Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 14, 2015

ေျမာက္ကိုရီးယား စပိုင္ဧကရီ(အပိုင္း ၁)

၁၉၈၇ ခုနစ္ ႏိုဝင္ဘာလ ၂၉ ရက္ေန႔တြင္ ေတာင္ကိုရီးယား ေလေၾကာင္း ပ်ံသန္းအမွတ္စဥ္ ၈၅၈ သည္ ဘဂၤလားပင္လယ္ေအာ္ေပၚတြင္ ပ်ံသန္းစဥ္ ဗံုးေပါက္ကြဲမႈေၾကာင့္ ပ်က္က်သြားသည္။ လူ ၁၁၅ ဦး အသက္ဆံုးရံႈးခဲ့ရသည္။ အျပည္ျပည္ဆိုင္ရာ ေထာက္လွမ္းေရးတပ္ဖြဲ႕မ်ားသည္ လက္သည္ကိုု ေဖာ္ထုတ္ဖမ္းဆီးရန္
အပူတျပင္း ႀကိဳးပမ္းၾကသည္။ ေလယာဥ္ေပါက္ကြဲၿပီး နာရီပိုင္းအတြင္း ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟးႏွင့္သူ႔အေဖာ္ကို ဖမ္းမိခဲ့သည္။ သူသည္ စံျပအမ်ဴ ိးသမီးေကာင္း တဦးျဖစ္ေသာ္လည္း ေျမာက္ကိုရီးယားအစိုးရက လူသတ္စက္ရုပ္အျဖစ္ ဇာတ္သြင္းခံရသူျဖစ္သည္။ ယခုေဖာ္ျပမည့္ အေၾကာင္းအရာမ်ားမွာ ကင္ယြန္ေဟး ကိုယ္တိုင္ေရးသားထားသည့္ ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္သည္။

သူ႔ကို ေျမာက္ကုိရီးယားတြင္ ေမြးဖြားခဲ့ၿပီး အသက္ ၁၆ ႏွစ္ အရြယ္တြင္ သူ႔အား ပါတီက ရုပ္ရည္ေခ်ာေမာလွပမႈႏွင့္ ညဏ္ေကာင္းမႈတို႔ေၾကာင့္ ေခါင္ေခါက္ေရြးခ်ယ္ကာ ႏိုင္ငံျခားဘာသာစကားမ်ား သင္ၾကားေစခဲ့သည္။ ၁၉ ႏွစ္သမီး အရြယ္တြင္ ေျမာက္ကိုရီးယားထိပ္တန္း
သူလွ်ဴ ိသင္တန္းေက်ာင္းသို႔ တက္ေရာက္ေစခဲ့သည္။ လက္နက္မ်ဴ ိးစံုျဖင့္လည္ေကာင္း လက္ခ်ည္းသက္သက္ျဖင့္ လည္ေကာင္း လူသတ္နည္းမ်ဴ ိးစံုကို ေက်ာင္းတြင္ ေလ့က်င့္သင္ၾကားေပးသည္။ ကိုယ္စိတ္ ၂ပါး ပင္ပန္းဆင္းရဲႀကီးစြာ သင္တန္းတက္ခဲ့ရသည္။ ေပးသမွ်အမိန္႔ကို တေသြမတိမ္း နာခံေစရန္ စ္ိတ္ဓာတ္ေရးရာ ပံုသြင္းျခင္းခံခဲ့ရသည္။ ယင္းသို႔ျဖင့္ သူသည္ ေျမာက္ကိုရီးယား စပိုင္ဧကရီ ျဖစ္လာခဲ့သည္။

ကိုးရီးယား ၂ ႏိုင္ငံေပါင္းစည္းေရးအတြက္ သူ႔အားအေရးႀကီးသည့္ တာဝန္ဆိုသည္ကို သူ႔အသက္ ၂၅ ႏွစ္အရြယ္ ၁၉၇၈ ခုနစ္တြင္ ေပးအပ္ခဲ့သည္။ ထိုတာဝန္သည္ အမွန္တကယ္ အေရးႀကီးၿပီး ေအာင္ျမင္ပါက ကိုးရီးယား ၂ ႏိုင္ငံ ေပါင္းစည္းေရးကို အေထာက္အကူျပဳလိမ့္မည္ဟု သူမေလးေလးနက္နက္ ယံုၾကည္ခဲ့သည္။

သို႔ေသာ္...................................

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 15, 2015 ·
ကိုးကား
ေျမာက္ကိုရီးယား စပိုင္ဧကရီ
ကင္ယြန္ေဟး
Wikipedia
.........
မြောက်ကိုရီးယား စပိုင်ဧကရီ

အပိုင်း ၁

၁၉၈၇ ခုနစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တောင်ကိုရီးယား လေကြောင်း ပျံသန်းအမှတ်စဉ် ၈၅၈ သည် ဘင်္ဂလားပင်လယ်အော်ပေါ်တွင် ပျံသန်းစဉ် ဗုံးပေါက်ကွဲမှုကြောင့် ပျက်ကျသွားသည်။ လူ ၁၁၅ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့များသည် လက်သည်ကိုု ဖော်ထုတ်ဖမ်းဆီးရန် အပူတပြင်း ကြိုးပမ်းကြသည်။ လေယာဉ်ပေါက်ကွဲပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေးနှင့်သူ့အဖော်ကို ဖမ်းမိခဲ့သည်။ သူသည် စံပြအမျူ ိးသမီးကောင်း တဦးဖြစ်သော်လည်း မြောက်ကိုရီးယားအစိုးရက လူသတ်စက်ရုပ်အဖြစ် ဇာတ်သွင်းခံရသူဖြစ်သည်။ ယခုဖော်ပြမည့် အကြောင်းအရာများမှာ ကင်ယွန်ဟေး ကိုယ်တိုင်ရေးသားထားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။

သူ့ကို မြောက်ကိုရီးယားတွင် မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ် အရွယ်တွင် သူ့အား ပါတီက ရုပ်ရည်ချောမောလှပမှုနှင့် ညဏ်ကောင်းမှုတို့ကြောင့် ခေါင်ခေါက်ရွေးချယ်ကာ နိုင်ငံခြားဘာသာစကားများ သင်ကြားစေခဲ့သည်။ ၁၉ နှစ်သမီး အရွယ်တွင် မြောက်ကိုရီးယားထိပ်တန်း
သူလျှူ ိသင်တန်းကျောင်းသို့ တက်ရောက်စေခဲ့သည်။ လက်နက်မျူ ိးစုံဖြင့်လည်ကောင်း လက်ချည်းသက်သက်ဖြင့် လည်ကောင်း လူသတ်နည်းမျူ ိးစုံကို ကျောင်းတွင် လေ့ကျင့်သင်ကြားပေးသည်။ ကိုယ်စိတ် ၂ပါး ပင်ပန်းဆင်းရဲကြီးစွာ သင်တန်းတက်ခဲ့ရသည်။ ပေးသမျှအမိန့်ကို တသွေမတိမ်း နာခံစေရန် စ်ိတ်ဓာတ်ရေးရာ ပုံသွင်းခြင်းခံခဲ့ရသည်။ ယင်းသို့ဖြင့် သူသည် မြောက်ကိုရီးယား စပိုင်ဧကရီ ဖြစ်လာခဲ့သည်။

ကိုးရီးယား ၂ နိုင်ငံပေါင်းစည်းရေးအတွက် သူ့အားအရေးကြီးသည့် တာဝန်ဆိုသည်ကို သူ့အသက် ၂၅ နှစ်အရွယ် ၁၉၇၈ ခုနစ်တွင် ပေးအပ်ခဲ့သည်။ ထိုတာဝန်သည် အမှန်တကယ် အရေးကြီးပြီး အောင်မြင်ပါက ကိုးရီးယား ၂ နိုင်ငံ ပေါင်းစည်းရေးကို အထောက်အကူပြုလိမ့်မည်ဟု သူမလေးလေးနက်နက် ယုံကြည်ခဲ့သည်။

သို့သော်...................................

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 15, 2015 ·
ကိုးကား
မြောက်ကိုရီးယား စပိုင်ဧကရီ
ကင်ယွန်ဟေး
Wikipedia

No comments:

Post a Comment