၂၀၁၅ ခုနှစ်တွင် ဇန်န၀ါရီလတွင် ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံး ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံမည့် ဥက္ကဋ္ဌ ဦးလူမင်း က ယခင်က
ပြန်လည် အရွေးမခံ တော့ဘူးဟု ပြောကြားခဲ့ သော်လည်း အခြေအနေ တစ်ရပ်ကြောင့်
ပြန်လည် အရွေးခံခြင်း ဖြစ်ကြောင်း ပြောသည်။
လောလောဆယ်တော့
ရွေးချယ်ခံဖို့ ဖောင်ပြန်တင်လိုက် ရပြီ။ ရွေးချယ်ခံမယ့် လူစာရင်းက
ပြည့်မီအောင် မရှိဘူး။ ရွေးချယ်ခံမယ့် လူတွေကြည့် ရင် အားရမှု မရှိဘူး။
အရမ်း အင်အားနည်း နေတော့ ကျွန်တော် ရွေးချယ် မခံတော့ဘူးလို့ ကြေညာထား
ပေမယ့် ဖောင်တော့တင် ထားတယ်။ လုံးဝကို အင်အားမရှိလို့ နာယကကြီး ကရော
ဒီလောကသားတွေ ကရော ဆက်လုပ်ပေးဖို့ ၀ိုင်းပြီးတော့ တောင်းဆိုကြတာတွေ ရှိတယ်။
ကိုယ်ကတော့ ပြော ပြီးသား စကား တစ်ခုဖြစ်နေတဲ့ အတွက် အရွေးမခံဘူးလို့
ဆုံးဖြတ်ထား တာပါပဲ။ လောလောဆယ်တော့ ရွေးချယ်ခံဖို့ ဖောင်တင်ထားတယ်။
အဲဒီအတွက် ဝေဖန်မှုတွေ ရှိလာ ရင်လည်း မမှုပါဘူး။ ကိုယ့်လောက အတွက်ပဲလေ။
ရွေးချယ်ခံမယ့် လူစာရင်းကို ကြည့်လိုက်တာ ဘယ်လိုမှ လူအင်အား
ပြည့်ပြည့်စုံစုံ အားရစရာ မရှိဘူး။ ပိုဆိုးရွားတဲ့ အခြေအနေကြီး တစ်ခု
ရောက်သွားမှာ စိုးရိမ်တယ်။ အားဖြည့်တဲ့ အနေနဲ့ ကိုယ်ပြန်တင်ထား တာပါ။
ကျွန်တော် ကတော့ ကိုယ့်ရဲ့ ရိုးသားမှုတွေ ကနေ ခွန်အားတွေရ နေတာပါပဲ။ အဲဒီ
ခွန်အားတွေနဲ့ ဆက်လျှောက်မယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူး
ဆိုတာ အပေါ်ယံ ကြည့်ရင်တောင် မလွယ်ကူတဲ့ အနေအထားမျိုးပါ။ ဘာကြောင့်လဲ
ဆိုတော့ ကိုယ့်အတွက် မဟုတ်လို့ပါ။ ကိုယ့်အတွက်ဆို ရောင့်ရဲလို့ ရတယ်။
တစ်လကို တစ်ကားပဲ ရိုက်မယ်။ လောက အတွက်က ပရဟိတ ဆိုတဲ့ အလုပ်တစ်ခုက ပြောတော့
လွယ်တယ်။ လူတွေလည်း လွယ်လွယ်ပြောကြတယ်။ လုပ်တဲ့ နေရာမှာ မလွယ်ပါဘူး။
တအားခက်ခဲပါတယ်။ တကယ်လုပ်တဲ့ သူတွေပဲ သိတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့
နေရာမှာလည်း အင်မတန် စိတ်ညစ် စရာတွေ အများကြီးကြုံရ တာပါပဲ။ ဒါပေမဲ့ ဘာလို့
သံယောဇဉ် မပြတ်နိုင်လဲ ဆိုတော့ ကိုယ့်အတွက် မဟုတ်လို့ဘဲ။ကိုယ့်လောက အတွက်
လုပ်နေတယ်။ ဒီလောကမှာ ကျင်လည်နေတဲ့ အနှစ် (၂၀) ခရီးမှာလည်း အောင်မြင်မှုတွေ
ရတယ်။ ချမ်းသာ ကြွယ်ဝမှုတွေ ရတယ်။ ဒီလောကကို ကျေးဇူး ပြန်ဆပ်ရမယ် ဆိုတဲ့
အသိတရား တစ်ခု ကိုယ့်မှာ ရှိတယ်။ အဲဒီ စိတ်နဲ့ပဲ လုပ်နေတယ်။ ကြုံတွေ့
ဖြတ်သန်းခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ အရ အရွေးမခံ တော့ဘူးလို့
ပြောခဲ့တယ်။
တကယ်တမ်း ကျတော့ အားရစရာ မရှိလို့ ဒီလို
ခေတ်ကာလကြီးမှာ ပိုပြီး ဆိုးရွား သွားမယ့် အခြေအနေကို ပြန်မြင်နေ ရတယ်
ဆိုတဲ့ အခါကြတော့ ကိုယ်က ပြန်ပြီးတော့ အားဖြည့်ပေးရ ပြန်ရော အဲဒီလို
ဖြစ်သွားတယ်။ ကျွန်တော့်ကို ပြန်လုပ်ဖို့ အကုန်လုံး တောင်းဆိုနေ ကြတယ်။
ကိုယ့်ကို မလိုလားတဲ့ သူတွေလည်း ရှိမှာပါ ဟု လူမင်းက ပြောသည်။ ဥက္ကဋ္ဌ
ဦးလူမင်းသည် ယခုနှစ် ရွေးကောက်ပွဲတွင် အရွေးခံမည့် ပုဂ်္ဂိုလ်များ အလွှာစုံ
တက်မလာ ခြင်းကြောင့် ပြန်လည် အရွေးခံခြင်း ဖြစ်ကြောင်း၊ လာမည့်
ရွေးကောက်ပွဲ အတွက် လောကသားများ စိတ်ပါဝင်စားမှု ရှိလာအောင် လှုံ့ဆော်မှု
များလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောသည်။
Credit: messenger
Filed in: Celebrities
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 29, 2014
ရွေးကာက်ပွဲတွင် ပြန်အရွေးခံမယ့် လူမင်း
ရွေးကာက်ပွဲတွင် ပြန်အရွေးခံမယ့် လူမင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 29, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment