တန့်ယန်း ၊ ၂၉-၁၁-၂၀၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ၏ မြောက်ဘက် ၂၅ မိုင်ခန့်
အကွာတွင် ရှိသော နမ့်မူဆယ် ကျေးရွာ အနီးတွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၅
နာရီခန့်က လူသတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နမ့်မူဆယ် ကျေးရွာ ၊ ရပ်ကွက်(၁)တွင် နေထိုင်သူ အိုက်ဆမ်မိန့်
ဆိုသူနှင့် ဇနီးဖြစ်သူ မအေးခမ်း တို့နှစ်ဦးမှာ တောင်ယာမှ ပြန်လာစဉ်
နမ့်မူဆယ် ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ စိုဆန်ရွာ
သွားလမ်း နမ့်မူဆယ် ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ
စိုဆန်ရွာသွား လမ်းမအနီးသို့ ရောက်ရှိချိန် တွင် ချုံအတွင်း၌ စောင့်ဆိုင်း
နေသော တစ်ရွာတည်းနေ အိုက်တောင်း (ခ) စိုင်းအောင် ဆိုသူ က ချုံအတွင်းမှ
ထွက်လာကာ အသင့် ပါလာသော အရိုးအသွား အရှည် နှစ်ပေခန့်၊ အကျယ် တစ်လက်မခွဲခန့်
ရှိ ဓားရှည်ဖြင့် အိုက်ဆမ်မိန့် ကို ခုတ်ခဲ့ရာ ဦးခေါင်း ပတ်လည်တွင်
ပြတ်ရှဒဏ်ရာ လေးချက်၊ ဝဲဘက်လက်ဖျံ နှင့် တံတောင်ဆစ် တွင် နှစ်လက်မခန့်
ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ဒူး တံကောက်ခွက် အရိုးထိ ခြောက်လက်မခန့်
ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ဘက် ပေါင်တွင်းကြော တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ
တစ်ချက်၊ ညာခြေသလုံး ကြွက်သားတွင် လေးလက်မခန့် ပြတ်ရှဒဏ်ရာ
သုံးချက်တို့ဖြင့် အိုက်ဆမ်မိန့် (ဘ) ဦးခင်းကော် မှာ အခင်းဖြစ်
နေရာတွင်ပင် သေဆုံးသွား ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ အိုက်တောင်း (ခ) စိုင်းအောင် ကို
သွားရောက် ဖမ်းဆီး စစ်ဆေးခဲ့ရာ သေဆုံးသူ အိုက်ဆမ်မိန့် ထံမှ ရရန်ရှိသည့်
အကြွေး ငွေကျပ် ၄၅ဝဝဝ ကို မပေး သောကြောင့် ယခုကဲ့သို့ သတ်ခြင်း ဖြစ်ကြောင်း
ထွက်ဆိုသဖြင့် တရားခံ အိုက်တောင်း (ခ) စိုင်းအောင် (ဘ) ဦးလုံးခမ်း ကို
တန့်ယန်းမြို့မ ရဲစခန်းက (ပ)၅၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ - ၃ဝ၂ ဖြင့် အမှုရေးဖွင့်
စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_962.html
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 29, 2014
အကြွေး ငွေကျပ် ၄၅၀၀၀ တောင်းမရ၍ လူသတ်မှု ဖြစ်ပွား
အကြွေး ငွေကျပ် ၄၅၀၀၀ တောင်းမရ၍ လူသတ်မှု ဖြစ်ပွား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment