Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2019

နာမည်ကြီးနေတဲ့ သားသခင်


မကွေးတက္ကသိုလ်မှ ဥပဒေကျောင်းသူတစ်ဦးအား သားသခင်(မကွေး)ဆိုသူက အဆောင်ရှေ့တွင် ပါးရိုက်သည့်ဗီဒီယို အွန်လိုင်းပေါ်တွင်ပြန့်နှံ့
.....
ဘာပဲပြောပြော သားသခင်တို့ ဇာတ်လမ်းကို ကြိုက်တယ်..
မြန်မာကားမဆန်ဘူး... အရမ်းdeep ဖြစ်တယ်...
ကာရိုက်တာ သုံးခုစလုံးက
လူသားပီပီသသ သူတို့ဘဝနေထိုင်မှုအတွက်
ရပ်တည် တိုက်ခိုက်သွားကြတာ..
စောက်ပိုတွေ တခုမှ မပါဘူး....
ပထမဆုံးအနေနဲ့ ကောင်မလေး...
ဟိုးအဝေးကြီးကနေ မကွေးကိုကျောင်းလာတက်တယ်...
ရုပ်ရှင်တွေထဲကလို ကျန်ခဲ့တဲ့ ငယ်ချစ် အပေါ်
ရိုးသားတာတွေ.. သစ္စာရှိတာတွေ... လုပ်မနေဘူး...
သူလည်း ကျောင်းတက်နေတာ သူများမိန်းကလေးတွေလို
ဓာတ်ပုံရိုက်ပေးမဲ့သူ မုန့်လိုက်ကျွေးမဲ့သူ လိုချင်တာပေါ့...
လက်ရှိဘဝ အဆင်ပြေဖို့ ရည်းစားထပ်ထားတယ်...
ထားတာတောင် ပေါတောတော ထဲက မဟုတ်ဘူး...
သားသခင်လိုကောင်ကို တက်တွဲတာ....

ရွာပြန်ရင် ချိတ်လို့ရအောင် ဟိုတယောက်ကိုလည်း
မဖြတ်သေးဘူး...
ဆွန်ဇူးရဲ့ စစ်ကျမ်းအလိုရ သုံးသပ်ရရင်
ရည်းစားထပ် ထားတာက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သဘော
အရင်ရည်းစားကို မဖြတ်တာက အရံထုထည် ရှိတဲ့သဘောပဲ...
ဗျူဟာမြောက် လှုပ်ရှားသွားတာ...

ဒါပေမဲ့ ဖေ့ဖွတ်ပါတ်စဝတ် ကို မချိန်းမိလိုက်တော့
ကိုယ့်သတင်းတွေ ပေါက်ကြားသွားပီး ဂွမ်းကုန်တယ်...
ဒါတော့ သင်ခန်းစာယူရမယ်...

ဒုတိယ နယ်မှာကျန်ခဲ့တဲ့ကောင်လေး....
ကောင်မလေး သစ္စာဖောက်သွားတာသိတော့....
အချစ်သစ်နဲ့ အဆင်ပြေပါစေ...ငါရင်ကွဲခံလိုက်ပါမယ်ဆိုတဲ့
ပေါတောတော တောကြိုက်တွေ လျှောက်မလုပ်ဘူး...
ချက်ချင်း screenshoot တွေ ရိုက်
ဖေ့ဖွတ်ပေါ် ကောက်တင်ပီး ကောင်တာတွေလာတာ...
သူကတော့ man of the match ပဲ..
ဒီပွဲမှာ အကောင်းဆုံးကစားသွားနိုင်တယ်....
ဗဲရီးဂွတ်..

သားသခင်ကတော့ အမှားအများဆုံး ဇာတ်ရုပ်ပေါ့လေ....
ဒီတောသူမ ငါလှည့်ချင်တိုင်း လှည့်လို့ရတယ်ဆိုပီး
အစက ဆဲဆဲဆိုဆိုနဲ့ အပေါ်စီးက တွဲတာပဲ...
ဒါပေမဲ ဆော်က ချီးထုပ်ဖြစ်နေပီး ရှော်ခ့်အကြီးကြီးရသွားတယ်...
ဒီထက်ဆိုးတာက သူက နာမည်ကြီးတဲ့သူဆိုတော့
တနိုင်ငံလုံးရဲ့ ဆဲတဲ့ဆိုတဲ့ဒဏ်တွေ
လှောင်တဲ့ပြောင်တဲ့ ဒဏ်တွေ ခံလိုက်ရတယ်...
အဲမှာ ဒေါသတွေထွက် ဘာမှ မမြင်တော့ပဲ
ကောင်မလေးကို ပါးသွားရိုက်တယ်...ထပ်လွဲတယ်...
ဒီခေတ်ကြီးမှာက ဆယ်ပေပါတ်လည် စတုရန်းကွက်တိုင်းကို
ဖုန်းတစ်လုံး လောက်စီ ရှိနေတာ...
ဗွီဒီယို ရိုက်ပီး အဖွခံရပြန်ရော...
အဲမှာ အထိမခံကက်ကက်လန် မိန်းမသားထုကြီးရဲ့
အာနဲ့တွေ့ပီး လုံးဝကိုဗန့်လုံးလုံးဖြစ်သွားရှာတယ်....

သူ့အနေနဲ့ ပါးသွားမရိုက်ပဲ အလိမ္မာလေးသုံးပီး
ကျွန်တော်မသိလို့ပါ ပရိတ်သတ်ကြီး ဘာညာနဲ့
စိုင်းစိုင်းလို မျက်ရည်တွေချုလို့ရတယ်...
သူမလုပ်ဘူး... မလုပ်တတ်တာလဲ ဖြစ်နိုင်တယ်...
သူ့နေရာမှာ တခြားယောက်ကျားလေးဆိုလဲ တွယ်မှာပဲ...
မတွယ်တဲ့ကောင်ဆိုလဲ စောက်ရူးလို့ပဲပြောချင်တယ်....
အချဉ်ဖောက်ခံရ... ရှိသမျှ သိက္ခာတွေလဲဆုံး ..
အဆဲခံရ..ဘဝကပျက် ...
ဒိထက်တောင် အကြောင်း ဆိုးသွားဦးမယ်...
စိုင်းစိုင်းတို့ ဇက်ခီ တို့လို ဆိုရှယ်ဘိဇနက်မန်းကြီးတွေလောက်ပဲ
ဒေါသလေးထိန်းပီး ပလစ်နိုင်လိမ့်မယ်....
သာမာန်ယောက်ျားတွေ အဖို့ကတော့ ဒီလို အဖောက်ခံရရင်
အမျိုးသမီး အခွင့်အရေးတွေ ဘာတွေ ဆောရီးပဲ...

အကုန်လုံးက သူ့ရပ်တည်မှုနဲ့သူ မှန်နေတာ ချည်း...
ဘေးက ကြည့်နေတဲ့ ကျွန်တော်တို့ကပဲ
ဟိုပေတံနဲ့တိုင်း ဒီပေတံတွေနဲ့ တိုင်းပီး ဆုံးဖြတ်နေကြတာ....
ကြိုက်သလိုကွဲလွဲနိုင်ပါတယ်...
သားသခင်ကို လူပြိန်းကြိုက်စာတွေရေး
သူများရေးထားတဲ့စာတွေ ခိုး လုပ်ခဲ့လို့
အမြင်မကြည်တာ သပ်သပ်ပါ...
အရင် ဒီကောင် ကြောင်သူတော်ကြွက်သူခိုး လုပ်ခဲ့တဲ့
ကိစ္စအပေါ် မကျေနပ်လို့ ဝိုင်းဆဲနေကြတဲ့ သူတွေကိုတော့
ပြောစရာမရှိပါဘူး..
ဒီပိုစ့်ကတော့ ခုဖြစ်စဉ်လေးတခုတည်းအတွက်
ဖိုးကပ်စ်ဖြတ်ပီး သုံးသပ်ထားတာပါ...
#ZawNaingWin

No comments:

Post a Comment