Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 30, 2014

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း
ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။
၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။
www.pandorarecovery.com/download/
 
၂။ Instll လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။
၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။
၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။
၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။
၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။
၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။
---
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/…/40755-to-recover-data-from-memory…
 

.

တရုတ်ဘဏ်များရှိ မြန်မာနိုင်ငံသားပိုင် ငွေစာရင်းနှစ်ရာခန့် တရုတ်အစိုးရပိတ်

ရန်ကုန်- မြန်မာ-တရုတ်နယ်စပ် (မူဆယ်-ကြယ်ဂေါင်)ရှိ တရုတ် ဘဏ်များတွင် ဖွင့်လှစ်ထားသည့်  မြန်မာနိုင်ငံသားပိုင်ငွေစာရင်းနှစ် ရာခန့်ကို ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရတာဝန်ရှိသူများက ပိတ်လိုက်ကြောင်း သတင်းရရှိ သည်။
‘‘အဓိကက သူတို့ဘက်က ငွေဖြူ၊ ငွေမည်းခ၀ါချမှုနဲ့ တရားမ ၀င်ငွေစီးဆင်းမှုကို ထိန်းချုပ်တာ ဗျ။ အဓိကက ဘိန်း၊ သစ်၊ လောင်း ကစားငွေပေါ့’’ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးကဆိုသည်။
‘‘အခုအချိန်က ဘိန်းထွက် ရာသီဖြစ်လို့ မသင်္ကာငွေ Account တွေကို ထိန်းချုပ်တာ။ ပြီးတော့ တရုတ်ပြည်ထဲမှာ ဘိန်း ၁ဒသမ ၆တန်လောက်မိတယ်။ ၂၆ရက် သတင်းထဲမှာ ပါလာတယ်။ အ ကျိုးဆက်ကတော့ ဘိန်းသမား တွေ သိပ်မထိခိုက်ပေမယ့် ကျွန်တော်တို့ ဆန်သမား၊ပြောင်း သမားနဲ့ ဟိုဘက်ကိုတရားမ၀င် လယ်ယာထွက်ကုန်တင်ပို့နေတဲ့ သူတွေနဲ့ ငွေလွှဲသမား(ဟွန်ဒီ)တွေ ကတော့ Account အပိတ်ခံရရင် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ် မယ်’’ဟု မူဆယ်အခြေစိုက်ဆန် တင်ပို့ရောင်းချသူ ဦးချမ်းသာဦး ကသုံးသပ်ပြောကြားသည်။
ငွေစာရင်းအပိတ်ခံရသူများ အနေဖြင့် အမှုအကြီး၊ အသေး ပေါ်မူတည်၍တရုတ်အစိုးရ၏ ထိန်းသိမ်းခြင်းကို ခံရနိုင်ပြီး ငွေကိုလည်း ခြောက်လမှ တစ်နှစ်ထိန်းသိမ်းထားလေ့ရှိကြောင်း သတင်းရရှိသည်။
ပိတ်ပင်ခံရသော ဘဏ်အ ကောင့်များတွင် ဆန်အရောင်းအ ၀ယ်ပြုလုပ်နေသည့် မြန်မာနိုင်ငံ သားကုန်သည်များ၏ ငွေစာရင်း များပါဝင်နေကြောင်း တရုတ်နိုင် ငံသို့ ဆန်တင်ပို့ ရောင်းချနေသူ တစ်ဦးကလည်း ပြောသည်။
တရုတ်အစိုးရ အနေဖြင့် အဂတိ လိုက်စားမှု  တိုက်ဖျက် ရေးကို အထူးကြပ်မတ်ဆောင် ရွက်နေပြီး မြန်မာနိုင်ငံနှင့် နယ်နိ  မိတ်ချင်း ထိစပ်နေသော ယူနန် ပြည်နယ်တွင် အစိုးရ၀န်ထမ်း ထောင်ဂဏန်းအား မကြာသေးမီ က အရေးယူခဲ့သည်။
ယခုအကြိမ် မြန်မာနိုင်ငံ  သားများ ဖွင့်လှစ်ထားသော ဘဏ်စာရင်းများကို ပိတ်ရာတွင် အဆိုပါကိစ္စနှင့် ဆက်စပ်မှုများရှိ နိုင်ကြောင်း မူဆယ်နှင့် နန့်ခမ်းအခြေစိုက်ကုန်သည်အချို့က သုံး သပ်ကြသည်။
ဘဏ်စာရင်းများ ပိတ်ပင် မည်ဟု သတင်းများပေါ်ထွက်ခဲ့ သဖြင့် အချို့က ငွေကြို ထုတ်ခဲ့ခြင်းများရှိခဲ့ပြီး ဘဏ်စာရင်း ပိတ်သည့်နေ့မှစ၍ပိတ်သိမ်းခံရသည့် လူအချို့မှာလည်း ငွေပြန်ထုတ်ယူမှုများရှိနေကြောင်း သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာကမှ ဖြစ်တာဆိုတော့ လာမယ့် တနင်္လာနေ့ကျမှပဲ အခြေ အနေကိုကြည့်ပြီး ဘာတွေဖြစ် လာမလဲဆိုတာပြောလို့ရမယ်’’ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက သုံးသပ်သည်။

ဘတ်စ်ကားများအတွက် ကွန်ကရစ်ကပ်တုံးများချပြီး သီးသန့်နေရာပေး စတင်စမ်းသပ်

ရန်ကုန် နိုဝင်ဘာ ၃ဝ

လူတန်းစား အလွှာပေါင်းစုံ အသုံး ပြုလျက်ရှိသော မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားများအား သတ်မှတ်မျဉ်းဝါအတွင်းမှ မောင်းနှင် ကြရန် လွန်ခဲ့သော နိုဝင်ဘာလဆန်း ပိုင်းက စည်းကမ်းများ သတ်မှတ် ပေးခဲ့သော်လည်း စည်းကမ်းလိုက်နာမှု ရာနှုန်းပြည့် မရှိခဲ့သဖြင့် မြို့တွင်းသွား ယာဉ်ကြောကျပ်တည်းမှု သိသိ သာသာလျော့နည်း သက်သာလာစေ ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ခရီးသည် သီးခြားဘတ်စ်ကား ယာဉ်လိုင်း တစ်လိုင်းသွားနိုင်အောင် ညာဘက် ယာဉ်ကြောကို နိုဝင်ဘာ ၂၉ ရက်က စပြီး ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်း တစ်လျှောက် ဗိုလ်တထောင်ဘုရားလမ်းမှ စ၍ ချထားမှုနှင့် ဆက်လက်ချထားမှု များကို တွေ့ရသည်။

ယခုလို သီးခြားဘတ်စ်ကား ယာဉ်လိုင်းအတွက် ကွန်ကရစ်ကပ်တုံးများချထားမှုနှင့်ပတ်သက်၍ အငှား (Taxi) ယာဉ်မောင်းတစ်ဦးဖြစ်သူ အင်းစိန်ရွာမနေ ကိုကျော်စိုးက ''ဘတ်စ်ကားတွေအတွက် အလွန်ပင်ကောင်းပါတယ်။ ခရီးသည်တွေအတွက်လည်း အဆင်ပြေအန္တရာယ်ကင်းသလို ယာဉ်မောင်းတွေစည်းကမ်းလိုက်နာမှုရှိလာမှာဖြစ်တယ်။ နောက်ပြီး လမ်းလယ်ဘတ်စ်ကား တားစီးမှုများကိုလည်း အန္တရာယ်ကင်းလျော့နည်းသွားတာပေါ့။ ယာဉ်ငယ်များ အတွက် စိတ်ပူစရာမလိုဘဲ လိုရာခရီးကို လျင်မြန်စွာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်''ဟု ¤င်း၏အမြင်ကို ပြောကြား သည်။

ကွန်ကရစ်ကပ်တုံးများညာဘက်ယာဉ်ကြောတစ်လျှောက် ချထားမှုကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးစောင့်ကြည့်နေမှုနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ ''ကျွန်တော်တို့ကတော့ စမ်းသပ်ဘတ်စ်ကားလိုင်း ယာဉ် ကြောကို အတွင်းထဲရောက်အောင် ပြသပေးတာရယ်။ ဘတ်စ်ကားခရီးသည်အတင်အချ၊ လျင်မြန်မှုနဲ့ နှေးကွေး မှုအပေါ် စောင့်ကြည့်နေတဲ့ အနေအထားပဲရှိပါတယ်။ ကပ်တုံးတွေအားလုံး အနော်ရထာလမ်းတစ်လျှောက်ချပြီး ရင်တော့ ခရီးသည် အတင်အချစနစ်ကို အခုထက် သာလွန် အောင်လုပ်ဆောင်ဖို့ အစီအမံများရှိပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီးယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်းပေါ်တွင် စတင်ချထားမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ACE ဦးအောင်ငွေတိုးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့် ရာ ''အခုချထားတဲ့ ကွန်ကရစ်ကပ်တုံးတွေကို အနော်ရထာ လမ်း၊ ဗိုလ်တထောင်ဘုရားလမ်းမှ ကျုံးကြီးလမ်းအထိ ချသွားမှာဖြစ်တယ်။ ဒါဟာ ရှေ့ပြေးစမ်းသပ်ခြင်းဖြစ်တယ်။ အောင်မြင်မှုနဲ့ ပြည်သူများရဲ့တုံ့ပြန်မှုဟာ ဘယ်လိုရှိသလဲ ဆိုတာရယ်၊ ဘတ်စ်ကားလိုင်းသီးသန့်သွား ခွင့်ရပေမယ့် ယာဉ်ငယ်များနဲ့ ဘတ်စ်ကားစီးသူအတွက် ဘယ်လောက် အကျိုးဖြစ်ထွန်းပြီး ယာဉ်ကျပ်တည်းမှုဘယ်လောက်လျော့ နည်းသလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခု စမ်းသပ်တဲ့စီမံကိန်းကို ကျွန်တော်တို့ ဃီဃ တစ်ခုတည်းက လုပ်တာမဟုတ်ပါဘူး၊ ကွန်ကရစ်ကပ်တုံးများချခြင်း အစီ အစဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မထသနဲ့ အခြားယာဉ်စည်းကမ်း လမ်းစည်းကမ်း ကျွမ်းကျင် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်တယ်။ အနော်ရထာလမ်း စမ်းသပ်ချက်အောင်မြင်မှုရရှိရင် မြို့တွင်း ညာဘက်မျဉ်းဝါလိုင်းအားလုံးကို ချထားဖို့ အစီအစဉ် ရှိပါတယ်။ အနော်ရထာလမ်းမှ ဗိုလ်ချုပ်လမ်းကြားဖြတ် လမ်းများကို ကွန်ကရစ်ကပ်တုံးများချထားခြင်းမရှိဘဲ ယာဉ် အထက်အောက်စီးဆင်းနိုင်အောင် စီစဉ်ထားပါတယ်''ဟု ရှင်းပြသည်။

ဆက်လက်၍ မထသအငြိမ်းစား ဝန်ထမ်းတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင်ဘတ်စ်ကားလိုင်း ၃ဝဝ ကျော်ရှိပြီး မြို့တွင်းပြေးဘတ်စ်ကား အစီးရေ ၆ဝဝဝ ဝန်းကျင်ကို စနစ်တကျထိန်းသိမ်းနိုင်မည်ဆိုပါက ရန်ကုန် မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက်လျော့ နည်းသွားမည်ဖြစ်ပြီး ယာဉ်မောင်းများလည်း စည်းကမ်း လိုက်နာမှု အသိပညာများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောပြသည်။

(စောသိန်းဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မလေးရှားတွင် မြန်မာကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ကလန်းမြို့ ဆင်တိုဆာ KFC ဆိုင် အနီးတွင် မြန်မာ ကုန်ပစ္စည်းများဖြင့် ဖွင့်လှစ် ရောင်းချနေသော မြန်မာ ဆိုင်ပိုင်ရှင် တစ်ဦးအား အမည်မသိလူအုပ်တစ်စုမှ လာရောက် သတ်ဖြတ် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသတ်ဖြတ်မူမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသတ်ခံရသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့မှ   ကိုအောင်မျိုးဦ (အသက် ၄၀)  ဆိုသူဖြစ်သည်။

ကိုအောင်မျိုးဦးသည် ကလန်းမြို့တွင် မြန်မာ ကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

“ သတ်သွားတဲ့လူတွေက ဘယ်သူတွေလည်းဆိုတာမသိဘူး။အထဲကပိုတ်ဆံတွေလည်းယူမသွားဘူး။ ဆိုင်ကပစ္စည်းတွေလည်း ဘာမှယူမသွားဘူး။ အကုန်ဒီအတိုင်း ပဲထားခဲ့တယ်။ ကျွန်တော်တို့  ခန့် မှန်း သလောက်တော့ အငြိုးနဲ့ သက်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့  သက်တာဆိုလည်းမသိ ဘူး” ဟု ၄င်းဆိုင်ဘေးတွင် နေထိုင်သူ ထားဝယ် လူငယ်တစ်ဦးမှ နိရဉ္စရာသို့  ပြောသည်။

ကိုအောင်မျိုးဦး၏ လက်များနှစ်ဖတ်လုံးအား ဖြတ်တောက်ခံထားပြီး ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ အများ ရရှိခဲ့ကြောင်းသိရသည်။

“ ဒီဆိုင်မှာ ကျွန်တော်တို့  ပစ္စည်းတွေဝယ်နေကျပဲ သူကအရမ်းခင်ဖို့ ကောင်းတယ်။ လူချစ်လူခင် ပေါတယ်။ ကိုယ့်မြန်မာတွေနဲ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အခုလို ဖြစ်သွားတဲ့အတွက် အရမ်းကို စိက်မကောင်းဖြစ်မိတယ်ဟု’’ ၄င်းလူငယ်မှဆက်ပြောသည်။

အဆိုပါဆိုင်တွင်အကူအဖြစ်အလုပ်လုပ်သောအမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်သူများမှ ဓါးနဲ့  ခုတ်သတ်ခဲ့သဖြင့် နားထင်များနဲ့  လက်များတွင် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမူ ခံယူလျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မလေရှားရဲများမှ ၎င်းအမျိုးသမီးအား ချက်ချင်းစစ်ဆေးရန် ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့ လူသတ်များပေါ်ပေါက်နေသော်လည်း မလေးရှားရဲမှ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဖေါ်ထုတ်ခြင်း မရှိကြောင်း၊ မလေးလူမျိုးတစ်ဦးဦး အသတ်ခံရပါက ချက်ချင်း ဖေါ်ထုတ် အရေးယူနိုင်သော်လည်း မြန်မာနိုင်ငံသား ၅၀ နီးပါးခန့် အသတ်ခံရသော်လည်း အမှု တစ်ခုကို ဖေါ်ထုတ်နိုင်ခြင်း မရှိဘဲဖြစ်နေသည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်နေကြောင်း၊ မလေးရဲတပ်ဖွဲ့က မြန်မာများ အသတ်ခံရမှုအပေါ် မျက်ကွယ်ပြုနေပုံရကြောင်း မလေးရောက် ကိုအောင်လွှင်ဦးမှ သုံးသပ် ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများဆက်တိုက်အသက်ခံနေရသော်လည်း အမူမှန် တစ်ခုမှ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာမြန်မာအစိုးရအနေဖြင့် အချိန်မှီ လာရောက် ကာကွယ်ပေးသင့်ကြောင်း မလေးရှားနိုင်ငံရှိ နာရေးကိစ္စတွင် လုပ်ကိုင်ဆောင်ရွက်နေသူ ကိုစိုးသန်းမှလည်း နိရဉ္စရာသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် တိုက်ခိုက် သတ်ဖြတ်သည်ကို မသိရသေးသော်လည်း မလေးရှား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  လူသတ်မှု ကျူးလွန်သူများကို CCTV ကတဆင့် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ နိုဝင်ဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
http://www.narinjara.com/burmese/?p=12910

စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက်ကံဆောင်

NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ်လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာ ပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ ကြတယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကိုမိန့်ကြားပါတယ်။

"တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ်ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်"

စာရေးဆရာထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ် ဆိုရင်သပိတ်လှန်ပေးနိုင်ကြောင်းလည်း အရှင်ဓမ္မပီယ ကမိန့်ကြားပါတယ်။ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတဲ့ လက်ရှိကာလအတွင်း စာရေးဆရာထင်လင်းဦး ထံကနေတစ်စုံတစ်ခုသော ဒေယျဓမ္မကိုမျှ အလှူခံခြင်း၊ သူနဲ့ဆက်ဆံခြင်းများ မပြုလုပ်ပဲ ရပ်ဆိုင်းထားကြဖို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်များကိုလျှောက် ထားပါကြောင်းဖြင့်လည်း ချောင်းဦးမြို့နယ် သံဃာတော်တွေရဲ့ မနေ့ကထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ထင်လင်းဦး ကိုRFA က ဆက်သွယ်လို့ မရသေးပါဘူး။အရှင်ဓမ္မပီယ နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ပါ။

အရှင်ဓမ္မပီယနဲ့ မေးမြန်းချက်

ဦးခင်မောင်စိုး။ ။ အရှင်ဘုရား...အရှင်ဘုရားတို့ မနေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စာရေးဆရာထင်လင်းဦး က ပတ္တနိက္ကုဇ္ဇနကံဆောင်တော်မူတယ်လို့ တပည့်တော်ကြားရပါတယ်၊ အဲ့ဒါဟုတ်ပါသလား ဘုရား

အရှင်ဓမ္မပီယ။ ။ ဟုတ်ပါတယ်...ဟုတ်ပါတယ်

ဦးခင်မောင်စိုး။ ။ ဘာကြောင့်များ အဲ့ဒီလို သပိတ်မှောက်ကံဆောင်ရတာပါလဲ ဘုရား

အရှင်ဓမ္မပီယ။ ။ ဘာကြောင့်လဲဆိုတော့ သူက သံဃာစော်ကားထားလို့ပေါ့ဗျာ

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား အဲ့ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောခဲ့တဲ့ စကားတွေကို ရည်ညွှန်းတာပါလား ဘုရား

အရှင်ဓမ္မပီယ။ ။ ဟုတ်တယ်...ဟုတ်တယ်ဗျ.. အားလုံးကိုတော့ မဟုတ်ဘူးပေါ့ဗျာ၊ သံဃာတွေကို စော်ကားပြောထားတဲ့ စကားကိုပဲ ရည်ညွှန်းတာပေါ့ဗျာ

ဦးခင်မောင်စိုး။ ။ အရှင်ဘုရားတို့ မနေ့က ဘယ်လိုသပိတ်မှောက် ကံဆောင်ခဲ့လဲ ဆိုတာ တပည့်တော်ကို နဲနဲလောက်မိန့်ကြားပါလား ဘုရား

အရှင်ဓမ္မပီယ။ ။ ကျင်းပတာက မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာသိမ်တော်ကြီးမှာ ကျနော်တို့ ကျင်းပတာဖြစ်တယ်ဗျ၊ ပထမဦးဆုံး ချောင်းဦးမြို့ရဲ့ မဟာဓမ္မာရုံ စာသင်တိုက်က ဆရာတော်ကြီးကနေပြီးတော့ ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်းရဲ့ အကြောင်းအရာလေးတွေပေါ့နော်၊ ဘာကြောင့် သူ့ကိုပြုထိုက်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို သြဝါဒလေးနဲ့ပြောတယ်၊ အဲ့ဒီနောက်မှာ တက်ရောက်တဲ့ သံဃာအရေအတွက်၊ နောက်မတက်ရောက်နိုင် လို့ ဆန္ဒပေးတဲ့ သံဃာအရေအတွက်၊ ဒါလေးကို ကြေညာပေးတယ်

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အဲ့သံဃာတော်တွေက ဘယ်လောက်တက်ရောက်ပါလဲ ဘုရား

အရှင်ဓမ္မပီယ။ ။ တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ အဲ့မှာတော့ ဦးဇင်းတို့ က ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ဦးဇင်းကတော့ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ် ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်၊ အဲ့ဒီနောက်မှာကျတော့ ဆရာတော်တစ်ပါးကနေ ပြီးတော့ ဒီသပိတ်မှောက် ကံဆောင်ပြီးတော့ ရဟန်းတော်တို့လိုက်နာရမယ့် အချက်လေးတွေကို ရှင်းပြတယ်ဗျ၊ ဒီသပိတ်မှောက် ကံဆောင်ပြီးရင် ထင်လင်းဦး နဲ့ဆက်ဆံမှုရပ်ဆိုင်း လိုက်တယ်ဆိုတာကို ပြောတာပေါ့ဗျာ၊

ဦးခင်မောင်စိုး။ ။ ဘယ်လို အခြေအနေမျိုးမှာမှ ပြန်ပြီးတော့ သပိတ်လှန်မှာလဲ ခင်ဗျ၊

အရှင်ဓမ္မပီယ။ ။ သူကနေပြီး ဦးဇင်းတို့ဆီ လာဝန်ချတောင်းပန်တဲ့ အချိန်ပေါ့နော်၊ အဲ့ဒါဆိုရင် ဦးဇင်းတို့က ပြန်ပြီးသပိတ်လှန်ပေးလို့ ရတယ်ပေါ့ဗျာ၊

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အရှင်ဘုရား အခု စာရေးဆရာထင်လင်းဦး ပြောတဲ့ ကိစ္စတွေပေါ့လေ ဘယ်လိုအကြောင်းအရာတွေကြောင့် အရှင်ဘုရားတို့ ကံဆောင်တယ်ဆိုတာလေး တပည့်တော် အရှင်ဘုရားရဲ့ အမြင်လေး အနှစ်ချူပ် သိပါရစေ ဘုရား၊

အရှင်ဓမ္မပီယ။ ။ ဦးဇင်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ သူပြောတဲ့ စကားတွေဟာ ဘုရားသင်္ဃန်းဝတ်လာတဲ့ လူတွေကပြောတာတို့၊ မြန်မာပြည်မှာ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းရှိတယ်တို့၊ ဟုတ်တယ်မှတ်လား၊ နင်နဲ့ ငါနဲ့ ထမိန်ရှိတာနဲ့ မရှိတာနဲ့ ကွာတယ် ဟဲ့ကောင်ရဲ့တို့၊ ပြောတဲ့ဟာတွေဟာ သံဃာ ထုတစ်ရပ်လုံးကို ရည်ညွှန်းပြီးပြောလိုက်တဲ့ စကားတွေဗျ၊ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းကျော်ဆိုတာ မြန်မာပြည်မှာ သံဃာတော် ၅ သိန်းကျော် ရှိတယ်ဗျာ၊ ဒါသံဃာထု တစ်ရပ်လုံးကို ရည်ရွယ်ပြီး ပြောလိုက်တဲ့ စကားပဲလေ၊ နောက်ဒီဗုဒ္ဒဘာသာကို အဲ့ဒီသင်္ဃန်းဝတ်တွေ ဖျက်ဆီးနေတယ် လို့ ပြောတဲ့ဟာ ကလဲ အထိရောက်ဆုံးပဲ ဒကာကြီး၊

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား

အရှင်ဓမ္မပီယ။ ။ သူပြောသွားတဲ့ စကားလုံးတွေက သာသနာတော်ကြီးတစ်ရပ် လုံးကို ထိခိုက်တဲ့ စကားလုံးတွေပဲဗျ၊ ထင်လင်းဦးကို ဟောပြောပွဲပြီးစ မှာပေါ့နော်၊ ရွာခံဆရာတော်တစ်ပါး ဦးကောဝိ ဆိုတာရှိတယ်၊ အဲ့ဒီ ဦးကောဝိကနေပြီးတော့ သူ့ကို ဆွေးနွေးချင်လို့ ခေါ်တဲ့အခါကျတော့ သူက ဦးကောဝိဆိုတာ သူနဲ့သိတာမရှိဘူး၊ အဲ့တော့ ဆွေးနွေးစရာလဲမလိုဘူးလို့ သူကပြောတယ်ဗျ၊ ဆွေးနွေးခဲ့ရင်လဲ သူ့အတွက်ဒီလောက်ကြီး ဖြစ်ချင်မှဖြစ်လာမှာပေါ့နော်

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ်၌ သိမ်းဆည်းရမိ

မော်လမြိုင် နိုဝင်ဘာ ၃ဝ

မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သိန်းဇော်အား စစ်ဆေးရာ လွန်ခဲ့သော တစ်လခန့် က တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်း တွင်တွေ့ရှိသည့် တင့်လွင်နှင့် ဆိုင် ကယ်ဝယ်ယူစဉ်ခင်မင်ခဲ့ပြီး တင့်လွင်က ၎င်းထံတွင် ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်းတစ်ရာကျပ်ကို ငွေစက္ကူအစစ် သိန်း ၃ဝ ပေးရမည် ဖြစ်ကြောင်းပြောရာ နိုဝင်ဘာ၂၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်းရှိ လက်ဖက်ရည် ဆိုင်တွင် တင့်လွင်နှင့်တွေ့၍တစ်သောင်း ကျပ်တန်အတု ကျပ်သိန်း ၉၁ဝ အား ငွေကျပ် သိန်း ၃ဝ ပေး၍ ယူခဲ့ကြောင်း၊ တောင်ကြီးမြို့မှ ညနေ ၆ နာရီထွက် သည့် နယူးမန္တလာထွန်းယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး အမှတ်(၃) လမ်းဆုံ သို့ နိုဝင်ဘာ ၂၈ ရက် နံနက် ၅ နာရီ တွင်ရောက်ရှိပြီး တိုက်ကြီးမြို့နယ် ဖလုံရွာနေ သက်လွင်ဦးထံသို့ နံနက် ၇ နာရီတွင်ရောက်ရှိကာ ထိုမှ သက်လွင်ဦး၊ မျိုးလှိုင် (၃၈)နှစ်၊ မင်း ထိုက် (၃၃) နှစ်တို့နှင့်အတူ ဆိုင်ကယ် နှစ်စီးဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့သို့ ထွက်ခွာခဲ့ကြောင်း၊ သတင်းအရ မျိုးလှိုင် နှင့် မင်းထိုက်တို့အား လိုက်လံရှာဖွေရာ မင်းထိုက်အား ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ဘီးလင်းမြို့ အိုအေစစ် စားသောက်ဆိုင်ရှေ့တွင် ၄ဝယ/--DAYUN အမျိုးအစား ဆိုင်ကယ်နှင့် အတူဖမ်းဆီးရမိပြီး မျိုးလှိုင်အား ညနေ ၅ နာရီ မိနစ် ၄ဝ တွင် ငွေလာမြိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ၃၃ယ/ ---- စမတ်ဆိုင်ကယ်ဖြင့် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူ အတုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသူ သိန်းဇော်၊ သက်လွင်ဦး၊ မင်းထိုက်နှင့် တင့်လွင် (စုံစမ်းဖမ်းဆီးဆဲ)တို့အား ဘီးလင်းမြို့မရဲစခန်းမှ(ပ)၁၄၅/--- ၂ဝ၁၄၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆/၁ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ဆက်နေမင်းအောင်)

The Mirror Daily
https://www.facebook.com/TheMirrorDaily

နည်းပညာတက္ကသိုလ်များ၏ အောင်စာရင်းဟောင်းများ ပြန်လေ့လာရန် ကော်မတီတစ်ရပ်ဖွဲ့

မကြာမီက ထွက်ရှိခဲ့ သည့် နည်းပညာတက္ကသိုလ်များ ၏ အောင်စာရင်းတွင် အကျအရှုံးများခဲ့သည့်အပေါ် ကော်မတီတစ်ခု ဖွဲ့စည်းပြီး ယခင်ပညာသင်နှစ်များရှိ အောင်စာရင်း အောင်ချက်များကို ပြန်လေ့လာရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ကော်မတီသည်သက်ဆိုင်ရာ နည်းပညာတက္က သိုလ်များ၏ ယခင်ပညာသင်နှစ် အောင်စာရင်းနှင့် သက်ဆိုင်သည့်အချက်အလက်များကို စတင်စု ဆောင်းနေပြီး မကြာမီ စတင်လေ့ လာသွားမည်ဟု သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနမှ သိရသည်။

‘‘ကော်မတီဖွဲ့တာက ပြီးခဲ့တဲ့နှစ်တွေက အောင်ချက်ရာခိုင်နှုန်း တွေ၊ ဘယ်လိုအအောင်ပေးထား တယ်ဆိုတာကို ပြန်လေ့လာပြီး တော့ ကျောင်းသားတွေအတွက် ဘာလုပ်လို့ရမလဲ၊ ဘာပြုပြင် ပြောင်းလဲလို့ရမလဲ၊ ဒီအပေါ်က နေ ဘာအဖြေထွက်မလဲဆိုတာ ပြန်ပြီးလေ့လာဖို့ပါ။ လေ့လာပြီးတဲ့ အချိန်ကျရင် သက်ဆိုင်ရာပါမောက္ခချုပ်တွေကို ခေါ်ပြီးတော့ ဆွေးနွေးကြမှာပါ။ ပြီးရင် လာမယ့် နှစ်တွေမှာ ဘယ်လိုပုံစံနဲ့ သွားမ လဲ။ ဒီနှစ်အောင်စာရင်းအတွက် က အဲဒီရဲ့ တင်ပြချက်အပေါ်မှာပဲ မူတည်ပါတယ်’’ဟု စက်မှုနှင့် သက်မွေးပညာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်က ထွက် ရှိခဲ့သည့် နည်းပညာတက္ကသိုလ် များ၏ ၂၀၁၃-၁၄ ပညာသင်နှစ် အောင်စာရင်းများနှင့် အင်ဂျင်နီ ယာဘွဲ့ (BE) ပေါင်းကူးဝင်ခွင့် အောင်စာရင်းများတွင် အောင် ချက်များ နည်းပါးခဲ့ခြင်းအပေါ် နည်းပညာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက မတရားမှုများ မသမာမှုများရှိနေခဲ့သည်ဟုဆို သည်။ စနစ်ဟောင်း ကျောင်းသား များအတွက် စနစ်ဟောင်း အောင် စာရင်းမူဝါဒကိုသာ ကျင့်သုံး၍ နောက်ဆက်တွဲအောင်စာရင်း ထုတ်ပြန်ပေးရန်နှင့် နေပြည်တော် တွင် နိုဝင်ဘာလက ပြုလုပ်ခဲ့ သည့် အောင်စာရင်းထုတ်ပြန်ရေး ဆိုင်ရာ အစည်းအဝေးမှတ်တမ်း များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အပါအ၀င် အချက် ခြောက်ချက်ကို တောင်းဆို၍ နည်းပညာတက္ကသိုလ် အသီးသီးက ကျောင်းသားတစ်ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဆန္ဒပြုခဲ့ကြသည်။

ထို့အပြင် အောင်စာရင်းနှင့် ပတ်သက်၍ နည်းပညာတက္က သိုလ်ကျောင်းသား ကိုယ်စားလှယ် လေးဦးက နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနရှိ တာ ၀န်ရှိသူများနှင့် သွားရောက်တွေ့ ဆုံခဲ့ပြီး အချိန်တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ လေးယောက် သွားတွေ့တော့ ဒုတိယညွှန်ကြား ရေးမှူးချုပ်နဲ့ပဲ တွေ့ခဲ့တယ်။ တစ် နာရီခွဲလောက် ဆွေးနွေးပြီးတော့ သူက ပြောတာက အခုကော်မတီ ဖွဲ့ပြီးတော့ တက္ကသိုလ်တွေက အ စီရင်ခံစာ ပြန်တောင်းထားတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အသိပေးမယ်လို့ ပြော တယ်။ ကျွန်တော်တို့က အဲဒီကော်မတီကို စောင့်ကြည့်ရမယ်။ စောင့်ကြည့်ပြီးတော့မှ ဘယ်လို ဆက်လုပ်သွားမယ်ဆိုတာကို စဉ်းစားမှာပါ’’ဟု နေပြည်တော်သို့ သွားရောက်ဆွေးနွေးခဲ့သည့် လှိုင် သာယာနည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားမေဂျာ စတုတ္ထ နှစ်ကျောင်းသား မောင်အောင် ခမ်းပိုင်က ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ် နည်းပညာတက္ကသိုလ် အောင်စာ ရင်းများတွင် ကျောင်းသားများ နစ် နာမှုမရှိစေရန် လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများတက်ရောက်ခွင့် သတ်မှတ်ရာတွင်လည်း ၀န်ကြီး ဌာနအသီးသီးလက်အောက်ရှိ တက္ကသိုလ်များ၌ ထားရှိဆောင် ရွက်လျက်ရှိသော သတ်မှတ်ချက်အများစုနှင့် အလားတူဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

7day daily

ခေါင်းအရမ်းကိုက်ခြင်းအကြောင်းသိကောင်းစရာ- Headache

1. အသက် ၃၉ နှစ် ယောက်ျားလေးပါ။ အလုပ်က taxi မောင်းပါတယ်။ ယခင်က ရံဖန်ရံခါ အိပ်ရေးပျက်ရင် ခေါင်းကိုက် တတ်ပါတယ်။ အိပ်လိုက်ရင် သက်သာသွားပါတယ်။ အခုတလော ၂ လ ၃ လလောက်ရှိနေပါပြီ ခေါင်းကိုက်တယ် ဇက်ကြောအရမ်းတက်ပါတယ်။ အိပ်လဲ မသက်သာပါ။ ဆေးခန်းပြဖို့ပြောပေမဲ့ မလိုအပ်တာတွေ စစ်ရင် ငွေရေးကြေးရေး အဆင်မပြေလို့ ခုထိဘာမှဘယ်မှ မပြရသေးပါ။ အရမ်းစိတ်ပူမိပါတယ်ဆရာ။ အလုပ်အကိုင်ကလဲ မကောင်းတော့ အမြဲလဲ ဗျာများရတယ်။ မိသားစုအတွက်လဲ အဆင်မပြေမှာ စိုးလို့ အလုပ်အကိုင် မကောင်းတာ ပြောမပြဖူးဆရာ။ ကားမောင်းနေတာမို့ ကျီးပေါင်းတက်တာ များလားလို့ ထင်မိတာဆရာ ခုထိမသက်သာ မပျောက်ဖူးဆရာ။

2. ကျွန်မ နာမည် (့) ပါ။ အသက်က ၃ဝ ပြည့်ပါပြီ။ (့) တက္ကသိုလ်က ဆရာမ တစ်ယောက်ပါရှင့်။ အခုကျွန်မ ဖြစ်နေတာ ခေါင်း အရမ်းကိုက်ခြင်းပါ။ နားရွက်အကြောတွေလည်း ကိုက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရင် ညာဘက် မျက်လုံးထဲက အကြောတွေပါ လိုက်ကိုက်နေပါတယ်။ မျက်ခုံးရိုးလည်း တင်းနေပါတယ်ရှင့်။ ဇက်ကြောလည်း အရမ်း တက်တယ်။ ရန်ကုန်ခဏသွားတုန်းက မျက်မှန်လုပ်ခဲ့လိုက်ပါတယ်။ ပါဝါက ၂၅ ပဲ ရှိပါတယ်။ ကွန်ပျူတာကို အရမ်း အာရုံစိုက်အလုပ်လုပ်ရင်းနဲ့က ခေါင်းမနေနိုင်အောင်အထိ မူးပါတယ်။ အရင်က မျက်မှန်မတပ်ပါဘူး။ အခု မျက်မှန်တပ်ထားလည်း မသက်သာပါဘူးရှင်။ အာရုံကြောဆေး Btex သောက်ပါတယ်။ ခေါင်းလျှော်ပြီးရင် နေလို့မရအောင် ခေါင်းကိုက်ပြီး ဇက်ကြောတွေပါတက်၊ ဖျားချင်သလိုလို ဖြစ်တတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါအုန်းရှင်။ ခေါင်းကိုက်နေတာတော့ ၂ လနီးပါးလောက်ရှိပါပြီ။ စာတွေနဲ့ စိတ်ဖိစီးမှုလည်း အရမ်းများနေရတာပါ။ ပါရဂူသင်တန်းပြီးဖို့ ၂ လပဲလိုတော့လို့ပါ။

Headache ခေါင်းကိုက်တဲ့ရောဂါက အမျိုးမျိုးရှိတယ်။ Cephalalgia လို့လဲ ဆေးစာနဲ့ ခေါ်တယ်။
(က) မူလခေါင်းကိုက်ခြင်း၊
- Tension headache တင်းအားများ-ခေါင်းကိုက်ခြင်း၊
- Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း၊
- Migraine headache (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ခြင်း၊ (ရေးထားပါတယ်။)

(ခ) တနေရာမှာ အကြောင်းခံတခုခုရှိနေလို့ ခေါင်းကိုက်ခြင်း၊
မျက်စိ ရေတိမ်၊ သူငယ်အိမ်ကြွက်သာ ရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း၊ Nitrates and Nitrites နှလုံးဆေးတွေ၊ Analgesics အနာ-အကိုက်ပျောက်ဆေး တာရှည်သုံးခြင်း၊ အမြင့်ထက်ရခြင်း၊ ဦးနှောက်-ဦးခေါင်းထဲ သွေးယိုခြင်းများ၊ ဦးနှောက်၊ ဦးနှောက်မှေး ရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးတိုးရောဂါ၊ အရက်၊ (ကေဖင်း) များတဲ့ကော်ဖီသောက်တာနဲ့ ဖြတ်တာ၊ အအေးမိတာ၊ သွားကြိတ်တာ၊ မျက်မှန်တပ်ဘို့လိုတာ၊ ဆေးလိပ်အသောက်များတာ၊ အားကုန်နေချိန်၊ အားစိုက်ထုတ်တာများသွားတာ၊ (ဆိုင်းနပ်စ်) ရောဂါ။

Tension headache တင်းအားများ-ခေါင်းကိုက်ခြင်းအကြောင်းလေး ရေးပါမယ်။ အရွယ်မရွေးဘူး။ Tension headache က အများဆုံးဖြစ်တယ်။ ၉ဝ% ရှိမယ်။ လူဦးရေရဲ့ ၃% မှာ ခံစားနေကြရတယ်။ Migraine headache (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိနေသူတွေမှာလဲ ဒီကိုက်နည်းဖြစ်နိုင်တယ်။

ခေါင်း၊ ဦးရေခွံက ကြွက်သားတွေ တင်းအားများရာကနေ ဖြစ်တယ်။ ညှစ်နေတာကို ဆိုလိုတယ်။ Stress စိတ်ဖိအားများချိန်၊ Depression စိတ်ဓါတ်ကျနေချိန်၊ Head injury ခေါင်းခိုက်မိတာနဲ့ Anxiety စိုးရိမ်စိတ် ကဲနေချိန်မျိုးမှာ ဖြစ်တယ်။ အနေအထားတခုမှာ အကြာကြီး မပြင်-မပြောင်းဘဲနေရင်လဲဖြစ်မယ်။ ဥပမာ ကွန်ပြူတာ၊ လက်နှိပ်စက် ရိုက်သူတွေ၊ ဇာထိုး-ပန်းထိုး၊ အနုစိတ်အလုပ် လုပ်သူတွေ။ သိပ်အေးတဲ့အခန်း-နေရာမှာအပ်တဲ့အခါ၊ ခေါင်းအနေအထားက အဆင်မသင့်ဘဲ အိပ်တဲ့အခါမျိုးတွေမှာလဲ ဖြစ်နိုင်တယ်။

ထုံပြင်းပြင်းကိုက်တယ်၊ ဖိထားခံရသလိုနေမယ်။ ထိုးကိုက်တာမျိုး မဟုတ်ဘူး။ ခေါင်းကို တခုခုနဲ့အညှပ်ခံရသလို ခံစားရမယ်။ ခေါင်းတခုလုံးမှာ ကိုက်တယ်။ တနေရာရာမာသာ ကိုက်တာမဟုတ်ဘူး။ ဦးရေခွံ၊ နားထင်၊ လည်ပင်း နောက်ဖက်၊ တခါတလေ ပခုံးအထိ ကိုက်မယ်။ ဒီရောဂါခံစားနေသူဟာ သူ့ဖါသူ ခေါင်းကိုနှိပ်ဖိနေလိမ့်မယ်။ တင်းအားများ-ခေါင်းကိုက်ခြင်း ခံစားရတာတော့ မကောင်းပေမဲ့ ဦးနှောက်ထဲမှာ ပြသနာမရှိတာ သိပြီး စိတ်သက်သာရာရသင့်တယ်။

တစုံတရာကို လုပ်ရင်း၊ ကြုံကြိုက်ရင်းကနေ စတတ်တယ်။ ဖြစ်နေကျအချိန်လဲ ရှိနိုင်တယ်။ မိနစ် ၃ဝ လောက်ကိုက်နေပြီး ၇ ရက် ကြာတတ်တယ်။ အသံကြားတာ၊ အမြင်အာရုံတခုခုကနေ စေ့ဆော်နိုင်တယ်။ အားစိုက် အလုပ်လုပ်ပြီးချိန်မှာလဲ ဖြစ်တတ်သေးတယ်။ စိတ်ဖိအားများတာကနေ ပိုဖြစ်တယ်။ အအိပ်ပျက်နှိုင်တယ်။ ပျို့ချင်-အန်ချင် မဖြစ်ဘူး။ အအိပ်ပျက်တာ၊ စာချိန်နောက်ကျတာ၊ ရေဓါတ်နည်းတာတွေကနေလဲ ဖြစ်နိုင်တယ်။

ဦးနှောက်သက်သက်က နာတာကို မသိပါ။ သူ့ဘေးနားကဟာတွေကသာ နာတာကို ခံစားနိုင်တယ်။ ဦးခေါင်းခွံ၊ ဦးရေခွံ၊ လည်ပင်းတွေမှာ ရှိနေကြတဲ့ ကြွက်သား၊ အာရုံကြော၊ သွေးကြော၊ အရွတ်၊ မျက်စိ၊ နား စတာတွေကသာ နာတာသိတယ်။

ဆေးစစ်ရင် မူမမှန်တာမတွေ့ဘူး။ ဘာလို့ကိုက်သလဲအပေါ် ကြည့်ကုသရတယ်။
- Headache diary ခေါင်းကိုက်-ဒိုင်ယာရီ ရေးမှတ်ထားသင့်တယ်။
- ရေအေး၊ ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးတာ တချို့မှာ သက်သာစေမယ်။
- Lifestyle changes နာတာရှည်ဖြစ်နေသူတွေ လူနေမှုပုံစံ ပြောင်းသင့်ရင်၊ ပြောင်းနိုင်ရင် ပြောင်းပါ။ အလုပ်အကိုင်၊ အမူအကျင့်၊ အစားအသောက်၊ အနေအထိုင်၊ ရေချိုးပုံစံ၊ အိပ်ယာ ခေါင်အုံး၊ ပတ်ဝန်းကျင် စတာတွေ။ လေ့ကျင့်ခန်းလုပ်ပါ။
- Relaxation techniques ကိုယ်-စိတ်ဖြေလျှော့နည်းလုပ်ပါ။

ဆေးတွေအနေနဲ့ Aspirin, Ibuprofen, Acetaminophen (Paracetamol) တခုခုသုံးပါ။ သိပ်ဆိုးသူတွေက Narcotic pain relievers မူးယစ်သတိပါဆေးသုံးရတယ်။ သတိထားဘို့က ဆေးမှန်သမျှက ရောဂါလက္ခဏာကို သက်သာစေဘို့သာ ဖြစ်တယ်။ ဒါကလဲ ဆေးအရှိုန်တဲ့အထိသာ အကျိုးသက်ရောက်တယ်။ ဖြစ်စေတတ်တာမျိုး ရှောင်ကြဉ်၊ ဆင်ခြင်တာက ပိုအရေးကြီးတယ်။ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလဲ သိထားပါ။

- Tizanidine ဆေးကတော့ Muscle relaxant ကြွက်သားတင်းအားကို လျှော့ပေးတဲ့ဆေးမျိုး ဖြစ်တယ်။
- Paroxetine (Paxil) နဲ့ Citalopram (Celexa) ဆေးတွေကတော့ (SSRIs) အမျိုးအစား စိတ်ဖိအားကို သက်သာစေမယ်။
- Amitriptyline, Nortriptyline နဲ့ Doxepin ဆေးတွေကတော့ စိတ်ကျဆေးတမျိုးတွေ ဖြစ်တယ်။
- Relaxation, Stress-management training ကိုယ်-စိတ် တင်းအားလျှော့နည်းသင်တန်း၊
- Biofeedback (ဘိုအို-ဖိဘက်ခ်) နည်း ခေါ်တဲ့ စက်ကရိယာလေးတွေတပ်ဆင်ပြီး ကိုယ်မှာ ဖြစ်ပျက်နေတာကိ စောင့်ကြည့်နိုင်တာမျိုး၊ – Cognitive behavioral therapy စိတ်ကုသနည်း၊
- Acupuncture အပ်စိုက်ကုသနည်း၊
- Botox (Botulinum toxin) ထိုးဆေးနည်းလဲ ခေတ်စားတယ်။ တရားဝင်ခွင့်ြု့ချက်မရသေးဘူး။

ကာကွယ်နည်း
အေးလို့ဖြစ်တာဆိုရင် ခေါင်းကိုနွေးအောင်လုပ်ပါ။ အိပ်တဲ့ပုံစံပြောင်းပါ။ အလုပ်လုပ်ရာမှာ အနေအထားပြောင်းပါ။ လည်ပင်း-ခေါင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ နားနိုင်သလောက် နား၊ အိပ်နိုင်သလောက် အိပ်ပေးပါ။ တိုင်းရင်းဆေးနည်းတွေထဲမှာ ချင်း-လက်ဖက်ရည် သောက်ပါ။ ပန်း-လက်ဖက်ရည် သောက်ပါ။

- Tricyclics ဆေးက SSRIs ဆေးထက် ပိုထိရောက်တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ပိုများတယ်။
- Propranolol နဲ့ Muscle relaxants တွေပေးတာကို လက်တွေ့သက်သေမပြနိုင်ဘူးလို့ဆိုတယ်။
- Syndol, Mersyndol and Percogesic = Analgesic + Antihistamine
- Fiorinal = Analgesic + Barbiturate
- Amitriptyline, mirtazapine, topiramate, sodium valproate တွေကိုလဲ သုံးတယ်။
- Manual therapy နှိပ်နယ်နည်းဆိုတဲ့ Spinal manipulation, Soft tissue therapy နဲ့ Myofascial trigger point treatment နည်းတွေ ရှိပေမဲ့ ၂ဝဝ၅ လေ့လာမှုအရ သပ်ထောက်ခံချက် မပေးဘူး။

Migraine headache (မိုင်ဂရင်း) ခေါင်းကိုက်ခြင်း = အရွယ်ငယ်တယ်၊ တခါဖြစ်ရင် တနာရီကြာနိုင်တယ်။ တဖက်သတ်ဖြစ်တယ်။ ထိုးပြီး-လှုတ်ပြီး ကိုက်တယ်။ ပျို့-အန်နိုင်တယ်။ အကြောင်းခံတခုခုကနေ ဥပမာ အစားအသောက် ကနေဖြစ်လာတတ်တယ်။ မျိုးရိုး လိုက်နိုင်တယ်။

Tension headache တင်းအားကြောင့် ခေါင်းကိုက်တာအတွက် NSAIDs ရိုးရိုး အနာ-အကိုက်ပျောက်ဆေးတွေပေးတယ်။ ပြင်းထံရင် (မိုင်ဂရင်း) ခေါင်းကိုက်သက်သာဆေးတွေကို သုံးနိုင်တယ်။

(မိုင်ဂရင်း) ခေါင်းကိုက်ခြင်း ဖြစ်သူတွေအတွက် အရေးပေါ်ဆေးတွေကတော့ -
- Ergotamine inhalation or rectal
- Chlorpromazine 0.1 mg/kg IV
- Prochlorperazine 10 mg IV
- Metoclopramide 10-20 mg IV
- DHE 0.75-1.0 mg IV over 2 minutes
- Sumatriptan 6 mg S/C
- Ketorolac 60 mg IM

ခါးဆစ်ထဲထိုးပေးတဲ့ ထုံဆေးကြောင့် ခေါင်ကိုက်တာဆိုရင် ရိုးရိုး အကိုက်ပျောက်ဆေးတွေရယ်၊ Ergots, Barbiturates, Caffeine ဆေးတွေကို ပေးတယ်။

ရေတိမ်ကြောင့်ဆိုရင် ပျို့-အန်မယ်၊ မျက်လုံးနေရာ ကိုက်မယ်၊ မျက်စိနီနေမယ်၊ မျက်ကြည်လွှာရောင်နေမယ်။ မျက်စိဖိအားတက်နေမယ်။ မျက်စိမှုံလာမယ်။ သွေးတိုးကြောင့်ကိုက်ရင် ထိုးကိုက်မယ်။ နောက်စေ့နေရာ ကိုက်မယ်။

Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း = အသက်ငယ်ငယ်မှာဖြစ်တယ်။ ယောက်ျားတွေမှာ သိသိသာသာ ပိုအဖြစ်များတယ်။ တခါဖြစ်ရင် ၄ဝ-၆ဝ မိနစ်ကြာတတ်တယ်။ မျက်လုံးနဲ့ မျက်လုံးနောက်နေရာက ကိုက်မယ်။ ရာသီဥတုလိုက်တယ်။ နှာရည်-မျက်ရည် ယိုတတ်တယ်။ မျိုးရိုးမလိုက်ဘူး။ ဆိုးလွန်လွန်းလို့ Suicide headache လို့တောင်နာမည်ပေးထားတယ်။ သတ်သေချင်လောက်အောက်ကို နာတယ်။



Dr. တင့်ဆွေ

နင်အပျိုစစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မ၀ံ့မရဲတဲ့ ဖြစ်စဉ်တွေ အတော်များများ ဖြစ်လာနေပါပြီ…

မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား

ခင်ပွန်းဖြစ်သူဆုံးပါးချိန်မှာ မနှင်းဆီ (အမည်လွှဲထား) အသက်က ၂၆ နှစ် ဖြစ်သည်။ အားကိုးရာ မြင်းမိုရ်တောင် ပြိုလဲသွားပြီး နောက်ပိုင်း သားသမီး ၄ ဦးကို ရှာဖွေကျွေးမွေးရမည့် တာဝန်မှာ မုဆိုးမဖြစ်သည့် သူ့ပခုံးပေါ် ကျရောက်လာခဲ့တော့သည်။ငယ်ရွယ်သူ မုဆိုးမတဦးအတွက် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ထဲကမှ ငွေရလွယ်သည့် ခန္ဓာရင်း၍ စီးပွားရှာသော ညဥ့်ငှက်ဘဝကို မလွှဲမရှောင်သာ သူရွေးချယ်ခဲ့ရသည်။ ဒီလိုနှင့် မနှင်းဆီတယောက် ကလေးမီးဖွားပြီးသည်မှာ ၃ လသာ ရှိသေးသော အချိန်မှာပင် ညဥ့်ငှက်ဘဝကို ဝင်ရောက်ခဲ့တော့သည်။

“ယောကျာ်းမရှိတော့ ရပ်တည်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ ဒီကြားထဲ မိဘတွေကလည်း မပြေ လည်ဘူး။ ကျမသား အငယ်ဆုံး ၃ လသားလေး နို့တိုက်ရင်းကနေပဲ ရပ်ကွက်ထဲက ခေါင်းအိမ်ခေါ် မှာပေါ့နော်၊ ဖောက်သည်တွေ ချိတ်ဆက်ပေးတဲ့အိမ် မှာ ပုခက်နဲ့ထားခဲ့ပြီး တည်းခိုခန်းတွေ၊ ကေတီဗီတွေ၊ နိုက်ကလပ်တွေမှာ အလုပ်လုပ်ခဲ့ရတယ်” ဟု မနှင်းဆီ က အဝေးကိုငေးကြည့်ရင်း သူ့ဘဝကိုပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် မနှင်းဆီတယောက် ညဥ့်ငှက်ဘဝတွင် ၇ နှစ်လောက် ကျင်လည်ဖြတ်သန်းရင်း မိသားစု စားဝတ်နေရေးဘဝကို ဖြေရှင်းရာကနေ တရက်မှာ တော့ ပြည့်တန်ဆာအမှုနဲ့ အဖမ်းခံရပြီး ထောင်ကျသွားခဲ့သည်။
ထောင်ကလွတ်ပြီးနောက်ပိုင်း သူ့ကျန်းမာရေး  ချို့တဲ့ခဲ့ပြီး ချောင်းဆိုးခြင်း၊ ရက်ရှည်ဖျားခြင်း ဝေဒနာများ ၆ လနီးပါး ခံစားခဲ့ရသည်။ ဒီဝေဒနာတွေ ဘာကြောင့်ဖြစ်မှန်း မနှင်းဆီမသိခဲ့ပေ။ အရိုးပေါ် အရေတင်ဘဝဖြင့် အိပ်ရာထဲလဲနေသည့် မနှင်းဆီ အခြေအနေကိုရိပ်မိသည့် အစ်ကိုတဦးက သွေးစစ်ရန် တိုက်တွန်းခဲ့ရာမှ ၂၀ဝ၇ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်ရှိ သဇင်ဆေးခန်းတွင် သွေးစစ်ခဲ့သည်။
သွေးစစ်မှုအဖြေက သူမကိုယ်ခန္ဓာထဲတွင်  HIV ရောဂါပိုး ရောက်ရှိနေကြောင်း အတည်ပြုပေးလိုက်ချိန်မှာ သူမတွင် ရှိနေခဲ့သည့် ကြီးမားသည့် မိခင်မေတ္တာက မနှင်းဆီကို အသက်ဆက်လက်ရှင် သန်စေရန် တွန်းအားဖြစ်လာခဲ့သည်။
“ကျမမှာ ခိုကိုးရာမဲ့ သားသမီး ၄ ယောက်ရှိတယ်။ ဒီကလေးတွေ ပညာတတ်ဖြစ်ဖို့၊ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ရပ်တည်ဖို့အတွက် ကျမ အသက်ရှင်နေဖို့လိုတယ်။ ဒါကြောင့် ကျမ HIV ပိုးထိန်းဆေး (ARV) ဆေးသောက်ချင်တယ်။ သဇင်ဆေးခန်းက ဆရာမတွေကလည်း နားခိုရာဆိုတဲ့ (MDM) အဖွဲ့ဆီကိုညွှန်ပြပေးခဲ့ပြီး အဲဒီကနေ ARV ဆေးရပြီး ပုံမှန်သောက်ခဲ့တာ အခုချိန်အထိပဲ” ဟု မနှင်းဆီကပြောသည်။
မြန်မာနိုင်ငံတွင် မနှင်းဆီကဲ့သို့ HIV ကူးစက်ခံရပြီး ပိုးထိန်းဆေးခေါ် ARV ဆေး သောက်သုံးနေသူ အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၆၇၅၀ဝ ကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၇၅၀ဝ၀ ကျော်အထိ တိုးမြင့်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း INGO များ၏ စာရင်းများက ဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် HIV ကူးစက်ခံရသူ တရက်လျှင် ၁၉ ဦးနှုန်း ရှိနေပြီး ၂၀၁၃ ခုနှစ်အတွင်း တနိုင်ငံလုံး၌ လူပေါင်း ၆၄၀ဝ ဦး ကူးစက်ခံခဲ့ရကြောင်း၊ တနိုင်ငံလုံးတွင် HIV ကူးစက်ခံရသူ စုစုပေါင်း ၁၈၅၀ဝ၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
HIV ကူးစက်ခံရသူ ၁၀ဝ တွင် မူးယစ်ဆေး ထိုးသွင်းသူ ၃၂ ဦးပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် အများဆုံး ကူးစက်ခံနေရကြောင်း၊ ဒုတိယအများဆုံး မှာ အမျိုးသားချင်း လိင်ဆက်ဆံသူများဖြစ်ပြီး အမျိုးသမီး လိင်လုပ်သားများမှာ တတိယအများဆုံး ကူးစက်ခံနေရသူများဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
လိင်အလုပ်သမားများကြား HIV ကူးစက်မှုနှုန်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က အများဆုံးဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ဒုတိယ အများဆုံးဖြစ်ကြောင်း၊ လိင်တူချစ်သူများအကြား ကူးစက်မှုနှုန်းတွင်လည်း ပုသိမ်မြို့ကအများ ဆုံးဖြစ်ကာ ရန်ကုန်မြို့က ဒုတိယ အများဆုံးဖြစ်ကြောင်း ၂၀၁၃ NAP အစီရင်ခံစာတွင် ရေးသားထားသည်။
“HIV ကူးစက်မှု လျော့နည်းကျဆင်းဖို့ဆိုရင် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးပွားအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ မဖြစ်ခင် ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ပညာပေးဖို့ပေါ့။ ဖြစ်လာခဲ့ရင်လည်း စနစ်တကျ ကုသပေးမယ်ဆိုရင် HIV ဖြစ်ပွားနှုန်း ကျဆင်းသွားမှာပါ” ဟု HIV ကုသရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူ လုပ်သက်ရင့် ဆရာဝန်တဦးက ပြောသည်။
HIV ကူးစက်ခံထားရသူ မနှင်းဆီကမူ အများ ပြည်သူကြားမှာ HIV ၊ AIDA နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာ နည်းပါးနေဆဲဖြစ်ပြီး HIV ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပေါ် ပေါက်နေဆဲဖြစ်ကြောင်း သူ့အတွေ့အကြုံကိုပြောပြ သည်။
“ကျမက နေမကောင်းလို့ အင်းစိန်မြို့နယ်ထဲက ဆရာဝန်မတယောက်ဆီ သွားပြတယ်။ ဆရာဝန်မက ကျမကို ဆေးထိုးမလို့ပြင်နေတုန်း ကျမက HIV ပိုးထိန်းဆေးတွေ သောက်နေရတယ်လို့ ပြောလိုက်တော့ ဒါဆို ရှင့်မှာ HIV ရှိတာပေါ့ဆိုပြီး ကြောက်လန့်တကြားနဲ့ နောက်ကို ခြေ ၂ လှမ်းလောက် ဆုတ်သွားတယ်။ ဆရာဝန်ကတောင် အဲဒီလို ခွဲခြားဆက်ဆံတာတွေ ခံရပါတယ်” ဟု မနှင်းဆီက ပြောသည်။
သူ ယခင်နေထိုင်ခဲ့သည့် ဒေသတွင်လည်း ညဥ့်ငှက်လုပ်ဖူးပြီး HIV ရလာသူဆိုကာ မိမိတင်မက သားသမီးများကိုပါ ခွဲခြားဆက်ဆံခဲ့ကြသဖြင့် တခြားမြို့နယ်သို့ ရွှေ့ပြောင်းကာ ဘဝသစ်စခဲ့ရကြောင်း မနှင်းဆီက ကြေကွဲစွာဆိုသည်။
ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ ရတနာ့မေတ္တာအဖွဲ့မှ ဒေါက်တာစိုးတင့်က “ကျနော်တို့ဆီမှာ ARV ဆေးသောက်နေတဲ့ အမျိုးသမီးတယောက် ဆိုရင်လည်း သူကအဝတ်လျှော်တယ်။ အလုပ်ရှင်တွေက သူ့မှာ HIV ရှိမှန်း သိသွားတဲ့အချိန်မှာ အဝတ်မလျှော်ခိုင်းတော့ပဲ အလုပ်ထုတ်ပစ်တာတွေရှိတယ်” ဟု ပြောပြသည်။
လူမှုပတ်ဝန်းကျင်၏ အထင်သေး ခွဲခြားဆက်ဆံမှုများက HIV ကူးစက်ခံရသူများအတွက် သွေးစစ်မှုခံယူခြင်းနှင့် ဆေးကုသမှုခံယူခြင်းများ ပြုလုပ်ရန် ကြီးမားသည့် အဟန့်အတားတခု ဖြစ်နေကြောင်း HIV၊ AIDS ကုသပေးနေသူ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
“ကျမတို့ Sex Worker တွေက ဒီ HIV ဆိုတာကြီးကို လိုချင်လွန်းလို့ ရခဲ့ကြတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ရလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပတ်ဝန်းကျင်က ဒီလူတွေကို ခွဲခြားပစ်လိုက်တာဟာ သေတွင်းကို ပို့လိုက်သလိုပါပဲ။ တကယ်က HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေ လေ့လာပြီး ကိုယ့်ပတ်ဝန်းကျင်က HIV ကူးစက်ခံရသူတွေကို ဝိုင်းဝန်းဖေးမ ကူညီပေးသင့်ပါတယ်” ဟု မနှင်းဆီက ပြောသည်။
လတ်တလောတွင် မနှင်းဆီ အားသွန်ခွန်စိုက် လုပ်နေသည်က သူနှင့်ဘဝတူ ညဥ့်ငှက်မလေးများ သူ့လိုမျိုး HIV ကူးစက်မခံရစေရန်နှင့် ကူးစက်ခံထား ရလျှင်လည်း ARV ဆေးသောက်နိုင်ရန် လိုက်လံ စည်းရုံးသည့်အလုပ် ဖြစ်သည်။
“သူတို့ (လိင်အလုပ်သမား) တွေ ရှိတတ်တဲ့ ဆိုင်တွေ၊ ကလပ်တွေ၊ လိင်အလုပ်သမား ခေါင်းအိမ် တွေကိုလိုက်ရှာတယ်။ သူတို့နားလည်အောင် ပြောပြပြီး ကလေးတွေကို စည်းရုံးတယ်။ တခါတလေဆို ကျမတို့အိပ်ချင်တယ်၊ အလုပ်ရှုပ်နေတယ်၊ စကားလာမပြောပါနဲ့ဆိုပြီး နှင်လွှတ်တာတွေ ခံရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ ကျမ ကိုယ်တွေ့အဖြစ်အပျက်တွေ ပြောပြပြီး သွေးစစ်ဖို့ စည်းရုံးပါတယ်” ဟု မနှင်းဆီက ပြောပြသည်။
အဆိုပါ ညဥ့်ငှက်မလေးများအား စည်းရုံးပြီး နောက် လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားသော သူ အလုပ်လုပ်နေသည့် MDM စင်တာသို့ ခေါ်ဆောင်လာပြီး အခမဲ့ သွေးစစ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူစေခြင်းတို့ လုပ်ဆောင်စေခဲ့ကြောင်း မနှင်းဆီက ဆိုသည်။
“သွေးစစ်ပြီး HIV ရှိလို့ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ၊ သေချင်လောက်အောင်ဖြစ်သွားတဲ့ ကလေးတွေဆိုရင် ကျမက ပြောပြပါတယ်။ ငါကလည်း နင့်လို Sex Worker လုပ်ခဲ့သူပါ။ HIV ပိုးရှိလို့ ARV ဆေးသောက်ပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ ရပ်တည်ရှင်သန် လှုပ်ရှားနေတာလို့ ဖော်ထုတ်ပြောဆိုပြီး ကိုယ်တွေ့နဲ့ယှဉ်ပြပြီး နှစ်သိမ့်ပေးပါတယ်” ဟု MDM  စင်တာ၏ စည်းရုံးရေးသမားလည်းဖြစ်သည့် မနှင်းဆီက ပြောပြသည်။
မာရီစတုပ်၊ ပြည်ကြီးခင်၊ ဆာရာ၊ ရတနာ့ မေတ္တာ၊ သဇင်၊ TOP၊ MDM၊ Phoenix စသည့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြား တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး HIV နှင့် ပတ်သက်၍ သွေးစစ်လိုသူများကို အခမဲ့ ဝန်ဆောင်မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ ARV ဆေး တိုက်ကျွေးခြင်းနှင့် HIV ကူးစက်ခံရသူများ စုဝေးပြီး မိတ်ဆုံစကား ပြောခြင်း အစီအစဉ်များ ပြုလုပ်ပေးနေကြောင်းသိရ သည်။
HIV နှင့်ပတ်သက်၍ သံသယရှိပါက အဆိုပါ စင်တာများတွင် မည်သူမဆို အခမဲ့သွေးစစ်နိုင်ပြီး သွေးစစ်သူတို့၏ အမည်၊ နေရပ်စသည့် ကိုယ်ရေး အချက်အလက်များနှင့် သွေးစစ်မှုရလဒ်များကို လုံခြုံစွာ လျှို့ဝှက် ထိန်းသိမ်းထားပေးကြောင်း သိရသည်။
“အမျိုးသမီး လိင်လုပ်သားတွေအနေနဲ့ ဒီလိုစင်တာတွေကို ဆက်သွယ်ဖို့ပဲလိုပါတယ်။ စင်တာတွေမှာ လိုအပ်တာတွေအကုန် အခမဲ့ လုပ်ပေးနေပါတယ်။ မဆက်သွယ်တာထက် ဆက်သွယ်တာက သူတို့ဘဝကို ပိုပြီးလုံခြုံအေးချမ်းတဲ့ ဘဝမျိုး ပိုင်ဆိုင်စေမှာပါ” ဟု မနှင်းဆီက ဘဝတူဖြစ်သူများကို အကြံပြုသည်။
မနှင်းဆီကတော့ ဘဝတူ ညဥ့်ငှက်မလေးများကိုလည်း သူ့လိုအခွင့်အရေးမျိုး ရစေလိုသည့် ဆန္ဒဖြင့် သူမကျင်လည်ခဲ့ဖူးသည့် နေရာများစွာကို လျှောက်သွားပြီး ဘဝတူများကို ကူညီပေးနေသည်မှာ ၄ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ရှေ့လျှောက်လည်း ဒီလုပ်ငန်း ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ဘဝတူတွေကို ကျမပြောချင်တာကတော့ အမျိုးသမီး Sex Worker တွေအနေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ ပိုက်ဆံ ဘယ်လောက်ပေးပေး ကွန်ဒုံးမသုံးရင် လက်မခံပါနဲ့။ ချစ်သူရည်းစားဆိုလည်း ကွန်ဒုံးသုံးပါ။ အခမဲ့ ကူညီပေးနေတဲ့ စင်တာတွေကို ဆက်သွယ်ပြီး သွေးစစ်ပါ။ HIV မရှိလည်း ၃ လတကြိမ်စစ်ပါ။ HIV ရှိခဲ့ရင် လည်း စိတ်ဓာတ်ကျစရာမလိုဘဲ ART ဆေးသောက် ပြီး ဘဝကို အကောင်းဆုံးရင်ဆိုင်ပါလို့ သတင်း စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုပါသည်။
 http://burma.irrawaddy.org/article/2014/11/30/67914.html


Saturday, November 29, 2014

ဂျပန် နီဆန်းကားကုမ္ပဏီမှ နောက်ဆုံးပေါ် ကားသစ်နှစ်မျိုး ဈေးကွက်တွင် စတင်ဖြန့်ဖြူး

Written by  နိုင်နိုင်ဇော်

ရန်ကုန် (မဇ္ဈိမ)။ ။ Nissan Motor (ETCM) ကုမ္ပဏီမှ နောက်ဆုံးထွက် Altima နှင့်  X-Trail Model ကားသစ်နှစ်စီးကို မြန်မာ ပြည်ဈေး ကွက်သို့ စတင် ဖြန့်ဖြူးပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။
အမေရိကန်ဒေါ်လာ ခြောက်သောင်း ဝန်းကျင်တန်ကြေးရှိ ယင်းကားမော်ဒယ်သစ် နှစ်စီးကို ဒီဇင်ဘာလ မတိုင်မီဝယ်ယူသူများအတွက် ကန်ဒေါ်လာ ၃၀၀ နှင့် ညီမျှသည့် ကားဆီဖြည့်တင်းပေးခြင်းနှင့် နှစ်နှစ်အခမဲ့ လုပ်အားဝန်ဆောင်မှုနှင့် အပိုပစ္စည်းဝန်ဆောင်မှု များ ပေးအပ်သွားမည်ဟု ယင်းကုမ္ပဏီထုတ်ပြန်ချက်၌ ဖော် ပြထားသည်။
ETCM ၏ Senior Regional Director Dr. Ang Bon Beng က “အခုမိတ်ဆက်တဲ့ ကားတွေကို ဝယ်ယူတဲ့ သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်အောင် ဖန်တီးပေးထားပါတယ်။ ပြည်တွင်းရဲ့ မော်တော်ကားလုပ်ငန်းကြီးထွားမှုနဲ့ လိုအပ်ချက်ကိုလည်း အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှာပါ”ဟု ဆိုသည်။
ကားလိုအပ်ချက်ကြီးမားစွာမြင့်တက်နေသည့် မြန်မာပြည်ဈေးကွက်နှင့် ကိုက်ညီစေရန် Nissan Altima ကို ကန်ဒေါ်လာ ၆၀,၅၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Nissan X-Trail ကို ကန်ဒေါ်လာ ၅၉,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
Mizzima

တစ်ခန်းတည်းသာ ရိုက်ကူး ရသေးသည့် ဗိုလ်ချုပ်ရုပ်ရှင်ကား မှားယွင်းမှုနှင့်ကြုံ

Written by  မြင့်မြင့်စိုး

ရန်ကုန်၊ နိုဝင်ဘာ ၂၈။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ပရိသတ် စိတ်အ၀င်စားဆုံးဖြစ်နိုင်မည့် ဇာတ်ဝင်ခန်း လေးခန်းကို ပရိသတ် များအား အကြို ပြသနိုင် ရန် အောက်တိုဘာလ ၂၁ ရက်က သန်လျင်မြို့တွင် စတင်ရိုက်ကူးခဲ့ရာ ဇာတ်ဝင် ခန်းတွင် ၀တ်ဆင်သည့် အ၀တ်အစား များသည် ၁၉၄၆ ခုနှစ်က ၀တ်ဆင်ခဲ့သည့် အ၀တ်အစား ပုံစံများနှင့် မကိုက်ညီခြင်းကြောင့် ပြန်လည် ရိုက်ကူးရန် စီစဉ် နေသည်ဟု ယင်းဇာတ်ဝင်ခန်းကို ရိုက်ကူးသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။ ယင်းဇာတ်ဝင်ခန်း များကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီက စီစဉ် ရိုက်ကူးခြင်း ဖြစ်သည်။
Bogyoke
ဗိုလ်ချုပ် ရုပ်ရှင်ကားမှ အဓိက ဇာတ်ဆောင် နှစ်ဦး ဖြစ်သည့် ကျော်ကျော်မျိုးနှင့် ဇာခြည်လင်း။
“သန်လျင်မှာ ရိုက်ကူးခဲ့တဲ့ အခန်းပါ။ ဗိုလ်ချုပ် အောင်ဆန်းက ဂျပန်တွေကို တော်လှန်နိုင်ဖို့ မတ်လ ၁၇ ရက် တော်လှန်ရေး ပန်းခြံမှာ မိန့်ခွန်း ပြောဆိုချိန် မတိုင်ခင် ဗိုလ်ချုပ်ရဲ့ ဇနီး ဒေါ်ခင်ကြည်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ဝန်နဲ့ သားနှစ်ဦး တို့ကို ဘေးကင်း နိုင်မယ် ထင်ရတဲ့ ဧရာဝတီ ဘက်ကို တိမ်းရှောင်ခိုင်းတဲ့ ဇာတ်ဝင်ခန်း ရိုက်တော့ ဒေါ်ခင်ကြည် အဖြစ် သရုပ်ဆောင်တဲ့ သူက ကိုယ်ဝန်နဲ့ ဆိုတော့ ဗိုက်ဖုံး အင်္ကျီ ၀တ်ထားတာ။ အဲဒီခေတ် မှာက ဗိုက်ဖုံး အင်္ကျီ မပေါ်သေးဘူး လို့ပြောတယ်။ အဲဒါလေးကို ပြန်ပြင် ရမယ်။ ပြီးတော့ ဗိုလ်ချုပ် အောင်ဆန်း နေရာက သရုပ်ဆောင်တဲ့ ကျော်ကျော် မျိုးဝတ်ထားတဲ့ ပုဆိုးက ခါးပုံစ မထွက်ဘူး။ ဟိုခေတ်က ပုဆိုး ၀တ်ရင် ခါးပုံစ နည်းနည်း ထုတ်ထားတယ်။ အဲဒါလည်း ပြန်ပြင်ရမယ်၊ အဲဒါတွေက အပြင်ကို မပြရ သေးတော့ ပရိသတ်က ထောက်ပြ တာတော့ မဟုတ် ဘူး။ ကျွန်တော်တို့ ဘာသာ ပြန်မြင် တာပါ။ အဲဒါလေး တွေတော့ ပြန်ပြင်ပြီး ဒီဇင်ဘာလ ၄ ရက်မှာ ပြန်ရိုက်မယ်”ဟု ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောသည်။
ကျန်ဇာတ်ဝင်ခန်း သုံးခန်း ဖြစ်သည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံ ခံခဲ့ရသည့် ဇာတ်ဝင်ခန်း၊ နိုင်ငံရေးသမား လုပ်မည် ဆိုပါက စစ်ဝတ် စစ်စားနှင့် မဖြစ်နိုင် ခြင်းကြောင့် စစ်ဝတ် စစ်စားကို ချွတ်ကာ နိုင်ငံရေး သမား စတင် လုပ်ဆောင်သည့် ဇာတ်ဝင်ခန်းနှင့် ရွှေတောင်ဘက်တွင် မတ်လ ၂၇ ရက်မှ စတင်ပြီး တော်လှန်ရေး စတင်ချိန်၌ ဇနီး ဖြစ်သူ ဒေါ်ခင်ကြည် ထည့်ပေး လိုက်သည့် ကလေးအင်္ကျီ လေးများကို ထုတ်ကြည့်ကာ သာမန်လူသား တစ်ယောက် ကဲ့သို့ မိသားစုအား သတိရစိတ် ရှိသည့် ဇာတ်ဝင်ခန်းများ ကိုလည်း ဒီဇင်ဘာလ အတွင်း၌ပင် ဆက်လက် ရိုက်ကူး သွားမည်ဟု ၎င်းက ပြောသည်။
“အတွင်းဝန် ရုံးမှာ ရိုက်ကူးမယ့် ဗိုလ်ချုပ် ကျဆုံးတဲ့ ဇာတ်ဝင်ခန်း အတွက် အခု အဲဒီ အခန်းကို ပြင်ဆင် နေပါတယ်။ ပြီးတော့ အခု အခန်းမှာ လိုအပ်တဲ့ သေနတ် အစစ်တွေ၊ လက်နက်တွေ တိကျ မှန်ကန် ဖို့လည်း ဆောင်ရွက် နေပါတယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ထပ်မံ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားတွင် ဗိုလ်ချုပ် အောင်ဆန်းနေရာမှ သရုပ်ဆောင်မည့် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း  ကျော်ကျော် မျိုးနှင့် ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်မည့် ဇာခြည်လင်းတို့ကို ပီပြင်စွာ သရုပ်ဆောင်နိုင်စေရန် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးဝင် ရုပ်ရှင် ပညာရှင် များက သရုပ်ဆောင် ပညာကို သင်ကြား ပို့ချပေး ခဲ့ကြသည်။ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ညွှန်းကို ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာ ချစ်ဦးညို၊ ဇာတ်ညွှန်းနှင့် စာရေးဆရာ မြမြင့်မိုရ်တို့က ရေးသား ခဲ့ခြင်း ဖြစ်သည်။
ပရိသတ် စိတ်အ၀င်စားဆုံး လေးခန်းကို ရိုက်ကူး ပြီးပါက ပရိသတ် များကို ပြသကာ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား ရိုက်ကူး နိုင်ရန် ရန်ပုံငွေ ရှာဖွေ သွားမည်ဟု မင်းထင်ကိုကိုကြီးက ပြောသည်
Mizzima

ရောင်နီဦး Taxi on call ဝန်ဆောင်မှုအား ကားအစီးရေ ၁၀၀ ကျော်ဖြင့် ဇန်နဝရီစတင်မည်

Written by နိုင်နိုင်ဇော်
မြန်မာနိုင်ငံမှအငှားယဉ် အချို့ကိုတွေ့ရစဉ်
ရန်ကုန်(မဇ္ဈိမ)။ ။ ရောင်နီဦး Taxi on call ဝန်ဆောင်မှုလုပ်ငန်းအား ကားအစီးရေ ၁၃၀ ဖြင့် ၂၀၁၅ ဇန်နဝါရီတွင် စတင်သွား မည်ဖြစ်ကြောင်း ရောင်နီဦး ဆားဗစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။
Taxi ဆားဗစ်ဝန်ဆောင်မှု စတင်ရန် အွန်လိုင်းနှင့် ဖုန်းဝန်ဆောင်မှု လုပ်ငန်းအတွက် call center တည်ထောင်ခြင်း၊ ကိုယ်ပိုင်ဆာဗာ တည်ဆောက်ခြင်း၊ ကားများတွင် မီတာတပ်ဆင်ခြင်းနှင့် GPS system အသုံးပြုနိုင် ရန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ဦးအောင်ဝင်းက “တယ်လီဖုန်းဖြင့် Taxi on call အတွက်စတင်စီစဉ်နေပြီ။ ကားအရေအတွက် ၁၃၀ နဲ့ စမယ်။ on call system ဖြစ်တဲ့ အတွက် ကိုယ်ပိုင်ဆာဗာရှိမှ ပဲရမယ်။ လာမယ့် ဇန်န၀ါရီလောက်ဆိုရင် ၀န်ဆောင်မှု ပေးနိုင်ပါပြီ” ဟု ဆိုသည်။
အဆိုပါဝန်ဆောင်မှုအတွက် ကားမောင်းသူနှင့် ကားအရည်အသွေးပိုင်းအား စိတ်ချမှုရှိအောင်အသေး စိတ်ပြင်ဆင်သွားမည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုလုပ်ငန်းစဉ်တွင်ပါဝင်မည့် ၀န်ထမ်းများ၊ ကားမောင်းသမားများကို customer ဆက်ဆံပုံအပြင် on call ၀န်ဆောင်မှုတွင် လိုက်လျောညီထွေဖြစ်စေရန် လေ့ကျင်ရေး သင်တန်း ၂ လပေးသွားမည် ဖြစ်သည်။
ယင်းဝန်ဆောင်မှုလုပ်ငန်းအောင်မြင်ပါက ကားအစီးရေတိုးချဲ့ခြင်းနှင့်အခြားသောခရီးသွားကုမ္ပဏီများ နှင့်ချိတ်ဆက်ကာ နိုင်ငံခြားသား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရောင်နီဦး ကုမ္ပဏီကပြောသည်။
Taxi on call ၀န်ဆောင်မှုတွင် စီးနင်းသူစိတ်ချမ်းသာမှုနှင့် ငွေကြေးအရသက်သာမှုရှိစေရန် စီစဉ်ထားပြီး အောင်မြင်မှုရှိလာပါက ပြင်ပ တက္ကစီများ ကိုအသင်းဝင်အဖြစ် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမန်နေဂျာက ပြောသည်။
Taxi ကားဝန်ဆောင်မှုအတွက် ကုမ္ပဏီအများစုလုပ်ကိုင်နိုင်ရန်ကားတင်သွင်းမှုများရှိသော်လည်း လက် တွေလုပ်ကိုင်ရန် ငွေကြေးစိုက် ထုတ်မှု မြင်မားခြင်းကြောင့် ယင်းဝန်ဆောင်မှုလုပ်ငန်းများ ရှားပါးနေခြင်းဟုလည်း ဦးအောင်ဝင်းက ထပ်မံပြောဆိုသည်။
ယင်းဝန်ဆောင်မှု လုပ်ငန်းစဉ်တွင် ကားကျပ်တည်းမှုကြောင့် ခရီးသည်အချိန်လင်ဟင်းမှုမရှိစေရန်အ သေးစိတ်အစီစဉ်များကိုပါ ထည့်သွင်းစီစဉ်ထား သည်။
Mizzima

မသင်္ကာမှုနဲ့ ရဲစခန်းမှာ စစ်ဆေးခဲ့သူတဦး သေဆုံးခဲ့ (ရုပ်/သံ)

ကားမှန်ခွဲတယ်လို့ မသင်္ကာမူနဲ့ တာမွေရဲစခန်းက ခေါ်ဆောင်သွားတဲ့ လူတဦး ရဲစခန်းက ပြန်ရောက်လာပြီး တပတ်အတွင်း ဒဏ်ရာတွေနဲ့ သေဆုံးသွားတာကြောင့် မိသားစုက လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားပြီး သက်ဆိုင်သူတွေကို အမူဖွင့်မယ်လို့ ပြောပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။ DVB TV - 29.11.2014

ရွေးကာက်ပွဲတွင် ပြန်အရွေးခံမယ့် လူမင်း

၂၀၁၅ ခုနှစ်တွင် ဇန်န၀ါရီလတွင် ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံမည့် ဥက္ကဋ္ဌ ဦးလူမင်း က ယခင်က ပြန်လည် အရွေးမခံ တော့ဘူးဟု ပြောကြားခဲ့ သော်လည်း အခြေအနေ တစ်ရပ်ကြောင့် ပြန်လည် အရွေးခံခြင်း ဖြစ်ကြောင်း ပြောသည်။

လောလောဆယ်တော့ ရွေးချယ်ခံဖို့ ဖောင်ပြန်တင်လိုက် ရပြီ။ ရွေးချယ်ခံမယ့် လူစာရင်းက ပြည့်မီအောင် မရှိဘူး။ ရွေးချယ်ခံမယ့် လူတွေကြည့် ရင် အားရမှု မရှိဘူး။ အရမ်း အင်အားနည်း နေတော့ ကျွန်တော် ရွေးချယ် မခံတော့ဘူးလို့ ကြေညာထား ပေမယ့် ဖောင်တော့တင် ထားတယ်။ လုံးဝကို အင်အားမရှိလို့ နာယကကြီး ကရော ဒီလောကသားတွေ ကရော ဆက်လုပ်ပေးဖို့ ၀ိုင်းပြီးတော့ တောင်းဆိုကြတာတွေ ရှိတယ်။ ကိုယ်ကတော့ ပြော ပြီးသား စကား တစ်ခုဖြစ်နေတဲ့ အတွက် အရွေးမခံဘူးလို့ ဆုံးဖြတ်ထား တာပါပဲ။ လောလောဆယ်တော့ ရွေးချယ်ခံဖို့ ဖောင်တင်ထားတယ်။ အဲဒီအတွက် ဝေဖန်မှုတွေ ရှိလာ ရင်လည်း မမှုပါဘူး။ ကိုယ့်လောက အတွက်ပဲလေ။
ရွေးချယ်ခံမယ့် လူစာရင်းကို ကြည့်လိုက်တာ ဘယ်လိုမှ လူအင်အား ပြည့်ပြည့်စုံစုံ အားရစရာ မရှိဘူး။ ပိုဆိုးရွားတဲ့ အခြေအနေကြီး တစ်ခု ရောက်သွားမှာ စိုးရိမ်တယ်။ အားဖြည့်တဲ့ အနေနဲ့ ကိုယ်ပြန်တင်ထား တာပါ။ ကျွန်တော် ကတော့ ကိုယ့်ရဲ့ ရိုးသားမှုတွေ ကနေ ခွန်အားတွေရ နေတာပါပဲ။ အဲဒီ ခွန်အားတွေနဲ့ ဆက်လျှောက်မယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူး ဆိုတာ အပေါ်ယံ ကြည့်ရင်တောင် မလွယ်ကူတဲ့ အနေအထားမျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်အတွက် မဟုတ်လို့ပါ။ ကိုယ့်အတွက်ဆို ရောင့်ရဲလို့ ရတယ်။ တစ်လကို တစ်ကားပဲ ရိုက်မယ်။ လောက အတွက်က ပရဟိတ ဆိုတဲ့ အလုပ်တစ်ခုက ပြောတော့ လွယ်တယ်။ လူတွေလည်း လွယ်လွယ်ပြောကြတယ်။ လုပ်တဲ့ နေရာမှာ မလွယ်ပါဘူး။

တအားခက်ခဲပါတယ်။ တကယ်လုပ်တဲ့ သူတွေပဲ သိတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ နေရာမှာလည်း အင်မတန် စိတ်ညစ် စရာတွေ အများကြီးကြုံရ တာပါပဲ။ ဒါပေမဲ့ ဘာလို့ သံယောဇဉ် မပြတ်နိုင်လဲ ဆိုတော့ ကိုယ့်အတွက် မဟုတ်လို့ဘဲ။ကိုယ့်လောက အတွက် လုပ်နေတယ်။ ဒီလောကမှာ ကျင်လည်နေတဲ့ အနှစ် (၂၀) ခရီးမှာလည်း အောင်မြင်မှုတွေ ရတယ်။ ချမ်းသာ ကြွယ်ဝမှုတွေ ရတယ်။ ဒီလောကကို ကျေးဇူး ပြန်ဆပ်ရမယ် ဆိုတဲ့ အသိတရား တစ်ခု ကိုယ့်မှာ ရှိတယ်။ အဲဒီ စိတ်နဲ့ပဲ လုပ်နေတယ်။ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ အရ အရွေးမခံ တော့ဘူးလို့ ပြောခဲ့တယ်။

တကယ်တမ်း ကျတော့ အားရစရာ မရှိလို့ ဒီလို ခေတ်ကာလကြီးမှာ ပိုပြီး ဆိုးရွား သွားမယ့် အခြေအနေကို ပြန်မြင်နေ ရတယ် ဆိုတဲ့ အခါကြတော့ ကိုယ်က ပြန်ပြီးတော့ အားဖြည့်ပေးရ ပြန်ရော အဲဒီလို ဖြစ်သွားတယ်။ ကျွန်တော့်ကို ပြန်လုပ်ဖို့ အကုန်လုံး တောင်းဆိုနေ ကြတယ်။ ကိုယ့်ကို မလိုလားတဲ့ သူတွေလည်း ရှိမှာပါ ဟု လူမင်းက ပြောသည်။ ဥက္ကဋ္ဌ ဦးလူမင်းသည် ယခုနှစ် ရွေးကောက်ပွဲတွင် အရွေးခံမည့် ပုဂ်္ဂိုလ်များ အလွှာစုံ တက်မလာ ခြင်းကြောင့် ပြန်လည် အရွေးခံခြင်း ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲ အတွက် လောကသားများ စိတ်ပါဝင်စားမှု ရှိလာအောင် လှုံ့ဆော်မှု များလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit: messenger
Filed in: Celebrities

အကြွေး ငွေကျပ် ၄၅၀၀၀ တောင်းမရ၍ လူသတ်မှု ဖြစ်ပွား

တန့်ယန်း ၊ ၂၉-၁၁-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ၏ မြောက်ဘက် ၂၅ မိုင်ခန့် အကွာတွင် ရှိသော နမ့်မူဆယ် ကျေးရွာ အနီးတွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီခန့်က လူသတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်မူဆယ် ကျေးရွာ ၊ ရပ်ကွက်(၁)တွင် နေထိုင်သူ အိုက်ဆမ်မိန့် ဆိုသူနှင့် ဇနီးဖြစ်သူ မအေးခမ်း တို့နှစ်ဦးမှာ တောင်ယာမှ ပြန်လာစဉ် နမ့်မူဆယ် ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ စိုဆန်ရွာ သွားလမ်း နမ့်မူဆယ် ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ စိုဆန်ရွာသွား လမ်းမအနီးသို့ ရောက်ရှိချိန် တွင် ချုံအတွင်း၌ စောင့်ဆိုင်း နေသော တစ်ရွာတည်းနေ အိုက်တောင်း (ခ) စိုင်းအောင် ဆိုသူ က ချုံအတွင်းမှ ထွက်လာကာ အသင့် ပါလာသော အရိုးအသွား အရှည် နှစ်ပေခန့်၊ အကျယ် တစ်လက်မခွဲခန့် ရှိ ဓားရှည်ဖြင့် အိုက်ဆမ်မိန့် ကို ခုတ်ခဲ့ရာ ဦးခေါင်း ပတ်လည်တွင် ပြတ်ရှဒဏ်ရာ လေးချက်၊ ဝဲဘက်လက်ဖျံ နှင့် တံတောင်ဆစ် တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ဒူး တံကောက်ခွက် အရိုးထိ ခြောက်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ဘက် ပေါင်တွင်းကြော တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာခြေသလုံး ကြွက်သားတွင် လေးလက်မခန့် ပြတ်ရှဒဏ်ရာ သုံးချက်တို့ဖြင့် အိုက်ဆမ်မိန့် (ဘ) ဦးခင်းကော် မှာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွား ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ အိုက်တောင်း (ခ) စိုင်းအောင် ကို သွားရောက် ဖမ်းဆီး စစ်ဆေးခဲ့ရာ သေဆုံးသူ အိုက်ဆမ်မိန့် ထံမှ ရရန်ရှိသည့် အကြွေး ငွေကျပ် ၄၅ဝဝဝ ကို မပေး သောကြောင့် ယခုကဲ့သို့ သတ်ခြင်း ဖြစ်ကြောင်း ထွက်ဆိုသဖြင့် တရားခံ အိုက်တောင်း (ခ) စိုင်းအောင် (ဘ) ဦးလုံးခမ်း ကို တန့်ယန်းမြို့မ ရဲစခန်းက (ပ)၅၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ - ၃ဝ၂ ဖြင့် အမှုရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_962.html

အခြေခံပညာကျောင်းသားများ ကျောင်းသို့ ဖုန်းယူဆောင်ခွင့် မပြုသော်လည်း ၀ှက်၍ ယူဆောင်မှုများ ရှိနေဆဲ

အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်း သား၊ ကျောင်းသူများကို ကျောင်း တွင်းသို့ လက်ကိုင်ဖုန်းယူဆောင် ခြင်း မပြုရန် တားမြစ်ထားသော် လည်း ကျောင်းသူ၊ ကျောင်းသား များမှာ တယ်လီဖုန်းများ သိုဝှက်၍ ယူဆောင်လာကြခြင်းကြောင့် ရှောင်တခင်စစ်ဆေးနေရကြောင်း သတင်းရရှိသည်။


‘‘ဖုန်းမယူလာရဘူး။ သိမ်း မယ်လို့ ပြောထားတာပဲ။ တစ်လ တစ်ခါလောက် ရှောင်တခင် စစ် ဆေးနေရတယ်။ ဖုန်းတွေ့ရင် မိဘခေါ်တယ်။ ဖုန်းကိုတော့ စာမေးပွဲကြီးပြီးမှ ပြန်ပေးမယ်။ ဖုန်းကိုင်တဲ့သူ နာမည်ရယ်၊ ဖုန်းနံပါတ်ရယ်အတန်းကို မှတ်ထားတယ်’’ဟု အမျိုးသမီးကျောင်းတစ်ခုမှ ဒုတိယကျောင်းအုပ် ဆရာမကြီးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူ များ စာသင်ချိန်တွင် ဖုန်းခေါ်ဆိုပြီး မက်ဆေ့ခ်ျပို့ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်းများကြောင့် ကျောင်းစာအပေါ် စိတ်ဝင်စားမှု လျော့ကျကာ ကျောင်းသားများ၏ စာရိတ္တ ယိမ်းယိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျောင်းသူ၊ ကျောင်းသား များကို မိုဘိုင်းဖုန်းယူဆောင်ခွင့် မပြုဘဲ မိဘများက ကျောင်းသား များကို ဆက်သွယ်လိုလျှင် အ တန်းပိုင်ဆရာမဖုန်း၊ ကျောင်း ရုံးဖုန်းနံပါတ်များကို ပေးထား ကြောင်း အထက(၂)စမ်းချောင်း မှ သတင်းရရှိသည်။

မိုဘိုင်းဖုန်းများ လွယ်ကူ သက်သာစွာ ၀ယ်ယူနိုင်ခြင်းနှင့် ကလေးများ၏ စူးစမ်းလေ့လာလို သော စိတ်များကြောင့် ဖုန်းကိုသို ၀ှက်၍ သယ်ဆောင်လာကြသော ကြောင့် ရှောင်တခင်စစ်ဆေးပါက စာသင်ခန်းတစ်ခုလျှင် ဖုန်း ခြောက်လုံးခန့် ဖမ်းမိလေ့ရှိ ကြောင်း အထက(၂)စမ်းချောင်း မှ သတင်းရရှိသည်။

မိဘများအနေဖြင့် သားသမီးများကို အလိုလိုက်ကာ ဖုန်းဝယ်ပေးခြင်းများ ရှောင်ကြဉ်သင့်ပြီး သင့်လျော်သော အချိန်မှသာ ဖုန်းပေးကိုင်သင့်ကြောင်း ဆရာမများက အကြံပြုသည်။

‘‘(၁၄) နှစ်၊ (၁၅) နှစ်အရွယ် တွေ ခိုးကိုင်နေကြတာ။ ဖုန်းသရဲ တွေကလည်း ရှိသေးတယ်။ မိန်း ကလေးရှင် မိဘတွေကတော့ စိတ်ပူတယ်။ သမီးကျောင်းမှာဆို သိမ်းထားတဲ့ ဖုန်းတွေက ပုံးနဲ့ အပြည့်ရှိတာ မြင်ခဲ့ရတယ်’’ဟု ကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

၂၀၁၄ - ၁၅ ပညာသင် နှစ်တွင် အခြေခံပညာကျောင်း များအတွင်း လက်ကိုင်ဖုန်းကိုင် ဆောင်မှုကို ပညာရေးဝန်ကြီးဌာနက တရားဝင် စာထုတ်ပြန်တားမြစ်ခြင်း မရှိသော်လည်း ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကျောင်းသားများ MP4 ၊ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့်ပိတ်ပင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေး ညွှန်ကြားရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကိုကိုက ပြောသည်။

အလုံမြို့နယ် အထက(၇) တွင် ဖုန်းများ စာသင်ခန်းအတွင်း ယူဆောင်ခွင့် မပြုသော်လည်း ကျောင်းသားနှင့် မိဘဆက်သွယ်နိုင်ရန် ယူဆောင်လာပါက အတန်းပိုင်ဆရာ၊ ဆရာမထံတွင် ခေတ္တအပ်နှံစေပြီး ကျောင်းဆင်း မှ ပြန်ပေးကြောင်း တာဝန်ရှိသူ က မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကို ပြောသည်။

‘‘ကျောင်းသားမိဘနဲ့ တွေ့ဆုံပွဲမှာ ကလေးတွေ ကျောင်းကို ဖုန်းမယူလာရဘူးလို့ မှာထားတယ်။မိဘက ကလေးကို လမ်းခရီးအတွက် စိတ်မချလို့ ဖုန်းနဲ့ ဆက်သွယ်ဖို့ဆိုရင်တော့ အတန်းပိုင်ဆရာမဆီ ဖုန်းအပ်ထားရတယ်။ ကျောင်းဆင်းချိန်ကျမှ ကျောင်းသားကို ဖုန်းပြန်ပေးတယ်’’ ဟု အလုံမြို့နယ် အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမ ကြီးဒေါ်အေးအေးမြင့်က ပြောသည်။

လက်ကိုင်ဖုန်းကိုင်ဆောင် သူ ပိုမိုများပြားလာခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် ကျောင်းစာသင်ချိန်တွင် ဂိမ်းကစားခြင်း၊ ဖုန်းဆက်သွယ် ပြောဆိုခြင်းများကြောင့် ပညာသင် ကြားရာ၌ အနှောင့်အယှက်ဖြစ် စေသည့်အတွက် ယခုပညာသင် နှစ်တွင် စည်းကမ်းပိုမိုတင်းကျပ် ခဲ့ခြင်း ဖြစ်သည်။

အင်းလေးဖောင်တော်ဦးဘုရား ဖောက်ထွင်းသူကို ဖမ်းမိပြီ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်က အင်းလေးဖောင်တော်ဦးဘုရား
ရွှေဆိုင်းဌာနကို ဖောက်ထွင်းခဲ့သူကိုရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။

ဓာတ်ပုံ- ဆလိုင်းသန့်စင်

အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရွှေဆိုင်းဌာနဟာ
နိုဝင်ဘာ ၂၆ ရက်နေ့က ဖောက်ထွင်းခံခဲ့ရပြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေနဲ့
ငွေစက္ကူတွေအပါအ၀င် ကျပ်သိန်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေဆိုင်းဌာနဖောက်ထွင်းခဲ့သူကို
ဖမ်းမိနိုင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့တာ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၁
နာရီမှာ ဖောက်ထွင်းသူကို ဖမ်းဆီးရမိခဲ့တယ်လို့ နန့်ပန်ရဲစခန်းက
တပ်ကြပ်ကြီး ခင်မောင်စီက ဧရာဝတီကို ပြောပါတယ်။

“ဖောက်ထွင်းတဲ့ကောင်လေးနာမည်က ကောင်းကောင်း ဖြစ်ပါတယ်။ မိတ္ထီလာကနေ
အင်းလေးက ဘုရားပွဲကို ဈေးလာရောင်းတဲ့ ၁၂ ပွဲဈေးသည်ပေါ့။ ကျနော်တို့လည်း
အစောပိုင်းကတည်းက သူ့တယောက်ထဲကို မသင်္ကာဖြစ်ထားတာနဲ့ မိတ္ထီလာ ရဲတပ်ဖွဲ့နဲ့
ချိတ်ဆက်ပြီး လှုပ်ရှားခဲ့ရာမှာ မိတ္ထီလာရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီး
ပေးခဲ့တာ ဖြစ်ပါတယ်။ ပါသွားတဲ့ပစ္စည်းတွေလည်း အများကြီးမလျော့ပဲ ပြန်လည်
သိမ်းဆည်းရမိထားပါတယ်”လို့ သူက ပြောပါတယ်။

ဖောက်ထွင်းသူဟာ အင်းလေးဖောင်တော်ဦးဘုရား ရွှေဆိုင်းဌာနရဲ့ သံဗီဒိုကို
သော့တူနဲ့ဖွင့်ပြီး ရွှေ၊ ငွေ၊ ရတနာပစ္စည်းနဲ့ ငွေကြေးတွေကို
ဖောက်ထွင်းသွားခဲ့ပြီး ညောင်ရွှေမြို့ကနေ မိတ္ထီလာမြို့ကို
ပြန်ရောက်တဲ့အချိန်မှာ မိတ္ထိလာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။

“ဒီမှာက သီတင်းကျွတ်ပွဲတော်ပြီးရင် တန်ဆောင်တိုင်ပွဲတော်၊ အင်းသားများ
ဆုံဆည်းရာပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်ဆိုပြီး ပွဲတော်တွေက
ဆက်နေတယ်။ ဒီကောင်လေးက ဒီမှာဈေးရောင်းရင်း ပွဲတော်က မပြတ်ဖြစ်နေတော့
မပြန်ကြဘဲနေရင်းကနေ အခုလို လုပ်သွားတာပေါ့။ ပထမဆုံး သူက အလှူခံနေရာမှာ
ဝင်ရောတယ်။ နောက်တော့ ရွှေဆိုင်းဌာနကို ၀င်ရောပြီး လှုပ်ရှားသွားတာ”လို့
တပ်ကြပ်ကြီး ခင်မောင်စီက ပြောပါတယ်။

ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကျော်ကြားတဲ့ အင်းလေးဖောင်တော်ဦးဘုရားမှာ
အခုဖြစ်သွားတဲ့ ဖောက်ထွင်းမှုဟာ ဘုရားသမိုင်းသက်တမ်းတလျှောက်
ပထမဆုံးဖြစ်ပွားခဲ့တဲ့ ဖောက်ထွင်းမှုဖြစ်ပါတယ်။

ဆလိုင်းသန့်စင်

Friday, November 28, 2014

မြန်မာ တစ်ဦး ထပ်မံအသတ်ခံရ၊ လက်များကို ဖြတ်တောက်ထား


ယမန်နေ့ နံနက် ၂း ၀၀နာရီဝန်းကျင် ပိုင်း ကမလေးရှား ကလန်း ဆင်တိုဆာ KFC ဆိုင်အနီး တွင် မြန်မာ ကုန်ပစည်းများဖြင့် ဖွင့်လစ်ထား သော ဆိုင်အား လူအုပ်စု တစ်စုက တိုက်ခိုက်သဖြင့် ဆိုင်ရှင် ကို အောင်မျိုးဦး သေဆုံးသွားကာ ဆိုင်တွင် အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့  နနံက် ၂နာ၇ီဝန်းကျင်က အမည်မသိလူတစ်စုမှ သက်ဖြစ်ခြင်းဖြစ်ပြီးလက်တစ်ဖတ်ကို ဖြတ်ပစ်ခဲ့ကာ ကိုယ်ခန္ဒာကိုအား လှီးဖြတ်သက်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးသူအမည်မှာ အောင်မျိုးဦး အေးအေးလူလူ နေတတ်သူတစ်ဦးဖြစ်ပြီး၊ လူချစ်လူခင်ပေါများသူဖြစ်သည်ဟုလည်း မြန်မာ အသိုင်းအဝိုင်းများ အရသိရပါသည်။
မည်သည်အကြောင်းကြောင့် တိုက်ခိုက်သည်ကို မသိရဘဲပေမယ့်ယခုအချိန်အထိ မလေး ရှား ရဲမူခင်း သတင်းများတွင်လည်း ဖော်ပြခြင်းမရှိသေကြောင်းဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားဆက် တိုက်အသက်ခံနေရပြီး မူခင်းဖြစ်စဉ်တွင် ဖော်ထုတ်ခဲ့ တာမတွေ့ ရကြောင်း မလေးရှားနားရေးဆောင်ရွက်နေသူ -ကို ---- က ပြောသည်။

သေဆုံးသူသည် အသက် ၄၀ ၀န်းကျင်ရှိကြောင်း မလေးရှားတွင် မြန်မာဆိုင်ဖွင့် ထားကြောင်း နဲ့  ဆိုင်ပိုင်ရှင်ကိုအောင်မျိုးဦးအား လက်များကိုဖြတ်တောက်ခံ ထားရကြောင်း အမည်မဖော်လိုသူ လူငယ်တစ်ဦးမှပြောသည်။

မလေးရှားသက်ဆိုင်ရာရဲများမှလည်းလူသတ်မူအား CCTV များဖြင့် စုံစမ်းဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း ၀ဏ္ဍခွာညို (ရန်ကုန်)
ဓါတ်ပုံ လူ့မူကွန်ယက်

မူးယစ်ကျော်ဇောသတင်းရှိသူ အီစမိုင(် ခ )ခင်ဇော်နေအိမ် ကိုဝင်ရောက်ရှာဖွေ


ယ နေ့မနက် ၃ နာရီ ခွဲ တွင် သုဝဏ္ဏ သင်္ဃန်းကျွန်းမြို့နယ်( က )ရပ်ကွက် စကားဝါလမ်းရှိ မူးယစ်ကျော်ဇောသတင်းရှိသူ အီစမိုင(် ခ )ခင်ဇော်နေအိမ် ကိုဝင်ရောက်ရှဖွောရာ
စိတ်ကြွရူးသွပ်ဆေးပြား ဘိန်းဖြူ ICE ဆေးခြောက် အပါအဝင် အသွားနှစ်ဘက် ပါရဲဒင်းခုနှစ်လက် ငှက်ကြီးတောင် ကင် ဒိုဒါးရှစ်လက်နဲ့ လုံခြုံရေးစောင့်ကြည့်ကင်မရာသုံးလုံးရှာဖွေသိမ်းဆည်းရရှိခဲ့ပြီး
အမှုဖွင့်
အရေးယူထားတယ်လို့ သိရပါတယ်
Author ကိုရွှေဇင် လူမွန်
Kumudra


28 November 2014

မြေငလျင်လှုပ်မှုကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားသုံးဆူ ထီးတော်နှင့်စိန်ဖူးတော်များ မြေခ

စစ်ကိုင်း နိုဝင်ဘာ ၂၈

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ်က ပြင်ဦးလွင် အရှေ့မြောက် ဘက် သုံးမိုင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်လှုပ် သွားသဖြင့် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားများ ဖြစ်သော မရှိခဏဘုရား တွင် စိန်ဖူးတော် မြေခသွားပြီး ဆင်များရှင်ဘုရား အရံစေတီတော် စိန်ဖူးတော် နှင့် လေးကျွန်း မာန်အောင်ဘုရား စိန်ဖူးတော် မြေခ သွားသည်။

မြေငလျင်ဒဏ်ကြောင့် စိန်ဖူးတော်၊ ရွှေထီးတော်များ မြေခပျက်စီးရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွေးမြင့်နိုင်(စစ်ကိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily

သမီးတော်တွေကို ဆုံးမတာ မကြိုက်တဲ့ အာဏာရှင်ကြီး (သမီးတော် ရာဇ၀င် -၁၈)

သမီးတော်တွေကို အာဏာရှင်ကြီးနဲ့ မိဘုရားခေါင်ကြီးက လုံးဝမဆုံးမဘူးဆိုရင် ယုံကြမှာလားဟင်။ တကယ့်အဖြစ်မှန်ပါ။ သမီးတော်တွေကို အာဏာရှင်ကြီးနားက အရေးပါ အရာရောက်တဲ့သူ နှစ်ဦးက ဆုံးမခဲ့ဘူးပါတယ်။ ဒါပေမဲ့ အာဏာရှင်ကြီးက မကြိုက်ပဲ မကြိုက်ကြောင်းလဲ လုပ်ရပ်တွေနဲ့ သက်သေပြခဲ့လို့ ဘယ်သူမှ မဆုံးမခဲ့ရဲပါဘူး။

ပြောရရင် အာဏာရှင်ကြီးမှာ PSO နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က စစ်ဘက် လက်ထောက် ဗိုလ်ချုပ် ရာထူးနဲ့ပါ။ နောက်တစ်ယောက်က စီးပွားရေး သောင်းကျန်းတဲ့ ဗိုလ်မှူးချုပ် တစ်ယောက်ပါ။ စစ်ဘက် လက်ထောက် ဗိုလ်ချုပ် လက်ထဲမှာ သမီးတော်တွေ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး သောင်းကျန်းတဲ့ PSOက သမီးတော်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲဒီဗိုလ်ချုပ်က သမီးတော်တွေကို မလုပ်သင့်ကြောင်း ဆုံးမခဲ့ပါတယ်။ သမီးတော်တွေကလည်း ဘယ်နေမလဲဗျာ။ ချက်ခြင်း သူတို့ဖခမည်းတော်ကို ပြန်တိုင်တာပေါ့။ ခမည်းတော် ဘဘုရားက သူ့သမီးတွေကို ဆုံးမရမလားဆိုပြီး အဲဒီဗိုလ်ချုပ်ကို ရုံးမှာလည်း မျက်နှာချင်းဆိုင်လို့မှ စကားမပြော။ ခရီးထွက်ရင်လည်း မခေါ်၊ သူ့အခန်းထဲကိုလည်း အ၀င်မခံနဲ့ တစ်လလောက် ပစ်ထားလိုက်တယ်။ ဟိုဗိုလ်ချုပ်ခမျာလဲ ခုပဲနှုတ်ထွက်စာ တင်ရမလို၊ ခြေထောက်ပဲ ပြေးဖက်ရမလိုနဲ့ တော်တော့်ကို အနေရခက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီဗိုလ်ချုပ်ဟာ နောက်နောင် သမီးတော်တွေ ဘာပဲလုပ်လုပ် တားမြစ်ရဲခြင်း မရှိတော့ပါဘူး။ ဒါကတော့ အာဏာရှင်ကြီးက မင်းတို့ကောင်တွေ ငါ့သမီးတွေကို ဆုံးမစရာမလိုဘူးဆိုတာ သွယ်ဝိုက် အသိပေးလိုက်တဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

ဒုတိယတစ်ယောက် ကတော့ အခု လွှတ်တော် နာယကကြီး ဖြစ်ပါတယ်။ နာယကကြီး တပ်မတော်မှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်နေချိန်ပေါ့။ ပြင်ဦးလွင်ရဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲနဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဆင်းပွဲတွေက ဧပြီလ သင်္ကြန်နားနီးရင် လုပ်နေကြလည်း ဖြစ်တယ်။ (အခုတော့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲက ဒီဇင်ဘာ ဖြစ်သွားပြီတဲ့)။ နေ့ခင်းဘက်ဆိုပေမဲ့ ပြင်ဦးလွင်က လေအေးလေးတွေ တိုက်နေတယ်။ နေကလည်း သိပ်မပူလေတော့ မြေးတော်လေးက ဘောလုံးကန်ချင်တယ်လို့ ပူဆာတယ်။ ဒီတော့ တပ်မတော် ဧည့်ဂေဟာ ရှေ့က မြက်ခင်းပြင်ထဲကို စစ်တက္ကသိုလ် ဘောလုံးကွင်းက ဂိုးတိုင်ကြီး သယ်လာရတော့တယ်။ ဂိုးတိုင်ကြီး ကလည်း စုတ်ပြတ်သတ်ပြီး သံချေးတွေ တက်နေလေတော့ ချက်ခြင်း ခြောက်တဲ့ဆေးနဲ့ မွမ်းမံရသေးတယ်။

ကဲ..ဂိုးတိုင်လည်း အသင့် ဖြစ်ပါပြီ။ ရှေ့တန်း တိုက်စစ်မှူး မြေးတော်လေးကလည်း အေစီမီလန် ဘောကန်အင်္ကျီနဲ့ ထွက်လာပါပြီ။ ဘယ်သူက ဂိုးဖမ်းမှာလဲ။ ဒါကလည်း ဂိုးဖမ်းချင်သူတွေ ဘယ်လောက်များများ မြေးတော်လေးက ဖမ်းဆိုတဲ့ သူကမှ ဖမ်းရမှာကိုး။ ကံဆိုးသူ မောင်ရှင်ကတော့ ဂိုးသမားအဖြစ် မဲကျသွားပါပြီ။ သူကတော့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးပါပဲ။ ဗိုလ်ချုပ်ကြီးက ဂိုးဖမ်း၊ ဗိုလ်မှူးကြီးများက နောက်ကနေ ဘောလုံးကောက်ပေါ့။ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ အသံတွေကြားတော့ နေ့လယ်ဘက် အိပ်စက် အနားယူနေတဲ့ အာဏာရှင်ကြီးက အိပ်ယာလန့်နိုးသွားတယ်။ ပြူတင်းပေါက်ကနေ အပြင်လှမ်းကြည့်တော့ သူရဲ့မြေး ခြေစွမ်းပြနေတာ မြင်တော့ ဘာတစ်ခွန်းမှ မပြောပဲ အခန်းထဲ ပြန်ဝင်သွားတယ်။ ခဏနေတော့ ဘောလုံးဂိုးသွင်း လေ့ကျင့်မှုကို ခဏရပ်လိုက်တယ်။ မြေးတော်လေးက ဂျူဗင်တပ်အသင်းကို ကလပ် ပြောင်းမှာ ဖြစ်လို့ပါ။ သူအခန်းထဲ ပြန်ဝင်ပြီး ဘောကန်အင်္ကျီလဲနေတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးကို ယတ်ခတ် ပေးသူကပေး၊ ရေတိုက်သူက တိုက်ပေါ့။ မကြာပါဘူး။ ဂျူဗင်တပ် အင်္ကျီနဲ့ မြေးတော်ထွက်လာပြီး တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ ဂိုးသွင်းလေ့ကျင့် ပြန်ပါတယ်။ နောက်ဆုံး မြေးတော်လေးလည်း မော၊ ဂိုးသမား ဗိုလ်ချုပ်ကြီးလဲမော၊ နောက်က ဘောလုံးကောက်ရတဲ့ ဗိုလ်မှူးကြီးတွေလဲမော၊ တောင်စွယ်လဲ နေက၀င်ချိန် ရောက်ကာနီးမှ မြေးတော်လေးရဲ့ ဘောလုံး လေ့ကျင့်ခန်း တစ်ခန်း ရပ်သွားပါတော့တယ်။
ဗိုလ်ချုပ်ကြီး အနေနဲ့ စိတ်ထဲမှာ ဘယ်လိုတွေးနေမလဲ မသိပေမဲ့ အာဏာရှင်ခေတ်မှာ အဲဒီလိုအထိ လုပ်ကိုင်ပေးခဲ့ရတယ်။ ဒါပေမယ့် အဲဒီဗိုလ်ချုပ်ကြီးဟာ ခရီးစဉ်တစ်ခုမှာ သမီးတော်တွေကို ဆုံးမစကား မြွက်ကြားမိလို့ အာဏာရှင်ကြီးရဲ့ ပညာပေးမှု ခံလိုက်ရပါတယ်။ ပုသိမ် ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက အခန်းထဲက ထွက်မလာလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်ပြီး စောင့်နေရပါတယ်။ အာဏာရှင်ကြီးကတော့ ကွမ်းတစ်မြုံ့မြုံ့နဲ့ ခပ်အေးအေးပါပဲ။ အာဏာရှင်ကြီး ကားမှာ ရှေ့ခန်းက လိုက်ရမှာကတော့ ခုနဂိုးသမား ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးက ကားထဲမှာ ထိုင်စောင့်နေရတဲ့ အာဏာရှင်ကြီးကို အားနာလို့ နောက်ကျနေတဲ့ သမီးတော်ကို မြန်မြန်လုပ်သင့်ကြောင်း၊ လူကြီးတွေ ကားပေါ်မှာ စောင့်နေရတာ ကြာပြီဖြစ်ကြောင်း သွားပြောလိုက်ပါတယ်။ အဲဒီလို ပြောတာကို ကားပေါ်ကနေ အာဏာရှင်ကြီးက လှမ်းကြည့်နေတယ်။

အဲဒီလို သမီးတော်ကို ပြောလိုက်တော့ သမီးတော်ကလဲ ဇောင့်ဇောင့်နဲ့ အခန်းထဲက ထွက်ပြီး သူ့ကားပေါ် တက်သွားတယ်။ ယာဉ်တန်းကြီး တစ်ခုလုံး ထွက်ဖို့ အဆင်ပြေသွားပြီပေါ့။ ဒီတော့ ဗိုလ်ချုပ်ကြီးက အာဏာရှင်ကြီးရဲ့ ကားဆီပြန်လာပြီး ရှေ့ခန်းမှာ တက်ဖို့လုပ်တော့ တံခါးကဖွင့် မရဘူး။ ကားတံခါးများ ကျပ်နေသလားဆိုပြီး အတင်းဆွဲပေမဲ့ တံခါးက ပွင့်မလာတဲ့အပြင် အထဲက ဒရိုင်ဘာက မျက်နှာပူလို့ထင်တယ်။ သူ့မျက်နှာကို တစ်ခြားဖက် လွှဲထားတယ်။ ဒီတော့မှ တံခါးကို အတွင်းက တမင်ဂျက်ချထားမှန်း သိလိုက်ရတယ်။ ဗိုလ်ချုပ်ကြီး တစ်ပါး ကားထဲဝင်လို့ မရအောင် အတွင်းထဲကနေ ဘယ်သူဂျက်ချ ရဲသလဲ။ တစ်ယောက်ပဲ ရှိတာပေါ့ဗျာ။ အာဏာရှင်ကြီး ကိုယ်တိုင်ပါပဲ။ သူ့သမီးကိုသွားပြီး ဆုံးမရမလားဆိုပြီး ရွှေဘောတော် မကျလို့ ဗိုလ်ချုပ်ကြီးကို ချက်ခြင်း ပညာပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် သမီးတော်တွေဟာ ဘဘုရားရဲ့ မျက်နှာသာ ပေးမှုတွေ၊ အကာအကွယ် ပေးမှုတွေနဲ့ ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီး အခုလို သမီးတော် ရာဇ၀င်လို့ စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာတာပဲ ဖြစ်ပါတော့တယ်ဗျာ။

လက်စောင်းထက်

မျက်မှန်ကြီး (သို့မဟုတ်) ဗိုလ်မှူးချုပ်တင်ဦး (MI)၏ ဘ၀အတက်နှင့် အကျများ - ကိုရင်မောင်

မြန်မာ့တပ်မတော် သမိုင်းတွင် တပ်မတော် ထောက်လှမ်းရေး အပိုင်းသည် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် အတူ မွေးဖွားလာခဲ့ပါသည်။ ထောက်လှမ်းရေး ဦးကိုင်ဖခင်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ယခင်က တပ်မတော် ထောက်လှမ်းရေး Networkမှာ ကြီးမားကျယ်ပြန့်ခြင်း မရှိပါ။ တပ်ရင်းများတွင် သက်ဆိုင်ရာ တပ်ရင်း၏ ထောက်လှမ်း အရာရှိများက ဦးစီးပြီး မိမိတို့သက်ဆိုင်ရာ နယ်မြေ အတွင်း ရန်သူ့သတင်းများကို အတတ်နိုင်ဆုံး ဖော်ထုတ်ကာ စစ်ဆင်ရေးများကို ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။ အောင်မြင်မှုများ ရှိသကဲ့သို့ ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

တပ်မတော် ထောက်လှမ်းရေး Networkကြီး၏ ပီပီပြင်ပြင် ဖြစ်ပေါ်လာမှုသည် တော်လှန်ရေးကောင်စီ တိုင်းပြည်၏ အာဏာယူပြီးသည့် နောက်တွင် စတင်ကြီးထွားလာခဲ့ပါသည်။ ထိုစဉ်ကာလက တပ်တော် ထောက်လှမ်းရေးမှူးမှာ ဗိုလ်မှူးကြီးလွင် (နှုတ်ခမ်းမွှေး) ဖြစ်ပါသည်။ ၄င်း၏ လက်ထက်တွင် တပ်တော် ထောက်လှမ်းရေးနှင့် ပတ်သက်၍ အစီအစဉ်များ စတင်ချမှတ်ခဲ့ပြီး ပြည်ပနိုင်ငံသို့ သင်တန်းများ သွားရောက် တက်စေခြင်း၊ ခြေလျင်တပ်များမှ အစွမ်းအစရှိသူများကို တပ်မတော် ထောက်လှမ်းရေးသို့ ခေါ်ယူခြင်း၊ အလားတူပင် အခြားအဆင့် တပ်ကြပ်ကြီး၊ တပ်သား အစရှိသူတို့ကိုလည်း ခေါ်ယူမွေးမြူခြင်း သင်တန်းပေးခဲ့ပါသည်။ ထိုစဉ်အခါက တပ်မတော်တွင် သြဇာကြီးခဲ့သော ဗိုလ်မှူးချုပ် မောင်မောင်မှလည်း ထောက်လှမ်းရေးတပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အမေရိကန် အစိုးရ၏ CIA အကူအညီယူရန် ကြိုးစား အားထုတ်ခဲ့ပါသည်။

တပ်မတော် ထောက်လှမ်းရေး ကြီးမားကျယ်ပြန့်လာမှုသည် ဗိုလ်မှူးကြီးလွင်၊ ဗိုလ်မှူးကြီး ချစ်ခင်တို့ နောက်ပိုင်း ညွှန်ကြားရေးမှူး ဖြစ်လာသူ ဗိုလ်မှူးချုပ် တင်ဦးလက်ထက်တွင် ဖြစ်ပါသည်။ ထိုစဉ်က ဗိုလ်မှူးချုပ် တင်ဦးသည် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် ထောက်လှမ်းရေး Networkကြီးအား ဦးစီးပါတော့သည်။ ထိုပုဂ္ဂိုလ်သည် အရည်အချင်းရှိပြီး များစွာလည်း လာဘ်မြင်သူ ဖြစ်ပါသည်။ တော်လှန်ရေး ကောင်စီ လက်ထက်တွင် အထူးစုံစမ်းရေး ဦးစီးဌာနကို ကိုင်တွယ်ပြီး တစ်နိုင်ငံလုံးရှိ စီးပွားရေး သောင်းကျန်းသူများကို ဇူဇကာ စစ်ဆင်ရေးဖြင့် ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာအေး ဘုရားလမ်းရှိ နေအိမ်၏ မီးဖိုချောင်တွင် မိခင်အရင်းကို သတ်ဖြတ်ပြီး အင်္ဂတေလောင်းကာ မြှုပ်ခဲ့သော ထွန်းမြင့်ကြူ၏ အမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသာ ရှိသေးပါက ယခုတိုင် မဖော်ထုတ်နိုင်သေးသော ငါးလောင်းပြိုင် လူသတ်မှုကြီးပင် ပေါ်ပေါက်နိုင်ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသည် ဗိုလ်ချုပ်ကြီး နေ၀င်း၏ မွေးစားသားပင် ဖြစ်ပါသည်။ ၄င်း၏ ဇာတ်လမ်းမှာလည်း ဟောလီးဝုဒ် ရုပ်ရှင်လောကမှ ရိုက်ကူးတင်ဆက်ခဲ့သော Saving Private Ryan ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေး ကာလတွင် ဗိုလ်မှူးချုပ် တင်ဦး၏ အစ်ကို နှစ်ဦးသည် တိုင်းပြည် လွတ်လပ်ရေး အတွက် အသက်ပေးလှူခဲ့ရသောကြောင့် တပ်ထဲတွင် ကျန်ရှိခဲ့သော ၄င်း၏သား ဗိုလ်တင်ဦးကို စောင့်ရှောက်ပါရန် မိခင်ဖြစ်သူမှ ကာကွယ်ရေး ဦးစီးချုပ်ထံသို့ စာရေး အကူအညီ တောင်းခံခဲ့သည့် အတွက် ဗိုလ်ချုပ်ကြီး နေ၀င်းမှ ၄င်းအား သူ့အနီးသို့ ခေါ်ယူထားကြောင်း ဆရာသမားများ၏ ပြောပြချက်အရ သိရသည်။ ဗိုလ်ချုပ်ကြီး နေ၀င်း၏ အနီးကပ် သွန်သင်မှု၊ CIA သင်တန်းကို ဆိုင်ပန်တွင်လည်းကောင်း၊ English Military Police Trainingကို အင်္ဂလန်တွင်လည်းကောင်း သွားရောက်တက်ခဲ့ပြီး ဗိုလ်မှူးချုပ် တင်ဦးသည် ထောက်လှမ်းရေး Networkကြီးကို စနစ်တကျ တည်ဆောက်ခဲ့ပါတော့သည်။ ၄င်း၏ လက်ရွေးစင် တပ်မှူးများဖြစ်ကြသော ဗိုလ်မှူးကြီး အောင်ဌေး၊ ဗိုလ်မှူးကြီး ကျော်ဒွန်း၊ ဗိုလ်မှူးကြီး အောင်လွင် (ကွယ်လွန်)၊ ဗိုလ်မှူးကြီး သိန်းအောင် (NIB)၊ ဒုဗိုလ်မှူးကြီး ခင်ထွန်း(စစစညွှန်ချုပ်)၊ ဗိုလ်မှူးကြီး ကံညွန့် (ကကလှမ်း ညွှန်မှူးဟောင်း)၊ ဗိုလ်မှူးကြီး ဘိုနီ(ပြည်ထဲရေး ၀န်ကြီးဟောင်း(ကွယ်လွန်)၊ ဗိုလ်မှူးစိုးမြင့် (သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး ၀င်းအောင်(နိုင်ငံခြားရေး ၀န်ကြီးဟောင်း-ကွယ်လွန်)၊ ဦးစောထွန်း (၀န်ကြီးဟောင်း)စသည်တို့မှာ ၄င်း၏ထင်ရှားသော တပည့်များ ဖြစ်ပါသည်။

အလားတူပင် ဗိုလ်မှူးချုပ် တင်ဦးကဲ့သို့ ထူးချွန်သူတစ်ဦးမှာ ဒုဗိုလ်မှူးကြီး လေးမောင် (နိုင်ငံခြားရေး ၀န်ကြီးဟောင်း-ကွယ်လွန်) ဖြစ်ပါသည်။ ဦးလေးမောင်သည် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဆွစ်ဇာလန်နိုင်ငံတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၇၄ခုနှစ် နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ အမျိုးသား ထောက်လှမ်းရေးတွင် ပါဝင်ခဲ့ပါသည်။

ဗိုလ်မှူးချုပ်တင်ဦး ဦးဆောင်သည့် (ကကလှမ်း) တပ်ဖွဲ့ဝင်များသည် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းတင် ဦးစီးကွပ်ကဲခဲ့သော ထော်ပိုင်စစ်ဆင်ရေးတွင် လည်းကောင်း၊ တပ်မ(၇၇/၈၈)တို့ ဦးစီးပြီး ပဲခူးရိုးမ ဗကပ စခန်းများကို ဖြိုဖျက်တိုက်ခိုက် ချေမှုန်းခဲ့ရာတွင် ပါဝင်ခဲ့ပါသည်။ ထောက်လှမ်းရေး သတင်းများကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ပါသည်။ ရန်သူ့သတင်းများကို အတိအလင်း ထောက်လှမ်းနိုင်သောကြောင့် နောက်ဆုံးတွင် မြန်မာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် သန်းထွန်း၊ စစ်ရေးခေါင်းဆောင် ဗိုလ်ဇေယျ၊ သခင်ဇင်၊ သခင်ချစ်စသော ခေါင်းဆောင်များ အားလုံး ကျဆုံးပြီး ပဲခူးရိုးမသည် ဗကပတို့၏ နှစ်ပေါင်းများစွာ လွှမ်းမိုးမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးမှာလည်း ၁၉၇၄နောက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာသော ကာလတွင် နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ၏ စစ်ဖက်လက်ထောက် အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရပြီး သြဇာအာဏာ ကြီးမားလာခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦး၏ သြဇာအာဏာ ကြီးမားလာမှုသည် ၄င်း၏ဘ၀ ကျဆုံးမှုအတွက်ကိုလည်း စတင် အခြေခံသည်ဟု ပြော၍ ရပါသည်။ လောကတွင် အကျိုးတရားများသည် အကြောင်းတရားများကို မှီပြီး ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထို့အတူ ပျက်စီးမှု၊ ကျဆုံးမှု၊ ဆုံးရှုံးမှုများသည်လည်း ယင်းအကြောင်းတရားများမှပင် အခြေခံကြောင်း လောကနိယာမ အရ သိရှိကြမည် ဖြစ်ပါသည်။ တောင့်တင်းကြံ့ခိုင်ပြီး အလွန်စနစ်ကျစွာဖြင့် ဖွဲ့စည်းထားသော ထောက်လှမ်းရေး တပ်ဖွဲ့ သြဇာအာဏာသည် ထိုစဉ်ကာလ အစိုးရ အဖွဲ့အစည်းများ အတွင်းမှာပင် စတင်ကာ ခြိမ်းခြောက်လာပါတော့သည်။ တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ၀န်ကြီးချုပ်ဟောင်း ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပတ်သက်သူ မိသားစု တော်တော်များများသည်လည်း ၀န်ထမ်းဖြစ်ပါက အလုပ်ပြုတ်ခြင်း၊ ဖမ်းဆီး ထိန်းသိမ်းထားခြင်းတို့ကို ခံရပါသည်။

ယင်းတို့တွင် နာမည်ကြီးသူများမှာ ဒေါက်တာဘမော်၏ မိသားစု၊ ရဲဘော်သုံးကျိပ် ဗိုလ်ရန်နိုင်၏ မိသားစုဝင်များ၊ ICS ချမ်းသာ၏ မိသားစုဝင်များ၊ ထားဝယ်ဘက်ရှိ ၀န်ကြီးချုပ် ဦးဗဆွေ၏ အမျိုးများ အစရှိသည်တို့ ပါဝင်ကြပါသည်။ တော်လှန်ရေး ကောင်စီကို ဆန့်ကျင်သော နိုင်ငံရေးအဖွဲ့များသည် ဖမ်းဆီး နှိပ်ကွပ်ခြင်းကို ခံရပါသည်။ စစ်အာဏာရှင် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နိုင်ငံရေး ပြိုင်ဘက်များအား ဖမ်းဆီးနှိပ်ကွပ်မှုများသည် ယခင် ဗိုလ်ချုပ်တင်ဦး လုပ်ခဲ့သော လုပ်ရပ်များ၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ မူလအခြေခံသည် ဗိုလ်မှူးချုပ် တင်ဦး လက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ၏ စစ်ဖက်လက်ထောက် အဖြစ် အာဏာကြီးထားရသော ဗိုလ်မှူးချုပ် တင်ဦးသည် ၁၉၇၇ ခုနှစ် တတိယအကြိမ် မြန်မာ့ဆိုရှယ်လစ် လမ်စဉ်ပါတီ၏ ညီလာခံတွင် ပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာပြီးနောက် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီ၏ ညီလာ ခံတွင် ပါတီတွင်းပြဿနာများ ပေါ်ပေါက်လာပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် တိုးမြှင့်ခန့်အပ်ထားခြင်း ခံရသောကြောင့် ပါတီကောင်စီများတွင်လည်း သြဇာအာဏာ သက်ရောက်မှု ရှိလာပါသည်။

ထို့အပြင် ၀န်ကြီးအဖွဲ့၊ တရားသူကြီးအဖွဲ့၊ လုပ်ငန်းစစ်ဆေးအဖွဲ့ စသည်တို့မှာလည်း ပါတီ၏ ဦးဆောင်မှုကို ခံယူရသောကြောင့် အဖွဲ့အစည်း အားလုံးသည် ဗိုလ်မှူးချုပ် တင်ဦးအား ကျိုးနွံကြရပါတော့သည်။ ဗိုလ်မှူးချုပ် တင်ဦးသည် အရပ်ဘက် အဖွဲ့အစည်းများတွင် ၄င်း၏ အမာခံ တပ်မှူးများကို ဌာနဆိုင်ရာ အကြီးအကဲများဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း စတင်ပြီး တာဝန်ပေးအပ်ပါတော့သည်။ ထိုစဉ်က အရေးကြီးသည့် ဌာနများ ဖြစ်ကြသော နိုင်ငံခြားရေး၊ သစ်လုပ်ငန်း၊ ပြည်တွင်းအခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ သတင်းတပ်အဖွဲ့၊ အထူးစုံစမ်းစစ်ဆေးဌာန အစရှိသော ဌာနအသီးသီးတွင် ထောက်လှမ်းရေး အရာရှိများ ရောက်ကုန်ကြပါတော့သည်။

ထိုကာလမှစပြီး ဗိုလ်မှူးချုပ် တင်ဦးသည် မြန်မာ့နိုင်ငံရေး လောကတွင် (နံပါတ်တစ်နှင့် နှစ်ကြားမှ ပုဂ္ဂိုလ်)ဟု အာဏာပိုင် အဖွဲ့အစည်းများ၏ သတ်မှတ်ခြင်း ခံရပါတော့သည်။

ဗိုလ်မှူးချုပ် တင်ဦးသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၀ီရိယရှိပြီး ဇွဲကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ထောက်လှမ်းရေး ဘက်တွင်လည်းကောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဘက်တွင် လည်းကောင်း နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့ပါသည်။ သို့သော် သူမေ့နေသော အရာမှာ ဦးနေ၀င်း ဖြစ်ပါသည်။ ဦးနေ၀င်းသည် အလွန်ပါးနပ်ပြီး ပရိယာယ်ကြွယ်သူ ဖြစ်သောကြောင့် ဗိုလ်မှူးချုပ် တင်ဦး၏ ခြေလှမ်းများကို ရိပ်စားမိလာပါတော့သည်။ မှတ်မိသော အကြောင်းအရာ တစ်ခုမှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဖြစ်သော ဦးဘိုနီသည် ၄င်း၏ အင်္ဂလန် ခရီးစဉ်တွင် ရွှေဘုံသာလမ်းမှ ရွှေသူဌေး၊ ဦးသိန်းမြင့် (ရွှေငါး)၊ ဇနီးဒေါ်သိန်းတင်အား ၄င်းနှင့်အတူ ခေါ်သွားခြင်း ဖြစ်ပါသည်။

ထို့အပြင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ချင်ချောင်း နန်းတော်အား ဟိုတယ် အဖြစ်သို့ ပြောင်းရန် ၄င်းမှ စီစဉ်ခဲ့ရာမှ ဦးနေ၀င်းမှ မသိရှိဘဲ စီစဉ်ခြင်း၊ နောက်အကြောင်းပြချက် တစ်ခုမှာ ၄င်း၏သား မင်္ဂလာဆောင် အပြီးတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်စေခြင်း၊ ထို့အပြင် စီမံရေးရာ ကိစ္စရပ် တော်တော်များများတွင် ဥက္ကဋ္ဌ မသိဘဲ လုပ်ဆောင်ထားခြင်းတို့ ဖြစ်ပါသည်။ တစ်နှစ်သော နွေရာသီ ခရီးစဉ်တွင် ဥက္ကဋ္ဌ ဦးနေ၀င်းသည် ပြင်ဦးလွင်မြို့သို့ သွားရောက် အနားယူစဉ် ၄င်းနှင့် အတူပါလာသော ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင်၊ ဒေါက်တာ မောင်မောင် အစရှိသော ပုဂ္ဂိုလ်တို့နှင့် ပြန်လည်ပြောပြရာမှ အထက်ဖော်ပြပါ ကိစ္စရပ်များ ပေါ်ပေါက် လာခဲ့ပါသည်။

အချို့သော ကိစ္စရပ် တော်တော်များများသည် ဦးနေ၀င်း မသိသောကြောင့် ၄င်း၏လူများအား အပြစ်တင်ရာတွင် ၄င်းတို့မှလည်း ဗိုလ်ချုပ် သိပြီးပြီ ထင်သောကြောင့် မတင်ပြကြောင်း ပြောပါသည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ၄င်းပြင်ဦးလွင်မှ အပြန်တွင် ADလမ်းရှိ ၄င်း၏ရုံးခန်းသို့ နိုင်ငံတော် ကောင်စီဝင်များကို အစည်းအဝေး ဖိတ်ကြားပြီး ဗိုလ်မှူးချုပ် တင်ဦးအား ခေါ်ယူဆူပူခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှူးချုပ်တင်ဦးသည် ထောက်လှမ်းရေးကို မကိုင်တော့သော်လည်း ကိုဘိုနီအတွက် ကျွန်တော့်မှ တာဝန်ရှိပါတယ်။ ကျွန်တော် နုတ်ထွက်ပါတယ်ဟု ပြောကာ နုတ်ထွက်စာ တင်လိုက်တော့သည်။

ဤသို့ဖြင့် တော်လှန်ရေး ကောင်စီ လက်ထက်မှစပြီး ၁၉၈၂ ခုနှစ် ၀န်းကျင်လောက်ထိ တန်ခိုးကြီးထွား လာခဲ့သော ဗိုလ်မှူးချုပ် တင်ဦးသည် နောက်ဆုံးတွင် ဦးနေ၀င်း၏ စတေးခြင်းကို ခံလိုက်ရပါတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဦးနေ၀င်းသည် အာဏာရှင် ပီသစွာဖြင့် နောက်ဆုံးတွင် သူ၏ ပင်ကိုယ်စရိုက်ကို ထုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးဗဆွေ ပြောသော စကားတစ်ခွန်းကို မှတ်မိပါသည်။ ၄င်းမှာ ဗိုလ်နေ၀င်းသည် မြင်းသမား တစ်ယောက် ဖြစ်သောကြောင့် မြင်းကို ခဲထိုးရာတွင် အလွန်ကျွမ်းကျင် လိမ္မာစွာ တွက်တတ်ပါသည်။ သူ၏တပည့်တပန်းများကို လည်းကောင်း သူ၏ နိုင်ငံရေး ပြိုင်ဘက် အားလုံးကို လည်းကောင်း ဤပညာဖြင့် သူသည် အနိုင်ယူခဲ့ပါသည်။

ဗိုလ်မှူးချုပ် တင်ဦးသည် နုတ်ထွက်သွားရုံ သာမက နောက်ပိုင်းတွင် သူအပါအ၀င် သူနဲ့ ပတ်သက်သောသူ တော်တော်များများမှာလည်း ထောင်သွင်း အကျဉ်းချထားခြင်း ခံရပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသည် တန်ခိုးသြဇာ ကြီးမားခဲ့သော်လည်း လာဘ်လာဘ ကင်းသူ ဖြစ်ပါသည်။ ၄င်းလက်ထက်တွင် အမေရိကန် အစိုးရမှ ထောက်ပံ့သော ပျားဂေဟာ စီမံကိန်း၊ မွေးမြူရေးနှင့် ပတ်သက်သော စီမံကိန်း အစရှိသော ငွေများနှင့်လည်း ကင်းရှင်းခဲ့ပါသည်။ သူ့တွင် ကိုယ်ပိုင်အိမ် မရှိခဲ့ပါ။ ယခင် သူနေခဲ့သော ADလမ်း အစိုးရအိမ်မှ ဖယ်ရှားခံရပြီး စမ်းရေတွင်းလမ်းရှိ ဆောက်လုပ်ရေးပိုင် အိမ်တစ်လုံးကို ထိုစဉ်က တန်းဖိုးငွေ တစ်လ(၁၅၀)ကျပ်ဖြင့် ငှားရမ်းနေခဲ့ရသည်။ ဗိုလ်မှူးချုပ်ကြီး စောမောင်တက်လာမှ သူ့ကို အင်းယားမြိုင်တွင် မြေတစ်ကွက် ပေးခဲ့ပါသည်။

ဗိုလ်မှူးချုပ်တင်ဦး ကွယ်လွန်သောအခါတွင် ဦးနေ၀င်း ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ရင်ဘတ်တွင် နိုင်ငံတော် တံဆိပ်ကို ထိုးပေးခဲ့သည်ကို မှတ်မိပါသည်။ ထောက်လှမ်းရေး Networkကြီး ပျက်ပြီးနောက် တောင်ကိုရီးယား သမ္မတ ချန်ထူးဝမ် လာသောအခါတွင် အာဇာနည် ကုန်းကြီးကို မြောက်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့မှ တောင်ကိုရီးယား အစိုးရ တစ်ဖွဲ့လုံးကို ဗုံးခွဲ လုပ်ကြံခဲ့သည်ကို မှတ်မိပါသည်။

ဤရလဒ်မှာ ထောက်လှမ်းရေး အဖွဲ့ အားနည်းချက်ကြောင့် ဖြစ်ကြောင်းကို မည်သူမှ မငြင်းနိုင်ပါ။ ၄င်းကိစ္စရပ် အတွက် ထိုစဉ်က ကကလှမ်းညွှန်မှူး ဗိုလ်မှူးကြီး အောင်ကိုးမှာ ဖယ်ရှားခြင်းခံရသည်။ သူ၏နေရာတွင် ဗိုလ်မှူးကြီး ခင်ညွန့်ကို အစားထိုး ခန့်အပ်ခဲ့ပါသည်။ လောကပါလ တရားနှင့် ကြည့်ပါက ဘယ်အရာမှ မမြဲပါ။ နောက်ဆုံးတွင် အားလုံးသည် သေရမည် ဖြစ်ပါသည်။

ကိုရင်မောင်

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး သမ္မတ ပယ်ချ


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဟာ လောလောဆယ် မဖြစ်နိုင် သေးကြောင်း နိုင်ငံတော် သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။ နိုင်ငံတော် သမ္မတဖက်က အဖွဲ့အစည်းပေါ် အခြေခံပြီး တွေ့ဆုံဖို့ကို လိုလားတာဖြစ်ပါတယ်။ ၆ပွင့်ဆိုင် ဆွေးနွေးပွဲ အတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရ တဲ့ ဒေါက်တာအေးမောင် ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းကို ကျော်လွန်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့အပေါ် အလေးအနက် ထားသင့်တယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီပြုပြင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ဒီလ ၂၅ရက်နေ့ အရေးကြီးအဆိုတင်သွင်းပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်း စုကြည် ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် တဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လောလောဆည် မဖြစ်နိုင်သေးဘူးလို့ အခုလို ပြောပါတယ်။

"လောလောဆယ်တော့ မဖြစ်နိုင်သေးပါဗျာ။ ဒီဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ တဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။

ပထမ အောက်တိုဘာ ၃၁တုန်းက လုပ်ခဲ့တုန်းက ကျနော်တို့ အဖွဲ့ကြီးငါးဖွဲ့ပေါ့။ ဆိုတော့ အဖွဲ့ကြီးငါးဖွဲ့မှာ နိုင်ငံရေးပါတီ အစုအဖွဲ့မှာဆိုရင် လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပါတီတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ ပဏာမ ဆွေးနွေးခဲ့တာပေါ့။ အခုကျတော့ နိုင်ငံရေးပါတီတွေဘက်က တစ်ယောက်ပဲ ရှိမယ်ဆိုတဲ့ သဘောဖြစ်နေတာရှိတယ်။ ဒီလိုမျိုးတွေ ကွာခြားချက်တွေ ရှိတာပေါ့။

နောက်ပြီးတော့ တိုင်းရင်းသားတွေမှာဆိုရင်လည်း မနေ့က သမ္မတကြီးနဲ့တွေ့တဲ့ အချိန်မှာ တိုင်းရင်းသားတွေဘက်ကလည်း ပိုပြီးတော့မှ သူတို့ဘက်က များများပါချင်တဲ့ သဘောထားတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ကျနော်ပြောတာပါ။"

လွန်ခဲ့တဲ့ အောက်တိုဘာလကုန်တုံးကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင် ဆိုတဲ့ အစုအဖွဲ့ ၅ဖွဲ့ အပေါ် အခြေခံပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလကုန်တွေ့ဆုံပြီးနောက်မှာ မကြာခင် ဒီလိုဆွေးနွေးပွဲမျိုး ထပ်မံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ အခု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှာတော့ ဒီဆွေးနွေးပွဲ မျိုး နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ခက်ခဲသွားကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရတဲ့ ဒေါက်တာအေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆိုတဲ့အချက်ကြီးကို ကျော်လွှားမယ့် နည်းလမ်းကို တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ ဖြေရှင်းလိုတယ်။ အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြချက် အပေါ်မှာ အလေးအနက်ထား စဉ်းစားစေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးသော မဏ္ဍိုင်သည် ကျနော်တို့ရဲ့ ဥပဒေပြုမှု မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တစ်ဆို့မှုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျနော်တို့ရဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့မြင်ကွင်းကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့တော့ ဖွဲ့စည်းပုံတစ်ဆို့မှု ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက် လို့ ပြင်ဆင်နေကြတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ပါလီမန် ကနေ တပြိုင်နက် တောင်းဆို တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားဖို့ တာဝန်သည် နိုင်ငံတော် အကြီးအကဲမှာ ရှိပါတယ်။"

ပြည်ထောင်စု လွှတ်တော်က တင်ပြတဲ့ ၆ပွင့်ဆိုင်သဘောတရားဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ၂ရပ်၊ တပ်မတော်၊ အဓိက အင်အားကြီး အတိုက်အခံပါတီနဲ့ တိုင်းရင်းသားအင်အားစုကို ကိုယ်စားပြုတာဖြစ် တယ်လို့လည်း ဒေါက်တာအေးမောင်က တင်ပြပါတယ်။ တကယ်လို့ ၆ပွင့်ဆိုင်တွေ့ဆုံမယ် ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

"ဥပဒေပြုမဏ္ဍိုင်ရဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းတွေကို ဖော်ပြတဲ့ သဝဏ်လွှာ တခု ရောက်သွားရင် သမ္မတကြီး တာဝန် လုံးလုံးလျားလျား ဖြစ်သွားပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ကလည်း ကျိုးကြောင်းခိုင်လုံစွာနဲ့ လက်ခံလာနိုင်ပါလိ့မ် မယ်။ ခြောက်ပွင့်ဆိုင် ဆိုတဲ့ ကဏ္ဍကို တင်ခြင်းသည် အားလုံးရဲ့ ထွက်ပေါက်တခုဖြစ်တယ်။ ပြည်ထောင်စုရဲ့ ထွက်ပေါက်၊ ဖွဲ့စည်းပုံရပ်တည်ရေးရဲ့ ထွက်ပေါက် ဆိုတာကို ကျနော်တို့လည်း ဒီလိုပဲ ခံယူပါတယ်။ အောင်မြင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ချဉ်းကပ်မှုလို့ နားလည်ပါတယ်။ ကျနော်တို့လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင် သမိုင်းတွင်မယ့် ဖွဲ့စည်းပုံ တခုကို ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။"

လောလောဆယ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားကို ထုတ်ပြန်တာမရှိသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ပြန်လှန်သုံးသပ်ဆွေးနွေးထားပြီး နောက် တကြိမ်ကျင်းပမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းကို တင်သွင်းဖို့ရှိနေပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/president-deny-six-parties-talk/2537990.html