Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၆ )

အရုဏ္တက္ခါနီး ကြ်န္မ ေမွးခနဲ အိပ္ေပ်ာ္သြားသည္။ ႏိုးလာသည့္အခါ ေနထြက္လာၿပီ။ ကြ်န္မတို႔ ေလယာဥ္လည္း ထြက္ခြာေတာ့မည္။ ႏိုင္ငံကူးလတ္မွတ္ႏွင့္ ေလယာဥ္လတ္မွတ္တို႔ကို အေစာင့္က လာေပးသြားသည္။

ဘာရိန္းသြားမည့္ ေလယာဥ္ေပၚသို႔ ကြ်န္မတို႔တက္သည္။ ေလယာဥ္ ဘီးႂ ကြသြားသည့္ႏွင့္ မ်ားစြာ စိတ္သက္သာရာရသြားသည္။ တစ္နာရီခန္႔ အၾကာ ဘာရိန္းသို႔ေရာက္သည္။ ႏိုဝင္ဘာ ၂၉ ရက္ တနဂၤေႏြေန႔ျဖစ္သည္။

ကြ်န္မအေတာ္အတန္ စိတ္တည္ၿငိမ္လာေသာ္လည္း ေနာက္ေၾကာင္းမေအးေပ။ ဘာရိန္းေလဆိပ္တြင္ ေရာမသို႔ဆက္သြားရန္ ေလယာဥ္လတ္မွတ္ကို ျပန္လည္ အတည္ျပဳရအံုးမည္။ ျပသာနာမွာ တနဂၤေႏြေန႔ ျဖစ္သျဖင့္ ေလေၾကာင္းရံုးက ပိတ္ထားသည္။ ကြ်န္မတို႔ ဘာရိန္းတြင္ တစ္ညအိပ္ ေစာင့္ရန္ ျဖစ္လာသည္။ တစ္ေထာက္နား ဗီဇာ သံုးရက္ယူလိုက္ရသည္။

အင္တာကြန္တီနင္တယ္ ဟိုတယ္တြင္ ဖုန္းျဖင့္ အခန္းငွားသည္။ တကၠစီျဖင့္ ဟိုတယ္သို႔သြားသည္။ လုပ္စရာမရွိသည့္အတြက္ ကြ်န္မတို႔ တစ္ေန႔လံုး အိပ္ေနၾကသည္။

တနလၤာေန႔နံနက္တြင္ ေရာမသို႔သြားရန္ ေလယာဥ္ လတ္မွတ္ ဝယ္ေသာ္လည္း ကုန္သြားၿပီဟု ဆိုသျဖင့္ အဂၤါေန႔ထိ ေစာင့္ရျပန္သည္။ ထို႔ေနာက္ ၿမိဳ႕တြင္း လည္ပတ္ၾကေသာ္လည္း စိုးရိမ္ေသာကေၾကာင့္ မည္သည့္ေနရာေရာက္ခဲ့သည္ကိုပင္ မမွတ္မိ။

ဟိုတယ္ျပန္၍ ညစာ စားေသာက္ေနစဥ္ ဖုန္းျမည္လာသည္။ ကြ်န္မ စားလက္စ အစားအေသာက္ လက္ထဲမွ လြတ္က်သြားသည္။ ကြ်န္မတို႔ ဟိုတယ္တြင္ ရွိေနသည္ကို မည္သူမွ် မသိ။ ၿပံဳးယမ္းရွိ ေထာက္လွမ္းေရး႒ာနခ်ဴ ပ္ပင္ မသိေခ်။ မည္သူ႔ထံမွ တယ္လီဖုန္းနည္း။ မည္သူမွ် ေခၚရန္ အေၾကာင္းမရွိ။

ကင္ဆံုအီ၏ မ်က္ႏွာ ေသြးဆုတ္သြားသည္ကို ျမင္လိုက္ရသည္။ သူက ကြ်န္မဘက္သို႔ လွည့္ၿပီး ဖုန္းကို ေကာက္ကိုင္လ္ုိက္ၿပီး ဟုတ္ကဲ့ ဟုျပန္ေျဖသည္။

တစ္ဖက္မွ ေျပာဆိုသံကို နားေထာင္ၿပီး ဖုန္းကို ျပန္ခ်လိုက္သည္။ လက္ေနာက္ပစ္လ်က္ ျပတင္းေပါက္ဆီသို႔ ေလွ်ာက္သြားသည္။ ကြ်န္မက

"ဘက္က တယ္လီဖုန္းလဲ"

ကြ်န္မအေမးကို ျပန္မေျဖ။ သူ၏ မ်က္ႏွာကို ၾကည့္ခ်င္းျဖင့္ တုန္လႈပ္ေျခာက္ျခားေနသည္ကို သိႏိုင္သည္။

ခဏအၾကာတြင္ ေနာက္ထပ္ ဖုန္းျမည္လာျပန္သည္။ သူက ဖုန္းေကာက္ကိုင္လိုက္ၿပီး ႏိုင္ငံကူးလတ္မွတ္မ်ား ေပးရန္ ေျခဟန္လက္ဟန္ျဖင့္ ေျပာသည္။ ကြ်န္မတို႔ ႏိုင္ငံကူးလတ္မွတ္မွ အခ်က္အလက္မ်ားကို တစ္ဖက္သို႔ ဖတ္ျပသည္။ ထို႔ေနာက္ ဖုန္းကို ျပန္ခ်လိုက္သည္။

သက္ျပင္းခ်လိုက္ၿပီး ကြ်န္မကိုၾကည့္ကာ "ဂ်ပန္သံရံုးက ဆက္တာ။ မပူနဲ႔ သူတို႔ လြယ္လြယ္နဲ႔ မေဖာ္ထုတ္ႏိုင္ပါဘူး"

ကြ်န္မ အသက္ပင္မရွဴ ရဲပဲ "ကြ်န္မေတာ့ မယံုဘူး။ မၾကာခင္ သူတို႔ လိုက္လာၾကလိမ့္မယ္" ကြ်န္မတို႔ မည္သူျဖစ္သည္ မည္သည့္ေနရာတြင္ ရွိသည္ကို အာဏာပိုင္တို႔ သိသြားၿပီဟု ခံစားမိသည္။ သူက ပခံုးတြန္႔ျပသည္။

ထို႔ေနာက္ ကြ်န္မတို႔ စားေသာက္ထားသည္မ်ားကို ရွင္းလင္းေနစဥ္ ဖုန္းထပ္ျမည္လာျပန္သည္။ ကင္ဆံုအီက ေကာက္ကိုင္လိုက္သည္။

"ဟိုတယ္ ဧည့္ခန္းထဲမွာ ေတာင္ကိုရီးယားသံရံုးက ႏွစ္ေယာက္ေရာက္လာတယ္။ မၾကာခင္ သူတို႔ ဒီကို တက္လာလိမ့္မယ္။ မင္းက အိပ္ခ်င္ေယာင္ေဆာင္ေန ငါက သူတို႔ကိုိ ၾကည့္ေျပာလိုက္မယ္"

ကြ်န္မက ကေယာင္ကတန္း အိပ္ရာေပၚသို႔ တက္သည္။ ဖိနပ္မခြ်တ္ရေသးသျဖင့္ ဆြဲခြ်တ္သည္။ ေစာင္ကိုလည္း လည္ပင္းအထိၿခံဳကာ နံရံဘက္သို႔ လွည့္ေနလိုက္သည္။ ကြ်န္မတို႔လြတ္လမ္းမရွိေတာ့ဟု ခံစားမိသည္။

တံခါးေခါက္သံၾကားရသည္။ ကင္ဆံုအီက တံခါးဖြင့္ေပးသည္။

"ေဆာရီးပဲ သမီးက ပင္ပန္းလို႔ အိပ္ေနတယ္" ကင္ဆံုအီ၏ အသံျဖစ္သည္။

ကိုးရီးယားႏွစ္ေယာက္စလံုး ဂ်ပန္လို မတတ္ၾက။ ထ႔ံုပိုင္းထံု႔ပိုင္း အဂၤလိပ္စာျဖင့္ အေမးအေျဖ လုပ္ၾကသည္။ ကိုးရီးယားႏွစ္ေယာက္ စိတ္မရွည္သျဖင့္ တခါတရံ ဆဲတိုသံကို ၾကားရသည္။ အဘကင္ဆံုအီကမူ ေအးေဆးစြာ ေမးသမွ် ေျဖသည္။

ကိုးရီးယားေလေၾကာင္း အမွတ္စဥ္ ၈၅၈ သည္ ဗန္ေကာက္သို႔ မေရာက္ပဲ တစ္ေနရာရာတြင္ ပ်က္က်ခဲ့သည္ဟု ယူဆေၾကာင္း သူတို႔က ေျပာသည္။ ကြ်န္မတို႔ မည္သည့္တိုင္းျပည္ကို ဆက္လက္ ထြက္ခြာမည္ကို သိလိုေၾကာင္း ေမးသည္။ေလယာဥ္ ေပ်ာက္ဆံုးေနမႈသည္ ကြ်န္မတို႔ႏွင့္ ေသခ်ာေပါက္ ပတ္သတ္လိမ့္မည္ဟု သူတို႔ယူဆသည္။

ကိုးရီးယားႏွစ္ေယာက္ မနက္ျဖန္မွ ျပန္လာခဲ့မည္ဟု ဆိုကာ ျပန္သြားၾကသည္။ ခဏအၾကာတြင္ တံခါးေခါက္သံ ၾကားရျပန္သည္။ ကင္ဆံုအီက တံခါးကို ဟလိုက္သည့္အခါ ေခ်ာကလက္ လက္ေဆာင္ထုပ္တစ္ခု တံခါးၾကားမွ ထိုးသြင္းလာသည္။ လာပို႔သူ ျပန္သြားသည္။ ကြ်န္မတို႔အား သူတို႔ ေစာင့္ၾကည့္ေနသည္မွာ ေသခ်ာသည္။ ေခ်ာကလက္အထုပ္ လာေပးျခင္း အားျဖင့္ ကြ်န္မတို႔ အခန္းထဲတြင္ ရွိေနမေန လာေရာက္ စံုစမ္းျခင္းျဖစ္သည္။

ထုိ႔ေနညတြင္ ကြ်န္မ အိပ္မေပ်ာ္။ ကင္ဆံုအီကမူ ပင္ပန္းလြန္းသျဖင့္ အိပ္ေမာက်ေနသည္။ ေနထြက္လာေသာ္လည္း ကင္ဆံုအီ အိပ္ေကာင္းတုန္း။ ကြ်န္မ သူ႔ကို လႈပ္ႏႈိးရသည္။ အထုပ္အပိုးမ်ား ထုပ္ပိုးၿပီး ထြက္ေတာ့မည့္ဆဲဆဲ ကင္ဆံုအီက " မီယူမီ ခဏေနအံုး"

သူ႔မ်က္ႏွာသည္ စိုးရိမ္ပူပန္မႈျဖင့္ ၿပိဳေတာ့မည့္မိုးကဲ့သို႔။ ကြ်န္မအား မၾကည့္ဘဲ သူ႔အိတ္ထဲ မာဘိုလို စီးကရက္တစ္ဘူးကို ထုတ္ယူလ်က္ ကြ်န္မအား ေပးသည္။

"အဆုုိးဆံုးနဲ႔ ႀကံဳလာခဲ့ရင္ေပါ့ကြာ" စီးကရက္ လွမ္းေပးေသာ သူ႔လက္မ်ားလည္း တုန္ယင္လ်က္။

လြတ္လမ္းမရွိေသာအခါ ကြ်န္မတို႔ ဘာလုပ္ရမည္ကို ေကာင္းေကာင္းသိသည္။ သို႔ေသာ္ အသက္ရွင္ျခင္းကို တြယ္တာျမတ္ႏိုးေသာ လူသားမ်ားပီပီ မည္သည့္အခါမွ် ကိုယ့္အသက္ ကိုယ္ သတ္ရေသာအျဖစ္မ်ဴ ိး ႀကံဳလိမ့္မည္ မဟုတ္ဟု ယခုခ်ိန္ထိ ကြ်န္မတို႔ႏွစ္ေယာက္ ေမွ်ာ္လင့္ထားဆဲ ျဖစ္သည္။ မိမိကိုယ္ကို သတ္ေသရန္ အမွန္တကယ္ ကြ်န္မတို႔တြင္ သတိၱ ရွိသလားဆိုသည့္ အေမး၏ အေျဖကို ကြ်န္မတို႔မသိ။

ကြ်န္မတို႔ ဓာတ္ေလွကားဆီသို႔ ေလွ်ာက္သြားစဥ္ ကင္ဆံုအီက ေျပာေနက်အတိုင္း "ဒီေခြးမသားေတြကို အစကတည္းက ေျပာတယ္။ ဒီခရီးစဥ္ဟာ မဟုတ္ဘူး ဆိုတာ။ ငါ ျပန္ေရာက္သြားရင္ ဒီေကာင္ေတြကို ေကာင္းေကာင္း ဆံုးမလိုက္မယ္"

နံနက္စာပင္ မစားေတာ့ပဲ ဟိုတယ္ခရွင္းၿပီး ေလဆိပ္သို႔ ထြက္လာခဲ့သည္။ ကြ်န္မ လက္ထဲတြင္ မာဘိုလိုေဆးလိပ္ဘူးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။ ဘူးထဲရွိ တစ္လိပ္ေသာ ေဆးလိပ္၏ ဖင္စီခံတြင္ ထည့္ထားေသာ ဆိုက္ယာႏိုက္အဆိပ္ကို စဥ္းစားမိတိုင္း ပ်ဴ ိ႕အန္ခ်င္လာသည္။

ေလဆိပ္သို႔ ေရာက္သည္ႏွင့္ ကင္ဆံုအီသည္ ေလယာဥ္တက္ခြင့္ လတ္မွတ္ကို အျမန္သြားယူသည္။ ေစာင့္ၾကည့္ေနသူမ်ား ရွိေနမလားဟု ကြ်န္မ အကဲခတ္သည္။ မည္သူမွ် မေတြ႕ရ။ ထြက္ခြာမည့္ဂိတ္သို႔ ကြ်န္မတို႔ အျမန္သြား ၾကသည္။ အျခားခရီးသည္မ်ားေနာက္တြင္ တန္းစီသည္။ သည္တႀကိမ္ ေလယာဥ္ထြက္ခြာသြားရင္ ပူပန္စရာမလိုေတာ့ဟု ကြ်န္မေတြးေနသည္။

ထိုစဥ္ ပီသေသာ ဂ်ပန္စကားျဖင့္ "ခင္ဗ်ားတို႔ ႏိုင္ငံကူး လတ္မွတ္ကို ၾကည့္လို႔ရမလား" ဟူေသာအသံက ေနာက္မွ ထြက္လာသည္။ ကြ်န္မ လွည့္ၾကည့္လိုက္ေသာအခါ အရပ္ျမင့္ျမင့္ အာရွသား တစ္ဦးကို ေတြ႕ရသည္။ ကြ်န္မတို႔ ေပးလိုက္ေသာ ႏိုင္ငံကူးလတ္မွတ္ကို ယူလ်က္ ထိုလူက ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္။

ကြ်န္မတို႔ တန္းစီေနသာ လူတန္း၏ အျပင္မွ ထြက္ေစာင့္ေနသည္။ ေရာမသို႔ သြားမည့္ ခရီးသည္မ်ား တေရြ႕ေရြ႕ႏွင့္ ကြ်န္မတို႔ ေရွ႕တြင္ ထြက္ခြာေနၾကသည္။

ၿပံဳးယမ္းတြင္ ၫႊန္မွဴ းေျပာသည့္ စကားမ်ားကို ကြ်န္မ ျပန္လည္ၾကားေယာင္ေနသည္။ "မင္းတို႔တာဝန္က တကယ့္ ထိပ္တန္းလွဴ ိ႕ဝွက္ခ်က္ ျဖစ္တယ္။ အဆိုးဆံုး အေျခအေနနဲ႔ ႀကံဳရင္ လ်ဴွ ိ႕ဝွက္ခ်က္ကို ထိန္းတဲ့အေနနဲ႔ ေဆးလိပ္ဖင္စီခံကို ရဲရဲဝံ႔ဝံ႔ ကိုက္လိုက္ရမယ္။ မင္းတို႔ ေသသြားေပမယ့္ မင္းတို႔ရဲ႕ ႏိုင္ငံေရးဘဝဟာ ထာဝရတည္ေနေတာ့မယ္"

ကြ်န္မသည္ အဖႏိုင္ငံေတာ္အတြက္ႏွင့္ ျပည္သူေတြအတြက္ အသက္ကို စြန္႔လႊတ္မည္ဟု ဆံုးျဖတ္လိုက္သည္။

ယင္းသို႔ ယတိျပတ္ဆံုးျဖတ္လ္ု္ိက္သည့္အတြက္ လြန္ခဲ့ေသာ ေန႔ေပါင္းမ်ားစြာအတြင္း ကြ်န္မ စိတ္သည္ ပထမဆံုးအႀကိမ္ တည္ၿငိမ္သြားသည္။ ေရာမသို႔ သြားမည့္ေလယာဥ္ ထြက္ခြာေၾကာင္း ေၾကညာသံ ၾကားလိုက္ရသည္။

ကြ်န္မ၏ ေမွ်ာ္လင့္ခ်က္အားလံုး ေလယာဥ္ႏွင့္အတူ ပါသြားသည္။ ထိုစဥ္ ဂ်ပန္လူမ်ဴ ိးတစ္ေယာက္သည္ ကြ်န္မတို႔ ႏိုင္ငံကူးလတ္မွတ္မ်ား ကိုင္လ်က္ ခက္ထန္ေသာအသံျဖင့္
"ခင္ဗ်ားတို႔ ဒီမွာပဲေနပါ။ ဘယ္မွ မသြားပါနဲ႔"

"ဘာျဖစ္လို႔လဲ" ကင္ဆံုအီက ေမးလိုက္သည္။

"က်ဴ ပ္က ဘာရိန္းမွာရွိတဲ့ ဂ်ပန္သံရံုးကပဲ။ မီယူမီနာမည္နဲ႔ ပတ္စ္ပို႔က အတုျဖစ္ေၾကာင္း ေတြ႕ရတယ္။ မၾကာခင္ ရဲေရာက္လာလိမ့္မယ္။ မိုက္မိုက္မဲမဲ ဘာမွမလုပ္ပဲ ၿငိမ္ၿငိမ္ေလး ထိုင္ေနပါ"

ထိုသူက ကြ်န္မတို႔ဆီမွ ထြက္သြားၿပီး ဟိုၾကည့္ သည္ၾကည့္ လွမ္းၾကည့္သည္။ ကြ်န္မတို႔ ထြက္ေျပးႏိုင္ေသာ လမ္းရွိမရွိ စစ္ေဆးဟန္တူသည္။

အဘကင္ဆံုအီက ကြ်န္မပခံုးကို လက္ျဖင့္ တို႔လိုက္သည္။ သူ႔ဘက္သို႔ ကြ်န္မလွမ္းၾကည့္သည္။ သူ၏ စိုးရိမ္စိတ္သည္ မ်က္ႏွာတြင္ အထင္းသား ေပၚေနသည္။

"အုတ္ဟြာေရ ဆိုက္ယာႏိုက္ အေတာင့္ကို ကိုက္ဖို႔ဆိုတာ မင္းမွာ သတၱိရွိဖို႔လိုက္တယ္။ ေတာ္ရံုတန္ရံု သတၱိမဟုတ္ဘူးေနာ္။ ခိုင္မာတဲ့သတၱိ လိုတယ္။ မင္း ဆိုက္ယာႏိုက္ကို မသံုးရင္ မင္းရဲ႕ ဒုကၡေတြ ေပရွည္ေနလိမ့္မယ္။ ငါကေတာ့ ေလာကႀကီးမွာ ေနခဲ့တာၾကာၿပီ။ ခုအခ်ိန္ ေသသြားလဲ ဝမ္းနည္းစရာမရွိဘူး" ေနာက္ဆံုးဝါက်တြင္ သူ႔ အသံ တိမ္ဝင္သြားသည္။

ကြ်န္မ မ်က္လံုးအိမ္မွ မ်က္ရည္မ်ား တသြင္သြင္ စီးက်လာသျဖင့္ ဘာမွမေျပာႏိုင္ေတာ့။ ေခါင္းသာ ညိတ္ျပႏိုင္ေတာ့သည္။

အဘကင္ဆံုအီက ေဆးလိပ္ တစ္လိပ္ၿပီး တစ္လိပ္ ေသာက္ေနသည္။

"အဘ အခ်ိန္က်ၿပီဆို ကြ်န္မကို လွမ္းအခ်က္ေပးပါ" ဟု သူ႔အား ေျပာလ္ုိက္သည္။ ေခါင္းညိမ့္ျပလိုက္သည္။

ဘာရိန္းရဲ ေလးငါးဦးေရာက္လာကာ သူတိုႏွင့္ လိုက္ခဲ့ရန္ ေခၚသည္။ ကင္ဆံုအီႏွင့္ ကြ်န္မအား လူခ်င္းခြဲလိုက္သည္။ ကြ်န္မအား အခန္းက်ဥ္း တစ္ခန္းထဲသို႔ ေခၚလာသည္။

ကြ်န္မ၏ ခႏၶာကိုယ္အႏွံ႔႔ကို ရွာေဖြေသာ ရဲေမသည္ အေသးစိတ္ရွာသည္။ ကြ်န္မ၏ မိတ္ကပ္ဘူးကို လွန္ေလွာ္ရွာသည္။ သို႔ေသာ္ ကြ်န္မ၏ လက္ဆြဲအိတ္ထဲတြင္ ရွိေသာ ေဆးလိပ္ဘူးကိုေတာ့ သတိမထားမိၾက။ ရွာေဖြၿပီးေသာအခါ အခန္းတစ္ခုထဲသို႔ ျပန္ေခၚလာသည္။ ကင္ဆံုအီလဲ ရွိေနသည္။ကင္ဆံုအီ အနီးတြင္ ဘာရိန္းရဲ တစ္ေယာက္ ရပ္ေနသည္။ ကင္ဆံုအီက ေဆးလိပ္ဘူး အေျခအေနေမးသည့္ သေဘာျဖင့္ မ်က္ခံုးပင့္ျပသည္။ ကြ်န္က ၿပံဳးျပလ်က္ အေျခအေနေကာင္းေၾကာင္း ေဖာ္ျပသည္။ ကြ်န္မအား ေဆးလိပ္တစ္လိပ္ လွမ္းေပးသည္။ ကြ်န္မသည္ ေဆးလိပ္ေသာက္တတ္သူျဖစ္ေၾကာင္း သိထားၾကေစရန္ လုပ္လုိက္ျခင္း ျဖစ္သည္။ ကြ်န္မ ေဆးလိပ္ထုတ္ေသာက္လွ်င္ ဂရုမထားမိၾကေစရန္ ျဖစ္သည္။

ေဆးလိပ္ေသာက္ရန္ အိတ္ထဲမွ မီးျခစ္ကို ထုတ္သည္။ ကြ်န္မအား ရွာေဖြခဲ့ေသာ ရဲေမသည္ လက္ေပြ႕အိတ္ကို မရွာရေသးေၾကာင္း သတိရသြားသည္။ အိတ္ကို သူ႔အားေပးရန္ ေျပာသည္။ ကြ်န္မက အိတ္ထဲမွ မာဘိုလိုဘူးကို ထုတ္ယူလိုက္ၿပီး အိတ္ကို သူ႔အား ေပးသည္။ သူက ေဆးလိပ္ဘူးကိုပါေပးရန္ ေျခဟန္လက္ဟန္ျပသည္။ ဆိုက္ယာႏိုက္ပါေသာ ေဆးလိပ္ကို ထုတ္ၿပီး ဘူးအား သူမကိုေပးသည္။ သူမအား ေဆးလိပ္ေတာ့ မေပးႏိုင္။

သူတို႔ ဘာသာစကားျဖင့္ ေအာ္ဟစ္လိုက္ၿပီး လက္ျဖန္႔ကာ ေဆးလိပ္ကိုပါေပးရန္ ေျပာသည္။ ကြ်န္မက ကင္ဆံုအီအား လွမ္းၾကည့္သည့္အခါ သူက မသိမသာ ေခါင္းယမ္းျပသည္။ ရဲေမက ကြ်န္မ လက္ထဲမွ ေဆးလိပ္ကို ဆြဲယူသည္။ ကြ်န္မက သူ႔လက္ထဲမွ ျပန္လုယူကာ ဖင္စီခံကို ကိုက္ခ်လိုက္သည္။ သူမက ကြ်န္မထံ ခုန္ဝင္လာသည္။ ကြ်န္မ ေနာက္ဆံုး သိလိုက္ရသည္မွာ သူမ ေအာ္ဟစ္သံျဖစ္သည္။ အေမွာင္ထုတြင္းသို႔ ကြ်န္မ စီးေမ်ာ ဝင္ေရာက္သြားသည္။

အတိုင္းမသိ ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီး၏ သစၥာရွိေသာသမီး ကြ်န္မသည္ ေခြးတစ္ေကာင္ကဲ့သို႔ အသက္ကို စြန္႔လိုက္သည္။ အားလံုးၿပီး ဆံုးသြားၿပီ။ ဒုကၡဟူသမွ်လည္း အဆံုးသတ္ၿပီ။ ပိန္းပိတ္ေမွာင္ ေနေသာ အေမွာင္ထုက ကြ်န္မအား ေပြ႕ယူလိုက္သည္။

ဆက္ရန္
Swam Htet‎
January 18,2016
...........
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၆

အရုဏ်တက်ခါနီး ကျွန်မ မှေးခနဲ အိပ်ပျော်သွားသည်။ နိုးလာသည့်အခါ နေထွက်လာပြီ။ ကျွန်မတို့ လေယာဉ်လည်း ထွက်ခွာတော့မည်။ နိုင်ငံကူးလတ်မှတ်နှင့် လေယာဉ်လတ်မှတ်တို့ကို အစောင့်က လာပေးသွားသည်။

ဘာရိန်းသွားမည့် လေယာဉ်ပေါ်သို့ ကျွန်မတို့တက်သည်။ လေယာဉ် ဘြီး ကွသွားသည့်နှင့် များစွာ စိတ်သက်သာရာရသွားသည်။ တစ်နာရီခန့် အကြာ ဘာရိန်းသို့ရောက်သည်။ နိုဝင်ဘာ ၂၉ ရက် တနင်္ဂနွေနေ့ဖြစ်သည်။

ကျွန်မအတော်အတန် စိတ်တည်ငြိမ်လာသော်လည်း နောက်ကြောင်းမအေးပေ။ ဘာရိန်းလေဆိပ်တွင် ရောမသို့ဆက်သွားရန် လေယာဉ်လတ်မှတ်ကို ပြန်လည် အတည်ပြုရအုံးမည်။ ပြသာနာမှာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် လေကြောင်းရုံးက ပိတ်ထားသည်။ ကျွန်မတို့ ဘာရိန်းတွင် တစ်ညအိပ် စောင့်ရန် ဖြစ်လာသည်။ တစ်ထောက်နား ဗီဇာ သုံးရက်ယူလိုက်ရသည်။

အင်တာကွန်တီနင်တယ် ဟိုတယ်တွင် ဖုန်းဖြင့် အခန်းငှားသည်။ တက္ကစီဖြင့် ဟိုတယ်သို့သွားသည်။ လုပ်စရာမရှိသည့်အတွက် ကျွန်မတို့ တစ်နေ့လုံး အိပ်နေကြသည်။

တနင်္လာနေ့နံနက်တွင် ရောမသို့သွားရန် လေယာဉ် လတ်မှတ် ဝယ်သော်လည်း ကုန်သွားပြီဟု ဆိုသဖြင့် အင်္ဂါနေ့ထိ စောင့်ရပြန်သည်။ ထို့နောက် မြို့တွင်း လည်ပတ်ကြသော်လည်း စိုးရိမ်သောကကြောင့် မည်သည့်နေရာရောက်ခဲ့သည်ကိုပင် မမှတ်မိ။

ဟိုတယ်ပြန်၍ ညစာ စားသောက်နေစဉ် ဖုန်းမြည်လာသည်။ ကျွန်မ စားလက်စ အစားအသောက် လက်ထဲမှ လွတ်ကျသွားသည်။ ကျွန်မတို့ ဟိုတယ်တွင် ရှိနေသည်ကို မည်သူမျှ မသိ။ ပြုံးယမ်းရှိ ထောက်လှမ်းရေးဋ္ဌာနချူ ပ်ပင် မသိချေ။ မည်သူ့ထံမှ တယ်လီဖုန်းနည်း။ မည်သူမျှ ခေါ်ရန် အကြောင်းမရှိ။

ကင်ဆုံအီ၏ မျက်နှာ သွေးဆုတ်သွားသည်ကို မြင်လိုက်ရသည်။ သူက ကျွန်မဘက်သို့ လှည့်ပြီး ဖုန်းကို ကောက်ကိုင်လ်ုိက်ပြီး ဟုတ်ကဲ့ ဟုပြန်ဖြေသည်။

တစ်ဖက်မှ ပြောဆိုသံကို နားထောင်ပြီး ဖုန်းကို ပြန်ချလိုက်သည်။ လက်နောက်ပစ်လျက် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ကျွန်မက

"ဘက်က တယ်လီဖုန်းလဲ"

ကျွန်မအမေးကို ပြန်မဖြေ။ သူ၏ မျက်နှာကို ကြည့်ချင်းဖြင့် တုန်လှုပ်ခြောက်ခြားနေသည်ကို သိနိုင်သည်။

ခဏအကြာတွင် နောက်ထပ် ဖုန်းမြည်လာပြန်သည်။ သူက ဖုန်းကောက်ကိုင်လိုက်ပြီး နိုင်ငံကူးလတ်မှတ်များ ပေးရန် ခြေဟန်လက်ဟန်ဖြင့် ပြောသည်။ ကျွန်မတို့ နိုင်ငံကူးလတ်မှတ်မှ အချက်အလက်များကို တစ်ဖက်သို့ ဖတ်ပြသည်။ ထို့နောက် ဖုန်းကို ပြန်ချလိုက်သည်။

သက်ပြင်းချလိုက်ပြီး ကျွန်မကိုကြည့်ကာ "ဂျပန်သံရုံးက ဆက်တာ။ မပူနဲ့ သူတို့ လွယ်လွယ်နဲ့ မဖော်ထုတ်နိုင်ပါဘူး"

ကျွန်မ အသက်ပင်မရှူ ရဲပဲ "ကျွန်မတော့ မယုံဘူး။ မကြာခင် သူတို့ လိုက်လာကြလိမ့်မယ်" ကျွန်မတို့ မည်သူဖြစ်သည် မည်သည့်နေရာတွင် ရှိသည်ကို အာဏာပိုင်တို့ သိသွားပြီဟု ခံစားမိသည်။ သူက ပခုံးတွန့်ပြသည်။

ထို့နောက် ကျွန်မတို့ စားသောက်ထားသည်များကို ရှင်းလင်းနေစဉ် ဖုန်းထပ်မြည်လာပြန်သည်။ ကင်ဆုံအီက ကောက်ကိုင်လိုက်သည်။

"ဟိုတယ် ဧည့်ခန်းထဲမှာ တောင်ကိုရီးယားသံရုံးက နှစ်ယောက်ရောက်လာတယ်။ မကြာခင် သူတို့ ဒီကို တက်လာလိမ့်မယ်။ မင်းက အိပ်ချင်ယောင်ဆောင်နေ ငါက သူတို့ကိို ကြည့်ပြောလိုက်မယ်"

ကျွန်မက ကယောင်ကတန်း အိပ်ရာပေါ်သို့ တက်သည်။ ဖိနပ်မချွတ်ရသေးသဖြင့် ဆွဲချွတ်သည်။ စောင်ကိုလည်း လည်ပင်းအထိခြံုကာ နံရံဘက်သို့ လှည့်နေလိုက်သည်။ ကျွန်မတို့လွတ်လမ်းမရှိတော့ဟု ခံစားမိသည်။

တံခါးခေါက်သံကြားရသည်။ ကင်ဆုံအီက တံခါးဖွင့်ပေးသည်။

"ဆောရီးပဲ သမီးက ပင်ပန်းလို့ အိပ်နေတယ်" ကင်ဆုံအီ၏ အသံဖြစ်သည်။

ကိုးရီးယားနှစ်ယောက်စလုံး ဂျပန်လို မတတ်ကြ။ ထု့ံပိုင်းထုံ့ပိုင်း အင်္ဂလိပ်စာဖြင့် အမေးအဖြေ လုပ်ကြသည်။ ကိုးရီးယားနှစ်ယောက် စိတ်မရှည်သဖြင့် တခါတရံ ဆဲတိုသံကို ကြားရသည်။ အဘကင်ဆုံအီကမူ အေးဆေးစွာ မေးသမျှ ဖြေသည်။

ကိုးရီးယားလေကြောင်း အမှတ်စဉ် ၈၅၈ သည် ဗန်ကောက်သို့ မရောက်ပဲ တစ်နေရာရာတွင် ပျက်ကျခဲ့သည်ဟု ယူဆကြောင်း သူတို့က ပြောသည်။ ကျွန်မတို့ မည်သည့်တိုင်းပြည်ကို ဆက်လက် ထွက်ခွာမည်ကို သိလိုကြောင်း မေးသည်။လေယာဉ် ပျောက်ဆုံးနေမှုသည် ကျွန်မတို့နှင့် သေချာပေါက် ပတ်သတ်လိမ့်မည်ဟု သူတို့ယူဆသည်။

ကိုးရီးယားနှစ်ယောက် မနက်ဖြန်မှ ပြန်လာခဲ့မည်ဟု ဆိုကာ ပြန်သွားကြသည်။ ခဏအကြာတွင် တံခါးခေါက်သံ ကြားရပြန်သည်။ ကင်ဆုံအီက တံခါးကို ဟလိုက်သည့်အခါ ချောကလက် လက်ဆောင်ထုပ်တစ်ခု တံခါးကြားမှ ထိုးသွင်းလာသည်။ လာပို့သူ ပြန်သွားသည်။ ကျွန်မတို့အား သူတို့ စောင့်ကြည့်နေသည်မှာ သေချာသည်။ ချောကလက်အထုပ် လာပေးခြင်း အားဖြင့် ကျွန်မတို့ အခန်းထဲတွင် ရှိနေမနေ လာရောက် စုံစမ်းခြင်းဖြစ်သည်။

ထို့နေညတွင် ကျွန်မ အိပ်မပျော်။ ကင်ဆုံအီကမူ ပင်ပန်းလွန်းသဖြင့် အိပ်မောကျနေသည်။ နေထွက်လာသော်လည်း ကင်ဆုံအီ အိပ်ကောင်းတုန်း။ ကျွန်မ သူ့ကို လှုပ်နှိုးရသည်။ အထုပ်အပိုးများ ထုပ်ပိုးပြီး ထွက်တော့မည့်ဆဲဆဲ ကင်ဆုံအီက " မီယူမီ ခဏနေအုံး"

သူ့မျက်နှာသည် စိုးရိမ်ပူပန်မှုဖြင့် ပြိုတော့မည့်မိုးကဲ့သို့။ ကျွန်မအား မကြည့်ဘဲ သူ့အိတ်ထဲ မာဘိုလို စီးကရက်တစ်ဘူးကို ထုတ်ယူလျက် ကျွန်မအား ပေးသည်။

"အဆုုိးဆုံးနဲ့ ကြံုလာခဲ့ရင်ပေါ့ကွာ" စီးကရက် လှမ်းပေးသော သူ့လက်များလည်း တုန်ယင်လျက်။

လွတ်လမ်းမရှိသောအခါ ကျွန်မတို့ ဘာလုပ်ရမည်ကို ကောင်းကောင်းသိသည်။ သို့သော် အသက်ရှင်ခြင်းကို တွယ်တာမြတ်နိုးသော လူသားများပီပီ မည်သည့်အခါမျှ ကိုယ့်အသက် ကိုယ် သတ်ရသောအဖြစ်မျူ ိး ကြံုလိမ့်မည် မဟုတ်ဟု ယခုချိန်ထိ ကျွန်မတို့နှစ်ယောက် မျှော်လင့်ထားဆဲ ဖြစ်သည်။ မိမိကိုယ်ကို သတ်သေရန် အမှန်တကယ် ကျွန်မတို့တွင် သတ္တိ ရှိသလားဆိုသည့် အမေး၏ အဖြေကို ကျွန်မတို့မသိ။

ကျွန်မတို့ ဓာတ်လှေကားဆီသို့ လျှောက်သွားစဉ် ကင်ဆုံအီက ပြောနေကျအတိုင်း "ဒီခွေးမသားတွေကို အစကတည်းက ပြောတယ်။ ဒီခရီးစဉ်ဟာ မဟုတ်ဘူး ဆိုတာ။ ငါ ပြန်ရောက်သွားရင် ဒီကောင်တွေကို ကောင်းကောင်း ဆုံးမလိုက်မယ်"

နံနက်စာပင် မစားတော့ပဲ ဟိုတယ်ခရှင်းပြီး လေဆိပ်သို့ ထွက်လာခဲ့သည်။ ကျွန်မ လက်ထဲတွင် မာဘိုလိုဆေးလိပ်ဘူးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဘူးထဲရှိ တစ်လိပ်သော ဆေးလိပ်၏ ဖင်စီခံတွင် ထည့်ထားသော ဆိုက်ယာနိုက်အဆိပ်ကို စဉ်းစားမိတိုင်း ပျူ ိ့အန်ချင်လာသည်။

လေဆိပ်သို့ ရောက်သည်နှင့် ကင်ဆုံအီသည် လေယာဉ်တက်ခွင့် လတ်မှတ်ကို အမြန်သွားယူသည်။ စောင့်ကြည့်နေသူများ ရှိနေမလားဟု ကျွန်မ အကဲခတ်သည်။ မည်သူမျှ မတွေ့ရ။ ထွက်ခွာမည့်ဂိတ်သို့ ကျွန်မတို့ အမြန်သွား ကြသည်။ အခြားခရီးသည်များနောက်တွင် တန်းစီသည်။ သည်တကြိမ် လေယာဉ်ထွက်ခွာသွားရင် ပူပန်စရာမလိုတော့ဟု ကျွန်မတွေးနေသည်။

ထိုစဉ် ပီသသော ဂျပန်စကားဖြင့် "ခင်ဗျားတို့ နိုင်ငံကူး လတ်မှတ်ကို ကြည့်လို့ရမလား" ဟူသောအသံက နောက်မှ ထွက်လာသည်။ ကျွန်မ လှည့်ကြည့်လိုက်သောအခါ အရပ်မြင့်မြင့် အာရှသား တစ်ဦးကို တွေ့ရသည်။ ကျွန်မတို့ ပေးလိုက်သော နိုင်ငံကူးလတ်မှတ်ကို ယူလျက် ထိုလူက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ကျွန်မတို့ တန်းစီနေသာ လူတန်း၏ အပြင်မှ ထွက်စောင့်နေသည်။ ရောမသို့ သွားမည့် ခရီးသည်များ တရွေ့ရွေ့နှင့် ကျွန်မတို့ ရှေ့တွင် ထွက်ခွာနေကြသည်။

ပြံုးယမ်းတွင် ညွှန်မှူ းပြောသည့် စကားများကို ကျွန်မ ပြန်လည်ကြားယောင်နေသည်။ "မင်းတို့တာဝန်က တကယ့် ထိပ်တန်းလှူ ိ့ဝှက်ချက် ဖြစ်တယ်။ အဆိုးဆုံး အခြေအနေနဲ့ ကြံုရင် လျူှ ိ့ဝှက်ချက်ကို ထိန်းတဲ့အနေနဲ့ ဆေးလိပ်ဖင်စီခံကို ရဲရဲဝံ့ဝံ့ ကိုက်လိုက်ရမယ်။ မင်းတို့ သေသွားပေမယ့် မင်းတို့ရဲ့ နိုင်ငံရေးဘဝဟာ ထာဝရတည်နေတော့မယ်"

ကျွန်မသည် အဖနိုင်ငံတော်အတွက်နှင့် ပြည်သူတွေအတွက် အသက်ကို စွန့်လွှတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ယင်းသို့ ယတိပြတ်ဆုံးဖြတ်လ်ု်ိက်သည့်အတွက် လွန်ခဲ့သော နေ့ပေါင်းများစွာအတွင်း ကျွန်မ စိတ်သည် ပထမဆုံးအကြိမ် တည်ငြိမ်သွားသည်။ ရောမသို့ သွားမည့်လေယာဉ် ထွက်ခွာကြောင်း ကြေညာသံ ကြားလိုက်ရသည်။

ကျွန်မ၏ မျှော်လင့်ချက်အားလုံး လေယာဉ်နှင့်အတူ ပါသွားသည်။ ထိုစဉ် ဂျပန်လူမျူ ိးတစ်ယောက်သည် ကျွန်မတို့ နိုင်ငံကူးလတ်မှတ်များ ကိုင်လျက် ခက်ထန်သောအသံဖြင့်
"ခင်ဗျားတို့ ဒီမှာပဲနေပါ။ ဘယ်မှ မသွားပါနဲ့"

"ဘာဖြစ်လို့လဲ" ကင်ဆုံအီက မေးလိုက်သည်။

"ကျူ ပ်က ဘာရိန်းမှာရှိတဲ့ ဂျပန်သံရုံးကပဲ။ မီယူမီနာမည်နဲ့ ပတ်စ်ပို့က အတုဖြစ်ကြောင်း တွေ့ရတယ်။ မကြာခင် ရဲရောက်လာလိမ့်မယ်။ မိုက်မိုက်မဲမဲ ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး ထိုင်နေပါ"

ထိုသူက ကျွန်မတို့ဆီမှ ထွက်သွားပြီး ဟိုကြည့် သည်ကြည့် လှမ်းကြည့်သည်။ ကျွန်မတို့ ထွက်ပြေးနိုင်သော လမ်းရှိမရှိ စစ်ဆေးဟန်တူသည်။

အဘကင်ဆုံအီက ကျွန်မပခုံးကို လက်ဖြင့် တို့လိုက်သည်။ သူ့ဘက်သို့ ကျွန်မလှမ်းကြည့်သည်။ သူ၏ စိုးရိမ်စိတ်သည် မျက်နှာတွင် အထင်းသား ပေါ်နေသည်။

"အုတ်ဟွာရေ ဆိုက်ယာနိုက် အတောင့်ကို ကိုက်ဖို့ဆိုတာ မင်းမှာ သတ္တိရှိဖို့လိုက်တယ်။ တော်ရုံတန်ရုံ သတ္တိမဟုတ်ဘူးနော်။ ခိုင်မာတဲ့သတ္တိ လိုတယ်။ မင်း ဆိုက်ယာနိုက်ကို မသုံးရင် မင်းရဲ့ ဒုက္ခတွေ ပေရှည်နေလိမ့်မယ်။ ငါကတော့ လောကကြီးမှာ နေခဲ့တာကြာပြီ။ ခုအချိန် သေသွားလဲ ဝမ်းနည်းစရာမရှိဘူး" နောက်ဆုံးဝါကျတွင် သူ့ အသံ တိမ်ဝင်သွားသည်။

ကျွန်မ မျက်လုံးအိမ်မှ မျက်ရည်များ တသွင်သွင် စီးကျလာသဖြင့် ဘာမှမပြောနိုင်တော့။ ခေါင်းသာ ညိတ်ပြနိုင်တော့သည်။

အဘကင်ဆုံအီက ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ် သောက်နေသည်။

"အဘ အချိန်ကျပြီဆို ကျွန်မကို လှမ်းအချက်ပေးပါ" ဟု သူ့အား ပြောလ်ုိက်သည်။ ခေါင်းညိမ့်ပြလိုက်သည်။

ဘာရိန်းရဲ လေးငါးဦးရောက်လာကာ သူတိုနှင့် လိုက်ခဲ့ရန် ခေါ်သည်။ ကင်ဆုံအီနှင့် ကျွန်မအား လူချင်းခွဲလိုက်သည်။ ကျွန်မအား အခန်းကျဉ်း တစ်ခန်းထဲသို့ ခေါ်လာသည်။

ကျွန်မ၏ ခန္ဓာကိုယ်အနှံ့့ကို ရှာဖွေသော ရဲမေသည် အသေးစိတ်ရှာသည်။ ကျွန်မ၏ မိတ်ကပ်ဘူးကို လှန်လှော်ရှာသည်။ သို့သော် ကျွန်မ၏ လက်ဆွဲအိတ်ထဲတွင် ရှိသော ဆေးလိပ်ဘူးကိုတော့ သတိမထားမိကြ။ ရှာဖွေပြီးသောအခါ အခန်းတစ်ခုထဲသို့ ပြန်ခေါ်လာသည်။ ကင်ဆုံအီလဲ ရှိနေသည်။ကင်ဆုံအီ အနီးတွင် ဘာရိန်းရဲ တစ်ယောက် ရပ်နေသည်။ ကင်ဆုံအီက ဆေးလိပ်ဘူး အခြေအနေမေးသည့် သဘောဖြင့် မျက်ခုံးပင့်ပြသည်။ ကျွန်က ပြံုးပြလျက် အခြေအနေကောင်းကြောင်း ဖော်ပြသည်။ ကျွန်မအား ဆေးလိပ်တစ်လိပ် လှမ်းပေးသည်။ ကျွန်မသည် ဆေးလိပ်သောက်တတ်သူဖြစ်ကြောင်း သိထားကြစေရန် လုပ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မ ဆေးလိပ်ထုတ်သောက်လျှင် ဂရုမထားမိကြစေရန် ဖြစ်သည်။

ဆေးလိပ်သောက်ရန် အိတ်ထဲမှ မီးခြစ်ကို ထုတ်သည်။ ကျွန်မအား ရှာဖွေခဲ့သော ရဲမေသည် လက်ပွေ့အိတ်ကို မရှာရသေးကြောင်း သတိရသွားသည်။ အိတ်ကို သူ့အားပေးရန် ပြောသည်။ ကျွန်မက အိတ်ထဲမှ မာဘိုလိုဘူးကို ထုတ်ယူလိုက်ပြီး အိတ်ကို သူ့အား ပေးသည်။ သူက ဆေးလိပ်ဘူးကိုပါပေးရန် ခြေဟန်လက်ဟန်ပြသည်။ ဆိုက်ယာနိုက်ပါသော ဆေးလိပ်ကို ထုတ်ပြီး ဘူးအား သူမကိုပေးသည်။ သူမအား ဆေးလိပ်တော့ မပေးနိုင်။

သူတို့ ဘာသာစကားဖြင့် အော်ဟစ်လိုက်ပြီး လက်ဖြန့်ကာ ဆေးလိပ်ကိုပါပေးရန် ပြောသည်။ ကျွန်မက ကင်ဆုံအီအား လှမ်းကြည့်သည့်အခါ သူက မသိမသာ ခေါင်းယမ်းပြသည်။ ရဲမေက ကျွန်မ လက်ထဲမှ ဆေးလိပ်ကို ဆွဲယူသည်။ ကျွန်မက သူ့လက်ထဲမှ ပြန်လုယူကာ ဖင်စီခံကို ကိုက်ချလိုက်သည်။ သူမက ကျွန်မထံ ခုန်ဝင်လာသည်။ ကျွန်မ နောက်ဆုံး သိလိုက်ရသည်မှာ သူမ အော်ဟစ်သံဖြစ်သည်။ အမှောင်ထုတွင်းသို့ ကျွန်မ စီးမျော ဝင်ရောက်သွားသည်။

အတိုင်းမသိ ကြီးမြတ်သော ခေါင်းဆောင်ကြီး၏ သစ္စာရှိသောသမီး ကျွန်မသည် ခွေးတစ်ကောင်ကဲ့သို့ အသက်ကို စွန့်လိုက်သည်။ အားလုံးပြီး ဆုံးသွားပြီ။ ဒုက္ခဟူသမျှလည်း အဆုံးသတ်ပြီ။ ပိန်းပိတ်မှောင် နေသော အမှောင်ထုက ကျွန်မအား ပွေ့ယူလိုက်သည်။

ဆက်ရန်
Swam Htet‎
January 182016




No comments:

Post a Comment