ရန်ကုန် နိုဝင်ဘာ ၃ဝ
လူတန်းစား အလွှာပေါင်းစုံ အသုံး ပြုလျက်ရှိသော မြို့တွင်းသွား ခရီးသည်တင်
ဘတ်စ်ကားများအား သတ်မှတ်မျဉ်းဝါအတွင်းမှ မောင်းနှင် ကြရန် လွန်ခဲ့သော
နိုဝင်ဘာလဆန်း ပိုင်းက စည်းကမ်းများ သတ်မှတ် ပေးခဲ့သော်လည်း
စည်းကမ်းလိုက်နာမှု ရာနှုန်းပြည့် မရှိခဲ့သဖြင့် မြို့တွင်းသွား
ယာဉ်ကြောကျပ်တည်းမှု သိသိ သာသာလျော့နည်း သက်သာလာစေ ရန်အတွက်
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ခရီးသည် သီးခြားဘတ်စ်ကား
ယာဉ်လိုင်း တစ်လိုင်းသွားနိုင်အောင် ညာဘက် ယာဉ်ကြောကို နိုဝင်ဘာ ၂၉ ရက်က
စပြီး ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်း တစ်လျှောက်
ဗိုလ်တထောင်ဘုရားလမ်းမှ စ၍ ချထားမှုနှင့် ဆက်လက်ချထားမှု များကို တွေ့ရသည်။
ယခုလို သီးခြားဘတ်စ်ကား ယာဉ်လိုင်းအတွက်
ကွန်ကရစ်ကပ်တုံးများချထားမှုနှင့်ပတ်သက်၍ အငှား (Taxi)
ယာဉ်မောင်းတစ်ဦးဖြစ်သူ အင်းစိန်ရွာမနေ ကိုကျော်စိုးက ''ဘတ်စ်ကားတွေအတွက်
အလွန်ပင်ကောင်းပါတယ်။ ခရီးသည်တွေအတွက်လည်း အဆင်ပြေအန္တရာယ်ကင်းသလို
ယာဉ်မောင်းတွေစည်းကမ်းလိုက်နာမှုရှိလာမှာဖြစ်တယ်။ နောက်ပြီး လမ်းလယ်ဘတ်စ်ကား
တားစီးမှုများကိုလည်း အန္တရာယ်ကင်းလျော့နည်းသွားတာပေါ့။ ယာဉ်ငယ်များ အတွက်
စိတ်ပူစရာမလိုဘဲ လိုရာခရီးကို လျင်မြန်စွာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်''ဟု
¤င်း၏အမြင်ကို ပြောကြား သည်။
ကွန်ကရစ်ကပ်တုံးများညာဘက်ယာဉ်ကြောတစ်လျှောက် ချထားမှုကို
ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်
တစ်ဦးစောင့်ကြည့်နေမှုနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ ''ကျွန်တော်တို့ကတော့
စမ်းသပ်ဘတ်စ်ကားလိုင်း ယာဉ် ကြောကို အတွင်းထဲရောက်အောင် ပြသပေးတာရယ်။
ဘတ်စ်ကားခရီးသည်အတင်အချ၊ လျင်မြန်မှုနဲ့ နှေးကွေး မှုအပေါ် စောင့်ကြည့်နေတဲ့
အနေအထားပဲရှိပါတယ်။ ကပ်တုံးတွေအားလုံး အနော်ရထာလမ်းတစ်လျှောက်ချပြီး
ရင်တော့ ခရီးသည် အတင်အချစနစ်ကို အခုထက် သာလွန် အောင်လုပ်ဆောင်ဖို့
အစီအမံများရှိပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီးယာဉ်ထိန်းရဲတစ်ဦးက
ပြောကြားသည်။
ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်းပေါ်တွင် စတင်ချထားမှုနှင့်ပတ်သက်၍
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ACE
ဦးအောင်ငွေတိုးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့် ရာ ''အခုချထားတဲ့
ကွန်ကရစ်ကပ်တုံးတွေကို အနော်ရထာ လမ်း၊ ဗိုလ်တထောင်ဘုရားလမ်းမှ
ကျုံးကြီးလမ်းအထိ ချသွားမှာဖြစ်တယ်။ ဒါဟာ ရှေ့ပြေးစမ်းသပ်ခြင်းဖြစ်တယ်။
အောင်မြင်မှုနဲ့ ပြည်သူများရဲ့တုံ့ပြန်မှုဟာ ဘယ်လိုရှိသလဲ ဆိုတာရယ်၊
ဘတ်စ်ကားလိုင်းသီးသန့်သွား ခွင့်ရပေမယ့် ယာဉ်ငယ်များနဲ့ ဘတ်စ်ကားစီးသူအတွက်
ဘယ်လောက် အကျိုးဖြစ်ထွန်းပြီး ယာဉ်ကျပ်တည်းမှုဘယ်လောက်လျော့ နည်းသလဲဆိုတာ
စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခု စမ်းသပ်တဲ့စီမံကိန်းကို ကျွန်တော်တို့ ဃီဃ
တစ်ခုတည်းက လုပ်တာမဟုတ်ပါဘူး၊ ကွန်ကရစ်ကပ်တုံးများချခြင်း အစီ အစဉ်မှာ
ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မထသနဲ့ အခြားယာဉ်စည်းကမ်း
လမ်းစည်းကမ်း ကျွမ်းကျင် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်တယ်။
အနော်ရထာလမ်း စမ်းသပ်ချက်အောင်မြင်မှုရရှိရင် မြို့တွင်း
ညာဘက်မျဉ်းဝါလိုင်းအားလုံးကို ချထားဖို့ အစီအစဉ် ရှိပါတယ်။ အနော်ရထာလမ်းမှ
ဗိုလ်ချုပ်လမ်းကြားဖြတ် လမ်းများကို ကွန်ကရစ်ကပ်တုံးများချထားခြင်းမရှိဘဲ
ယာဉ် အထက်အောက်စီးဆင်းနိုင်အောင် စီစဉ်ထားပါတယ်''ဟု ရှင်းပြသည်။
ဆက်လက်၍ မထသအငြိမ်းစား ဝန်ထမ်းတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးတွင်
ခရီးသည်တင်ဘတ်စ်ကားလိုင်း ၃ဝဝ ကျော်ရှိပြီး မြို့တွင်းပြေးဘတ်စ်ကား အစီးရေ
၆ဝဝဝ ဝန်းကျင်ကို စနစ်တကျထိန်းသိမ်းနိုင်မည်ဆိုပါက ရန်ကုန် မြို့တွင်း
ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက်လျော့ နည်းသွားမည်ဖြစ်ပြီး
ယာဉ်မောင်းများလည်း စည်းကမ်း လိုက်နာမှု အသိပညာများ
တိုးပွားလာမည်ဖြစ်ကြောင်း ပြောပြသည်။
(စောသိန်းဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 30, 2014
ဘတ်စ်ကားများအတွက် ကွန်ကရစ်ကပ်တုံးများချပြီး သီးသန့်နေရာပေး စတင်စမ်းသပ်
ဘတ်စ်ကားများအတွက် ကွန်ကရစ်ကပ်တုံးများချပြီး သီးသန့်နေရာပေး စတင်စမ်းသပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment