်
လာတာမှမဟုတ်တာ) အဲဒီအိမ်မှာ ကြာရှည်နေဖို့
ကျနော့မှာ အချိန်မရှိပါဘူး ကဲသွားကြမယ်ဆိုတော့
တစ်ခုခုစားသွားပါတဲ့ ( ကျန်ခဲ့တဲ့ရဲဘော်တွေကို
မျက်စိထဲပြေးမြင်လိုက်တယ် အိမ်ရှင်ကတော့
စေတနာနဲ့ကြွေးပေမယ့် ငါတို့ကအကြော်အလှော်တွေစားနေတဲ့အချိန်
တောင်ပေါ်မှာက ငှက်ပျောအူနဲ့တာလဘော
လုပ်သောက်နေရမှာ တရုတ်ရွာကထည့်ပေး
လိုက်တဲ့ ဆန်နှစ်ပြည် နောက်ရက်အတွက်
ရိက္ခာချွေတာဖို့ ဘာဘူကစီစဉ်နေရမှာ)
ကျနော်က မစားတော့ပါဘူးဗျာ ဆိုတော့
တရုတ်ငွေ ယွမ်တစ်ရာတန် တစ်ရွက်အိပ်ထဲက
နေထုတ်ပေးတယ် ပေးဖို့လဲအစီအစဉ်ရှိမှာပါ
ဒီလောက်လူအများကြီးအတွက် ရိက္ခာ
တချို့တဝက်ဝယ်နိုင်အောင်ဆိုတာ
သူနားလည်နေပါတယ် သူလဲ ဗကပ ပဲလေ
ဒီလိုနဲ့ ဟမ်းကော့ချိုင့်လေးဆွဲပြီး
ငါယောက်သားပြန်ထွက်လာတာပေါ့
ကျနော့ခေါင်းထဲမှာ ဘာလုပ်ရမှာလဲ ဆိုတဲ့ အ
တွေးတွေပဲရှိနေတယ် ဖိုးအောင်နိုင်ကိုမေးတယ်
နောက်ဘယ်သူရှိသေးလဲဆိုတော့ သူနဲ့ရင်နှီးတာ
ဒီတစ်ယောက်ပဲရှိတယ်တဲ့ ဟား စိတ်ရှုတ်သွားပြီ ကျန်တဲ့သူတွေကယင်ဂျမ်းသာ
ကျွမ်းကျင်တာ သူတို့သိတာတွေက စခန်းနဲ့
ဆက်စပ်နေသူတွေဖြစ်နေတော့ ကျနော်စိတ်
မချဘူး အားလုံးဒုတ္ခ ရောက်သွားနိုင်တယ်
ဘာလို့လဲဆိုတော့ ရွှေလီမှာတောင် ကျောင်းသားတပ်ကထွက်ပြေးတဲ့ စိုးမင်အောင်
(တစ်ဖက်ကမ်းကူးလိုက်ရင် မူဆည်ရောက်ပြီ)
ဒါတောင်ဖမ်းမိပြီး ဗန်းမော် တပ်ရင်းကို ပို့ရာကနေ
စပြီးတော့ နိပ်စက်ညှင်းပန်းလိုက်တာ
ဘာကြောင့်ထွက်ပြေးတာလဲ မဟုတ်တော့ပဲ
တန်းစီပြီး ထောက်လှမ်းရေး တစ်ရာကျော်
ဖြစ်သွားခဲ့တာလေ အဲ့ဒီအချိန်မှာ
ဂျိုးဖြူ လား အီနွတ်လား မမှတ်မိတော့ဘူး
တန်းစီးဗိုက်ဆာလို့တဲ့ ကျနော်ကကိုယ့်စိတ်ကူး
နဲ့ကိုယ်ဆိုတော့ ဗိုက်ဆာတာကိုသတိမထား
လိုက်မိဘူး အချိန်က ည ၁၀ နာရီလောက်
ရှိရော့ပေါ့ အလွယ်တကူစားလို့ရမယ့်ဟာဝယ်
ဆိုပြီးပြောလိုက်တယ် ပိုက်ဆံက ကိုတိုကြည်
လက်ထဲထင်တာပဲ ကုန်စုံဆိုင်လေးတစ်ဆိုင်ရောက်တော့
နှစ်ယောက်ဝင်သွားတယ် ကျနော်သတိရလို့
ဓါတ်မီး နှစ်လက် နဲ့ ဆေးလိပ်တစ်ကာတွန့်
(ဆေးလိပ်ကတော့ခါးပေါင်းပေါ့ )
ပြီးတော့ ပွတ်ချွန်းလိပ်သောက်ဖို့ စက္ကူနဲ့
ဆေးစာ လေးတွေထပ်ဝယ်ခိုင်းတယ်
တောင်ပေါ်ပြန်တက်ရတော့ မှာကိုး
နောက်သကြားလုံးနှစ်ထုတ်
ဆမား ရင်ဂျမ်း ရွှေလီ လမ်းမပေါ်ရောက်အောင်
လမ်းလျှောက်လာကြတာပေါ့
အားလုံးဟာတိတ်ဆိပ်စွာနဲ့ပါပဲ
လမ်းမပေါ်ရောက်တော့ ဆုံးဖြတ်ချက်တစ်ခု
ကျနော်ချလိုက်တယ် မူဆည်သွားမယ်ဆိုတော့
အားလုံးက တန်းစီး ဘာလုပ်ဖိုလဲတဲ့

ဆက်ရေးပါဦးမည်
.....
ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၆

ကျနော်က မေးလိုက်တယ်
ရွှေလီနဲ့မူဆည် ကိုဘယ်သူကျွမ်းကျင်လဲလို့
ဆိုတော့ ကျနော်ကလွဲလို့
ကျန်တဲ့သူတွေက ရောက်ဖူးတယ်
အဲ့ဒီမှာ ဖိုအောင်နိုင်ကိုကျနော်မရွေးတော့ဘူး
သူကနောက်မှာကျန်ခဲ့တဲ့ ရဲဘော်တွေကို
ကျန်းမာရေးကောင်းအောင် ဆေးကုပေးရမယ်
ကိုတိုးကြည် ဦးဆောင်ပြီး ဂျိုးဖြူ နဲ့ အီနွတ်
မူဆည်ကိုလွတ်ဖို့ စီစဉ်ပြီ
တစ်ဦစီ ခွဲသွားဖို့ တရုတ်ရဲဖမ်းမိရင်
အဖွဲ့တွေရှိတဲ့နေရာကို မပြောဖို့
အဖွဲ့အပေါ်သစ္စာရှိပြီး ကိုယ့်ပြဿနာကို
ကိုယ်တာဝန်ယူဖို့ တစ်ယောက်တော့
လွတ်မြောက်အောင်သွားဖို့
ကျနော့ရဲ့ရည်ရွယ်ချက်က အလင်းဝင်ဖို့ပေါ့
မတတ်နိုင်တောဘူး အားလုံးအတွက်ဆုံးဖြတ်
လိုက်ရပြီ ရင်ဂျမ်းမြို့ ဆိုတာကျနော်တို့
အဖွဲ့အတွက် လုံခြုံတဲ့နေရာမဟုတ်လို့ပါ
အားလုံးကို အကယ်၍မင်းတို့ပြန်လာဖြစ်ခဲ့ရင်
ကျနော်နဲ့ ဘာဘူ နှစ်ဦးထဲသိတဲ့
ဆက်သွယ်ရမယ့်နေရာကို ပြောပြလိုက်တယ်
စခန်းချထားတဲ့နေရာက ဘာဖြစ်လာမယ်ဆိုတာ
ဘယ်သူမှမပြောပြနိုင်လို့ပါပဲ
သူတိုကို ပိုက်ဆံဘယ်လောက်ကျန်သေးလဲလို့
မေးလိုက်တော့ ၈၀ လောက်ကျန်သေးတယ်တဲ့
(မေးတာမေးရတာ ကျနော်ပေးဖို့ဆိုတာလည်း
တစ်ဗျား မှကျနော့ဆီမှာမရှိပါဘူး)
အဲ့ဒါနဲ့ မင်းတို့တွေလောက်မလားဆိုတော့
ကျနော်တို့မလောက်လောက်အောင်
သွားပါမယ်တန်းစီး လို့ သူတို့ပြောတော့
အားလုံးတာဝန်ကျေပါစေ အကောင်းဆုံးဖြစ်
အောင်ကြိုးစားခဲ့ကြ သတင်းကောင်းပဲစောင့်
နေမယ်ဆိုတော့ ကိုတိုးကြည်က စိုလေး
စိတ်ချပါ ငါတိုတာဝန်ကျေအောင် အဖွဲ့အတွက်
အသက်နဲ့ရင်းပြီး လုပ်သွားမှာပါတဲ့
ကျနော်မျက်ရည်ဝဲလာတာကို မှောင်နေတော့
သူတို့မသိလိုက်ဘူး ရှေ့လျှောက်သူတို့
ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်လို့ပါ
မလွတ်ချင်ပေမယ့် အဖွဲ့အတွက်ဆိုတော့
လမ်းခွဲကြပြီပေါ့ ဓါတ်မီးတစ်လက်ကိုသူတို့ကို
ပေးလိုက်တယ် သောက်လက်စဆေးလိပ်တစ်ဘူးနဲ့ပေါ့
သူတို့ထွက်သွားပြီးမှ ကျနော်နဲ့ဖိုးအောင်နိုင်
ပါလာတဲ့ပစ္စည်းလေးတွေကို နှစ်ယောက်သား
ကိုယ်စီကိုင်ပြီး တောင်တက်ခရီးစတင်ရပြီပေါ့
နှစ်ယောက်သားခတ်သွက်သွက်လျှောက်
လာတာ တောင်ပေါ်ကို နံနက် ၃ နာရီ ခွဲ
၎ နာရီလောက်ရောက်မယ်ထင်တယ်
ဘာဘူနဲ့ အချိန်းအချက်လုပ်ထားတဲ့နေရာကို
ကြည့်လိုက်တော့ ဘာမှမထူးခြားဘူး
နကိုနေရာမှာပဲရှိတယ်ဆိုတာသိလိုက်တယ်
အဲ့ဒါနဲ့ စခန်းချရာနေရာသွားတော့
ဖါပေါ့ဂလုန်နာ ဆိုပြီးကင်းစောင့်က အသံခတ်မာမာနဲ့အမေးခံရမှ စကားဝှက်ကို
သတိရပြီး ဂျောင်မာဖြင်လန် လို့ပြောလိုက်ရတယ် (ဆိုလိုတာက ဘာစစ်သား
လဲ ဘာရဲဘော်လဲလို့မေးတာကို
ကျောင်းသားစစ်သား ကျောင်းသားရဲဘော်လို့
ပြန်ဖြေရတာပေါ့)
အဲ့ဒီအချိန်ကင်းကျတာက OK(အုန်းကြိုင်)
သိုမဟုတ် ဒဿ(မောင်မောင်ခင်) ထင်တာပါပဲ
အားလုံးကပြန်လာပြီဆိုတော့ဝမ်းသာကြတာပေါ့
သို့သော် နှစ်ယောက်ထဲ အားလုံးရဲ့စိတ်ထဲမှာ
ဘယ်လိုရှိမယ်ဆိုတာတော့ စာဖတ်သူတွေ
စဉ်းစားမိမှာပါ ကျနော်ကတော့စိတ်ပင်ပန်း
လူပင်ပန်းဖြစ်နေတော့ ဘာဘူကို
အခြေအနေပြောပြပြီး မနက်မှဆက်လုပ်မယ်
ဆိုပြီးအိပ်တော့တာ ဖိုးအောင်နိုင်ကတော့
သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့ နာမကျန်းတွေကို
နိုးနိုးပြီး တစ်ယောက်ပြီးတစ်ယောက်
ဆေးလိုက်ထိုးနေလေရဲ့

ဆက်ရေးပါဦးမည်

No comments:

Post a Comment