Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂ )

ဧၿပီလ ၂၆ ရက္ ၁၉၈၉ ခုနစ္ ဆိုးလ္ၿမိဳ႕ ေတာင္ကိုရီးယား

မွိန္းပ် ေျခာက္ကပ္ေနသည့္ အခန္းထဲတြင္ ဆို႔နစ္ ေၾကကြဲစြာ ကြ်န္မ ထိုင္ေနသည္။ တရားခံမ်ားအတြက္ သီးသန္႔ထားသည့္ အခန္းျဖစ္သည္။ တရားခြင္ႏွင့္ ကြ်န္မ ေစာင့္ဆိုင္းေနသည့္ အခန္းၾကားတြင္ လူထုပရိသတ္က ဆူပြက္ေအာ္ဟစ္ေနသည္။ မၾကာမၾကာ တံခါးကို လာေရာက္ ေဆာင့္တိုးၾကသည္။ တံခါးက်ဴ ိးထြက္သြားမည္ ဟုပင္ စိုးရိမ္မိသည္။ သူတို႔ ဆဲေရးတိုင္းထြာေနသည့္ အသံမ်ားေၾကာင့္ အေဆာက္အအံု တခုလံုးပင္ ပြင့္ထြက္သြားေတာ့မည့္အလား ထင္ေနရသည္။

"လူသတ္မ လူသတ္မ လူသတ္မ" နားမခံႏိုင္ေအာင္ အသံက်ယ္ေလာင္လြန္းသည္။

တံခါးရုတ္တရတ္ ပြင့္သြားၿပီး ေကာ္တင္ထားေသာ ယူနွီေဖာင္းႏွင့္ ေျပာင္လတ္ေနေသာ တံဆိပ္မ်ား ေသသပ္စြာတပ္ထားသည့္ ရဲ ၄ ဦး အခန္းတြင္းသို႔ ဝင္လာသည္။ ကြ်န္မအားတရားခြင္ အတြင္းသို႔ ေစာင့္ၾကပ္ေခၚေဆာင္သြားရန္ျဖစ္သည္။ ရဲ ၄ ဦး ၿခံရံလ်က္ လူအုပ္ၾကားထဲသို႔ တိုးဝင္သြားစဥ္ လက္ညိဳး ေငါက္ေငါက္ထုိးကာ အမ်က္ျပင္းစြာထြက္ေနေသာ ပရိတ္သတ္သည္ ကြ်န္မကို ဆဲဆိုေနၾကသည္။

"XXငိုးမ။ ငါ့ကို ျပဳစုလုပ္ေကြ်းမယ့္ သားကို နင္ သတ္ပစ္တယ္ " မ်က္ႏွာနားကပ္လ်က္ အဘြားအိုက ဆဲလိုက္ျခင္းျဖစ္သည္။ တရားခံဝက္ၿခံဆီသို႔ ေလွ်ာက္သြားရသည္မွာ ခရီးရွည္လြန္းလွသည္။ ဝက္ၿခံအတြင္း ထိုက္လိုက္သည္ႏွင့္ ကြ်န္မ ရံႈးပြဲခ် မငိုမိေစရန္ မနည္းထိန္းထားရသည္။ သို႔ေသာ္လည္း စိတ္က ထိန္းမရပဲ တကုိယ္လံုး တဆတ္ဆတ္တုန္ကာ ကြ်န္မ ငိုခ်လိုက္သည္။
" အေမ အေမ " ဟု တေၾကာ္ေၾကာ္ ေအာ္ေခၚမိသည္။ အေမသည္ ကြ်န္မအား မ်ားစြာ ေမ်ွာ္လင့္ခဲ့သည္။ ယခု ကြ်န္မ ေရာက္ရွိေနေသာ အေျခအေနသည္ အေမွ်ာ္လင့္ထားေသာ အေျခအေနမဟုတ္။ အေမသည္ ၾကင္နာမႈ စဥ္ဆက္မျပတ္ ဝါယမစိုက္မႈတို႔ျဖင့္ ကြ်န္မအား ျပဳစုပ်ဴ ိးေထာင္ခဲ့သည္။ သို႔ေသာ္ အေမေမွ်ာ္လင့္ခ်က္ကို ကြ်န္မ မျဖည့္စည္းေပးႏိုင္ခဲ့။

တရားခြင္တခုလံုး ဝရုန္းသုန္းကား ဆူညံေနေစကာမႈ အေမ၏ ျပဳစုယုယမႈေတြ ျပန္ေတြးေနမိျခင္းနွင့္ အတူ ေတာင္ကိုရီးယား အစိုးရကို ေျဖာင့္ခ်က္ေပးခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္ သစၥာေဖာက္မႈျခင္းဟု ေျမာက္ကိုရီးယားအစိုးရက က်န္ရစ္ခ့ဲသည့္ မိသားစုအား သတ္မွတ္ေတာ့မည္ျဖစ္သည္။ ကြ်န္မ၏ ျပစ္မႈေၾကာင့္ မိသားစုတခုလံုး အလုပ္ၾကမ္းစခန္းသို႔ အပို႔ခံရေတာ့မည္။ အက်ဥ္းစခန္းမွ လြတ္ရက္မရွိေတာ့။ ကြ်န္မဘဝသာမက မိသားစုဝင္မ်ား၏ ဘဝကို ကြ်န္မနင္းေျခဖ်က္စီးပစ္ခဲ့သည္။

အဆိုပါအေတြးမ်ားေၾကာင့္ တရားရံုးက လုပ္ငန္းစတင္ေသာ္လည္း သူတို႔ေျပာဆိုေနၾကသည္မ်ားကို အာရံုမစိုက္ႏိုင္ ကြ်န္မအား ေသဒဏ္ေပးမည္က ေသခ်ာသည္။ ကြ်န္မသည္ ေတာင္ကိုရီးယားေလေၾကာင္း
အမွတ္ ၈၅၈ ကို ေဖာက္ခြဲ ဖ်က္ဆီးခဲ့သည္။ လူ ၁၁၅ ေယာက္ကုိ သတ္ျဖတ္ခဲ့သည္။

ကြ်န္မက်ဴ းလြန္ခ့ဲေသာ ျပစ္မႈအက်ဴ ိးဆက္၏ ဆိုးရြားမႈကို ပထမဆံုးအႀကိမ္ ရင္ဆိုင္လိုက္ရျခင္းျဖစ္သည္။ ေလယာဥ္ေပါက္ကြဲမႈကို လည္ေကာင္း ေသေၾကပ်က္စီးခဲ့ရသူမ်ားက္ို လည္ေကာင္း ကြ်န္မမ်က္စိျဖင့္ မျမင္ေတြ႕ခဲ့ရသျဖင့္ ျပစ္မႈ၏ ေလးနက္မႈ ရိုက္ခက္မႈကို မခံစားခဲ့ရ။ ထို႔ေၾကာင့္ ယင္းအျဖစ္အပ်က္သည္ ျဖစ္ပ်က္ျခင္းမရွိခဲ့ဟုပင္ ထင္ခဲ့မိသည္။ မိသားစုဝင္မ်ား၏ ပရိေဝဒမီးကို ျမင္ေတြ႕လိုက္ရေသာအခါ ကြ်န္မရင္ပြင့္မတတ္ခံစားရေတာ့သည္။ အသက္ဆံုးရေသာ သူတစ္ဦးခ်င္းစီတြင္ ဘဝတခုစီရွိသည္။ ထုိဘဝမ်ားကို ကြ်န္မ နင္းေျခဖ်က္ဆီးခဲ့သည္။ ကြ်န္မဆက္မေတြးရဲေတာ့ပဲ အင္အားကုန္ခန္းသြားသလိုပင္ ခံစားရသည္။ သူတို႔အတြက္ ကြ်န္မ၏ ေၾကကြဲမႈသည္ ေဖာ္မျပတတ္ေအာင္ပင္။ သူတို႔လက္ကို ကိုင္ဆြဲလ်က္ ေတာင္းပန္ခ်င္လွသည္။

ေျမာက္ကိုိရီးယား အစိုးရသည္ လြန္ခဲ့သည့္ ၂ ႏွစ္က ေလယာဥ္အား ေဖာက္ခြဲရန္ တာဝန္ေပးခဲ့သည္။ ထိုတာဝန္သည္ ေျမာက္ကိုးရီးယားတြင္ အမႈေတာ္ကို အျမင့္ဆံုး ထမ္းေဆာင္ျခင္းျဖစ္ေၾကာင္း တာဝန္ခံအရာရွိက ေျပာသည္။ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းကိုယ္တိုင္ ထိုအမိန္႔ေပးခဲ့ျခင္းဟု ဆိုသည္။ ထိုစကားမ်ားကို ကြ်န္မ ႁခြင္းခ်က္မရွိ ယံုၾကည္ခဲ့သည္။ သို႔ေသာ္ ထိုစဥ္က ကြ်န္မမည္မွ် ရိုးအသည္ကို ယခုအခါမွ သိေတာ့သည္။ ေလယာဥ္ေဖာက္ခြဲခဲ့ျခင္းသည္ ကိုးရီးယား ၂ ႏိုင္ငံကို ေပါင္းစည္းေရးအတြက္ အက်ဴ ိးမျပဳသည့္အျပင္ ပိုမိုေဝးကြာသြားေစခဲ့သည္ကို ယခုအခ်ိန္တြင္ သေဘာေပါက္လာခဲ့သည္။ သူတို႔ေျပာသကဲ့သို႔ ကြ်န္မလည္း ႏိုင္ငံ့သူရဲေကာင္း ျဖစ္မလာသည့္အျပင္ ရက္စက္ယုတ္မာေသာ တိရိစာၦန္တစ္ေကာင္ဘဝသို႔ က်ဆင္းသြားသည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 15, 2015
ကိုးကား
ေျမာက္ကိုရီးယားစပိုင္ဧကရီ
ကင္ယြန္ေဟး
Wikipedia
.............
wamHtet
.............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂

ဧပြီလ ၂၆ ရက် ၁၉၈၉ ခုနစ် ဆိုးလ်မြို့ တောင်ကိုရီးယား

မှိန်းပျ ခြောက်ကပ်နေသည့် အခန်းထဲတွင် ဆို့နစ် ကြေကွဲစွာ ကျွန်မ ထိုင်နေသည်။ တရားခံများအတွက် သီးသန့်ထားသည့် အခန်းဖြစ်သည်။ တရားခွင်နှင့် ကျွန်မ စောင့်ဆိုင်းနေသည့် အခန်းကြားတွင် လူထုပရိသတ်က ဆူပွက်အော်ဟစ်နေသည်။ မကြာမကြာ တံခါးကို လာရောက် ဆောင့်တိုးကြသည်။ တံခါးကျူ ိးထွက်သွားမည် ဟုပင် စိုးရိမ်မိသည်။ သူတို့ ဆဲရေးတိုင်းထွာနေသည့် အသံများကြောင့် အဆောက်အအုံ တခုလုံးပင် ပွင့်ထွက်သွားတော့မည့်အလား ထင်နေရသည်။

"လူသတ်မ လူသတ်မ လူသတ်မ" နားမခံနိုင်အောင် အသံကျယ်လောင်လွန်းသည်။

တံခါးရုတ်တရတ် ပွင့်သွားပြီး ကော်တင်ထားသော ယူနှီဖောင်းနှင့် ပြောင်လတ်နေသော တံဆိပ်များ သေသပ်စွာတပ်ထားသည့် ရဲ ၄ ဦး အခန်းတွင်းသို့ ဝင်လာသည်။ ကျွန်မအားတရားခွင် အတွင်းသို့ စောင့်ကြပ်ခေါ်ဆောင်သွားရန်ဖြစ်သည်။ ရဲ ၄ ဦး ခြံရံလျက် လူအုပ်ကြားထဲသို့ တိုးဝင်သွားစဉ် လက်ညိုး ငေါက်ငေါက်ထိုးကာ အမျက်ပြင်းစွာထွက်နေသော ပရိတ်သတ်သည် ကျွန်မကို ဆဲဆိုနေကြသည်။

"XXငိုးမ။ ငါ့ကို ပြုစုလုပ်ကျွေးမယ့် သားကို နင် သတ်ပစ်တယ် " မျက်နှာနားကပ်လျက် အဘွားအိုက ဆဲလိုက်ခြင်းဖြစ်သည်။ တရားခံဝက်ခြံဆီသို့ လျှောက်သွားရသည်မှာ ခရီးရှည်လွန်းလှသည်။ ဝက်ခြံအတွင်း ထိုက်လိုက်သည်နှင့် ကျွန်မ ရှုံးပွဲချ မငိုမိစေရန် မနည်းထိန်းထားရသည်။ သို့သော်လည်း စိတ်က ထိန်းမရပဲ တကိုယ်လုံး တဆတ်ဆတ်တုန်ကာ ကျွန်မ ငိုချလိုက်သည်။
" အမေ အမေ " ဟု တကြော်ကြော် အော်ခေါ်မိသည်။ အမေသည် ကျွန်မအား များစွာ မျှော်လင့်ခဲ့သည်။ ယခု ကျွန်မ ရောက်ရှိနေသော အခြေအနေသည် အမျှော်လင့်ထားသော အခြေအနေမဟုတ်။ အမေသည် ကြင်နာမှု စဉ်ဆက်မပြတ် ဝါယမစိုက်မှုတို့ဖြင့် ကျွန်မအား ပြုစုပျူ ိးထောင်ခဲ့သည်။ သို့သော် အမေမျှော်လင့်ချက်ကို ကျွန်မ မဖြည့်စည်းပေးနိုင်ခဲ့။

တရားခွင်တခုလုံး ဝရုန်းသုန်းကား ဆူညံနေစေကာမှု အမေ၏ ပြုစုယုယမှုတွေ ပြန်တွေးနေမိခြင်းနှင့် အတူ တောင်ကိုရီးယား အစိုးရကို ဖြောင့်ချက်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သစ္စာဖောက်မှုခြင်းဟု မြောက်ကိုရီးယားအစိုးရက ကျန်ရစ်ခဲ့သည့် မိသားစုအား သတ်မှတ်တော့မည်ဖြစ်သည်။ ကျွန်မ၏ ပြစ်မှုကြောင့် မိသားစုတခုလုံး အလုပ်ကြမ်းစခန်းသို့ အပို့ခံရတော့မည်။ အကျဉ်းစခန်းမှ လွတ်ရက်မရှိတော့။ ကျွန်မဘဝသာမက မိသားစုဝင်များ၏ ဘဝကို ကျွန်မနင်းခြေဖျက်စီးပစ်ခဲ့သည်။

အဆိုပါအတွေးများကြောင့် တရားရုံးက လုပ်ငန်းစတင်သော်လည်း သူတို့ပြောဆိုနေကြသည်များကို အာရုံမစိုက်နိုင် ကျွန်မအား သေဒဏ်ပေးမည်က သေချာသည်။ ကျွန်မသည် တောင်ကိုရီးယားလေကြောင်း
အမှတ် ၈၅၈ ကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ လူ ၁၁၅ ယောက်ကို သတ်ဖြတ်ခဲ့သည်။

ကျွန်မကျူ းလွန်ခဲ့သော ပြစ်မှုအကျူ ိးဆက်၏ ဆိုးရွားမှုကို ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ လေယာဉ်ပေါက်ကွဲမှုကို လည်ကောင်း သေကြေပျက်စီးခဲ့ရသူများက်ို လည်ကောင်း ကျွန်မမျက်စိဖြင့် မမြင်တွေ့ခဲ့ရသဖြင့် ပြစ်မှု၏ လေးနက်မှု ရိုက်ခက်မှုကို မခံစားခဲ့ရ။ ထို့ကြောင့် ယင်းအဖြစ်အပျက်သည် ဖြစ်ပျက်ခြင်းမရှိခဲ့ဟုပင် ထင်ခဲ့မိသည်။ မိသားစုဝင်များ၏ ပရိဝေဒမီးကို မြင်တွေ့လိုက်ရသောအခါ ကျွန်မရင်ပွင့်မတတ်ခံစားရတော့သည်။ အသက်ဆုံးရသော သူတစ်ဦးချင်းစီတွင် ဘဝတခုစီရှိသည်။ ထိုဘဝများကို ကျွန်မ နင်းခြေဖျက်ဆီးခဲ့သည်။ ကျွန်မဆက်မတွေးရဲတော့ပဲ အင်အားကုန်ခန်းသွားသလိုပင် ခံစားရသည်။ သူတို့အတွက် ကျွန်မ၏ ကြေကွဲမှုသည် ဖော်မပြတတ်အောင်ပင်။ သူတို့လက်ကို ကိုင်ဆွဲလျက် တောင်းပန်ချင်လှသည်။

မြောက်ကိိုရီးယား အစိုးရသည် လွန်ခဲ့သည့် ၂ နှစ်က လေယာဉ်အား ဖောက်ခွဲရန် တာဝန်ပေးခဲ့သည်။ ထိုတာဝန်သည် မြောက်ကိုးရီးယားတွင် အမှုတော်ကို အမြင့်ဆုံး ထမ်းဆောင်ခြင်းဖြစ်ကြောင်း တာဝန်ခံအရာရှိက ပြောသည်။ ခေါင်းဆောင်ကြီး ကင်အီဆွန်းကိုယ်တိုင် ထိုအမိန့်ပေးခဲ့ခြင်းဟု ဆိုသည်။ ထိုစကားများကို ကျွန်မ ခြွင်းချက်မရှိ ယုံကြည်ခဲ့သည်။ သို့သော် ထိုစဉ်က ကျွန်မမည်မျှ ရိုးအသည်ကို ယခုအခါမှ သိတော့သည်။ လေယာဉ်ဖောက်ခွဲခဲ့ခြင်းသည် ကိုးရီးယား ၂ နိုင်ငံကို ပေါင်းစည်းရေးအတွက် အကျူ ိးမပြုသည့်အပြင် ပိုမိုဝေးကွာသွားစေခဲ့သည်ကို ယခုအချိန်တွင် သဘောပေါက်လာခဲ့သည်။ သူတို့ပြောသကဲ့သို့ ကျွန်မလည်း နိုင်ငံ့သူရဲကောင်း ဖြစ်မလာသည့်အပြင် ရက်စက်ယုတ်မာသော တိရိစ္ဆာန်တစ်ကောင်ဘဝသို့ ကျဆင်းသွားသည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 15, 2015
ကိုးကား
မြောက်ကိုရီးယားစပိုင်ဧကရီ
ကင်ယွန်ဟေး
Wikipedia

No comments:

Post a Comment