Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 1, 2017

ပတာလင်အကျဉ်းသား (၈)


ပတာလင်အကျဉ်းသား (၈)
*******************
စိုးကြိုင်လွတ်သွားတော့တော်တော်လန့်သွားကြပုံပဲမျက်စေ့ပိတ် လက်ပြန်ကြိုးတုပ် ခြေထောက်ကြိုးချီ ကင်းချ
ထားယုံမရတော့ဘူးလို့ခံယူသွားတာထင်ရှားတယ် ချက်
ချင်းဆိုသလိုပဲအချုပ်ထောင်ကိုတိုးချဲ့ပြီးကျနော်တို့ကိုအ
ချုပ်ထဲထည့်ထားလိုက်တယ် ။

အချုပ်ထောင်ပုံစံလေးနဲနဲပြောပြချင်တယ်အချုပ်ခန်းကတစ်ခန်းထဲပဲအကျဉ်းသားတွေကများလွန်းလို့နောက်တပ်တစ်ခန်းတိုးဆောက်ရတာ ကျနော်တို့အချုပ်သားတွေကိုယ်တိုင်ပဲသစ်ခုပ်ဟာထမ်းသယ်ဟာနဲ့တည်ဆောက်ထားတာ အချင်း၎လက္မ၅လက္မလောက်သစ်
လုံးတွေကိုထောင်ရိုက်ပြီးကာထားတာသစ်လုံးလှောင်
အိမ်လေးပေါ့ ဗျာ ထွက်ပေါက်ဝင်ပေါက်ကိုတော့ခွေး
တိုးပေါက်သာသာ ၂ပေပတ်လည်လောက်အပေါက်ကလေးတစ်ပေါက်ဖောက်ပေးထားတယ်ခန္ဓာကိုယ်ကိုလေးဘက်ထောက်ပြီးအဝင်အထွက်လုပ်ရတာပေါ့ ဗျာ

ကင်းသမားအတွက်အချုပ်အမိုးနဲ့အဖီလေးဆွဲချပေးထား
တယ်မီးအလင်းဖိုပြီးနေ့ညမပြတ်ဆောင့်တယ်ညညအ
ပေါ့အပါးသွားဖို့အတွက်အချုပ်ခန်းအပြင်ဘက်ကနေ
ဝါးဘိုးဝါးကြီးနှစ်လုံးကိုတိုင်လုံးနှစ်ခုကြားမှီပြီးထောင်ပေးထားတယ်အဲ့ဒီထဲစွန့်ရတယ် မိုးလင်းတေှာ့အပြင်ထွက်သွန်ပစ်ပေါ့ ၊ အလေးသွားမယ်ဆိုရင်တော့အပြင်
ထွက်ရမှာပါအိမ်သာကတော့ထုံးစံပေါ့သစ်ပင်ခွကောင်း
ကောင်းမှာတန်းထိုးထားတာပါပဲ ။

အကျဉ်းသားတွေကိုအချုပ်ထဲရွှေ့ထားလိုက်တော့ ခန်းမ
ကြီးကအကျဉ်းသားတွေကိုညှင်းပန်းနှိပ်စက်ရာနေတခု
ဖြစ်သွားတယ် အကျဉ်းသားတွေကိုတစ်ယောက်ပြီးတစ်ယောက်ခေါ်ထုတ်ရိုက်နှက်ထိုးကျိတ်ကန်ကျောက်မီးပူ
တိုက် ဓားနဲ့မွှန်းနဲ့အကျဉ်းသားဖြစ်နေတဲ့(ကျောင်းသား
ကျောင်းသူတွေ)ရဲ့သွေးမြေကျရာကင်ပေတိုင်ဌာနချုပ်တစ်ခုပေါ့  ရှင်းရှင်းပြောရရင်ငရဲခန်းတစ်ခငရဲဘုံတစ်ခု
ပါပဲ ။

ငရဲဘုံတဖြစ်လဲခန်းမဆောင်ကြီးထဲမှအော်ဟစ်သံ ညီး
ီညူသံ ငိုရှိုက်သံ ဆဲဆိုသံ ရိုက်နှက်သံ တွေကြားနေရပေမဲ့ဘယ်လိုလုပ်နေတယ်ဆိုတာမမြင်နိုင်မသိနိုင်ပါဘူး
ဒါပေမဲ့ကိုယ်ဘယ်လိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတာတော့ပြောပြနိုင်ပါတယ်ကျနော့်အဲ့ဒီငရဲဘုံကြီးထဲမှာကြုံ
ရဆုံရတာကတော့ ဒီလိုပါ--

မီးဖိုကြီးတစ်ခု ထင်းတုံးအကြီးကြီးတွေသုံးတုံးလေးတုံး
နဲ့မီးဖိုကြီး မီးတောက်ကတဟီးဟီးနဲ့ခန်းမကြီးတခုလုံး
လည်းထင်းလို့လင်းလို့အဲ့ဒီမီးဖိုကြီးထဲမှာက ထင်းမီးရဲရဲ
တွေထက်ပိုမိုရဲရဲတောက်နေတဲ့မီးညွန့်မီးလျှံတွေထွက်နေတဲ့ဓားအိုဓားမင်းငါးချောင်းလောက်လည်းရှိနေတယ်
``သံပူငရဲ´´ကြီးတစ်ခုပေါ့ ။

အဲ့ဒီမီးဖိုးကြီးဘေးမှာ သူတို့ကိုယ်သူတို့ကျောင်းသားထောက်လှန်းရေးလို့ပြောနေတဲ့လက်မရွံ့လူသတ်ကောင်အောင်စိုးမြင့်နဲ့သူတို့ကိုယ်သူတို့ကွန်မန်ဒိုလို့
ပြောနေတဲ့မျိုးဝင်းရဲ့ခါးပိုက်ဆောင်တပ်ကရဲဘော်တစ်ချို့ရှိတယ် အဲ့ဒီအဖွဲ့မှာဦးဆောင်စကားပြောနေတာက
အောင်စိုးမြင့်၊သူပြောပြနေတာက ဗဟိုမှာ ``ရန်အောင်
ကိုသူဘယ်လိုလုပ်လိုက်တာ၊ မောင်မောင်ကြွယ်ကိုဘယ်လိုကိုင်ထည့်လိုက်တာကွ´´အောင်ပွဲရစစ်သူကြီး
လေသံနဲ့ပြောနေတာကွန်မန်ဒိုအဖွဲ့ကရဲဘော်တွေခမျာ
ပါးစပ်ဟောင်းလောင်းလေးတွေနဲ့နားထောင်ရင်းအောင်
စိုးမြင့်ရဲ့လေသံအောက်မှာသိမ်ငယ်နေကြပုံပဲမျက်နာငယ်လေးတွေနဲ့ဖြစ်နေကြရဲ့ ။

တကယ်လည်းအောင်စိုးမြင့်ရဲ့လက်သံကပြောင်လှပါ
တယ်ပါဂျောင်မှာသူ့လက်ချက်နဲ့ဘယ်နှစ်ယောက်သေ
ဆုံးသွားပြီလဲဆိုတာမသိရပေမဲ့ကျနော်တို့ဗန်းမော်ခရိုင်
ပတာလင်စခန်းမှာသူ့လက်ချက်နဲ့အသက်ဆုံးရှူံးသွားသူ
တွေရှိတယ၊်သူကလူမဆန်သူပြီးတော့လူစိတ်မရှိသူဆိုတာကိုသူ့ရဲ့စစ်ကြောရေးမှာသူ့ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့်သေဆုံးသွားကြတဲ့ အေးကျော်၊ ကိုတင့်လွင်၊စိုးမင်းအောင် တို့ကသက်သေပေါ့ ၊အချုပ်ခန်းထဲမှာဖြစ်သလိုနေရစားရတဲ့ဒဏ်၊ရာသီဥတုဒဏ်၊ မူးပြီးရူးတဲ့ဒဏ်
ဒဏ် ဒဏ် အဲ့လိုဒဏ်ကြောင့်သေဆုံးသွားကြတဲ့ အရှည်ကြီးတို့ဦးအောင်ကိုးတို့သင်တန်းဆရာဝင်းနောင်
တို့ထည့်မပြောပါဘူးတကယ်ဆိုအဲ့ဒီသေဆုံးမှုတွေက
လည်းဒင်းတို့လက်ချက်ပါပဲ ။

ဒီနေရာမှာလမ်းသင့်လို့ပြောပြချင်တာကအချုပ်သားတွေ
စားသောက်ရတဲ့ပုံစံလေးပါစပြီးဖမ်းကာစစစ်ဆေးကြော
ရေးမလုပ်ခင်ကကိုယ့်တပ်စိပ်ကတာဝန်ယူကြွေးကြလို့
ထမင်းရောဟင်းရောဝဝလင်လင်ပါ အဲ့နောက်စစ်ကြောရေးစလုပ်တော့`ခန်းမ´ထဲမှာထားကြွေးတာမွေးတာက
တစ်ပုံစံပြောင်းသွားပြန်ရောအရှေ့အပိုင်းမှာပြောပြပြီးပါ
ပြီ တစ်ပေပတ်လည်ခန့်ဖြတ်ထားတဲ့မိုးကာပလပ်စတစ်အဆပေါ်မှာထမင်းကလက်သီးဆုပ်မရှိတရှိနဲ့ဆားတစ်
ဇွန်းစာလောက်နဲ့နှစ်ပုံပုံကြွေးတာလေ အခုအချုပ်ထဲပြန်ထည့်တော့တမျိုးဖြစ်သွားပြန်တယ်ထောက်လှန်းရေးပါ
လို့ဝန်ခံထားပြီးသားအကျဉ်းသားတွေကိုဌာနဆိုင်ရာ
တပ်စိပ်တွေကအလုပ်ခေါ်ခိုင်းကြရင်းကြွေးကြတယ်စေ
တနာအပြည့်နဲ့ကြွေးကြတာပါဝဝလင်လင်ကြွေးကြတာ
ဒါပေမဲ့ကျနော်လိုထေက်လှန်းရေးပါလို့ဝန်မခံသေးတဲ့
သူအတွက်ကတော့မဝရေစာပါပဲဒီအခြေအနေကိုသိလို့
အလုပ်ကြမ်းထွက်လုပ်ရင်းသူအလုပ်လုပ်ရတဲ့တပ်စိပ်တဲတွေမှာမကောင်းလို့ပြစ်ထားတာတွေ သူတို့စွန့်ပြစ်ထားတဲ့အသီးအနှံကအခွံတွေကိုခွင့်တောင်းပြီဖုန်တွေ
သဲတွေနဲ့ရောက်ယူလာပြီးညနေစာအဖြစ်ချက်စားခွင့်ရ
ကြပါတယ်အဲ့ဒီလိုရှကြွေးတာထဲမှာမှတ်မှတ်ရရရှိနေသူ
ကတော့ မောင်မောင်ခင်ခေါ်ဒဿ ပါသူပဲအများဆုံးရှာကြွေးခဲ့တာပါ တနေ့ပေါ့ ကျနော်ကဝန်မခံသူဆိုတော့အ
ချုပ်ထဲမှာအပြင်ထွက်အလုပ်လုပ်ခွင့်မရဘူးအချုပ်ရှေ့မှ
ကိုသက်နိုင်ကထင်းတုံးကြီးတွေကိုပေါက်ဆိန်နဲ့ပေါက်ခွဲနေရင်းထွက်ကျလာတဲ့ထင်းပိုးတွေကိုပါးစပ်ထဲအရှင်လိုက်ပစ်ထည့်ပြီးစားနေလေရဲ့သူကအစောင့်ကိုခွင့်တောင်းပြီးဟန်ကောအဖုံးလေးထဲထင်းပိုးကောင်လေးတွေကိုထည့်ပြီလှော်ပြီးစားပြန်တယ်သူကကျနော်ကို
ကြည့်ပြီးစားမလားကောင်းတယ်တဲ့ကျနော်ကကင်းသ
မားကိုလှန်းကြည့်တယ်ကင်းသမားကခေါင်းငြိမ့်ပြတယ်
ဒီတော့ကျနော်စားရတယ်အတော်လေးစားလို့ကောင်းပါ
တယ်စိမ့်နေတာပါပဲ ဒါအကျဉ်းသားတွေရဲ့အစားအသောက်ပုံစံ အပြောင်းအလဲလေးတွေပါ၊ကျနော်ကြုံခဲ့ရ
တဲ့ပတာလင်ငရဲခန်းကိုပြန်လှည့်ရအောင်ပါ ။

ရဲရဲတောက်မီးဖိုကြီးဘေးမှာကျနော်က မြေပြင်ပေါ်မှာပဲ
ပက်လက်လှန်ပြီးလှဲပေးထားရတယ် လက်နှစ်ဖက်ကို
ငုတ်ရိုက်ပြီးကြိုးနဲ့စစ်နေအေညင်ချီထားကြတယ် ခြေ
ထောက်နှစ်ချောင်းကိုလည်းငုတ်ရိုက်ကြီုးချီပေါ့ ပြီးတော့
ခါးကိုလည်းဘယ်ညာနှစ်ဖက်လုံးငုတ်ရိုက်ပြီးညှပ်ထား
လိုက်သေး အဲ့လိုတွေစီမံပြီးတာနဲ့ပတာလင်ရဲ့စစ်ကြော
ရေးတာဝန်ခံကြီးအောင်စိုးမြင့်ရဲ့တစ်ခုတည်းသောမေး
ခွန်းဘယ်အကျဉ်းသားမဆိုဒါပဲမေးတာပါ တခြားမမေး
ပါဘူး မေးစရာဘာသံသယမှမရှိပဲလေဒီတော့ဒီတခုပဲမေးရတာပေါ မေးခွန်းက``အိုကေ မင်းဝန်ခံမလား´´တဲ့
ကျနော်ကလည်းယုံကြည်ချက်အပြည့်ပဲငါမှမဟုတ်တာ
မဟုတ်ဘူးလို့ပဲဖြေလိုက်တယ်ဒီတော့အောင်စိုးမြင့်က
တော်တော်ခေါင်းမာတဲ့ကောင်ပဲ၊ကြည့်ကြသေးတာပဟု
ဆိုကာပြောပြောဆိုဆိုပါပဲ မီးဖိုထဲကမီးဖုတ်ထားတဲ့ဓား
ကိုဆွဲယူလိုက်တာကိုတွေ့ရပါတယ်သူ့လက်ထဲကဓား
ကိုကြည့်လိုက်မိတယ် ရဲရဲတောက်နေယုံသာမဟုတ်ပဲ
သံပြားထက်မှာမီးတောက်လေးတွေတောင်မြင်နေရပါ
တယ်ဓားကိုကျနော့ဘက်ရွေ့လိုက်တာနဲ့ကျနော်မျက်စေ့
ကိုစုံမှိတ်ပစ်လိုက်မိတာပါပဲကျနော့ခြေထောက်ဟာပူထူ
သွားပြီးသံပြားကြီးအိဝင်သွားသလိုခံစားလိုက်ရပါတယ်
ခြေထောက်ကိုလှုပ်ခါလိုက်ပါတယ်ဒါပေမဲ့မရပါဘူးမရ
အောင်ပဲငုတ်ရိုက်ကြိုးချီထားတာလေခြေထောက်သာမ
ဟုတ်ပါဘူးတကိုယ်လုံးကိုပူထူသွားသလိုခံစားရတာပါ
ကျနော်ရုံးလည်းရုံးအော်လည်းအော်ပေါ့ဗျာ၊ဓားသုံးလေးချောင်းလဲလှယ်ပြီးကျနော့ခြေထောက်ကိုအပူတိုက်ပြီမှ
``အိုကေအရသာရှိတယ်နော် ဘယ်လိုလဲဝန်ခံတော့မ
လား´´တဲ့ယိသဲ့သဲ့အပြုံးနဲ့မေးပြန်တာကျနော်ကလည်း
``ကျနော်ကျောင်းသားစစ်စစ်ပါ စစ်ထောက်လှန်းရေးမ
ဟုတ်ပါဘူး´´လို့ပဲဖြေလိုက်တယ်ဒီတော့အောင်စိုးမြင့်
ခမျာကွန်မန်ဒိုကြီးများရှေကြွားလုံးထုတ်ထားတာသူရချင်
တဲ့အဖြေမရလေတော့ပွဲကပိုကြမ်းလာတာပေါ့ ရဲရဲတောက်နေတဲ့ဓားတွေကိုတစ်ချောင်းပြီးတစ်ချောင်းဆွဲ
ထုတ်ကျနော့ခြေသလုံးတွေပေါင်တွေဗိုက်တွေပေါ်နေ
ရာအနှံ့တင်မီးပူတိုက်တော့တာပါပဲအဲ့လိုသံမီးပူတိုက်ရင်း``ဝန်ခံမလား၊ဝန်မခံသေးဘူးလား´´နဲ့တတွတ်တွတ်မေးနေတော့တာပါပဲကျနော်ကလည်း``ကျောင်း
သားစစ်စစ်ပါ ထောက်လှန်းရေးမဟုတ်ပါဘူး´´လို့ပဲအ
ကြိမ်ကြိမ်ဖြေနေလိုက်တယ် နောက်ဆုံးတော့ဒီကောင့်ကိုပြန်ထည့်ထားလိုက်နောက်နေ့မှပြန်စစ်မယ်လို့ပြော
ရတာပေါ့ ၊``ခွေးကောင်းတော့သခင်အိပ်ရေးဝ´´ဆိုသ
လိုပကျနော်တဒင်္ဂတော့သက်သာသွားပြီပေါ့ ခြေလက်တွေကြိုးဖြေပြီးလို့ထထိုင်လိုက်တော့အားပါးပါးခြေသ
လုံးတွေပေါင်ကြီးတွေပေါ်မှာမီးလောင်ဖုကြီးတွေပြည့်လို့အူယားစရာစပ်ဖျင်းဖျင်းနာကျဉ်နေတဲ့ခန္ဓာကိုယ်ကို
အားတင်းကာထပြီးအချုပ်ခန်းဆီသို့ကားတားကားတား
နဲ့ပြန်ခဲ့ရတယ်အော်ငရဲ ငရဲ မြင်စမ်းချင်ပါဘိABSDF (NB) ဗန်းမော်ခရိုင် ပတာလင်စခန်းက ငရဲခန်းကိုဖြင့်
မှီအံ့မထင် ။

ကျနော်အချုပ်ထဲပြန်ရောက်ပြီ ဖားပြုပ်ကြီးတွေလိုဖောင်းကားနေတဲ့မီလောင်ဖုကြီးတွေကအရှိန်မသေသေးပူနေ
ဆဲ၊အချို့ပေါက်ပြဲသွားတဲ့မီးလောင်ဒဏ်ရာတွေကဆပ်ဖျင်းဖျင်းနဲ့အခံရခက်လှခြေရဲ့အိပ်ရင်းမီးလောင်ဖုတွေပိ
ပြားပြီးပေါက်ကုန်ရင်အခက်အိပ်ဖို့ပင်ခပ်ကြောက်ကြော
က်၊အဲ့ဒီအချိန်မှာ``ကံမြင့်ဦးထွက်ခဲ့´´တဲ့ ။

ညကလည်းသန်းခေါင်ကျော်လာပြီ၊အအေးဓာတ်ကလဲ
ပိုကဲလာနေပတ်ဝန်းကျင်ကလည်းတိတ်လို့စိတ်လို့အိပ်
လို့ကမရခန်းမဘက်ဆီကကံမြင့်ရဲ့နာကျဉ်ခံခက်အော်
ဟစ်သံတွေကသွေးပျက်စရာ``အမေတို့နာလှပါပြီဗျ´´
``ကယ်ကြပါဦးဗျကျနော်ကျောင်းသားပါဗျ စစ်ထောက်လှန်းမဟုတ်ပါဘူးဗျ´´ဆိုတဲ့အသံတွေကစိတ်မချမ်းသာ
စရာ အတော်လေးကြာတော့ကံမြင့်ဦးလည်း``အား အီး ကျွတ် ကျွတ်´´နဲ့ညီးညူရင်းပြန်ရောက်လာတယ်အက်း
ကံမြင့်ဦး လည်းသံမီးပူငရဲခန်းနဲ့ညားခဲ့ပြီပေါ့ဘာပဲပြော
ပြောအသက်မသေပဲရှင်လျက်နဲ့အချုပ်ခန်းထဲပြန်ရောက်
လာသည်ကပင်ဝမ်းသာစရာ ။

သံမီးပူငရဲခန်းကထွက်လာတဲ့ကံမြင့်ဦးတော့မသိ ကျနော်တော့အိပ်၍မရ ၊ညအမှောင်ကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးပေတော့မည် အဝေးဆီမှလားခလောက်သံ
လေးတွေကလည်းကြားရစပြုပေပြီ လားကလေးတွေအ
စာရှာစားကြပြီဆိုမှဖြင့်မိုးလင်းလုပြီပေါ့ နံနက်အလင်းရောက်တော့မည်လို့ခံစားအသိကစိတ်ကိုပျော်ရွှင်မိစေ
တယ် မိုးလင်းတာနဲ့မျက်စေ့ကိုအုပ်စီးထားတာဖြေခွင့်ရ
တာ လက်မှာချီထားတဲ့ကြိုးကိုဖြေခွင့်ရတာ ခြေထောက်ကတော့ကြိုးတန်းလန်းနဲ့ပဲနေရတယ် ဘယ်လိုဖြစ်ဖြစ်ပါ
မျက်စေ့လွတ်လပ်တာလက်လွတ်လပ်တာတွေနဲ့တင်ပဲ
မိးလင်းတာကချစ်စရာပျော်စရာကောင်းနေပြီလေဒီတော့
နံနက်ချိန်ခါကိုဖြင့်အမြန်ရောက်ချင်တော့တာပေါ့ဗျာ။

ဆက်ရန်
အိုကေ



 

No comments:

Post a Comment