Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း အပိုင္း ၁၀

ေနာက္တပတ္ အၾကာတြင္ ကူဆန္းစစ္ေက်ာင္းသို႔ ေျပာင္းခဲ့ရသည္။ စစ္ေက်ာင္းသည္ အီဘူး ေတာင္ေအာက္ ေတာင္ၾကားအတြင္း ကန္႔သတ္နယ္ေျမတြင္ ရွိသည္။ ၿမိဳ႕ျပႏွင့္ ေဝးကြာလြန္းၿပီး အနီပတ္ဝန္းက်င္္တြင္ ရြာသိမ္ရြာငယ္ မ်ားသာ ရွိသည္။

စစ္ေက်ာင္း ပရိဝုဏ္သည္ အေတာ္ပင္ႀကီးမား က်ယ္ျပန္႔သည္။ သင္တန္းသား ေထာင္ခ်ီ တက္ေရာက္လ်က္ ရွိသည္။

ကြ်န္မသည္ ေက်ာင္းသူဘဝႏွင့္ အေျခခံစစ္ပညာကို သင္ခဲ့ရသည့္အတြက္ စစ္သင္တန္းသည္ ခက္ခဲလွမည္ မဟုတ္ဟု ထင္မွတ္ခဲ့သည္။ သို႔ေသာ္ ထိုယူဆခ်က္ မမွန္သည္ကို မၾကာမီ သိလာရသည္။ ေထာက္လွမ္းေရး သင္တန္း ပို႔ခ်ေသာ အေဆာက္အအံုမွာ ပင္မအေဆာက္အအံုႏွင့္ ေဝးရာ ေတာင္ၾကားတြင္ ရွိသည္။

ကြ်န္မတို႔သည္ အိမ္တလံုးတြင္ သီးသန္႔ေနရသည္။ မီးဖို အဝတ္ေလွ်ာ္စက္ စာၾကည့္တိုက္တို႔ သီးသန္႔ပါရွိသည္။ ေန႔စဥ္ အခ်ိန္ဇယားကို အတိအက် ေရးဆြဲေပးထားသည္။

နံနက္

၆ နာရီမွ ၇ နာရီ အိပ္ရာထ အိမ္သန္႔ရွင္းေရးလုပ္ အဝတ္ေလွ်ာ္

၇ နာရီမွ ၇ နာရီခြဲ နံနက္စာစား

၇ နာရီခြဲမွ ၈ နာရီခြဲ ကင္အီဆြန္း၏ အေတြးအေခၚႏွင့္ စြမ္းပကားကို ေလ့လာျခင္း

၈ နာရီခြဲမွ ေန႔လယ္ ၁ နာရီ သင္တန္းတက္ျခင္း

ေန႔လယ္ ၁ နာရီမွ ၄ နာရီ ေန႔လယ္စာစား အနားယူ

၄ နာရီခြဲမွ ၅ နာရီ သင္တန္းတက္

၅ နာရီခြဲမွ ၇ နာရီ ေလ့က်င့္ခန္းလုပ္ျခင္း

၇ နာရီမွ ည ၈ နာရီ ညစာစား

ည ၈ နာရီမွ ၉ နာရီ ကိုယ္ခံပညာသင္တန္း

ည ၉ နာရီမွ ၁၀ နာရီ ညည့္အခ်ိန္ ခ်ီတက္ျခင္း

ည ၁၀ နာရီမွ ၁၁ နာရီ စာက်က္

ည ၁၁ နာရီ အိပ္ရာဝင္

ကြ်န္မတို႔ ခႏၶာကိုယ္ ခံႏိုင္ရည္စြမ္း ရွိသမွ်ကို အကုန္ညစ္ထုတ္ရန္ ေရးဆြဲထားသည့္ အခိိ်န္ဇာယား ျဖစ္သည္။ ေသနတ္မ်ဴ ိးစံု ကြ်မ္းက်င္စြာ ပစ္ခတ္တတ္ရန္ ကြ်န္မတို႔ ေလ့က်င့္ရသည္။ ရက္ေပါင္းမ်ားစြာ ေတာထဲတြင္ ေနရၿပီး ေျမက်င္းတူး၍ အိပ္ရသည္။ ကင္အီဆြန္း၏ ေမြးေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ မိုင္ ၁၀၀ ခရီးကို သံုးရက္အတြင္း အေရာက္ခ်ီတက္ၾကရသည္။

ကားအျမန္ေမာင္းျခင္း ျဖစ္ကတတ္ဆန္း အေမွာင္ခန္းအတြင္း ဓာတ္ပံု ကူးျခင္း ေဆးျခင္း တ္ို႔ကို သင္ယူရသည္။ တခ်ိန္တည္းတြင္ ကင္အီဆြန္း၏ မွတ္တမ္းမ်ားကို ဖတ္ရႈေလ့လာရသည္။

ကိုယ္ခံပညာ သင္ရသည္။ မိန္းမသားပင္ ျဖစ္ေစကာမူ ေယာက်ာ္းသား ၂ ေယာက္ ၃ ေယာက္ကို တၿပိဳင္နက္တည္း အႏိုင္ယူ သတ္ပုတ္ႏိုင္ရမည္။ ဓားေျမွာင္ျဖင့္ တ္ုိက္ခိုက္ေသာ ေလ့က်င့္ခန္းတြင္ ဆယ္လက္မ အရွည္ရွိ ပလက္စတစ္ဓားက္ုိ အသံုးျပဳသည္။ ကိုယ္ခံပညာ သင္ၾကားျခင္းျဖင့္ မည္သည့္အခါမွ မရခဲ့ေသာ ကိုယ္ကိုကိုယ္ ယံုၾကည္မႈ ရွိလာသည္။

ေသနတ္ပစ္တတ္ရံုသာမက ျဖဳတ္ႏိုင္ တပ္ႏိုင္ေအာင္လည္း ေလ့က်င့္ေပးသည္။ ျပင္တတ္ေအာင္လည္း သင္ရသည္။ စက္ပစ္ကြင္းတြင္ ကိုက္တရာ အကြာရွိ ပစ္မွတ္ကို ပစ္ခတ္ေလ့က်င့္ရသည္။

ေျမာက္ကိုရီးယား စပိုင္ရုပ္ရွင္ကုိ တပတ္လွ်င္ ၂ ကား ၾကည့္ရသည္။ အေနာက္ႏိုင္ငံမ်ား၏ ဆိုးယုတ္မာမႈႏွင့္ ေျမာက္ကိုရီးယားစပိုင္ အေက်ာ္အေမာ္မ်ား၏ ေအာင္ျမင္မႈမ်ားကို ဝါဒျဖန္႔ ရိုက္ကူူးထားသည့္ ရုပ္ရွင္မ်ား ျဖစ္သည္။

တနဂၤေႏြေန႔သည္ ကြ်န္မ၏ တစ္ရက္တည္းေသာ အားလပ္ရက္ျဖစ္သည္။ တပတ္လံုး ပင္ပန္းခဲ့ရသျဖင့္ အိပ္ရာမွမထဘဲ တေန႔လံုး အိပ္ၾကသည္။ ဂ်ပန္လူမ်ဴ ိး ဆရာမ အြန္ဟီးက ကြ်န္မအား ဂ်ပန္ဘာသာ သင္ၾကားေပးသည္။ ကြ်န္မတို႔ ၂ ေယာက္ အလြန္ရင္းႏွီးၾကသည္။ ထမင္းခ်က္အမ်ဴ ိးသမီးမွ တဆင့္ ဆရာမ၏ ေၾကကြဲဖြယ္ရာ ဘဝဇာတ္လမ္းကို သိရသည္။ ဆရာမသည္ တိုဂ်ဴ ိအထက္တန္းေက်ာင္းမွ ေအာင္ျမင္ၿပီးေနာက္ အိမ္ေထာင္ျပဳခဲ့သည္။ သားတစ္ေယာက္ႏွင့္ သမီးတေယာက္ ထြန္းကားၿပီးေနာက္ ခင္ပြန္းသည္ သူ႔အား ကြာရွင္းသည္။ တေန႔ ကေလး ၂ ေယာက္ႏွင့္ ကမ္းေျခတြင္ ကစားေနစဥ္ ေျမာက္ကိုရီးယား ေအးဂ်င့္မ်ား ေရာက္လာကာ သူ႔အား ဖမ္းေခၚခဲ့ၿပီး သင္တန္းေက်ာင္းသို႔ ေရာက္လာျခင္း ျဖစ္သည္။

(ေျမာက္ကိုရီးယားက ဖံုးဖံုးဖိဖိႏွင့္ ကာလရွည္ၾကာျပဳလုပ္ခဲ့ေသာ ဂ်ပန္ႏိုင္ငံ ကမ္းရိုးတန္းဘက္ျခမ္းေန ဂ်ပန္လူငယ္မ်ားကို ဖမ္းဆီးေခၚေဆာင္သည့္ စစ္ဆင္ေရးမ်ားေၾကာင့္ ဆရာမ ကဲ့သို႔ ဂ်ပန္အမ်ဴ ိးသမီးငယ္မ်ား ေနရပ္မွ ဖမ္းဆီးခံခဲ့ရကာ ေျမာက္ကိုရီးယားတြင္ ေရာက္ရွိေနသူမ်ားစြာ ရွိသည္။ ၂၀၀၂ ခုနစ္ ေျမာက္ကိုရီးယားႏွင့္ ဂ်ပန္ဝန္ႀကီးခ်ဴ ပ္ ဂ်ဴ နီခ်ီယို ကိုအ္ိဇုမိ တို႔ ေတြ႕ဆံုမႈ အတြင္း ကင္ဂ်ံဴ အီက ကိုအိဇုမိကို ၁၉၇၀ ႏွင့္ ၈၀ ၾကားတြင္ ဂ်ပန္ႏိုင္ငံသားမ်ားကို ဖမ္းဆီးေခၚေဆာင္ေလ့ရွိသည္မွာ မွန္ကန္ေၾကာင္း ဝန္ခံေျပာၾကားခဲ့သည္။ ထိုေတြ႕ဆံုမႈအၿပီး အခ်ဴ ိ႕ကို ဝန္ႀကီးခ်ဴ ပ္ေလယာဥ္ႏွင့္အတူ ေျမာက္ကိုရီးယားမွ ေခၚေဆာင္ခြင့္ျပဳခဲ့သည္။)

ဆရာမကို ဖမ္းဆီးခါစက အက်ဥ္းခ်ထားခဲ့သည္။အျပင္းအထန္ နာမက်န္းျဖစ္သျဖင့္ ေဆးဝါးကုသမႈ ခံယူရသည္။ ေရာဂါေပ်ာက္ကင္းၿပီး ျပန္လည္က်န္းမာလာသည့္အခါ မည္သည့္အစာမွ် မစားပဲ အစာငတ္ခံ ဆႏၵျပသည္။ သူ႔ကေလးႏွစ္ေယာက္ အေၾကာင္းမွ လြဲ၍ အျခားမည္သည့္ အေၾကာင္းမွ မေျပာဘဲ ေနသည္။

သူမသည္ ေျမာက္ကိုရီးယား အာဏာပိုင္တို႔၏ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာမည္ဆိုပါက ႏွစ္အတန္အၾကာတြင္ ျပန္လႊတ္ေပးမည္ဟု အရိပ္အႁမြတ္ ကမ္းလွမ္းလာသည္။ သူမတြင္ေရြးခ်ယ္စရာ မရွိ။ အလိုက္အထိုက္ေနျခင္းသာလွ်င္ အသင့္ေတာ္ဆံုးျဖစ္မည္ဟု နားလည္လာသည္။ ဆရာမ၏ ဘဝကို ကြ်န္မ အမွန္ပင္ စာနာသနားမိသည္။ သို႔ေသာ္ ဂ်ပန္တို႔သည္ ကိုးရီးယားႏိုင္ငံအား ႏွစ္ေပါင္း ၄၀ သိမ္းယူ
အုပ္ခ်ဴ ပ္ၿပီး ရက္ရက္စက္စက္ ျပဳမူခဲ့သျဖင့္ သူမ၏ ဘဝကို ကိုးရီးယား ၂ ႏိုင္ငံ ေပါင္းစည္းေရးအတြက္ ေပးဆပ္ရန္ ထိုက္တန္သည္ဟု ထိုအခ်ိန္က ကြ်န္မယူဆသည္။ သူမအေပၚ ျပဳမူမႈသည္ ေျမာက္ကိုရီးယားအစိုးရ၏ ရက္စက္ယုတ္မာမႈ ျဖစ္သည္ကို ကြ်န္မ ယခုအခ်ိန္တြင္ နားလည္လာသည္။

ဆရာမသည္ မၾကာခဏ အရက္အလြန္အကြ်ံေသာက္ကာ ရမ္းကားတတ္သည္။ မခံမရပ္ႏိုင္ေသာ သူမ၏ ဘဝကို အရက္ျဖင့္ ေျဖေဖ်ာက္ရန္ ႀကိဳးစားျခင္းျဖစ္သည္။ ဆရာမအား ကြ်န္မ ခ်စ္ခင္ႏွစ္သက္လာသည္။ စာနာသနားမိသည္။

မၾကာခဏ ဆိုသလို တိုဂ်ဴ ိၿမိဳ႕ႏွင့္ သူ႔ကေလး ၂ ေယာက္အေၾကာင္း ေျပာျပတတ္သည္။ တေန႔ ဂ်ပန္ႏိုင္ငံသို႔ ျပန္သြားရမည္ဟု ေမွ်ာ္လင့္ေနဆဲ ျဖစ္သည္။ ဂ်ပန္သို႔ သူမျပန္ခြင့္ ရမည္ မရမည္ကို ကြ်န္မ မေျပာတတ္။ ကြ်န္မတို႔ ၂ ေယာက္ ခင္မင္ရင္းႏွီးၿပီး တစ္ဦးနွင့္ တဦး ပိုမိုခင္တြယ္လာသည္။ သူမသည္ ကြ်န္မေရာက္လာမည္ကို ေမွ်ာ္ေနတတ္သည္။ ကြ်န္မအား ဂ်ပန္အစစ္တေယာက္ ျဖစ္လာေစရန္ ဆရာမက ပံုသြင္းေပးရမည္ ျဖစ္သည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 24, 2015 ·
.....................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၁၀

နောက်တပတ် အကြာတွင် ကူဆန်းစစ်ကျောင်းသို့ ပြောင်းခဲ့ရသည်။ စစ်ကျောင်းသည် အီဘူး တောင်အောက် တောင်ကြားအတွင်း ကန့်သတ်နယ်မြေတွင် ရှိသည်။ မြို့ပြနှင့် ဝေးကွာလွန်းပြီး အနီပတ်ဝန်းကျင််တွင် ရွာသိမ်ရွာငယ် များသာ ရှိသည်။

စစ်ကျောင်း ပရိဝုဏ်သည် အတော်ပင်ကြီးမား ကျယ်ပြန့်သည်။ သင်တန်းသား ထောင်ချီ တက်ရောက်လျက် ရှိသည်။

ကျွန်မသည် ကျောင်းသူဘဝနှင့် အခြေခံစစ်ပညာကို သင်ခဲ့ရသည့်အတွက် စစ်သင်တန်းသည် ခက်ခဲလှမည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုယူဆချက် မမှန်သည်ကို မကြာမီ သိလာရသည်။ ထောက်လှမ်းရေး သင်တန်း ပို့ချသော အဆောက်အအုံမှာ ပင်မအဆောက်အအုံနှင့် ဝေးရာ တောင်ကြားတွင် ရှိသည်။

ကျွန်မတို့သည် အိမ်တလုံးတွင် သီးသန့်နေရသည်။ မီးဖို အဝတ်လျှော်စက် စာကြည့်တိုက်တို့ သီးသန့်ပါရှိသည်။ နေ့စဉ် အချိန်ဇယားကို အတိအကျ ရေးဆွဲပေးထားသည်။

နံနက်

၆ နာရီမှ ရ နာရီ အိပ်ရာထ အိမ်သန့်ရှင်းရေးလုပ် အဝတ်လျှော်

၇ နာရီမှ ရ နာရီခွဲ နံနက်စာစား

၇ နာရီခွဲမှ ၈ နာရီခွဲ ကင်အီဆွန်း၏ အတွေးအခေါ်နှင့် စွမ်းပကားကို လေ့လာခြင်း

၈ နာရီခွဲမှ နေ့လယ် ၁ နာရီ သင်တန်းတက်ခြင်း

နေ့လယ် ၁ နာရီမှ ၄ နာရီ နေ့လယ်စာစား အနားယူ

၄ နာရီခွဲမှ ၅ နာရီ သင်တန်းတက်

၅ နာရီခွဲမှ ရ နာရီ လေ့ကျင့်ခန်းလုပ်ခြင်း

၇ နာရီမှ ည ၈ နာရီ ညစာစား

ည ၈ နာရီမှ ၉ နာရီ ကိုယ်ခံပညာသင်တန်း

ည ၉ နာရီမှ ၁၀ နာရီ ညည့်အချိန် ချီတက်ခြင်း

ည ၁၀ နာရီမှ ၁၁ နာရီ စာကျက်

ည ၁၁ နာရီ အိပ်ရာဝင်

ကျွန်မတို့ ခန္ဓာကိုယ် ခံနိုင်ရည်စွမ်း ရှိသမျှကို အကုန်ညစ်ထုတ်ရန် ရေးဆွဲထားသည့် အခိိျန်ဇာယား ဖြစ်သည်။ သေနတ်မျူ ိးစုံ ကျွမ်းကျင်စွာ ပစ်ခတ်တတ်ရန် ကျွန်မတို့ လေ့ကျင့်ရသည်။ ရက်ပေါင်းများစွာ တောထဲတွင် နေရပြီး မြေကျင်းတူး၍ အိပ်ရသည်။ ကင်အီဆွန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုင် ၁၀၀ ခရီးကို သုံးရက်အတွင်း အရောက်ချီတက်ကြရသည်။

ကားအမြန်မောင်းခြင်း ဖြစ်ကတတ်ဆန်း အမှောင်ခန်းအတွင်း ဓာတ်ပုံ ကူးခြင်း ဆေးခြင်း တ်ို့ကို သင်ယူရသည်။ တချိန်တည်းတွင် ကင်အီဆွန်း၏ မှတ်တမ်းများကို ဖတ်ရှုလေ့လာရသည်။

ကိုယ်ခံပညာ သင်ရသည်။ မိန်းမသားပင် ဖြစ်စေကာမူ ယောကျာ်းသား ၂ ယောက် ၃ ယောက်ကို တပြိုင်နက်တည်း အနိုင်ယူ သတ်ပုတ်နိုင်ရမည်။ ဓားမြှောင်ဖြင့် တ်ုိက်ခိုက်သော လေ့ကျင့်ခန်းတွင် ဆယ်လက်မ အရှည်ရှိ ပလက်စတစ်ဓားက်ုိ အသုံးပြုသည်။ ကိုယ်ခံပညာ သင်ကြားခြင်းဖြင့် မည်သည့်အခါမှ မရခဲ့သော ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိလာသည်။

သေနတ်ပစ်တတ်ရုံသာမက ဖြုတ်နိုင် တပ်နိုင်အောင်လည်း လေ့ကျင့်ပေးသည်။ ပြင်တတ်အောင်လည်း သင်ရသည်။ စက်ပစ်ကွင်းတွင် ကိုက်တရာ အကွာရှိ ပစ်မှတ်ကို ပစ်ခတ်လေ့ကျင့်ရသည်။

မြောက်ကိုရီးယား စပိုင်ရုပ်ရှင်ကို တပတ်လျှင် ၂ ကား ကြည့်ရသည်။ အနောက်နိုင်ငံများ၏ ဆိုးယုတ်မာမှုနှင့် မြောက်ကိုရီးယားစပိုင် အကျော်အမော်များ၏ အောင်မြင်မှုများကို ဝါဒဖြန့် ရိုက်ကူူးထားသည့် ရုပ်ရှင်များ ဖြစ်သည်။

တနင်္ဂနွေနေ့သည် ကျွန်မ၏ တစ်ရက်တည်းသော အားလပ်ရက်ဖြစ်သည်။ တပတ်လုံး ပင်ပန်းခဲ့ရသဖြင့် အိပ်ရာမှမထဘဲ တနေ့လုံး အိပ်ကြသည်။ ဂျပန်လူမျူ ိး ဆရာမ အွန်ဟီးက ကျွန်မအား ဂျပန်ဘာသာ သင်ကြားပေးသည်။ ကျွန်မတို့ ၂ ယောက် အလွန်ရင်းနှီးကြသည်။ ထမင်းချက်အမျူ ိးသမီးမှ တဆင့် ဆရာမ၏ ကြေကွဲဖွယ်ရာ ဘဝဇာတ်လမ်းကို သိရသည်။ ဆရာမသည် တိုဂျူ ိအထက်တန်းကျောင်းမှ အောင်မြင်ပြီးနောက် အိမ်ထောင်ပြုခဲ့သည်။ သားတစ်ယောက်နှင့် သမီးတယောက် ထွန်းကားပြီးနောက် ခင်ပွန်းသည် သူ့အား ကွာရှင်းသည်။ တနေ့ ကလေး ၂ ယောက်နှင့် ကမ်းခြေတွင် ကစားနေစဉ် မြောက်ကိုရီးယား အေးဂျင့်များ ရောက်လာကာ သူ့အား ဖမ်းခေါ်ခဲ့ပြီး သင်တန်းကျောင်းသို့ ရောက်လာခြင်း ဖြစ်သည်။

(မြောက်ကိုရီးယားက ဖုံးဖုံးဖိဖိနှင့် ကာလရှည်ကြာပြုလုပ်ခဲ့သော ဂျပန်နိုင်ငံ ကမ်းရိုးတန်းဘက်ခြမ်းနေ ဂျပန်လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည့် စစ်ဆင်ရေးများကြောင့် ဆရာမ ကဲ့သို့ ဂျပန်အမျူ ိးသမီးငယ်များ နေရပ်မှ ဖမ်းဆီးခံခဲ့ရကာ မြောက်ကိုရီးယားတွင် ရောက်ရှိနေသူများစွာ ရှိသည်။ ၂၀၀၂ ခုနစ် မြောက်ကိုရီးယားနှင့် ဂျပန်ဝန်ကြီးချူ ပ် ဂျူ နီချီယို ကိုအ်ိဇုမိ တို့ တွေ့ဆုံမှု အတွင်း ကင်ဂျံူ အီက ကိုအိဇုမိကို ၁၉၇၀ နှင့် ၈၀ ကြားတွင် ဂျပန်နိုင်ငံသားများကို ဖမ်းဆီးခေါ်ဆောင်လေ့ရှိသည်မှာ မှန်ကန်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ထိုတွေ့ဆုံမှုအပြီး အချူ ိ့ကို ဝန်ကြီးချူ ပ်လေယာဉ်နှင့်အတူ မြောက်ကိုရီးယားမှ ခေါ်ဆောင်ခွင့်ပြုခဲ့သည်။)

ဆရာမကို ဖမ်းဆီးခါစက အကျဉ်းချထားခဲ့သည်။အပြင်းအထန် နာမကျန်းဖြစ်သဖြင့် ဆေးဝါးကုသမှု ခံယူရသည်။ ရောဂါပျောက်ကင်းပြီး ပြန်လည်ကျန်းမာလာသည့်အခါ မည်သည့်အစာမျှ မစားပဲ အစာငတ်ခံ ဆန္ဒပြသည်။ သူ့ကလေးနှစ်ယောက် အကြောင်းမှ လွဲ၍ အခြားမည်သည့် အကြောင်းမှ မပြောဘဲ နေသည်။

သူမသည် မြောက်ကိုရီးယား အာဏာပိုင်တို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာမည်ဆိုပါက နှစ်အတန်အကြာတွင် ပြန်လွှတ်ပေးမည်ဟု အရိပ်အမြွတ် ကမ်းလှမ်းလာသည်။ သူမတွင်ရွေးချယ်စရာ မရှိ။ အလိုက်အထိုက်နေခြင်းသာလျှင် အသင့်တော်ဆုံးဖြစ်မည်ဟု နားလည်လာသည်။ ဆရာမ၏ ဘဝကို ကျွန်မ အမှန်ပင် စာနာသနားမိသည်။ သို့သော် ဂျပန်တို့သည် ကိုးရီးယားနိုင်ငံအား နှစ်ပေါင်း ၄၀ သိမ်းယူ
အုပ်ချူ ပ်ပြီး ရက်ရက်စက်စက် ပြုမူခဲ့သဖြင့် သူမ၏ ဘဝကို ကိုးရီးယား ၂ နိုင်ငံ ပေါင်းစည်းရေးအတွက် ပေးဆပ်ရန် ထိုက်တန်သည်ဟု ထိုအချိန်က ကျွန်မယူဆသည်။ သူမအပေါ် ပြုမူမှုသည် မြောက်ကိုရီးယားအစိုးရ၏ ရက်စက်ယုတ်မာမှု ဖြစ်သည်ကို ကျွန်မ ယခုအချိန်တွင် နားလည်လာသည်။

ဆရာမသည် မကြာခဏ အရက်အလွန်အကျွံသောက်ကာ ရမ်းကားတတ်သည်။ မခံမရပ်နိုင်သော သူမ၏ ဘဝကို အရက်ဖြင့် ဖြေဖျောက်ရန် ကြိုးစားခြင်းဖြစ်သည်။ ဆရာမအား ကျွန်မ ချစ်ခင်နှစ်သက်လာသည်။ စာနာသနားမိသည်။

မကြာခဏ ဆိုသလို တိုဂျူ ိမြို့နှင့် သူ့ကလေး ၂ ယောက်အကြောင်း ပြောပြတတ်သည်။ တနေ့ ဂျပန်နိုင်ငံသို့ ပြန်သွားရမည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ဂျပန်သို့ သူမပြန်ခွင့် ရမည် မရမည်ကို ကျွန်မ မပြောတတ်။ ကျွန်မတို့ ၂ ယောက် ခင်မင်ရင်းနှီးပြီး တစ်ဦးနှင့် တဦး ပိုမိုခင်တွယ်လာသည်။ သူမသည် ကျွန်မရောက်လာမည်ကို မျှော်နေတတ်သည်။ ကျွန်မအား ဂျပန်အစစ်တယောက် ဖြစ်လာစေရန် ဆရာမက ပုံသွင်းပေးရမည် ဖြစ်သည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 24, 2015 ·




No comments:

Post a Comment