Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 21, 2019

မရှက်ဘူးရှင့်လို့ဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်











Unicode Version
အသက် ၇၀ ကျော်မှာ တရားတဘောင်ရင်ဆိုင်နေရတဲ့ ပိုင်ဇေရဲထွန်း ရဲ့ ဖခင် ဦးရဲထွန်း က
သူတို့ဇနီးမောင်နှံရင်ဆိုင်နေရတဲ့ဒုက္ခကို သားဖြစ်သူနဲ့အများသိရအောင်တင်လိုက်တဲ့ post ကြောင့်
လူအများဝေဖန်နေကြတဲ့အပေါ် ချွေးမဖြစ်သူဇင်သဲနိုင်ကခပ်စွာစွာပဲတုန့်ပြန်ရေးသားပါတယ်။
ပရိတ်သတ်တစ်ဦးရှက်ဖို့ကောင်းတယ်လို့ရေးထားတာကို

"မရှက်ဘူးရှင့်၊မနေ့တနေ့ကထိစားနေတဲ့ထမင်းတောင်ဘယ်သူ့ဆီကလဲပဲမေးချင်တာ"လို့ရေးသားတုန့်ပြန်ထားပါတယ်။
ယောက္ခမကို မျက်စိခွဲထားပေးထားကြောင်း၊ထောက်ပံ့ပေးထားကြောင်းရေးထားပြီး

  “လုပ်မယ်ဆို တခါထဲလုပ်နော်အဆုံးထိလုပ် လုပ်ဖြစ်အောင်လုပ် ဘာမှမမျှော်လင့်ပါနဲ့တော့လို့ လစဉ်စားစရိတ်လည်းဖုန်းဆက်ဆက်မတောင်းပါနဲ့လို့ ခွဲပေးထားတဲ့မျက်စိတစ်စုံစီနဲ့ ဖုန်းကြည်ကြည်လင်လင်လေးကြည့်ပီး သားသမီးအနာဂတ်လေးရိုက်ချိုးလိုက်ပါဦး သူများလို စိတ်ဓါတ်တွေကျပီး အနာဂတ်ပျောက်သွားမှာမဟုတ်ပါဘူးလို့ ကိုယ့်ကိုမနာလိုတဲ့သူတွေ ဒီလောက်များမှန်း သိလိုက်ရတာ ကျေးဇူးနော်” ဆိုပြီးခပ်စွာစွာရေးတင်ခဲ့ပါတယ်။
သားသမီးကိုယုံကြည်လို့ အိမ်ဂရန်တွေထုတ်ပေးခဲ့တဲ့အတွက် ကမ္ဘောဇဘဏ်ကတရားစွဲတာခံရပြီး

အိုကြီးအိုမအရွယ်မှာ တရားရုံးတက်နေရကြောင်း၊ချွေးမဖြစ်သူရေးထားတဲ့စကားတွေကိုလည်း

သေသေချာချာစဉ်းစားဖို့ ဦးရဲထွန်းကရေးထားပါတယ်။
သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို ့ငွေကြေးအခက်အခဲလိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို ့အခုကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ်ဘာမှမကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော ်စိတ်မကောင်းဖြစ်ရတယ်.
လုပ်ရက်လိုက်တာကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ. .
ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုနို့ချိုတိုက်ကျွေး၊ကြီးပြင်းအောင်မွေးမြူပညာသင်ပေးခဲ့တဲ့မိဘနှစ်ပါး

အရွယ်အိုချိန်မှာပြန်လည်ထောက်ပံ့လုပ်ကျွေးခွင့်ဟာ သားသမီးတွေအတွက် ရခဲတဲ့အခွင့်အရေးတစ်ခုဖြစ်ပေမယ့် ပိုင်ဇေရဲထွန်းအတွက်တော့ ဇနီးနဲ့ မိဘအကြားပြသနာအကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။

No comments:

Post a Comment