Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 8, 2016

ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၇မှ ၃၃

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၇

ကျနော်လည်း စိတ်လွတ်လက်လွတ်
အိပ်လိုက်တာ နံနက် ၁၀ နာရီလောက်မှနိုးတယ်
ထင်တယ် မြင့်သိန်း(ဘာဘူ) နဲ့ အမာခံအဖွဲ့
နောက်ကျန်းမာရေးပြန်ကောင်းလာတဲ့အဖွဲ့
ရိက္ခာအတွက် ဘယ်လိုတွေဖြေရှင်းနေလဲတော့
ကျနော်မသိဘူး ကျနော့အတွက် ထမင်း
လက်သီးဆုပ်သာသာနဲ့ မုန့်ညှဉ်းချဉ် နဲနဲ
ဆီတုံဟူး(ထိုဖူးယန်) နဲနဲ ချန်ထားတယ်
(ရှိတဲ့ရိက္ခာနဲ့ ကျနော့အတွက်ချန်ထားတာဟာ
ကျနော့စိတ်ထဲမှာ မမျှဘူး ဘာလိုလဲဆိုတော့
ဆန်နှစ်ပြည်လောက်နဲ့ ဒီအဖွဲ့ ညကတစ်နပ်စား
ပြီးပြီ မနက်စာထမင်းချက်စားဖို့ဆိုတာ
ဘယ်နည်းနဲ့မှမဖြစ်နိုင်လို့ပါ ) ကျနော်မျက်နာသစ်ဖို့ လိုက်ပြခိုင်းတော့
သာယာလှပတဲ့ရှေးဟောင်းမြို့ကြီးတစ်မြို့
ဖြစ်နေတာကိုတွေ့လိုက်ရတယ်
ကြည်လင်အေးမြတဲ့ တောင်ကျချောင်းရေ
စိမ်းစိုနေတဲ့ သစ်ရိပ်ဝါးရိပ် ရှေးဟောင်းအဆောက်အဦးများစွာ ရှိနေတာ
တွေ့လိုက်ရတယ်(ကျနော်မှတ်မိသေးတယ်
ရဲမေနန်းစောက ကိုစိုးလေးလန်းသွားအောင်
ရေချိုးလိုက်ဆိုပြီး ရော့ဆပ်ပြာတဲ့
ကြည့်လိုက်တော့ သွားတိုက်ဆေးဖြစ်နေတယ်
ဟာ သွားတိုက်ဆေးဘာလုပ်ရမှာလဲဆိုတော့
သူလဲအမြုတ်ထွက်တာပဲတဲ့ ဆပ်ပြာမရှိတဲ့
အခြေအနေမှာ သူလည်းစေတနာနဲ့ ပေးတာပါ
ကျနော့အတိုင်းအတာကတော့ သင်တန်းဆင်း
ရှေ့တန်းထွက်ပြီးသည့်နောက်ပိုင်း ဆပ်ပြာဆိုတာက ကျနော့ရဲ့လက်ဖဝါးနှစ်ဖက်
တိုက်ပွဲတွေက ခပ်စိတ်စိတ် တိုက်ခဲ့ရတော့
ရေချိုးချိန်တောင် ခတ်ရှားရှား ယူနီဖေါင်းတောင်
ဂျေးအထပ်ထပ်နဲ့ မြင်မကောင်းတော့လို့
၇၀၂ တပ်ရင်းမှူး(အောင်ဆွေဦး)က စိုးလေး
မင့်ယူနီဖေါင်းကကြည့်မကောင်းတော့ပါဘူးကွာ
ငါတစ်စုံ ပေးပါမယ် ပြစ်လိုက်တော့လို့
ပြောရတဲ့ ဘဝကလာတာဆိုတော့ ကျနော့
အတွက်ပြဿနာမရှိပါဘူး သို့သော်
သူစိတ်ချမ်းသာအောင်တော့ ကျနော်ယူသွား
လိုက်တယ် )ကျနော်ကိစ္စတွေပြီးတော့
ထမင်းစားသောက်ပြီး ရဲဘော်တွေအားလုံး
စုကြတာပေါ့ မနက်ကဖိုးအောင်နိုင်ထိုးပေးလိုက်တဲ့
ဆေးအစွမ်းကြောင့်လား ပြည့်ပြည့် ဝဝ
အနားယူလိုက်ရလို့လား ဘာဘူနဲ့အမာခံအဖွဲ့က
အားရှိစရာတွေရှာကြွေးထားလို့လားတောမသိဘူး တော်တော်လေး အားရှိစရာကောင်းတဲ့
အခြေအနေကို ရောက်နေတယ်
ဘာဘူနဲ့ ကျနော်ပြန်ရောက်ချိန် ပြောခဲ့တာကို
အစဖေါ်ပြီး ကျနော်ဆန္ဒမဲ ခွဲတော့တာပေါ့
ရည်ရွယ်ချက်က တော်လှန်ရေးဆက်လုပ်မှာလား
အလင်းဝင်ပြီးမိဘရပ်ထံပြန်မှာလား
ကျနော်ကတော့ ကျနော်စီစဉ်ခဲ့တာတွေကို
သူတို့တွေကိုပြောပြတယ်
လက်ရှိအချိန်မှာတော့ အားသာတဲ့ဖက်ကိုလိုက်ပေးကြပါ
ကျနော်နဲ့ဘာဘူလဲ အားသာတဲ့ဖက်လိုက်မှာပါ
ဆိုပြီး ကျနော်မဲစခွဲလိုက်တယ်
တော်လှန်ရေးဆက်လုပ်မဲ့သူလက်ထောင်
ဆိုတော့ ကျနော့အထင် ၁၅ ယောက်ကနေ
အယောက် ၂၀ ဝန်းကျင်ရှိတယ်ဗျ
ကျနော်နဲ့ ဘာဘူ တစ်ဦးနဲ့တစ်ဦးကြည့်ပြီး
ပြုံးလိုက်တယ် ကျနော်တို့အတွက်တော့
အားရှိစရာပေါ့ နောက်ထပ်ရှိသေးလားဆိုတော့
ကျန်တာတွေက ထူးအိမ်သင်ရဲ့ အနွေးထွေးဆုံး
အမေ့အိမ်တွေပေါ့ ကျနော်ပြောထားတဲ့
စကားအရ အားသာတဲ့ဖက်လိုက်ရမှာဆိုတော့
အားလုံးဟာ တစ်စိတ်တဝှမ်းထဲ အလင်ဝင်မည့်
ဘဝတွေရောက်ကုန်တာပေါ့
ကျနော်လည်း မြို့ပေါ်ရောက်ပြီးမှ ဆက်လုပ်ရှား
ချင်ရင် ဆက်လုပ်ရှားကြပေါ့လို့ပြောမိပါတယ်
ကျနော်တို့အတွက် ရိက္ခာကို ဘာဘူကဦးဆောင်ပြီး
ထွန်းဇံ(တာကော) နဲ့ အမာခံအဖွဲ့တွေ
နေမကောင်းသူတွေထဲက ထူထူထောင်ထောင်
ဖြစ်လာသူတွေ စုပေါင်ပြီး ရှာရတာပေါ့
အသီးစုံ အရွက်စုံ တာလဘော ဆွတ်ပြုတ်
(အဆင့်မြင့်မြင့်ပြောကြည့်တာပါ) ညစာအဖြစ်
ရဲဘော်အားလုံး တူညီစွာ နပါးသွားခဲ့ပြီး
တစ်ညတာအိပ်စက်ခြင်းကို
အမာခံအဖွဲ့တွေနဲ့ အလှည့်ကျ ကင်းစောင့်ရင်း
ဖြတ်သန်းခဲ့ရပြန်ပါပြီ
နောက်မနက်အတွက် ဘာဖြစ်အုံးမလဲဆိုတာ
ရဲဘော်အားလုံးရဲ့ ရင်ထဲမှာ တွေးနေမှာတော့
စာဖတ်သူတို့ ခံစားနားလည်မှာပါ




ဆက်ရေးပါဦးမည်
ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၈

ညပိုင်မှာတော့ ဆေးဆရာတွေဖြစ်တဲ့
ဖိုးအောင်နိုင်ဦးစီးပြီး ဇော်မိုး ပေါ်ဦး နန်းစော
နှင့်အဖွဲ့က နေမကောင်းရဲဘော်တွေကို
ဆေးလိုက်ထိုးပေးနေလေရဲ့
အများစု က သက်သာပါတယ်
အနွေးထွေးဆုံး အမေ့အိမ်ဆိုတာ
ခံစားဘူးတဲ့သူမှသိကြမှာပါ ( ကျနော် ရှေ့တန်းမှာ
ရှိစဉ် ကျနော်တို့တပ်စုက ကိုတင်ထွန်းထင်တာပဲ ကိုငှက်ရဲ့ အမေ့အိမ်သီချင်းကိုဆိုတာ တိုက်ပွဲတွေကလည်းစိတ် နန်းမား မိုးညှင်း
ဟိုပင် တစ်ဝိုက် လုပ်ရှားတိုက်ခိုက်နေချိန်
သူဆိုလိုက်တာက ''မီးရထားသံလေးများ
ကြားရင် နဲ့ အခု့တော့ကျနော်က ဟိုးအဝေး
ကြီးက တောထဲကိုရောက်ရှိလို့နေခဲ့ပါပြီလေ'' တဲ့
ကျနော်က ကျောင်တော်ကြီးကိုတောင်မမျှော်မှန်းရဲတော့ဘူး
အမေ့အိမ်တောင် ရောက်ချင်မှရောက်တော့မှာကိုး)
ကျနော့ရဲ့ ရဲဘော်တွေ ကျန်းမာလာတာကို
ကြည့်ပြီး ကျနော့ရဲ့ခံစားမှူ့ကပြောပြလို့ မရပါဘူး
နောက်နေ့ဆက်ဖြစ်မှာကို ရင်ဆိုင်နိုင်ဖို့
သူတို့မှာ စိတ်ဓါတ်ခွန်အား ရှိဖို့ဆိုတာ ဒီအချိန်မှာ
အရေးကြီးပါတယ်
ဒီလိုနဲ့ တစ်မိုးသောက်လို့ အလင်းရောက်လာချိန်
ရဲမေနန်းစောနဲ့ တူးတူးက နံနက်စာအတွက်
ရှိတဲ့ဆန်နဲ့ တောတွင်းခူးလို့ရတဲ အရွက်
အာသာလွတ်ဥ စတဲ့ စားလို့ရတာတွေကို
အမာခံရဲဘော်အချို့ နဲ့ ကျနော်ပြောတဲ့
တာလဘောဆွတ် မိုဗြဲဒယ်ကြီးနဲ့
ချက်ပြုတ်တာပေါ့
ကျနော်တို့ အတွက်က အဓိက ရိက္ခာ
မရှိတော့ဘူး ဒီနံနက်စာပြီးရင်ကုန်ပြီ
တာကောကိုဦးဆေင်ပြီး အမာခံအဖွဲ့ထဲက

ကျနော်ထင်တယ် ထိန်လင်းအောင်
ဖိုးဆန်းနဲ့ ကျော်ဇင်ထွန်းလား ကျော်မျိုးလား
မသိတော့ဘူး ကျနော်တို့ဖြတ်ခဲ့ရွာကို
လွတ်ပြီးရိက္ခာပြန်သယ်ခိုင်းရတယ်
( ကျနော်တို့ရဲ့ ထွန်းဇံ တာကောက
စာဖတ်သူတို့ ပန်းချီထိန်လင်းကို တွေ့ဘူးရင်
ရုပ်ချင်းတော့မဆင်ပါဘူး သို့သော်
ဟန်ပန်အမူအရာက ပြောစရာမလိုဘူး
ခံစားချက်မဲ့တဲ့ မျက်နထားလေးတွေနဲ့
အဖွဲ့အတွက်ရှာကျွေးခဲတာပါ
အားလုံးကလည်း စုတ်ပြတ်သတ်နေတဲ့
ယူနီဖေါင်းတွေနဲ့လေ)
ကျနော်နဲ့ ဘာဘူ တိုင်ပင်တယ်
ကိုတိုးကြည်နဲ့ အဖွဲ့ မပြန်ရောက်ခဲ့ရင်
ငါတို့ ရွှေလီအထိ တောလမ်းကချီတက်မယ်
ဆိုတော့ ဘာဘူကလက်ခံတယ်
ငါတို့ ဒီတစ်ညစောင့်ကြည့်မယ်
မနက် စခန်းရွှေမယ် ဆိုတော့ ဘာလို့လဲတဲ့
မင်းလဲရှေ့တန်းတိုက်လာတာ
ငါလဲရှေတန်းတိုက်လာတာဆိုတော့( ပြောရရင်
တော့ အထိုင်ကြာရင် အနဲနှင့်အများ
ရွာသားတွေသိမယ် ပြီးရင် အာဏာပိုင်တွေသိမယ် အားလုံး စခန်းပြန်ရောက်ပြီးသကာလ ပြု့သမျှနုရမယ့်
ဘဝရောက်သွားမှာ) အဲ့ဒီမှာဘာဘူက
ရွှေသင့်တယ် ဆိုပြီး အမာခံနှစ်ယောက်ခေါ်ပြီး
တော့ နယ်မြေစုံစမ်းရေးနဲ့ စခန်းသစ်ရှာဖွေရေး
စတင်တော့တာပေါ့
နေ့ခင်း တစ်နာရီ ဝန်းကျင်လောက်
ထွန်းဇံနှင့် အမာခံအဖွဲ့ ဆန်တွေရိက္ခာတွေနဲ့
ပြန်ရောက်လာကြပြီ ရဲမေနှစ်ယောက်ရဲ့
ပျော်ရွှင်မှူ့က စာဖတ်သူများမြင်စေချင်ပါတယ်
သူတို့ သယ်လာတာ ထမင်းချက်စားရင်တောင်
သုံးရက်စာလောက်ရှိလို့ပါပဲ
ဘာဘူနဲ့အဖွဲ့က ပြနါမလာသေးတော့
စောင့်ပေါ့ ရဲမေနှစ်ယောက်နဲ့ နာမကျန်းအဖွဲ့ထဲက ကောင်းတဲ့သူတွေက
ထမင်းချက် အမာခံတွေက ကူတဲ့သူကကူ
ကင်းစောင့်တဲ့သူကစောင့်ပေါ့
ဒီညစာတော့ တာလဘောဆွတ်
မဟုတ်တာတော့သေခြာသွားပြီ
ညနေ ၅ နာရီလောက်ထင်တာပဲ
ဘာဘူနဲ့ အဖွဲ့ ပြန်ရောက်လာတယ်
ကိုစိုးလေး ရွာအထွက်မှာစိတ်ချရတဲ့နေရာ
တွေ့ခဲ့ပြီတဲ့ ဘာဘူစုံစမ်းလာတာဆိုရင်
ကျနော်က ၁၀၀% ယုံတယ်
သူက Safety First ကိုအဓိကထားတာ
ကျနော်သိနေလို့ပဲ
ကျနော်လူမရှိဘူးထင်တဲ့ ရွာထဲကို
လမ်းလျှောက်ရင်း လေ့လာကြည့်တဲ့အခါ
တွေ့ပါပြီ တရုတ်အဖိုးကြီး
ကျနော့ကိုတွေ့တော့ အိမ်ထဲဝင် တံခါးပိတ်
ကျနော်ချက်ချင်း ပြန်လာပြီး
မနက်စောစော စခန်းရွှေမယ်ဆိုတာကို
ဆုံးဖြတ်လိုက်တယ်

ဆက်ရေးပါဦးမည်


ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၉

ကျနော်စခန်းချထားတဲ့ နေရာပြန်ရောက်တော့
ကျနော်တို့အမာခံအဖွဲ့နဲ့ အားလုံးကို
မနက်စောစောခရီးထွက်မယ် ဆိုတော့
အားလုံးကလည်း အရန်သင့်ပါပဲ
ရှိထားတဲ့ ဆန်နဲ့ ရိက္ခာနဲနဲကိုတော့
ခွဲပြီးသယ်နိုင်ဖို့ စီစဉ်တဲ့သူတွေကစီစဉ်တာပေါ့
အမှန်ကတော့ ဘာဘူ စီစဉ်ခဲ့တဲ့နေရာကိုရွှေ့ဖို့ပါ
၃ နာရီလောက်တော့ သွားရမယ်တဲ့
ဒါက ဘာဘူနဲ့ ကျနော်ပဲသိတာ
ဘာဘူက ကိုတိုးကြည်တို့ အဖွဲ့ ပြန်လာခဲ့ရင်
လျှို့ဝှက်ရထားမည့် နေရာမှာ မြေပုံအညွန်း
ထားခဲ့ဖို့ စီစဉ်ပြီ ( ဖိုးဆန်းတို့ Ok တို့နဲ့ ဘယ်သူတွေပါသေးလဲမသိဘူး ထင်လင်းအောင်တို့ ကျော်မျိုးတို့ ကတော့
ထိပ်ဆုံးကဖြစ်မယ်ထင်တယ် ဒါကလည်း
သူတို့ပြောပြလို့သိရတာ ကျနော်ရင်ဂျမ်းဆင်း
တဲ့လမ်းမှာ တောင်အလယ်မှာ ရွာလေးတစ်ရွာ
ရှိတယ်ဆိုတာ အရင်ရေးခဲ့တဲ့အပိုင်းမှာပြောခဲ့ဘူးပါတယ်
ခရီးထွက်တော့မယ်ဆိုတော့ ညဦးပိုင်း
မှောင်ရီပျိုးစအချိန် သားကောင်ထွက်ရှာတာတဲ့
သွားတော့ အဲ့ဒီရွာကို ဝက်သတ်ဖို့ ဆိုပါလား
ကျနော်မသိလိုက်ဘူး အားလုံးကအမာခံကြီးပဲ
သူတို့စိတ်ထဲမှာတော့ အဖွဲ့ကရဲဘော်တွေ
အသားလေးစားစေချင်တဲ့စိတ် နဲ့ အရဲစွန့်
လုပ်ကြတာ သိုသော် စစ်ရေးအမြင်နဲ့ကြည့်ရင်
တအားကြောက်ဖို့ကောင်းတယ်
ကျနော်တို့ နေတဲ့နေရာက KIA စိုးမိုးထားတဲ့နေရာ တရုတ်ရဲဖမ်းမိရင်
အားလုံးစခန်းပြန်ရောက် နုတ်နုတ်စင်းခံရမှာ
ပိုင်ရှင်အသံကြားလို့ မလုပ်ဖြစ်ခဲ့ပါဘူးလို့
သူတို့တွေ အခုပြန်ပြောမှသိရတာပါ)
၁၀ နာရီလောက်ထင်တာပဲ ကိုတိုးကြည်နဲ့
အီနွတ် ပြန်ရောက်လာပြီ နှစ်ယောက်လုံးက
အဝတ်အစားအသစ်တွေနဲ့ အလန်းစားတွေ
အစားအသောက်တွေပါ သယ်လာတယ်ထင်တယ်
ကိုတိုးကြည်က စိုးလေး ဘာဘူ
ငါတို့တွေ အလင်းဝင်ခဲ့ပြီ အခုငါတို့ကိုကူညီဖို့
ရင်ဂျန်မှာစီပွားရေးလုပ်နေတဲ့ သူဌေးလင်မယား
နှစ်ယောက်က ငါတို့ ၅၄ ဦးအသက်ကို
ကယ်ဖို့ တစ်ပါတည်းပါလာတယ် ဆိုတော့
အားလုံးကဝမ်းသာကြပြီပေါ့ ငါတို့လွတ်ပြီပေါ့
(ရင်ဂျမ်းကို မူဆည်ကမပိုင်ဘူးဆိုတာနောက်မှသိရတာ
မူဆည်က ရွှေလီဆိုရင်တော့ ညှိနိုင်းလို့
ရတယ် ဒါကြောင့် ကယ်တင်ချင်တဲ့
လင်မယားနှစ်ယောက်နဲ့ ကိုတိုးကြည်နဲ့
အီနွတ်ကိုထည့်ပေးလိုက်တာ ဂျိုးဖြူ ကိုတော့
မူဆည်မှာအပေါင်သဘောထားခဲ့ရတယ်တဲ့)
ကျနော်တို့အဖွဲ့တွေ တိုင်ပင်ကြပြီ
မနက် စောစော ကျနော်နဲ့ အီနွတ် ရင်ဂျမ်းကို
အရင်ဆင်းမယ် ဘာဘူနဲ့အဖွဲ့က
နောက်က ကပ်လိုက်ခဲ့ အသံမထွက်စေနဲ့
တောင်ခြေရွာက ရွာအထွက်တောင်ကုန်းမှာ
မိုးမလင်းမှီ တပ်ဖြောက်ထားဖို့
ကျနော်ကတစ်ခေါက် သွားပြီးပြီဆိုတော့
ကားဘယ်နားရပ်ရမယ်ဆိုတာမျက်စိထဲမြင်တာကိုအကုန်ပြောပြတယ် ကားရပ်တာနဲ့
ကားပေါ်တန်းတက်ရုံပါပဲ
လမ်းကြောင်းသိတဲ့ ဖိုးအောင်နိုင်နဲ့ ကိုတိုးကြည်
ကိုလည်းသေခြာစွာမှာတယ်
ရွာအထွက်တောင်ကုန်းအဆင်းမှာ ကင်းချထား
ဖို့ပါ မှာထားတယ်
ကျနော်တို့နဲ့ ကပ်လိုက်ခဲ့ဖို့ဆိုတာက
ကျနော်တို့နှစ်ယောက်က နှစ်ယောက်ထဲ
သူတို့က စစ်ကြောင်းချီလာတာဆိုတော့
ကျနော်တို့ ရင်ဂျမ်းရောက်မှ သူတို့တွေက
တောင်ခြေလောက်ရောက်မှာ
ကိုတိုးကြည်က ကျနော့ကို ကြီးမြင့်( တရုတ်ပြည်
ယာယီနေထိုင်ခွင့်လက်မှတ် ကြီးမြင့်လို့ပြောတာ
ထင်တာပဲ တစ်ပါတ်နေထိုင်ခွင့်ရတယ်ထင်တယ်)
ပေးတယ် တရားဝင်သွားလို့ရပြီဆိုတော့
ကျနော်နဲ့အီနွတ် နံနက် ၃ နာရီလေက်ထင်
တာပဲ စတင်ခရီးထွက်ပြီပေါ့

ဆက်ရေးပါဦးမည်

ကျိနော်တို့အဖွဲ့က ရဲဘော်တိုင်းမှာ
ကိုယ်စီလုပ်ဆောင်ခဲ့ရတာတွေရှိပါတယ်
သို့သော် တန်းစီး စိုးလေးနဲ့ တန်းစီးဘာဘူကို
အဲ့ဒီအချိန်က ဘယ်သူမှ ကျော်လွှားလို့
မရဘူးဆိုတာက ပြန်ရောက်သူအများစု
သိပါတယ်ပြန်ရောက်ပြီးမှတော့
သူတို့ရဲ့လွတ်လပ်ခွင့် ကျေနပ်တဲ့သူရှိသလို
မကျေနပ်သူတွေလဲရှိမှာပါပဲ
လွတ်မြောက်မှူ့အတွက် ရက်စက်မှူ့အပေါင်း
သရဖူဆောင်းခဲ့တာ ကျနော်တို့ နှစ်ယောက်
ခံစားခဲ့ရတာတော့ လူတိုင်းမှာရှိမှာပါ
မှားသည်မှန်သည် ကျနော်တို့ မပြောလို
အားလုံးလွတ်မြောက်ဖို့ အတွက်တော့
ကြိုးစားခဲ့ပါတယ်

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၃၀

ကျနော်နဲ့ အီနွတ် ရင်ဂျမ်းကို နံနက် ၅ ၃၀ နာရီလောက်မှာရောက်တယ် အီနွတ်က
စောသေးတယ်တန်းစီး လက္ဘက်ရည်သောက်
မယ်ဆိုတော့ ကျနော်ကမသောက်ဘူး
နောက်ကရဲဘော်တွေအရေးကြီးတယ်ဆိုတော့
သူက သူဌေးတွေကအိပ်ယာတောင်ထအုံးမှာ
မဟုတ်ဘူး ဆိုတော့ အေးသောက်ပေါ့ကွာဆိုပြီး
သောက်တာပေါ့ ကျနော်ကနားမလည်
အီနွတ်ပြု့သမျှနုရတဲ့ဘဝပေါ့
အဲ့ဒီဆိုင်မှာ တစ်နာရီကျော်အချိန်ဖြုန်းလိုက်တယ်
ပြီးမှ သူဌေးတွေ တဲတဲ့ Hotel ကိုရောက်တော့
သူတိုကနိုးကာစ အီနွတ်ကို စိတ်တိုပြီး
ကျနော်ထိုးတော့မလို့ မင်းကွာ
ဘာလို့ လက္ဘက်ရည်ဆိုင်မှာအချိန်ဖြုန်းတာလဲပေါ့
စောစောလာနိုးရင် စောစောစီစဉ်လို့ရတာပေါ့
အဲ့ဒီမှာအီနွတ်က သူတို့က ကားစီစဉ်မှာနဲ့ဆိုတော့ ကျနော်က ခွာပြီး
ရောက်အောင်စီစဉ်လိုက်တာ တဲ့
ကျနော်ကအချိန်ကိုက်တိုင်ပင်ယူထားတာ
တောထဲဆို ဒီကောင်သေပြီ
သူဌေးနဲ့ကျနော်စကားပြောတော့
ချက်ချင်းကားရှာ တာပေါ့ သို့သော် ၃ နာရီလောက်တော့ကြာတယ်
express ကားလိုမျိုးနဲ့ အားကစားဝတ်စုံ
၅၄ ဦးစာ ကာတွန်ပုံးတွေနဲ့
ဒါတွေကဘာအတွက်လဲဆိုတော့
ငါ့ညီတို့က မင်းတို့ဝတ်လာတာတွေနဲ့
ဒီအတိုင်း သွားလို့ မရဘူး ဒါတွေကိုဝတ်ပြီး
အားကစားအဖွဲ့လိုသွားမှရမှာတဲ့
သူပြောတာမှန်ပါတယ် သို့သော်
အချိန်တအားနောက်ကျနေတော့
ကျနော်အားခြင်းထွက်ဖို့ တွန်းတယ်
Hotel ကနေအားခြင်းထွက် ကားဆရာကလည်း
ဇွတ်မောင်း တောင်ခြေလမ်းခွဲရောက်တော့
တရုတ်ရဲ ဘေးတွဲဆိုင်ကယ် ၃ စီး
ကျနော်တို့ရှေ့က မရေရာင်မလယ်နဲ့
လမ်းထဲဝင်သွားတယ် သူဌေးကို
လိုက်ဝင်လို့ရသလားဆိုတော့ ကားဆရာကို
သူကမေး ကားဆရာကလည်း ရတယ်ဆိုပြီး
နောက်ကလိုက်
ကျနော်ထင်တာက ရွာအဝင်တောင်ကုန်းမှာ
ငါတို့အဖွဲ့တွေရှိတယ် ဒီရဲတွေကရွာထဲသွားရင်
တောင်ကိုပတ်သွားရမှာ
ငါတို့အဖွဲ့လွတ်တယ်ပေါ့
ကားကိုတောင်စောင်းဘေးပတ်ထိုးခိုင်းတယ်
ကင်းစောင့် မောင်မောင်ခင်(ဒဿ)ထွက်လာတယ်
ကျနော်က အကုန်ခေါ် ဆိုတော့ ရွာထဲမှာ
ထမင်းစားနေကြတယ်တဲ့
သွားပြီ ရှေ့ကတရုတ်ဆိုင်ကယ်သုံးစီက
ဒီအတွက်လာတာထင်တယ်ဆိုပြီး
အီနွတ်ကို ကျနော့ရဲ့ကြီးမြင့်ပါပေးပြီး
ရွာထဲလွတ်လိုက်တယ်
ဒေါဒထွက်တာကတော့ ခေါင်းဆောင်တွေ
ကျနော်က ဒီတောင်ကုန်းမှာမိုးမလင်းခင်
ခြေရာဖျောက်ပါဆိုတာကို နားမထောင်လို့
ကျနော်တအားစိတ်ပူနေပြီ စာဖတ်သူတွေလည်း ကျနော့နေရာမှာခံစား
ကြည့်ပေါ့ဗျာ အားလုံးအတွက်စဉ်းစားရင်
ပြောတာပါ
ဒဿနဲ့ကျနော် စိတ်ပူစွာနဲ့ စောင့်နေရင်း
အီနွတ်နဲ့ ဖိုးအောင်နိုင်ပြန်ရောက်လာတယ်
အားလုံးကို ရွာသားတွေရော ရဲရော
ဝိုင်ထားပြီ ကျနော်တို့တောင် ကြီးမြင့်ရှိလို့
လွတ်ပေးလိုက်တာဆိုတော့
သူဌေးလင်မယားကို ရွှေလီထွက်မယ်ဆိုပြီးပြောလိုက်တော့
သူတို့ကလည်း ကျနော်ပြောတဲ့အတိုင်း
ကားဆရာကို ပြော ဒိုးပြီပေါ့ရွှေလီ

ဆက်ရေးပါဦးမည်

ရင်ဂျမ်းကနေ အလင်းဝင်ဖို့ကျနော်လွတ်လိုက်တဲ့
ကိုတိုးကြည် တို့ရဲ့ မူဆည်ခရီးစဉ်ကို
တင်ပြပေးပါမယ် ကိုတိုးကြည်ရဲ့
ဖြတ်သန်ခဲ့မှူ့ကို သူကိုယ်တိုင် ကျနော့ဆီပေးပို့
ထားတာပါ

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၃၁

စိုးလေးနဲ့ငါတို့ လမ်းခွဲတော့ ငါတို့လည်း
မြို့ပြင်ထွက်တဲ့လမ်းကို တစ်ယောက်နဲ့တစ်ယောက် မလှမ်းမကမ်း
ခပ်သွက်သွက်လေး လျှောက်ခဲ့ကြတယ်
တို့အခြေအနေက လမ်းဘေးအိပ်ရမယ့်
အခြေအနေလေ ရင်ဂျမ်းကနေရွှေလီအထွက်မှာ
တံတားကြီးတစ်စင်းရှိတယ် တံတားမှာအစောင့်
ရှိမရှိ ကြည့်ရသေးတယ် ကံကောင်းတယ်
ဘာအစောင့်မှမရှိဘူး (သူတို့ကငြိမ်းချမ်းတာကိုး) တံတားဟိုဘက်ရောက်တော့ဆက်မသွားပဲ
တံတားချဉ်းကပ်လမ်း မြေဘောင်အောက်မှာ
နေသားကျနေပြီဖြစ်တဲ့ ငါတို့သုံးယောက်
ဖဲမွှေ့ယာသဘောထားပြီးတစ်ညတာအိပ်လိုက်
တယ် ဒါပေမယ့်အိပ်တဝက်နိုးတဝက်ပေါ့
သတိလွတ်လို့မဖြစ်ဘူးလေ
ကားတွေကလည်းတစ်ညလုံး တဝီဝီပဲ
ရွှေလီသွားတဲ့ကားမှန်သိပေမယ့် မတားရဲဘူး
မနက်စောစောမှာ ထော်လာဂျီ တစ်စီးနဲ့တစ်စီးကို
မတောက်တခေါက်တရုတ်စကားလေးနဲ့
နားလည်အောင်ပြောပြီး ခရီးဆက်ထွက်ရတာ
ပေါ့ ( လမ်းမှာ သွားရင်းနဲ့ ရင်းနှီးပြီးဖြစ်တဲ့
ရှမ်းပြည်နယ်ကမဟာမိတ်အဖွဲ့ထဲဝင်ဖို့
ဒါမှမဟုတ် ဆက်ပြီးတော်လှန်ရေးလုပ်ဖို့ကိစ္စ
စုံစမ်းကြတယ် ဒါပေမယ့်အဆင်မပြေပါဘူး
အခန့်မသင့်ရင် KIA နဲ့ဆက်သွယ်ပြီး ပြန်ပို့ခံရမှာ
ကိုလည်းစိုးရိမ်ရတယ် ဒါနဲ့ပဲ သုံးဦးတိုင်ပင်ပြီး
အလင်းဝင်ဖို့ ဆုံးဖြတ်လိုက်ကြတာ)
ရွှေလီကိုတော့ရောက်ခဲ့ဘူးတယ် ၁၉၉၀ ရှမ်းမြောက်ကနေ ကချင်ကိုတက်လာတော့
ရွှေလီကိုဖြတ်ခဲ့ရတာ တရုတ်စကားကလည်း
ရှမ်းပြည်မှာရွာစဉ်လည်ပြီး ဟင်းတောင်းစားခဲ့
တာရယ် ကိုရွှေကျားနဲ့ဆမား ကိုဈေးဝယ်
လိုက်ခဲ့ဘူးတာတွေရယ် တရုတ်မချောချာ
မလီးမေက တရုတ်စကားသင်ပေးဘူးတာကြောင့် ကွိစိကွစိ
တော့ပြောနိုင်တယ်ဟ ဒီလိုနဲ့ ရွှေလီကို ရောက်
လာပြီ ပါဂျောင်အဖွဲ့တွေနဲ့ တရုတ်ရဲ တွေကို
ရှောင်ရင်းတိမ်းရင်းနဲ့ မူဆည်ဘက်ထွက်တဲ့ကားပေါ် အပြေးတက်ပြီး
စီးခဲ့ကြတယ်။နယ်စပ်ကိုရောက်တော့
ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ မထူးဘူးဆိုပြီး
ကင်းစောင့်နေတဲ့တဲကိုသွားကြည့်တော့
အစောင့်တစ်ယောက်ထဲ။နောက်ကတဲမှာတော့
ရှိမှာပေါ့။ အဲ့ဒီမှာစတွေ့တာကတော့ ကင်းတဲနံရံ
မှာကပ်ထားတဲ့ဓါတ်ပုံမိတ္တူပဲ(နေးရှင်းသတင်းစာ
မှာပါတဲ့ ငါးယောက်ပုံ အလိုရှိသည်ပေါ့ကွာ)
ဒါနဲ့ အစောင့်ကိုမေးလိုက်တယ် မင်းတို့ဒီနေရာကိုခေါင်းဆောင်တဲ့အကြီးဆုံး
တာဝန်ခံနဲ့တွေ့ချင်တယ် ဆိုတော့ တပ်ကြပ်ကြီး
တစ်ယောက်ထွက်လာပြီး ဘာကိစ္စ လည်းတဲ့။
ငါကလည်း အဲ့ဒီဓါတ်ပုံထဲက တိုးကြည်ဆိုတာက
ငါဘဲ နိုင်ဝင်းအောင်(ဂျိုးဖြူ) ဆိုတာသူဘဲ ဆိုပြီး
ပြောလိုက်တော့ အကိုတို့ခဏစောင့်ပေးပါပြောပြီး ဆက်သွယ်ရေး
လုပ်လိုက်တာ မကြာဘူးစစ်ကားတစ်စီနဲ့
ဗိုလ်ကြီးတစ်ယောက်ပါလာတယ်
အကိုတို့လိုက်ခဲ့ဆိုပြီး ချက်ချင်းခေါ်သွားတယ်
(မူဆည်မှာထိုင်တာတပ်ရင်းလားဗျူဟာလား
မမှတ်မိတော့ဘူး) တပ်ကိုရောက်တော့
တပ်ရင်းမှူးကခင်ဗျားတို့ တရုတ်ပြည်ထဲကို
ဒီအတိုင်းဖြတ်လာတာလားတဲ့ ပြီးတော့
မင်းတို့ရဲ့ယူနီဖေါင်းက အဲ့လိုလားဆိုတော့မှ
ကိုယ့်အဝတ်ကိုယ် ပြန်ကြည့်ဖြစ်တယ်
တကယ်စုတ်ပြတ်သတ်နေတာ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ သတိကိုမထားမိဘူး။
အခြေအနေအားလုံးကိုရှင်းပြတော့
သူတိုလက်ခံတယ် အလင်းဝင်ပေါ့
သူတို့တွေကတော့ ဘယ်လိုစီစဉ်ရမယ်ဆိုတာ
ခေါင်းချင်းဆိုင်ကြပြီ
ညနေဖက်ကိုမူဆည်မြို့ထဲကို လိုက်ပြတယ်
သူတို့တွေဘယ်လိုကြိုးစားလုပ်ဆောင်နေတာကိုပေါ့ တပ်ကိုပြန်ရောက်တော့
မနက်ကိုခရီးထွက်ရမယ် တရုတ်ဖက်က
သဘောမတူလို့ သူတိုတပ်ကလိုက်လို့ မရဘူးတဲ့
စိတ်ချရတဲ့ ကုန်သည်အတွဲကို ထည့်ပေးလိုက်မယ် ဆိုပြီးတပ်ရင်းမှာညအိပ်
ခဲ့ရတယ်။ မနက်ခရီးထွက်တော့မယ်ဆိုမှ
ကိုတိုးကြည် ခင်ဗျားတစ်ယောက်ထဲလိုက်သွား
ဆိုတော့ ဟားမဖြစ်ဘူးလို့ဇွတ်ငြင်းတော့မှ
တစ်ယောက်ထားခဲ့ဆိုပြီး ဂျိုး ကိုခေါ်ထားလိုက်
တယ်(အပေါင်သဘောပေါ့တဲ့ မင်းတို့ပြန်လာဖြစ်
အောင်ပြန်လာပါတဲ့။ မင်းတို့ပြန်လာမှငါတို့ ရာထူး
တိုးမှာဆိုပဲ) ဒီလိုနဲ့ကျနော်နဲ့အီနွတ် ကုန်သည်
အတွဲနဲ့ တရုတ်ပြည်ကိုခရီးစခဲ့ကြတယ်။
ပြည်ဝင်ခွင့်တို့နဲ့ လိုအပ်တာတွေကို ကုန်သည်
လင်မယားက စီစဉ်တယ် ကျနော်ကတော့
ကိုယ်တွေကိုမျှော်နေမယ့်ရဲဘော်တွေဆီ
အမြန်ရောက်ချင်တာပဲသိတယ်
ခရီးတလျှောက်မှာတော့ ကြားမြို့လေးတွေဝင်ပြီး
စနဲနာနော့ ထူးခြားမှူ့မရှိဘူး။ ဒီလိုနဲ့ ညနေ ၃ နာရီလောက်မှာ ရင်ဂျမ်းမြို့ ကိုရောက်တယ်
ချက်ချင်းတောင်ပေါ်တက်ပြီးသွားခေါ်ချင်ပေမယ့်
အယောက် ၅၀ ကျော်ဆန့်တဲ့ ကားကြီးစီစဉ်
ရဦးမယ်ဆိုတော့ Hotel မှာခဏနားပေါ့
သူတို့ပြန်ရောက်လာတော့ တောင်ပေါ်တက်မယ့်
ရွာလမ်းခွဲ လမ်းမကြီးထိလိုက်ပို့တယ်
ကိုယ်တို့နှစ်ယောက် လမ်းမကနေ တောင်ခြေရွာ
ပြီးတော တောင်တက်ခရီးနှင်လာတာ
တောင်အလယ်ရွာရောက်တော့ အဖွဲ့တွေနဲ့
တွေ့တယ် ပြန်လာမယ်သိလို့များ လာကြိုတာလားပေါ့ ဘယ်ဟုတါမလဲ
ရဲဘော်တွေစားဖို့ တောကောင်လာရှာတာတဲ့
ည ၁၀ နာရီလောက် တောင်ပေါ်စခန်း
ရောက်တယ် ရဲဘော်တွေ အားလုံးကအိမ်ပြန်
ရမယ်ဆိုတဲ့အသိကြောင့် ပျော်နေတာမြင်ရတော့
တအားဝမ်းသာမိတယ်(တောင်ပေါ်ကနေ
ရင်ဂျမ်း မြို့ကိုကြည့်ရင် အမြင်နီးပြီး အလှမ်းက
တအားဝေးတယ်)

တိုးကြည် . မကဒတ . မပ

ဒါက ကိုတိုးကြည်တို့ ရဲဘော်တွေလွတ်မြောက်ဖို့
အတွက်လုပ်ဆောင်ခဲ့တာတွေကို စာဖတ်သူများ
ဆက်စပ်၍ရအောင် တဆက်ထဲ တင်ပေးရတာပါ
ကျနော်ရေးလက်စကိုဆက်ရေးပေးပါမယ်

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၃၂

ရွှေလီကို ကျနော်/ဒဿ/ အီနွတ်/ဖိုးအောင်နိုင်
လေးယောက်ထဲ ကားကြီးတစ်စီးနဲ့
ချက်ချင်းထွက်ကြတယ် ရွာအဝင်လမ်းမှာ
တရုတ်ရဲကားတွေ ဝင်လာတော့
လေးယောက်သား ကားလျှေက်လှမ်းပေါ်
ဝတ်နေရတာပေါ့ ထွက်တာမြန်လို့ထင်တာပဲ
နေက်မို့ဆို ကူညီမှူ့နဲ့ သူဌေးလင်မယားနဲ့
ကျနော်တို့ပါဒုတ္ခရောက်သွားနိုင်တယ်ထင်တယ်
ကားကိုတော့ ရပ်မစစ်ဘူး ကျနော့စိတ်ထဲမှာ
တော့ စိုးရိမ်စိတ်အပြည့်နဲ့ပေါ့ ။
လူမပါတာတွေ့လို့လား မိထားတဲ့ ၄၉ ဦးကိုပဲ
အဓိကထားတာလားတော့မသိဘူး။
ကားပေါ်မှာအီနွတ်ကို ကျနော်ကောင်းကောင်း
ဆဲတာပေါ့ မင်းလက္ဘက်ရည်ဆိုင်မှာ
ထိုင်လိုက်တဲ့ တစ်နာရီကျော်လောက်က
အားလုံးဒုတ္ခ ရောက်ကုန်ပြီဆိုပြီး။ ပြီးတော့
တစ်နာရီလောက်စောရောက်ရင် လွတ်လောက်
တယ်ပေါ့။ အဲ့ဒီအချိန်မှာ သူဌေးက ညီလေးတော်ပါပြီ အကိုတို့က ငါ့ညီတို့ရဲ့
အသက် ၅၄ ချောင်းကို ကယ်တင်ချင်တာပါ
မဖြစ်မနေကယ်ပါ့မယ် အကိုက ကုသိုလ်ယူ
တာပါတဲ့ ဒီမြို့မှာအကိုနဲ့သိတဲ့ အာဏာပိုင်တွေ
ရှိပါတယ် ငါ့ညီတို့ Hotel မှာစောင့်ပြီး
စောင့်ကြည့်မလားတဲ့။ ကျနော်စဉ်းစားလိုက်
တယ် KIA ထိန်းချုပ်နယ်မြေမှာ အဖမ်းခံရတဲ့
အဖွဲ့တွေဘယ်လိုမှမလွတ်မြောက်နိုင်ဘူး
ဆိုတာပဲ တနည်းနည်းနဲ့တော့ သတင်းရောက်
သွားရင် ပါဂျောင်ဗဟိုက ပျော်ပျော်ကြီး
စောင့်ကြိုနေမှာပါ။(အခုကျနော်ရေးရင်နဲ့စဉ်းစား
မိတယ် အကယ်၍များပြန်ရောက်သွားရင်
တခါတည်း သတ်လိုက်တာကိစ္စ မရှိပေမယ့်
လက်သွေးတဲ့ပုံစံနဲ့ မသေမရှင် နိပ်စက်နေမှာလား!
ဒါမှမဟုတ် ကျနော်တို့တူးခဲ့တဲ့ မြေကျင်းထဲ
အကုန်ထည့်ပြီး မိုင်းခွဲသတ်မှလား! ဒါမှမဟုတ်
အဲ့ဒီကျင်းထဲမှာပဲ တစ်ယောက်ပြီးတစ်ယောက်
နိပ်စက်လို့အားရမှ တစ်ဦးစီ ခေါင်းဖြတ်သတ်မှာ
လား) ကျနော်အဖြေပေးလိုက်တယ်
အကိုတို့ တစ်ယောက်နေခဲ့ပြီး တစ်ယောက်နဲ့
မူဆယ်သွားလို့ရမလားဆိုတော့ ရတယ်ညီလေး
တဲ့။ ရင်ဂျမ်းမြိုထဲကားဝင်ပြီး အားကစားဝတ်စုံ
ကာတွန်းပုံးတွေကူချပြီး ဖိုးအောင်နိုင်နဲ့
ဒဿ အတွက်နှစ်စုံ ထုတ်ပြီးတော့ ကျန်တာတွေ
ချထားခဲ့တယ် အချေအနေကောင်းရင်
ရဲဘော်တွေအတွက် အရန်သင့်ဖြစ်အောင်ပေါ့။
အဲ့ဒီမှာ သူဌေး အမျိုးသားကနေခဲ့ပြီး သူဆက်လုပ်နိုင်တာတွေဆက်လုပ်ဖို့ ချန်နေခဲ့
တယ်။ သူဌေးအမျိုးသမီးနဲ့ ကျနော်တို့
လေးယောက် ကားကြီးတစ်စီးနဲ့ ရွှေလီကို
ဆက်ထွက်ကြတယ်။ ကားကတော့သူဌေးက
ရွှေလီအထိအပြတ်ငှားထားတော့
ကားဆရာကို သူဌေးဘယ်လိုပြောထားလဲ
မသိဘူး အသကုန်မောင်းတာပဲ။
ကျနော်တိုအဖွဲ့ ရွှေလီကို ညနေ ၂ နာရီလောက်
ဝင်တယ် သူဌေးမက မူဆယ်ဖက်ကူးတော့
တရုတ်ဖက်မှာ ခတ်တည်တည်နဲ့သူ့နောက်က
လိုက်ခဲ့ဖို့ သူကတော့ရှေ့ကပေါ့ (ပါတာက
ပြည်ဝင်ခွင့်က ၂ စောင်ထဲ ဆိုတော့ ၂ ယောက်
ကလွတ်နေတာကိုး။ ကိုတိုးကြည်ကအဖမ်းခံ
ရတဲ့အထဲကျန်ထားခဲ့တယ် အီနွတ်သွားကြည့်တော့ အနီးဆုံးလူကို
ပြည်ဝင်ခွင့်လက်မှတ်ပေးလိုက်တော့
ဖိုးအောင်နိုင်ပြန်ပါလာတာ)

ဆက်ရေးပါဦးမည်
ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၃၃

အဲ့ဒီလိုနဲ့ မူဆယ်ထဲကို ခပ်တည်တည်ဝင်သွား
တယ် သူဌေးအမျိုးသမီးကတော့ သူတို့သွားနေကြဆိုတော့ ကျနော်တို့ရှေ့မှာ
အဆင်ပြေအောင်လုပ်ပေးသွားတယ်ထင်တာဘဲ
ကျနော်တို့လည်း လွတ်လပ်စွာ တံတားကိုဖြတ်
ကူးပြီး မူဆယ်တပ်စခန်းဆီသို့ ချီတပ်ခဲ့ကြတယ်
မူဆယ်ဘက်ကမ်းရောက်တော့ ကားတွေတန်း
ဆီပြီး စောင့်နေတဲ့ တပ်တွင်းမိသားစုနဲ့မြို့ခံပြည်
သူများကိုတော့ ကျနော်တွေ့လိုက်မိတယ် ကျနော်တို့က လေးယောက်ထဲဆိုတော့ကာ
ဗိုလ်ကြီးတစ်ယောက်ထင်တာဘဲ ကျနော်တို့ကို
လာတွေ့တယ် ကျန်တဲ့လူတွေကောဆိုတော့
ကျနော်က ရင်ဂျန်းမှာ တရုတ်ရဲတွေ အဖမ်းခံထား
လိုက်ရပြီလို့ ပြောပြီးတာဝန်ရှိလူကြီးတစ်
ယောက်နဲ့ တွေ့ချင်တယ်လို့ ကျနော်ကပြော
လိုက်တယ် ( ကျနော်တို့ကိုကူညီခဲ့တဲ့ သူဌေးမ
ကို ကျနော်ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မပြောဖြစ်ခဲ့မိဘူး
ကျနော့စိတ်ထဲမှာ ကျန်ခဲ့တဲ့ရဲဘော် ၄၉ ဦးရဲ့အ
သက်အန္တရာယ်ကို ကျနော့ခေါင်းထဲမှာရောက်နေ
တဲ့အခါကြတော့ ကျနော်ဂရုမစိုက်လိုက်နိုင်ဘူး
ဖြစ်သွားတယ် ) ပြီးတော့အဲ့ဒီဗိုလ်ကြီးက ကျနော်
တို့အဖွဲ့ကိုတပ်စခန်းရှိရာသို့ ခေါ်သွားတာပေါ့
ဂိတ်ကလည်း တပ်စခန်းကိုဆက်သွယ်ရေးတွေ
လုပ်ထားပြီးပြီထင်ပါတယ် ကျနော်တို့စခန်း
ရောက်တော့ ကျနော်တို့ လေးယောက်ကို ရုံးခန်း
တစ်ခုထဲမှာ တစ်ယောက်ချင်းခေါ်တွေ့တယ်
ကျနော်ကဘယ်နှစ်ယောက်မြောက်လည်းဆိုတာ
မမှတ်မိတော့ဘူး သို့သော် ကျနော့အလှည်
ရောက်တဲ့အချိန် ကျနော်ဝင်တွေ့တော့ တပ်ရင်း
မှူးတွေလား ဗျူဟာမှူးတွေလားတော့ကျနော်မ
သိဘူး သူတို့က ငါ့သား မင်းအလင်းဝင်ပြီလား
ဆိုတာကိုစမေးတယ် အဲ့ဒီအချိန်မှာ ကျနော်က
တောထဲကလာတဲ့လူတစ်ယောက်ဆိုတော့ စကားကိုယဉ်ကျေးစွာမပြောတတ်ဘူးခင်ဗျ ကျနော့စိတ်ထဲမှာက တရုတ်ရဲတွေအဖမ်းခံထား
ရတဲ့ကျနော့ရဲဘော်တွေကို လွတ်မြောက်အောင်
ဘယ်လိုလုပ်ရမလဲဆိုတာကျနော့ခေါင်းထဲမှာရှိ
နေတယ် ကျနော်ပြန်ပြောလိုက်တယ် အလင်း
ဝင်ဖို့အတွက်ဒီရောက်နေတာပေါ့ဗျာ ရင်ဂျန်းမှာ
တရုတ်ရဲတွေအဖမ်းခံထားရတဲ့ ကျနော်တို့အဖွဲ့
၄၉ ဦးရဲ့အသက်အန္တရာယ်ကို ကယ်တင်ပေးဖို့
နဲ့ ရင်ဂျန်းဆိုတာက KIA ရဲ့စီးပွားရေးလက်
အောက်ခံ ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် အဖမ်းခံရတဲ့အဖွဲ့တွေက အန္တရာယ်ရှိတယ်ဆိုတဲ့
အကြောင်းသူတို့ကိုပြောလိုက်တော့ ကျနော့ကို
စစ်ဆေးနေတဲ့လူကြီးတွေတော်တော်တုန်လှုပ်
သွားတယ် ပြီးတော့သူတို့ကကျနော့ကိုပြော
တယ် ရွှေလီမြို့ ဧရိယာ ဆိုရင်ငါတို့မူဆယ်ကပိုင်
တယ် ရင်ဂျန်းကတော့ငါတို့မပိုင်ဘူး ဗန်းမော်
ခရိုင်ကပိုင်တယ် ကျနော်ကပြောလိုက်တယ်
ပွင့်ပွင့်လင်းလင်းပြောရရင်တောဗျာ ကျန်ခဲ့တဲ့လူ
၄၉ ဦးအသက်ကိုကယ်ဖို့အတွက် ဗန်းမော်ခရိုင်
ကိုဆက်သွယ်လို့မရဘူးလားဆိုပြီးပြောလိုက်
တော့သူတို့တွေ အဲ့ဒီအချိန်မှာခေါင်းရှုပ်ကုန်ကြ
ပြီ အဲ့ဒါနဲ့ဘဲ ကျနော်အလင်းဝင်တဲ့ကိစ္စပြီးသွား
တာပေါ့ ကျနော်တို့ကိုထားတာက အဆောက်အဦးထဲမှာတောင်မဟုတ်ဘူးဗျ
လက်နက်ကြီးဒဏ်ခံနိုင်တဲ့မြေအောက်ကျင်းထဲ
မှာ ကျနော်တို့ကိုထားတယ် ညနေ ၅ နာရီခွဲ
လောက်ကျတော့ သူတို့ရဲ့ ဗန်းမော်တပ်ရင်းနဲ့
အဆက်အသွယ်ရပြီး ရင်ဂျန်းကခရိုင်အုပ်ချုပ်ရေး
မှူးကလည်း ရေအားလျှပ်စစ်ကိစ္စနဲ့ သူတို့ဆီ
ရောက်နေတယ်လို့ ပြောပြီး

ဆက်ရေးပါဦးမည်

No comments:

Post a Comment