Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 28, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၃၂)

အပိုင္း ၃၂

ထုတ္ေဖာ္ ဝန္ခံလိုက္ရသည့္အတြက္ ေပါ့ပါးသလို ရွိေသာ္လည္း ခႏၶာကိုယ္ႏွင့္ စိတ္ခံစားမႈ ထံုထိုင္းေနသည္ဟု ခံစားရသည္။ ခုတင္ေပၚတြင္ ပက္လက္လွန္ကာ မ်က္ႏွာၾကက္ကို ေငးၾကည့္မိသည္။ စိတ္ဖိစီးမႈကလည္း ႀကီးမားသည္။ မၾကာမီ ေသဒဏ္ က်ခံရေတာ့မည္ကို သိေနသည္။ သို႔ေသာ္ ေသရမည္ကုိ ဂရုမစိုက္ေတာ့။

ကြ်န္မ ဝန္ခံထြက္ဆိုမႈသည္ ၈ နာရီေက်ာ္ ၾကာျမင့္ခဲ့သည္။ နံနက္ ၃ နာရီထိုးသည္အထိ မရပ္မနား ထြက္ဆိုရသည္။ ကြ်န္မအေၾကာင္း ကြ်န္မ သိသမွ်အားလံုး သူတို႔ သိသြားၾကသည္။ စစ္ေၾကာေရးအခန္းအတြင္း တင္းမာေနေသာ အေျခအေန ေလ်ာ့ပါးသြားသည္။ ကိုးရီးယား ဘာသာျဖင့္ ထြက္ဆိုရသည့္အတြက္ ကြ်န္မအဖို႔ အခက္အခဲ မရွိေတာ့။ ထြက္ဆိုမႈအၿပီး ကြ်န္မႏွင့္ တကြ မိသားစုသည္လည္း နိဂံုးခ်ဴ ပ္ေတာ့မည္ ဆိုသည့္အသိ ဝင္လာသည္။

ဝန္ခံထြက္ဆိုမႈအၿပီး ႏွစ္ရက္အၾကာတြင္ ကြ်န္မ စိတ္ခံစားမႈ ေလ်ာ့ပါးၿပီး ေနသာထိုင္သာ ရွိလာသည္။ ကြ်န္မ စိတ္သက္သာရာ ရေစရန္ ေအးဂ်င့္မ်ားက ဝိုင္းဝန္းေဖးမၾကသည္။ သူတို႔ စကားဝုိင္းတြင္ ဝင္ေရာက္ေဆြးေႏြးခိုင္းသည္။ ေတာင္ကိုရီးယားႏွင့္ ေျမာက္ကိုရီးယား လူေနမႈ ဘဝကို ေဆြးေႏြးၾကသည္။ သူတို႔အေၾကာင္းမ်ား ကိုလည္း သိခြင့္ရလာသည္။

သို႔ေသာ္ ဆိုးလ္ၿမိဳ႕ႏွင့္ ပတ္သတ္၍ စႏိုးစေနာင့္ ျဖစ္စရာမ်ား ရွိေနေသးသည္။ ႀကီးမားခမ္းနားေသာ အေဆာက္အအံုႀကီးမ်ားႏွင့္ ပ်ားပန္းခပ္ လႈပ္ရွားေနၾကသည့္ ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ေပ်ာ္ရႊင္ေက်နပ္ေနပံုေပၚသည္။ ဆိုးလ္ၿမိဳ႕သားတို႔ အစစ္အမွန္ဘဝတြင္ အမွန္တကယ္ ေပ်ာ္ရႊင္ၾက သလားဆိုတာကို သံသယဝင္မိသည္။ ႏွစ္ေပါင္းမ်ားစြာ ရိုက္သြင္းခံထားရေသာ ဝါဒမိႈင္းသည္ အကင္းမေသေသး။

ထ္ု႔ိေၾကာင့္ ကြ်န္မက "သာမန္ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ဘဝကို ကြ်န္မ လိုက္ၾကည့္လို႔ရမလား" ေမးလိုက္သည္။

"ရတာေပါ့။ ႀကိဳက္တဲ့အခ်ိန္ လိုက္ၾကည့္ႏိုင္ပါတယ္ လိုက္ပို႔ေပးမယ္" ဟု အမ်ဴ ိးသမီးေအးဂ်င့္က ေျပာကာ ကြ်န္မ၏ ေတာင္းဆိုခ်က္ကို အထက္သို႔ တင္ျပသည္။

ဥေရာပတိုက္သို႔ ေရာက္ခဲ့စဥ္က ဥေရာပသားတို႔၏ ဘဝကို ေလ့လာခြင့္မရခဲ့။ ေျမာက္ကိုရီးယား ေအးဂ်င့္မ်ားသည္ ႏိုင္ငံျခားသားမ်ားႏွင့္ လံုးဝ စကားမေျပာရဟူသည့္ ကန္႔သတ္ခ်က္က ရွိေနသည္။ မလႊဲသာမေရွာင္သာသည့္ အခါတြင္မွ ႏိုင္ငံျခားသားမ်ားႏွင့္ စကားေျပာႏိုင္သည္။ ခရီးသြားသည့္အခါတိုင္း တာဝန္က ရွိေနသျဖင့္ ေရာက္ရွိေသာ တိုင္းျပည္၏ အေျခအေနမွန္ကို မစူးစမ္းႏိုင္ခဲ့။

ယခုအခါတြင္ ဆိုးလ္ၿမိဳ႕၏ ဘဝအစစ္အမွန္ကို ေလ့လာခြင့္ရေတာ့မည္။ အေပၚယံ ေလ့လာျခင္း
မ်ဴ ိးမဟုတ္။ ကြ်န္မအား ေျမာက္ကိုရီးယားက သင္ၾကားေပးခဲ့ေသာ အခ်က္အလက္မ်ား မွန္မမွန္ကို ဆန္းစစ္ခြင့္ရေတာ့မည္။

ကြ်န္မအား ၿမိဳ႕တြင္းသို႔လိုက္ျပရန္ ျပင္ဆင္မႈမ်ား လုပ္ၾကသည္။ အမ်ဴ ိးသမီးေအးဂ်င့္တစ္ဦးက အထူးတလည္ သြားေရာက္ၾကည့္ရႈလိုေသာ ေနရာရွိမရွိ ေမးျမန္းသည္။

"အေထြအထူးမရွိပါဘူး။ ဘယ္သြားရမယ္ဆိုတာ မသိဘူးေလ။ ပို႔ခ်င္တဲ့ေနရာ ပို႔လို႔ရပါတယ္။ ေတာင္ကိုရီးယားရဲ႕ တကယ့္ဘဝသရုပ္မွန္ကို သိႏိုင္တဲ့ေနရာမ်ဴ ိးဆိုရင္ ပိုေကာင္းတယ္။" ကြ်န္မက ျပန္ေျဖလိုက္သည္။

ကြ်န္မတို႔ လမ္းေလ်ွာက္သည့္အခါ ေအးဂ်င့္တစ္ေယာက္က ကပ္လ်က္ က်န္ႏွစ္ေယာက္က အေရွ႕အေနာက္ ၿခံရံလ်က္ လိုက္ပါသည္။ ကြ်န္မ သံုးစြဲရန္ဆိုၿပီး ဝမ္ႏွစ္ေသာင္း ထုတ္ေပးသည္။ ေဒၚလာႏွစ္ဆယ္ခန္႔ ရွိမည္။ ကြ်န္မအဖို႔ မ်ားျပားေသာ ပမာဏျဖစ္သည္။

ေျမာင္ေဒါင္ခရိုင္ လမ္းႀကိဳလမ္းၾကားေလးမ်ားတြင္ ကြ်န္မတို႔ လွည့္ပတ္သြားလာၾကသည္။ ကြ်န္မတို႔ ကုန္တိုက္တစ္ခုအတြင္း ဝင္ၾကည့္ၾကသည္။ ကုန္တိုက္၏ အမည္မွာ Lotte'e ျဖစ္သည္။

ခင္းက်င္းျပသထားေသာ ကုန္ပစၥည္း အမွတ္တံဆိပ္မ်ားသည္ ႏိုင္ငံျခားအမည္မ်ား ျဖစ္ေနသျဖင့္ ေအးဂ်င့္တစ္ေယာက္အား ေမးျမန္းရာ

"ဒါေတြအားလံုးက ကိုးရီးယားမွာ လုပ္တာပါ။ ကိုးရီးယားလုပ္ ပစၥည္းအမ်ားစုက္ုိ ႏိုင္ငံျခား တင္ပို႔တာဆိုေတာ့ ႏိုင္ငံျခားသားေတြနဲ႔ ယဥ္ပါးေအာင္ ႏိုင္ငံျခားအမည္နဲ႔ တံဆိပ္ေတြ ျဖစ္ေနတာပါ။ ဒါနဲ႔ စကားမစပ္ တစ္ခုခုဝယ္ပါလား"

အလွကုန္ေကာင္တာဆီသို႔ ကြ်န္မ ေၾကာက္ေၾကာက္ရြံ႕ရြံ႕ျဖင့္ ေရာက္သြားသည္။ အေရာင္းစာေရးမသည္ ရင္းႏွီးေဖာ္ေရြေသာ အၿပံဳးျဖင့္ ဆီးႀကိဳသည္။ သူမ၏ က်ဴ ိးႏြံ႕ပ်ဴ ငွာမႈသည္ ကြ်န္မအတြက္ အထူးအဆန္းျဖစ္ေနသည္။ ေျမာက္ကိုရီးယား ျပည္သူ႔ဆိုင္မ်ားတြင္ ေရာင္းစရာ ကုန္ပစၥည္း မ်ားမ်ားစားစား မရွိေသာ္လည္း မန္ေနဂ်ာမ်ားသည္ မ်က္ႏွာတင္းတင္းျဖင့္ ေမာက္မာရိုင္းစုိင္းၾကသည္။ ယခု ေတာင္ကိုရီးယား ကုန္တိုက္တြင္မူ ဝန္ထမ္းမ်ားက လိုလိုလားလား ကူညီၾကသည္။

"ဘာမ်ား အကူအညီေပးရမလဲ"

တုန္တုန္ယင္ယင္ ေလသံမ်ဴ ိးမျဖစ္ေအာင္ ႀကိဳးစားထိန္းကာ မ်က္ႏွာလိမ္း ခရင္မ္ကို ၫႊန္ျပလ်က္ ကြ်န္မက "ဒါႏိုင္ငံျခားက လာတာလား" ဟု ေမးလိုက္သည္။

စာေရးမက ပုလင္းကို ေကာက္ကိုင္ၿပီး "ဆိုးလ္မွာ ရွိတဲ့ Lucky ေကာ္ပိုေရးရွင္းက ထုတ္လုပ္တာပါ။ ဝမ္ ၆၅၀၀ ေရာင္းေစ်းပါ"

ေစ်းႀကီးမည္ကို ကြ်န္မ ေမွ်ာ္လင့္ၿပီးသား ျဖစ္သည္။ သို႔ေသာ္ ကြ်န္မ ဝယ္ႏိုင္သည့္ အေျခအေန ရွိသည့္အတြက္ ဝမ္းသာမိသည္။ ေတာင္ကိုရီးယား ဝမ္ေငြ၏ တန္ဖိုးကို ကြ်န္မ မခန္႔မွန္းတတ္ေသးေပ။ သို႔ေသာ္ မ်က္ႏွာလိမ္း ခရင္မ္ ဝယ္ရန္ တြန္႔ဆုတ္ေနသည္။ လြတ္လပ္ ေပါ့ပါးေသာ လူေနမႈပံုစံကို ကြ်န္မ အသားမက်ေသး။

အမ်ဴ ိးသမီး ေအးဂ်င့္ လီအုတ္က ကြ်န္မအား ေခါင္းစည္းပုဝါ တစ္ထည္ ဝယ္ေပးသည္။ အမယ္စံုလွေသာ လူသံုးကုန္ပစၥည္းမ်ားအၾကား ကြ်န္မ ေၾကာင္အမ္းအမ္းျဖစ္ေနသည္။ ကုန္တိုက္မွ ထြက္လာေသာအခါ လမ္းမေပၚတြင္ သြားလာေနေသာ လူအုပ္ႀကီးကို ေတြ႕ရသည္။ သူတို႔သည္ ပ်ာယာခပ္ေနၾကသည္ေတာ့ မဟုတ္။ အုပ္စုလိုက္ သြားလာေနေသာ အမ်ဴ ိးသား
အမ်ဴ ိးသမီးမ်ားသည္ ရယ္ေမာ လြတ္လပ္ေပါ့ပါး ေနၾကသည္။ အိုးတစ္လံုးကို လက္တစ္ဖက္တြင္ ကိုင္ထားၿပီး အျခားတစ္ဖက္တြင္ ေခါင္းေလာင္းငယ္ေလးကို လႈပ္ယမ္းလာသည့္ လူတစ္ေယာက္ ကြ်န္မတို႔ႏွင့္ ရင္ဆိုင္တုိးမိသည္။ သူ၏ အဝတ္အစားမွာ ထူးထူးဆန္းဆန္း ျဖစ္သည္။ ထိုသူသည္ သူေတာင္းစား ျဖစ္ရမည္ဟု ကြ်န္မက ထင္လိုက္သည္။ ဆင္းရဲသားမ်ားကို အကူအညီေပးေနေသာ ပရဟိတအဖြဲ႕အစည္းက အလွဴ ခံေနျခင္း ျဖစ္သည္ဟု လီအုတ္က ရွင္းျပသည္။

"အခုအခ်ိန္က ခရစၥမတ္ အႀကိဳကာလေလ။ အလွဴ အတန္းလုပ္ၾကတဲ့ အခ်ိန္ေပါ့။" လီအုတ္က ေျပာသည္။

ေျမာက္ကိုရီးယားတြင္ ခရစၥမတ္ပြဲဟူ၍ မရွိ။ တခ်ဴ ိ႕ လူမ်ားသည္ ခရစၥမတ္ဟူသည့္ ေဝါဟာရကိုပင္ မၾကားဖူးၾက။

ေစ်းသည္မ်ားသည္ ဝယ္သူကို အၿပိဳင္အဆိုင္ ေအာ္ဟစ္ေခၚယူေနၾကသည္။ အားတက္သေရာ ၿပိဳင္ဆိုင္မႈသည္ ေစ်းကြက္စီးပြားေရး၏ ေမာင္းႏွင္အားျဖစ္သည္ကို ထိုစဥ္က ကြ်န္မ မသိခဲ့။ ၿပဳိင္ဆိုင္မႈ စြမ္းအား ျမင့္မားျခင္းေၾကာင့္ ေတာင္ကိုရီးယားသည္ စီးပြားေရးအတိုးတက္ဆံုး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာခဲ့သည္ကို ကြ်န္မ မသိခဲ့။

"ဗိုက္ဆာလိုက္တာ။ တစ္ခုခု စားလို႔ရမလား" ကြ်န္မ ေျပာလိုက္ျခင္း ျဖစ္သည္။

ကြ်န္မကို လမ္းၾကားေလးတစ္ခုကို ေခၚသြားသည္။ လမ္းတေလွ်ာက္ အဖိုးတန္ကားႀကီးမ်ား စီတန္း ရပ္ထားသည္ကို ေတြ႕ရသည္။ စားေသာက္ဆိုင္တန္းကလည္း မ်က္စီတစ္ဆံုး။ အေစားအေသာက္မ်ားကို မွန္ေဘာင္မ်ားတြင္ ခင္းက်င္းထားသည္မွာ သြားရည္က်စရာ။ ဆန္မုန္႔ တန္ပူရာ အသားလႊာျပား ဝက္ေသြးေခ်ာင္း ကိုးရီးယား ေၾကးအိုးျပဳတ္။ အစားအေသာက္ ရွားပါးေသာ ေျမာက္ကိုရီးယားႏွင့္ ႏႈိင္းစာလွ်င္ မယံုႏိုင္စရာ။ ဖရဲသီးပုပ္တစ္လံုးကို အေမ ဝယ္လာႏိုင္သည့္ေန႔သည္ ကံေကာင္းေသာေန႔ဟု သတ္မွတ္ရေသာ ဘဝမွ လာခဲ့ရေသာ
ကြ်န္မအဖို႔ အလွ်ံအပယ္ျဖစ္ေနေသာ စားေသာက္ဖြယ္ရာမ်ားကို အထိတ္တလန္႔ ၾကည့္ေနမိသည္။ ကြ်န္မမိသားစုကို ဤေနရာသို႔ ေခၚလာႏိုင္လွ်င္ မည္မွ် ေကာင္းေလမည္နည္းဟု စိတ္ကူးယဥ္မိသည္။

"ဘယ္ဆိုင္ဝင္မလဲ။ မင္းႀကိဳက္တဲ့ဆိုင္ ေရြးေလ" လီအုတ္က ေျပာလာသည္။

ကြ်န္မက ဝက္ေသြးေခ်ာင္းကို ႀကိဳက္သျဖင့္ ဝက္ေသြးေခ်ာင္းဆိုင္ကို သြားၾကသည္။ ဆိုင္တြင္ လူအျပည့္။ တခ်ဴ ိ႕က ကိုးရီးယားဆန္အရက္ ဆ္ုိဂ်ဴ း ေသာက္ေနၾကသည္။ အစားအေသာက္မ်ား ယူလာၿပီး ကြ်န္မတို႔ စားပြဲတစ္လံုးတြင္ ဝင္ထိုင္ၾကသည္။ ကပ္လ်က္သား စားပြဲတြင္ သက္လတ္ပိုင္း လုပ္ငန္းရွင္မ်ားသည္ ၿပီးခဲ့သည့္ ေရြးေကာက္ပြဲကို ေဝဖန္ေျပာဆ္ုိေနၾကသည္။

တစ္ေယာက္က "အစိုးရကိုခ်ည္း အျပစ္တင္လို႔ မရဘူူး။ လူေတြက ကိုယ့္အက်ဴ ိးအတြက္ပဲ ကိုယ္စဥ္းစားေနၾကတာ"

ေနာက္တစ္ေယာက္က "ငါ့စိတ္ထင္ ေျပာရမယ္ ဆိုရင္ ပါတီငယ္ေလးေတြ ညီၫြတ္မယ္ဆိုရင္ ေရြးေကာက္ပြဲ ႏိုင္ႏိုင္တာေပါ့"

အစိုးရအား ေဝဖန္ ေျပာဆိုေနၾကသူမ်ားကို ကြ်န္မ ႏွင့္ ပါလာသည့္ ေအးဂ်င့္မ်ားက မည္သည့္အခ်ိန္တြင္ ထဖမ္းမည္နည္းဟု ေစာင့္ၾကည့္ေနမိသည္။ ေအးဂ်င့္မ်ားက ေျပာဆိုေနသည္မ်ားကို ၾကားေနရေသာ္လည္း ဂရုစိုက္ပံုမေပၚ အစားကိုသာ မဲစားေနၾကသည္။

စားေသာက္ဆိုင္မွ ထြက္လာေသာအခါ မည္သည့္အတြက္ေၾကာင့္ အစိုးရကို လြတ္လပ္စြာ ေဝဖန္ႏိုင္ၾကသနည္းဟု ေမးမိသည္။

ကြ်န္မ ေမးခြန္းေၾကာင့္ သူတို႔ ခြက္ထိုးခြက္လန္ ရယ္ေမာၾကသည္။

"ဒီ ႏိုင္ငံက ဒီမိုကေရစီႏိုင္ငံ။ လူတိုင္းဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ရွိတယ္။ အစိုးရကို ေဝဖန္တဲ့အတြက္ အျပစ္ေပးႏိုင္တဲ့ ဥပေဒ ျပ႒ာန္း မထားဘူး"

သူမ ရွင္းျပသည္ကို ကြ်န္မ နားမလည္။

ဆက္ရန္

#SwamHtet
.............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၃၂

ထုတ်ဖော် ဝန်ခံလိုက်ရသည့်အတွက် ပေါ့ပါးသလို ရှိသော်လည်း ခန္ဓာကိုယ်နှင့် စိတ်ခံစားမှု ထုံထိုင်းနေသည်ဟု ခံစားရသည်။ ခုတင်ပေါ်တွင် ပက်လက်လှန်ကာ မျက်နှာကြက်ကို ငေးကြည့်မိသည်။ စိတ်ဖိစီးမှုကလည်း ကြီးမားသည်။ မကြာမီ သေဒဏ် ကျခံရတော့မည်ကို သိနေသည်။ သို့သော် သေရမည်ကို ဂရုမစိုက်တော့။

ကျွန်မ ဝန်ခံထွက်ဆိုမှုသည် ၈ နာရီကျော် ကြာမြင့်ခဲ့သည်။ နံနက် ၃ နာရီထိုးသည်အထိ မရပ်မနား ထွက်ဆိုရသည်။ ကျွန်မအကြောင်း ကျွန်မ သိသမျှအားလုံး သူတို့ သိသွားကြသည်။ စစ်ကြောရေးအခန်းအတွင်း တင်းမာနေသော အခြေအနေ လျော့ပါးသွားသည်။ ကိုးရီးယား ဘာသာဖြင့် ထွက်ဆိုရသည့်အတွက် ကျွန်မအဖို့ အခက်အခဲ မရှိတော့။ ထွက်ဆိုမှုအပြီး ကျွန်မနှင့် တကွ မိသားစုသည်လည်း နိဂုံးချူ ပ်တော့မည် ဆိုသည့်အသိ ဝင်လာသည်။

ဝန်ခံထွက်ဆိုမှုအပြီး နှစ်ရက်အကြာတွင် ကျွန်မ စိတ်ခံစားမှု လျော့ပါးပြီး နေသာထိုင်သာ ရှိလာသည်။ ကျွန်မ စိတ်သက်သာရာ ရစေရန် အေးဂျင့်များက ဝိုင်းဝန်းဖေးမကြသည်။ သူတို့ စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခိုင်းသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား လူနေမှု ဘဝကို ဆွေးနွေးကြသည်။ သူတို့အကြောင်းများ ကိုလည်း သိခွင့်ရလာသည်။

သို့သော် ဆိုးလ်မြို့နှင့် ပတ်သတ်၍ စနိုးစနောင့် ဖြစ်စရာများ ရှိနေသေးသည်။ ကြီးမားခမ်းနားသော အဆောက်အအုံကြီးများနှင့် ပျားပန်းခပ် လှုပ်ရှားနေကြသည့် မြို့သူမြို့သားများသည် ပျော်ရွှင်ကျေနပ်နေပုံပေါ်သည်။ ဆိုးလ်မြို့သားတို့ အစစ်အမှန်ဘဝတွင် အမှန်တကယ် ပျော်ရွှင်ကြ သလားဆိုတာကို သံသယဝင်မိသည်။ နှစ်ပေါင်းများစွာ ရိုက်သွင်းခံထားရသော ဝါဒမှိုင်းသည် အကင်းမသေသေး။

ထ်ု့ိကြောင့် ကျွန်မက "သာမန်မြို့သူမြို့သားတွေရဲ့ ဘဝကို ကျွန်မ လိုက်ကြည့်လို့ရမလား" မေးလိုက်သည်။

"ရတာပေါ့။ ကြိုက်တဲ့အချိန် လိုက်ကြည့်နိုင်ပါတယ် လိုက်ပို့ပေးမယ်" ဟု အမျူ ိးသမီးအေးဂျင့်က ပြောကာ ကျွန်မ၏ တောင်းဆိုချက်ကို အထက်သို့ တင်ပြသည်။

ဥရောပတိုက်သို့ ရောက်ခဲ့စဉ်က ဥရောပသားတို့၏ ဘဝကို လေ့လာခွင့်မရခဲ့။ မြောက်ကိုရီးယား အေးဂျင့်များသည် နိုင်ငံခြားသားများနှင့် လုံးဝ စကားမပြောရဟူသည့် ကန့်သတ်ချက်က ရှိနေသည်။ မလွှဲသာမရှောင်သာသည့် အခါတွင်မှ နိုင်ငံခြားသားများနှင့် စကားပြောနိုင်သည်။ ခရီးသွားသည့်အခါတိုင်း တာဝန်က ရှိနေသဖြင့် ရောက်ရှိသော တိုင်းပြည်၏ အခြေအနေမှန်ကို မစူးစမ်းနိုင်ခဲ့။

ယခုအခါတွင် ဆိုးလ်မြို့၏ ဘဝအစစ်အမှန်ကို လေ့လာခွင့်ရတော့မည်။ အပေါ်ယံ လေ့လာခြင်း
မျူ ိးမဟုတ်။ ကျွန်မအား မြောက်ကိုရီးယားက သင်ကြားပေးခဲ့သော အချက်အလက်များ မှန်မမှန်ကို ဆန်းစစ်ခွင့်ရတော့မည်။

ကျွန်မအား မြို့တွင်းသို့လိုက်ပြရန် ပြင်ဆင်မှုများ လုပ်ကြသည်။ အမျူ ိးသမီးအေးဂျင့်တစ်ဦးက အထူးတလည် သွားရောက်ကြည့်ရှုလိုသော နေရာရှိမရှိ မေးမြန်းသည်။

"အထွေအထူးမရှိပါဘူး။ ဘယ်သွားရမယ်ဆိုတာ မသိဘူးလေ။ ပို့ချင်တဲ့နေရာ ပို့လို့ရပါတယ်။ တောင်ကိုရီးယားရဲ့ တကယ့်ဘဝသရုပ်မှန်ကို သိနိုင်တဲ့နေရာမျူ ိးဆိုရင် ပိုကောင်းတယ်။" ကျွန်မက ပြန်ဖြေလိုက်သည်။

ကျွန်မတို့ လမ်းလျှောက်သည့်အခါ အေးဂျင့်တစ်ယောက်က ကပ်လျက် ကျန်နှစ်ယောက်က အရှေ့အနောက် ခြံရံလျက် လိုက်ပါသည်။ ကျွန်မ သုံးစွဲရန်ဆိုပြီး ဝမ်နှစ်သောင်း ထုတ်ပေးသည်။ ဒေါ်လာနှစ်ဆယ်ခန့် ရှိမည်။ ကျွန်မအဖို့ များပြားသော ပမာဏဖြစ်သည်။

မြောင်ဒေါင်ခရိုင် လမ်းကြိုလမ်းကြားလေးများတွင် ကျွန်မတို့ လှည့်ပတ်သွားလာကြသည်။ ကျွန်မတို့ ကုန်တိုက်တစ်ခုအတွင်း ဝင်ကြည့်ကြသည်။ ကုန်တိုက်၏ အမည်မှာ Lotte'e ဖြစ်သည်။

ခင်းကျင်းပြသထားသော ကုန်ပစ္စည်း အမှတ်တံဆိပ်များသည် နိုင်ငံခြားအမည်များ ဖြစ်နေသဖြင့် အေးဂျင့်တစ်ယောက်အား မေးမြန်းရာ

"ဒါတွေအားလုံးက ကိုးရီးယားမှာ လုပ်တာပါ။ ကိုးရီးယားလုပ် ပစ္စည်းအများစုက်ုိ နိုင်ငံခြား တင်ပို့တာဆိုတော့ နိုင်ငံခြားသားတွေနဲ့ ယဉ်ပါးအောင် နိုင်ငံခြားအမည်နဲ့ တံဆိပ်တွေ ဖြစ်နေတာပါ။ ဒါနဲ့ စကားမစပ် တစ်ခုခုဝယ်ပါလား"

အလှကုန်ကောင်တာဆီသို့ ကျွန်မ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရောက်သွားသည်။ အရောင်းစာရေးမသည် ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ဆီးကြိုသည်။ သူမ၏ ကျူ ိးနွံ့ပျူ ငှာမှုသည် ကျွန်မအတွက် အထူးအဆန်းဖြစ်နေသည်။ မြောက်ကိုရီးယား ပြည်သူ့ဆိုင်များတွင် ရောင်းစရာ ကုန်ပစ္စည်း များများစားစား မရှိသော်လည်း မန်နေဂျာများသည် မျက်နှာတင်းတင်းဖြင့် မောက်မာရိုင်းစိုင်းကြသည်။ ယခု တောင်ကိုရီးယား ကုန်တိုက်တွင်မူ ဝန်ထမ်းများက လိုလိုလားလား ကူညီကြသည်။

"ဘာများ အကူအညီပေးရမလဲ"

တုန်တုန်ယင်ယင် လေသံမျူ ိးမဖြစ်အောင် ကြိုးစားထိန်းကာ မျက်နှာလိမ်း ခရင်မ်ကို ညွှန်ပြလျက် ကျွန်မက "ဒါနိုင်ငံခြားက လာတာလား" ဟု မေးလိုက်သည်။

စာရေးမက ပုလင်းကို ကောက်ကိုင်ပြီး "ဆိုးလ်မှာ ရှိတဲ့ Lucky ကော်ပိုရေးရှင်းက ထုတ်လုပ်တာပါ။ ဝမ် ၆၅၀၀ ရောင်းစျေးပါ"

စျေးကြီးမည်ကို ကျွန်မ မျှော်လင့်ပြီးသား ဖြစ်သည်။ သို့သော် ကျွန်မ ဝယ်နိုင်သည့် အခြေအနေ ရှိသည့်အတွက် ဝမ်းသာမိသည်။ တောင်ကိုရီးယား ဝမ်ငွေ၏ တန်ဖိုးကို ကျွန်မ မခန့်မှန်းတတ်သေးပေ။ သို့သော် မျက်နှာလိမ်း ခရင်မ် ဝယ်ရန် တွန့်ဆုတ်နေသည်။ လွတ်လပ် ပေါ့ပါးသော လူနေမှုပုံစံကို ကျွန်မ အသားမကျသေး။

အမျူ ိးသမီး အေးဂျင့် လီအုတ်က ကျွန်မအား ခေါင်းစည်းပုဝါ တစ်ထည် ဝယ်ပေးသည်။ အမယ်စုံလှသော လူသုံးကုန်ပစ္စည်းများအကြား ကျွန်မ ကြောင်အမ်းအမ်းဖြစ်နေသည်။ ကုန်တိုက်မှ ထွက်လာသောအခါ လမ်းမပေါ်တွင် သွားလာနေသော လူအုပ်ကြီးကို တွေ့ရသည်။ သူတို့သည် ပျာယာခပ်နေကြသည်တော့ မဟုတ်။ အုပ်စုလိုက် သွားလာနေသော အမျူ ိးသား
အမျူ ိးသမီးများသည် ရယ်မော လွတ်လပ်ပေါ့ပါး နေကြသည်။ အိုးတစ်လုံးကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အခြားတစ်ဖက်တွင် ခေါင်းလောင်းငယ်လေးကို လှုပ်ယမ်းလာသည့် လူတစ်ယောက် ကျွန်မတို့နှင့် ရင်ဆိုင်တိုးမိသည်။ သူ၏ အဝတ်အစားမှာ ထူးထူးဆန်းဆန်း ဖြစ်သည်။ ထိုသူသည် သူတောင်းစား ဖြစ်ရမည်ဟု ကျွန်မက ထင်လိုက်သည်။ ဆင်းရဲသားများကို အကူအညီပေးနေသော ပရဟိတအဖွဲ့အစည်းက အလှူ ခံနေခြင်း ဖြစ်သည်ဟု လီအုတ်က ရှင်းပြသည်။

"အခုအချိန်က ခရစ္စမတ် အကြိုကာလလေ။ အလှူ အတန်းလုပ်ကြတဲ့ အချိန်ပေါ့။" လီအုတ်က ပြောသည်။

မြောက်ကိုရီးယားတွင် ခရစ္စမတ်ပွဲဟူ၍ မရှိ။ တချူ ိ့ လူများသည် ခရစ္စမတ်ဟူသည့် ဝေါဟာရကိုပင် မကြားဖူးကြ။

စျေးသည်များသည် ဝယ်သူကို အပြိုင်အဆိုင် အော်ဟစ်ခေါ်ယူနေကြသည်။ အားတက်သရော ပြိုင်ဆိုင်မှုသည် စျေးကွက်စီးပွားရေး၏ မောင်းနှင်အားဖြစ်သည်ကို ထိုစဉ်က ကျွန်မ မသိခဲ့။ ပြိုင်ဆိုင်မှု စွမ်းအား မြင့်မားခြင်းကြောင့် တောင်ကိုရီးယားသည် စီးပွားရေးအတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်ကို ကျွန်မ မသိခဲ့။

"ဗိုက်ဆာလိုက်တာ။ တစ်ခုခု စားလို့ရမလား" ကျွန်မ ပြောလိုက်ခြင်း ဖြစ်သည်။

ကျွန်မကို လမ်းကြားလေးတစ်ခုကို ခေါ်သွားသည်။ လမ်းတလျှောက် အဖိုးတန်ကားကြီးများ စီတန်း ရပ်ထားသည်ကို တွေ့ရသည်။ စားသောက်ဆိုင်တန်းကလည်း မျက်စီတစ်ဆုံး။ အစေားအသောက်များကို မှန်ဘောင်များတွင် ခင်းကျင်းထားသည်မှာ သွားရည်ကျစရာ။ ဆန်မုန့် တန်ပူရာ အသားလွှာပြား ဝက်သွေးချောင်း ကိုးရီးယား ကြေးအိုးပြုတ်။ အစားအသောက် ရှားပါးသော မြောက်ကိုရီးယားနှင့် နှိုင်းစာလျှင် မယုံနိုင်စရာ။ ဖရဲသီးပုပ်တစ်လုံးကို အမေ ဝယ်လာနိုင်သည့်နေ့သည် ကံကောင်းသောနေ့ဟု သတ်မှတ်ရသော ဘဝမှ လာခဲ့ရသော
ကျွန်မအဖို့ အလျှံအပယ်ဖြစ်နေသော စားသောက်ဖွယ်ရာများကို အထိတ်တလန့် ကြည့်နေမိသည်။ ကျွန်မမိသားစုကို ဤနေရာသို့ ခေါ်လာနိုင်လျှင် မည်မျှ ကောင်းလေမည်နည်းဟု စိတ်ကူးယဉ်မိသည်။

"ဘယ်ဆိုင်ဝင်မလဲ။ မင်းကြိုက်တဲ့ဆိုင် ရွေးလေ" လီအုတ်က ပြောလာသည်။

ကျွန်မက ဝက်သွေးချောင်းကို ကြိုက်သဖြင့် ဝက်သွေးချောင်းဆိုင်ကို သွားကြသည်။ ဆိုင်တွင် လူအပြည့်။ တချူ ိ့က ကိုးရီးယားဆန်အရက် ဆ်ုိဂျူ း သောက်နေကြသည်။ အစားအသောက်များ ယူလာပြီး ကျွန်မတို့ စားပွဲတစ်လုံးတွင် ဝင်ထိုင်ကြသည်။ ကပ်လျက်သား စားပွဲတွင် သက်လတ်ပိုင်း လုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ရွေးကောက်ပွဲကို ဝေဖန်ပြောဆ်ုိနေကြသည်။

တစ်ယောက်က "အစိုးရကိုချည်း အပြစ်တင်လို့ မရဘူူး။ လူတွေက ကိုယ့်အကျူ ိးအတွက်ပဲ ကိုယ်စဉ်းစားနေကြတာ"

နောက်တစ်ယောက်က "ငါ့စိတ်ထင် ပြောရမယ် ဆိုရင် ပါတီငယ်လေးတွေ ညီညွတ်မယ်ဆိုရင် ရွေးကောက်ပွဲ နိုင်နိုင်တာပေါ့"

အစိုးရအား ဝေဖန် ပြောဆိုနေကြသူများကို ကျွန်မ နှင့် ပါလာသည့် အေးဂျင့်များက မည်သည့်အချိန်တွင် ထဖမ်းမည်နည်းဟု စောင့်ကြည့်နေမိသည်။ အေးဂျင့်များက ပြောဆိုနေသည်များကို ကြားနေရသော်လည်း ဂရုစိုက်ပုံမပေါ် အစားကိုသာ မဲစားနေကြသည်။

စားသောက်ဆိုင်မှ ထွက်လာသောအခါ မည်သည့်အတွက်ကြောင့် အစိုးရကို လွတ်လပ်စွာ ဝေဖန်နိုင်ကြသနည်းဟု မေးမိသည်။

ကျွန်မ မေးခွန်းကြောင့် သူတို့ ခွက်ထိုးခွက်လန် ရယ်မောကြသည်။

"ဒီ နိုင်ငံက ဒီမိုကရေစီနိုင်ငံ။ လူတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ အစိုးရကို ဝေဖန်တဲ့အတွက် အပြစ်ပေးနိုင်တဲ့ ဥပဒေ ပြဋ္ဌာန်း မထားဘူး"

သူမ ရှင်းပြသည်ကို ကျွန်မ နားမလည်။

ဆက်ရန်

#SwamHtet

No comments:

Post a Comment