Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 22, 2015

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၈ )

ၿပံဳးယမ္းေကာလိပ္သို႔ ျပန္ေရာက္လာသည္မွာ ေပ်ာ္စရာ။ စစ္သင္တန္းတက္ေနစဥ္ လြတ္သြားေသာ သင္ခန္းစားမ်ားကို အမွီျပန္လိုက္ရသည္။ ေျမာက္ကိုရီးယားတြင္ သမီးရည္းစား ခ်ိန္းေတြ႕ခြင့္ မရွိ။ တခ်ဴ ိ႕ကေတာ့ အရဲစြန္႔ ခ်ိန္းေတြ႕တတ္ၾကသည္။ ခ်ိန္းေတြ႕သည္ကို ဖမ္းမိလွ်င္ ေက်ာင္းထုတ္ခံရသည္။ တစ္ခါတရံ ႏိုင္ငံေျမာက္ပိုင္းရွိ အလုပ္ၾကမ္းစခန္းမ်ားသို႔ပင္ အပို႔ခံရသည္။ က်န္းမာေရးစစ္ေဆးမႈကို ပံုမွန္လုပ္သည္။ အပ်ဴ ိရည္ စစ္ေဆးမႈကိုပါ တပါတည္း လုပ္သည္။ ဤနည္းျဖင့္ မိန္းကေလးမ်ား၏ အပ်ဴ ိရည္ကို ႏိုင္ငံေတာ္က ထိန္းသိမ္းေပးသည္။

ေကာလိပ္ေက်ာင္းတက္ေနရေသာ္လည္း သင္ရိုးျပင္ပ လႈပ္ရွားမႈမ်ားတြင္ မျပတ္ပါဝင္ရသည္။ ေက်ာက္မီးေသြးတြင္းမ်ားတြင္ လုပ္အားေပးရသည္။ စေန တနဂၤေႏြေန႔မ်ားတြင္ လူထုအစည္းအေဝးပြဲမ်ားသို႔ မျဖစ္မေန တက္ရသည္။ အားရသည္မရွိ။ အိပ္ခ်ိန္ပင္ မည္သို႔ရသည္ကို ယခုခ်ိန္ထိ မမွတ္မိေတာ့။ ယင္းသို႔မအားလပ္သည့္ၾကားမွ ဂ်ပန္စာကို ကြ်မ္းကြ်မ္းက်င္က်င္ တတ္ေျမာက္လာသည္။ စာေမးပြဲတြင္ အမွတ္အမ်ားဆံုးရသည္။

ေကာလိပ္ ဒုတိယႏွစ္တက္သည့္အခါ ကြ်န္မအသက္ ၁၈ ႏွစ္ျပည့္ၿပီ ျဖစ္သည္။ တေန႔တြင္ ေက်ာင္းအုပ္ႀကီး ရံုးခန္းမွ အေခၚလႊတ္သျဖင့္ ကြ်န္မလိုက္သြားရသည္။ ရံုးခန္းထဲတြင္ ရင္ဘတ္၌ ႏိုင္ငံေတာ္ တံဆိပ္တပ္ထားသူကို ေတြ႕ရသည္။ ထိုတံဆိပ္အရ သူသည္ ပါတီဗဟိုေကာ္မတီမွျဖစ္သည္ကို သိရသည္။ သူက "ရဲေဘာ္ ကင္ယြန္ေဟး မင္းဟာ ငါတို႕ရဲ႕ ခ်စ္ျမတ္ႏိုးရတဲ့ေခါင္းေဆာင္ႀကီး ကင္ဂ်ံဴ းအီ ရဲ႕ ေကာင္းျမတ္ျခင္း အဖံုဖံုကို ေလ့လာၿပီး ျဖစ္တယ္လို႔ သိရတယ္။ ေခါင္းေဆာင္ႀကီးရဲ႕မ်ားစြာေသာ ေကာင္းျမတ္ျခင္းေတြ အနက္က မင္းေခါင္းထဲကို အခုဝင္လာတဲ့ အခ်က္တခ်က္ကို ရြတ္ျပစမ္း" ဟုေျပာသည္။

ကြ်န္မ ေၾကာင္အမ္းအမ္းျဖစ္သြား၍ ဘာေျပာရမွန္းမသိ ျဖစ္သြားသည္။ စိတ္ကို တည္ၿငိမ္ေအာင္ ထားကာ ေမာင့္ပတ္တူး ေတာင္သို႔ ကင္ဂ်ံဴ အီ တက္္ေရာက္စဥ္က မိန္႔ၾကားေသာ ၾသဝါဒကို ရြတ္ဆိုျပလိုက္သည္။ ေမာင့္ပတ္တူး ေတာင္သည္ ကင္အီဆြန္း၏ ေအာင္ေျမျဖစ္သည္။ ဖခင္ျဖစ္သူ၏ ေအာင္ေျမ အထိမ္းအမွတ္ေနရာတြင္ လုပ္သားမ်ားအား ေတြ႕ဆံုၿပီး စိတ္ဓာတ္တက္ႂ ကြရန္ အထိမ္းအမွတ္ ေက်ာက္တ္္ိုင္ကို ျပဳျပင္ၾကရန္ အားေပးစကား ေျပာခဲ့ျခင္းျဖစ္သည္။

"မင္းအေဖက ဘယ္မွာ အလုပ္လုပ္လဲ။ သူ႔ရာထူးအဆင့္က ဘာလဲ"

ကြ်န္မအေဖ၏ ရာထူးႏွင့္ အလုပ္အကိုင္ကို ေျပာျပသည္။

"ေကာင္းတယ္။ မင္းေက်ာင္းစာေကာ လိုက္ႏိုင္တယ္ မဟုတ္လား " သူသိလ်က္ႏွင့္ ေမးေသာ ေမးခြန္းျဖစ္သည္။ "ဟုတ္ကဲ့ လိုက္ႏိုင္ပါတယ္"

ထိုမွ တပတ္အၾကာတြင္ ေက်ာင္းသူမ်ားသည္ အားကစားခန္းမတြင္ တန္းစီၾကရသည္။ အမ်ဴ ိးသား တစုေရာက္လာၿပီး ကြ်န္မတို႔အား လွည့္ပတ္ၾကည့္ရႈသည္။ ေခ်ာေမာလွပသည့္ ေက်ာင္းသူမ်ားကို အမည္ေမးၿပီး မွတ္သားသြားသည္။ ကြ်န္မအား အတန္းေရွ႕သို႔ ထြက္ေစကာ အနည္းငယ္ေမးျမန္းၿပီး အမည္မွတ္သားလ်က္ ပါတီ႒ာနခ်ဴ ပ္ ႒ာနစိတ္ ၁ သို႔ လာေရာက္ သတင္းပို႔ရန္ ေျပာသည္။

ကြ်န္မတြင္ ေရြးခ်ယ္စရာမရွိ။ ေျပာသည့္အတိုင္း ပါတီဌာနခ်ဴ ပ္သို႔ သတင္းသြားပို႔သည္။ ကြ်န္မအား အင္တာဗ်ဴ းလုပ္သည္။

အင္တာဗ်ဴ း

"ပါတီရဲ႕ အေျခခံမူ ၄ ခ်က္က ဘာလဲ"

"ေခါင္းေဆာင္ႀကီးအား ကိုးကြယ္ဆည္းကပ္ျခင္း ေခါင္းေဆာင္ႀကီးအား ႏွစ္ႏွစ္ကာကာ ယံုၾကည္ျခင္း
အႂ ကြင္းမဲ့ျခင္း
ႁခြင္းခ်က္မရွိ လက္ခံျခင္းတို႔ ျဖစ္ပါတယ္"

"မင္း----ဘာေၾကာင့္ ဂ်ပန္ဘာသာ သင္တာလဲ"

"ကြ်န္မတို႔ ႏိုင္ငံက ဂ်ပန္ကို လႊမ္းမိုးသိမ္းပိုက္ႏိုင္ေအာင္ သင္တာပါ။ ဒါမွလည္း ကိုးရီးယား ၂ ႏိုင္ငံ ျပန္လည္ေပါင္းစည္းႏိုင္မယ္ ျဖစ္ပါတယ္"

"မင္းေက်ာင္းၿပီးရင္ ဘာလုပ္မွာလဲ"

"ပါတီက ခိုင္းေစတာ မွန္သမွ် လုပ္ပါ့မယ္"

"ေကာင္းတယ္။ ေခါင္းေဆာင္ႀကီး ကင္ဂ်ံဴ အီလ္ရဲ႕ဇနီး ကင္ဂ်န္ဆြတ္ရဲ႕ ကိုယ္ေရးမွတ္တမ္း ပထမခန္းကို ရြတ္ပါ"

တံု႔ခိုင္းျခင္းမရွိ အမွားအယြင္းကင္းစြာ ကြ်န္မက ေတာက္ေလွ်ာက္ ရြတ္ဆိုျပလိုက္သည္ကို သူက အံ့ၾသသြားသည္။

"ေက်ာင္းရမွတ္ေတြေကာ ဘယ္လိုေနသလဲ"

"အမွတ္သိပ္ေကာင္းပါတယ္"

ဂ်ပန္ဘာသာျဖင့္ ေရးသားထားေသာ ကင္အီဆြန္း၏ ကိုယ္ေရးမွတ္တမ္းကို ေပးလ်က္ ကိုးရီးယားဘာသာသို႔ ျပန္ခိုင္းသည္။ ကြ်န္မက အမွားအယြင္းမရွိ ျပန္ဆိုလိုက္သည္။

"ေကာင္းတယ္ ေကာင္းတယ္"

သူက ေလးနက္ေသာ အဓိပၸါယ္ေဆာင္သည့္ ေလသံျဖင့္ " မင္း ပါတီအတြက္ အသက္စြန္႔ရဲလား။ ပါတီအတြက္ အလုပ္လုပ္ရင္ အျမင့္ဆံုး ဂုဏ္ျဒပ္ကို ရႏိုင္သလို အသက္လည္း ဆံုးရံႈးႏိုင္တယ္။"

ရုတ္တရတ္မို႔ ကြ်န္မ လန္႔သြားသည္။ သို႔ေသာ္ ဟန္မပ်က္ပဲ

"ပါတီက ခိုင္းတာဆိုရင္ အသက္ပဲစြန္႔ရပါေစ။ ကြ်န္မလုပ္မွာပါ။"

"မင္းမွာ ရည္းစားရွိသလား"

"မရွိပါဘူး"

"ေကာင္းၿပီ မင္းအခု စစ္ေဆးခံရမယ္"

ကြ်န္မကို ေဆးခန္းသို႔ ေခၚသြားသည္။ ဆရာဝန္က စစ္ေဆးၿပီး အျပင္ခန္းတြင္ ကြ်န္မ ထိုင္ေစာင့္ေနသည္။အတြင္းခန္းသို႔ လာရန္ ေခၚသျဖင့္ ကြ်န္မ ျပန္ဝင္သြားရသည္။ ကြ်န္မအား အင္တာဗ်ဴ း လုပ္သူမွာ အထူးေအးဂ်င့္ ေခ်ာင္ ဟုသိရသည္။ အခန္းတြင္းတြင္ သူ႔ကို ေတြ႕ရၿပီး သူက လက္ဆန္႔တန္းေပးရင္း "ဂုဏ္ျပဳ ပါတယ္ ယြန္ေဟး။ မင္းကို ပါတီကေရြးလိုက္ၿပီ"

ပါတီက ေရြးခ်ယ္သည္ဆိုျခင္းမွာ ႀကီးမားေသာ ဂုဏ္ယူစရာျဖစ္သည္။ သို႔ေသာ္ ကြ်န္မ နေဝတိမ္ေတာင္ ျဖစ္ေနသည္။ အရာရာ ဆက္တိုက္ျဖစ္ပ်က္ေနမႈမွာ ျမန္ဆန္လြန္းလွသည္။ကြ်န္မ လိုက္မမွီႏိုင္ ျဖစ္ေနေသာ္လည္း ကမ္းေပးလာေသာ လက္ကို ဆြဲယူႏႈတ္ဆက္လိုက္သည္။

"မင္းအဝတ္အစားေတြ ဒီေန႔ထုပ္ပ္ိုးေတာ့။ ဒီေန႔တညေတာ့ မင္းမိသားစုနဲ႔ အတူတူေနႏိုင္တယ္။ မနက္ျဖန္ဆို သြားရေတာ့မယ္"

ေအးဂ်င့္ေခ်ာင္က ကြ်န္မအား ေက်ာင္းသို႔ လိုက္ပို႔သည္။ ကြ်န္မ၏ ပါေမာကၡမ်ားကို ႏႈတ္ဆက္ရန္ အခ်ိန္အနည္းငယ္သာရသည္။ ကြ်န္မကို ပါတီက ေရြးခ်ယ္သည့္အတြက္ သူတို႔က ဝမ္းသာေနၾကသည္။
တနာရီအတြင္း ေအးဂ်င့္ေခ်ာင္ႏွင့္ ကြ်န္မ အိမ္ေရာက္သြားသည္။ ကြ်န္မကို ပါတီက ေရြးခ်ယ္လိုက္ေၾကာင္း အေမ့ကို ရွင္းျပသည္။ အေမ အထိတ္တလန္႔ျဖစ္သြားသည္။ သို႔ေသာ္ အမူအရာကို ထိန္းလ်က္ ေအးဂ်င့္ေခ်ာင္အား ထမင္းစားသြားရန္ဖိတ္သည္။ ကြ်န္မအား မနက္ျဖန္မနက္တြင္ လာေခၚမည္ဟု ေျပာလ်က္ ေအးဂ်င့္ေခ်ာင္ ျပန္သြားသည္။ ကြ်န္မ သတင္းကို ၾကားသည့္အခါ ေမာင္ေလးႏွင့္ ညီမေလးတို႔က ေပ်ာ္ရႊင္ၾကသည္။

အေမက တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ ညစာအတြက္ ျပင္ဆင္ေနရာမွ ေမာ့မၾကည့္ဘဲ

"သမီး ဘယ္ေတာ့မွ အေမတို႔ဆီ ျပန္မလာရေတာ့ဘူးလား"

ထိုအေမး၏ အေျဖက္ုိ ကြ်န္မ ကိုယ္တိုင္ပင္ မသိ။ "သမီး မသိဘူး အေမ"

အေမက ဟင္းသီးဟင္းရြက္မ်ားကို လွီီးျဖတ္ၿပီး ဒယ္အိုးထဲ ထည့္လိုက္သည္။ "သမီး အေဖကေတာ့ အေျခအေနကို လက္ခံႏိုင္မွာပါ"
ညေနတိုင္ အေဖ ျပန္မေရာက္ေသး။ ယူေဆာင္သြားမည့္ ပစၥည္းမ်ားကို ထုပ္ပိုးေနစဥ္ အေမကြ်န္မကို ေပးထားသည့္ ဇာပန္းထည္ အစေလးမ်ားကို သြားေတြ႕သည္။ အေမ အထက္တန္းေက်ာင္းသူဘဝက ကိုယ္တ္ုိင္ထိုးထားသည့္ ဇာပန္းထည္မ်ားျဖစ္ၿပီး ကြ်န္မ ေကာလိပ္ေက်ာင္း တက္စဥ္ အေမေပးထားျခင္းျဖစ္သည္။ ထိုဇာထည္ကို ညီမေလးအား ေပးခဲ့ရန္ ဆံုးျဖတ္လိုက္သည္။

မိသားစု၏ သမီးအႀကီး အရိုက္အရာကို ညီမငယ္အား ေပးလိုက္သကဲ့သို႔ ရင္တြင္းခံစားရသည္။ ညီမ ၂ ေယာက္ တင္းတင္းက်ပ္က်ပ္ဖက္ကာ ငိုမိၾကသည္။ အေမက ညစာစားရန္ ေခၚသည့္အခါမွ အငိုရပ္ေတာ့သည္။

အေဖ ျပန္လာသည့္ အခါ ညသန္းေခါင္ေက်ာ္ၿပီျဖစ္သည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 22, 2015 ·

............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၈

ပြုံးယမ်းကောလိပ်သို့ ပြန်ရောက်လာသည်မှာ ပျော်စရာ။ စစ်သင်တန်းတက်နေစဉ် လွတ်သွားသော သင်ခန်းစားများကို အမှီပြန်လိုက်ရသည်။ မြောက်ကိုရီးယားတွင် သမီးရည်းစား ချိန်းတွေ့ခွင့် မရှိ။ တချူ ိ့ကတော့ အရဲစွန့် ချိန်းတွေ့တတ်ကြသည်။ ချိန်းတွေ့သည်ကို ဖမ်းမိလျှင် ကျောင်းထုတ်ခံရသည်။ တစ်ခါတရံ နိုင်ငံမြောက်ပိုင်းရှိ အလုပ်ကြမ်းစခန်းများသို့ပင် အပို့ခံရသည်။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လုပ်သည်။ အပျူ ိရည် စစ်ဆေးမှုကိုပါ တပါတည်း လုပ်သည်။ ဤနည်းဖြင့် မိန်းကလေးများ၏ အပျူ ိရည်ကို နိုင်ငံတော်က ထိန်းသိမ်းပေးသည်။

ကောလိပ်ကျောင်းတက်နေရသော်လည်း သင်ရိုးပြင်ပ လှုပ်ရှားမှုများတွင် မပြတ်ပါဝင်ရသည်။ ကျောက်မီးသွေးတွင်းများတွင် လုပ်အားပေးရသည်။ စနေ တနင်္ဂနွေနေ့များတွင် လူထုအစည်းအဝေးပွဲများသို့ မဖြစ်မနေ တက်ရသည်။ အားရသည်မရှိ။ အိပ်ချိန်ပင် မည်သို့ရသည်ကို ယခုချိန်ထိ မမှတ်မိတော့။ ယင်းသို့မအားလပ်သည့်ကြားမှ ဂျပန်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာသည်။ စာမေးပွဲတွင် အမှတ်အများဆုံးရသည်။

ကောလိပ် ဒုတိယနှစ်တက်သည့်အခါ ကျွန်မအသက် ၁၈ နှစ်ပြည့်ပြီ ဖြစ်သည်။ တနေ့တွင် ကျောင်းအုပ်ကြီး ရုံးခန်းမှ အခေါ်လွှတ်သဖြင့် ကျွန်မလိုက်သွားရသည်။ ရုံးခန်းထဲတွင် ရင်ဘတ်၌ နိုင်ငံတော် တံဆိပ်တပ်ထားသူကို တွေ့ရသည်။ ထိုတံဆိပ်အရ သူသည် ပါတီဗဟိုကော်မတီမှဖြစ်သည်ကို သိရသည်။ သူက "ရဲဘော် ကင်ယွန်ဟေး မင်းဟာ ငါတို့ရဲ့ ချစ်မြတ်နိုးရတဲ့ခေါင်းဆောင်ကြီး ကင်ဂျံူ းအီ ရဲ့ ကောင်းမြတ်ခြင်း အဖုံဖုံကို လေ့လာပြီး ဖြစ်တယ်လို့ သိရတယ်။ ခေါင်းဆောင်ကြီးရဲ့များစွာသော ကောင်းမြတ်ခြင်းတွေ အနက်က မင်းခေါင်းထဲကို အခုဝင်လာတဲ့ အချက်တချက်ကို ရွတ်ပြစမ်း" ဟုပြောသည်။

ကျွန်မ ကြောင်အမ်းအမ်းဖြစ်သွား၍ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ စိတ်ကို တည်ငြိမ်အောင် ထားကာ မောင့်ပတ်တူး တောင်သို့ ကင်ဂျံူ အီ တက််ရောက်စဉ်က မိန့်ကြားသော သြဝါဒကို ရွတ်ဆိုပြလိုက်သည်။ မောင့်ပတ်တူး တောင်သည် ကင်အီဆွန်း၏ အောင်မြေဖြစ်သည်။ ဖခင်ဖြစ်သူ၏ အောင်မြေ အထိမ်းအမှတ်နေရာတွင် လုပ်သားများအား တွေ့ဆုံပြီး စိတ်ဓာတ်တက်ြ ကွရန် အထိမ်းအမှတ် ကျောက်တ််ိုင်ကို ပြုပြင်ကြရန် အားပေးစကား ပြောခဲ့ခြင်းဖြစ်သည်။

"မင်းအဖေက ဘယ်မှာ အလုပ်လုပ်လဲ။ သူ့ရာထူးအဆင့်က ဘာလဲ"

ကျွန်မအဖေ၏ ရာထူးနှင့် အလုပ်အကိုင်ကို ပြောပြသည်။

"ကောင်းတယ်။ မင်းကျောင်းစာကော လိုက်နိုင်တယ် မဟုတ်လား " သူသိလျက်နှင့် မေးသော မေးခွန်းဖြစ်သည်။ "ဟုတ်ကဲ့ လိုက်နိုင်ပါတယ်"

ထိုမှ တပတ်အကြာတွင် ကျောင်းသူများသည် အားကစားခန်းမတွင် တန်းစီကြရသည်။ အမျူ ိးသား တစုရောက်လာပြီး ကျွန်မတို့အား လှည့်ပတ်ကြည့်ရှုသည်။ ချောမောလှပသည့် ကျောင်းသူများကို အမည်မေးပြီး မှတ်သားသွားသည်။ ကျွန်မအား အတန်းရှေ့သို့ ထွက်စေကာ အနည်းငယ်မေးမြန်းပြီး အမည်မှတ်သားလျက် ပါတီဋ္ဌာနချူ ပ် ဋ္ဌာနစိတ် ၁ သို့ လာရောက် သတင်းပို့ရန် ပြောသည်။

ကျွန်မတွင် ရွေးချယ်စရာမရှိ။ ပြောသည့်အတိုင်း ပါတီဌာနချူ ပ်သို့ သတင်းသွားပို့သည်။ ကျွန်မအား အင်တာဗျူ းလုပ်သည်။

အင်တာဗျူ း

"ပါတီရဲ့ အခြေခံမူ ၄ ချက်က ဘာလဲ"

"ခေါင်းဆောင်ကြီးအား ကိုးကွယ်ဆည်းကပ်ခြင်း ခေါင်းဆောင်ကြီးအား နှစ်နှစ်ကာကာ ယုံကြည်ခြင်း
အြ ကွင်းမဲ့ခြင်း
ခြွင်းချက်မရှိ လက်ခံခြင်းတို့ ဖြစ်ပါတယ်"

"မင်း----ဘာကြောင့် ဂျပန်ဘာသာ သင်တာလဲ"

"ကျွန်မတို့ နိုင်ငံက ဂျပန်ကို လွှမ်းမိုးသိမ်းပိုက်နိုင်အောင် သင်တာပါ။ ဒါမှလည်း ကိုးရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းနိုင်မယ် ဖြစ်ပါတယ်"

"မင်းကျောင်းပြီးရင် ဘာလုပ်မှာလဲ"

"ပါတီက ခိုင်းစေတာ မှန်သမျှ လုပ်ပါ့မယ်"

"ကောင်းတယ်။ ခေါင်းဆောင်ကြီး ကင်ဂျံူ အီလ်ရဲ့ဇနီး ကင်ဂျန်ဆွတ်ရဲ့ ကိုယ်ရေးမှတ်တမ်း ပထမခန်းကို ရွတ်ပါ"

တုံ့ခိုင်းခြင်းမရှိ အမှားအယွင်းကင်းစွာ ကျွန်မက တောက်လျှောက် ရွတ်ဆိုပြလိုက်သည်ကို သူက အံ့သြသွားသည်။

"ကျောင်းရမှတ်တွေကော ဘယ်လိုနေသလဲ"

"အမှတ်သိပ်ကောင်းပါတယ်"

ဂျပန်ဘာသာဖြင့် ရေးသားထားသော ကင်အီဆွန်း၏ ကိုယ်ရေးမှတ်တမ်းကို ပေးလျက် ကိုးရီးယားဘာသာသို့ ပြန်ခိုင်းသည်။ ကျွန်မက အမှားအယွင်းမရှိ ပြန်ဆိုလိုက်သည်။

"ကောင်းတယ် ကောင်းတယ်"

သူက လေးနက်သော အဓိပ္ပါယ်ဆောင်သည့် လေသံဖြင့် " မင်း ပါတီအတွက် အသက်စွန့်ရဲလား။ ပါတီအတွက် အလုပ်လုပ်ရင် အမြင့်ဆုံး ဂုဏ်ဒြပ်ကို ရနိုင်သလို အသက်လည်း ဆုံးရှုံးနိုင်တယ်။"

ရုတ်တရတ်မို့ ကျွန်မ လန့်သွားသည်။ သို့သော် ဟန်မပျက်ပဲ

"ပါတီက ခိုင်းတာဆိုရင် အသက်ပဲစွန့်ရပါစေ။ ကျွန်မလုပ်မှာပါ။"

"မင်းမှာ ရည်းစားရှိသလား"

"မရှိပါဘူး"

"ကောင်းပြီ မင်းအခု စစ်ဆေးခံရမယ်"

ကျွန်မကို ဆေးခန်းသို့ ခေါ်သွားသည်။ ဆရာဝန်က စစ်ဆေးပြီး အပြင်ခန်းတွင် ကျွန်မ ထိုင်စောင့်နေသည်။အတွင်းခန်းသို့ လာရန် ခေါ်သဖြင့် ကျွန်မ ပြန်ဝင်သွားရသည်။ ကျွန်မအား အင်တာဗျူ း လုပ်သူမှာ အထူးအေးဂျင့် ချောင် ဟုသိရသည်။ အခန်းတွင်းတွင် သူ့ကို တွေ့ရပြီး သူက လက်ဆန့်တန်းပေးရင်း "ဂုဏ်ပြု ပါတယ် ယွန်ဟေး။ မင်းကို ပါတီကရွေးလိုက်ပြီ"

ပါတီက ရွေးချယ်သည်ဆိုခြင်းမှာ ကြီးမားသော ဂုဏ်ယူစရာဖြစ်သည်။ သို့သော် ကျွန်မ နဝေတိမ်တောင် ဖြစ်နေသည်။ အရာရာ ဆက်တိုက်ဖြစ်ပျက်နေမှုမှာ မြန်ဆန်လွန်းလှသည်။ကျွန်မ လိုက်မမှီနိုင် ဖြစ်နေသော်လည်း ကမ်းပေးလာသော လက်ကို ဆွဲယူနှုတ်ဆက်လိုက်သည်။

"မင်းအဝတ်အစားတွေ ဒီနေ့ထုပ်ပ်ိုးတော့။ ဒီနေ့တညတော့ မင်းမိသားစုနဲ့ အတူတူနေနိုင်တယ်။ မနက်ဖြန်ဆို သွားရတော့မယ်"

အေးဂျင့်ချောင်က ကျွန်မအား ကျောင်းသို့ လိုက်ပို့သည်။ ကျွန်မ၏ ပါမောက္ခများကို နှုတ်ဆက်ရန် အချိန်အနည်းငယ်သာရသည်။ ကျွန်မကို ပါတီက ရွေးချယ်သည့်အတွက် သူတို့က ဝမ်းသာနေကြသည်။
တနာရီအတွင်း အေးဂျင့်ချောင်နှင့် ကျွန်မ အိမ်ရောက်သွားသည်။ ကျွန်မကို ပါတီက ရွေးချယ်လိုက်ကြောင်း အမေ့ကို ရှင်းပြသည်။ အမေ အထိတ်တလန့်ဖြစ်သွားသည်။ သို့သော် အမူအရာကို ထိန်းလျက် အေးဂျင့်ချောင်အား ထမင်းစားသွားရန်ဖိတ်သည်။ ကျွန်မအား မနက်ဖြန်မနက်တွင် လာခေါ်မည်ဟု ပြောလျက် အေးဂျင့်ချောင် ပြန်သွားသည်။ ကျွန်မ သတင်းကို ကြားသည့်အခါ မောင်လေးနှင့် ညီမလေးတို့က ပျော်ရွှင်ကြသည်။

အမေက တိတ်တိတ်ဆိတ်ဆိတ်နှင့် ညစာအတွက် ပြင်ဆင်နေရာမှ မော့မကြည့်ဘဲ

"သမီး ဘယ်တော့မှ အမေတို့ဆီ ပြန်မလာရတော့ဘူးလား"

ထိုအမေး၏ အဖြေက်ုိ ကျွန်မ ကိုယ်တိုင်ပင် မသိ။ "သမီး မသိဘူး အမေ"

အမေက ဟင်းသီးဟင်းရွက်များကို လှီီးဖြတ်ပြီး ဒယ်အိုးထဲ ထည့်လိုက်သည်။ "သမီး အဖေကတော့ အခြေအနေကို လက်ခံနိုင်မှာပါ"
ညနေတိုင် အဖေ ပြန်မရောက်သေး။ ယူဆောင်သွားမည့် ပစ္စည်းများကို ထုပ်ပိုးနေစဉ် အမေကျွန်မကို ပေးထားသည့် ဇာပန်းထည် အစလေးများကို သွားတွေ့သည်။ အမေ အထက်တန်းကျောင်းသူဘဝက ကိုယ်တ်ုိင်ထိုးထားသည့် ဇာပန်းထည်များဖြစ်ပြီး ကျွန်မ ကောလိပ်ကျောင်း တက်စဉ် အမေပေးထားခြင်းဖြစ်သည်။ ထိုဇာထည်ကို ညီမလေးအား ပေးခဲ့ရန် ဆုံးဖြတ်လိုက်သည်။

မိသားစု၏ သမီးအကြီး အရိုက်အရာကို ညီမငယ်အား ပေးလိုက်သကဲ့သို့ ရင်တွင်းခံစားရသည်။ ညီမ ၂ ယောက် တင်းတင်းကျပ်ကျပ်ဖက်ကာ ငိုမိကြသည်။ အမေက ညစာစားရန် ခေါ်သည့်အခါမှ အငိုရပ်တော့သည်။

အဖေ ပြန်လာသည့် အခါ ညသန်းခေါင်ကျော်ပြီဖြစ်သည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 22, 2015 ·

No comments:

Post a Comment