Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 30, 2014

နည်းပညာတက္ကသိုလ်များ၏ အောင်စာရင်းဟောင်းများ ပြန်လေ့လာရန် ကော်မတီတစ်ရပ်ဖွဲ့

မကြာမီက ထွက်ရှိခဲ့ သည့် နည်းပညာတက္ကသိုလ်များ ၏ အောင်စာရင်းတွင် အကျအရှုံးများခဲ့သည့်အပေါ် ကော်မတီတစ်ခု ဖွဲ့စည်းပြီး ယခင်ပညာသင်နှစ်များရှိ အောင်စာရင်း အောင်ချက်များကို ပြန်လေ့လာရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ကော်မတီသည်သက်ဆိုင်ရာ နည်းပညာတက္က သိုလ်များ၏ ယခင်ပညာသင်နှစ် အောင်စာရင်းနှင့် သက်ဆိုင်သည့်အချက်အလက်များကို စတင်စု ဆောင်းနေပြီး မကြာမီ စတင်လေ့ လာသွားမည်ဟု သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနမှ သိရသည်။

‘‘ကော်မတီဖွဲ့တာက ပြီးခဲ့တဲ့နှစ်တွေက အောင်ချက်ရာခိုင်နှုန်း တွေ၊ ဘယ်လိုအအောင်ပေးထား တယ်ဆိုတာကို ပြန်လေ့လာပြီး တော့ ကျောင်းသားတွေအတွက် ဘာလုပ်လို့ရမလဲ၊ ဘာပြုပြင် ပြောင်းလဲလို့ရမလဲ၊ ဒီအပေါ်က နေ ဘာအဖြေထွက်မလဲဆိုတာ ပြန်ပြီးလေ့လာဖို့ပါ။ လေ့လာပြီးတဲ့ အချိန်ကျရင် သက်ဆိုင်ရာပါမောက္ခချုပ်တွေကို ခေါ်ပြီးတော့ ဆွေးနွေးကြမှာပါ။ ပြီးရင် လာမယ့် နှစ်တွေမှာ ဘယ်လိုပုံစံနဲ့ သွားမ လဲ။ ဒီနှစ်အောင်စာရင်းအတွက် က အဲဒီရဲ့ တင်ပြချက်အပေါ်မှာပဲ မူတည်ပါတယ်’’ဟု စက်မှုနှင့် သက်မွေးပညာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်က ထွက် ရှိခဲ့သည့် နည်းပညာတက္ကသိုလ် များ၏ ၂၀၁၃-၁၄ ပညာသင်နှစ် အောင်စာရင်းများနှင့် အင်ဂျင်နီ ယာဘွဲ့ (BE) ပေါင်းကူးဝင်ခွင့် အောင်စာရင်းများတွင် အောင် ချက်များ နည်းပါးခဲ့ခြင်းအပေါ် နည်းပညာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက မတရားမှုများ မသမာမှုများရှိနေခဲ့သည်ဟုဆို သည်။ စနစ်ဟောင်း ကျောင်းသား များအတွက် စနစ်ဟောင်း အောင် စာရင်းမူဝါဒကိုသာ ကျင့်သုံး၍ နောက်ဆက်တွဲအောင်စာရင်း ထုတ်ပြန်ပေးရန်နှင့် နေပြည်တော် တွင် နိုဝင်ဘာလက ပြုလုပ်ခဲ့ သည့် အောင်စာရင်းထုတ်ပြန်ရေး ဆိုင်ရာ အစည်းအဝေးမှတ်တမ်း များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အပါအ၀င် အချက် ခြောက်ချက်ကို တောင်းဆို၍ နည်းပညာတက္ကသိုလ် အသီးသီးက ကျောင်းသားတစ်ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဆန္ဒပြုခဲ့ကြသည်။

ထို့အပြင် အောင်စာရင်းနှင့် ပတ်သက်၍ နည်းပညာတက္က သိုလ်ကျောင်းသား ကိုယ်စားလှယ် လေးဦးက နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနရှိ တာ ၀န်ရှိသူများနှင့် သွားရောက်တွေ့ ဆုံခဲ့ပြီး အချိန်တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ လေးယောက် သွားတွေ့တော့ ဒုတိယညွှန်ကြား ရေးမှူးချုပ်နဲ့ပဲ တွေ့ခဲ့တယ်။ တစ် နာရီခွဲလောက် ဆွေးနွေးပြီးတော့ သူက ပြောတာက အခုကော်မတီ ဖွဲ့ပြီးတော့ တက္ကသိုလ်တွေက အ စီရင်ခံစာ ပြန်တောင်းထားတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အသိပေးမယ်လို့ ပြော တယ်။ ကျွန်တော်တို့က အဲဒီကော်မတီကို စောင့်ကြည့်ရမယ်။ စောင့်ကြည့်ပြီးတော့မှ ဘယ်လို ဆက်လုပ်သွားမယ်ဆိုတာကို စဉ်းစားမှာပါ’’ဟု နေပြည်တော်သို့ သွားရောက်ဆွေးနွေးခဲ့သည့် လှိုင် သာယာနည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားမေဂျာ စတုတ္ထ နှစ်ကျောင်းသား မောင်အောင် ခမ်းပိုင်က ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ် နည်းပညာတက္ကသိုလ် အောင်စာ ရင်းများတွင် ကျောင်းသားများ နစ် နာမှုမရှိစေရန် လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများတက်ရောက်ခွင့် သတ်မှတ်ရာတွင်လည်း ၀န်ကြီး ဌာနအသီးသီးလက်အောက်ရှိ တက္ကသိုလ်များ၌ ထားရှိဆောင် ရွက်လျက်ရှိသော သတ်မှတ်ချက်အများစုနှင့် အလားတူဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

7day daily

No comments:

Post a Comment